ဂိုဏ်းကြီသုံးဂိုဏ်း
Vol. 99 Ch. 1367
တာအိုမျိုးစေ့လား…
ဝမ်ပေါင်လဲ့က အနည်းငယ် မျက်မှောင်ကြုတ်သွားမိသည်။ သူ ထင်းယွိမြို့ကို မရောက်ရှိစဉ်က သိပ်သံသယ မရှိခဲ့ပေ။ ယခု ဤနေရာသို့ ရောက်လာသည့်အခါ မှန်းဆချက်တစ်ခု ရှိလာမိသည်။
ပုံမှန်သဘောတရားအရ တာအိုမျိုးစေ့များ ပေါ်ထွက်လာဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဝမ်ပေါင်လဲ့က ထပ်မံ မျက်မှောင်ကြုတ်လိုက်ပြီး ထပ်စောင့်ကြည့်ဖို့ ပြင်ဆင်ထားသည်။ အကယ်၍ ထင်းယွိမြို့အတွင်း တာအိုမျိုးစေ့ သုံးခုမှ ငါးခုအထိ ရှိနေပါက ပြဿနာတစ်ခု ရှိလိမ့်မည်။
အကယ်၍ တခြားသော ကျင့်ကြံသူဆိုပါက သူတို့၏ ကျင့်ကြံဆင့်ကြောင့် တိကျသည့် အကဲဖြတ်မှုမျိုးကို လုပ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ဝမ်ပေါင်လဲ့၏ တကယ်ကျင့်ကြံဆင့်နှင့် အတွေ့အကြုံတို့ဖြင့် ဤသို့သာ ဖြစ်လာလျှင် တစ်စုံတစ်ယောက်က တမင်စီစဉ်ထားကြောင်း အလွယ်တကူ ပြောနိုင်လေ၏။
ထိုသို့ စီစဉ်ထားသည့် အကြောင်းအရင်းကမူ တခြားသူ၏ ခန္ဓာကိုယ်ကို ငှားယူပြီး သူတို့၏ ကိုယ်ပိုင်တာအိုကို အားဖြည့်ဖို့ကလွဲ၍ တခြားအရာ မဟုတ်ပေ။ ထိုတာအိုမျိုးစေ့များက မီးပြင်းဖိုနှင့် တူ၏။
စီစဉ်ထားသူက အသုံးမလိုလာခဲ့လျှင် အဆင်ပြေနေကာ မီးပြင်းဖိုများက ဘေးကင်းလိမ့်မည်။ တစ်ဖက်လူက အတွေးတစ်ချက် ရှိလာသည်နှင့် ထိုတာအိုမျိုးစေ့ ကိုင်ဆောင်သူများ၏ ခန္ဓာကိုယ်က အလိုလိုခြောက်သွေ့သွားကာ တာအိုမျိုးစေ့က ပြန်ထွက်သွားပြီး နဂိုခန္ဓာကိုယ်ဆီ ပြန်ရောက်သွားလိမ့်မည်။
နောက်ထပ် တာအိုမျိုးစေ့ကိုင်ဆောင်သူတွေ ရှိလားဆိုတာ ကြည့်ရတာပေါ့။ အဲ့လိုဆိုရင် အဖြေသိလာမှာပဲ…
သူက စဉ်းစားနေရင်း ဖျော်ဖြေပွဲက စတင်လာခဲ့သည်။ လှပသည့် သံစဉ်တစ်ခုက ပဲ့တင်ထွက်လာကာ ထင်းယွိမြို့တစ်ခုလုံးက ဂီတဖျော်ဖြေပွဲသို့ ရောက်ရှိသွားကြသည်။
ဝမ်ပေါင်လဲ့ပင် ထိုသံစဉ်က လှပလွန်းသည်ဟု ခံစားလိုက်မိသည်။ ထိုအရာက လူများက ထိုအရာကို ကြားသည့်အခါ ပျော်ရွှင်ပြီး သူတို့မျက်နှာအထက် အပြုံးတစ်ပွင့်အလိုလို ထွက်ပေါ်လာမိစေသည်။
ထိုအပြုံးက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ပျော်ရွှင်မှုအငွေ့အသက်ကို လှုံ့ဆော်ပေးပြီး သူ့ကို နိုးထလာစေသည်။ သူ့မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွား၏။
“ပျော်ရွှင်မှုနဲ့ အကြားအာရုံက အမှန်တကယ် ဆက်နွယ်နေတာပဲ” ဝမ်ပေါင်လဲ့က အာရုံစိုက်ပြီး လှည့်ကြည့်လိုက်သည်။ ဖန်သားပြင်အထက် ဖျော်ဖြေပွဲက ဖြည်းဖြည်းချင်း ဝေဝါးလာပြီး ထိုအရာက စင်မြင့်အထက်ရှိ ကျင့်ကြူသူများ၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်တစ်ခု ဖြစ်လာသည့်အလားဖြစ်သည်။ လူအားလုံးက ဂီတသင်္ကေတအဖြစ် ပြောင်းလဲသွားပြီး ခရမ်းရောင် အမျိုးသမီးဝန်းကျင်တွင် ဝန်းရံကာ သူမ၏ ဂီတကို ပိုမိုအားဖြည့်ပေးနေသည်။
ဝမ်ပေါင်လဲ့၏ အမြင်တွင် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်ထက်ပင် ကျော်လွန်နေပြီး ထင်းယွိမြို့ထဲတွင် မျောလွင့်နေသည့် ပြီးပြည့်စုံသည့် ဂီတအပိုင်းအစတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုအရာကို ကြားသည့်သူတိုင်းက အာရုံဆွဲဆောင်ခံလိုက်ရ၏။ ဖျော်ဖြေပွဲ စတင်ကတည်းက တင်ပျဉ်ခွေထိုင်ကာ နားထောင်နေသည့်သူများလည်း ရှိလေသည်။
သူတို့က တစ်စုံတစ်ခုကို နားလည်ဖို့ ကြိုးစားနေဟန်ပေါ်၏။
ဒါက ထင်းယွိစည်းမျဉ်းဥပဒေသကို ကျင့်ကြံရမဲ့ နည်းလမ်းလား …
ဝမ်ပေါင်လဲ့က သိချင်လာကာ ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သိပ်မကြာခင် သူက တုံးအစွာ ပြုံးနေသည့် လူငယ်လေးတစ်ယောက်ကို တွေ့သွား၏။ သူက ထွက်သွားလိုက်သည့်အချိန် လူအုပ်ကြီးက သူ့ကို သတိမထားမိခဲ့ပေ။ သူက လူငယ်လေး၏ ပုခုံးကို ရိုက်လိုက်သည့်အချိန် ပျော်ရွှင်သည့် အငွေ့အသက်တို့က ထိုသူ့ခန္ဓာကိုယ်ထဲ စီးဝင်သွား၏။
ပျော်ရွှင်မှုအငွေ့အသက် အသုံးပြုမှုက ရန်သူတိုက်ခိုက်မှုအပေါ် အသုံးမဝင်သော်လည်း သူတို့၏ ယုံကြည်မှုနှင့် မျက်နှာသာပေးမှုကို တိုးမြှင့်ပေးရာ၌ အကျိုးကျေးဇူး ရှိလေသည်။ လူငယ်လေး၏ စိတ်ထဲ သတိလက်လွတ်ဖြစ်နေသည့်အလား တေးဂီတဖြင့်သာ ပြည့်နှက်နေလေ၏။ ထိုအရာက ဝမ်ပေါင်လဲ့၏ ပျော်ရွှင်မှုအငွေ့အသက်ကို သူ့စိတ်ထဲ အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ စီးဝင်သွားစေသည်။
ထိုအရာ၏ လွှမ်းမိုးမှုအောက်တွင် လူငယ်လေးက ဝမ်ပေါင်လဲ့၏ ရိုက်ချက်ကြောင့် နှောင့်ယှက်ခံလိုက်ရပြီး တေးဂီနစ်မြောနေရာမှ နိုးထလာသည့်အခါ ဝမ်ပေါင်လဲ့ကို ကြည့်မိသွား၏။ သူက အနည်းငယ် မပျော်ရွှင်မိသော်လည်း သူ့ရှေ့တွင် ရှိနေသည့်သူက ရင်းနှီးဖို့ကောင်းကြောင်း ခံစားမိသည်။ သူက စိတ်ထဲမှ မကျေနပ်မှုကို ဖိနှိပ်ထားကာ စိတ်ရှည်လက်ရှည်ဖြင့် မေးလိုက်၏။
“တာအိုရောင်းရင်း ဘာကိစ္စများလဲ”
“တာအိုရောင်းရင်း ကျုပ်က ရွှမ်းမင်ကျစ်ပါ။ ထင်းယွိမြို့တော်ကို ပထမဦးဆုံးရောက်လာတာလေ။ အားလုံးက ဂီတဖျော်ဖြေပွဲကို နားထောင်ရင်း အသိဉာဏ်ပွင့်နေသလိုမျိုး ခံစားမိလိုက်လို့လေ။ ဒီဖျော်ဖြေပွဲကို နားထောင်ပြီးတဲ့နောက်မှာ ကျုပ်နှလုံးသားက ပျော်ရွှင်မှုနဲ့ ပြည့်နှက်လာတယ်။ သူက မနေနိုင်ဘဲ ကခုန်မိပြီး ခင်ဗျားကို ထိမိသွားတာပဲ။ ခင်ဗျား စိတ်ထဲ မထားဖို့ မျှော်လင့်ပါတယ်” ဝမ်ပေါင်လဲ့၏ မျက်နှာအထက် နွေးထွေးသည့် အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။ ပျော်ရွှင်သည့် လေထု၏ လွှမ်းမိုးမှုအောက်တွင် သူက ပျော်ရွှင်သည့် အငွေ့အသက်ကို ထုတ်လွှတ်လိုက်၏။
လူငယ်လေးကလည်း သိသိသာသာ လွှမ်းမိုးခံလိုက်ရသည်။ သူက ဝမ်ပေါင်လဲ့၏ နှောင့်ယှက်မှုကို စိတ်ထဲမထားပေ။ ထိုအစား သူနှင့် ဝမ်ပေါင်လဲ့တို့က ဖျော်ဖြေပွဲကို နားထောင်ရင်းဖြင့် စကားစမြည် ပြောခဲ့ကြ၏။
တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် ဖျော်ဖြေပွဲက အဆုံးသတ်သွားခဲ့သည်။ နှစ်ဦးလုံးက ကျေနပ်နေကြ၏။ လူထုကြီးက ထွက်သွားသည့်အခါ ဝမ်ပေါင်လဲ့က သူ့ကို ထမင်းစား ဖိတ်ကြားလိုက်သည်။
လူငယ်လေးက သဘောတူ၏။
သိပ်မကြာခင် သူတို့က စားသောက်ဆိုင်အတွင်း ထိုင်ကာ တစ်ဦးနှင့်တစ်ဦး စောစောမတွေ့ခဲ့သည့်အတွက် နောင်တရနေသည့်အလား စကားပြောဆိုနေကြသည်။
သူတို့က စကားစမြည် ပြောရင်းဖြင့် ဝမ်ပေါင်လဲ့က တစ်ဖက်လူ၏ ဇစ်မြစ်အကြောင်း ရှာဖွေတွေ့ရှိသွားခဲ့သည်။ သူက ဤမြို့၏ တရားဝင်နေထိုင်သူတစ်ဦး ဖြစ်၏။ သို့သော်လည်း သူ့ပါရမီကြောင့် သူက မြို့ထဲရှိ မည်သည့်ဂိုဏ်းကိုမှ မဝင်ရောက်နိုင်ခဲ့ပေ။ သူက ဂီတခန်းမတစ်ခု၌ စားပွဲထိုး ဝန်ထမ်းတစ်ယောက်အနေဖြင့် အလုပ်လုပ်နေသည်။
သို့သော်လည်း သူက လူများစွာနှင့် နေထိုင်ထိတွေ့ဆက်ဆံနေသည့်အတွက် မြို့ထဲမှ သတင်းမျိုးစုံအကြောင်း သိထားလေသည်။
နမူနာအနေဖြင့် သူ့ဆီမှ ဝမ်ပေါင်လဲ့သည် မြို့ထဲ၌ ဂိုဏ်းကြီး သုံးဂိုဏ်းရှိကြောင်း သိလိုက်ရ၏။
လေးကြိုးမျဉ်းဂိုဏ်းက သူတို့ထဲမှ တစ်ခု ဖြစ်၏။ တခြားသော ဂိုဏ်းနှစ်ခုကမူ ဟိန်ချင်းဂိုဏ်းနှင့် ဂီတတာအိုဂိုဏ်းတို့ ဖြစ်သည်။
ပင်မဂိုဏ်းအကြီးသုံးခုက ထင်းယွိမြို့၏ အကြီးမားဆုံးအင်အားစု ဖြစ်၏။ သူ့အထက်တွင် ထင်းယွိမြို့သခင် ရှိလေသည်။
ထိုအရာအပြင် ဝမ်ပေါင်လဲ့က ထင်းယွိစည်းမျဉ်းဥပဒေသကို ကျင့်ကြံနိုင်သည့် အခြေခံသဘောတရားများအကြောင်းကိုပင် လေ့လာခဲ့ရသည်။
ထင်းယွိစည်းမျဉ်းဥပဒေသကို နားလည်နိုင်ခြင်းက ကျင့်ကြံရေးတစ်ဝက်ကျော်ကို အားဖြည့်ပေးသည်။ ယခင်ဖျော်ဖြေမှုက လေးကြိုးမျဉ်းဂိုဏ်းအတွက် ဝင်ခွင့်စစ်ဆေးမှုတစ်ခု ဖြစ်၏။ သူတို့၏ ကိုယ်ပိုင်ဂီတသင်္ကေတကို စုဝေးနိုင်သည့်သူတိုင်းက လေးကြိုးမျဉ်းဂိုဏ်းကို ဝင်ဖို့ရာအတွက် အရည်အချင်း ပြည့်မှီလေသည်။
“နှမြောစရာကောင်းတာက အဲ့လိုမျိုးနားလည်မှုမျိုးဆိုတာက ကံကောင်းမှုနဲ့ အလားအလာအပေါ်မှာ မူတည်နေတာပဲ။ ကျုပ်က ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ဖျော်ဖြေမှုတွေကို အကြာကြီး နားထောင်ခဲ့ပေမဲ့လည်း အခုထိ မအောင်မြင်သေးဘူး” လူငယ်လေးက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
ဝမ်ပေါင်လဲ့က ဖျောင်းဖျမှုအောက်တွင် သူက သေရည်ကို သောက်သုံးလိုက်၏။
“တာအိုရောင်းရင်း ရွှမ်းမင် ဒါက ခင်ဗျားရဲ့ ပထမဦးဆုံးအကြိမ်လေ။ တကယ်လို့ ခင်ဗျားသာ ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှာ ဝင်ရောက်နိုင်မဲ့ အလားအလာရှိမယ်ဆိုရင် သေချာပေါက် မြင့်တက်သွားမှာပဲ။ အဲဒါကြောင့် ခင်ဗျား အရင်ဆုံး ဒီမှာ အတည်တကျဖြစ်အောင် လုပ်ဖို့ အကြံပြုချင်တယ်။ ပြီးတော့မှ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ဖျော်ဖြေမှုတွေကို လိုက်ပြီး နားထောင်ပေါ့။ ထင်းယွိစည်းမျဉ်းဥပဒေသကို ကျင့်ကြံတာက အရမ်းကို အရေးကြီးတယ်” လူငယ်လေးက ဝမ်ပေါင်လဲ့ကို အမြင်ကောင်းရှိနေသည့်အတွက် သူ့စကားများက အင်မတန် လေးနက်လာသည်။
ဝမ်ပေါင်လဲ့က ခေါင်းညိတ်ကာ မေးခွန်းတချို့ ထပ်မေးလိုက်၏။ သူက ထင်းယွိစည်းမျဉ်းဥပဒေသ၏ အခြေခံကျင့်ကြံရေးကို ယေဘုယျနားလည်လာခဲ့သည်။
နမူနာအနေဖြင့် ထင်းယွိစည်းမျဉ်းဥပဒေသကို ကျင့်ကြံရေးသည် ပြီးပြည့်စုံသည့် သီချင်းတစ်ပုဒ်ကို ဖန်တီးဖို့ရာ ဖြစ်၏။ သို့သော်လည်း သီချင်းတစ်ပုဒ်တည်းအဖြစ် ကန့်သတ်မထားပေ။ လူငယ်လေး၏ ဖော်ညွှန်းချက်အရ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ပါရမီရှင်များသည် သီချင်းနှစ်ပုဒ်အထက် ဖန်တီးနိုင်ကြောင်း သိလိုက်ရသည်။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ပင်မဂီတသင်္ကေတက အရေးအကြီးဆုံး ဖြစ်၏။ ကိုယ်ပိုင်ဂီတကို ပြီးပြည့်စုံအောင် ပင်မဂီတသင်္ကေတရှိသည့်သူများကိုသာ မရှိမဖြစ် လိုအပ်ချက်အဖြစ် ထည့်သွင်းစဉ်းစားကြလိမ့်မည်။ ထို့အပြင် လူတစ်ယောက်က သင်္ကေတများကို ဆက်တိုက် ထည့်ပေါင်းနိုင်ပြီး သူတို့ကို တစ်ချိန်မှတစ်ချိန် ပြောင်းလဲကာ ပြီးပြည့်စုံပြီး အသင့်တော်ဆုံး နောက်ဆုံးပုံစံကို ဖန်တီးနိုင်၏။
နောက်ဆုံးပုံစံက ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် ကွဲပြား၏။ နမူနာအနေဖြင့် လေးကြိုးမျဉ်းဂိုဏ်းသည် သီချင်းကို ဖွဲ့စည်းဖို့ရာအတွက် စာသားများကို ထည့်သွင်းခြင်းအပေါ် အလေးအနက်ထားသည်။ ဟိန်ချင်းဂိုဏ်းကလည်း ကွဲပြားပြီး ထိုအရာက လူတစ်ယောက်၏ စိတ်ခံစားချက်များကို ဂီတမှတဆင့် ဖော်ပြဖို့ အလေးထား၏။
ဂီတတာအိုဂိုဏ်းအတွက်မူ သဘာဝအပေါ် အလေးထားလေသည်။ ဂီတအပေါ်သာ ကန့်သတ်ထားခြင်း မရှိဘဲ သက်ရှိသက်မဲ့အသံများအပေါ် အလေးထားလေသည်။
မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းကြီးသုံးဂိုဏ်းက ကျင့်ကြံသူများအား ဂီတအဖြစ် ပြောင်းလဲကာ မိုးမြေဖြင့် ပေါင်းစည်းခွင့်ပြုထားသည်။
“ဒဏ္ဍာရီတွေအရဆိုရင်တော့ ကမ္ဘာကြီးထဲမှာ အရင်တုန်းက ပေါ်ထွက်မလာတဲ့ အသံကို ခွင့်ပြုပေးထားတဲ့ နောက်ထပ် အဆင့်တစ်ခုရှိတယ်လို့ ကြားတယ်။ အဲဒီအဆင့်က မြို့သခင်နဲ့ အနီးကပ်ဆုံး အဆင့်လို့ ပြောလို့ရတယ်”