← Chapters

အပိုင်း (၄၆၈) – ဆောင်းဦးလေပြည်တွင် ပျော်မွေ့ခြင်း

Vol. 005 Ch. 468

အပိုင်း (၄၆၈) – ဆောင်းဦးလေပြည်တွင် ပျော်မွေ့ခြင်း

Vol. 005 Ch. 468

တောင်ပံလေးခုဂဠုန်မျိုးနွယ်နှင့် လျှန်မျိုးနွယ်တို့ လက်တွဲမည်ဟု ကြားလိုက်သောအခါမှပင် ဟွာနုန် သည် စိတ်အေးသွားလေသည်။ ရှီမာယူယူသည် သူ့သားကို ကြည့်နေသည်ကို တွေ့သည်နှင့် ပြောလေသည် “သားတို့နှစ်ယောက်ကို မိတ်ဆက်ပေးရဦးမယ် ဒါက အဘွားရဲ့ ဒုတိယသား လျှန်ဇီ.. ဒါကရှီမာယူယူ”

“တိမ်တိုက်ပျံနန်းတော်က နန်းတော်သခင်လား” ရှီမာယူယူသည် တွေဝေလျက်မေးလေသည်။

“ဟုတ်ပါတယ် အစ်ကိုကြီးရဲ့ သားကို ကယ်ခဲ့တယ်လို့ ကြားပါတယ် ကျေးဇူးပါ” လျှန်ဇီသည် လက်အုပ် ချီကာ ကျေးဇူးတင်ကြောင်းပြောလေသည်။

လျှန်ဇီသည် ဒီလိုအသက်ငယ်ငယ်နှင့် တိမ်တိုက်ပျံနန်းတော်သခင်ဖြစ်လာမည်ဟု ရှီမာယူယူ ထင်မထား ခဲ့ပေ။ သူသည် အလွန်အမင်း အရည်အချင်းမရှိသောငြား ကျွမ်းကျင်မှုရှိနိုင်သည်။

“နန်းတော်သခင်လျှန် ကြင်နာလွန်းနေပါပြီ” သူမသည် ပြုံးပြီးပြောလေသည်။ “ဆွေးနွေးမှုထဲ ဘာလို့ ဝင် မပါတာလဲ”

“ကျွန်တော်က ဝင်ပါလို့မရပါဘူး” လျှန်ဇီ ပြောလေသည် “ကျွန်တော်က အခု အစိမ်းရောင်မြို့က နန်းတော်သခင် ဖြစ်နေပြီ ကျွန်တော်ကလည်း ကိုယ့်ကိစ္စနဲ့ကိုယ် လာတာဆိုတော့ ဒီကကိစ္စတွေကို ဝင်ပါဖို့ မဖြစ် နိုင်ဘူး ကျွန်တော်က ကိုယ့်မျိုးနွယ်ကိစ္စတွေကို ဝင်ပါချင်တယ်ဆိုရင် နန်းတော်ကိုပြန်ပြီး ခွင့်ပြုချက်တောင်းရ ဦးမယ်”

အာ…

အဖွဲ့ဝင်များသည် အဖွဲ့အစည်း၏ နာမည်ကို အလွဲသုံးစားမလုပ်ရေးအတွက် ချမှတ်ထားသည်ကိုး။ ရက်စက်တာပဲ။

သို့သော် သူမနှင့် မသက်ဆိုင်သည်ဖြစ်သဖြင့် ဆက်မမေးတော့ပေ။

“နန်းတော်သခင်လျှန် ကျွန်တော်တစ်ခုမေးချင်တာရှိပါတယ် အဆင်ပြေပါ့မလားတော့ မသိဘူး”

“ကျွန်တော် ပြန်ဖြေပေးနိုင်တာဆို ဖြေပေးပါမယ်” လျှန်ဇီပြန်ဖြေလေသည်။ သူဆိုလိုသည်မှာ သူ မဖြေ နိုင်သည့် အကြောင်းအရာဆိုလျှင် မေးလျှင်တောင် မပြောနိုင်သည်ဟူ၍ ဖြစ်သည်။

ဒီစကားရဲ့ အဓိပ္ပာယ်ကို ရှီမာယူယူ ဘယ်လိုနားလည်ပေးရမလဲ။ သူမသည် ပြုံးပြီး ပြန်ပြောလေသည် “ခင်ဗျားသေချာပေါက်ဖြေရမှာပါ၊ တကယ်တော့ ကျွန်တော်မေးချင်တာက ကျွန်တော်တို့ အလယ်ပိုင်းဒေသကို သွားချင်တယ်ဆိုရင် အစိမ်းရောင်နန်းတော်ရဲ့ ဖြတ်လမ်းတည်ဆောက်မှုကို သုံးကိုသုံးရမှာလား”

“မဖြစ်မနေတော့ မဟုတ်ပါဘူး” လျှန်ဇီပြောလေသည် “တကယ်တော့ တခြားနယ်မြေတွေကို သွားတဲံ ဖြတ်လမ်းတည်ဆောက်မှုတွေက နယ်မြေတိုင်းမှာရှိပါတယ်၊ အစိမ်းရောင်မြို့တော်ကသာ အလယ်ပိုင်းဒေသနဲ့ အနီးဆုံးဖြစ်နေလို့ပါ တည်ဆောက်မှုကလည်း အကြီးဆုံးဖြစ်တဲ့အပြင် အတည်ငြိမ်ဆုံးမို့လို့ပါ”

“ဒါဆိုရင် ကျွန်တော် ဖြတ်လမ်းတည်ဆောက်မှုကို သုံးချင်တယ်ဆိုရင် ဘယ်လိုအပေးအယူတွေ ရှိမှာ လဲ”

“ရပါတယ် ထိုက်သင့်တဲ့ ဝိညာဉ်ကျောက်တွေပေးရင် ရပါတယ်” လျှန်ဇီပြောလေသည် “ခင်ဗျားက ဖြတ်လမ်းတည်ဆောက်မှုသုံးချင်တယ်ဆိုရင် ငွေကြေးမယူတဲ့အပြင် တန်းစီစရာလည်းမလိုအောင် လုပ်ပေး မယ်”

“တန်းစီရမယ်ဟုတ်လား”

“အပြင်ကို သွားချင်တဲ့လူတွေ များလွန်းလို့ပါ၊ လတစ်ဝက်လောက် စောင့်ပေးရတယ်၊ အဲဒီကိုတိုက်ရိုက် သွားချင်ရင် တခြားနေရာတွေတော့သွားလို့မရဘူး” လျှန်ဇီရှင်းပြသည်။

“သိပါပြီ” ရှီမာယူယူ ပြောလိုက်သည် “ဒါဆို သွားမယ့်အချိန်ကျရင် နန်းတော်သခင်လျှန်ကိုပဲ ဒုက္ခပေးရ  တော့မှာပဲ”

“ကောင်းပါပြီ”

“ကျွန်တော်လုပ်စရာလေးတွေရှိသေးလို့ အရင်သွားနှင့်လိုက်ပါမယ်” ရှီမာယူယူသည် ဟွာနုန်နှင့် လျှန်ဇီ တို့အား လက်အုပ်ချီနှုတ်ဆက်ကာ ထွက်သွားလေသည်။

သူမ အိမ်သို့ပြန်ရောက်ချိန်တွင် သူတို့သည် အဆောင်သေးတွင်ပဲရှိသေးသည်။

သူမ ပြန်လာသည်ကို မြင်သောအခါ လျှန်ဟုန်မေးလိုက်သည် “ဘယ်လိုဖြစ်သွားလဲ”

“လုံရိက နည်းဗျူဟာဆွေးနွေးဖို့ နေခဲ့တယ်” ရှီမာယူယူသည် လျှောက်လာကာ ပြောလေသည် “အခု စိတ်ချလို့ရပါပြီ”

“ကျေးဇူးအများကြီးတင်ပါတယ်” လျှန်ဟုန်သည် ကျေးဇူးတင်စကားကို စိတ်ရင်းနှင့်ပြောလေသည်။

“ဒါဆိုရင် ငါတို့မသွားသေးဘူးပေါ့နော်” ဘေဂုံထန် မေးလိုက်သည်။

“ဟုတ်တယ် ငါတို့ ဒီကိစ္စတွေရှင်းပြီးမှ သွားကြမယ်လေ” ရှီမာယူယူ ပြောလေသည် “သူတို့ လက်ရှိ အခြေအနေက ဘယ်လိုလဲဆိုတာ မသေချာသေးဘူး၊ သူတို့ ဆွေးနွေးပြီးမှ ငါတို့ ထပ်ပြောကြတာပေါ့”

“အိုခေ”

နောက်တွင် အားလုံးသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေကြသည်။ ရှီမာယူယူသည် အားလုံးအား ရှားပါးသော ဝိညာဉ်ကျောက်များကို ပေးရာ အားလုံးသည် တံခါးပိတ်ကျင့်ကြံကြလေသည်။

သူတို့သည် ဆွေးနွေးပွဲပြီးသည်နှင့် လုံရိသည် ရှီမာယူယူအား ဆွေးနွေးပွဲရလဒ်ကို ပြောလေသည်။ သူမ ဘာလုပ်ရမည်ဟု မေးရာ သူမကိုယ်သူ သေချာစွာစောင့်ရှောက်ပါဟု လုံရိပြောလေသည်။ သူမ မထိမခိုက်ပဲ ရှိနေ ရင်ကို အဆင်ပြေနေပြီ။

ရှီမာယူယူသည် ခေတ္တမျှစဉ်းစားလေသည်။ သူမသည် လက်ရှိတွင် အားနည်းလွန်းသည်။ ထို့ကြောင့် သူမသည် အကူအညီအများကြီး မဖြစ်နိုင်ပေ။ သူမသာ တိုက်ပွဲဝင်ပါက အသတ်ခံရနိုင်သည်။ သူမသည် ကိစ္စ များကို ရှုပ်ထွေးသွားစေနိုင်သည်။ ကိစ္စများ ဖြေရှင်းရန် လျှန်မျိုးနွယ်ကို အပ်ထားသည်မှာ ပိုကောင်းမည်။

သူမသည် ထိုအချက်အား စဉ်းစားမိလျှင် တိတ်ဆိတ်စွာ သက်ပြင်းချမိသည်။ အင်အား အင်အား… သူမသည် အမှန်တကယ်ပင် အားနည်းနေသေးသည်။ ထို့ကြောင့်ပင် အနိမ့်ပိုင်းတိုင်းပြည်များသည် အံ့ဖွယ် အဆင့်ရောက်မှပင် ဒီနေရာသို့ လာနိုင်ခြင်းဖြစ်သည်။ သူတို့သည် အဖွဲ့အစည်းတစ်ခုထဲ မဝင်နိုင်ပဲ တစ်ဦးတည်း ကျင့်ကြံပါက ရှေးဟောင်းကမ္ဘာဦးနယ်မြေတွင် အလွန်အန္တရာယ်များသော ကိစ္စပင်ဖြစ်သည်။

အခုချိန်တွင် အရေးအကြီးဆုံးမှာ ကျင့်ကြံခြင်း ကျင့်ကြံခြင်း ကျင့်ကြံခြင်းဖြစ်သည်။

သူမတင် မဟုတ်ပဲ ရှီမာယူလင်းနှင့် ဘေဂုံထန်သည်လည်း ထိုအချက်ကို တွေးမိသည်။ ထို့ကြောင့်ပင် အားလုံးသည် ကျင့်ကြံရာတွင် အာရုံစိုက်ကြသည်။ သူတို့သည် မြန်နိုင်သလောက် မြန်မြန် အင်အား ကြီးထွား ချင်ကြသည်။

လတစ်ဝက်အကြာတွင် ဖေမျိုးနွယ်နှင့် လင်းယုန်မျိုးနွယ်တို့သည် လျှန်မျိုးနွယ်သို့ ရောက်လာလေသည်။ လုံရီသည် ရှီမာယူယူအား ကာကွယ်ရန် မျိုးနွယ်ဝင်နှစ်ကောင်ကို ထားခဲ့လေသည်။ သူသည် တခြားသူများကို တိုက်ပွဲတွင်ပါဝင်ရန် သူနှင့်အတူ ခေါ်သွားလေသည်။

ဖေမျိုးနွယ်နှင့် လင်းယုန်များသည် တိုက်ပွဲအား သေချာစွာ စီစဉ်ခဲ့သော်လည်း လျှန်မျိုးနွယ်တို့သည် သတင်းရထားပြီးဖြစ်မည်ကို မမျှော်လင့်ထားပေ။ လျှန်မျိုးနွယ်နှင့် တောင်ပံလေးခုဂဠုန်တို့ ပူးပေါင်းပြီး မြို့အပြင် တွင် စောင့်တိုက်မည်ဟုလည်း ထင်မထားကြပေ။ ထို့ကြောင့်ပင် နှစ်ဖက်လုံးအတွက် အလွန်ပြင်းထန်သော တိုက်ပွဲဖြစ်လေသည်။

ထိုနေ့တွင် လျှန်မျိုးနွယ်သည် ကာကွယ်ရေးတည်ဆောက်မှုကို အသက်သွင်းထားသည်။ အိမ်တော် တစ်ခုလုံးသည် အတားအဆီးအတွင်း လုံခြုံစွာ ရှိနေသည်။

ရှီမာယူယူနှင့် တခြားသူများသည် အိမ်ထဲတွင် ရပ်နေကာ အပြင်မှ တိုက်ခိုက်သောအသံများကို ကြား လေသည်။ သူတို့သည် မီးတောက်ကဲ့သို့ ဝိညာဉ်တိုက်ခိုက်မှုများ ဖြာထွက်လာသည်ကို ကြည့်ကာ သူတို့ သန်မာ ပါစေဟု ဆုတောင်းမိနေကြသည်။

ပြင်းထန်သော တိုက်ပွဲဖြစ်ပြီး နှစ်ရက်အကြာတွင် လျှန်ဟုန်သည် ရလာသော သတင်းကို ပြန်လာပြော  လေသည်။ သူသိသလောက်ဆိုလျှင် လျှန်မျိုးနွယ်သည် အစပိုင်းကတည်းက အသာစီးရနေသည်။ ဖေမျိုးနွယ်နှင့် လင်းယုန်များသည် ဆုံးနိမ့်နေခဲ့သည်။ ရှောင်ပြီး ထွက်ပြေးသူများမှလွဲလျှင် ကျန်သောသူများသည် ထိုနေရာတွင်  သေဆုံးကြသည်။

ကာကွယ်ရေးတည်ဆောက်မှု ပိတ်လိုက်သည်နှင့် ရှီမာယူယူနှင့် တခြားသူများ ပြေးထွက်လာခဲ့သည်။ သူတို့သည် တောင်ပံလေးခုဂဠုန်နှစ်ကောင်ကို စီကာ အားလုံးရှိသော မြို့အပြင်သို့ ထွက်ခဲ့လေသည်။

လုံးဝကို ရှင်းလင်းနေပြီ။

အစက တောင်ရှိသော နေရာသည် ပြန့်ပြူးနေပြီ။ ကျောက်တုံးများသည် ကြေမွနေကာ မြေပြင်သည် လည်း ရှုပ်ပွနေကာ ပုံပျက်ပန်းပျက်ဖြစ်နေလေသည်။

သူမသည် အရင်ဆုံးလုံရိကို သွားရှာလေသည်။ သူ့ခန္ဓာကိုယ်သည် သွေးများပေကျံနေသော်လည်း အားအင်အပြည့်ရှိသေးသည်။ သူ့သွေးများ မဟုတ်သည့်ပုံပင်။

ရှီမာယူယူ လာသည်ကိုကြည့်ပြီးခေါင်းညိတ်ပြလေသည် “သခင်လေး”

“သေတဲ့အရေအတွက်ကရော” ရှီမာယူယူမေးလေသည်။

“မျိုးနွယ်ဝင် ၄ကောင်သေသွားပြီး တော်တော်များများ ဒဏ်ရာရထားပါတယ်၊ သခင်လေး ဆေးတွေ ပြင်  ပေးထားလို့တော်သေးတယ်၊ တော်တော်များများကို သေမင်းခံတွင်းဝကနေ ကယ်ထားရပါတယ်” လုံရိပြော  လေသည်။

“လင်းယုန်မျိုးနွယ်ကရော”

“ခေါင်းဆောင် ၂၃ကောင်ကလွဲပြီး ကျန်တဲ့သူတွေကတော့ ဒီမှာပါ” လုံရိသည် မြေတွင်လဲနေသော အလောင်းကောင်များကို ညွှန်ပြလေသည်။

ရှီမာယူယူသည် ကျေနပ်မိသည်။ လင်းယုန်အသေများကို ကြည့်ကာ ပြောလေသည် “ငါတို့ သူတို့ကို စာဖို့ယူသွားကြမလား ငှက်မျိုးနွယ်တွေရဲ့ အသားက အရမ်းအရသာရှိတာ၊ အကင်လိုက်ရင် အကောင်းဆုံးပဲ တကယ် အရသာရှိတယ်”

“မစားတာကောင်းမယ်” ရှီမာယူလင်းသည် မြေပေါ်တွင် တောင်ပုံများကဲ့သို့ ပုံကာလဲနေသော အလောင်းများကို ကြည့်လိုက်သည်။ နှစ်လိုဖွယ်မရှိဟု သူခံစားရသည်။

“စားလို့ရပါတယ် ဘာလို့မစားရမှာလဲ” ရှီမာယူယူ ပြောလေသည် “အဲဒါတွေက ဝိညာဉ်သားရဲတွေလေ ဝိညာဉ်သားရဲတွေစားရင် ဘယ်လောက်အကျိုးရှိလဲ သိလို့လား”

“ဘယ်လိုအကျိုးရှိတာလဲ”

“ဝိညာဉ်သားရဲအသားတွေက ဝိညာဉ်စွမ်းအင်တွေပြည့်နေတာ ငါတို့ သူတို့အသားကိုစားတာနဲ့ ဝိညာဉ် စွမ်းအင် စုပ်ယူပြီးသားဖြစ်နေပြီ ဝိညာဉ်အသီးတွေစားတာထက်တောင် မြန်သေးတယ် ပြီးတော့ ငါတို့ ကြော်၊ ကင် ပြုတ်စားလို့ရတယ်လေ၊ ချက်ပြုတ်နည်းပေါင်းစုံနဲ့ဆိုရင် ပိုတောင်အရသာရှိသေးတယ်” ရှီမာယူယူပြော  လေသည်။

သူမ အရင်ဘဝကဆိုလျှင် သူမသည် ဝိညာဉ်သားရဲများကို စားခဲ့သည်။ သူမသည်ထိုအချက်အား အရင် ကပင်သိခဲ့တာဖြစ်သည်။

တောင်ပံလေးခုရဂဠုန်သည် ပခုံးတွန့်ရုံအပြင်မတတ်နိုင်ပေ။ သူမ ပြောနေချိန်တွင် သူတို့သည် ကြည့်နေ ရုံအပြင် ဘာလို့မတတ်နိုင်ကြတာလဲ။

“ဒါဆိုလည်း သွားလေ” ဝူရန်ဖေ ပြောလေသည်။

ရှီမာယူယူ၏ ညွှန်ကြားချက်နှင့် တောင်ပံလေးခုဂဠုန်တို့သည် ပြည့်စုံသော လင်းယုန်အလောင်းများကို ရှာလေသည်။

All Chapters