အပိုင်း (၄၆၈) – ဆွေးနွေးခြင်း
Vol. 005 Ch. 468
“တောင်ပံလေးခုဂဠုန်မျိုးနွယ်ရဲ့ သခင်လေးနဲ့ စစ်သူကြီး လုံရိ တို့တို့ကို ဝင်ခိုင်းလိုက်ပါ” လျှန်ဂျူသည် မှင်တက်နေသေး သော်လည်း သူ၏ တုန့်ပြန်မှုမှာ မြန်သည်။
“ဟုတ်ကဲ့ပါ” အစောင့်များသည် ထွက်သွားပြီး သူတို့နှစ်ယောက်ကို ဝင်ခိုင်းလေသည်။
လျှန်ဂျူသည် ရှီမာယူယူအား မြင်သောအခါ အံ့အားသင့်စွာ အော်လိုက်လေသည် “အဲဒါ ခင်ဗျားလား”
ရှီမာယူယူ ပြုံးပြီး လက်အုပ်ချီနှုတ်ဆက်ကာ ပြောလေသည် “ဒီနှစ်ရက်အတွင်းကို တည်းခိုခွင့်ပေးလို့ မျိုးနွယ်ခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်”
“အဲတော့ ခင်ဗျားက တောင်ပံလေးခုဂဠုန်ရဲ့ သခင်လေးပေါ့ တကယ်ကို အံ့သြစရာပဲ” လျှန်ဂျူသည် လက်ကိုဝေ့ရမ်းလိုက်သည် “သခင်လေးရှီမာ စစ်သူကြီး ထိုင်ပါ”
ရှီမာယူယူနှင့် စစ်သူကြီးလုံရိတို့သည် ဘေးသို့လျှောက်လာကာ ထိုင်လေသည်။
“နာမည်ကြီး တောင်ပံလေးခုဂဠုန်မျိုးနွယ်ကို တွေ့ရတာကိုက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ၊ ဒီနေ့ လို စစ်သူကြီးလုံရိကိုတွေ့ရတာတော့ ကျွန်တော်ကံကောင်းတာပေါ့”
ဂဠုန်လုံရိသည် ခေါင်းညိတ်ကာ ညင်သာစွာပြောလေသည် “မျိုးနွယ်ခေါင်းဆောင်က ကြင်နာလွန်းနေ ပါပြီ”
လုံရိသည် ပုံမှန်အားဖြင့် တည်ငြိမ်ကာ အေးစက်သောအမျိုးသားတစ်ယောက် ပုံစံဖြစ်လေသည်။ တောင်ပံလေးခုဂဠုန်၏ ရောင်ဝါကိုထပ်ပေါင်းလိုက်သောအခါ ဘဝင်မြင့်သည့်ပုံစံဖြစ်သွားလေသည်။
လျှန်ဂျူသည် လုံရိ၏ အကျင့်အစရိုက်အား စိတ်မဆိုးပေ။ တောင်ပံလေးခုဂဠုန်များသည် အထက်စီး ဆန်ကြသည်ကို အားလုံးသိကြသည်။
“စစ်သူကြီးလုံရိက ကျွန်တော့်ကို ဘာလို့ရှာတာလဲဆိုတာ မေးပါရစေ”
လုံရိသည် ရှီမာယူယူအား ကြည့်ကာ ပြောလေသည် “ကျွန်တော့်ကို သခင်လေးကို ကာကွယ်ဖို့ အမိန့် ပေးထားလို့ပါ”
လျှန်ဂျူသည် အံ့အားသင့်သွားလေသည်။ တောင်ပံလေးခုဂဠုန်များ၏ စစ်သူကြီးများသည် လူသား အများအကြားတွင် လူသိများကြသည်။ လူသားများကို ကာကွယ်ရန်မပြောနှင့် သူတို့သည် တွေ့သည်နှင့် လူ သားများကို ဆန့်ကျင်ကြသည်။
အခုတော့ သူက ရှီမာယူယူကို ကာကွယ်ရန်ဟု ပြောလာသည်။ သူ့အမူအရာကို အကဲဖြတ်ရသည်မှာ သူ သည် ရှီမာယူယူအား အလွန်ပင် တန်ဖိုးရှိသည့်ပုံ ဆက်ဆံသည်။ အလွန်ပင် အံ့အားသင့်စရာပင်။
“သခင်လေးရှီမာ ကျွန်တော့်ကို ဘာလို့ရှာတာပါလဲ”
ရှီမာယူယူသည် အစေခံမိန်းကလေး ဧည့်ခံသွားသော လက်ဖက်ရည်ခွက်အား ကိုင်ကာ ပြောလိုက်သည် “လျှန်ထန်က ဖေမျိုးနွယ်နဲ့ပတ်သတ်တဲ့ သတင်းတွေကိုတာဝန်ယူထားတယ်လို့ ကျွန်တော်ကြားရပါတယ်”
ရှီမာယူယူသည် လျှန်ဟုန် နှင့်ပတ်သတ်သော ကိစ္စများကို စိုးရိမ်သည်ကို လျှန်ဂျူသိသောကြောင့် ပြန် ဖြေလေသည်။ “လျှန်ထန်က လျှန်ဟုန့်အကြောင်းတွေကို ဖုံးကွယ်ထားတာ အမှန်ပါပဲ၊ ဒါပေမဲ့ သူ့ကို အပြစ်ပေး ဖို့ကို အခုထိ ကျွန်တော်တို့ မဆွေးနွေးရသေးပါဘူး…”
“လျှန်မျိုးနွယ်ခေါင်းဆောင် အထင်လွဲနေပါပြီ၊ ကျွန်တော်ဒီနေ့ လျှန်ဟုန်အကြောင်းပြောဖို့လာတာ မဟုတ်ပါဘူး” ရှီမာယူယူ သူ့အား စကားဖြတ်ပြောလေသည်။ “ဒီနေ့ ကျွန်တော်လာတာက ဖေမျိုးနွယ်အကြောင်း ပြောဖို့ပါ”
“ဖေမျိုးနွယ်လား”
“ဟုတ်ပါတယ်” ရှီမာယူယူ ခေတ္တရပ်သွားကာ ပြောလေသည် “လျှန်နဲ့ဖေမျိုးနွယ်က အဖုအထစ်တွေ ရှိ လာတာ အတော်ကြာပါပြီ၊ ဒါပေမဲ့ အဲဒါက သခင်လေးရှီမာနဲ့ ဘာများသက်ဆိုင်လို့ပါလဲ” လျှန်ဂျူသည် ရှီမာယူယူအားကြည့်လိုက်သည် “မဟုတ်မှလွဲရော သခင်လေးရှီမာက ကျွန်တော်တို့မိသားစုနှစ်ခုကို အတိတ် ကို အတိတ်မှာပဲ ထားစေချင်တာလား”
ရှီမာယူယူ ခေါင်းရမ်းကာ ပြောလေသည် “ကျွန်တော်တို့ကလည်း ဖေမျိုးနွယ်နဲ့ အဆင်မပြေတာလေး တွေရှိထားလို့ပါ သူတို့က ကျွန်တော့်ကို အရင်က ကမ်းလှမ်းဖူးပါသေးတယ်”
“ဒါဆိုရင် ခင်ဗျားက…”
“ပထမအနေနဲ့ ကျွန်တော်က လျှန်ခေါင်းဆောင်ကို သတင်းပေးချင်တာက ဖေဂျေက လင်းယုန်မျိုးနွယ်နဲ့ လက်တွဲလိုက်ပြီ ဒုတိယအချက်အနေနဲ့ ကျွန်တော်က ခေါင်းဆောင်နဲ့ ကျွန်တော်တို့ တောင်ပံလေးခုဂဠုန်မျိုးနွယ် နဲ့ လက်တွဲချင်မလားဆိုတာကို မေးချင်လို့ပါ”
လျှန်ဂျူသည် ထိုသတင်းအားကြားလိုက်သောအခါ အံ့သြသွားဖြင့် မတ်တတ်ရပ်မိလေသည် “ဒီသတင်း က သေချာလား”
“လျှန်မျိုးနွယ်ခေါင်းဆောင် ဒီသတင်းကြားလာတဲ့သူကို မေးလို့ရပါတယ်၊ သူတို့က လျှန်ထန်ကို သတင်း ပို့ထားပြီးဖြစ်ပေမယ့် ခေါင်းဆောင်စစ်ကြည့်ဖို့ အချိန်မကြာလောက်ပါဘူး” ရှီမာယူယူသည် တည်ငြိမ်စွာ ပြော လေသည်။
“ကိုယ့်လူတို့ လာကြ….”
တစ်နာရီအကြာတွင် လျှန်မျိုးနွယ်မှ အကြီးအကဲများသည် ပင်မခန်းမဆောင်တွင် စုဝေးကြလေသည်။ လျှန်မျိုးနွယ်၏ နယ်နိမိတ်မှာ ကျိုးပေါက်သွားသည်ဆိုသည့် သတင်းကိုကြားသည်နှင့် ရေခဲတမျှ အေးခဲသွား လေသည်။ ရှီမာယူယူသည် တောင်ပံလေးခုဂဠုန်များကိုယ်စား သူတို့မျိုးနွယ်ကိုလာပြီး ဆွေးနွေးသည်၊ တောင်ပံ လေးခုဂဠုန်များ မြို့အပြင်တွင်စောင့်နေကြသည်ဟု ကြားသည့်အခါတွင် ပိုအံ့သြကြလေသည်။
တောင်ပံလေးခုဂဠုန်တွေက တကယ်ပဲ လူသားတွေနဲ့ လက်တွဲမှာလား။
သူတို့သည် တောင်ပံလေးခုဂဠုန်များကိုယ်စားပြောပေးသော ရှီမာယူယူကို ခေတ္တမျှ သံသယဝင်မိကြ လေသည်။ သို့သော် လုံရိသည် ရှီမာယူယူက သူတို့ကိုကိုယ်စားပြုသည်ဟု ပြောပြီးနောက်တွင် သံသယမဝင် ကြတော့ပေ။
“ခင်ဗျားတို့ကလည်း ဖေမျိုးနွယ်နဲ့ ရန်ငြိုးတွေရှိနေကြတယ်၊ ကျွန်တော်တို့ကလည်း လင်းယုန်မျိုးနွယ်ကို ရှင်းပစ်ချင်တယ်၊ ပြီးတော့ သူတို့က တစ်ဖွဲ့တည်းဖြစ်သွားတော့ အခုအချိန်မှာ ကျွန်တော်တို့က ရည်ရွယ်ချက် တစ်ခုတည်းဖြစ်သွားတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “လျှန်မျိုးနွယ်ခေါင်းဆောင် ပူးပေါင်းဖို့ ဖြစ်နိုင်မလား”
“အခု ငါတို့ ဖေမျိုးနွယ်ရဲ့ သတင်းကိုကြားရချိန်မှာ သူတို့အင်အားက ဘယ်လောက် ကြီးနေလဲ ဆိုတာ ငါတို့ အပြည့်အဝမသိသေးဘူး သူတို့သာ လင်းယုန်မျိုးနွယ်နဲ့ လက်တွဲတယ်ဆိုရင် တကယ်ကို ထိခိုက်စရာပဲ” အကြီးအကဲတစ်ယောက်က ပြောလေသည်။
“ဟုတ်တယ် သူတို့က ငါတို့ကို နိုင်ဖို့စိတ်အားထက်သန်နေရင် ငါတို့ဘက်က ခုခံဖို့က ခက်သွားမှာ ပဲ” နောက်အကြီးအကဲ တစ်ယောက်ကပြောလေသည် “ငါတို့သာ တောင်ပံလေးခုဂဠုန်နဲ့ အတူလက်တွဲမယ် ဆိုရင် ငါတို့ရဲ့ ဖိအားတော့ နည်းသွားမှာပဲ”
“ဒါပေမယ့် မျိုးနွယ်နှစ်ခုပူးပေါင်းဖို့က လူသားတစ်ယောက်အနေနဲ့ ဆုံးဖြတ်ချက်ချလို့ရပါ့မလား”
ရှီမာယူယူ ပြုံးပြီးပြောလေသည် “ကျွန်တော်က ရေရှည်ဆက်ဆံရေးအတွက် ဆုံးဖြတ်လို့မရပေမယ့် အခုလက်ရှိအခြေအနေကိုတော့ ပူးပေါင်းဖို့ကို ဆုံးဖြတ်လို့ရပါတယ်”
“ရေတိုလက်တွဲရေးပေါ့”
“ဟုတ်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “မြို့အပြင်မှာ တောင်ပံလေးခုဂဠုန်တွေရှိပါတယ် တခြား သူတွေကိုတော့ အာမခံရဲပေမယ့် အဲဒီအပြင်ကသူတွေကတော့ ကျွန်တော့်အမိန့်ကို နာခံကြမှာပဲ ဒီတစ်ခေါက် လူကြီးမင်းတို့ ပြဿနာကို ကျွန်တော်ကူညီနိုင်ပါတယ်”
“ဒါဆိုရင် ဒါကပူးပေါင်းမှုတစ်ခုပဲဆိုတော့ တန်ရာတန်ကြေးပေးရဦးမှာလား” အကြီးအကဲတစ်ယောက် ကပြောလေသည်။
“တောင်းဆိုချက်တစ်ခုတော့ ရှိတယ်” ရှီမာယူယူ ပြောလေသည် “ကျွန်တော့် တောင်းဆိုချက်က ရှင်းပါ တယ် လင်းယုန်မျိုးနွယ် အမြစ်ပြတ်တာကို လိုချင်တယ်”
“ကိစ္စမရှိဘူး”
“အဲလိုဆိုရင် ပိုကောင်းတာပေါ့ အပြင်ကတပ်က ဘယ်လောက်သန်မာလဲဆိုတာ စစ်သူကြီးလုံရိက ပြော ပြပါလိမ့်မယ် သူက အခြေခံအစီအစဉ်တွေကိုလည်း လူကြီးမင်းတို့နဲ့ ဆွေးနွေးပါလိမ့်မယ်”
ရှီမာယူယူ ပြောသည့်စကားကို လုံရိကြားသည်နှင့် သူ့ဘုရင်ပြောသည်မှာမှန်ပါလားဟု စိတ်ထဲမှ တွေး နေမိသည်။
သူမလာခင်တွင် ငှက်လေးပြောလိုက်သည်မှာ သူ့သခင်သည် အလုပ်များကို တာဝန်ခွဲပေးရသည်ကို နှစ် သက်သည်။ ထို့ကြောင့်ပင် သူမ မည်ကဲ့သို့ ဆုံးဖြတ်ချက်ချစေကာမူ သူ့အတွက် ဒုက္ခရောက်ရသည်ပင်။
အစပိုင်းတွင် ငှက်လေးသည် သာမန်မျှသာ ပြောသည်ဟု သူတွေးခဲ့သည်။ သို့သော် သူကိုယ်တိုင် မြင် လိုက်ရသောအခါ အမှန်ကို သိသွားလေပြီ။
သို့သော် ကြက်သွေးရောင်မီးတောက်၏ စာချုပ်သခင်တစ်ယောက်ဖြစ်သဖြင့် မည်သူမျှ သူမ အမိန့်ကို လွန်ဆန်ခဲ့ဖူးခြင်းမရှိပေ။ ထို့အပြင် မည်သို့ပင်ဖြစ်စေကာမူ သူမလုပ်သမျှသည် တောင်ပံလေးခုဂဠုန်မျိုးနွယ် အတွက်ပင်ဖြစ်သည်။ သူတို့ဘုရင် လုံခြုံရန်အတွက်ဖြစ်သည်။
ရှီမာယူယူသည် အခြေခံကျသော အစီအစဉ်များဆွေးနွေးရာတွင် မပါဝင်တော့ပေ။ လျှန်မျိုးနွယ်နှင့် တောင်ပံလေးခုဂဠုန်မျိုးနွယ်များ မည်မျှသန်မာသည်ကို သူမ မသိပေ။ သူမသာ ဆုံးဖြတ်ချက်ချလိုက်ပါက ရမ်းသမ်းကာ ချလိုက်သည်ဖြစ်၍ ပို၍ဒုက္ခရောက်စေနိုင်သည်။
ဆွေးနွေးသည့်နေရာမှ ထွက်လာပြီးနောက်တွင် လျှန်ဟုန်၏အဘွား ဟွာနုန်တို့အား တွေ့လေ သည်။ သူတို့ဘေးမှ အမျိုးသားတစ်ယောက်ကိုတော့ သူမ မသိပေ။
“မိတ်ဆွေလေးယူယူ ကိစ္စတွေအဆင်ပြေရဲ့လား” ဟွာနုန်သည် စိုးရိမ်စွာ မေးလေသည်။
ထိုပြဿနာကို ဖြစ်စေသူမှာ လျှန်ထန်ဖြစ်ကြောင်းကို သူမ သိသည်။ သူသည် ဖေမျိုးနွယ်အကြောင်းများ ကိုဖုံးထားခဲ့သည်။ ထို့ကြောင့်ပင် လျှန်မျိုးနွယ်သည် အကြပ်အတည်းဖြစ်ခဲ့သည်။ မျိုးနွယ်ခွဲတစ်ခုလုံးကို အပြစ် တင်ရတော့မလားကို မသိတော့ပေ။
“လျှန်မျိုးနွယ်က တောင်ပံလေးခုဂဠုန်မျိုးနွယ်နဲ့ ပူးပေါင်းဖို့ဆုံးဖြတ်လိုက်ပါပြီ ဒီတစ်ခါကို ပြသနာ မဖြစ် လောက်တော့ပါဘူး” ရှီမာယူယူ နှစ်သိမ့်လေသည်။
သူမသည် သူသိမ်းအား ကြည့်လိုက်သည်။ သူ၏ အေးချမ်းသောရောင်ဝါသည် လျှန်ဂျူနှင့် ဆင်တူသည်။ သို့သော် သူကပို၍ အနည်းငယ်သန်မာသည်။
ဒီလူက ဒီလိုရောင်ဝါရှိတာကို ဘာလို့ဆွေးနွေးပွဲမှာ မပါတာလဲ။ သူက ဘယ်ကလာတာလဲ။