← Chapters

အစီအစဉ်ချခြင်း

Vol. 009 Ch. 841

အစီအစဉ်ချခြင်း

Vol. 009 Ch. 841

လျှပ်တစ်ပြက်ပင် လူအချို့က အောက်ကို ကျဆင်းလာသော လူများအား လိုက်လံ ဖမ်းဆီလိုက်ကြ၏။

ကျင့်ကန်းကလည်း ထောင်ကျန်းကို သယ်ဆောင်ကာ မြေပြင်ပေါ်ကို ဆင်းသက်လာသည်။ အားလုံးက ရီဖူရှင်းနှင့် ထောင်ကျန်းတို့အား ကြည့်နေကြသည်။ သူတို့က ကျောက်ပြည်ထောင်ကို တွန်းလှန် နိုင်ခဲ့ကြသော်လည်း မြေပြင်တွင် ပုံထပ်နေသော အလောင်းများမှာ မြေရိုင်းပြည်နယ်၏ ထောက်တိုင်များ ဖြစ်ကြသည်။ ထောင်ကျန်းကား သည်တိုက်ပွဲအတွက် သူ၏ရှိရှိသမျှသော စွမ်းရည်ဖြင့် တိုက်ခိုက်ခဲ့သည်။ မြေရိုင်းပြည်နယ်မှ တန်ခိုးရှင်များ အများအပြားမှာလည်း ကျောက်ပြည်ထောင် စစ်တပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့ရ၏။

အနိုင် ဟူသော စကားလုံးက တိုတောင်းသ ော်လည်း ရရှိနိုင်ရန် လွယ်ကူမနေပါ။ သူတို့က မရေမတွက်နိုင်သော အသက်များဖြင့် ရင်းနှီးခဲ့ရသည်။

အာခီမီမြို့စားယူစီ၊ ရေခဲနန်းတော် သခင်မယွန်ရှင်းနှင့် ကျူးကော့မိသားစု ခေါင်းဆောင် ကျူးကော့ချန်းဖန်တို့ ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများပင် ကျောက်ပြည်ထောင် စစ်တပ်ကို ရင်ဆိုင်ရာတွင် အကြီးမားဆုံးသော အားထုတ်မှုများအား ပြုလုပ်ခဲ့ကြရ၏။

သည်စစ်ပွဲတွင် အနိုင်ရသူ မရှိပါ။

သူတို့က ဆက်လက်၍​ တိုက်ခိုက်လျှင် ရလဒ်က ပိုမို၍​ ဆိုးဝါးမည်ဖြစ်ကာ ပိုမိုသော လူများ သေကျေကြရဦးမည်။ ကျောက်ပြည်ထောင် အတွက်လည်း ထိုနည်း၎င်းပင်။ ရီဖူရှင်း၏ လက်ထဲတွင် ကျောက်ပြည်ထောင်၏ အကြီးဆုံးမင်းသားပင် သေလုနီးပါး ဖြစ်ခဲ့သည် မဟုတ်ပါလား။

ရီဖူရှင်းနှင့် ထောင်ကျန်း အနီးကို လူအများအပြား ဝိုင်းအုံ လာခဲ့ကြ၏။ ရီဖူရှင်းက မျက်လုံးကို ဖွင့်လိုက်သည်။ လက်ရှိတွင် သူကား တစ်ကိုယ်လုံး အားပြတ်သော ဒဏ်ကို ခံစားနေရကာ အလွန်အမင်း မောပန်း နွမ်းနယ်နေပြီ ဖြစ်သည်။

“ဦးလေး… ဆရာ ဘယ်လိုနေလဲ…” ရီဖူရှင်းက ခက်ခဲစွာ မေးသည်။ သူ့ကို ဖမ်းဆီးခဲ့သူကား ကျူးကော့ချန်းဖန် ဖြစ်သည်။

“သူ့ရဲ့ နတ်ဘုရားပြစ်ဒဏ်ကို မင်းတို့အားလုံးက ကာကွယ်ပေးခဲ့ကြတယ်… သူက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရတယ်ဆိုပေမဲ့ အသက် အန္တရာယ်တော့ မရှိဘူး…” ကျူးကော့ချန်းဖန်က ပြန်ပြောသည်။

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်ကာ သူ့ထံသို့ လှမ်းလာသော ထာဝရ အဘိုးအိုအား အားနည်းစွာ ပြောသည်… “စီနီယာ… ဆရာကို အရင်ဆုံး ကုပေးပါ…”

ထိုသို့ ပြောပြီးနောက်တွင် သူက မျက်လုံးကို မှိတ်လိုက်သည်။ ထိုအရာကား နောက်ဆုံးလက်ကျန် အားအင်ဖြင့် သူပြောခဲ့သော စကားဖြစ်သည်။

ယခု သူကား လုံးဝ အားပြတ်မော့လျော့သွားပြီဖြစ်၏။

တခြား လူအတော် များများမှာလည်း ရီဖူရှင်းကဲ့သို့ပင် ဖြစ်သည်။ ဟွာဂျီယူနှင့် ဝင်္ကပါအတွင်းမှ လူများမှာ စိတ်စွမ်းအား အလွန်အကျွံ သုံးစွဲခြင်း၏ အကျိုးဆက်ကြောင့် သတိလစ်နေကြပြီ ဖြစ်သည်။

ကျေးရွာ ခေါင်းဆောင်ကလည်း မြေပြင်ပေါ်ကို ကျဆင်းလာသည်။ တိုက်ပွဲက သူ၏စိတ်နှလုံးကို အကြီးအကျယ် ရိုက်ခတ်စေခဲ့၏။

မြေရိုင်းပြည်နယ်၏ တော်ဝင်ကျဲ နန်းတော်က ကျောက်ပြည်ထောင် စစ်တပ်အား ပြန်လည် တွန်းလှန်ခဲ့သည်။

သည်တိုက်ပွဲကား ပြည်နယ်ကိုးခုကို လှုပ်ခတ်စေရန် လုံလောက်ပေသည်။

အဝေးတွင် ကျိရှမ်းကမ်းပါးမှ ခွန်ယို၏ အမူအရာကား သိပ်မကောင်းပေ။ ကျောက်ပြည်ထောင် စစ်တပ်က တော်ဝင်ကျဲ နန်းတော်ကို အနိုင်မယူနိုင်ခဲ့။ ဤရလဒ်ကား သူ မြင်တွေ့လိုသည့် အရာမဟုတ်ပေ။ ယခု တော်ဝင်ကျဲ နန်းတော်ကား ယခင်ထက်ပင် ပိုမို၍​ အင်အားကြီးလာဖွယ် ရှိသည်။ စစ်ပွဲတွင် ပါဝင်သူတိုင်းမှာလည်း ပိုမို၍​ စွမ်းရည်ပြည့်ဝ လာကြပေလိမ့်မည်။ ဤသို့သော အခြေအနေကို သူမမြင်မတွေ့လိုပေ။

အနာဂတ်တွင် မြေရိုင်းပြည်နယ်က ကျိရှမ်းကမ်းပါးအတွက် အန္တရာယ် ဖြစ်လာလိမ့်မည်။

မြေရိုင်းပြည်နယ် တန်ခိုးရှင်များ အားလုံးက သက်မမောများ ချလိုက်ကြသည်။ နောက်ဆုံးကား သူတို့အနိုင်ရခဲ့ပြီ ဖြစ်သည်။

တော်ဝင်ကျဲနန်းတော်က ကျောက်ပြည်ထောင် စစ်တပ်အား တွန်းလှန်နိုင်ခဲ့၏။

မြေရိုင်းပြည်နယ်တွင် ရှန့်ထိုတစ်ပါးသာ ရှိသည် မဟုတ်ဘဲ တော်ဝင်စစ်ပွဲကိုလည်း အနိုင်ရခဲ့သည်။

သည်တိုက်ပွဲက သမိုင်းတွင် ပေတော့မည်။ မြေရိုင်းပြည်နယ်က ပြည်နယ်ကိုးခုတွင် အင်အား ကြီးမားလာမည် ဆိုပါက သည်တိုက်ပွဲကား သမိုင်းကို နိုးထစေနိုင်သော တိုက်ပွဲဖြစ်သည်။ သည်တိုက်ပွဲက သူတို့အားလုံးကို စိတ်ဓာတ်နှင့် ခိုင်မာမှုများအား မွေးဖွားစေခဲ့သည်။

ကျိရှမ်းကမ်းပါး လာရောက်စဉ်က အနိုင်ကျင့်မှုများကို ပြန်တွေးလျှင် မြေရိုင်းပြည်နယ်က ကျောက်ပြည်ထောင်ကို ပြန်လည် တိုက်ခိုက်ရဲမည်ဟု မည်သူက တွေးထင်မည်နည်း။

အဝေးမှ လူများကလည်း စတင် ထွက်ခွာကြသည်။ မကြာမီ လူအုပ်ကြီးက တဖြည်းဖြည်း ပြန့်ကျဲ ပျောက်ကွယ် သွားတော့သည်။

တော်ဝင်စစ်ပွဲ၏ သတင်းက ကျုံးကျိုးမြို့မှ စတင်၍ မြေရိုင်းပြည်နယ်၊ ပြည်နယ်ကိုးခုများ အထိ တောမီးပမာ ပျံ့နှံ့တော့သည်။

မြေရိုင်းပြည်နယ် တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်နေကော တခြား တော်ဝင်မြေများမှာလည်း ကြီးစွာ အံ့အားသင့် နေကြတော့သည်။

***

မျက်လုံးတစ်မှိတ် အတွင်းမှာပင် ရသတ္တပတ်များစွာ ကြာမြင့် သွားခဲ့၏။

တော်ဝင်စစ်ပွဲ၏ နောက်ဆက်တွဲများက ရှိနေဆဲပင်။ ထို့အပြင် တော်ဝင်ကျဲ နန်းတော် အပြင်ဘက်၌​ ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ တော်ဝင်စစ်ပွဲ၏ ကနဦးရင်ဆိုင် တိုက်ခိုက်ခြင်းသာ ဖြစ်သည်။ ပြီးဆုံးရန်ကား အလွန် လိုပေသေးသည်။

သည်အချိန်ကာလ အတွင်းမှာ တောင်ဝင်ကျဲ နန်းတော်ကလည်း ပေါ့လျော့ခြင်းမရှိဘဲ သတိဖြင့် စောင့်ကြပ် ခဲ့ကြပေသည်။ နန်းတော် အနီးတစ်ဝိုက်တွင် တန်ခိုးရှင်များစွာတို့ကို စောင့်ကြပ်စေကာ မြေရိုင်း ပြည်နယ်အနှံ့ကိုလည်း သားရဲကြီးများအား စေလွှတ်၍ စောင့်ကြည့် စေခဲ့သည်။

အကယ်၍ ကျောက်ပြည်ထောင်က ရုတ်တရက် လာရောက် တိုက်ခိုက်ပြီး သူတို့က ပြင်ဆင်ထားခြင်း မရှိလျှင် အကျိုးဆက်က အလွန် ဆိုးဝါး သွားပေလိမ့်မည်။

ယခုကား နန်းတော်အတွင်း တစ်နေရာ၌ ရှေးတောင်ကုန်း တစ်လုံးရှိကာ ထိုနေရာ၌ပင် သင်္ချိုင်းတစ်ခု ရှိနေသည်။ ထိုနေရာတွင် အုတ်ဂူများစွာလည်း ရှိနေကာ အုတ်ဂူတစ်ခုစီ၌ နာမည်များ ရေးထွင်းထားသည်။

ထိုနာမည်များမှာ တော်ဝင်စစ်ပွဲ၌ ကျဆုံးခဲ့သူများ ဖြစ်ကြသည်။ အလောင်း မကျန်ရစ်သူများကိုပင် သူတို့က နာမည်ကမ္ပည်း ရေးထွန်းစေခဲ့သည်။

ယခု အုတ်ဂူများရှေ့တွင် ရီဖူရှင်း ရပ်နေသည်။ သူ၏လက်တွင် သေရည်တစ်ခွက်ကို ကိုင်ထားကာ အုတ်ဂူများ အရှေ့၌​ သွန်ချသည်။

သူက ဘာမှ မပြောတော့ဘဲ​ နောက်လှည့်သွားသည်။ သူ၏ခြေလှမ်းများက အလွန်အမင်း လေးလံနေသည်ဟု ထင်မှတ်ရ၏။

“ကျွန်တော် ဆရာ့ဆီကို သွားကြည့်ဦးမယ်…” ရီဖူရှင်းက ပြောသည်။ သူ့ဘေးတွင် ကျူးကော့ချန်းဖန်နှင့် ယန်ဟောင်တို့က ခေါင်းညိတ်ကြသည်။

ရီဖူရှင်းကား ယခုမှ သက်သာလာကာ အနည်းငယ် လှုပ်ရှားနိုင်ခြင်း ဖြစ်သည်။ သည်တစ်ခေါက် သူရခဲ့သော ဒဏ်ရာများက အလွန် ပြင်းထန်ပေ၏။ ထာဝရအဘိုးအို၏ ဆေးကုသမှုများဖြင့်ပင် သူကား ရက်များစွာ သတိလစ်နေခဲ့သည်။

တိုက်ခိုက်ရေး ရှီနန်းဆောင်သို့ ရီဖူရှင်းက ရောက်လာသည်။ ထာဝရအဘိုးအိုနှင့် ကျင့်ကန်းတို့မှာလည်း ထိုနေရာ၌ ရှိနေကြသည်။ ရီဖူရှင်း ရောက်လာသည်ကို မြင်လျှင် ထာဝရ အဘိုးအိုက မေးသည်… “ဘယ်လိုနေသေးလဲ…”

“အများကြီး ပိုကောင်းလာတယ် … ကျေးဇူးတင်ပါတယ်… စီနီယာ…” ရီဖူရှင်းက ထပ်မေးသည်… “ဆရာ ဘယ်လိုနေသေးလဲ…”

“သူက ဆေးရည်စိမ်နေတယ်… အတူ သွားကြည့်ရအောင်…” ထာဝရအဘိုးအိုက ပြောကာ ရီဖူရှင်းတို့အား ဆေးရည်ကန်တစ်ခုသို့ ခေါ်သွား၏။ ဆေးရည်ကန် အတွင်းမှ ရေများကား ရေနွေးများ ဖြစ်ဟန်တူကာ ဆေးနံ့များ လှိုင်လှိုင် ထွက်နေသည်။ ထောင်ကျန်းကား ဆေးကန်အတွင်း၌​ အပေါ်ပိုင်း ဗလာကျင်း အနေအထားဖြင့် ထိုင်နေကာ မျက်လုံးကို မှိတ်ထားသည်။

“ဆရာက တောက်လျှောက် သတိလစ်နေခဲ့တာပေါ့..” ရီဖူရှင်းက မေးသည်။

ထာဝရ အဘိုးအိုက ခေါင်းယမ်းကာ ပြန်ပြောသည်… “တိုက်ပွဲအတွင်းမှာ သူ ကြုံတွေ့ခဲ့ရတာတွေက သူခံနိုင်တာထက် အဆမတန် များနေတယ်… အထူးသဖြင့် နတ်ဘုရားပြစ်ဒဏ်ပဲ… သူ့စိတ်အသိကသာ အဆင့်မတက်ခဲ့ရင် အသက်ရှင်ခဲ့မှာတောင် မဟုတ်ဘူး… သူ့ရုပ်ခန္ဓာကလည်း နတ်ဘုရား ဆေးကြော သန့်စင်ခြင်းကို အပြည့်အဝ မခံခဲ့ရသလို ဒဏ်ရာကလည်း ပြင်းထန်တယ်… အခုကတော့ သူအမြန်ဆုံး ပြန်သက်သာလာဖို့ပဲ မျှော်လင့်ရတာပဲ…”

“နတ်ဘုရားပြစ်ဒဏ်က ရောက်လာပြီးပြီ… သူက ရှန့်ထို မဖြစ်နိုင်ဘူးလား…” ရီဖူရှင်းက မေးသည်။

ထာဝရအဘိုးအိုက ခေါင်းယမ်းသည်… “မင်း ကောင်းကောင်း သိမှာပါ… မင်းတို့ကသာ သူ့ရဲ့ နတ်ဘုရား ပြစ်ဒဏ်ကို ဝင်မခံပေးခဲ့ရင် သူအသက်ရှင်မှာ မဟုတ်ဘူး… နတ်ဘုရားဆေးကြော သန့်စင်ခြင်းက စမ်းသပ်မှုတစ်ခု ဖြစ်တယ်ဆိုပေမဲ့ ဒါက ကောင်းချီးပေးခြင်း တစ်မျိုးပဲ… သူက ရုပ်ခန္ဓာနဲ့ ရှန့်ထိုဖြစ်ချင်တယ်ဆိုရင် သူက တော်ဝင်လမ်းစဉ်ရဲ့ စမ်းသပ်စစ်ဆေးမှု ဖြစ်တဲ့ နတ်ဘုရား ဆေးကြောသန့်စင်ခြင်း စွမ်းအားကို ရှန့်ထိုခန္ဓာဖြစ်တဲ့အထိ စမ်းသပ်ခံဖို့ လိုတယ်… ဒါမှ သူက ရှန့်ထိုဖြစ်မယ် … မင်းဆရာရဲ့ အခြေအနေကို ရှုပ်ထွေးတယ်… နန်းတော်ရဲ့ တော်ဝင် အကြီးအကဲ ကတော့ ငါ့ထက် ပိုနားလည်လိမ့်မယ်.. မင်းသူ့ကို သွားမေးသင့်တယ်…”

ထာဝရ အဘိုးအိုက ဘာကို ဆိုလိုသည်ကို ရီဖူရှင်း နားလည်သည်။ နတ်ဘုရား ပြစ်ဒဏ်ကား မဟာလမ်းစဉ်၏ လောကဓာတ်ဖြင့် ရုပ်ခန္ဓာကိုယ်ကို ဆေးကြော သန့်စင်ခြင်း ဖြစ်သည်။ ထိုဆေးကြော သန့်စင်ခြင်းကို အပြည့်အဝ မခံဘဲ မည်သို့ ရှန့်ထို ဖြစ်မည်နည်း။ သူ၏ စိတ်အသိကသာ ရှန့်ထို အဆင့်သို့ တက်လှမ်းခဲ့ကာ ရုပ်ခန္ဓာမူကား အပြည့်အဝ ပြောင်းလဲခဲ့ခြင်း မရှိပေ။

“ဒါကို ပြင်ဆင်ဖို့ နည်းလမ်း မရှိဘူးလား…” ရီဖူရှင်း မေးသည်။ သူ့ဆရာ၏ လက်ရှိအခြေအနေက သာမန် မဟုတ်သည်ကို သူနားလည်၏။

သို့သော်လည်း နတ်ဘုရားပြစ်ဒဏ်ကို ခံယူပြီးမှ ရှန့်ထို မဖြစ်ခဲ့ခြင်းကား လက်မခံနိုင်စရာ ကိစ္စပင်။

“ရှိတယ်… သူက ဒါကို ပြန်လုပ်ရမယ်…” ထာဝရ အဘိုးအိုက ဆက်ပြောသည်… “လက်ရှိ အရေးအကြီးဆုံးကတော့ သူ့ဒဏ်ရာတွေ သက်သာလာဖို့ပဲ… လက်ရှိ အခြေအနေကတော့ နတ်ဘုရား ပြစ်ဒဏ်ကို သူဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး…”

“စီနီယာကို ခုတလော ဒုက္ခပေးရပါဦးမယ်…” ရီဖူရှင်းက ပြောကာ ထွက်သွားသည်။

သူက တော်ဝင်ရှီ နန်းဆောင်ကို ပြန်ရောက်ပြီးနောက် ရီဖူရှင်းက နန်းတော် အကြီးအကဲများနှင့် မြေရိုင်းပြည်နယ် အင်အားစု ခေါင်းဆောင်များကို ဆင့်ခေါ်ခဲ့သည်။

ယခု ဓားမိစ္ဆာ၊ ထို့ကျန်း၊ ​ဝမ်ရှင်း၊ ဟောင်စီ၊​ ယူစီ၊ ယွန်ရှင်း၊ ယန်ရှောင်နှင့် သင်္ချိုင်းကုန်း ကျေးရွာ၏ ထိပ်သီးတန်ခိုးရှင်များ အားလုံး ရောက်နေကြသည်။

“ဖူရှင်း… မင်း အခု ဘယ်လိုနေသေးလဲ…” ယူစီက မေးသည်။ သူတို့အားလုံးကလည်း ရီဖူရှင်းအပေါ် စိုးရိမ်နေခဲ့ကြ၏။

“ကျွန်တော် သက်သာနေပါပြီ…” ရီဖူရှင်းက ပြန်ပြောသည်… “တိုက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ကြလဲ…”

“နန်းတော်နဲ့ ကျောက်ပြည်ထောင် အကြားမှာ ကွာဟချက် အများကြီး ရှိနေသေးတယ်… ထောင်ကျန်းကြောင့်သာ မဟုတ်ရင် ကျုပ်တို့ မလွယ်လောက်ဘူး…”

“ပြီးခဲ့တဲ့တိုက်ပွဲက တော်ဝင်စစ်ပွဲရဲ့အစပဲ ရှိသေးတယ်… ကျောက်ပြည်ထောင် မပျက်စီးသေးသရွေ့ တော်ဝင်စစ်ပွဲက ရှိနေမှာပဲ… ကျုပ်တို့ အင်အားက နည်းသေးတယ်…” ရီဖူရှင်းက ပြောသည်… “ဒါကြောင့် ကျွန်တော်က ရှီနန်းတော်ကို ဖွင့်လိုက်တော့မလို့ စဉ်းစားထားတယ်… တော်ဝင်စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဘယ်သူမဆို ရှီနန်းတောင်ထဲမှာ သွားပြီး လေ့ကျင့်နိုင်တယ်… အနာဂတ်မှာ ပါဝင် တိုက်ခိုက်မည့်သူလည်း ဒီအတိုင်းပဲ… စီနီယာတွေက ဘယ်လိုထင်လဲ…”

အားလုံး၏ မျက်လုံးများက အရောင်လင်းလက် သွားကြသည်။ ရှီနန်းတော်ကား တော်ဝင်ကျဲ နန်းတော်၏ သီးသန့် တန်ခိုး ကျင့်ကြံခြင်းနေရာ ဖြစ်ခဲ့ကာ နန်းတော်၏ လျှို့ဝှက် ပညာရပ်များအား ပို့ချရာနေရာလည်း ဖြစ်သည်။ အတော်ဆုံးသော လူများသာ ထိုနေရာကို ဝင်ခွင့်ပေးခဲ့ကြသည်။

ယခု ရီဖူရှင်းက ရှီနန်းတော်အား လုံးဝ ဖွင့်လှစ်ရန် ဆန္ဒရှိသည်။

“ကျုပ် သဘောတူတယ်…” ဓားမိစ္ဆာက ပြောသည်။ သည်မတိုင်ခင် စစ်ပွဲ၌ အသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့သူများမှာ နောင်တွင် နန်းတော်၏ အားထားရသော ပင်မအင်အားစုများ ဖြစ်ပေမည်။

“ကျုပ်လည်း သဘောတူတယ်…” ဝမ်ရှင်းက ခေါင်းညိတ်သည်။ ယခု သူတို့က ယခင် အတွေးအခေါ် ဟောင်းများအား စွန့်လွှတ်ရမည့် အချိန်ရောက်နေပြီ ဖြစ်သည်။

ရီဖူရှင်း၏ ဆုံးဖြတ်ချက်ကို လူအများအပြားက သဘောတူ ကြသည်။

“ကောင်းပြီ…” အားလုံးက သေဘာတူ ခေါင်းညိတ်သည်တွင် ရီဖူရှင်းက ဆက်ပြောသည်… “ဒါ့အပြင် ကျွန်တော်တို့က တော်ဝင်ကျဲ နန်းတော်ကို ဝင်ဖို့ တန်ခိုးရှင်တွေကို ထပ်ဖိတ်ခေါ်ရမယ်…”

လက်ရှိ တော်ဝင်ကျဲ နန်းတော်၏ အင်အားကား မလုံလောက်သေးပေ။ သူတို့က အင်အားကို ပိုမို တိုးပွားအောင် လုပ်ရပေမည်။

“ကျုပ်တို့ ဒီကိစ္စကို စီစဉ်လိုက်မယ်…” ဓားမိစ္ဆာက ပြောသည်။

“ပြီးတော့ ကျုပ်တို့က ကျောက်ပြည်ထောင် အင်အားစုတွေကို ပိုအားနည်းအောင် လုပ်ရမယ်… သူတို့ ထပ်တိုက်မှာကို စောင့်နေလို့မရဘူး…” ရီဖူရှင်းက ဆက်ပြောသည်… “မြေရိုင်းပြည်နယ်က အေးအေးဆေးဆေး နေလို့ မရဘူး…”

“နန်းတော်သခင်က ဘယ်လို လုပ်ချင်လို့လဲ…” တစ်ယောက်က မေးသည်။

“အစွယ်အပွားတွေကို အရင် ဖြတ်တောက်မယ်…” ရီဖူရှင်း၏ မျက်လုံးများက ထက်ရှသွားသည်။ စစ်ပွဲတွင် ပါဝင်ခဲ့သော ကလန်များက ကျောက်ပြည်ထောင်၏ နန်းမြို့တော် အတွင်း၌သာ နေထိုင်ကြသည် မဟုတ်ပေ။

***

All Chapters