← Chapters

အပိုင်း (၄၇၅) – သူတို့အား ပြောပြခြင်း

Vol. 005 Ch. 475

အပိုင်း (၄၇၅) – သူတို့အား ပြောပြခြင်း

Vol. 005 Ch. 475

“နင်ဘာလို့မနားတာလဲ”

ရှီမာယူယူသည် ခေါင်းထောင်ကာ ဘေဂုံထန်အား ကြည့်ပြီးနောက် ပြန်ခေါင်းငုံ့ကာ ခွက်နှင့် ဆက် ကစားနေလေသည်။

“နင့်ကိုလာတွေ့တာ” ဘေဂုံထန်သည် လျှောက်လာကာ ထိုင်လေသည် “ဒီနေ့နင်ဘာဖြစ်နေတာလဲ”

“ဘာမှမဖြစ်ပါဘူး” ရှီမာယူယူ ခေါင်းရမ်းလေသည်။

ဘေဂုံထန်သည် လက်ဆန့်ထုတ်ကာ ခွက်အား ဆော့ရင်းပြောလေသည် “အစက နင့်ကို မေးဖို့ အစီအစဉ်မရှိဘူး၊ နင်ပြောလာမယ့်အချိန်ကို စောင့်နေတာ ဒါပေမဲ့ ဒီအခြေအနေက တော်တော် ဝေးသွားနေပြီ  ပြီးခဲ့တဲ့တစ်ခေါက် နင်အံ့ဖွယ်အဆင့်တက်ပြီးတာနဲ့ လဲကျသွားတယ် ဒီနေ့လည်း နင်ရုတ်တရက်ကြီး ဝမ်းနည်း  နေတယ် ငါတို့အတွက်က မေးဖို့မခက်ပါဘူး၊ နင်ဘာတွေဖြစ်နေတာလဲ တစ်ခုခုဖြစ်နေတယ်ဆိုရင် ငါတို့လည်း ဝန်ထုတ်ဝန်ပိုးကို ကူထမ်းပေးနိုင်တာပေါ့”

“အဲလိုတွေတော့ရှိတယ်… နင်ပြောလိုက်ရင်လည်း ပြောင်းလဲမပေးနိုင်ဘူး” ရှီမာယူယူပြောလိုက်သည်။

“အဲတုန်းက ငါလည်းအဲလိုပဲတွေးခဲ့တယ်၊ ဒါပေမဲ့ နင်ငါ့ကို ဘာပြောခဲ့လဲ၊ ပူလွောင်တောင်တန်းမှာတုန်း က အရင်က ဘာဖြစ်ခဲ့ဖြစ်ခဲ့… ရှေ့လျှောက် ဘာဖြစ်သင့်လဲ ဆိုတာတွေကို အတူဖြေရှင်းဖို့ ပြောခဲ့တယ်လေ ငါတို က အတူလက်တွဲနေကြတဲ့ ရဲဘော်တွေပဲ တစ်ယောက်ကျောကို တစ်ယောက်ထောက်ထားကြတာလေ၊ ငါတို့ စိတ်တွေကို မျှဝေပေးချင်တယ်ဆိုရင် ငါတို့က ဒီနေရာမှာပဲရှိနေတာပဲ၊ ငါတို့နှစ်တွေအကြာကြီး အတူနေပြီး ဖြစ် လာတာတွေလည်း အတူရင်ဆိုင်ခဲ့တာ မိသားစုလိုဖြစ်နေပြီ နင်မပြောနိုင်ဖြစ်နေတာ ဘာကိစ္စလဲ” ဘေဂုံထန် ပြောလေသည် “ဘာပဲဖြစ်ဖြစ် ငါတို့်က အတူရှိနေပေးမှာပဲ”

ရှီမာယူယူသည် လှုပ်ခတ်ခြင်းမရှိသော ဘေဂုံထန်၏ အကြည့်ကိုတွေ့သည်နှင့် ခေတ္တမျှ စဉ်းစားလိုက် သည်။ ထို့နောက်တွင် သူမ သက်ပြင်းချကာ ပြောလေသည်။ “နင်တို့နှစ်ယောက်လည်း လာလို့ရတယ်”

ဝူရန်ဖေနှင့် ရှီမာယူလင်းတို့ဝင်လာသည်။ သူတို့သည် ချောင်းနားထောင်သည်ကို မိသွားသည်ကို မရှက် ရွံ့တော့ပေ။ သူမ စွမ်းအားနှင့်ဆိုလျှင် သူတို့အပြင်မှာ ရှိသည်ကို သူမသိပြီးသားဖြစ်မည်။

“ငါ တစ်ဘဝလုံး ယိလင်းတိုင်းပြည်မှာနေခဲ့တာတောင် အမှတ်တရစားသောက်ဆိုင်က သခင် ရှင်းမိုကို ဘယ်လိုသိလဲဆိုတာ မင်းတို့်သိချင်နေတာထင်တယ်” ရှီမာယူယူ မေးလိုက်သည်။

“နည်းနည်းပေါ့” ဘေဂုံထန် ပြောလိုက်သည် “ဒါပေမဲ့ နင် ရုတ်တရက်ကြီး ဘာလို့ မျှော်လင့်ချက်မဲ့ သွားသလိုဖြစ်လဲဆိုတာ ငါတို့ပိုသိချင်တယ်”

ရှီမာယူယူသည် ခွက်အောက်ခြေမှ စာလုံးများကို ထိကာ မေးလေသည် “နင်တို့ လူပြန်ဝင်စားတယ်ဆို တာ ယုံလား”

သူမ ပြောသည်ကို ကြားပြီးနောက် ရှီမာယူလင်းတို့သည် သူမအား အံ့သြစွာကြည့်လေသည်။ သူတို့ သည် စကားမပြောနိုင်ကြပေ။

“နင်ပြောတာ..နင်က…”

ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလေသည် “နင်မှန်းသလိုပဲ အရင်ဘဝက ငါက ရှေးဟောင်းကမ္ဘာဦး နယ်မြေကလူပဲ ငါအသတ်ခံရပြီးတော့ င့ါဝိညာဉ်က ဒီခန္ဓာကိုယ်ထဲဝင်လာတာပဲ အဲဒါနဲ့ ငါရှီမာယူယူဖြစ်လာတာပဲ”

“မူလဝိညာဉ်ကရော”

“သေသွားပြီ သူ ၁၄နှစ်တုန်းက မူရုန်အန်းရဲ့ လူတွေ သူမကိုသတ်သွားတာ” ရှီမာယူယူ ပြောလိုက် သည် “သူမ မသေခင်ကို ငါ့ကို သူမခန္ဓာကိုယ်ထဲ ဆွဲသွင်းပြီးတော့ သူမလိုနေခိုင်းတာပဲ”

“အဲဒါကြောင့် နင့်ကိုတွေ့တဲ့အချိန်မှာ ကောလဟလနဲ့ တခြားစီဖြစ်နေတာကိုး” ဝူရန်ဖေ ပြောလေ သည်။

“င့ါအရင်ဘဝတုန်းက ငါသေသွားတော့ ဝိညာဉ်လည်း ထိခိုက်သွားတယ်၊ အဲဒါကြောင့် အရင်ဘဝက ကိစ္စ  တွေကို မမှတ်မိတော့တာ၊ င့ါ အံ့ဖွယ်အဆင့်တက်သွားတာနဲ့ ငါ့ဝိညာဉ်လည်း သက်သာသွားပြီး မှတ်ဉာဏ်တွေ  ပြန်ရလာတာပဲ” ရှီမာယူယူ ပြောလေသည် “အဲအချိန်တုန်းက ဒါကြောင့်ပဲ ဝမ်းနည်းသွားတာ”

“နင်က ရက်ရက်စက်စက်သေသွားတာလား”

“တော်တော်ဆိုးတာပေါ့ ဒါပေမဲ့ ငါသေသွားလို့ ဝမ်းနည်းတာမဟုတ်ဘူး၊ ငါ့..ငါ့ မျိုးနွယ်တစ်ခုလုံး တစ်  ယောက်မှမကျန်တော့အောင်ဖြစ်သွားတယ်၊ ငါ့မျိုးနွယ်ဝင်တွေလည်း တစ်ယောက်ပြီး တစ်ယောက် အသတ်ခံ ရပြီး ငါ့အိမ်ကလည်း မျက်စိရှေ့မှာပဲ မီးလောင်တိုက်သွင်းခံလိုက်ရတယ်၊ ငါနဲ့ ငါ့မောင်နဲ့ လွတ်အောင် လုပ်ပေးဖို့ ငါ့မိဘတွေ အသတ်ခံလိုက်ရတယ်၊ သူတို့ အသတ်မခံရခင်ကို ငါ့အမေက ငါ့ကိုအပြစ်မတင်ဘူးဆိုတာ ပြောသွား တယ်၊ သူမက ငါ့ကို အသက်ရှင်စေချင်တယ် သူမက ငါ့ကို လက်စားမချေပဲ ပျော်ပျော်ရွှင်ရွှင်ပဲ နေသွားစေချင် တာ၊ င့ါအတွက်နဲ့ ငါ့မောင်ကလည်း သူ့သားရဲပျံနဲ့ ငါ့ကို ထွက်ပြေးခိုင်းတယ်၊ သူက ငါတို့နောက်လိုက်တဲ့ အစောင့်  တွေကို တားဖို့ တစ်ယောက်တည်းသွားခဲ့တယ်…” ရှီမာယူယူ မျက်လုံးများပိတ်လိုက်ပြီး သူမမျက်နှာကို လက် နှစ်ဖက်ဖြင့် ဖုံးလိုက်သည်။ သူမ မျက်ရည်များသည်မိုးစက်များကဲ့သို့ ကျနေခဲ့သည်။

သူမ မှတ်ဉာဏ်ပြန်ရသည်မှစ၍ စဉ်းစားလိုက်တိုင်း ငိုမိတော့သည်။

ဘေဂုံထန်နှင့် ကျန်နှစ်ယောက်သည် ငြိမ်သက်သွားကြသည်။ သူမ ထိုမျှလောက် ကြမ်းတမ်းခဲ့ကြောင်း ကို သူတို့ ထင်မထားခဲ့ပေ။ သူမပြောသည့်စကားများမှ နောင်တရခြင်းများနှင့် ဝမ်းနည်းမှုများသည် သူတို့ နှလုံးသားများသည် သူမကဲ့သို့ပင် နာကျင်သည်။

ထို့ကြောင့်ပင် သူမ အံ့ဖွယ်အဆင့်တက်စဉ်က ဝမ်းနည်းတကြီး ငိုကြွေးခဲ့သည်မှာ မဆန်းပေ။ ထို့ကြောင့် ပင် အမှတ်တရစားသောက်ဆိုင်ရှိ ပစ္စည်းများသည် သူမကို လွှမ်းမိုးသွားနိုင်ခဲ့သည်။

“ရှင်းမိုက နင့်အရင်ဘဝကလူလား” ဘေဂုံထန် မေးလိုက်သည် “အမှတ်တရစားသောက်ဆိုင်… အဲစား  သောက်ဆိုင်ကို နင့်ကိုအမှတ်ရတဲ့အနေနဲ့ ဆောက်ထားတာ မဖြစ်နိုင်ဘူးလား”

“ရှင်းမိုက ငါ့အရင်ဘဝက သူငယ်ချင်းကောင်းပဲ သူ့ ကျင့်ကြံတဲ့အရည်အချင်းက မကောင်းပေမယ့် ဟင်းချက်တာကို ကြိုက်တယ်၊ အဲဒါကြောင့်ပဲ သူနဲ့ ရင်းနှီးခဲ့တာ” ရှီမာယူယူသည် မျက်ရည်များကို သုတ်ရင်း  ပြောလေသည်။ “ငါ အမှတ်တရစားသောက်ဆိုင်သွားတုန်းကတော့ သိပ်မစဉ်းစားမိဘူး၊ ဒါပေမဲ့ အဲအထူးဟင်း  တွေက ငါသူ့ကိုသင်ပေးဖူးခဲ့တဲ့ဟာတွေပဲ၊ အဲဟင်းတွေကို ငါအရင်က ချက်ဖူးတယ် အဲဒီပျားရည်ကြက်တောင်ပံ  တွေက ငါချက်ခဲ့တယ် သူ့ကို နည်းလမ်းပဲပြောပြခဲ့တာ၊ သူချက်တဲ့ဟင်းတွေက ငါ့မှတ်ဉာဏ်ထဲက အရသာနဲ့ တူ နေလိမ့်မယ်လို့ ထင်မထားဘူးလေ၊ သူ့စားသောက်ဆိုင်ကို သူ့နာမည်နဲ့ ဖွင့်ထားတာမဟုတ်ပေမယ့် ဟင်း အရသာကို ငါဘယ်တော့မှမှားမှာမဟုတ်ဘူး၊ အဲဒါကြောင့် သူတို့သခင်ကို ငါမှန်းလိုက်တာ”

သူ့အိပ်မက်မှာ စားသောက်ဆိုင်များစွာကို ဖွင့်ရန်ဖြစ်ကြောင်းကို သူမကို ပြောဖူးသည်။ ထို့နောက်တွင် သူမသည် စားချင်သမျှ ဟင်းများကို စားခဲ့ရသည်။

ဘေဂုံထန်သည် ရှီမာယူယူ၏ လက်ကိုကိုင်ထားကာ ပြောလေသည် “နင်က ဝင်စားတာပဲ ဟုတ်ဟုတ် မဟုတ်ဟုတ် နင်ကယူယူပဲ”

ရှီမာယူယူသည် ပြုံးချင်သော်လည်း သူမမျက်လုံးထဲမှ နာကျင်မှုကို ဖယ်ထုတ်လို့မရပေ။

“ယူယူ နင့်အရင်က နာမည်ကဘာလဲ”

“ရှီမန်ယူယူ အလယ်ပိုင်းမှာ မျိုးနွယ်ကြီးတစ်ခုတော့မဟုတ်ဘူး” ရှီမာယူယူ ပြန်ဖြေလေသည်။

“ဒါဆို… နင့်ကိုသတ်လိုက်တာ ဘယ်သူတွေလဲ”

“ဇုံကျန်းမျိုးနွယ်ပဲ သူတို့က ရင်ယန်နန်းတော်နဲ့ မဟာမိတ်ဖွဲ့လိုက်တယ်၊ အဲဒီ ရင်ယန်နန်းတော်က လည်း ဒုတိယအဆင့် အင်အားလောက်ပဲရှိတယ် သူတို့အထက်မှာ အင်အားကြီးတစ်ခုရှိသေးတယ်” ရှီမာယူယူ သည် လက်သီးဆုပ်ကာ ပြောလေသည် “အဲတုန်းက ဇုံကျန်းမျိုးနွယ်ကလူနဲ့ ရင်ယန်နန်းတော်ကလူတွေက ငါတို့ ကို တိုက်ခိုက်ခဲ့တာ”

“ငါတို့ ပိုပြီးသန်မာလာရင် ပြန်ပြီးလက်စားချေကြမယ်” ဝူရန်ဖေ ပြောလိုက်သည်။

“ကောင်းပြီ” ရှီမာယူယူ ခေါင်းညိတ်လေသည်။

သူမသည် သူတို့အား မဖုံးကွယ်နိုင်တော့သဖြင့် ပြောပြရန်ရွေးချယ်လိုက်သည်။ သူမသည် သူတို့အား  ကောင်းစွာ နားလည်သောကြောင့်ပင်ဖြစ်သည်။ သူတို့သည် လက်ရှောင်မည်မဟုတ်ပေ။

ထိုအချိန်တွင် ပြည်မကြီးရှိ တောင်တစ်ခုတွင် မျက်နှာဖုံးဝတ်ထားသော အမျိုးသားတစ်ယောက်သည်  လေအား အချိန်အတော်ကြာ မျက်နှာမူထားလေသည်။

အမျိုးသမီးတစ်ယောက် ထွက်လာကာ မေးလေသည် “ရှင်တကယ်သွားတော့မလို့လား”

“ဟုတ်တယ်” ထိုအမျိုးသား၏ အသံသည် သာမန်အသံမဟုတ်ပဲ အက်နေသည်။

“ဒါပေမဲ့ တစ်ဖက်က အရမ်းသန်မာနေတယ်…”

“ဘယ်လောက်သန်မာပါစေ ငါသွားရမယ်…” ထိုအမျိုးသား ပြောလေသည် “င့ါမှာလုပ်စရာတွေများ တယ် ငါ့ရန်သူကို ငါ့ဓားအရသာကို ပြပေးရဦးမယ်”

“ရှင် အဲလောက်အားအများကြီး သုံးလိုက်ရင် နောက်ထပ် နှစ်ပေါင်း တစ်ဆယ်ကျော်လောက်ပဲ ရေ နိုင်တယ်လို့ အဘိုးပြောထားတယ်လေ”

“ငါသာ ငါ့ရန်သူတွေကို သတ်နိုင်ရင် အဲနှစ်လောက်နေရလည်းရတယ်၊ အသက်ရှင်နေရတာ အဓိပ္ပာယ် မရှိဘူး၊ လက်စားချေဖို့က တစ်ခုတည်းသော ငါလုပ်ရမယ့်အရာပဲ”

“ဒါဆိုရင်ကျွန်မလည်းလိုက်မယ်”

အမျိုးသားသည် ခေါင်းရမ်းလိုက်သည် “မင်း တောင်ကြားမှာ နေတာပိုကောင်းမယ်”

“မရဘူး ရှင်ကရော ဘာလို့မနေတာလဲ ကျွန်မတို့ နည်းလမ်းအတူရှာလို့ရတယ်လေ မဟုတ်ရင် ကျွန်မ လိုက်ခဲ့မယ်” အမျိုးသမီးသည် အင်္ကျိလက်မကာ စိတ်အားထက်သန်မှုကို ပြလေသည်။

အမျိုးသားသည် ခေါင်းကိုသာ ဆက်ရမ်းနေသည်။

“ရှင်ထပ်ပြီး သွားရဲမယ်ဆိုရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာ”

“တစ်ဖက်က သန်မာတယ်ဆိုတာ မင်းလည်းသိတာပဲ ငါ ဒီတစ်ခေါက်မှာ ကိုယ့်ကိုယ်ကို သတ်သလို လည်းဖြစ်သွားနိုင်တယ် ဘာလို့မင်းက…”

“ရှင့်ကို ချစ်လို့လေ ရှင်ဘာပဲဖြစ်လာလာ ရှင့်ကို ချစ်မှာပဲ ရှင် တစ်ယောက်တည်းသွားတာကို ကြည့်ရ မယ်ဆိုရင် အသက်မရှင်တာပိုကောင်းတယ်”

“ငါ့ဘဝက မကြာခင်အဆုံးသတ်တော့မှာပါ”

“ကျွန်မဂရုမစိုက်ဘူး၊ ရှင် အသက်ရှင်နေတဲ့ နေ့တိုင်းမှာ အဲနေ့တွေအတွက် ချစ်နေဦးမှာပဲ၊ ရှင့်ကို ချစ်တဲ့ နေ့တိုင်းမှာ ရှင့်နောက်ကို လိုက်မှာပဲ ရှင်ဘယ်သွားသွား ကျွန်မလိုက်မှာပဲ နောက်လကျရင် အလယ်ပိုင်းဒေသမှာ တစ်ခါမှ မလုပ်ဖူးတဲ့ ရွန်းယွမ်ဆိုင်ရဲ့ လေလံပွဲလုပ်မယ်လို့ကြားတယ်၊ အဲလူလည်း အဲမှာရှိနိုင်တယ်၊ အလယ်ပိုင်း  ဒေသက ဝေးလွန်းတော့ အဲလူကိုသွားသတ်မယ်ဆိုတာ သူတို့ထင်မှာမဟုတ်ဘူး ဘယ်လိုလဲ”

အမျိုးသားသည် သူမမျက်လုံးတော်ပနေသည်ကို ကြည့်ကာ သက်ပြင်းချမိလေသည်။ သူသည် အဝေးမှ ငှက်များပျံနေသည်ကို ကြည့်ကာ စကားဆက်မပြောတော့ပေ။

All Chapters