အပိုင်း (၄၇၂) – မင်းတို့အားလုံးက အစိမ်းရောင်နန်းတော်ကမဟုတ်ဘူးလား
Vol. 005 Ch. 472
“ဘုန်း”
တံခါးပွင့်သွားကာ အမျိုးသား ၃ယောက်နှင့် အမျိုးသမီး ၁ယောက်ဝင်လာသည်။ သူသည် ရှီမာယူယူနှင့် တခြားသူများကို ကြည့်ကာပြောလေသည် “ငါတို့ အခန်းလိုချင်တယ် မြန်မြန်ထွက်သွားလိုက်ပါ”
ရှီမာယူယူသည် တင်းမာစွာ ပြောလိုက်သည် “ဒီနေရာက ငါတို့အခန်းပဲ ဘာလို့ ငါတို့က ထွက်သွားရမှာ လဲ”
“မင်းက ပြန်ပြောရဲတယ်ဟုတ်လား” စောနက စကားပြောသော အဖြူရောင်ဝတ် အမျိုးသားသည် ရှီမာယူယူအား ကြည့်ပြီးပြောလေသည် “ငါတို့ဘယ်သူလဲဆိုတာ မင်းတို့သိလား၊ ငါ့ စိတ်ရှည်မှုတွေ မကုန်ခင် မြန်မြန်ထွက်သွားတာ ကောင်းမယ် မဟုတ်ရင် စားသောက်ဖို့တောင် အဆင်မပြေဖြစ်သွားမယ် ငါဒီဟင်းတွေ အတွက် ရှင်းပေးလိုက်မယ် ဒီကနေထွက်သွားပါ”
“ငါတို့ကသိပ်မှာထားတာ မဟုတ်ဘူး အဲတော့ စားသောက်ဖို့က ဘာမှပျောက်စရာမရှိဘူး” ရှီမာယူယူ ပြန်ဖြေလေသည် “မင်းတို့ ဒီအခန်းယူချင်တယ်ဆိုရင် အပြင်မှာစောင့်ပါ ငါတို့စားပြီးတာနဲ့ ပေးမှာပါ”
“မင်းဘာပြောလိုက်တယ်” ထိုလူများသည် ရှီမာယူယူ ပြောလိုက်သည်ကို ကြားသည်နှင့် အံ့သြသွား လေသည်။ အရင်က ဘယ်သူမှ သူတို့ကို ဒီလိုမျိုးပြောဖူးတာမဟုတ်ဘူး။
“ငါ ဘယ်သူလဲဆိုတာ မင်းတို့သိလား ဒီလိုရိုင်းရဲတယ်နော်” အပြာရောင်ဝတ်ထားသော အမျိုးသား သည် တင်းမာစွာပြောလေသည်။
ရှီမာယူယူသည် သူတို့အားကြည့်လိုက်ရာ သူတို့အဝတ်အစားများပေါ်တွင် အမှတ်အသားအား မြင်လိုက် သောအခါ ညင်သာစွာပြောလေသည် “မင်းတို့အားလုံးက အစိမ်းရောင်နန်းတော်က မဟုတ်ဘူးလား၊ ဘာလို့လဲ မင်းတို့က အစိမ်းရောင်နန်းတော်ကလူဖြစ်တာနဲ့ လူတစ်ယောက်ကို အကြောင်းအရင်းမရှိ အနိုင်ကျင့်လို့ရလား”
သူမ အသံသည် ညင်သာသော်လည်း ရာထူးအမြင့်မှ နှိမ့်ချပြောသော လေသံဖြစ်လေသည်။ သူမသည် ထေ့ငေါ့ပြောသည်မှာ ပေါ်လွင်နေသည်။
“ရှင်တို့က ငါ့အခန်းကိုလည်းယူထားတယ် ငါတို့က ငါတို့အခန်းကိုပြန်လာယူတာပဲရှိတယ်” တစ်ဖက်မှ အမျိုးသမီးပြောလေသည်။
“မိန်းကလေး မင်းက အမှားကို အမှန်ဖြစ်အောင်ပြောတဲ့နေရာမှာ တော်တာပဲ မင်းရဲ့ ကျင့်စဉ် အရည် အချင်းကရော တန်းတူဖြစ်ရဲ့လားသိချင်မိတယ်” ရှီမာယူယူသည် သူမအား မကြည့်ပဲ စားပွဲထိုးအားပြောလိုက် သည် “မင်းတို့သူဌေးရှိလား”
“ကျွန်တော်တို့ ဆိုင်ရှင်က အောက်မှာပါ” စားပွဲထိုးပြန်ပြောလေသည်။
“ငါပြောတာ ရှင်းမိုကိုမေးနေတာ” ရှီမာယူယူပြောလိုက်သည်။
စားပွဲထိုးသည် ရှီမာယူယူ ပြောလိုက်သည်ကို ကြားသောအခါ အမူအရာချက်ချင်း ပြောင်းသွားလေ သည်။ သို့သော် သူသည် ချက်ချင်းပြန်ပြင်ကာ ပြောလေသည် “ကျွန်တော် အဲဒါတော့ သိပ်မသိဘူး ကျွန်တော့် ဆိုင်ရှင်ကို မေးလိုက်ပါမယ်”
“ဒါဆို မင်းရဲ့ ဆိုင်ရှင်ကိုသွားခေါ်လိုက်”
“ခဏလောက်စောင့်ပေးပါ ဧည့်သည်” စားပွဲထိုးသည် တံခါးအပြင်တွင် ရပ်နေသော သူများအား ကြည့် ပြီးနောက် အောက်ဆင်းသွားလေသည်။
ရှီမာယူယူသည် ခွက်ထဲမှ လက်ဖက်ရည်များကို ကုန်အောင်သောက်ပြီးနောက် စဉ်းစားနေမိသည်။ သူမ ခွက်ပုံစံသည် အရင်ကမ္ဘာမှ ပုံစံနှင့်ဆင်တူသည်။ ထိုလူသည် ထိုဒီဇိုင်းများကို ကူးယူကာ စားသောက်ဆိုင် တွင် အသုံးပြုထားသည်။ ဒီဇိုင်းများသည် ချစ်စရာကောင်းသောကြောင့် ကူးယူထားခြင်းဖြစ်သည်။
ထို့ကြောင့်ပင် ထိုဒီဇိုင်းများမြင်သည်နှင့် ပတ်ဝန်းကျင်မှ အကြောင်းများကို ဂရုမပြုမိတော့ပေ။
အရင်အကြောင်းများကို စဉ်းစားမိသောအခါ သူမ လက်မှ ခွက်သည်ချော်သွားကာ စားပွဲပေါ်သို့ ကျ သွားလေသည်။ ခွက်အောက်ခြေတွင် စားသောက်ဆိုင်၏ နာမည်ကို ရေးထိုးထားသည်။
“ယိယူစားသောက်ဆိုင်… အမှတ်တရစားသောက်ဆိုင်…” သူမသည် ထိုစားလုံးများကို လက်ချောင်းများ ဖြင့် ထိတွေ့လိုက်ရာ သူမ နှာခေါင်းနှင့် မျက်လုံးများသည်နီရဲလာသည်။
သူမ ဘာဖြစ်သွားသည်ကို ရှီမာယူလင်း၊ ဘေဂုံထန်နှင့် တခြားသူများ နားမလည်တော့ပေ။ သူမ အခုပုံစံ သည် အံ့ဖွယ်အဆင့်တက်စဉ်က ပုံစံနှင့်တူသည်။ သူတို့သည် ထိုအချိန်ကို မှတ်မိသေးသည်။ သူမ ရောင်ဝါသည် အလွန်ပင် ဝမ်းနည်းနေသည်။
“ဒီမှာ ရှင်တို့ကို ထွက်သွားခိုင်းနေတာ မကြားဘူးလား” သူတို့အား မရှိသလိုဆက်ဆံ နေသည်ကို မြင်သောအခါ ဒေါသထွက်လာကာ ရှားရင်ရင်သည် အော်လိုက်သည်။
ရှီမာယူယူသည် သူမအား အေးစက်စွာကြည့်ကာ ပြောလေသည် “ငါမင်းကို အရေးလုပ်ပြီးပြောချင်တဲ့ စိတ်မဟုတ်ဘူး မင်းအရှက်မရချင်ရင် အခုပဲထွက်သွားလိုက်ပါ”
“ငါတို့ကို မလေးစားရဲတဲ့ လူရှိတယ်ဆိုတာ မယုံနိုင်သေးဘူး” အဖြူရောင်ဝတ်အမျိုးသားက ပြောလိုက် သည် “မင်းတို့ကို ၃စက္ကန့်အချိန်ပေးမယ် မထွက်သွားရင် ငါတို့်ဖိအားပေးရတော့မှာပဲ သုံး နှစ် တစ်”
သူရေတွက်နေချိန်တွင် ရှီမာယူယူနှင့် တခြားသူများ လှုပ်ရှားမှုမရှိသည်ကို တွေ့လိုက်ရသည်။ အဖြူရောင် ဝတ်အမျိုးသားသည် အင်္ကျိလက်ကို မတင်ကာ သူတို့ဆီသို့ လျှောက်လာလေသည်။
“ဘုန်း”
ရှီမာယူလီ ကန်လိုက်ရာ သူလွှင့်သွားလေသည်။
ရှီမာယူလင်း လှုပ်ရှားသည်ကို မြင်သည်နှင့် တခြားနှစ်ယောက်သည် အော်လေသည် “မင်းက အစိမ်းရောင်နန်းတော်က တပည့်ကို ရိုက်ရဲတယ် မင်းသေချင်ပြီလား”
သူတို့နှစ်ယောက်သည် လက်နက်များထုတ်ကာ ဝိညာဉ်စွမ်းအင်ထည့်နေချိန်တွင် အားကောင်းသော ရောင်ဝါတစ်ခုသည် တစ်ခန်းလုံးအား လွှမ်းမိုးသွားလေသည်။ သူတို့နှစ်ယောက်၏ ဝိညာဉ်စွမ်းအင်သည် ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
“ရပ်ပါတော့ ရပ်ပါတော့” ဆိုင်ရှင်ဝင်လာသည်နှင့် ရောင်ဝါသည် ချက်ချင်းပင် ပျောက်ကွယ်သွားလေ သည်။ ထိုနေရာတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်လေသည်။
“ခင်ဗျားတို့ဘာလုပ်တာလဲ” ဆိုင်ရှင်သည် ရှားရင်ရင်နှင့် တခြားသုံးယောက်ကို မြင်သောအခါ အော် လေသည် “အမှတ်တရစားသောက်ဆိုင်မှာ ဝိညာဉ်စွမ်းအင်သုံးခွင့်မပြုဘူးလေ၊ ခင်ဗျားတို့က ဒီက စည်းကမ်းတွေ ကို မလေးစားတာလား”
ရှားရင်ရင်နှင့် အဖွဲ့သည် ဆိုင်ရှင်အားမြင်သည်နှင့် ကြောက်ရွံ့မိလေသည်။ သို့သော် သူတို့သည် အစိမ်း ရောင်နန်းတော်၏ တပည့်များဖြစ်ကာ ထိုကဲ့သို့ ဆက်ဆံမှုမျိုးကို ကြုံရခဲသည်။ သူတို့ပြောလိုက်သည်နှင့် ဒေါသ ထွက်ကာ “ဆိုင်ရှင် ဒါဘာကိုဆိုလိုတာလဲ ကျွန်မတို့က ဒီမှာအရိုက်ခံနေရတာလေ အဲဒါကို သူတို့ကို ကာကွယ်ပေးနေတုန်းပဲလား၊ ရှင်က အစိမ်းရောင်နန်းတော်ကို လေးစားမှုရောရှိသေးရဲ့လား”
ဆိုင်ရှင်သည် သူမပြောသည့်စကားကို ကြားသောအခါ မျက်နှာပျက်သွားကာ ပြန်ဖြေလေသည် “အဲဒါ ကျွန်တော်တို့ စည်းမျဉ်းတွေပါ ခင်ဗျားတို့က အစိမ်းရောင်နန်းတော်ကဆိုတာနဲ့ အဲဒါကို ဖျက်လို့မရဘူးလေ”
“ဆိုင်ရှင် အတင့်ရဲလိုက်တာ” ရှားရင်ရင်သည် ဒေါသထွက်လေသည် “ကျွန်မတို့က အစိမ်းရောင် နန်းတော်မှာ ပညာသင်လာတာ နှစ်ဆယ်ချီနေပြီ ရှင့်အမှတ်တရ စားသောက်ဆိုင်က ဖွင့်တာ ၁၀နှစ်ကျော်ပဲ ရှိ သေးတယ် ရှင်က ကျွန်မတို့နဲ့ လာယှဉ်ရဲသေးတယ် ရှင့်လိုမျိုး စားသောက်ဆိုင်လေး တစ်ခုကလေ ကျွန်မတို့ ဆိုင်ကို ဖျက်ဆီးမယ်ဆိုရင် ရင်ရပ်ကြည့်ရုံပဲတတ်နိုင်မယ်”
“အစိမ်းရောင်နန်းတော်က တကယ်ပဲ သတ္တိရှိပါတယ်၊ ဒါဆိုရင် င့ါနေရာကို မင်းတို့တကယ်ပဲ ဖျက်ဆီး နိုင်မလားဆိုတာ ကြည့်ကြတာပေါ့” ဆိုင်ရှင်သည် ထေ့ငေါ့လိုက်သည် “ငါတို့က ၁၀နှစ်ကျော်လောက်ပဲ ရှိသေး တယ်ဆိုပေမယ့် အလယ်ပိုင်းဒေသက လာခဲ့တာပဲ မင်းငါတို့ကို ခြိမ်းခြောက်ချင်တယ်ဆိုရင် အရင်ဆုံး မင်းရဲ့ စွမ်းရည်ကို ပြရဦးမှာပေါ့”
“ရှင်…”
“မင်းက နန်းတော်ရဲ့ သခင်မလေးဆိုတာ သိပါတယ် ဒါပေမဲ့ ဒီနေရာလာပြီး ငါတို့်ကို ခြိမ်းခြောက်ဖို့ မသင့်ဘူးဆိုတော့တော့ မသိသေးဘူးထင်တယ်၊ အိမ်ပြန်ပြီး အဖေ့ကိုခေါ်လိုက်ပါဦး ဧည့်သည်တွေကို လိုက်ပို့ လိုက်”
ဆိုင်ရှင် လက်ဝေ့လိုက်သည်နှင့် အံ့ဖွယ်အရှင်နှစ်ယောက်သည် ပေါ်လာကာ ရှားရင်ရင်နှင့် အဖွဲ့ကို ပြောလေသည် “ကိုယ့်ဘာသာ ထွက်သွားမလား နှင်ထုတ်ရမလား”
အံ့ဖွယ်အရှင်နှစ်ယောက်နှင့် တွေ့သောအခါ သူတို့သည် လက်လွတ်စပယ် မလှုပ်ရှားရဲပေ။ ရှားရင်ရင် နှင့် သူမအဖွဲ့သည် ဒေါသဖြင့် ထွက်သွားလေသည်။ သူတို့သာ နှင်ထုတ်ခံရပါက အရှက်ရစရာဖြစ်သည်။
ဆိုင်ရှင်သည် ရောက်သည်နှင့် ချက်ချင်း ရှားရင်ရင်တို့်အဖွဲ့ကို နှင်ထုတ်လိမ့်မည်ဟု ရှီမာယူယူ ထင် မထားခဲ့ပေ။ သူသည် အစိမ်းရောင်နန်းတော်၏ အမည်အောက်တွင် ဖိနှိပ်မခံသည့်ပုံပင်။
ဆိုင်ရှင်သည် ရှားရင်ရင်တို့ထွက်သွားသည်အထိ စောင့်ပြီး ရှီမာယူယူနှင့်အဖွဲ့ဘက်လှည့်ကာ လက်အုပ် ချီလေသည်။ သူသည် အပြုံးဖြင့် ပြောလေသည် “ကျွန်တော့်ကို ဘာလို့ခေါ်တာလဲဆိုတာ သိပါရစေ”
“သူဌေးရှင်းမိုရှိလားဆိုတာ မေးချင်လို့ပါ” ရှီမာယူယူ မေးလိုက်သည်။
ဆိုင်ရှင်သည် တိတ်တဆိတ်လန့်သွားကာ ကြောက်ရွံ့စွာဖြင့်မေးလိုက်သည် “သခင်လေးက ကျွန်တော့် သူဌေးနဲ့ သိတာလား”
“နည်းနည်းတော့ ရင်းနှီးတာပေါ့” ရှီမာယူယူပြောလိုက်သည် “အဲဒါကြောင့် သူရှိလား မရှိလား သိချင် တာ၊ သူရှိတယ်ဆိုရင် သွားနှုတ်ဆက်လို့ရတာပေါ့”
“ကျွန်တော် တကယ်တောင်းပန်ပါတယ် သူဌေးကဒီမှာမရှိပါဘူး သူက ဒီနှစ်တွေမှာ မလာခဲ့ပါဘူး” မန်နေဂျာပြောလိုက်လေသည်။
“အဲဒါဆို….” ရှီမာယူယူသည် စိတ်ပျက်သွားရာမှ ရုတ်တရက်ပြုံးကာ ရယ်မိလေသည်။
သူသာ တကယ်ပဲဒီမှာရှိရင် သူမ တကယ်ပဲ သွားတွေ့မလို့လား။
“ယူယူ ဘာဖြစ်လို့လဲ” ဘေဂုံထန်သည် ရှီမာယူယူ၏ အပြုအမူကို တွေ့သည်နှင့် မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး” ရှီမာယူယူသည် ခေါင်းရမ်းကာ မန်နေဂျာအား ပြောလေသည် “ဘာမှ လိုတာ မရှိပါဘူး”
“ဒါဆိုရင် ကျွန်တော်အရင်သွားနှင့်ပါမယ်” မန်နေဂျာသည် ရှီမာယူယူအား နားမလည်စွာကြည့်ကာ စားပွဲထိုးနှစ်ယောက်ကို လက်ပြကာ ထွက်ခွာခိုင်းလေသည်။
နာရီဝက်ကြာသောအခါ သူတို့သည် ပိုက်ဆံရှင်းကာ ထွက်ခွာတော့သည်။ စားပွဲထိုးသည် ဟင်းပန်းကန် များကို သိမ်းရန်လာလေသည်။ သူသည် ရှီမာယူယူ၏ ထိုင်ခုံတွင် ရေဖြင့်ဆွဲထားသော အမှတ်အသား တွေ့သည်နှင့် ဆိုင်ရှင်အား လျင်မြန်စွာခေါ်လေသည်။
ဆိုင်ရှင်သည် အမှတ်အသားအားမြင်သည်နှင့် အံ့သြစွာဖြင့် အော်လေသည် “ဒါ..ဒါက အလယ်ပိုင်းကို မြန်မြန်သွားသတင်းပို့လိုက်”