အပိုင်း (၄၇၀) – ပေါင်းစပ်ခြင်း
Vol. 005 Ch. 470
ဒီတစ်ခေါက် ဖေမျိုးနွယ်နှင့် လင်းယုန်မျိုးနွယ်ကြားက တိုက်ပွဲသည် နှစ်ဖက်လုံးကို အထိနာစေသည်။ အချိန်တိုအတွင်းတွင် သူတို့သည် လျှန်မျိုးနွယ်ကို မတိုက်ခိုက်ရဲကြတော့ပေ။
သိမ်းငှက်မျိုးနွယ်များ လျှန်မျိုးနွယ်ကို တိုက်ခိုက်နေချိန်တွင် ငှက်လေးနှင့် တိုက်ပွဲတွင်ပါဝင်ကြသော တောင်ပံလေးခုဂဠုန်များနှင့် တခြားသော ငှက်မျိုးနွယ်များသည် လင်းယုန်မျိုးနွယ်အသိုက်သို့ သွားကာ ဝင်ရောက်တိုက်ခိုက်ကြလေသည်။
ငှက်လေး လျင်မြန်စွာလှုပ်ရှားမည်ဟု လင်းယုန်ဘုရင်သည် ထင်မထားခဲ့ပေ။ အချိန်တိုအတွင်းတွင် သူ့ တွင် မျိုးနွယ်များစွာကို ဆက်သွယ်မိပြီး သူတို့မပြင်ဆင်နိုင်ချိန်မှာပင် သတ်သွားလေသည်။
အစပိုင်းတွင် သူဆက်သွယ်ထားသော ငှက်မျိုးနွယ်များမှာလည်း သူ ဖေမျိုးနွယ်အား ကူညီနေချိန် မှာပင် ငှက်လေးဘက်သို့ ပါသွားကြလေသည်။ ထို့ကြောင့်ပင် တိုက်ပွဲအင်အားမှာလည်း အလွန်ကွာခြားခြင်းဖြစ်သည်။ တိုက်ပွဲသည် အချိန်ဆွဲခြင်းမရှိပဲ ပြီးဆုံးသွားလေသည်။
လင်းယုန်မျိုးနွယ်ကျဆုံးသွားသည်နှင့် အစပိုင်းက လင်းယုန်မျိုးနွယ်နှင့် ဆက်သွယ်ထားသော ငှက် မျိုးနွယ်များသည်လည်း မဆန့်ကျင်ရဲကြတော့ပေ။ သူတို့အားလုံးသည် ငှက်လေးအား ဘုရင်အဖြစ် အသိအမှတ် ပြုသည်အနေနှင့် လာရောက်နှုတ်ဆက်ကြလေသည်။ ဖြေရှင်းရန်ကြာဦးမည်ဟု ထင်ထားသော ပြဿနာသည် ထိုအတိုင်းပင် ဖြေရှင်းပြီးသွားလေသည်။
ရှီမာယူယူ သတင်းကြားရသည့်အချိန်တွင် တစ်ရက်ကြာသွားပြီဖြစ်သည်။ ထိုအချိန်တွင် သူမသည် ကြက်သားကင်နေသည်။ သူမသည် လုံရိ၏ သတင်းပို့မှုကို ကြားပြီးနောက် မှင်တက်သွားလေသည်။ ထို့နောက် တွင် သူမသည် အားရပါးရပြုံးကာ ပြောလိုက်သည် “လာခဲ့ ဒီနေ့တော့ စားသောက်ပွဲပဲ ငါတို့ ငှက်မျိုးစုံစားရတော့ မယ်”
“ဒါဆို ထိပ်တန်းအရသာတွေပဲပေါ့” ချူချောင်ထန်သည် ရယ်မောလေသည်။
လွန်ခဲ့သည့် ၂ရက်က ရှီမာယူယူ ပြင်ဆင်ပေးသော ဟင်များကို စားပြီးနောက် သူတို့အရင်က စားခဲ့ သော ဟင်းများသည် ဘာမှမဟုတ်သည်ဟု ခံစားရသည်။ အမှန်အကန်ပင် အရသာရှိခြင်းဖြစ်သည်။ ဒီနေ့တွင် မျိုးစုံသော ငှက်များကို စားရမည်ဟု ရှီမာယူယူ ပြောသည်ကို ကြားသောအခါ သူတို့သည် သားရည်ကျကြသည်။
လုံရိနှင့် တခြားသော တောင်ပံလေးခုဂဠုန်တို့သည် လင်းယုန်အသားစားရာတွင် အစပိုင်းတွင် တုံ့ဆိုင်း နေသော်လည်း နှစ်ကိုက်ကိုက်ပြီးနောက်တွင် ကြိုက်သွားကြလေသည်။ သူတို့စားလိုက်သည်နှင့် ခန္ဓာကိုယ်ထဲ တွင် ဝိညာဉ်စွမ်းအင်အား စီးဆင်းသွားလေသည်။
ထို့ကြောင့်ပင် သူတို့သည် ငှက်စားသောက်ပွဲကို လျင်မြန်စွာ ဆင်နွှဲကြလေသည်။
ငှက်စားသောက်ပွဲ ပြင်ပြီးသည်နှင့် အားလုံးသည် စားသောက်ကြလေသည်။ ဝူရန်ဖေသည် အတောင်ပံ များကို စားရင်းနှင့် ကျေနပ်စွာပြောလေသည် “ငါတို့ ဒီလိုကောင်းတဲ့ အစားအသောက်တွေစားနေတာကို ဖက်တီးကျူနဲ့ တခြားသူတွေသိရင်တော့ ရင်နာနေတော့မှာပဲ”
“ငါလည်းအဲလိုထင်တယ်” ဘေဂုံထန်သည် ဖက်တီးကျူ ဒေါသထွက်မည့်ပုံကို တွေးရင်း ပြုံးမိလေ သည်။
ချူချောင်ထန်သည် အစားအသောက်ကို ပျော်ရွှင်စွာ စားလေသည်။ နောက်ဆိုလျှင် သူမ အလယ်ပိုင်း ဒေသသို့သွားပါက သူသည် ထိုကဲ့သို့အရသာရှိသော အစားအသောက်များကို စားရတော့မည်မဟုတ်ပေ။
သူတို့ အစားအသောက်အတွက် လုရင်းရန်ဖြစ်သံများနှင့် ရယ်မောသံများသည် အပြင်ဘက်မှ ကြားရ သောအခါ ဖြတ်သွားသော အစောင့်များနှင့် အစေခံများသည် အားကျစွာဖြင့် လှည့်ကြည့်ကြလေသည်။
နှစ်ရက်အကြာတွင် ရှီမာယူယူနှင့် တခြားသူများသည် လျှန်မျိုးနွယ်အား နှုတ်ဆက်ကြလေသည်။ သူတို့ မြို့သို့ရောက်သောအခါ နေရာလွတ်တစ်ခုကို ရှာတွေ့ပြီး တစ်ခါသုံးဖြတ်လမ်းတည်ဆောက်မှု တည်ဆောက်ရန် တစ်ရက်ကုန်ဆုံးရလေသည်။ အားလုံးသည် ဖြတ်လမ်းတည်ဆောက်မှုအထဲသို့ဝင်ကာ အသက်သွင်းရန် ဝိညာဉ် စွမ်းအင်ထည့်မည်အပြုတွင် ရှီမာယူယူသည် အသံတစ်သံအား ကြားလိုက်ရလေသည်။ သူမလက်မှ ဝိညာဉ် စွမ်းအင်များသည် ကျုံ့သွားကာ ပျောက်ကွယ်သွားလေသည်။
“ဘာဖြစ်လို့လဲ” ဘေဂုံထန် မေးလိုက်သည်။
ရှီမာယူယူ တည်ဆောက်မှုမှ အပြင်သို့လျှောက်သွားကာ ပြောလေသည် “ငါတို့သွားစရာမလိုတော့ဘူး ငှက်လေးနဲ့ တခြားသူတွေ ဂရမ်းမြို့ကိုရောက်နေကြပြီ”
အားလုံးသည် ဖြတ်လမ်းတည်ဆောက်မှုမှ ထွက်ကာ ရှီမာယူယူသည် ကျောက်များကို သိမ်းလိုက်လေ သည်။ တည်ဆောက်ရာတွင် တစ်ရက်ကြာသော်လည်း သိမ်းရာတွင်တော့ နာရီဝက်သာကြာလေသည်။ သူမ သည် ငှက်လေး၊ ရှီမာလိုင်နှင့် တခြားသူများ ရောက်လာချိန်တွင် သိမ်းပြီးလေသည်။
“သခင်”
“ညီလေး ၅”
“ယူယူ”
“ဘေဂုံ”
“….”
ဖက်တီးကျူနှင့် တခြားသူများ ငှက်လေးပေါ်မှ လက်ပြနေသည်ကို ရှီမာယူယူမြင်လိုက်သည်။ အားလုံး ဆင်းပြီးသည်နှင့် ငှက်လေးသည် သေးငယ်သော ရွှေရောင်ငှက်အဖြစ်ပြောင်းကာ ရှီမာယူယူ၏ ပခုံးပေါ်တွင် နား နေလေသည်။
“သခင် ငှက်လေးက လွမ်းလွန်းလို့သေတော့မယ်”
“မင်းက ဂဠုန်တွေရဲ့ဘုရင်ဖြစ်နေပြီ ဘာလို့ ချစ်စရာကောင်းတဲ့အမူအရာတွေ လုပ်နေတာလဲ” ရှီမာယူယူသည် ငှက်လေး၏ နဖူးအား ပုတ်ရင်း ပြောလေသည်။
ငှက်လေးသည် သတိပြန်ဝင်သွားကာ သူ့နောက်မှလိုက်လာသော တောင်ပံလေးခုဂဠုန်များကို လှည့် ကြည့်လေသည်။ သူသည် တိတ်ဆိတ်စွာ သက်ပြင်းချမိကာ ရှီမာယူယူ၏ ပခုံးပေါ်မှ ဆင်းကာ လူသားအသွင် ပြောင်းလေသည်။
“အားလုံးဘာလို့ရောက်လာကြတာလဲ” ရှီမာယူယူသည် အားလုံးရောက်လာသည်ကို ကြည့်ရင်း မေး လေသည်။
“အရေးအကြီးဆုံးကရှင်းပြီးပြီဆိုတော့ ကျန်တာတွေကို လေပြင်းဂဠုန်နဲ့ တခြားသူတွေကို အပ်ထားဖို့ပဲ ကျန်တော့တာလေ ငှက်လေးက အဲဒါကိုလက်လွှဲပြီးတော့ မင်းဘေးမှာပဲ ပြန်နေချင်တယ်လို့ပြောတယ်၊ အဲဒါနဲ့ သူ့ကိုပါ ခေါ်ခဲ့တာ” ရှီမာယူရန် ရှင်းပြလေသည်။
“မင်းအဲဒီကို ထပ်ပြီးမသွားတော့ဘူးလား” ဘေဂုံထန်သည် အံ့အားသင့်စွာ မေးလေသည်။
“မသွားတော့ဘူး” ငှက်လေးပြောလေသည် “ငါ လေပြင်းဂဠုန်နဲ့ တခြားအကြီးအကဲတွေကို အဲဒီက ကိစ္စ တွေကိုအပ်ခဲ့ပြီးပြီ အစကတည်းက အဲဒါမျိုးကို ကြိုက်ခဲ့တာမဟုတ်ဘူး ကောင်းကင်အောက်မှာ သခင်နဲ့ ခြေဦး တည့်ရာသွားတာကမှ ကောင်းသေးတယ်”
“သူတို့ကျ ဘယ်လိုလုပ်မလဲ” ရှီမာယူယူသည် အတူလာသော ဂဠုန်ကိုးနှင့် တခြားသူများကို တွေ့လေ သည်။
“အမေနဲ့ တခြားအကြီးအကဲတွေကပြောတယ် ငါက လေးစားခံရမယ့် ရာထူးတဲ့ ငါထွက်သွားချင်တယ် ဆိုရင်တောင် ငါ့ကို ကာကွယ်ပေးဖို့ လူလွှတ်ပေးမယ်တဲ့ အဲဒါကြောင့် အမေက သူတို့ကို ဒီကိုခေါ်လာတာ” ငှက် လေးသည် မတတ်သာပဲ ပြောလေသည် “ငါတို့ သူတို့ အနှောင့်အယှက်မဖြစ်အောင် ဝိညာဉ်စေတီအတွင်းထည့် မယ်လို့ တွေးလိုက်လို့ သဘောတူလိုက်တယ်၊ သခင် စိတ်ချပါ သူတို့က ငါနဲ့ စာချုပ်ချုပ်ပြီးသားဆိုတော့ ဝိညာဉ် စေတီအကြောင်းကို အပြင်မှာပြောမှာမဟုတ်ပါဘူး”
ရှီမာယူယူ နားလည်သည်။ ငှက်လေး၏ ရာထူးနှင့်ဆိုလျှင် တခြားသော မျိုးနွယ်များသည် သေချာပေါက် သူ့အား ပစ်မှတ်ထားမည်ဖြစ်သည်။ သူသည် မျိုးနွယ်မှ ထွက်ခွာလာသော်လည်း ကာကွယ်မှုလိုသေးသည်။ သူမ သည်လည်း အခုချိန်တွင် အားနည်းနေသေးသည်ဖြစ်ရာ သူ့အား တစ်စုံတစ်ယောက်က ကာကွယ်ပေးတာ အကောင်းဆုံးဖြစ်မည်။
“အဲလိုဆိုရင် မင်းသူတို့ကို ဝိညာဉ်စေတီထဲကို အရင်ခေါ်သွားလိုက်” ရှီမာယူယူသည် ပြောပြီးသည်နှင့် အားလုံးကို ဝိညာဉ်စေတီအတွင်း ထည့်လိုက်လေသည်။
ဂဠုန်ကိုးနှင့် အသွင်ပြောင်းနိုင်သော တခြားသောဂဠုန်များသည် အဆင့်မြင့်ကြသည်။ သူတို့သည် သူတို့ ဘဝတွင် တော်တော်များများမြင်ခဲ့ဖူးသည်။ သို့သော် သူတို့သည် မြင်ကွင်းချက်ချင်း ပြောင်း သွားသည်ကို အံ့သြ ကြလေသည်။
ငှက်လေးသည် အဖြစ်အပျက်များကို ချက်ချင်းပင်ရှင်းပြကာ ထိုနေရာသည် နောက်ကို သူတို့နေရမည့် နေရာဖြစ်ကြောင်းပြောပြလေသည်။ ထို့နောက်တွင် သူသည် လှည့်ပတ်ပြလေသည်။
တောင်များကျော်လာသောအခါ ဂဠုန်ကိုးတို့သည် ကြက်သွေးရောင်မီးတောက်အား တွေ့ကြလေသည်။ သူတို့သည် ချက်ချင်းပင် သွားနှုတ်ဆက်ကြလေသည်။
သူတို့သည် ငှက်လေးအားကာကွယ်ကာ နောက်ကို ထိုနေရာတွင်နေတော့မည်ကို ကြက်သွေးရောင် မီးတောက်သိသောအခါ ဖြည်းညင်းစွာ ခေါင်းညိတ်လေသည်။ သူသည် ဘာမှမပြောပဲ မျက်လုံးပြန်မှိတ်ကာ ဆက်ပြီး ကျင့်ကြံလေသည်။
ရှီမာယူယူသည် လေပြင်းဂဠုန်ကြောင့် ဒဏ်ရာရခဲ့စဉ်က သတိမေ့နေသည့် အခြေအနေတွင် ဒဏ်ရာ ရခဲ့သည်။ နောက်ထပ် ထိုကဲ့သို့ အဖြစ်များ ဖြစ်မလာစေရန် ဝိညာဉ်စေတီအတွင်းသွားကာ ကျင့်ကြံခဲ့သည်။
ရှီမာယူယူ၊ ရှီမာလိုင်နှင့် တခြားသူများသည် ဖြစ်ခဲ့သည့် အကြောင်းများကို ပြန်ပြောကြလေသည်။ ထို့နောက်တွင် ဖက်တီးကျူတို့အား တခြားသူများ မသိစေရန် ဝိညာဉ်စေတီအတွင်း ထည့်ထားရန် ဆုံးဖြတ်လိုက် သည်။
“အစ်ကိုကြီးယူယူ အရင်တစ်ခေါက်က ငှက်ဘုရင်က ကျွန်တော့်ကို ရင်းနှီးတဲ့အနံ့ရတယ်လို့ ပြောဖူး တယ်” တုလေး ပြောလေသည် “ကျွန်တော်က အလယ်ပိုင်းဒေသက ဝိညာဉ်မျိုးနွယ်တစ်ခုနဲ့ ဆက်စပ်မှုရှိရမယ် လို့ သူပြောတယ်”
ရှီမာယူယူသည် မှင်တက်သွားသည်။ တုလေးသည် ဝိညာဉ်သားရဲသွေးသားဖြစ်သည်ကို သတိရသွား ပြီးနောက် သူမ မေးလိုက်သည် “ဘယ်မျိုးနွယ်လဲဆိုတာ မှတ်မိလား”
“ရွှေရောင်မျက်လုံးလူဝံ”
တုလေးခန္ဓာကိုယ်ထဲက ဝိညာဉ်သွေးသားက တကယ်ပဲ ရွှေရောင်မျက်လုံးလူဝံလား။
ရွှေရောင်မျက်လုံးလူဝံများသည် ရှေးဟောင်းဒဏ္ဍာရီလာ သတ္တဝါများဖြစ်သဖြင့် ရှီမာယူယူသည် အလွန် အံ့သြမိလေသည်။ သူသည် ဝိညာဉ်သားရဲများအကြားတွင် ဖီးနစ်ငှက်များ ရာထူးနှင့် ညီသည်။ အလယ်ပိုင်းဒေသ တွင် မည်သူမျှ မဆန့်ကျင်ရဲသော တည်ရှိမှုပင်ဖြစ်သည်။ သူတို့ကလည်း လူသားများနှင့် အနေဝေးသော သတ္တဝါ များဖြစ်ကြသည်။ သူတို့မှာ ဘယ်လိုလုပ်လူသား ကလေးရှိနေရတာလဲ။ ပြီးတော့ ယိလင်းတိုင်းပြည်မှာ ရှိနေ သည်။
တုလေးရှိနေသည်ကို သူတို့သိပါက ဘယ်လိုတုန့်ပြန်မှုပေးမှာလဲ။ သို့သော် သူတို့သည် သူ့အား အသိ အမှတ်ပြုမည်မဟုတ်သည်ကိုတော့ သူမ သိသည်။ ထို့အပြင် သူတို့၏ မာနကြီးသော စရိုက်နှင့်ဆိုလျှင် သူတို့ သည် တုလေးကိုပင် သတ်လိုက်နိုင်သည်။
သူမသည် တုလေးကို သူတို့နှင့် မတွေ့စေအောင်လုပ်မည်ဟု ဆုံးဖြတ်လိုက်လေသည်။