အပိုင်း (၄၇၄) – မင်းတို့ကတကယ်အရှက်မရှိတာပဲ
Vol. 005 Ch. 474
“ဝေါင်း”
သံမဏိကျားသစ်သည် ပျောက်ကွယ်သွားသည်နှင့် လှံရှည်တစ်ခေါင်းသည် သူမဆီသို့ရောက်လာ သည်။ သူမသည် ကြာပွတ်အားလျင်မြန်စွာ ဝေ့ရမ်းကာ ပျံသွားလေသည်။
သို့သော် ထိုလှံရှည်သည် လေတွင် ဝှေ့ပတ်ကာ ရှီမာယူယူဆီသို့ ပျံလာပြန်သည်။ သူမ သွားသည့်နေရာ တိုင်းသို့ ထိုလှံရှည်သည် သူမနောက်လိုက်လာသည်။ ထိုလှံရှည်တွင် မျက်လုံးရှိနေသည့်အတိုင်းပင်။
ထိုလှံရှည်သည် အဖြူရောင်ဝတ်အမျိုးသား၏ လက်နက်ဖြစ်ကာ အံ့ဖွယ်အဆင့်နိမ့်လက်နက်ဖြစ်သည်။ သူသည် လှံရှည်အားတီထွင်ထားသူဖြစ်၍ သူ၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်။ သူသည် လှံရှည်ကို ကိုင်ထား ရန်မလိုပဲ သူ့ဘာသာ တိုက်ခိုက်လေသည်။
“သွား” ရှီမာယူယူသည် လင်းလုံအား ပစ်လိုက်ရာ လင်းလုံသည် လှံရှည်နှင့် လေထဲတွင် တိုက်ကြလေ သည်။
သူမသည် လင်းလုံကို ဖန်တီးခဲ့ခြင်းမဟုတ်သော်လည်း သူမသည် ဝိညာဉ်လက်နက်ဖြစ်သည်။ သူမအား သခင်တစ်ယောက်အဖြစ် မှတ်မိနေသရွေ့တော့ လင်းလုံသည် သူမနှင့် ဆက်သွယ်၍ ရမည်ဖြစ်သည်။ ထို့ကြောင့် သူမအား မထိန်းချုပ်ထားသော်လည်း သူမဘာသာ တိုက်ခိုက်နိုင်လေသည်။ သူမသည် ရှီမာယူယူ ထိန်းချုပ်ထားသည်ထက်ပင် ပိုသန်မာနေသည်။
ရှီမာယူယူသည် အနက်ရောင်ဝတ်အမျိုးသားအား ကြည့်လိုက်သည်။ သူသည် စကားနည်းကာ အေး စက်သော ခံစားမှုမျိုးပေးသည်။ သူ့တွင် အဆင့်နိမ့်ဝိညာဉ်လက်နက်ရှိလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ အစိမ်းရောင်နန်းတော်တွင် သူ့ရာထူးသည် နိမ့်သည့်ပုံမရှိပေ။
သူမ လက်နှစ်ဖက်ချိတ်လိုက်သည်နှင့် များစွာသော ဓားသွားများ သူမရှေ့တွင်ပေါ်လာသည်။ သူမ အမိန့်ပေးလိုက်သည်နှင့် ထိုဓားသွားများသည် အနက်ရောင်ဝတ်အမျိုးသားအား တိုက်ခိုက်လေသည်။
ထိုအနက်ရောင်ဝတ်အမျိုးသားသည် သူ၏ အံ့ဖွယ်လက်နက်ကို ထိန်းချုပ်နေသဖြင့် သူမ တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်စွမ်းမရှိပေ။ သူက အံ့ဖွယ်လက်နက်ထိန်းချုပ်တာကို လွှတ်ရမှာလား မဟုတ်ရင် ဓားသွားတွေရဲ့ တိုက်ခိုက်တာကို ခံရမှာလား။
“ရွှန်း”
ဘေးမှ ဓားသွားတစ်ခုပျံလာသည်။ ထိုဓားသွားများသည် ရှားရင်ရင်၏ လက်ထဲသို့ ပြန်သွားလေသည်။
နောက်ထပ် အဆင့်နိမ့်အံ့ဖွယ်လက်နက် တစ်စုံပဲ။
“ရှင်တို့မှာ အရည်အချင်းရှိမယ်လို့ ထင်မထားဘူး၊ အဲဒါကြောင့် ရှင်တို့က အစိမ်းရောင်နန်းတော်ကို ဆန့်ကျင်ရဲတာကိုး” ရှားရင်ရင်သည် ရှီမာယူယူအား ကြည့်ပြီးပြောလေသည် “ဒါပေမဲ့ ရှင်တို့က ငါတို့ထက် ဘယ် လောက်များတော်နိုင်မှာလဲ အစိမ်းရောင်မျက်လုံးကျား ထွက်လာပြီး သူတို့ကို စုတ်ဖြဲလိုက်တော့”
အစိမ်းရောင်မျက်လုံးများသည် အားလုံးရှေ့တွင် ပေါ်လာကာ သူ့ရောင်ဝါသည် အံ့သြစရာကောင်း လောက်အောင် အထွတ်အထိတ်သားရဲ အဆင့်၂ဖြစ်လေသည်။
ရှေးဟောင်းကမ္ဘာဦးနယ်မြေများတွင် အဆင့်အနိမ့်ဆုံးသားရဲများမှာ အထွတ်အထိတ်အဆင့်၂ဖြစ်သည် ကို ရှီမာယူယူ သိပြီးသားဖြစ်လေသည်။ သူတို့သည် လုံလောက်စွာ မသန်မာသေးသဖြင့် အထွတ်အထိတ် သားရဲ နှင့် စာချုပ်ချုပ်ခြင်းသည် သူတို့၏ စိတ်စွမ်းအားနှင့် ရှေ့လျှောက် ကြီးထွားလာမှုကို ထိခိုက်စေနိုင်သည်။
ရှားရင်ရင်တွင် အဆင့်၂ အထွတ်အထိတ်သားရဲ ရှိလိမ့်မည်ဟု ထင်မထားပေ။ ထိုသည်မှာ သူမ စိတ် စွမ်းအားသည် သာမန်မဟုတ်သည်ကို ပြနေသည်။
“ဟိန်းသံထောင်ချီ သူတို့နဲ့ လာကစားလိုက်ဦး” ရှီမာယူယူ ပြောလိုက်သည်။
ဟိန်းသံထောင်ချီပေါ်လာသည်နှင့် လမ်းပေါ်ရှိအားလုံးသည် အံ့သြစွာဖြင့် စုတ်သပ်လိုက်ကြသည်။ နှစ် ဖက်လုံးတွင် အဆင့်၂အထွတ်အထိတ်သားရဲ များရှိကြသည်။
ရှားရင်ရင်သည် အစိမ်းရောင်နန်းတော်အရှင်၏ သမီးဖြစ်သည်ကို သူတို့သိကြသည်။ သူမသည် အဂ္ဂိရတ်ပညာရှင် တစ်ယောက်လည်းဖြစ်သည်။ ထို့ကြောင့်ပင် အစိမ်းရောင်နန်းတော်တွင် သူမရာထူးသည် မနိမ့်ပေ။ ထိုအချိန်အတောအတွင်းတွင် သူမသည် အဆင့်၂ အထွတ်အထိပ်သားရဲ ပိုင်ဆိုင်ခဲ့သည်။ ထိုသည်မှာ အစိမ်းရောင်နန်းတော်အတွက် လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့သည်။
ထို့ကြောင့်ပင် သူမ အစိမ်းရောင်မျက်လုံးကျားအား ခေါ်ထုတ်လိုက်ချိန်တွင် အားလုံး မအံ့သြကြပေ။ သို့သော် သူမ ပြိုင်ဘက်ကတော့ ဘယ်လိုမျိုး နောက်ခံရှိတာလဲ။ သူက ငယ်သည့်ပုံပေါက်သော်လည်း အဆင့်၂ အထွတ်အထိပ်သားရဲရှိနေသည်။ သူက အင်အားကြီးတစ်ခုက ပါရမီရှင်လား။
အထွတ်အထိတ်သားရဲ ၂ကောင်သည် ထွက်ထွက်လာချင်းပင် စတင်တိုက်ခိုက်ကြလေသည်။ အစိမ်း ရောင်မျက်လုံးကျားသည် ဟိန်းသံထောင်ချီလောက် သန်မာသည်။ သို့သော် သူတို့သွေးသားအရ အင်အား တွင်တော့ သူသည် ဟိန်းသံထောင်ချီကို မယှဉ်နိုင်ပေ။
“ဘုန်း”
“ဘုန်း”
ဟိန်းသံထောင်ချီသည် အစိမ်းရောင်မျက်လုံးကျားအား ရိုက်လိုက်သည်နှင့် အနက်ရောင်ဝတ်အမျိုးသား ၏ လှံရှည်သည် မြေပေါ်သို့ကျသွားလေသည်။
“အဲလောက် မြန်မြန်ရှုံးသွားတာလား အဲဒီမြေခွေးက အဲဒီကျားထက်ပိုသန်တာပဲ”
“သူတို့နှစ်ကောင်လုံးက အဆင့်၂ အထွတ်အထိပ်သားရဲမဟုတ်ဘူးလား ဘယ်လိုလုပ် အဲလောက် မြန်မြန် ရှုံးသွားတာလဲ” လူများသည် နားမလည်နိုင်တော့ပေ။
“အဲဒီမြေခွေးရဲ့ သွေးသားက ကျားထက် ပိုသန်မာတယ်၊ သွေးသားရဲ့ သက်ရောက်မှုအနေနဲ့ ကြည့် မယ်ဆိုရင် အဲမြေခွေးကို နိုင်ဖို့မဖြစ်နိုင်ဘူး” လူတစ်ယောက်က ရှင်းပြလေသည်။
“မြေခွေးရဲ့ သွေးသားက ကျားထက် တကယ်သန်မာတာလား”
“ဒီလူမှာ ဖုံးကွယ်ထားတာတော့ ရှိမှာပဲ သူ့မှာ ဒီလိုသွေးသားရှိတဲ့ စာချုပ်သားရဲရှိနေတာဆိုတော့”
“သူက အဖွဲ့ကြီးတစ်ခုရဲ့ တပည့်မဖြစ်နိုင်ဘူးလား”
“အဖွဲ့ကဘယ်လောက်ပဲ ကြီးကြီး အစိမ်းရောင်နန်းတော်ထက်တော့ ကြီးဦးမလား”
“တခြားနေရာကလည်း ဖြစ်နိုင်တာပဲ”
“မဖြစ်နိုင်ဘူး”
“….”
ရှားရန်ရန်သည် သူမစာချုပ်သားရဲသည် မြန်မြန်ရှုံးနိမ့်သွားသည်ကို တွေ့သောအခါ အလွန်မှင်တက် သွားကာ သူ့ဒဏ်ရာများကို ကြည့်ရန် ပြေးသွားလေသည်။
“ဘာဖြစ်လို့လဲ” လူတစ်စုသည် လျှောက်လာလေသည်။ သူတို့ထဲမှ တစ်ယောက်သည် အစိမ်းရောင် နန်းတော်အဖွဲ့အားတွေကသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
“ဆရာတူအစ်ကိုဟွောင်” ရှားရင်ရင်သည် မတ်တတ်ရပ်ကာ ရှီမာယူယူနှင့် အဖွဲ့ကို ညွှန်ပြပြီး ပြော လေ သည်။ “သူတို့က ညီမတို့ အစိမ်းရောင်နန်းတော်ကို အနိုင်ကျင့်တယ် ပြီးတော့ ညီမတို့ ဆရာတူအစ်ကိုကို လည်း ရိုက်သေးတယ်”
ဟွောင်ကျင်းဝမ်သည် ရှီမာယူယူဘေးရှိ ဟိန်းသံထောင်ချီကို ကြည့်ကာ ပြောလေသည် “အဆင့်၂ အထွတ်အထိပ်သားရဲပဲ သူတို့ မာန်တက်တာလည်းမပြောနဲ့ ငါတို့အစိမ်းရောင်နန်းတော်က တပည့်တွေကို ထိခိုက် အောင်လုပ်ရဲတယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ဖမ်းပြီး အပြစ်ပေးမယ်”
ပြောပြီးနောက်တွင် အဆင့်၂ အထွတ်အထိတ်သားရဲသည် သူ့ဘေးတွင် ပေါ်လာလေသည်။
ဝူရန်ဖေ ဒဏ်ရာရထားသည်ကို ရှီမာယူယူမြင်သောအခါ မျက်မှောင်ကြုတ်ကာ ပြောလေသည် “မင်းတို့ အစိမ်းရောင်နန်းတော်မှာ အကျိုးအကြောင်းသင့်တဲ့သူ မရှိတော့ဘူးလား၊ အုပ်စုကြီးက အုပ်စုသေးတစ်ခုကို အနိုင်ကျင့်တာပေ့ါ၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့လာနေတာ ပုန်းလျှိုးကွယ်လျှိုးနဲ့ တိုက်သေးတယ်၊ မင်းတို့ အစိမ်းရောင် နန်းတော်ရဲ့ ဂုဏ်ကိုတောင် ထည့်မတွက်တော့ဘူး အရှက်မရှိလိုက်တာ၊ မင်းတို့ အစိမ်းရောင်နန်းတော်က အဆင်ပြေတဲ့အဖွဲ့လို့ထင်ထားတာ ကြည့်ရတာ အဲလိုမဟုတ်ဘူးထင်တယ်၊ ဟာစွန် ထွက်ခဲ့”
ဟာစွန်ထွက်လာသည်နှင့် အားလုံးသည် ပင့်သက်ရှိုက်လိုက်ကြသည်။ ဒီလူမှာ နောက်ထပ် အထွတ်အထိပ်သားရဲ ရှိနေတာပေါ့။
ပြီးရင် အဆင့် ၃အထွတ်အထိပ်သားရဲပဲ…
“သူတို့အားလုံးကို ရှင်းလိုက်ရမှာလား” ဟာစွန်မေးလိုက်သည်။
ရှီမာယူယူသည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလေသည် “ထားလိုက်တော့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က သူတို့မြေမှာရောက်နေတာ သူတို့ကို သတ်လိုက်ရင် နောက်ကို အခက်တွေ့နိုင်တယ် ငါတို့ကို လာမထိအောင် ပဲလုပ်လိုက်”
“ကောင်းပြီ” ဟာစွန်သည် လက်ကို ညင်သာစွာရမ်းကာ ပြောလိုက်သည် “ပြီးပြီ”
“သွားမယ်” ရှီမာယူယူ ပြောလိုက်သည်။
သူတို့နှစ်ယောက်ထွက်သွားသည်နှင့် ရှားရင်ရင်နှင့် တခြားသူများသည် သူတို့အား မတားနိုင်တော့ပေ။ သူတို့ထွက်သွားသည်ကို ကြည့်ပဲကြည့်နေတော့သည်။
တခြားသူများသည် ကြည့်နေချိန်တွင် တစ်စုံတစ်ယောက်သည် သဲလွန်စတစ်ခုကို တွေ့လေသည်။ သူ သည် အံ့သြစွာဖြင့် အော်လေသည် “သူတို့ အကြောသေနေကြပြီ”
“ဘယ်လိုဖြစ်ပြီးတော့လဲ”
“ဝိညာဉ်ချုပ်တာပဲ” အမှတ်တရစားသောက်ဆိုင်မှ ဆိုင်ရှင် ပြောလေသည်။
သူသည် ရေအမှတ်အသားကိစ္စရှင်းပြီးနောက် လာခဲ့သည်။ သူတို့ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ဝိညာဉ်ချုပ်တာ ဟုတ်လား”
အားလုံးသည် တံတွေးမျိုချလိုက်သည်။ သူသည် လက်ကိုညင်သာစွာ ဝေ့လိုက်သည်နှင့် အားလုံးသည် အကြောသေသွားကြသည်။
“အဆင့်၂အထွတ်အထိပ်သားရဲနဲ့ အဆင့်၃အထွတ်အထိပ်သားရဲပဲ အဲလူက ဘယ်လိုနောက်ခံမျိုးရှိနေတာ လဲ”
“ဘယ်လိုပဲဖြစ်ဖြစ် သူဒီလိုလုပ်သွားတော့ အစိမ်းရောင်နန်းတော်ကလူတွေ သူ့ကို လက်လွတ်စပယ် လုပ်ရဲ့တော့မှာမဟုတ်ဘူး၊ သူတို့ သေချာစဉ်းစားသွားကြမှာပဲ” ရွန်းယွမ်ဆိုင်မှ အကြီးအကဲသည် ထွက်လာရင်း နှင့် မှတ်ချက်ပေးလေသည်။ တိုက်ပွဲမှာ ပြီးဆုံးသွားသဖြင့် ကြည့်စရာမရှိတော့ပေ။
ရှီမာယူယူနှင့် အဖွဲ့သည် လမ်းထောင့်ကွေ့သွားသည်နှင့် ဟာစွန်သည် လက်ကို ထပ်ဝေ့ရမ်းလိုက်ရာ အစိမ်းရောင်နန်းတော်မှ လူများသည် သတိပြန်ဝင်လာကာ လှုပ်ရှားနိုင်လေသည်။ သို့သော် သူတို့သည် တစ်ယောက်ချင်းစီ လမ်းပေါ်တွင် ထထိုင်ကာ ချွေးအေးများထွက်လာလေသည်။ သူတို့မျက်လုံးထဲမှ အကြောက် တရားများရှိနေဆဲပင်ဖြစ်သည်။
ရှီမာယူယူနှင့် တခြားသူများသည် သူတို့တည်းခိုသော တည်းခိုဆောင်သို့ ပြန်လာလေသည်။ ဝူရန်ဖေ သည် ဆေးတချို့ကိုစားကာ သူ့ပခုံးပေါ်မှ ဒဏ်ရာအား ကုသလေသည်။
“မင်းတို့ ဒီနေ့ ပင်ပန်းသွားကြမှာပဲ၊ အနားယူသင့်တယ်” ရှီမာယူယူသည် ပြောပြီးနောက် သူမ အခန်းသို့ ပြန်လာလေသည်။
သူတို့သည် အကြည့်ချင်းဖလှယ်ကာ ရှီမာယူလင်းသည် ဘေဂုံထန်အား ပြောလိုက်လေသည် “သူမကို သွားကြည့်လိုက်ဦး”
“ကောင်းပြီ မင်းတို့် သွားပြန်နားလိုက်ဦး” ဘေဂုံထန်သည် ပြောပြီးနောက် ရှီမာယူယူအခန်းသို့ လာလိုက် လေသည်။ သူမသည် တံခါးခေါက်ပြီးနောက် တုန့်ပြန်သံကြားသည်နှင့် ဝင်လာလိုက်သည်။
သူမ ဝင်သည့်အချိန်တွင် ရှီမာယူယူသည် အိပ်ရာဘေးတွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။ သူမ လက်ထဲတွင် အမှတ်တရစားသောက်ဆိုင်မှ သုံးသော ခွက်ဖြင့် ကစားနေလေသည်။