← Chapters

အပိုင်း (၄၆၆) – လျှပ်စီးဝိညာဉ်အရည်အချင်း

Vol. 005 Ch. 466

အပိုင်း (၄၆၆) – လျှပ်စီးဝိညာဉ်အရည်အချင်း

Vol. 005 Ch. 466

“ကျွန်တော်လိုချင်တာရှင်းပါတယ် လျှန်ဟန်နဲ့ လျှန်မျိုးနွယ်တို့ ကြားက ပြဿနာတင်းမာလာရင် ကျွန်တော်တို့ဘေးကင်းကင်းနဲ့ ထွက်သွားဖို့ပါပဲ” ရှီမာယူယူသည် တောင်းဆိုချက်ကို ပြောလိုက်သည်။

အနက်ရောင်နှင့် အဖြူရောင် အကြီးအကဲများသည် ရှီမာယူယူ၏ တောင်းဆိုချက်မှာ ဒီလောက် ရိုးရှင်း မည်ဟု မထင်မိပေ။ သူတို့သည် သူမ ဒီထက်ပိုတောင်းမည်ဟု ထင်ထားခဲ့သည်။

“ဒါ မင်းတောင်းဆိုတဲ့ဟာလား” အဖြူရောင် အကြီးအကဲပြောလိုက်သည်။

“ဟုတ်ပါတယ်” ရှီမာယူယူ ပြုံးပြီးပြောလိုက်သည် “လူကြီးမင်းတို့က ကျွန်တော်တို့ကို ဘေးကင်းအောင် လုပ်ပေးမယ်ဆိုရင် မီးတောက်နဲ့ ပျားကို ထုတ်ပြမယ်”

“ကောင်းပြီ ကတိပေးမယ် ဒါဆိုရင် အဲဒီမီးတောက်ကို ကြည့်ရအောင်”

ရှီမာယူယူသည် လက်ချောင်းများ လှုပ်ရှားလိုက်သည်နှင့် မီးတောက်သည် သူမ လက်ချောင်းထိပ်တွင်  ပေါ်လာလေသည်။ အနည်းငယ်မျှသာဖြစ်သော်လည်း ပတ်လည်မှ မီးအပူချိန်များကို မြင့်တက်စေလေသည်။

“ဒီအပူချိန်က အရင်က ငါတို့်တွေ့ဖူးတဲ့ အံ့ဖွယ်မီးတောက်ထက်တောင် မြင့်သေးတယ်” အကြီးအကဲ ဘိုင်သည် အံ့သြစွာ အော်လေသည်။ “ဒါအပူဆုံးမဟုတ်သေးဘူးမလား”

ရှီမာယူယူ ညာဘက်လက်ဖြန့်လိုက်ရာ မီးလုံးသည် သူမ လက်ဖဝါးပေါ်တွင် ပေါ်လာလေသည်။ သူမ လက်နှစ်ဖက်စုလိုက်ရာ မီးတောက်များသည် ပေါင်းသွားပြီး အပူချိန်ကျသွားလေသည်။

“မီးတောက်တွေက သူ့သာဘာ ဖျော့သွားတာလား” အနက်ရောင်အကြီးအကဲသည် ရှီမာယူယူ လက်ထဲ မှ မီးတောက်ကို စပ်စုစွာ ကြည့်ကာ စိတ်လှုပ်ရှားသဖြင့် သူ့တစ်ကိုယ်လုံး လှုပ်ယှက်ခတ်နေသည် “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ရိုးရှင်းပါတယ် အဲဒါတွေ အကုန်လုံးက ကျွန်တော့် မီးတောက်ပဲ ပြီးတော့ သူတို့က အမျိုးအစား တစ်ခု တည်းပဲ အဲဒါကြောင့် သူတို့ဆုံသွားတဲ့အခါမှာ မပေါက်ကွဲတာ” ရှီမာယူယူ ရှင်းပြလေသည်။

“အဲမီးတောက်တွေက မင်းဟာလား” အကြီးအကဲဘိုင် မေးလိုက်သည်။

“အင်း ကျွန်တော့် စာချုပ်သားရဲဆိုပါတော့ ဒါပေမဲ့ ကျွန်တော့်ဟာလို့ ပြောလို့ရပါတယ်” ရှီမာယူယူ သည် လက်ကောက်ဝတ်အား ရမ်းလိုက်ရာ မီးတောက်များ ပျောက်သွားလေသည်။

“ဟင် ဒါပဲလား”

“တစ်ခါပဲကြည့်မယ်လို့ ပြောထားတာလေ မလောက်သေးဘူးလား” ရှီမာယူယူသည် သူ့ကို ကြည့်ကာ စိတ်တိုလေသည်။

“ကျွတ်”

“ပျားကရော” အနက်ရောင်အကြီးအကဲ မေးလေသည်။

ရှီမာယူယူသည် ပျားတစ်ကောင်အား ခေါ်ထုတ်လိုက်သည်။ ပျားကိုမြင်လိုက်သောအခါ အနက်ရောင် အကြီးအကဲ၏ မျက်လုံးများတောက်ပလာကာ စိတ်လှုပ်ရှားစွာ ပြောလေသည် “ဒါက ဒဏ္ဍာရီလာ စကားလက် နီရဲပျားလား”

“ဟုတ်ပါတယ်” ရှီမာယူယူ ပြောလေသည်။

“ဒါ ဘယ်ကရလာတာလဲ”

“ကျွန်တော်တို့်လာတဲ့ဆီက အနိမ့်တိုင်းပြည်ကပါ” ရှီမာယူယူ ပြန်ဖြေလေသည်။

“အနိမ့်ပိုင်းတိုင်းပြည်ကလား” အနက်နှင့် အဖြူရောင်အကြီးအကဲများသည် အံ့သြသွားကြလေသည်။ နီရဲပျားများသည် သူတို့သိသော နေရာတွင် မျိုးတုန်းသွားပြီဖြစ်သည်။ သို့သော် အနိမ့်တိုင်းပြည်မှာ ရှိနေတုန်း လား။ သို့သော် ပျားအနည်းသာ လာသဖြင့် ပျားမည်မျှရှိသည်ကို သူတို့ မသိပေ။

“ဟီးဟီး ကောင်လေး မင်းမှာ နီရဲပျားတွေအများကြီးရှိမယ်ဆိုရင် နီရဲပျားရည်လည်းရှိမှာပဲ” အနက်ရောင် နှင့် အဖြူရောင် အကြီးအကဲများသည် ပြောလေသည် “မင်း ဆန္ဒရှိမယ်ဆိုရင် ငါတို့ အဲဒါကို ရတနာတစ်ခုနဲ့ အလဲ အလှယ်လုပ်ချင်တယ်”

“လူကြီးမင်းတို့က နီရဲပျားရည်လိုချင်လို့လား” ရှီမာယူယူသည် သူတို့နှစ်ယောက်အား ကြည့်ကာ စိတ်ထဲ မှ တွက်ကြည့်လေသည်။ “ကျွန်တော့်မှာ နီရဲပျားရည် နည်းနည်းရှိပါတယ် လူကြီးမင်းတို့က လျှန်မိသားစုရဲ့ အကြီးအကဲတွေ ပြီးတော့ ကျွန်တော်တို့က လျှန်ဟုန်ရဲ့ မိတ်ဆွေတွေ လျှန်ဟုန်သာ မိသားစုဝင်ဖြစ်သွားရင် လူ ကြီးမင်းတို့က ကျွန်တော့်မိတ်ဆွေရဲ့ အကြီးအကဲတွေဖြစ်သွားကြပြီ၊ အဲလိုဆိုရင် လဲတာမဟုတ်ပဲ လက်ဆောင်  ပေးနိုင်ပါတယ်.. ဒါပေမဲ့ ရန်သူဖြစ်သွားမယ်ဆိုရင်တော့ အဲလိုပစ္စည်းကို ရန်သူကို မပေးနိုင်ပါဘူး ဟုတ်တယ် မလား”

“တော်တော်လည်တာပဲ မင်းက လျှန်ဟုန်ကို ငါတို့လျှန်မိသားစုကို ပြန်လာစေချင်တာကို ပြောနေတာ မလား” အဖြူရောင်အကြီးအကဲသည် ရှီမာယူယူအား ကြည့်ကာ ပြောလေသည် “ဒီမှာစောင့်နေ” ပြောပြီးသည် နှင့် သူပျောက်သွားလေသည်။

“အဖြူရောင်အကြီးအကဲဘယ်သွားလိုက်တာလဲ”

“ပင်မဆောင်ကို” အနက်ရောင်အကြီးအကဲသည် သူ့လူသူ နားလည်ကာ ချက်ချင်းပင် ပြောလေသည်။

သိပ်မကြာခင်တွင် အဖြူရောင်အကြီးအကဲသည် ပြန်လာကာ စိတ်လှုပ်ရှားစွာ ပြောလေသည် “ပြီးသွား  ပြီ အခု လျှန်ဟုန်က လျှန်မိသားစုဖြစ်သွားပြီ မနက်ဖြန်ကျရင် သူ့နာမည်ကို မိသားစုမှတ်တမ်းမှာ ရေးလိမ့်မယ်” ရှီမာယူယူသည် ဆွံ့အသွားလေသည်။ အဖြူရောင် အကြီးအကဲက စိတ်မြန်လက်မြန်ရှိတာပဲ။

“ဘယ်သူမှ မငြင်းကြဘူးလား” ဒီလောက် မိသားစုကြီးတာ ဘယ်လိုလုပ် တစ်ယောက်မှ မငြင်းကြတာ လဲ။

“ဘာအသုံးဝင်မှာလဲ အနက်ရောင်အကြီးအကဲနဲ့ ငါက လုပ်ဆိုရင် ငါတို့်ဆန္ဒာကို သူတို့ဘာမှ မလုပ်နိုင် ကြဘူး” အဖြူရောင်အကြီးအကဲသည် ဂုဏ်ယူစွာ ပြောလေသည်။

“ဒါဆိုရင် လူကြီးမင်းတို့က ရာထူးမြင့်တာပဲ မဟုတ်ရင် အာဏာရှိလို့ပဲမလား” ရှီမာယူယူသည် ထိုလူကြီး များကို စမ်းသပ်ချင်မိသည်။ ထိုလူနှစ်ယောက်သည် မျိုးနွယ်တစ်ခုလုံး၏ ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်သည်မှာ မယုံနိုင်စရာပင်။

“ငါတို့က မျိုးနွယ်ခေါင်းဆောင်ရဲ့ အဘိုးနဲ့ ဦးကြီး ၃ပဲ၊ အဲတော့ သူတို့က ငါတို့ပြောတာကို နားထောင် ရမှာပဲ” အဖြူရောင် အကြီးအကဲသည် ပြောလေသည် “မြင်ပြီလား ငါတို့ လျှန်ဟုန်ကိစ္စကို ရှင်းပြီးသွားပြီ အဲတော့…”

ရှီမာယူယူသည် ၁၀မီတာအမြင့်ရှိသော ကျောက်စိမ်းပုလင်းကိုထုတ်ပြီး ပြောလေသည် “ဒီမှာ နီရဲ ပျားရည်ပါ”

အနက်ရောင်နှင့် အဖြူရောင်အကြီးအကဲများသည် ပုလင်းအား ချက်ချင်းဖွင့်ကြည့်ရာ ပျားရည်၏  မွှေးပျံ့ သောအနံ့ထွက်လာလေသည်။ အဖြူရောင်အကြီးအကဲသည် စိတ်လှုပ်ရှားစွာ ပြောလေသည် “ဒီအနံ့ပဲ ငါတို့တစ်သက်လုံး နီရဲပျားရည်အနံ့မရတော့ဘူးထင်နေတာ”

“ဟုတ်တယ် တကယ်ကို လွမ်းနေခဲ့တာ”

သူတို့ပြောစကားများကို ကြားသောအခါ ရှီမာယူယူ သိချင်သွားသဖြင့် မေးလေသည် “လူကြီးမင်းတို့က နီရဲပျားကို အရင်ကမမြင်ဖူးဘူးလား”

အနက်ရောင်အကြီးအကဲသည် ပုလင်းကိုင်ကာ ညှိုးငယ်သောမျက်နှာဖြင့် ပြန်တမ်းတလေသည် “အရင် တုန်းက အဖြူရောင်အကြီးအကဲနဲ့ ငါက လောကအသေးကို သွားခဲ့ကြတယ်၊ အဲမှာ နီရဲပျားအုပ်နဲ့ တွေ့ခဲ့တယ် အဲမှာ ငါတို့ နီရဲပျားရည် တချို့ရခဲ့တယ်”

“ဒါပေမဲ့ ကံမကောင်းစွာပဲ နီရဲပျားတစ်ကောင်မှ ခေါ်ထုတ်မလာနိုင်ခဲ့ဘူး၊ အဲတုန်းက ငါတို့်က ငယ်လွန်း  တော့ နီရဲပျားတွေရဲ့ တန်ဖိုးကို မသိခဲ့ကြဘူး၊ မဟုတ်ရင် အန္တရာယ်ဖြစ်ပါစေဦးတော့ ငါတို့ သွားခေါ်ထုတ် ခဲ့တယ်” အဖြူရောင်အကြီးအကဲဆက်ပြောလေသည်။

“ကောင်လေး မင်းမှာ နီရဲပျားတွေ ဘယ်လောက်ရှိလဲ”

သူတို့ မျက်နှာအားကြည့်ပြီး ရှီမာယူယူ ပြောလိုက်သည် “နည်းနည်းပါ”

“ငါတို့ ပျားတွေကို ရတနာနဲ့ လဲမယ်၊ ဘယ်လိုလဲ” အဖြူရောင်အကြီးအကဲပြောလိုက်သည် “မင်းတောင်း တာက ငါတို့ ပေးနိုင်တဲ့ဟာဆိုရင် လဲနိုင်တယ်”

ဘာလဲ…

သူတို့၏ စိတ်အားထက်သန်သော အမူအရာများကို ကြည့်ကာ လျှန်မိသားစုတွင်လည်း ရတနာများစွာ ရှိမည်ကို တွေးမိလေသည်။ သူမသည် ထိုအခြေအနေအား အခွင့်ကောင်းယူကာ သူတို့အား ပညာပေးရမည်ဟု  တွေးမိလေသည်။ သို့သော် သူမ လျှန်ဟုန်အားတွေးလိုက်ရာ စိတ်ပျော့သွားပြီး ပြန်ဖြေလေသည် “လူကြီးမင်းတို့ က နီရဲပျားရဲ့ တန်ဖိုးကိုသိမှတော့ ကျွန်တော် အများကြီးမပြောတော့ဘူး အဲတန်ဖိုးနဲ့ တူတဲ့ဟာ တစ်ခုခုကို ပေး ရင်ရပါပြီ၊ ဆေး၊ လက်နက် တည်ဆောက်မှု မဟုတ်ရင် သားရဲ ဘာပဲဖြစ်ဖြစ်ရပါတယ်”

အနက်ရောင် လူကြီးမင်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် သေတ္တာနှစ်ခုကို ထုတ်ပေးလေသည်။ တစ်ခု မှာ ကြီးပြီး နောက်တစ်ခုမှာ အသေးဖြစ်လေသည်။ ရှီမာယူယူသည် သေတ္တာဖွင့်လိုက်ရာ လက်နက်များတွက် ပစ္စည်းများပါသည်ကို မြင်လိုက်ရသည်။ သူတို့သည် အဖိုးတန်စွာ သိမ်းထားသည်ကို ကြည့်လျှင် တန်ဖိုးမြင့်မည် ဟု တွေးလိုက်မိသည်။ သေတ္တာကြီးတွင် ဆေးဖက်ဝင်ပစ္စည်းများ တစ်စုနှင့် နှစ်တစ်သောင်းဂျင်ဆင်းတို့  ရှိလေ သည်။

အဖြူရောင်အကြီးအကဲသည် အနက်ရောင်အကြီးအကဲ ကမ်းလှမ်းသည်များကို တွေ့သောအခါ ပစ္စည်း နှစ်ခုကို ထုတ်လိုက်သည်။ တစ်ခုမှာ လျှပ်စီးအရည်အချင်းကျမ်းဖြစ်ပြးိ နောက်တစ်ခုမှာ လက်နက်ပညာအတွက်  ရှေးဟောင်းနည်းလမ်းတစ်ခုဖြစ်လေသည်။

လျှပ်စီးအရည်အချင်းကျမ်းအား တွေ့လိုက်သောအခါ ရှီမာယူယူ မျက်လုံးများ အရောင်တောက်လာ သည်။ တခြား သုံးခုမှာ မရှိလျှင်ဖြစ်သော်လည်း လျှပ်စီးအရည်အချင်းကျမ်းမျာ အရေးတကြီးလိုနေသည်။ အခု သူမတွင် လျှပ်စီးဝိညာဉ်အရည်အချင်းရှိသော်လည်း ထိုအရည်အချင်းကို ကျင့်ကြံခြင်းမပြုခဲ့ပေ။ ထို့အပြင် သူမ သည် ထိုအရည်အချင်းကို ချပြဖူးခြင်းမရှိပေ။

လျှပ်စီးအရည်အချင်းတွင် သူမသည် တိုက်ပွဲတိုက်ရန်အတွက် လက်နက်တစ်ခုအပြင် ပိုရှိရမည်။ ထိုသည်မှာ သူမ၏ အခြေခံအရည်အချင်းပင်ဖြစ်သည်။ သူမ၏ လျှပ်စီးအရည်အချင်းပ် ထည့်ပေါင်းပါက သူမ သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ဖြစ်မည်။

“ဒါတွေဆို ဘယ်လိုထင်လဲ” အနက်ရောင် အကြီးအကဲ မေးလိုက်သည်။

“မဆိုးပါဘူး” ရှီမာယူယူသည် ထိုပစ္စည်းများကို ယူကာ နီရဲပျားအကောင် တစ်ရာကို ခေါ်ထုတ်လိုက် သည်။ အနက်ရောင်နှင့် အဖြူရောင်အကြီးအကဲသည် ပျားအရေအတွက်ကို မြင်သည်နှင့် အံ့သြသွားကြ လေသည်။

သူတို့သည် အကောင်ရေ ၁၀ ၂၀ ဆိုလျှင်တောင် လုံလောက်ပြီဖြစ်ကာ သူတို့မျှော်မှန်းထားသည်ထက် ရှီမာယူယူ ပေးလိမ့်မည်ဟု ထင်မထားကြပေ။

“ဟားဟား အခုချိန်ကစပြီး မင်းက ငါတို့ မိတ်ဆွေဖြစ်သွားပြီ ငါတို့ ဒီနီရဲပျားတွေ ကြီးလာရင် တစ်ခွက်  လောက်သောက်ကြတာပေါ့” အဖြူရောင် အကြီးအကဲ ပြုံးလေသည်။

ရှီမာယူယူ ရိုးရှင်းစွာပင် ပြုံးလိုက်သည်… သူတို့နဲ့ သောက်ရမှာလား။

All Chapters