← Chapters

တောင်နတ်မင်း၏ သေဆုံးမှု

Vol. 80 Ch. 1038

တောင်နတ်မင်း၏ သေဆုံးမှု

Vol. 80 Ch. 1038

ကောင်းကင်နဂါးရတနာရထားလှည်းက စွမ်းအင်အကူးအပြောင်းတံတားထဲမှ ထွက်လာသည်။ ချင်မူလည်း ထရပ်ပြီး ရထားလှည်း၏အပြင်သို့ ကြည့်လိုက်ရာ မိုင်ပေါင်းသန်းချီ ဆန့်တန်းနေသော မီးတောက်ကြီးများကို အတန်းလိုက် မြင်လိုက်ရသည်။ ရှုခင်းက အင်မတန်မှ လှပလေသည်။

ကောင်းကင်ထက်တွင် မြေပြင်နှင့်သိပ်မဝေးသော နေတစ်စင်းကို မြင်ရနိုင်၏။ မီးတောက်မီးလျှံများက နေ၏အလယ်ဗဟိုမှ ဖြာထွက်လာပြီး ‌တောင်ပံဖြန့်ကားထားသော မီးငှက်များအသွင်သဏ္ဌာန် ရှိနေကြ၏။

ငှက်‌ခေါင်းလူကိုယ်ရှိသော နတ်ဘုရားအချို့က မီးတောက်မီးလျှံများအကြား သွားလာနေကြသည်။ သူတို့သည် ကြီးမားကျယ်ပြန့်သော တောင်ပံများကို ဖြန့်ကားလျက် ဟိုဟိုသည်သည် ပျံသန်းနေကြပြီး မီးတန်းအရှည်ကြီးများက ကောင်းကင်ထက်မှ အဆက်မပြတ် ကျဆင်းနေကြ၏။

လူသားမျိုးနွယ်အတွက် ဤကဲ့သို့နေရာသည် ငရဲသဖွယ် သေချာပေါက် ကြောက်စရာကောင်းလိမ့်မည်။ သို့သော် ဝောာင်၀င်ရိုးစွန်းတွင် နေထိုင်သော နတ်ဘုရားမျိုးနွယ်အတွက်မူ အတိုင်းထက်အလွန်သာယာပြီး သက်တောင့်သက်သာ ရှိလေသည်။

ချင်မူက နေမီးတန်းများ ကျဆင်းလာပြီးနောက် ပျံထွက်လာကြသော နတ်ဘုရားများဆီသို့ ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်သွားသည်။ ‌သူတို့သည် မီးငှက်မျိုးနွယ် နတ်ဘုရားများမဟုတ်ဘဲ ကောင်းကင်နတ်ဘုံမှ နတ်ဘုရားများ ဖြစ်နေကြ၏။

ထို့အပြင် ကောင်းကင်ထက်မှ ကျဆင်းလာနေသော မီးတောက်များသည် နေလုံးကြီးဆီမှ လာသော်လည်း နေမီးတောက်များ မဟုတ်ပေ။ ထိုအစား အမည်မသိသော အရာများဆီသို့ တိုက်ခိုက်မှုတို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြ၏။ နတ်ဘုရားများက နေ၏စွမ်းအားကို ငှားယူ၍ ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်ရင်း ထိုတိုက်ကွက်များကို ဖန်တီးနေကြသည်။

‘မဟာနေဧကရာဇ်ရဲ့ ကောင်းကင်နတ်သိုင်းတွေနဲ့ တော်တော်တူနေတာပဲ’

ချင်မူ ရင်ထဲ ထိတ်သွားမိ၏။ ‘မဟာနေဧကရာဇ် တန့်ဖုန်းလိုင်က ရှေးဟောင်းနတ်ဘုရားဘုရင် (ကောင်းကင်နယ်စားမင်း၏သား) ရဲ့ တပည့်တစ်ယောက်ပဲ...ရှေးဟောင်းနတ်ဘုရားဘုရင်ရဲ့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ရွှမ်တုမှာ ဖြစ်လိမ့်မယ်... မဟာဧကရာဇ်အနေနဲ့ ဒီကိုမလာသင့်ဘူး... ဒါဆိုရင် နေစွမ်းအားကို ထိန်းချုပ်နိုင်တဲ့ ဒီစစ်တပ်ကြီးကို ဘယ်သူက ပိုင်တာလဲ'

ချင်မူ့မျက်၀န်းထောင့်များ တွန့်သွားသည့်အချိန် ရုတ်တရက် ကောင်းကင်သည် လင်းထိန်သွား၏။ အပြင်ကောင်းကင်မှ နေလုံးတစ်လုံးက တောင်၀င်ရိုးစွန်း၏ ကောင်းကင်ထဲသို့ ကျဆင်းလာသည်။ ဧရာမနန်းတော်ကြီးများက နေလုံးကြီးထဲမှ ပျံထွက်လာကာ ရွှေရည်များ စီးကျနေသော ရဲတိုက်တစ်ခုကို ဖော်ဆောင်ထား၏။

ဗုံသံများ ကြားရနိုင်ပြီး နတ်ဘုရားထောင်သောင်းချီက နန်းတော်များအရှေ့တွင် ရပ်ကာ တောင်၀င်ရိုးစွန်းအပေါ် ဖိနှိပ်နေကြသည်။

နတ်ဘုရားမြို့ကြီးများပမာ ကြီးမားလှသော ထိုနန်းတော်များသည် တောင်၀င်ရိုးစွန်း၏ ကောင်းကင်ဆီသို့ ကျဆင်းလာကြသည်။ ဤနတ်နန်းတော်များနှင့် ခန်းမများ၏ အောက်ခြေများက ဧရာမတံဆိပ်တုံးကြီးများသဖွယ် ထင်ရပြီး တဝီးဝီးအသံများနှင့်အတူ အလင်းတန်းများကလည်း ဤ‌နန်းတော်များဆီမှ ဖြာထွက်လာကြသည်။

ချင်မူသည် အလင်းတန်းများ ကန့်လန့်ကာတစ်ခုသဖွယ် ဖြာကျလာသည်ကို မြင်လိုက်ရ၏။ သူတို့က တောင်၀င်ရိုးစွန်းအပေါ် ခတ်နှိပ်နေကြသဖြင့် မြေပြင်အား ပြင်းပြင်းထန်ထန် တုန်ခါနေစေတော့သည်။ ထောင်ပေါင်းများစွာသော တောင်တန်းများမှာ ချက်ချင်းဆိုသလို မြေပြင်ထက်၌ ပြားကပ်သွားကြပြီး တံဆိပ်အမှတ်အသားများ ဖြစ်ကုန်ကြသည်။

ဤမြင်ကွင်းက အတိုင်းထက်အလွန် ခမ်းနားသော်လည်း လူတစ်ယောက်၏ စိတ်နှလုံးအား အတိုင်းထက်အလွန် ဖိစီးလာစေနိုင်၏။

စွမ်းအင်အကူးအပြောင်းတံတားမှ မလှမ်းမကမ်းတွင် ငှက်ခေါင်းနှင့် နတ်ဘုရားများက စနစ်တကျ တန်းစီလျက် တံတားကို စောင့်ကြပ်နေကြသည်။ ကောင်းကင်နဂါး ရတနာရထားလှည်း တံတားထဲမှ ထွက်လာသည့်အခါ ထိုနတ်ဘုရားများမှာ အလန့်တကြား ဖြစ်သွားပြီး နတ်ဘုရားတစ်ပါးက စုံစမ်းရန် ချက်ချင်း ရောက်ရှိလာသည်။ နဂါးချီလင်က သူ့ဆီ သွားကာ ပြောလိုက်၏။ “ကောင်းကင်နတ်အရှင်မူ တောင်နတ်မင်းဆီ အလည်လာတာပါ နောင်တော်... တောင်၀င်ရိုးစွန်းမှာ ဘာတွေဖြစ်နေတာလဲ”

ကောင်းကင်နတ်အရှင်မူဟု ကြားလျှင် နတ်အရာရှိမှာ လျစ်လျူမရှုဝံ့တော့ဘဲ ကပျာကယာ ပြန်ဖြေ၏။ “ကောင်းကင်နတ်အရှင်မူကို သတင်းပို့ပါတယ်... တောင်နတ်မင်းက ပုန်ကန်ခဲ့ပါပြီ....‌ ကောင်းကင်နတ်ဘုံက အဲ့ဒီပုန်ကုန်မှုကို နှိမ်နင်းဖို့ စစ်တပ်ကြီးကို ဒီနေရာဆီ စေလွှတ်လိုက်ပါတယ်.... လက်ရှိမှာတော့ ဒီမှာ တာ၀န်ကျတဲ့အရာရှိတွေက တောင်၀င်ရိုးစွန်းကို တိုက်ခိုက်နေကြတယ်... ကျွန်တော်က တောင်၀င်ရိုးစွန်းရဲ့ သူပုန်တွေ တံတားက ထွက်မပြေးနိုင်အောင် စွမ်းအင်အကူးအပြောင်းတံတားကို စောင့်ရှောက်ဖို့ အမိန့်နဲ့ ဒီနေရာဆီ ရောက်နေတာပါ”

ချင်မူမှာ အကြီးအကျယ် အံ့အားသင့်သွားပြီး အလျင်အမြန် အရှေ့သို့ သွားကာ မေးလိုက်မိသည်။ “တောင်နတ်မင်းကျုချွဲက ပုန်ကန်တယ်ဟုတ်လား.... ဘယ်အချိန်တုန်းကလဲ... သူ ပုန်ကုန်တာ သေချာလား“

နတ်အရာရှိမှာ အလန့်တကြား ထခုန်ပြီး မြေကြီးပေါ်သို့ ကမန်းတန်း ၀ပ်စင်း၍ ကြောက်လန့်တကြားဖြင့် ပြန်ဖြေသည်။ “တောင်နတ်မင်းကျုချွဲက စစ်တပ်တစ်တပ်ကို ဦးဆောင်ပြီး ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်လက်နက်ကို အတင်းအကြပ် ယူဖို့ ကြိုးစားခဲ့ပါတယ်... သူက ကောင်းကင်နတ်ဘုံကို စော်ကားခဲ့တဲ့အတွက် ကောင်းကင်နတ်ဘုံက ဒေါသထွက်သွားပြီး ပုန်ကန်မှုကို နှိမ်နင်းဖို့ စစ်သည်တော်တွေကို ဒီနေရာဆီ စေလွှတ်လိုက်တာပါ....ကျွန်တော်က အမိန့်အတိုင်းလုပ်ရတာပါခင်ဗျာ”

ယန်အာမှာ စိုးရိမ်ထိတ်လန့်သွားသဖြင့် ပျံသန်းထွက်သွားရန် ပြင်လိုက်သော်လည်း ချင်မူက အသိစိတ်အလျဉ်စီးကြောင်း ထုတ်လွှတ်ကာ သူမကို လှမ်းဆွဲလိုက်သည်။ “ယန်အာ.....အခုအခြေအနေက မရှင်းလင်းသေးဘူး.... အခုတော့ စိတ်ရှည်ရှည်ထားပါ... ကျွန်တော် အရင်မေးလိုက်မယ်”

သူ မျက်မှောင်ကြုတ်နေမိသည်။ တောင်နတ်မင်းကျုချွဲသည် အနောက်နတ်မင်းကျားဖြူလို တစွတ်ထိုးလုပ်တတ်သည့် ရှေးဟောင်းနတ်ဘုရားတစ်ပါး မဟုတ်ပေ။ ချင်မူ တောင်နတ်မင်းနှင့် ပြောဆိုဆက်ဆံခဲ့ရသည့်အပေါ် မူတည်၍ သူမသည် တိုက်ခိုက်ရမည့်အချိန်၊ နောက်ဆုတ်ရမည့်အချိန်ကို သိ၏။ အတိုင်းထက်အလွန်လည်း ဉာဏ်ကောင်းသည်။ အခြေအနေ မရှင်းလင်းသည့်အခါမျိုး၌ ယခုလိုမျိုး လုပ်မည့်သူမျိုး သေချာပေါက် မဟုတ်ပေ။

ယန်အာမှာလည်း သူ့စိတ်သူ ပြန်ထိန်းပြီး အစိမ်းရောင်စာကလေးအသွင် ပြောင်း၍ ချင်မူ့ပခုံးအပေါ်နားကာ ဟိုလျှောက်သည်လျှောက် လျှောက်နေသည်။ "အမေ... သူ...”

ချင်မူက လက်တစ်ဖက်မြှောက်၍ သူမကို လက်ချောင်းထိပ်ဖျားပေါ်တွင် နားစေလိုက်ပြီး ဆက်မပြောရန် မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သည်။ သူက နတ်ဘုရင်အရာရှိဆီသို့ လှည့်ကာ မေးလိုက်၏။ “တောင်၀င်ရိုးစွန်းကို ဖိနှိပ်နေတဲ့ ကောင်းကင်လက်နက်က ဘယ်ကောင်းကင်နတ်အရှင်ရဲ့ လက်နက်လဲ”

“ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ လက်နက်ပါ...” နတ်အရာရှိက ဆက်ပြော၏။

“ကောင်းကင်နတ်အရှင်ဟွေ့က တောင်၀င်ရိုးစွန်းကို စောင့်ကြပ်ပါတယ်”

ချင်မူ၏ မျက်၀န်းထောင့်စွန်းများ တွန့်သွားသည်။ သူက အက်ကွဲနေသောအသံဖြင့် ထပ်မေးသည်။ “ကောင်းကင်နတ်အရှင်ဟွေ့လား”

နတ်အရာရှိက ခေါင်းညိတ်သည်။

ချင်မူ ဣန္ဒြေပြန်ဆည်လိုက်၏။ “ကောင်းကင်နတ်အရှင်ဟွေ့ကိုယ်တိုင် ဆင်းလာတာလား”

နတ်အရာရှိက ပြန်ဖြေသည်။ “ကောင်းကင်နတ်အရှင်ဟွေ့က ဒီနေရာကို ကိုယ်တိုင်ဆင်းလာရင်း ကောင်းကင်လက်နက်ကို သိမ်းပိုက်ပြီး တောင်နတ်မင်းကို တိုက်ခိုက်ခဲ့ပါတယ်... အခုဆို သူတို့နှစ်ယောက် တောင်၀င်ရိုစွန်းရဲ့ တားမြစ်နယ်ပယ်အထိ တောက်လျှောက်တိုက်ခိုက်ရင်း ရောက်သွားပါပြီ... ကောင်းကင်နတ်အရှင်ဟွေ့ လက်အောက်က စစ်တပ်ကြီးအပြင် တောင်ကောင်းကင်ရဲ့ ဇာမဏီနတ်မင်းကလည်း ဒီနေရာမှာ တပ်ကူပေးဖို့ စစ်တပ်ကို ဦးဆောင်ပြီး ရောက်လာခဲ့ပါတယ်... ကောင်းကင်နတ်ဘုံရဲ့ နတ်အစောင့်တပ်ဖွဲ့ကလည်း ဒီကိုလာနေပြီ... ကောင်းကင်နတ်မြစ်ရေတပ်လည်း ဒီကိုရောက်တော့မယ်”

ချင်မူ၏မျက်၀န်းထောင့်များက ပို၍ပင် တွန့်သွားတော့သည်။ ကောင်းကင်နတ်အရှင်ဟွေ့က ကိုယ်တိုင်ရောက်လာခဲ့သည့်အပြင် ကျောက်စိမ်းမြို့တော်အဆင့်၊ နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်များစွာ စုဝေးနေ‌သော နတ်အစောင့်တပ်နှစ်တပ်လည်း ရောက်နေ၏။ ထို့အပြင် ကောင်းကင်နတ်မြစ်ရေတပ်ကလည်း ရောက်လာပေတော့မည်။ ‌ဤတစ်ကြိမ်တွင် ကောင်းကင်နတ်အရှင်ဟွေ့သည် တောင်၀င်ရိုးစွန်းကို တစ်ခါတည်း နှိမ်နင်းချေမှုန်းရန် စိတ်ပိုင်းဖြတ်ထားပုံရ၏။

သူ ဤသို့ တွေးနေစဉ် နေများသည် တောင်ဝင်ရိုးစွန်း၏ ကောင်းကင်ထဲသို့ ထပ်မံဆွဲချခံနေရပြန်သည်။ အားကောင်းပြင်းထန်သော သံလိုက်အားလှိုင်းတို့ကြောင့် ဟင်းလင်းပြင်မှာ တွန့်လိမ်ပုံပျက်နေပြီး နတ်ဘုရား၊ မိစ္ဆာတို့က အုံလိုက်ကျင်းလိုက် ဆင်းသက်လာကြရင်း မီးငှက်ကောင်းကင်နန်းတော်၏ နတ်ဘုရား၊ မိစ္ဆာများနှင့် တိုက်ခိုက်နေသည်။

‘ဒါပေမဲ့ ဘာကြောင့် တောင်ကောင်းကင်ရဲ့ ဇာမဏီနတ်မင်းချီရှားယွီလည်း ဒီရောက်နေတာလဲ’

ချင်မူ ဇဝေဇဝါ ဖြစ်နေမိသည်။ ဇာမဏီနတ်မင်းချီရှားယွီသည် ကောင်းကင်နတ်အရှင်ယွဲ့ တိတ်တဆိတ် ပျိုးထောင်ပေးထားသော တပည့်တစ်ယောက် ဖြစ်သည့်အပြင် တောင်နတ်မင်းကျူချွဲ၏ တပည့်လည်း ဖြစ်သည်။ ထိုအမျိုးသမီးနှစ်ယောက် ကောင်းကင်နတ်ဘုံထဲ ပို့ထားသော သူလျှိုတစ်ယောက်ဟုပင် ဆိုရမည်။

ဇာမဏီနတ်မင်းချီရှားယွီအနေဖြင့် တောင်နတ်မင်းကို သစ္စာဖောက်ရန် မဖြစ်နိုင်ပေ။

သူမ တောင်ကောင်းကင်၏ စစ်တပ်ကို ဦးဆောင်၍ ဤနေရာသို့ ချီတက်လာသည်မှာ အလွန်ထူးဆန်းသည်။

သို့သော် ကောင်းကင်နတ်အရှင်ဟွေ့သည် ရှေးဟောင်းနတ်ဘုရားများကို ရန်သူအဖြစ် အမြဲမြင်တတ်သူဖြစ်၏။ သူ့စိတ်ထဲတွင် ရှေးဟောင်းနတ်ဘုရားများအား သုတ်သင်ရန် ဆုံးဖြတ်ထားသည့်အတွက် တောင်နတ်မင်းကျူချွဲကို သတ်ရန် ရောက်လာလျှင် သေချာပေါက် အလျှော့ပေးမည်မဟုတ်ပေ။

‘ကောင်းကင်နတ်အရှင်ဟွေ့က အရင်ကောင်းကင်နတ်အရှင်ဟွေ့ မဟုတ်တော့ဘူးလို့ ကောင်းကင်နတ်အရှင်ရုံ ပြောခဲ့ဖူးတယ်... သူ တကယ်ပဲ ပြောင်းလဲသွားတာလား’

ချင်မူ ရင်ထဲ မသက်မသာ ဖြစ်လာတော့သည်။ သူ့လက်ချောင်းထိပ်၌ နားနေသော ယန်အာမှာလည်း သူ့လက်ချောင်းကို ကုတ်ခြစ်လိုက်၏။ ချင်မူက နာကျင်မှုကို သည်းခံရင်း ဆက်မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့ ပုန်ကန်မှုကို နှိမ်နင်းဖို့ အောက်ဆင်းလာတာ ဘယ်နှရက်ကြာပြီလဲ”

နတ်အရာရှိက ဖြေသည်။ “လေးရက်လောက် ရှိနေပါပြီ”

ချင်မူ ရင်တဒိန်းဒိန်း ခုန်လာသော်လည်း တည်ငြိမ်အေးဆေးစွာ ပြန်ပြောလိုက်သည်။ “တောင်နတ်မင်းက ပုန်ကန်အုံကြွခဲ့တဲ့အတွက် ငါကိုယ်တိုင် ပုန်ကန်မှုကို သွားနှိမ်နင်းမယ်... လုံပိ ၊ သွားကြစို့”

နတ်အရာရှိသည် တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် ပြန်တုံ့ပြန်သည်။ “ကောင်းကင်နတ်အရှင်၊ အရှေ့က စစ်မြေပြင်က အလွန် အန္တရာယ်များပါတယ်... ကောင်းကင်နတ်အရှင် ဒီမှာပဲ နေတာ ပိုကောင်းပါလိမ့်မယ်”

ချင်မူက အပြုံးမဟုတ်သော အပြုံးဖြင့် ပြုံးပြလိုက်သည်။ “ငါက ကောင်းကင်နတ်အရှင်လား၊ မင်းက ကောင်းကင်နတ်အရှင်လား”

နတ်အရာရှိမှာ ကြောက်လန့်သွားပြီး အလျင်အမြန် လက်ဝှေ့ယမ်းလိုက်ကာ သူတို့အနားရှိ စစ်သည်တော်များနှင့် စစ်သူကြီးများကို လမ်းရှင်းခိုင်းလိုက်သည်။

ချင်မူ ရထားလှည်းထဲ ပြန်ဝင်လိုက်သည်နှင့် ကောင်းကင်နဂါး ရတနာရထားလှည်းသည် တောင်ဝင်ရိုးးစွန်း၏ တားမြစ်နယ်မြေဆီ အသော့နှင်သွား၏။ တားမြစ်နယ်မြေမှာ တောင်နတ်မင်းကျူချွဲအာ မွေးဖွားရာနေရာ ဖြစ်သည့်အတွက် ကောင်းကင်နတ်အရှင်ဟွေ့ ထိုနေရာအထိ ရောက်သွားခဲ့လျှင် တောင်နတ်မင်းကျူချွဲ အသက်အန္တရာယ်ရှိသည်ဟု ဆိုလိုသည်။

‘သူ အဲဒီလောက် မတုံးနိုင်ဘူးနော်... သူ အဲဒီလောက် မအပါဘူး’

ချင်မူ ယန်အာ့ကို ချပေးလိုက်သည်။ အစိမ်းရောင်စာကလေးမှာ ငြိမ်ငြိမ်မနေနိုင်ဘဲ ရထာားလှည်းထဲတွင် ပတ်ပျံရင်း ပြတင်းပေါက်အပြင်သို့ စိုးရိမ်ပူပန်စွာ ခေါင်းထွက်ကြည့်နေသည်။

ချင်မူက စိတ်ဖြင့် အမိန့်ပေးလိုက်သောကြောင့် ကောင်းကင်နဂါး ရတနာရထားလှည်း၏ ပြတင်းပေါက်များသည် ကျယ်လောင်စွာ မြည်ဟည်းလာ၏။ ထို့နောက် နံရံလေးဖက်နှင့်အတူ ပြတင်းပေါက်များက ရထားလှည်း၏ ကိုယ်ထည်ထဲ ဝင်ရောက်ပျောက်ကွယ်သွားရာ အပြင်အား မြင်ရသွားသည်။

‌ကောင်းကင်နဂါးခြောက်ကောင်ကလည်း မိုင်ပေါင်းရာချီ ရှည်လျား‌သော နဂါးများအသွင် ပြောင်းလိုက်ကြသည်။ ရထားလှည်းသည် အရွယ်အစားကြီးမားလာပြီး တောက်ပလင်းထိန်သည့် အရောင်အဝါများ ထုတ်လွှတ်လာ၏။ ရထားလှည်းက ခမ်းနားထည်ဝါသော အသွင်အပြင်ဖြင့် ကောင်းကင်မှ ဖြတ်သွားသည်။

“ယန်အာ စိတ်မပူပါနဲ့”

ချင်မူက ရတက်မ‌အေးနိုင်သော အစိမ်းရောင်စာကလေးကို နှစ်သိမ့်လိုက်သည်။ “မမကြီးရဲ့အမေက ကျွန်တော့်ထက် ပိုဉာဏ်များပါတယ်... သူ ပုန်ကန်တယ်ဆိုကတည်းက သူ့မှာ သူ့ရည်ရွယ်ချက်နဲ့သူ ရှိလိမ့်မယ်... ဒါ့အပြင် ကျွန်တော်က ပြိုင်ဘက်ကင်း မှော်ဝိဇ္ဇာရှင်လေ... သူ သေသွားရင်တောင် ကျွန်တော် အသက်သွင်းပေးနိုင်တယ်”

ယန်အာလည်း ဟိုခုန်သည်ခုန် ခုန်နေသည်ကို ရပ်လိုက်ပြီး ကောင်းကင်နတ်အရှင်ယွဲ့၏ ဘေးက အစေခံမိန်းကလေးအသွင် ပြောင်းသွားသည်။

ချင်မူ တခဏ စဉ်းစားပြီးနောက် ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်ကို ထုတ်ကာ သူမဆီ ပေးလိုက်သည်။ “ဒါက ကောင်းကင်နတ်အရှင်ယွဲ့ဆီက မီးအိမ်ပါ... မမကြီးအတွက် ပေးထားတာဆိုတော့ အန္တရာယ်ကင်းအောင် ယူထားသင့်တယ်... ကျွန်တော်တို့က စစ်မြေပြင်ထဲ သွားနေတာ... တိုက်ခိုက်မှုတွေက ဘယ်ဘက်ကနေမဆို ရောက်လာနိုင်တယ်... မမကြီးက ကောင်းကင်နဂါး ရတနာရထားလှည်းကိုလည်း ကာကွယ်ပေးရဦးမှာမဟုတ်လား”

ယန်အာလည်း စိုးရိမ်ပူပန်နေသည်ကို ရပ်ပြီး မီးအိမ်ယူကာ ရထားလှည်း၏ ထီးတိုင်ပေါ်တွင် ရပ်နေသည်။ မီးအိမ်မှ အလင်းရောင်သည် လှိုင်းဂယက်များသဖွယ် ဖြာထွက်လာပြီးနောက် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားရင်း ကောင်းကင်နဂါး ရတနာရထားလှည်းကို လွှမ်းခြုံသွား၏။

ကောင်းကင်နှင့် မြေပြင်မှ အဆက်မပြတ် တိုက်ခိုက်နေသော ကောင်းကင်နတ်သိုင်းများ ရှိသော်လည်း ကောင်းကင်နဂါး ရတနာရထားလှည်းအနား ရောက်လာပြီး မီးအိမ်မှ အလင်းရောင်နှင့် ထိလိုက်သည်နှင့် အလိုအလျောက် ပျောက်ကွယ်သွား၏။ ထို့နောက် မိုင်တစ်ထောင်အကွာရောက်မှ ပြန်ပေါ်လာကာ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသွားတတ်သည်။

လမ်းတစ်လျှောက်လုံး နေဆီမှ စီးကျလာနေသော မီးတောက်များအကြား ဖြတ်ကျော်သွားရသည့်အချိန်တွင်ပင် မီးတောက်တို့သည်လည်း မီးအိမ်မှ အလင်းရောင်နှင့် တွေ့လျှင်ချင်း အလိုအလျောက် ပျောက်ကွယ်သွားတတ်၏။

ထိုမျှသာမက နေလုံးကြီးအတွင်းမှ ပျံထွက်လာသည့် နန်းတော်များပင်လျှငိ မီးအိမ်အလင်းရောင်နှင့် ထိမိလျှင်ချင်း မိုင်တစ်ထောင် ကွာဝေးသွားမှသာ ပြန်ပေါ်လာတတ်သည်။ မည်သည့်အရာမှ ရထားလှည်းအနီး မကပ်နိုင်ကြချေ။

ဤမီးအိမ်သည် မဟာလေဟာနယ်တွင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရန် ယန်အာမှတစ်ဆင့် ချင်မူ့လက်ထဲသို့ ကောင်းကင်နတ်အရှင်ယွဲ့ ထည့်ပေးထားသော အဖိုးထိုက်ရတနာတစ်မျိုး ဖြစ်၏။ ချင်မူ ထိုစဉ်တုန်းကမ သုံးခဲ့မိပေ။ ယခုတွင် မီးအိမ်၏ အသုံးဝင်ပုံကို မြင်ရသည့်အခါ ကောင်းကင်နတ်အရှင်ယွဲ့၏ အစွမ်းအစများအား သူ မချီးကျူးမိဘဲ မနေတော့ပေ။

မီးအိမ်က ရထားလှည်းကို စောင့်ရှောက်ထားရင်း ရှေ့ဆက်သွားနေနိုင်စေသည်။ ယန်အာက နဂါးချီလင်ကို ညွှန်ကြားနေစဉ် နဂါးချီလင်သည် ကောင်းကင်နဂါးခြောက်ကောင်ကို မောင်းနှင်နေ၏။

ကောင်းကင်နဂါး ခြောက်ကောင်က အဆက်မပြတ် တွန်ကျူးလိုက်ကြသဖြင့် သူတို့၏ တွန်ကျူးသံတို့သည် လျှပ်စီးများနှင့်အတူ မိုးခြိမ်းသံများ ဖြစ်လာကြသည်။ အရှိန်ကလည်း ဖြေး‌ဖြေးမှန်မှန် မြင့်တက်လာ၏။

တောင်ဝင်ရိုးစွန်းမှာ အလွန်ကျယ်ဝန်းသောကြောင့် တားမြစ်နယ်မြေသည် အတိုင်းထက်အလွန် ဝေးကွာနေခြင်းက ပြသနာဖြစ်သည်။ ထိုသို့ အသော့နှင်လျှင်ပင် အနည်းဆုံး တစ်ရက်ကျော်ကျော် ကြာလိမ့်မည်။

ဤအခိုက်အတန့်တွင် အပေါ်ထက်မှ ပျံ့လွင့်လာသော သီချင်းသံများအား ချင်မူ ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ သူက အလျင်အမြန် ထရပ်ကာ အဝေးသို့ ကြည့်လိုက်လေသည်။

ကောင်းကင်၏အလွန်မှ ဇာမဏီသင်္ဘောတစ်စင်းက တောင်ပံတဖျတ်ဖျတ် ခတ်လျက် ရွက်လွှင့်လာသည်။ သင်္ဘော၏ ဧရာမဦးထိပ်ကြီးသည် လေထုကို ထိုးခွဲလျက် ဝင်‌ရောက်လာ၏။ တောင်ကောင်းကင်ဘုံမှ မရေမတွက်နိုင်သော နတ်စစ်သည်တော်များနှင့် စစ်သူကြီးများက သင်္ဘောအသေးစားများကို ထိန်းချုပ်လျက် ဇာမဏီသင်္ဘောဆီမှ ဆင်းသက်လာကြသည်။ ဤသင်္ဘောများမှ ငှက်တောင်ဓားများစွာ ပျံထွက်လာကာ မြေပြင်နှင့် တောင်တန်းများအား မြေလှန်နေသကဲ့သို့ ခုတ်ဖြတ်သွားသည်။

ငှက်တောင်ဓားတို့ ဖြတ်သွားသည့်နေရာတိုင်းတွင် တောင်တန်း၊ မြစ်ချောင်းများ ကွဲထွက်ကုန်သည်။

ချင်မူ့မျက်ဝန်းထောင့်စွန်းများ တွန့်သွား၏။ တောင်ကောင်းကင်၏ ဇာမဏီနတ်မင်း လက်အောက်ရှိ နတ်ဘုရား၊ မိစ္ဆာများကလည်း တောင်ဝင်ရိုးစွန်းကို မညှာမတာ တိုက်ခိုက်နေကြသည်။ ဤသည်ကား သူ မထင်မှတ်ထားသော အရာပင်။

ဇာမဏီနတ်မင်း ချီရှားယွီသည် စစ်သည်တော်များအား ဦးဆောင်ကြီးကြပ်ရာတွင် ပညာရှင်တစ်ယောက် ဖြစ်၏။ ချုံဧကရာဇ်ခေတ်၏ အဆုံးသတ်မှာတုန်းက သူမကိုယ်တိုင် စစ်တပ်ကို ဦးဆောင်လျက် ကောင်းကင်နတ်ဘုံ၏ ဇာမဏီနတ်မင်းအဟောင်းကို ချေမှုန်းသတ်ဖြတ်နိုင်ခဲ့သည်။

သူမ၏စစ်တပ်၏ အတိုက်အခိုက်စွမ်းရည်က အတိုင်းထက်အလွန် ရှိန်ဖွယ်ရာဖြစ်၍ သူတို့ကိုယ်တိုင် စစ်ပွဲတွင် ဝင်ရောက်လာလျှင် သေချာပေါက် မည်သူမျှ အသက်ရှင်ကျန်ခဲ့နိုင်မည်မဟုတ်ပေ။

“ဖက်တီးနဂါး၊ ဇာမဏီသင်္ဘောအနား သွား”

နဂါးချီလင်လည်း ရထားလှည်း၏ ဦးတည်ရာကို အလျင်အမြန် ပြောင်းလိုက်သဖြင့် ကောင်းကင်နဂါး ရတနာရထားလှည်းက ဇာမဏီသင်္ဘောအနား ချဉ်းကပ်သွားသည်။ ဇာမဏီသင်္ဘောကို စောင့်ကြပ်နေသည့် စစ်သူကြီးသည် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူမအနောက်တွင် အင်မတန် ခံ့ညားထည်ဝါသော ခေါင်းကိုးလုံး ဇာမဏီမူလဝိညာဉ်၏ အသွင်သဏ္ဍာန် ဖွဲ့တည်နေသည်။ သူမက အဝေးမှ လှမ်းအော်သည်။ “ရထားလှည်းကို စီးနင်းလာတာ ကောင်းကင်နတ်အရှင်မူလား မေးပါရစေ... ကောင်းကင်နတ်အရှင်၊ ကျေးဇူးပြုပြီး ရပ်လိုက်ပါ”

နဂါးချီလင်မှာ ရထားလှည်းကို ကပျာကယာ ရပ်လိုက်ရသည်။

ချင်မူက ရထားလှည်းအတွင်း၌ ထိုင်လျက် လှမ်းမေးသည်။ “ဇာမဏီနတ်မင်း သင်္ဘောပေါ်မှာလား”

အမျိုးသမီးစစ်သူကြီးသည် အရိုအသေပေး၏။ “ဇာမဏီနတ်မင်းက ပုန်ကန်မှုကို နှိမ်နှင်းဖို့ မီးငှက်ကောင်းကင်နန်းတော်ဆီ သွားနေပါပြီ... သင်္ဘောပေါ်မှာ မဟုတ်ဘူး”

ချင်မူ လက်ဝှေ့ယမ်းလိုက်ရာ ကောင်းကင်နဂါး ရတနာရထားလှည်းလည်း ရှေ့ဆက်သွားသည်။ အချိန်တချို့ကြာ‌သော် မီးငှက်ကောင်းကင်နန်းတော်ကို မြင်လိုက်ရ၏။

မီးငှက်ကောင်းကင်နန်းတော်ကား ရှေးအကျဆုံး ကောင်းကင်နန်းတော် ဖြစ်ပေသည်။ ယခုအချိန်တွင် နန်းတော်မှာ ပြိုလဲပျက်စီးနေပြီး ခန်းမများလည်း ရစရာမရှိတော့ပေ။ ကောင်းကင်ထက်မှ တောင်ကြီးများသဖွယ် ဧရာမအတုံးအခဲကြီးများက မြေပြင်ပေါ်သို့ တဝုန်းဝုန်း ကျဆင်းနေသည်။

ဤအခိုက်အတန့်တွင် ခေါင်းကိုးလုံး ဇာမဏီငှက်ကြီးတစ်ကောင်သည် တောင်ပံတဖျတ်ဖျတ် ခတ်လျက် မီးငှက်ကောင်းကင်နန်းတော်ကို ဖျက်စီးနေ၏။ ၎င်း၏ ခေါင်းကိုးလုံးက မီးတောက်များအား အရပ်လေးမျက်နှာသို့ မှုတ်ထုတ်ရင်း မီးငှက်ကောင်းကင်နန်းတော်၏ နတ်ဘုရားမိစ္ဆာများကို မီးလောင်တိုက်သွင်းနေသည်။

‌ခေါင်းကိုးလုံးဇာမဏီငှက်၏ ခေါင်းတစ်လုံးအထက်တွင် ချီရှားယွီသည် ဗျပ်စောင်းကို ပိုက်လျက် ခြေဗလာဖြင့် ရပ်နေ၏။ သူမ၏အင်္ကျီလက်စများက လေထဲတွင် လှုပ်ခတ်နေပြီး သူမလက်ချောင်းများက ကခုန်နေသည်။ ဗျပ်စောင်းဆီမှ တေးသွားက အချွန်ထက်ဆုံးသော ဓားစွမ်းအင်ပမာ အောက်သို့ ခုတ်ပိုင်းရင်း သူမဆီ လာနေသည့် မီးငှက်ကောင်းကင်နန်းတော်မှ အဆင့်မြင်သိုင်းပညာရှင်တိုင်းအား သတ်ဖြတ်နေသည်။

သူမ၏ ပတ်ပတ်လည်တွင် အလောင်းတို့က မိုးပေါက်များသဖွယ် ရွာကျနေပြီး သူမအသွင်မှာ ပြိုင်ဘက်ကင်း နတ်ဘုရားမတစ်ပါးအလား ထင်ရ၏။

နတ်ဘုရားမများကလည်း သူမပတ်ဝန်းကျင်၌ ပျံသန်းရင်း ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်ကာ အသက်ရှင်ကျန်ခဲ့သူများကို သတ်ဖြတ်နေသည်။ တစ်ချက်တစ်ချက် လူအသွင်ပြောင်း၍ ကောင်းကင်နတ်သိုင်းများ ပစ်လွှတ်တတ်သလို၊ တစ်ချက်တစ်ချက် ဇာမဏီငှက်များအသွင်ဖြင့် ပျံသန်းသွားလာတတ်ကြသည်။

ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်များအနက် ဇာမဏီနတ်မင်း ချီရှားယွီ၏ အတိုက်အခိုက်စွမ်းရည်သည် ကောင်းကင်ယင်သားတော် မဟူရာနတ်မင်းအောက် သေချာပေါက် နိမ့်မကျပေ။

“သခင်လေး...” ယန်အာက တောင်းပန်တိုးလျှိုးနေသော အမူအရာဖြင့် ချင်မူ့ဆီ လှည့်ကြည့်သည်။

ချင်မူ အံတင်းတင်း ကြိတ်လိုက်မိ၏။ ဇာမဏီနတ်မင်း ချီရှားယွီ မည်သို့ကြံစည်နေမှန်း သူ မဆုံးဖြတ်တတ်တော့ပေ။

“ဇာမဏီနတ်မင်း”

ချင်မူက အသိစိတ်အလျဉ်စီးကြောင်းတစ်ကြောင်း ပို့လွှတ်လိုက်ရာ အသိစိတ်အလျဉ်က အသံကျယ်ကြီးအသွင် ပြောင်းလဲသွားသည်။ ဇာမဏီနတ်မင်းချီရှားယွီက ခေါင်းလှည့်ကြည့်ပြီး ခြေဖျားဖြင့် ညင်ညင်သာသာ နင်းလိုက်သည့်အခါ သူမခြေထောက်အောက်ရှိ ခေါင်းကိုးလုံးဇာမဏီငှက်၏ ခေါင်းတစ်လုံးသည် ချီရှားယွီ နောက်တစ်ယောက် ဖြစ်လာ၏။ သူမက ကောင်းကင်နဂါး ရတနာရထားလှည်းဆီ ပျံသန်းလာကာ ဦးညွှတ်အရိုအသေပေးသည်။ “ကောင်းကင်နတ်အရှင်မူကို အရိုအသေပေးပါတယ်”

ချင်မူ၏မျက်ဝန်းတွင် ရှုပ်ထွေးနေသော ခံစားချက်များ ပြည့်နေသည်။ ချီရှားယွီသည် သူ့ကို နှုတ်ဆက်ရန် ကိုယ်ပွားလွှတ်လိုက်ပြီး မူလကိုယ်ဖြင့် မီးငှက်ကောင်းကင်နန်းတော်ကို ရက်ရက်စက်စက် ဆက်လက်တိုက်ခိုက်နေ၏။

“ဇာမဏီနတ်မင်း၊ ကောင်းကင်ဘုံဟာ သက်ရှိသတ္တဝါတိုင်းအပေါ် မေတ္တာထားပါတယ်.... အသက်ချမ်းသာပေးဖို့ တတ်နိုင်တဲ့အချိန်မှာ အသက်ချမ်းသာပေးလို့ ရပါတယ်... ဒီလောက်အထိ ရက်စက်စရာမလိုပါဘူး” ချင်မူ ယဉ်ကျေးသိမ်မွေ့စွာ ပြောလိုက်သည်။

ချီရှားယွီသည် သူ့ကို လေးနက်စွာ ကြည့်၏။ ရုတ်တရက် သူမ၏ မူလခန္ဓာကိုယ်က တုန်ခါသွားပြီး ဇာမဏီရှစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ဇာမဏီငှက်ရှစ်ကောင်က တောင်ပံများ ဖြန့်ကာ မီးငှက်ကောင်းကင်နန်းတော်၏ ကောင်းကင်ထက်၌ ပျံသန်းရင်း နန်းတော်တစ်ခုလုံးအား မီးလောင်တိုက်သွင်းပစ်လိုက်သည်။ ရှေးအကျဆုံးသော ကောင်းကင်နန်းတော်မှာ ဇာမဏီငှက်၏ အထွတ်အမြတ်မီးလျှံများအောက်၌ အရည်ပျော်ကျသွားပြီး မရေမတွက်နိုင်သော နတ်ဘုရားများလည်း ပြာကျသေဆုံးကုန်တော့သည်။

ထို့နောက် ဇာမဏီငှက်ရှစ်ကောင်က ပြန်လည်ပေါင်းစည်း၍ သက်တံ့ရောင် ခေါင်းရှစ်လုံးဇာမဏီငှက်အသွင် ပြောင်းလဲသွားသည်။ ၎င်းက ဦးတည်ရာပြောင်းလဲပြီး ကောင်းကင်နဂါး ရတနာရထားလှည်းဆီ ပျံသန်းလာကာ ဝှစ်ခနဲ ချီရှားယွီအသွင်ဖြင့် ချင်မူ့အရှေ့၌ ရပ်သည်။ ချီရှားယွီ၏အနောက်တွင် ခေါင်းကိုးလုံးဇာမဏီငှက်မူလဝိညာဉ်က တောင်ပံတဖျတ်ဖျတ် ခတ်လိုက်သဖြင့် ကောင်းကင်တစ်ပြင်လုံး တေက်ပလင်းထိန်သွား၏။

ခေါင်းကိုးလုံးဇာမဏီငှက်မူလဝိညာဉ်သည် တောင်ပံပြန်ရုတ်ပြီးနောက် တစတစ ပျောက်ကွယ်သွားသည်။

ယန်အာက ချီရှားယွီကို ဒေါသတကြီး ကြည့်၍ အံတင်းတင်း ကြိတ်ထားသည်။ “နင် ငယ်ငယ်တုန်းက အရွယ်ရောက်လာအောင် ငါကိုယ်တိုင် ခွံ့ကျွေးခဲ့ရတာ.... နင်က ငါ့ကို ဒီလို ဆက်ဆံရဲတယ်ပေါ့”

ချီရှားယွီက ရထားလှည်းပေါ် တက်၍ သူတို့အရှေ့တွင် ရပ်ကာ ဦးညွှတ်အရိုအသေပေးသည်။ “ကောင်းကင်နတ်အရှင်၊ မင်းသမီး မွေးဖွားလာကတည်းက တောင်နတ်မင်း သူ့ကို အဝေးပို့ထားခဲ့တဲ့ အကြောင်းရင်းကို ကောင်းကင်နတ်အရှင် အခုထက်ထိ မသိသေးဘူးလား... ဒီမီးငှက်ကောင်းကင်နန်းတော်မှာ ဘယ်သူမှ သူ့လူ မဟုတ်တော့ဘူး... ကျွန်မက အခွင့်အရေးကို အသုံးချပြီး သူ့အတွက် လုပ်ပေးနေတာပဲ ရှိတယ်”

ချင်မူက ပြန်ဖြေသည်။ “ဒါဆို တောင်နတ်မင်း ဘယ်မှာလဲ”

“တားမြစ်နယ်မြေမှာ”

ချီရှားယွီသည် အဝေးသို့ လက်ညှိုးထိုးပြ၏။ “ကောင်းကင်နတ်အရှင် အဲဒီကို အချိန်မှီသွားရင် သူ့ကို နောက်ဆုံးအကြိမ်တော့ မြင်နိုင်ပါသေးတယ်”

All Chapters