အပိုင်း (၄၇၁) – ရင်းနှီးသော အရသာ
Vol. 005 Ch. 471
သူမသည် ဝိညာဉ်စေတီအတွင်း နေ့တစ်ဝက်နေအပြီးတွင် ရှီမာယူလင်း၊ ဘေဂုံထန်နှင့် ဝူရန်ဖေတို့အား ခေါ်ကာ ထွက်ခဲ့လေသည်။ ကျန်သောသူများကို ကျင့်ကြံရန်အတွက် ဝိညာဉ်စေတီအတွင်း ထားခဲ့လေသည်။
သူတို့သည် လျှန်မျိုးနွယ်သို့ ပြန်ရာ သူတို့ ထွက်သွားသည်ကို မြင်သောသူများသည် အံ့သြကြသည်။ သူတို့သည် လျှန်ဇီအား လာရှာသည်ကို သိသောအခါ သူတို့သည် ရှီမာယူယူတို့အဖွဲ့များထွက်သွားပြီး မကြာခင် ပင် ထွက်သွားပြီဖြစ်ကြောင်းပြောလေသည်။ သူသည် ချူချောင်ထန်နှင့် လျှန်ဟုန်ကိုပါ ခေါ်သွားလေသည်။
ချူချောင်ထန်သည် အလယ်ပိုင်းဒေသကိုသွားမည်ဖြစ်သဖြင့် အစိမ်းရောင်မြို့မှ ဖြတ်လမ်းတည်ဆောက် မှုကို သုံးရန်ဖြစ်ပြီး လျှန်ဟုန်သည် အစိမ်းရောင်နန်းတော်တွင် ကျင့်ကြံပြီး နန်းတော်မှ တပည့်ဖြစ်လာရန် လိုက် သွားခြင်းဖြစ်သည်။
သူတို့သည် အစိမ်းရောင်မြို့တော်သို့ သွားရန်အတွက် ဖြတ်လမ်းတည်ဆောက်မှုကို သုံးရန် မြို့ဝန် အိမ်တော်သို့ ဦးတည်ကြလေသည်။
လျှန်ဂျူသည် သူတို့အား ကိုယ်တိုင်ခေါ်ဆောင်သွားပေးသဖြင့် သူတို့သည် တန်းစီရန်မလိုတော့ပေ။ သူတို့သည် ဖြတ်လမ်းတည်ဆောက်မှုကို လျင်မြန်စွာ တည်ဆောက်လိုက်ပြီး သူတို့ထွက်သွားသည် နှင့် လျှန်ဂျူသည် နောက်တစ်ချိန်တွင် လျှန်မျိုးနွယ်၏ ဧည့်သည်အဖြစ်လာရောက်ရန် ပြောလေသည်။
ဖြတ်လမ်းတည်ဆောက်မှု အသက်ဝင်သွားသည်နှင့် သူတို့လေးယောက်သည် လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
မြို့ဝန်သည် သတင်းကြားသောအခါ အပြေးလာကြည့်ရာ သူရောက်ချိန်တွင် ရှီမာယူယူနှင့် တခြားသူ များသည် ထွက်သွားပြီဖြစ်သည်။
“လူကြီးမင်းလျှန် ကိုယ်တိုင်လာပို့ရတဲ့လူက ဘယ်သူလဲ” မြို့ဝန်သည် စပ်စုစွာ မေးလေသည်။
“ကျွန်တော်တို့ လျှန်မျိုးနွယ် ကြပ်တည်းနေချိန်မှာ ကူညီပေးတဲ့လူပါ သူက ရှေးဟောင်းကမ္ဘာဦးမြေ မျာ ကြောက်စရာကောင်းတဲ့သူဖြစ်လာဦးမှာပဲ” လျှန်ဂျူသည် လမ်းလျှောက်လာရင်း သက်ပြင်းချမိလေသည်။
“သူက တကယ်ပဲ အဲလောက်အားကောင်းတာလား၊ လူကြီးမင်းလျှန် ပြောပြပါဦး…” ဂရမ်းမြို့ဝန်သည် သူ့နောက်မှ လိုက်လာရင်းပြောလေသည်။
ရှီမာယူယူနှင့် အဖွဲ့သည် အစိမ်းရောင်မြို့သို့ ရောက်သည့်အချိန်တွင် လျှန်ဇီနှင့် တခြားသူများသည် အစိမ်းရောင်မြို့တော်သို့ ရောက်နှင့်ပြီးလေပြီ။ သူတို့သည် တည်းခိုရန် တည်းခိုဆောင်ရှာရတော့သည်။
ရှီမာယူယူနားနေချိန်တွင် ဘေဂုံထန်နှင့် တခြားသူများသည် သတင်းထွက်စုံစမ်းကြသည်။ သူတို့ ပြန် လာသောအခါ အစိမ်းရောင်မြို့သည် လုံခြုံရေးတင်ကြပ်ပြီး လျှန်ဇီအား ရှာရန် ခက်ခဲမည်ဖြစ်ကြောင်း ပြောလေ သည်။
သို့သော် သူတို့အတွက် ဖြတ်လမ်းတည်ဆောက်မှု အသုံးပြုရသည်မှာ ခက်တော့ မခက်ပေ။ ငွေကြေး ပေးပြီး တန်းစီလိုက်ရုံပင်။
ဘေဂုံထန်နှင့် တခြားသူများသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်များပေးခဲ့သည်။ သူတို့သည် နံပါတ်ပြားများယူလာပြီး အသုံးပြုရမည့် နေ့စွဲမှာ နောက် ရက်၂၀ကြာမှဖြစ်လေသည်။
သူတို့သည် ထိုနေရာတွင် ရက်၂၀ ကုန်ဆုံးရမည်ဖြစ်သည်။
သူတို့သည် အလောမကြီးသဖြင့် စောင့်ရလျှင်လည်း အဆင်ပြေသည်။
ရှီမာယူယူသည် ၂ရက်အိပ်ပြီးနောက်တွင် သူတို့သုံးယောက် ခေါ်ရာ လမ်းပေါ်သို့ ပါလာသည်။ ထိုနေရာ သည် အစားအသောက်ကောင်းများရှိသည်ဟု ကြားထားရာ စားကြည့်ချင်သည်။ ထို့ကြောင့် သူမသည် နေရာ များ မေးမြန်းသည်။ သူတို့သည် ကံကောင်းစွာဖြင့် နောက်ဆုံးအခန်းရလိုက်သည်။ ထိုအခန်းသည် တစ်စုံ တစ်ယောက်မှ ယူထားသော်လည်း မငှားဖြစ်တော့သဖြင့် သူတို့ရခြင်းဖြစ်သည်။
“ယူယူ ကြည့် ဒီမှာလည်း ရွန်းယွမ်ဆိုင်ရှိတယ် အဆင့်အတန်းမြင့်တဲ့ပုံပဲ” ဘေဂုံထန်သည် မျက်နှာချင်း ဆိုင်မှ ဆိုင်ကို မြင်သောအခါ ပြောလေသည်။
စားပွဲထိုးသည် သူတို့အား လက်ဖက်ရည်ငှဲ့ပေးရာမှ သူမ ပြောလိုက်သောစကားကို ကြားသောအခါ ပြောလေသည်။ “ရွန်းယွမ်ဆိုင်က အလယ်ပိုင်းဒေသကလာတဲ့လူတွေ ဖွင့်ထားတာ၊ နောက်ကြောင်းကတော့ ရှည်တယ် သူတို့ရဲ့အဆင့်က အစိမ်းရောင်နန်းတော်ကလူတွေထပ် နည်းနည်းမြင့်တယ်လို့ ပြောကြတယ် သူတို့ က နိမ့်ချနေကြလို့သာ အဲမှာ ပစ္စည်းတွေ တော်တော်များများရှိတယ် ခင်ဗျားတို့အချိန်ရှိရင် သွားပြီး ကြည့်သင့် တယ် အထူးသဖြင့် သူတို့လေလံပွဲက မိုက်တယ်”
“ငါတို့ ဒီကိုတစ်ခါမှ မရောက်ဖူးဘူးဆိုတာ ဘယ်လိုသိတာလဲ” ရှီမာယူယူသည် လက်ဖက်ရည် တစ် ကျိုက် သောက်ကြည့်ရာ အရသာမဆိုးလှပေ။
“ခင်ဗျားတို့က ဒီနေရာနဲ့ စိမ်းနေတယ်လေ ပြီးတော့ ရွန်းယွမ်ဆိုင်ကို အဲလိုပြောလို့လေ၊ ကျွန်တော် ဒီလို ကြုံခဲ့တာ ပထမဆုံးအကြိမ်မှမဟုတ်တော့တာ ခင်ဗျားတို့က ဒီမြို့ကို ပထမဆုံးရောက်ဖူးတယ်ဆိုတာ တစ်ချက် တည်းနဲ့ပြောလို့ရတယ်” စားပွဲထိုးက ပြောလေသည် “လက်ဖက်ရည်က အဆင်သင့်ဖြစ်ပါပြီ ကောင်းကောင်း သုံးဆောင်ပါ ခဏနေရင် စားပွဲတွေ ချပေးပါမယ် တခြားလိုတာမရှိရင် ကျွန်တော် အောက်ဆင်းလိုက်ပါဦးမယ် လိုတာရှိရင်တော့ ခေါင်းဆောင်ကိုနှိပ်လိုက်ပါ”
သူသည် သူ့နောက်မှ ခေါင်းလောင်းကိုညွှန်ပြကာ ဆုတ်ခွာသွားလေသည်။
ယူယူသည် ရွန်းယွမ်ဆိုင်သို့ ဝင်ထွက်သွားလာနေသော လူများကို ဆက်ကြည့်ကာ ပြောလေသည် “ရွန်းယွမ်ဆိုင်က နန်းတော်ထက် ပိုကောင်းနေတာတော့ မထူးဆန်းတော့သလိုပဲ ဒီလို နောက်ခံရှိနေတာကိုး”
“အနိမ့်ပိုင်းကနဲ့ အထက်ပိုင်းက ရွန်းယွမ်ဆိုင်တွေ ဘာကွာတာလည်းမသိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ လည်း လုပ်စရာမှမရှိတာ ပြီးသွားရင် သွားကြည့်ကြမလား” ဘေဂုံထန် ပြောလေသည်။
“အိုခေ” ရှီမာယူယူ ခေါင်းညိတ်လေသည်။
“မင်းကတ်က ဒီမှာသုံးလို့ရမလား သိချင်တယ်” ဝူရန်ဖေသည် ထိုအကြောင်းကို ပိုသိချင်သည်။
“ရမယ်မထင်ဘူး အနိမ့်တိုင်းပြည်ကလူတွေနဲ့ အထက်တိုင်းပြည်ကလူတွေကြားမှ ကွာခြားချက်ကြီး တယ်လေ၊ အဆင့်တွေလည်း မတူလောက်ဘူးထင်တယ်” ဘေဂုံထန်သည် ခန့်မှန်းလေသည်။
“ခဏနေရင် သိရမှာပါ” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။ သူမသည် ထိုအကြောင်အား သိပ်မသိ ချင်ပေ။
စားပွဲထိုးသည် အပြင်မှတံခါးခေါက်ကာ ဟင်းပွဲများယူလာလေသည်။ သူ ဝင်လာသည့်အခါတွင် ပြော လေသည်။ “ဧည့်သည်တို့ ဟင်းပွဲတွေရပါပြီ”
သူ့နောက်တွင် လူ ၅ယောက် ၆ယောက်ရှိက လူတိုင်းသည် ဟင်းပွဲများ ကိုင်ထားလေသည်။ သူတို့ သည် ဟင်းပွဲများ စားပွဲပေါ်တွင်ချပေးကာ အခန်းမှထွက်ခွာသွားလေသည်။
“ဧည့်သည်တို့ ဟင်းပွဲတွေပြင်ပြီးပါပြီ အရသာရှိရှိ သုံးဆောင်ပါ” စားပွဲထိုးသည် ပြောပြီးသည်နှင့် ထွက် သွားကာ တံခါးပိတ်လိုက်လေသည်။
သူတို့သည်း ၄ယောက်ဖြစ်ကာ ဟင်းပွဲမှာ ၇ပွဲ.. အရင်နှင့်ယှဉ်လိုက်လျှင် ဒီလိုဈေးကြီးသော စားသောက် ဆိုင်တွင် လက်ဖွာခြင်းဖြစ်လေသည်။
ဘေဂုံထန်သည် အရသာမြည်းပြီး မှတ်ချက်ပေးလေသည် “မဆိုးဘူး ပေးရတာတော့ တန်တယ်”
“ဟင်းချက်နည်းကတော့ ထူးခြားတယ် ငါဒါမျိုး တစ်ခါမှ မစားဖူးသေးဘူး” ဝူရန်ဖေ သဘောတူလေ သည်။
“မဆိုးဘူးပဲ” ရှီမာယူလင်း လိုက်ပြောလေသည်။
“ယူယူ နင်ဘာလို့မစားတာလဲ” ရှီမာယူယူ အစားသောက်ရှေ့တွင် အတွေးလွန်နေသည်ကို တွေ့သည် နှင့် ဘေဂုံထန် မေးလိုက်သည်။
ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “ဘာမှမဟုတ်ပါဘူး အရသာရှိတယ်ဆိုတော့လည်း မင်းတို့ ပိုစား ကြပေါ့ ဒီလိုအမြဲတမ်းစားနေရတာမှမဟုတ်တာ”
ပြောပြီးနောက်တွင် သူမသည် ခေါင်းငုံ့ကာ ကြက်ပေါင်ကို ကိုက်စားလေတော့သည်။
ရင်းနှီးနေတဲ့ အရသာပဲ။ တစ်စုံတစ်ယောက်က ပြောဖူးသည် “ယူယူက အစားအသောက် ဒီလောက် ကြိုက်မှတော့ မင်းအတွက် ဟင်းနှစ်ခွက်လုပ်ပေးရမှာပေါ့”
အရင်အချိန်က ထိုလူသည် လက်ထဲတွင် ပျားရည်ကြက်တောင်ပံ ဟင်းပွဲများဖြင့် စိတ်လှုပ်ရှားစွာ ပြေးလာခဲ့သည်။ အရင်ကဆိုလျှင် သူမသည် အစားသောက်ခုံမင်ခဲ့သည်။ ထိုအချိန်က သူမ ဒီရောက်သည်နှင့် ပထမဆုံးစားခဲ့ခြင်းဖြစ်သည်။
အခုတော့ သူမသည် ဟင်းပွဲများမှာစားရာ သူတို့၏ အထူးဟင်း ၇ပွဲကို မှာခဲ့သည်။ ထိုအထဲတွင် ပျားရည် ကြက်တောင်ပံပါလိမ့်မည်ဟု ထင်မထားခဲ့ပေ။
နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့လေပြီ။ အဲလူရော အဆင်ပြေရဲ့လား။ သူမ သေသွားပြီဆိုပြီး သူဝမ်းနည်း နေ မှာလား။
သူမသည် ထိုအကြောင်းအား စဉ်းစားလိုက်ရာ ကြက်တောင်ပံစားလိုက်ရခြင်းလား အရင်က အမှတ်တရ များကို စားလိုက်ရခြင်းလားကို မသိတော့ပေ။
“ဘာပြောလိုက်တယ် ငါတို့သီးသန့်ခန်းထဲမှာ တခြားသူတွေရှိနေတယ်ဟုတ်လား” သိမ်မွေ့သော အသံ တစ်သံသည် ထွက်လာကာ ရှီမာယူယူနှင့် တခြားသူများရှိသော အခန်းကိုပြောသည့်ပုံပင်။
“သခင်မလေးရှား ကျွန်တော်တို့ တကယ်တောင်းပန်ပါတယ် သခင်မလေးလွှတ်လိုက်တဲ့လူက မှာထား တာ ဖျက်လိုက်ပြီလို့ပြောလို့၊ အဲဒါနဲ့ တခြားဧည့်သည်တွေကို ပေးလိုက်တာပါ ဧည့်သည်တွေက အခုအထဲမျာ စားနေကြပါတယ် ကျွန်တော်တို့ ဝင်သွားပြီး နှောင့်ယှက်လို့မရလို့ပါ”
စားပွဲထိုး၏ အသံသည် တောင်းပန်သံရောယှက်နေသော်လည်း ကြောက်ရွံ့ခြင်းမရှိသည်ကို ရှီမာယူယူ ကြားရသည်။
“ငါတို့က မှာထားတာကို ဖျက်မယ်လို့ လူလွှတ်လိုက်တယ်ဆိုတာ လုပ်စရာတစ်ခုရှိလို့ပဲ… အခု အလုပ် ပြီးပြီဆိုတော့ အဲအခန်းကို သုံးချင်တာပဲ” ထိုအမျိုးသမီးက ပြောလေသည်။
“သခင်မလေးရှား ဒီလိုလုပ်ရင်ရော ကျွန်တော်တို့ တခြားအခန်းကိုပြင်ပေးမယ်လေ အဲလိုဆိုရင်ရော အဲ အခန်းက ကျွန်တော်တို့ရဲ့ သီးသန့်ခန်းအသစ်ပါ”
“မရဘူး ငါဒီအခန်းပဲလိုချင်တယ် ငါဒီအခန်းကို ကြိုက်တာ မင်းလည်းသိပါတယ် ငါ တခြားအခန်းမလို ချင်ဘူး” ထိုအမျိုးသမီး ပြောလေသည်။
“ငါ့ဆရာတူတပည့်အစ်မရှားက ဒီအခန်းကိုပဲ ယူတယ်ဆိုတာ မင်းသိရဲ့သားနဲ့ တခြားအခန်းကို ဘယ်လို လုပ် ပေးရတာလဲ” အမျိုးသားတစ်ယောက်၏ အသံထွက်လာသည် “ငါတို့ ဒီနေ့ဒီမှာပဲ စားချင်တယ် အဲလူတွေကို ထွက်သွားခိုင်းလိုက်”
“ဒါက အဲဒါမကောင်းဘူးထင်တယ်…”
“ဘာမကောင်းတာလဲ မင်းက ငါတို့ကို ဆန့်ကျင်ချင်လို့လား”
ရှီမာယူယူသည် မျက်မှောင်ကြုတ်ကာ တူကို ချလိုက်လေသည်။ သူမ၏ ရောင်ဝါသည် အေးစက်သွား ကာ အပြင်သို့ ထွက်လာလေသည်။