အပိုင်း (၄၇၆) – သူမ အသက်ရှင်နေသေးခြင်း
Vol. 005 Ch. 476
ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် အိမ်တွင်ထိုင်ကာ အရင်အကြောင်းများကို ပြန်ပြောကြလေသည်။ ရှီမာယူယူ အမှတ်တရစားသောက်ဆိုင်တွင် ထားခဲ့သော အမှတ်အသားသည် အလယ်ပိုင်းဒေသသို့ သတင်း ရောက်သွားပြီဆိုသည်ကို သူတို့မသိကြပေ။
ကြီးမားသောအိမ်တစ်အိမ်အတွင်းတွင် အစေခံတစ်ယောက်သည် အလောတကြီးဖြင့် အခန်းတစ်ခုသို့ ဝင်လာသည်။ တံခါးအစောင့်သည် သူမအား တားလိုက်သည်။
“သခင်လေးဘယ်မှာလဲ” အစေခံမိန်းကလေးသည် မေးလိုက်သည်။
“သခင်က အခုတံခါးပိတ်ကျင့်ကြံနေတယ်၊ အံ့ဖွယ်သူတော်အဆင့်ဝင်ဖို့ လုပ်နေတာ” အစောင့် ပြန် ဖြေလေသည်။ “သခင်က တံခါးပိတ်ကျင့်ကြံတာ မဝင်ခင်ကို သူ့ကို ဘယ်သူမှမနှောင့်ယှက်ရဘူးလို့ မှာထား တယ်၊ အဲဒါကြောင့် မိန်းကလေးမူ သူ့ကို ပြောစရာရှိရင် သူထွက်လာတဲ့အထိ စောင့်တာကောင်းပါလိမ့်မယ်”
“မိန်းကလေးမူက ဒီနှစ်တွေမှာ စားသောက်ဆိုင်တွေကို တာဝန်ယူပြီး ကိစ္စတွေကို ဖြေရှင်းနေတာလေ သခင်လေးကို လာရှာခဲပါတယ်၊ အခု အလောတကြီး ဘာလို့လာရှာတာလဲ” နောက်အစောင့် တစ်ယောက်က ပြောလေသည်။
မူဝမ်သည် ရုပ်ပုံကျောက်တုံးထုတ်ကာ သူမ ဝိညာဉ်စွမ်းအင်ကို ထည့်လိုက်သည်။ ရုပ်ပုံကျောက်တုံးမှ အလင်းတန်းတစ်ခုထွက်လာကာ ပုံရိပ်တစ်ခုသည် လေတွင်ပေါ်လာလေသည်။
ထိုရုပ်ပုံတွင် မည်သူမှ ရှိမနေပဲ အသုံးပြုပြီးသား တူ ဇွန်းများကို တွေ့ရလေသည်။ သို့သော် အစောင့် နှစ်ယောက်သည် ရုပ်ပုံအားမြင်သည်နှင့် ချက်ချင်းပင် မှင်တက်သွားလေသည်။
“ဒီအမှတ်အသားက..” အစောင့်တစ်ယောက်သည် စားပွဲပေါ်မှ အမှတ်အသားကို ညွှန်ပြကာ အံ့သြစွာ ဖြင့် ပြောလေသည်။
“ဟုတ်တယ် အဲအမှတ်အသားက သခင်လေးငါတို့ကို ပြောတဲ့ဟာပဲ” နောက်အစောင့်တစ်ယောက်ဖြစ် သော ရှင်းမန်ကပြောလိုက်သည်။
မူဝမ်သည် ဝိညာဉ်စွမ်းအင်ထည့်ခြင်းကို ရပ်လိုက်ရာ ပုံရိပ်သည် ပျောက်သွားလေသည်။ “ငါဘာလို့ စိတ်လှုပ်ရှားနေတာလဲဆိုတာ သိပြီလား”
“မိန်းကလေးမူ ဒီသတင်းကိုဘယ်ကရလာတာလဲ” ရှင်းမန်မေးလိုက်သည်။
“အပြင်ပိုင်းဒေသက အစိမ်းရောင်မြို့တော် တောင်ပိုင်းက” မူဝမ် ပြန်ဖြေလေသည်။
“အဲလူပေါ်တာတာ ဖြစ်နိုင်မလား” ရှင်းဟုန်သည် မယုံကြည်စွာ ပြောလေသည် “မဟုတ်ရင် တိုက်ဆိုင် တာပဲလား”
“တိုက်ဆိုင်တာ ဟုတ်ဟုတ် မဟုတ်ဟုတ် နှစ်အကြာကြီးမှာ ဒီလိုဖြစ်တာ ပထမဆုံးပဲ၊ သခင်လေး ဒီနှစ် တွေမှာ ဘယ်လိုတွေဖြစ်ခဲ့လဲဆိုတာ တွေးကြည့်လိုက်… အနည်းဆုံးတော့ မျှော်လင့်ချက်ရှိသွားတာပေါ့”
“ဒါပေမဲ့ တိုက်ဆိုင်တာဆိုရင် သခင်လေးပိုပြီး စိတ်ပျက်မသွားနိုင်ဘူးလား” ရှင်းဟုန်သည် သခင် အတွက် ရင်နာမိသည်။
“ဒီသတင်းကိုအရင်ကြည့်” မူဝမ်သည် သတင်းစာစာရွက်ကိုထုတ်ပြီးနောက် သူတို့ကို ပြလေသည်။ သူတို့သည် သတင်းစာပေါ်မှ စာလုံးများကို တွေ့သည်နှင့် မျက်လုံးများပြူးကျယ်သွားလေသည်။
“ရှီမာယူယူဟုတ်လား သူ့ကိုလည်း ယူယူလို့ခေါ်တာလား၊ ဒါပေမဲ့ အဲဒါယောကျ်ားလေးလေ” ရှင်းဟုန် အော်မိလေသည် “သူတို့နှစ်ယောက်လုံးကို ယူယူလို့ခေါ်တာ တိုက်ဆိုင်တာများလွန်းနေပြီ”
“အဲဒါ ဟုတ်ဟုတ် မဟုတ်ဟုတ် သခင်လေး သူ့ဘာသာဆုံးဖြတ်ပါစေ” မူဝမ်ပြောလေသည် “အဲမှာ အခြေအနေကို စစ်ဆေးပြီးသွားပြီ သူတို့မကြာခင်ကို အဖြေရလာတော့မှာ”
“သခင်လေးက ဘာလို့အဲလောက်ဇွဲကောင်းနေတာလဲ ငါတို့လည်းမသိတော့ဘူး ရှီမန်မိသားစုက ပျက်စီး သွားပြီပဲ၊ ငါတို့မျက်လုံးနဲ့ ရှီမန်ယူယူအလောင်းကို သေချာမြင်ခဲ့တာပဲ သူမအသက်ရှင်သေးတယ်ဆိုပြီး ဘာလို့ ခေါင်းမာနေလဲမသိဘူး သူမ အကြောင်းသိရဖို့နဲ့ အလယ်ပိုင်းနဲ့ အပြင်ပိုင်းဒေသတွေမှာ စားသောက်ဆိုင်တွေ ဖွင့်ဖို့ အားစိုက်ထုတ်ထားတာ” ရှင်းဟုန်သည် နားမလည်တော့ပေ။
“သခင်လေးမှာလည်း သူ့အကြောင်းပြချက်နဲ့ သူ့အတွေးနဲ့ ရှိမှာပေါ့၊ ငါတို့က သူ့ကို ကူညီပေးရုံပဲ” မူဝမ် သည် ပြောလေသည် “သူဘယ်တော့ ထွက်မလဲမသိတော့ ငါတို့ဒီမှာပဲ စောင့်တာပိုကောင်းမယ်”
မူဝမ်သည် ခြံဝန်းထဲရှိ အဆောင်လေးတွင်ထိုင်ကာ သူမလက်ထဲမှ ရုပ်ပုံကျောက်တုံးအား ကြည့်နေ သည်။
အရင်ကပင် သူမသည် ရှင်းမိုနောက်လိုက်ခဲ့သည်။ သူမသည် ရှီမန်ယူယူကို အကြိမ်အနည်းငယ်တွေ့ ဖူးခဲ့သည်။ သူမ ရေဖြင့် ဆွဲခဲ့သောပုံသည် တူညီသောခက်ခံစားမျိုးဖြစ်မိသည်။ သာမန် တိုက်ဆိုင်မှု မဖြစ်နိုင် ပေ။
သို့သော် ရှီမန်ယူယူသေသွားပြီဖြစ်ကြောင်း သူမသည် ယုံကြည်သည်။ သူမသည်သာ ထိုလူ၏ လက်ထဲ မှ သူမအလောင်းကို လုယူခဲ့သူဖြစ်သည်။ ထိုအချိန်တွင် အသက်မရှုတော့ပေ။ သူမ သခင်လေးကိုယ်တိုင် ရှီမန်ယူယူ၏ အလောင်းကို သဂြိုဟ်ခဲ့သည်ကို တွေ့ခဲ့ရသည်။ ဘယ်လိုဖြစ်ပြီးတော့…
အစိမ်းရောင်နန်းတော်မှလူများသည် ရွန်းယွမ်ဆိုင်ရှေ့တွင် အရိုက်ခံရသည်ဟူသော သတင်းမှာ အစိမ်း ရောင်မြို့တော်တွင် လျင်မြန်စွာပျံ့သွားလေသည်။ ရှီမာယူယူနှင့် တခြားသူများ အဖမ်းခံရမည်ကို လူအများ သည် ကြည့်ရန်ပြင်ထားကြသည်။ သို့သော် တစ်ရက်ကုန်သွားသော်လည်း ဘာမှဖြစ်မလာပေ။
အစိမ်းရောင်နန်းတော်က ဒီအတိုင်းပဲလွှတ်ထားမလို့လား။
ရှီမာယူယူနှင့် တခြားသူများသည်လည်း အလွန်သိချင်ကြသည်။ အစိမ်းရောင်နန်းတော်မှ လူလွှတ်ကာ ပြဿနာရှာမည်ဟု ထင်ထားသော်လည်း ပြီးခဲ့သည့် ရက်များတွင် အလွန်တိတ်ဆိတ်နေခဲ့သည်။
တကယ်တော့ အကြောင်းအရင်းမှာ ရှားရင်ရင်နှင့်တခြားသူများသည် အကျဉ်းချခံထားရသဖြင့် ရှီမာယူယူတို့အား ပြဿနာရှာရန်အချိန်မရခြင်းဖြစ်သည်။
ထို့အပြင် အကြောင်းအရင်းတစ်ခုမှာ အမှတ်တရစားသောက်ဆိုင်ပိုင်ရှင်သည် အစိမ်းရောင်နန်းတော် ဒုသခင်အား နောက်ပိုင်းလူငယ်မျိုးဆက်များသည် ပိုပို၍ မာန်တက်လာကြောင်းကို ပြောထားလေ သည်။
ဒုနန်းတော်သခင် ပြန်ရောက်သည်နှင့် ထိုနေ့ကအဖြစ်အပျက်များကို လူခေါ်ပြီးမေးလေသည်။ ထိုနေ့ မနက်အဖြစ်အပျက်များကို သိသည်နှင့် သူတို့ကို အကျဉ်းချထားလေသည်။
“ဒုနန်းတော်သခင် ဒါဘာသဘောလဲ ရင်ရင်နဲ့ တခြားသူတွေက ဘာလုပ်လိုက်လို့ အကျဉ်းချရတာလဲ” မုတ်ဆိတ်မွေးများနှင့် အမျိုးသားတစ်ယောက်သည် နန်းတော်အတွင်းဝင်ကာ ဒုနန်းတော်သခင်ကို မေးလေ သည်။
ဒုနန်းတော်သခင်သည် အားလုံးကိုရှင်းပြပြီး ပြောလေသည် “အစိမ်းရောင်နန်းတော်က လူငယ်မျိုးဆက် တွေက ရိုင်းပြပြီး သွန်သင်မှုမရှိဘူး၊ အစိမ်းရောင်နန်းတော် နာမည်သုံးပြီး တခြားသူတွေကို အနိုင်ကျင့် သောင်း ကျန်းနေတယ်၊ သူတို့ကို အကျဉ်းချတာကိုက အပြစ်ပေးတာ လျော့ရဲနေတယ်၊ ဒုနန်းတော်သခင်နဲ့ နန်းတော်ခွဲ သခင်တစ်ယောက်အနေနဲ့ ခင်ဗျားသမီးကို သွန်သင်တာ လိုနေတယ်၊ ခင်ဗျားက ရင်ရင်ကို ဒီအခြေအနေဖြစ် အောင် ပျိုးထောင်ခဲ့တာပဲ၊ ခင်ဗျားကိုယ့်ကိုယ်ကို ပြန်သုံးသပ်သင့်တယ်၊ ဘာလို့ကျွန်တော့်ဆီလာပြီး မေးခွန်း ထုတ်နေရတာလဲ”
ရှားကျုံးသည် ဒုနန်းတော်သခင်ဆီမှ ကြိမ်းမောင်းမှုကို ခံရပြီးနောက်တွင် မျက်နှာတင်းမာသွားလေ သည်။ သို့သော် သူ့သမီးအမှားလုပ်ခဲ့သည်ကို လက်ခံပေးရန် ငြင်းဆန်နေခဲ့သည်။
သူမသည် အစိမ်းရောင်နန်းတော်မှ လူဖြစ်ရာ ထိုနိမ့်ကျသော အဆင့်အတန်းမှ သူမကို အလေးပေးရ မည်။ သူတို့သည် သူမအား အခန်းယူရုံတင်မကပဲ သူမအား ရိုက်ခဲ့သည်။ ဒါက အားလုံးရှေ့မှာ အရှက်ရစရာပဲ။
ဒီလိုအဖေမျိုးရှိလို့ ဒီလိုသမီးမျိုးရှိတာ ထူးဆန်းသည့်အရာတောမဟုတ်ပေ။
ရှားကျုံးသည် ကိုယ်ပိုင်နန်းတော်သို့ သွားရာ သူဝင်လိုက်သည်နှင့် သူ၏ လှပသော ဇနီးမယားသည် သူမ ၏ အဖိုးတန်သမီးကို လွတ်အောင် မလုပ်ပေးနိုင်ရလားဟု နားရွက်ဆွဲလိမ်လေသည်။ အခုတော့ သူတို့သည် စိုထိုင်းကာ မှောင်မည်းသော နေရာတွင် အကျဉ်းကျနေလေသည်။
“အသုံးမကျတဲ့အဘိုးကြီး ရှင့်သမီးက ဒီလောက်အခက်အခဲဖြစ်နေတာတောင် သူမကို ထုတ်မပေးနိုင် ဘူး ရှင် ဘယ်လိုအဖေမျိုးလဲ”
ဝူရှောင်ရှောင်သည် လှပသော်လည်း အနီရောင်ငရုတ်သီးလိုပင်။ သူမသည် သမီးအား အချစ်ဆုံးဖြစ်ရာ သူမ သမီး အကျဉ်းကျသည်ဟုကြားသည်နှင့် ရှားကျုံးကို ဒုနန်းတော်သခင်ဆီသို့ သွားတွေ့စေသည်။ သိပ်မကြာ ခင်ပင် သူ သူမအားခေါ်မလာနိုင်ပဲ ပြန်လာမည်ဟု ထင်မထားမိပေ။ သည်လိုနှင့် သူမသည် ဆူပူကြိမ်းမောင်း တော့သည်။
ရှားကျုံးသည် ဒီလောက်လှပသော ဇနီးလေးကို လက်ထပ်ပြီးသည်မှစ၍ ရတနာတစ်ပါးကဲ့သို့ ဆက်ဆံ ခဲ့သည်။ လှပ၍ အရည်အချင်းရှိသော သမီးမွေးဖွားသည့်အပြင် သူမသည် အဂ္ဂိရတ်ပညာရှင်ဖြစ်လာကာ အဖွဲ့ အတွင်းဝင်နိုင်သည့်တိုင်အောင် ပျိုးထောင်ပြီးသည့်နောက်တွင် သူသည် သူမအား အထွတ်အထိပ်သားရဲ တစ်ကောင်ပေးကာ သူမအား အဆုံးမရှိ အလိုလိုက်ခဲ့သည်။
အစပိုင်းတွင် သူသည် သူ့သမီးအား ခေါ်မထုတ်နိုင်သည်ကို ဒေါသထွက်နေခဲ့သည်။ အခု သူသည် ဇနီး ၏ ဆူပူမှုကို ခံရသောအခါ ပိုဒေါသထွက်လာပြီး ရှီမာယူယူနှင့် တခြားသူများကို မုန်းတီးလာသည်။
“ရှောင်ရှောင် ဒေါသမထွက်ပါနဲ့တော့ အခု ဒုနန်းတော်သခင်က အပြစ်ပေးလိုက်ပြီဆိုတော့ ငါတို့ ပြောင်း လို့မရတော့ဘူး” ရှားကျုံးပြောလေသည်။
“ဒါဆို ကျွန်မတို့ သမီးလေးကို ဘယ်လိုလုပ်ကြမလဲ”
“ဒုနန်းတော်သခင်က အကြာကြီး အကျဉ်းမချတာကိုက ကံကောင်းတာပဲ ရင်ရင်က တစ်လအတွင်း ထွက်လာမှာပါ”
“ဘာတွေဖြစ်လို့လဲ”
“ငါပြောတာနားထောင်…”
ရှားကျုံးသည် အဖြစ်အပျက်များကို ဝူရှောင်ရှောင်အားပြောပြရာ သူမသည် ဒေါသထွက်သဖြင့် စားပွဲ အားရိုက်လေသည်။
“အဲဒီအမှတ်တရစားသောက်ဆိုင်ပဲ အဲဆိုင်က ကျွန်မတို့်ရင်ရင် အမြဲစားနေကျကို သူက အဲသာမန်အဖွဲ့ နဲ့ ပေါင်းပြီး ကျွန်မသမီးကို အနိုင်ကျင့်ရဲသေးတယ်၊ လူလွှတ်ပြီး အဲလူတွေကို ရှင်းလိုက်တော့၊ အစိမ်းရောင် နန်းတော်က အားကောင်းတာလား အမှတ်တရစားသောက်ဆိုင်က အားကောင်းတာလားဆိုတာ ကျွန်မကြည့် ချင်တယ် အဲလူတွေကိုလည်း သွားရှင်းရအောင် ကျွန်မသမီးကို နစ်နာအောင်လုပ်တဲ့အတွက် သူတို့ကို သတ်ရ မယ်”
“အဲလိုလုပ်လို့မရဘူး” ရှားကျုံးပြောလေသည် “ဒုနန်းတော်သခင်က ငါဘာမှလုပ်လို့မရအောင် ပြော လိုက်တယ်”
“ငါ ဒီလိုအသုံးမကျတဲ့လူကြီးကို ဘာလို့ လက်ထပ်မိတာလဲ၊ ဘာမှလည်း လုပ်ခွင့်မရှိဘူး ရှင်က အစိမ်းရောင်နန်းတော်မှာ လုပ်ပိုင်ခွင့်မရှိတဲ့ ရာထူးကြီးလား၊ တခြားဟာ မစဉ်းစားနိုင်ဘူးလား”
သူ ထိုစကားကြားလိုက်သောအခါ ရှားကျုံးသည်မျက်လုံး အရောင်တောက်သွားကာ ပြောလေသည် “ရှောင်ရှောင် မင်းကတော့ ဉာဏ်ပြေးလိုက်တာ ငါ တချို့ကိစ္စတွေ ဆွေးနွေးဖို့သွားလိုက်ဦးမယ်”