← Chapters

အပိုင်း (၄၇၃) – လမ်းအလယ်တွင်တိုက်ခိုက်ခြင်း

Vol. 005 Ch. 473

အပိုင်း (၄၇၃) – လမ်းအလယ်တွင်တိုက်ခိုက်ခြင်း

Vol. 005 Ch. 473

ရှီမာယူယူသည် စားပွဲပေါ်တွင် ရေဖြင့် အမှတ်တမဲ့ဆွဲလိုက်သော အမှတ်အသားသည် ထိုကဲ့သို့ ကြီးမား  သော ရိုက်ခတ်မှုဖြစ်လာမည်ဟု မထင်မိပေ။ သူမသည် အရင်ဘဝက မှတ်မိသော အရာတစ်ခုကို ရေးဆွဲလိုက်  ခြင်းပင်ဖြစ်သည်။

ထိုအချိန်တွင် သူတို့လေးယောက်သည် စားသောက်ဆိုင်မှထွက်ကာ ရွန်းယွမ်ဆိုင်သို့ သွားကြသည်။

အဝင်တွင် ဆိုင်အကူသည် သူတို့အား ကူညီပေးရန် ထွက်လာလေသည်။ သူသည် သူတို့ကို ဆိုင် အတွင်း ခေါ်သွားကာ နောက်ဆုံးတွင် တစ်ခါသုံးတည်ဆောက်မှုများအတွက် ပါဝင်ပစ္စည်းများထားရာနေရာ အရောက်တွင် ရပ်သွားလေသည်။ ဝူရန်ဖေနှင့် ဘေဂုံထန်တို့သည် အဂ္ဂိရတ်ပညာတွင် သုံးမည့်ပါဝင်ပစ္စည်း နှစ်မျိုးကို ရွေးချယ်ကြလေသည်။

“အားလုံးပေါင်း အလယ်အလတ်ဝိညာဉ်ကျောက် ၁၀၀၀ ကျပါတယ်” ဆိုင်အကူသည် ဈေးနှုန်းအားလုံး ကို တွက်ပြီးနောက် ပြောလေသည်။

ရှီမာယူယူသည် စိတ်ထဲတွင် အောင့်သွားသည်။ အရင်ကဆိုလျှင် သူမ အသုံးပြုခဲ့သည့် ပစ္စည်းများကို ရှီမာမျိုးနွယ်က ပြင်ဆင်ပေးထားခဲ့သည်။ သူမ ကိုယ်တိုင် မဝယ်ခဲ့ဖူးပေ။ ထိုပစ္စည်းများ ဈေးကြီးသည်ကို အခုမှ ပင် သိတော့သည်။

“အနိမ့်တိုင်းပြည်က သလင်းကတ်က ဒီမှာသုံးလို့ရလားဆိုတာ မေးပါရစေ”

ဆိုင်အကူသည် ခေတ္တရပ်သွားရာမှ ပြန်ဖြေလေသည် “အဲဒါက ဘာကတ်လဲဆိုတဲ့အပေါ်မှာ မူတည်ပါ တယ် အဲကတ်ကို ပြပေးလို့ရမလား”

ရှီမာယူယူသည် သူမ အပြာကတ်ကိုထုတ်ပေးရာ ဆိုင်အကူသည် ကြည့်ပြီးနောက် ပြောလေသည် “အပြာကတ်က အနိမ့်တိုင်းပြည်မှာဆိုရင် အမြင့်ဆုံးကတ်ပဲ ဒါပေမဲ့ ဒီမှာတော့ အနိမ့်ဆုံးအဆင့်ပဲ ဒါပေမဲ့ ဧည့်သည်တို့ကို ၅ရာခိုင်နှုန်းလျှော့ပေးလိုက်ပါမယ်”

“အဲဒါဆိုရင် ထပ်ပေါင်းလိုက်ပါ” ရှီမာယူူယူသည် ပြောရင်းနှင့် နောက်ထပ် သလင်းကတ်တစ်ခုကို ထုတ်လိုက်သည်။

ထိုကတ်သည် အသုံးဝင်သေးသည်ကို ဘယ်သူသိထားမှာလဲ။ သို့သော် အဆင့်ကျသွားသည်မှာတော့ အလွန်အမင်းဖြစ်သည်။

“ဒါဆိုရင် အားလုံးပေါင်း အလယ်အလတ်အဆင့်ကျောက် ၉၅၀ပါ ခဏလောက်စောင့်ပေးပါ” ဆိုင်ရှင် သည် သလင်းကတ်ကိုနှင့် အပြာကတ်ကိုကိုင်ကာ ကတ်တာဝန်ခံဆီသို့ ထွက်သွားလေသည်။

ကတ်များအား တာဝန်ယူသော တာဝန်ခံသည် ဆိုင်အကူယူလာသော ကတ်များကို တွေ့သောအခါ အံ့သြစွာပြောလေသည် “ဒီကတ်က ယိလင်းတိုင်းပြည်က အဖွဲ့ဝင်ကတ်မလား”

ထိုနေရာရှိ လူများသည် လှည့်ကြည့်ကြကာ စပ်စုစွာဖြင့် ပြောကြလေသည် “ယိလင်းတိုင်းပြည်ကလူ ဒီ ကို မလာတာဘယ်လောက်တောင် ကြာပြီလဲ သိချင်စရာပဲ တစ်ယောက်ယောက်ကတော့ တကယ်လုပ်နိုင်နေပြီ ပဲ”

“ဒီကိုလာတဲ့ ယိလင်းတိုင်းပြည်ကလူတွေက မွဲနေတာချည်းပဲ၊ ဒီလူကတော့ ဒီကိုလာပြီး ဝယ်နိုင်တယ် ဆိုတော့ မဆိုးဘူးပဲ”

“ငါတို့သခင်မလေးနဲ့ သခင်လေးက လွန်ခဲ့တဲ့နှစ်တွေက ယိလင်းတိုင်းပြည်ကို သွားခဲ့တယ်မလား၊ သူတို့ မနှစ်က ပြန်လာတာများလား”

“သူတို့သွားတာ နှစ်တွေတော့ကြာနေပြီထင်တယ်”

“သူတို့က ပြည်မကြီးက ပြန်လာတာမကြာသေးဘူးလို့ ပြောတယ်၊ ပြီးတော့ အလယ်ပိုင်းဒေသကို သွား တယ်တဲ့၊ သူတို့က နောက်လလေလံပွဲကို တာဝန်ယူထားကြတယ်မလား”

“သခင်မလေးနဲ့ သခင်လေးကတော့ တကယ် တစ်ခုခုပဲ၊ နောက်ဆိုရင်တော့ ရွန်းယွမ်ဆိုင် တစ်ဝက်  လောက်က သူတို့လက်ထဲရောက်တော့မှာ”

“အဲလိုတော့ မဟုတ်သေးဘူး တခြားသခင်လေးနှစ်ယောက်ကလည်း ဝယ်နိုင်တယ်လို့ ကြားတယ်”

“ဟီးဟီး သူတို့သာ အလယ်ပိုင်းဒေသမှာ လေလံပွဲအောင်မြင်အောင် လုပ်နိုင်ဆိုရင် အဲလိုဖြစ်မှာပဲ၊ သူတို့ သာ တစ်ခုခုမှားသွားရင် ထပ်ပြီးတော့ အခွင့်အရေးရှိတော့မှာမဟုတ်ဘူး” စကားပြောသူသည် သလင်းကတ်မှ ဝိညာဉ်ကျောက်များကို ပြောရင်းနှင့် ထုတ်ပြီး ဆိုင်အကူကိုပေးကာ “ပြီးပြီ ဧည့်သည့်ဆီမြန်မြန်သွားလိုက်တော့”

“ဟုတ်ကဲ့” ဆိုင်အကူသည် သလင်းကတ်နှင့် အဖွဲ့ဝင်ကတ်ကို ယူပြီး အပြင်သို့ ပြန်သွားလေသည်။

ရှီမာယူယူနှင့် တခြားသူများသည် ဆိုင်အကူပြန်လာရန် အတန်ကြာစောင့်လိုက်ရသည်။ သူသည် သလင်းကတ်နှင့် အပြာကတ်နှင့်အတူ သူတို့ဝယ်ထားသော ပစ္စည်းများယူလာကာ အိတ်နှင့် ထုတ်ပိုးပေးလေ သည်။ သူသည် သူတို့အား ပေးရင်းနှင့် ပြောလေသည် “ပစ္စည်းတွေ အဆင်သင့်ဖြစ်နေပါပြီ”

ရှီမာယူယူသည် မှော်ဝင်လက်စွပ်အတွင်းထည့်ကာ သူတို့လေးယောက်သည် ထွက်လာခဲ့လေသည်။ သူတို့ထွက်လာပြီး တည်းခိုဆောင်သို့ ဦးတည်ရာလမ်းတွင် တစ်စုံတစ်ယောက်သည် ဟန့်တားလေသည်။

“ရပ်လိုက်”

ရှီမာယူယူသည် သူတို့အား ကိုင်ထားသောလူများအား တွေ့သောအခါ ပြောလေသည် “ဖယ်”

ရှားရင်ရင်သည် လက်ပိုက်ကာ လူတချို့ရှေ့တွင် ရပ်ကာ ပြောလေသည် “ဖယ်ဟုတ်လား မင်းက ခုနက အစိမ်းရောင်နန်းတော်က ငါ့လူတွေကို ရိုက်ပြီးတော့ အခု ဖယ်စေချင်တာလား”

ထိုနေရာသည် လူသွားလူလာများသော လမ်းဖြစ်သဖြင့် လှုပ်လှုပ်ရှားရှားဖြစ်သည်နှင့် ဘေးမှလူများ သည် စပ်စုစွာ ကြည့်လေသည်။

အစိမ်းရောင်နန်းတော်ကလူကို ရိုက်ရဲတဲ့သူရှိတယ်ဟုတ်လား။ သူတို့က သတ္တိရှိတာပဲ။

“မင်းပြောတာက ငါတို့သီးသန့်ခန်းကို လုလို့ အမှတ်တရစားသောက်ဆိုင်က နှင်ထုတ်ခံရတဲ့ အကြောင်း ကိုပြောနေတာလား” ရှီမာယူယူ ကြည့်လိုက်ရာ သူမ၏ ရိုးရှင်းသော စကားတစ်ခွန်းသည် အခြေအနေတစ်ခုခုံး ကိုရှင်းပြီးသားဖြစ်လေသည်။

ဘေးမှ လူများသည် ချက်ချင်းပင် နားလည်သွားလေသည်။ အဲလူတွေက တကယ်ပဲ တခြားသူတွေရဲ့ သီးသန့်အခန်းကို လိုချင်လို့ အရိုက်ခံရပြီး စားသောက်ဆိုင်က နှင်ထုတ်ခံရတာပေါ့။

ရှားရင်ရင်သည် အမူအရာပြောင်းသွားကာ ပြန်အော်လေသည် “ရှင် မဟုတ်တာတွေ ပြောရဲသေးတယ် ကိုယ့်လူတွေ အဲလေးယောက်ကို လာဖမ်းလိုက်တော့”

“ဟုတ်ကဲ့ပါ သခင်မလေး”

လူ၈ယောက်သည် ချက်ချင်းအရှေ့တက်လာသည်။ သူမသည် ထိုလူများကို အခုလေးတင် ခန့်ထား သည်ကို တစ်ချက်ကြည့်ရုံနှင့်ပင်သိနိုင်သည်။

“မင်းက ကိုယ့်ကိုယ်ကို ရှက်ရကောင်းမှန်းမသိရင် ငါမင်းကို ရယ်စရဖြစ်အောင်လုပ်ပေးမယ်”

ရှီမာယူယူသည် လင်းလုံအားထုတ်ကာ ကြာပွတ်အသွင်ပြောင်းလိုက်သည်နှင့် ဘေဂုံထန်နှင့် တခြားသူ များသည်လည်း တိုက်ခိုက်ရန် လက်နက်များထုတ်လိုက်ကြသည်။

သူတို့ ၈ယောက်တွင် ၆ယောက်မှာ အံ့ဖွယ်ဘုရင်လက်သစ်များဖြစ်ကြပြီး ၂ယောက်မှာ အလယ်အလတ် အဆင့်ဖြစ်သည်။ သူတို့၄ယောက်အဆင့်နှင့်ဆိုလျှင် တိုက်ခိုက်ရန် ခက်ခဲမည်။

“ရှင်တို့က ငါ့တို့ကို ရိုက်နိုင်ဦးမယ်လို့ ထင်တုန်းပဲလား၊ သူတို့ကို မဖမ်းခင် အရင်ရိုက်ကြ” ရှားရင်ရင် အမိန့်ပေးလိုက်လေသည်။

ရှီမာယူယူသည် တစ်ဖက်လူလှုပ်ရှားသည်ကို မစောင့်တော့ပေ။ သူမသည် ချက်ချင်းပင် ကြာပွတ်အား  သူတို့လည်ပင်းပတ်လည်တွင် ဝေ့ရမ်းလိုက်လေသည်။ တစ်ချက်ဆွဲလိုက်သည်နှင့် ထိုလူသည် ပျံသွားကာ မြေ  ပေါ်တွင် ပြင်းထန်စွာကျလေသည်။

ဘေဂုံထန်နှင့် တခြားသူများလည်း တိုက်ခိုက်ကြတော့သည်။ ထိုနှစ်များတွင် သူတို့သည် ရှီမာယူယူ  နောက်လိုက်ရင်း လေ့ကျင့်ခြင်းတွင် မလစ်ဟာစေပဲ တိုက်ခိုက်ရာတွင် ပြင်းထန်စွာ လေ့ကျင့်ခဲ့ကြသည်။

လူများစွာနှင့် တစ်ခါတည်းတိုက်မည်ဆိုလျှင် အနီးကပ်တိုက်ခိုက်ခြင်းသည် ပို၍ သက်ရောက်မှုရှိသည်။ ထိုလူများ တိုက်ခိုက်ရန် ပြင်ဆင်နေချိန်မှာပင် သူတို့၄ယောက်၏ ရိုက်ခြင်းကို ခံရလေသည်။ အခုတော့ သူတို့ သည် လူ၄ယောက်ထံတွင် ကျရှုံးနေပြီဖြစ်သည်။

အလယ်အလတ်အံ့ဖွယ်ဘုရင် ၂ယောက်နှင့် အံ့ဖွယ်ဘုရင်လက်သစ် ၂ယောက်သာကျန်သည်။ သူတို့် သည် အဆင့်အားဖြင့် မြင့်သော်လည်း တိုက်ပွဲစွမ်းရည်ကောင်းသော ဘေဂုံထန်နှင့် တခြားသူများအတွက် အနိုင်ရရန် မခက်ခဲပေ။

ထိုကဲ့သို့ တိုက်ခိုက်မှုများသည် မကြာခဏမြင်တွေ့ရတတ်သည်။ ဒီလိုနေရာမျိုးတွင် ကာကွယ်ရေး တည်ဆောက်မှုသည် အလိုလိုတည်ဆောက်ပြီးသားဖြစ်သည်။ တစ်စုံတစ်ယောက် တိုက်ခိုက်မှုစသည်နှင့် အဆောက်အဦးများ မထိခိုက်စေရန် ကာကွယ်ရေးတည်ဆောက်မှုသည် အသက်သွင်းပြီးဖြစ်လေသည်။

ရှီမာယူယူ၏ ကြာပွတ် ရိုက်သံနှင့် ကြာပွတ်ပေါ်မှ မီးတောက်နှင့်ဆိုလျှင် မည်သူ့အပေါ်သို့ ကျရောက် သည်ဖြစ်စေ မီးစွဲပြီးဖြစ်လေသည်။ ပြိုင်ဘက်သည် အနိုင်ရရန်သာ တွေးနေခဲ့သည်။

သူမ ပြိုင်ဘက်သည် ရှီမာယူယူအား အနိုင်ရရန်အတွက် ဝိညာဉ်စွမ်းအင်ကို သူမအား ခုန်အုပ်မည့် ကျားသစ်အသွင်ပြောင်းလေသည်။ ရှီမာယူယူသည် ကြာပွတ်ကို ဦးတည်ချက်ပြောင်းကာ သူမအား ရန်သူအနေ နှင့် တိုက်မည့် ကျားသစ်ကို ဦးတည်လိုက်သည်။

“မင်းရဲ့ ရက်စက်မှုကိုခြွေတာထားဦး မင်းတို့အားလုံးကို ငါဘယ်လိုအနိုင်ယူမလဲဆိုတာ ကြည့်ထား” အနက်ရောင်ဝတ်အမျိုးသားသည် စားသောက်ဆိုင်ထဲမှ အော်လေသည်။

သူသည် အလယ်အလတ်အံ့ဖွယ်ဘုရင်ဖြစ်ကာ သူခေါ်ထားသောလူများသည် ရှီမာယူယူနှင့်အဖွဲ့ကို အနိုင်ရရန်မဖြစ်နိုင်သည်ကို တွေ့သည်နှင့် ကိုယ်တိုင်လှုပ်ရှားတော့သည်။

ဝိညာဉ်သခင်များ၏ တိုက်ပွဲများသည် ထိုအတိုင်းဖြစ်သည်.. တစ်ယောက်ယောက်က ဝိညာဉ်စွမ်းအင် မသုံးခင်တွင် တိုက်ပွဲအဆင့်မမြင့်သေးပေ။ သို့သော် တစ်ယောက်သာ ဝိညာဉ်တိုက်ခိုက်မှု အသုံးပြုလိုက်ပါက ပြဿနာကြီးလာသည်ဖြစ်သည်။

ထို့အပြင် ထိုကျားသစ်သည် သတ္တုအရည်အချင်းဖြစ်သည်။ သံမဏိကျားသစ်နှင့်တူသော်လည်း တိုက် ခိုက်မှုအများစုမှာ သူ့ကို ထိုးမပေါက်ပေ။

ရှီမာယူယူသည် သံမဏိကျားသစ်ကို အနည်းငယ်အံ့သြမိသည်။ သတ္တုအရည်အချင်းတိုက်ခိုက်မှုကို လက်နက်အဖြစ်အသုံးများသည်။ သို့သော် ဝိညာဉ်သားရဲအဖြစ် ပေါ်လာသည်မှာ ရှားသည်။ ထိုအမျိုးအစား သည် လက်နက်များထက်ပိုကောင်းရခြင်းမှာ ဝိညာဉ်သားရဲများသည် ကိုယ်ပိုင်အစွမ်းအစနှင့် အသိစိတ်ရှိခြင်းကြောင့် ဖြစ် သည်။

ကြာပွတ်ပေါ်မှ မီးတောက်သည် ကျားသစ်၏ ခန္ဓာကိုယ်အပေါ်တွင် အရာများဖြစ်စေသည်။ သို့သော် မီးမစွဲပေ။

“ဝေါင်း”

ကျားသစ်သည် သူမအား ခုန်အုပ်ရာ သူမသည် နောက်ဆုတ်ပြီးရှောင်လိုက်လေသည်။ သို့သော် တခြား ဘက်များမှ မီးတောက်လုံးများ ပစ်ဝင်လာသဖြင့် သူမသည် လှည့်ပြီး ရှောင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူမသည် ကြာပွတ်ရမ်းကာ ကျားသစ်၏ လည်ပင်းတွင် ပတ်လိုက်သည်။

“ဝေါင်း”

ကျားသစ်သည် လက်သည်းများထုတ်ကာ ကြာပွတ်အား ဖြတ်မည်လုပ်သည်။ ဒါပေမဲ့ လင်းလုံက သူ ဖြတ်တိုင်းရမှာလား။

သာမန်မီးတောက်များသည် ကျားသစ်အတွက် အသုံးမဝင်သည်ကို ရှီမာယူယူတွေ့သည်နှင့် ကြက်သွေး  ရောင်မီးတောက် အနည်းငယ်ထည့်လိုက်သည်။ ထိုကျားသစ်သည်ချက်ချင်းပင် ဝိညာဉ်စွမ်းအင်အဖြစ်ပြောင်း သွားပြီး လေတွင်ပျောက်ကွယ်သွားလေသည်။

All Chapters