အပိုင်း (၄၆၇) – တောင်ပံလေးခုဂဠုန်များ၏ သခင်လေးတွေ့ခွင့်တောင်းခြင်း
Vol. 005 Ch. 467
ရှီမာယူယူ လျှန်မျိုးနွယ်တွင်ပေါ်လာပြီး သူတို့ ကူညီပေးချိန်မှာ နောက်နေ့မနက်ဖြစ်နေပြီ ဖြစ်လေသည်။
ရှီမာယူလင်းသည် သူမဆီမှ အရက်နံ့ရသည်နှင့် မျက်မှောင်ကြုတ်ပြီးမေးလေသည်။ “မင်းသောက်ထား တာလား”
“ဟုတ်တယ် ငါ အဲအဘိုးကြီးနှစ်ယောက်နဲ့ နည်းနည်းသောက်ထားတယ်” ရှီမာယူယူ ပြောလိုက်သည် “လျှန်ဟုန်ရဲ့ အခြေအနေကရော ဘယ်လိုလဲ”
“အကုန်ရှင်းပြီးသွားပြီ” ရှီမာယူလင်း ပြောလိုက်သည် “လျှန်မျိုးနွယ်က လျှန်ဟုန်ကို လက်ခံကြတယ်၊ ပြီးတော့ အစေကြီးပဲခေါ်လို့သွားလိုက်ပြီ သူ့နာမည်ကို မိသားစုမှတ်တမ်းမှာ ထည့်မလို့တဲ့”
“အစ်ကိုကြီးချူကရော”
“သူလည်း လိုက်သွားတယ်”
“ငါ နည်းနည်းနားချင်တယ် နောက်မှ နောက်အစီအစဉ်ကို ပြောကြတာပေါ့ ငါ့နေရာက ဘယ်မှာလဲ”
ရှီမာယူယူသည် သူမအတွက် အခန်းကိုညွှန်ပြရာ သူမသည်တံခါး ဖွင့်ကာ ဒယိမ်းဒယိုင်ဖြင့် ဝင်သွားလေ သည်။
ထိုအဘိုးကြီးနှစ်ယောက်သည် သူမအား ဆွဲထားကာ တစ်ညလုံး သူမနှင့် သောက်ခဲ့ကြသည်။ သူတို့ သည် သူမအား ကောင်လေးဟု မခေါ်တော့ပဲ မိတ်ဆွေလေးဟု ခေါ်လေသည်။ နောက်ဆုံးတွင် သူတို့ မူးတော့မှ ပင် သူမကို လွှတ်ပေးလေသည်။
လေဂုံထန်သည် သူမအား မြင်သည်နှင့် အိမ်မှထွက်လာပြီး ခေါင်းရမ်းကာ ပြောလေသည် “အဲလူတွေက နင့်ကို ယောက်ျားလေးလို ဆက်ဆံနေတာပဲ နည်းနည်းတောင် မထိန်းချုပ်ဘူးလား နင် အဲလောက်တောင် သောက်လာတာ”
“နင် သူမကို နည်းနည်းလောက်ဂရုစိုက်ပေးလိုက်ဦး” ရှီမာယူလင်း ပြောလေသည်။
ဝူရန်ဖေသည် လျှောက်လမ်းတွင် ရပ်နေကာ လက်ပိုက်ပြီး မေးလေသည် “အဲလိုဆိုရင် ငါတို့က အစိမ်း ရောင်မြို့တော်ကို သွားရမှာလား မသွားရတော့ဘူးလား”
“မသွားရလောက်ဘူး” ဘေဂုံထန် ပြောလေသည် “ငါတို့အစက အစိမ်းရောင်မြို့တော်ကို သွားမယ်ဆို တာက လျှန်ဟုန်ကို လုံခြုံအောင်လိုက်ပို့မလို့လေ၊ အခုသူက သူ့မျိုးနွယ်နဲ့ဖြစ်သွားပြီဆိုတော့ ငါတို့ မသွားရ လောက်တော့ဘူး”
“ဒါဆိုရင် သူမနိုးလာတာစောင့်ပြီးတာနဲ့ အတူဆွေးနွေးကြတာပေါ့” ရှီမာယူလင်းသည် ပြောပြီးသည်နှင့် သူ့အခန်းသို့ ဝင်သွားလေသည်။
ရှီမာယူယူ နိုးလာချိန်တွင် ညရောက်နေပြီဖြစ်သည်။ သူမသည် ချူချောင်ထန်နှင့် လျှန်ဟုန်တို့၏ အသံ ကြားလိုက်ရလေသည်။ သူမ အိပ်ရာပေါ်မှ ထရာ အိပ်ရာဘေးတွင် သူမအတွက် ရေပြင်ပေးထားသည်ကို တွေ့ သည်နှင့် သောက်လိုက်လေသည်။ သူမသည် ရေနှစ်ကရားသောက်ပြီးနောက်တွင် တံခါးဖွင့်ကာ ထွက်လာလေ သည်။
သူမ ထွက်လာသည်ကို ကြည့်ပြီးချူချောင်ထန်သည် ပြုံးပြီး စနောက်လေသည် “မင်း မနက်ဖြန်ထိ အိပ် မလားဆိုတာ ငါသိချင်နေတာ”
“ကျွန်တော်က အဲလောက် အိပ်ပုတ်ကြီးတာလား” သူမသည် မျက်ခုံးပင့်ကာ အဆောင်သေးဆီသို့ လျှောက်သွားလေသည်။ သူမသည် ဝိညာဉ်အသီးထုတ်ကာ ကိုက်စားလေသည်။
“မင်း တစ်ညလုံး အဲအဘိုးကြီးနှစ်ယောက်နဲ့ သောက်တယ်လို့ ကြားတယ်”
“တစ်ညလုံးတော့မဟုတ်ဘူး သူတို့မှောက်တာနဲ့ ကျွန်တော် ပြန်လာတာပဲ”
“သူတို့က နှစ်ယောက် တစ်ယောက်တောင် မနိုင်ဘူးပဲ၊ သူတို့ကပဲ အားနည်းတာလား မင်းကပဲ သောက် နိုင်နေတာလား” ချူချောင်ထန် ရယ်မောလေသည်။
“နှစ်ခုလုံးပဲ” ရှီမာယူယူသည် ထိန်းချုပ်ခြင်းမရှိပဲပြောလိုက်လေသည် “ဒါပေမဲ့ မင်းနဲ့ ဆိုင်ရှင်သာဆိုရင် တော့ အဲလိုမဖြစ်လောက်ဘူး”
“ဒါဆို ငါတို့ဘယ်တော့ သောက်ကြမလဲ”
“ထားလိုက်ပါတော့” ရှီမာယူယူသည် မျက်ခုံးများအား ပွတ်လိုက်လေသည်။ သူမသည် အရက်နာကျဆဲ ပင်ဖြစ်သည် “ဟုတ်သားပဲ လျှန်ဟုန် မင်းကိစ္စတွေပြီးပြီလား”
လျှန်ဟုန်သည် မတ်တတ်ရပ်ကာ ရှီမာယူယူအား အရိုအသေပေးပြီး ကျေးဇူးတင်စကားပြောလေသည် “ကျွန်တော့်ကိုယ်စား အဖြူရောင်အကြီးအကဲတို့ကို ပြောပေးတဲ့အတွက်ကျေးဇူးပါ၊ မဟုတ်ရင် အခြေအနေက ဆိုးနိုင်တယ်”
“ဟင်”
“မျိုးနွယ်က လူတချို့က လျှန်ဟုန်ကို မျိုးနွယ်ထဲပြန်မထည့်ချင်ကြဘူး” ချူချောင်ထန် ပြောလေသည် “သူ့အဖေရဲ့ အရင်ကကိစ္စကြောင့် ဖြစ်လိမ့်မယ်၊ သူ့အဖေက မျိုးနွယ်ကနေ နှင်ထုတ်ခံထားရပြီးပြီဆိုတော့ သူ့ သားက မျိုးနွယ်ထဲမှာ မရှိသင့်ဘူးဆိုပြီး ပြောကြတယ် နောက်တော့ အဖြူရောင်အကြီးအကဲရောက်လာပြီး လျှန်ဟုန်ကို မျိုးနွယ်ကလက်ခံပြီး မှတ်တမ်းမှာ ထည့်မယ်လို့ လာပြောတယ်၊ အဲလူတွေ ဘာမှမပြောနိုင်တော့ ဘူး”
“လျှန်ထန်ကရော”
“မနေ့က သူ့ကို အပြစ်ပေးတဲ့အကြောင်းကို မပြောဖြစ်ကြဘူး” ချူချောင်ထန် ပြောလိုက်သည် “အဲဒီ လျှန်ထန်က လျှန်လေးရှိတာကို သိနေခဲ့တယ် လျှန်အန်းပြန်လာတုန်းက သူတစ်ယောက်ပဲ သူ့ကိုတွေ့ခဲ့တာ၊ ဒါပေမဲ့ သူ့အဖေအဆင်ပြေပြီး ထွက်ပြေးသွားတယ်ဆိုပြီး မျိုးနွယ်ဝင်တွေကို သူပဲပြောခဲ့တာ၊ အရင်က ဖေမျိုးနွယ် နိုင်တာလည်း သူ့ကြောင့်ပဲ။
“ဒါဆို သူက ဘာလို့လျှန်ဟုန်ကို ဖမ်းသွားတာလဲ” ရှီမာယူယူသည်နားမလည်တော့ပေ။
“သူ့အဖေက သူ့အတွက်ထားခဲ့တဲ့ ပစ္စည်းကိုယူချင်လို့ ဖြစ်လောက်တယ်” လျှန်ဟုန် ပြောလိုက်သည်။
“အဲဒီ လျှန်ထန်မှာ မိသားစုအတွင်း အဆက်အသွယ်တွေရှိတယ် မျိုးနွယ်ခေါင်းဆောင်က သူ့ကို ဘာ ပြောမလဲ စောင့်ကြည့်ကြတာပေါ့” ချူချောင်ထန်သည် အနည်းငယ် စိတ်ခံစားချက်ပါနေသည်။
“ယူယူ ငါတို့် အစက သူ့ကို အစိမ်းရောင်မြို့ကို ပို့ချင်တာမလား အခု ငါတို့ မသွားရတော့ဘူးဆိုရင် ပြန် တော့မှာလား” ဘေဂုံထန် မေးလိုက်သည်။
“မဟုတ်ဘူး မသွားဘူး နှစ်ရက်နေရင် ပြန်ကြမယ်” ရှီမာယူယူ ပြောလိုက်သည် “ငှက်လေးရဲ့ ကိစ္စရှင်းဖို့ ကလည်း အရေးကြီးနေတယ် ငါတို့လည်း အလယ်ပိုင်းဒေသကို သွားရဦးမယ် လျှန်ဟုန်ကလည်း သူ့မိသားစု ဆီ ရောက်သွားပြီဆိုတော့ ဒီမှာနေရင် အချိန်ကုန်သွားတာပဲရှိမယ်”
“မင်းသွားတော့မှာလား” လျှန်ဟုန် အံ့သြစွာ မေးလေသည်။
“အစတုန်းက မင်းကို အဲဒီကို ပို့ပေးမလို့ပဲ၊ အခု မင်းက ဘေးကင်းသွားပြီဆိုတော့ ငါတို့်ပြန်ရတော့မှာ လေ”
“လျှန်လေး မင်းအခြေကျပြီဆိုရင် ဆရာလည်းသွားတော့မယ်” ချူချောင်ထန်သည် ရုတ်တရက်ပြောလေ သည်။
“ဆရာလည်း သွားတော့မှာလား”
“ငါက အစကတည်းက အလယ်ပိုင်းဒေသရဲ့ တပည့်ပဲ ငါ ထွက်လာတာ နှစ်ပေါင်းဆယ်ချီနေပြီ ငါသွား ပြန်ကြည့်ဖို့ အချိန်ရောက်ပြီ” ချူချောင်ထန်သည် ဝမ်းနည်းစွာပြောလေသည်။
လျှန်ဟုန်သည် ချူချောင်ထန်နှင့် နှစ်ပေါင်းများစွာ အတူကုန်ဆုံးခဲ့သဖြင့် သူ့အကြောင်းကို သိသည်။ နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့ခြင်းသည် စကားတစ်ခွန်းနှင့် ဖော်ပြ၍မရပေ။
သူတို့ စကားပြောနေချိန်တွင် တောင်ပံလေးခုရဂဠုန်ငှက်တစ်ကောင် လျှောက်လာသည်။
“သခင်လေး”
“ဘာလဲ”
“သတင်းပို့လိုက်ပါတယ်” တောင်ပံလေးခုဂဠုန်သည် စကားပြောရာမှ ရပ်ပြီး လျှန်ဟုန်နှင့် တခြားသူများ ကို ကြည့်လိုက်သည်။
“ငှက်လေးဆီကလား ဘာသတင်းလဲ”
တောင်ပံလေးခုဂဠုန် နောက်တစ်ကောင်သည် လျှောက်လာပြီး ရှီမာယူယူအား ပြောလိုက်သည် “သခင်လေး ဒီရဲဘော်က ကျက်သရေဂဠုန်လို့ခေါ်ပါတယ် သခင်လေးထွက်သွးပြီးတာနဲ့ ဖေမျိုးနွယ်နဲ့ လင်းယုန် ဘုရင်က ပူးပေါင်းပြီး လျှန်မျိုးနွယ်ကို တိုက်ဖို့လုပ်နေတယ်ဆိုတဲ့ သတင်းရပါတယ်၊ လင်းယုန်မျိုးနွယ်က သူတို့ မျိုးနွယ်က ထွက်သွားပြီး လျှန်မျိုးနွယ်ကို မကြာခင်တိုက်တော့မယ်ဆိုတာလည်း ကြားပါတယ်”
ရှီမာယူယူ အံ့သြသွားသည် “ဒါသေချာလား”
“သေချာပါတယ်” ဂဠုန်လုံရိသည် အတည်ပြုလိုက်သည်။
သူမ ဘေးမှလူများသည် ချက်ချင်းပင် လေးနက်သွားကြသည်။ လျှန်ထန်သည် သတင်းများကို လျှန်မျိုးနွယ်ဆီသို့ မပြောပဲဖုံးဖိထားလေသည်။ သူတို့အစောင့်များ၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများမှာ အားနည်းပြီး လင်းယုန်မျိုးနွယ်နှင့် ပေါင်းလိုက်လျှင် လျှန်မျိုးနွယ်၏ အနာဂတ်မှာ သေချာနေသည်ဖြစ်သည်။
“ကျွန်တော် မျိုးနွယ်ခေါင်းဆောင်ကို အကြောင်းကြားလိုက်မယ်” လျှန်ဟုန်သည် မတ်တတ်ရပ်ပြီး ချက်ချင်းပင် ထွက်သွားတော့မည် လုပ်သည်။
“အရင်ဆုံး စိတ်အေးအေးထားဦး” ချူချောင်ထန်သည် လျှန်ဟုန်အား ဆွဲလိုက်သည် “ရှီမာယူယူ ပြောတာ နားထောင်ဦး”
“ငှက်လေးက ဘာပြောလိုက်သေးလဲ” ရှီမာယူယူ မေးလိုက်သည်။
“ဘုရင်က သတင်းသိရတာနဲ့ သခင်လေးကို ပြောခိုင်းလိုက်တာပဲ သူက လူနည်းနည်းလည်း ထည့်ပေး လိုက်တယ် အခု မြို့အပြင်မှာစောင့်နေကြတယ်၊ ကျွန်တော်တို့က လျှန်မျိုးနွယ်နဲ့ ပူူးပေါင်းမယ်ဆိုရင်လည်း အဲလူ တွေက သခင်လေးရဲ့ အမိန့်ကို မငြင်းပဲလက်ခံကြမှာပါ၊ သခင်လေးက လျှန်မျိုးနွယ်နဲ့ မပူးပေါင်းဘူးဆိုလည်း သခင်လေး လုံခြုံဖို့အတွက် စောင့်ရှောက်ပေးကြမှာပါ” တောင်ပံလေးခုဂဠုန်သည် ပြန်ဖြေလေသည်။
ရှီမာယူယူ ရင်ထဲနွေးသွားသည်။ ငှက်လေးသည် ထိုသတင်းကြားသောအခါ အလွန်စိတ်ပူနေမည်။ သူ လာရန်မဖြစ်နိုင်သော်လည်း သူမအား ကာကွယ်ရန် သူ့လူများကို လွှတ်လိုက်သည်။
“ဖေမျိုးနွယ်က လင်းယုန်တွေနဲ့ ပူးပေါင်းလိုက်ပြီ..” ရှီမာယူယူသည် စားပွဲအား ညင်သာစွာ ခေါက်နေ လေသည်။ ထိုနှစ်ဖွဲ့သည် သူမ နောက်အစီအစဉ်တစ်ခု ဆွဲမည်ကို သိနေသည်။
“သိမ်းငှက်မျိုးနွယ်က တကယ်ပဲမုန်းစရာပဲ သူတို့က ငှက်လေးကို ရှင်းပစ်ချင်တာနဲ့ ဖေမျိုးနွယ်နဲ့ ပေါင်း လိုက်တာ ငါတို့ ဒီတစ်ခါကို လျှန်မျိုးနွယ်နဲ့ပေါင်းပြီး သူတို့ကို အမြစ်ဖြုတ်လိုက်ရင် သူတို့ကို နိုင်ချင်တဲ့အခါ ပို လွယ်သွားပြီ”
“ယူယူ…” လျှန်ဟုန်သည် သူမအား မျှော်လင့်တကြီးကြည့်လေသည်။
ရှီမာယူယူ မတ်တတ်ရပ်ကာ ပြောလိုက်သည် “သွားရအောင် ငါတို့် လျှန်မျိုးနွယ်ခေါင်းဆောင်ကို သွားနှုတ်ဆက်ကြမယ်”
ခဏအကြာတွင် အစောင့်တစ်ယောက်သည် လျှန်ဂျူ၏ စာကြည့်ခန်းအတွင်းဝင်ကာ ပြောလေသည် “တောင်ပံလေးခုဂဠုန်တွေရဲ့ သခင်လေးက တွေ့ခွင့်တောင်းနေပါတယ်”
လျှန်ဂျူ၏ မျက်လုံးများ နားမလည်စွာဖြင့် တောက်ပလာသည်။ တောင်ပံလေးခုဂဠုန်တွေမှာ ဘယ်တုန်း က သခင်လေးရှိသွားတာလဲ။