← Chapters

  ညဘက်၌ တည်ရှိခြင်း

Vol. 99 Ch. 1369

  ညဘက်၌ တည်ရှိခြင်း

Vol. 99 Ch. 1369

ဝမ်ပေါင်လဲ့၏ စကားအဆုံးတွင် အသက်ရှုသံက ရုတ်ချည်း ရပ်တန့်သွား၏။ သို့သော်လည်း နောက်အခိုက်အတန့်လေး၌ ပြတင်းပေါက်အပြင်ဘက်မှ လက်သည်းများဖြင့် ကုတ်ခြစ်နေသလိုမျိုး အသံကြီး ထွက်လာသည်။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ထင်းယွိမြို့တော်ထဲတွင် ရှိနေ၍ အပြင်ဘက်မှာလောက် လွတ်လပ်မနေပေ။ သူ့အာသီသ စည်းမျဉ်းဥပဒေသကိုလည်း သူ့ကိုယ်တိုင် ချိတ်ပိတ်ထားသည့်အတွက် အရမ်းထုတ်ဖော်ဖို့ရာအတွက် မသင့်တော်ပေ။ ထို့ကြောင့် ဗလာကျင်းနေသည့် ပြတင်းပေါက်ကို စိုက်ကြည့်နေပြီးသည့်နောက် ဝမ်ပေါင်လဲ့က လှည့်ကာ လျစ်လျူရှုထားလိုက်တော့၏။ ထို့အစား သူက တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံလိုက်သည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ‌ ပြတင်းပေါက်မှ ရိုက်သံများက အဆုံးမသတ် ထွက်ပေါ်နေဆဲ ဖြစ်၏။ ပြတင်းပေါက် အပြင်ဘက်မှ အရာက ဝမ်ပေါင်လဲ့၏ သဘောထားကို မကျေနပ်သည့်အလား ရိုက်ပုတ်သံများကိုပါ ထုတ်လွှင့်လာသည်။

ထိုအရာက ရိုက်နေရင်း ထိုအရာမှ အသံက အခန်းတစ်ခုလုံးကိုပင် တုန်ယင်သွားစေကာ အသံများက အခန်းအတွင်း ပဲ့တင်ထွက်လာလေ၏။ ဝမ်ပေါင်လဲ့အနေနှင့် ကျင့်ကြံဖို့ရာ အင်မတန် ဆူညံလွန်းနေသည်။ ထိုအသံအားလုံးက သူ့ခန္ဓာထဲ ဝင်ရောက်လာကာ သူ့ထင်းယွိစည်းမျဉ်းကို လှုပ်ခတ်သွားစေသည်။

နောက်ဆုံးတွင် ဝမ်ပေါင်လဲ့က မျက်လုံးဖွင့်ကာ စိမ်းကားသည့် အမူအရာဖြင့် လျှောက်လှမ်းလာသည်။ သူက ပြတင်းပေါက်ဘေးတွင် ရပ်ရင်း ဗလာကျင်းနေသည့် လေထုကို အေးစက်စက် ကြည့်လိုက်သည်။ သူ ချည်းကပ်လာသည့်အခါ ရိုက်ခတ်သံနှင့် အသက်ရှုသံတို့က ပိုမို အားကောင်းလာ၏။

“မင်းက သေချင်နေတာပဲ ဟုတ်တယ်မလား” ဝမ်ပေါင်လဲ့၏ နှုတ်ခမ်းထောင့်တို့က ဖွင့်ဟလာကာ ကြက်သီးထဖွယ် သွားတို့ကို ထုတ်ပြလာသည်။ သူက ရုတ်တရက် ညာဘက်လက်ဖြင့် ပြတင်းပေါက်ကို ဖွင့်ချလိုက်သည်။ သူက ရှေ့ကို တိုးလိုက်ပြီး ဗလာလေထုကို ဆွဲယူလိုက်၏။ သူက တစ်ချက်မှပင် မကြည့်နေဘဲ သူ့ပါးစပ်ထဲ ဆွဲထည့်ကာ ဝါးစားရင်း ပြတင်းပေါက်ကို ပြန်ပိတ်လိုက်သည်။

အခန်းအတွင်း စူးစူးရှရှ အော်သံနှင့်အတူ ကွဲအက်သံများ ထွက်လာသည်။ ဝမ်ပေါင်လဲ့ကမူ အမူအရာကင်းမဲ့လျက် ဆက်လက် ဝါးစားနေပြီး သူ့နဂိုနေရာဆီ ပြန်သွားကာ ဆက်လက် ကျင့်ကြံလိုက်သည်။

အချိန်အတော်ကြာမြင့်ပြီးသည့်နောက် သူ့နားထဲမှ အော်သံများက တဖြည်းဖြည်း အားပျော့သွားလေ၏။ သူတို့က အပြီးတိုင် ပျောက်ကွယ်သွားသည့်အခါ ပတ်ဝန်းကျင်က ပုံမှန် ပြန်ဖြစ်သွားသည်။ ရိုက်ခတ်သံများ မရှိတော့သလို အသက်ရှုသံလည်း မရှိတော့ပေ။

ဝမ်ပေါင်လဲ့က တိတ်ဆိတ်စွာ ကျေနပ်နေမိသည်။ သူက မျက်လုံးကို မှိတ်ကာ ကျင့်ကြံလိုက်၏။ ဤသို့ဖြင့် တစ်ညတာ ကုန်ဆုံးသွားလေသည်။

ဝမ်ပေါင်လဲ့က မျက်လုံးဖွင့်လာကာ ပြတင်းပေါက်ကို ကြည့်လိုက်၏။ အားလုံးက ပုံမှန် ပြန်ဖြစ်နေလေပြီ။ အပြင်ဘက်တွင် အဆောက်အဦးမြင့်များနှင့် ဆူညံသံများစွာ ရှိနေ၏။ တေးဂီတသံကိုပင် အဝေးမှ ဝေဝေဝါးဝါး ကြားနေရသည်။ ဤသည်က အင်မတန် အသက်ဝင်စည်ကားနေ၏။

ထိုအရာက ဝမ်ပေါင်လဲ့အား ပြည်ထောင်စုကြီးထဲမှ ဘဝကို ပြန်လည် အမှတ်ရသွားစေသည်။ သူက စိတ်ခံစားချက်များဖြင့် ပြည့်နှက်လာစဉ် စားသောက်ဆိုင်ထဲရှိ အခန်းထဲမှ ထွက်လာလိုက်တော့သည်။ သူ ထွက်လာလာချင်း တစ်စုံတစ်ခု ကွဲလွဲနေသည်ကို သတိထားမိသွား၏။

သူ့လိုမျိုး စားသောက်ဆိုင်ထဲ နေထိုင်သူများစွာ ရှိကြကာ ဝန်ထမ်းများစွာလည်း ရှိကြသည်။ သို့သော်လည်း သူ ထွက်လာသည့်အခါ ဧည့်သည်များက ပုံမှန်အတိုင်း ဖြစ်နေကြသော်လည်း ဝန်ထမ်းများကမူ ဝမ်ပေါင်လဲ့ကို ကြည့်ရင်း တုန်လှုပ် စိတ်လှုပ်ရှားနေကြဟန်ပေါ်သည်။

“မနေ့က ငါ့အခန်းမှာ အော်သံ ကြားလိုက်ရသေးလား” ဝမ်ပေါင်လဲ့က ဝန်ထမ်းများကို ကြည့်ကာ မေးလိုက်သည်။ အားလုံးက ခေါင်းငုံ့ထားလိုက်ကြ၏။ ဝမ်ပေါင်လဲ့က စားသောက်ဆိုင်ထဲမှ ထွက်မလာခင် လူလတ်အရွယ် အမျိုးသားတစ်ယောက် ပေါ်လာသည်။

လူလတ်အရွယ် အမျိုးသားက ကောင်းမွန်စွာ ဝတ်စားထားပြီး သေသပ်ကာ ကြည့်ကောင်းသည်။ သူက အိမ်တော်ထိန်းတစ်ယောက်လို ဝတ်ဆင်ထားပြီး ဝမ်ပေါင်လဲ့အပေါ် အလွန်တရာ ယဉ်ကျေးနေသည်။ သူက နည်းနည်း စိတ်အားထက်သန်ဟန်ပေါက်နေ၏။ စကားအနည်းငယ်ပြောလိုက်ပြီးသည့်နောက်တွင် သူက ဝမ်ပေါင်လဲ့၏ အခန်းအား အဆင့်မြင့်ပေးလိုက်ပြီး ပိုမို ကြီးသည့် အခန်းတစ်ခုသို့ ပြောင်းပေးလိုက်သည်။

ဝမ်ပေါင်လဲ့ကလည်း ထိုအရာကို မငြင်းဆန်ခဲ့သလို အကြောင်းအရင်းကိုလည်း မမေးခဲ့ပေ။ သူက စိတ်ထဲတွင် အဖြေရှိနေပြီးသား ဖြစ်၏။ အရာအားလုံးကို လက်ခံလိုက်ပြီးသည့်နောက် သူက ထိုလူလတ်အရွယ် အမျိုးသား၏ တလေးတစား အကြည့်အောက်တွင် စားသောက်ဆိုင်ထဲမှ ထွက်လာပြီး မြို့တစ်ပတ် ပတ်လိုက်သည်။

ယာဉ်ပျံများ ဖြတ်သန်းသွားသည့်အခါ ဝမ်ပေါင်လဲ့က ငေးမောမိနေဆဲ ဖြစ်၏။ သူက မူလစကြဝဠာ တာအိုနေရာထဲ ရောက်နေခြင်း မဟုတ်ဘဲ ပြည်ထောင်စုကြီးထဲ ရောက်နေသလို ဖြစ်နေသည်။ ရံဖန်ရံခါတွင် သူက ဆိုင်းဘုတ်များ ကိုင်ဆောင်သွားသည့် လူအုပ်စုများကိုပင် မြင်နိုင်သည်။ အရာအားလုံးက အေးချမ်းနေ၍ သူ့အတွက် သက်တောင့်သက်သာ ဖြစ်လာမိသည်။ သို့သော် တစ်ချိန်တည်းဆိုသလို သူက သူ့ဘာသာ မနှစ်မျှောဘဲ မနေနိုင်တော့ပေ။

ဝမ်ပေါင်လဲ့ ဆုံးဖြတ်ချက်ချပြီးသည့်အခါ နေ့လယ်ပင် မရောက်သေးပေ။ သူက အရင်နားလည်ထားသည့် သင်္ကေတများဖြင့် လေးကြိုးမျဉ်းဂိုဏ်းဆီ ဝင်ရောက်ဖို့ ပြင်ဆင်နေသည်။ သို့သော်လည်း ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့က ထင်းယွိမြို့ထဲ လေးကြိုးမျဉ်းဂိုဏ်း၏ တည်နေရာကို ရှာမတွေ့ကြောင်း သတိထားမိသွားသည်။

မနေ့က လူငယ်လေးက ထိုအချက်ကို ထည့်မပြောခဲ့၍ ဝမ်ပေါင်လဲ့ကလည်း မမေးခဲ့မိပေ။ သူ့နားလည်ထားမှုအရ ထင်းယွိမြို့က သိပ်မကြီးလှပေ။ ပုံမှန်အားဖြင့် လူတိုင်းက ဂိုဏ်းကြီးများ၏’ တည်နေရာကို သိကြလေ့ရှိ၏။

သို့သော်လည်း သူက အချိန်အတော်ကြာ ရှာဖွေနေသော်လည်း ဂိုဏ်းများ၏ တည်နေရာကို လုံးဝ ရှာမတွေ့ပေ။ ဤသည်က ဝမ်ပေါင်လဲ့အား အံ့အားသင့်သွားစေ၏။ သူက ပျော်ရွင်မှုအငွေ့အသက်ဖြင့် လူတချို့ကို လိုက်လံမေးမြန်းခဲ့သော်လည်း မည်သူမှ မသိကြပေ။

ထင်းယွိမြို့ထဲရှိ လူအားလုံးက ဂိုဏ်းကြီးသုံးဂိုဏ်း တည်ရှိမှုအကြောင်း သိကြသော်လည်း တချို့တလေကသာ သူတို့၏ တည်နေရာကို သိကြသည်။

ထင်းယွိမြို့နဲ့ လေးကြိုးမျဉ်းဂိုဏ်းက တူညီတဲ့ ဒိုင်မေးရှင်းထဲ မရှိတာများလား … ဒါမှမဟုတ် လေးကြိုးမျဉ်းဂိုဏ်းက နေ့ဘက်မှာ မမြင်ရတာမျိုးလား …

ဝမ်ပေါင်လဲ့က စဉ်းစားနေရင်းဖြင့် စားသောက်ဆိုင်ဆီ ပြန်ရောက်လာသည်။ ထိုအခါ စားပွဲထိုးလေးတစ်ဦးက သူ့အား ချက်ချင်း နှုတ်ဆက်ကာ အခန်းအသစ်ဆီ လိုက်လံပို့ဆောင်ပေး၏။ ဝမ်ပေါင်လဲ့က အခန်းထဲ ဝင်ဝင်ချင်း ရုတ်တရက် စကားပြောလိုက်သည်။

“တာဝန်ခံကို လာတွေ့ခိုင်းလိုက်”

စားပွဲထိုးလေးက ထိုစကားကို ကြားလိုက်သည့်အခါ အလျှင်အမြန် ခေါင်းညိတ်ကာ အလျှင်စလို ထွက်သွားလေသည်။ ပြတင်းပေါက်ဘေးတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က တံခါးခေါက်သံ ကြားလိုက်ရ၍ ညာဘက်လက်ကို မြောက်ကာ ဝေ့ယမ်းလိုက်သည်။ ထို့နောက် တံခါးက ပွင့်သွားကာ ကောင်းမွန်စွာ ဝတ်ဆင်ထားသည့် အမျိုးသားက အပြုံးဖြင့် တံခါးအပြင်ဘက်၌ ရပ်နေသည်။

“လူကြီးမင်း ကျုပ် ဝင်လာလို့ ရမလား”

“ဝင်ခဲ့ပါ” ဝမ်ပေါင်လဲ့က လှည့်ကာ ပြုံးလျက် ပြောလိုက်သည်။

လူလတ်အရွယ် အမျိုးသားကလည်း ပြုံးလိုက်၏။ သူက အခန်းထဲ လျှောက်လာကာ တံခါးကို ပိတ်လိုက်၏။ ထို့နောက် သူက ဝမ်ပေါင်လဲ့၏ ညွန်ကြားချက်ကို စောင့်ဆိုင်းနေသည့်အလား ရပ်နေသည်။ ထိုအနေအထားက အင်မတန် သက်တောင့်သက်သာ ရှိလှသည်။

ဝမ်ပေါင်လဲ့က အခန်းတစ်ဝိုက်ကို ဝေ့ကြည့်လိုက်ပြီးသည့်နောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကျုပ် လေးကြိုးမျဉ်းဂိုဏ်းကို  ဘယ်လိုဝင်ရောက်နိုင်လဲ ” ဝမ်ပေါင်လဲ့က ဘာမှမပြောဘဲ တန်းမေးလိုက်သည်။

လူလတ်အရွယ် အမျိုးသားက ထိုအရာကို ကြားသည့်အခါ အတော်လေး လှုပ်ရှားသွား၏။ သူက ဝမ်ပေါင်လဲ့ကို သေချာဂရုတစိုက် တလေးတစား ကြည့်လာသည်။

“ကျုပ်တို့က လေးကြိုးမျဉ်းဂိုဏ်းရဲ့ အသံကို လိုအပ် … ” သူက ပြောနေစဉ် ဝမ်ပေါင်လဲ့က ညာဘက်လက်ကို မြောက်လိုက်ပြီး သူ့လက်ဝါးအထက် တောက်ပနေသည့် သင်္ကေတကို ထုတ်ဖော်လာသည်။

ဂီတသင်္ကေတက လူလတ်အရွယ် အမျိုးသားအား အသက်ရှုနှုန်း မြန်ဆန်လာစေသည်။

“လေးကြိုးမျဉ်းဂိုဏ်းရဲ့ တည်နေရာကို ပြော” ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ ပြောလိုက်၏၊

“လူကြီးမင်းက လေးကြိုးမျဉ်းဂိုဏ်းက ထင်းယွိမြို့ထဲမှာ ဟုတ်လည်း  ဟုတ်သလို ဟုတ်လည်း မဟုတ်ပါဘူး။ ဟုတ်တယ်လို့ ပြောရတာက တည်နေရာက ဒီမှာရှိတာမလို့ပါ။ မဟုတ်ဘူး ပြောရတာကတော့ ဒိုင်မေးရှင်း ကွဲလွဲနေလို့ပါ။ ဂိုဏ်းကြီးသုံးဂိုဏ်းက မဟူရာညမှာပဲ တည်ရှိကြတာပါ ”

“မဟူရာညက တခြားသူတွေအတွက် တားမြစ်ချက်ဆိုပေမဲ့ ထင်းယွိစည်းမျဉ်းရှိထားတဲ့လူတွေအတွက် တော်ဝင်နယ်မြေလိုပါပဲ။ အဲဒါကြောင့် လူကြီးမင်းက လေးကြိုးမျဉ်းဂိုဏ်းကို ဝင်ချင်တယ်ဆိုရင် ညဘက် သွားဖို့ လိုပါလိမ့်မယ်။ လက်ထဲမှာရှိတဲ့ ဂီတသင်္ကေတနဲ့ဆိုရင် လေးကြိုးမျဉ်းဂိုဏ်းရှိရာ နေရာဆီ အလိုလို ဆွဲခေါ်ခံရပါလိမ့်မယ်  ”

ဝမ်ပေါင်လဲ့က အတွေးနက်နေသည်။ ထိုအရာက သူ့ယခင်မှန်းဆချက်နှင့် တူညီပေ၏။ သူက ခေါင်းညိတ်လိုက်ပြီး ခေါင်းစဉ်လွဲပြောတော့မည့်ဆဲဆဲတွင် လူလတ်အရွယ် အမျိုးသားက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ထုတ်ပြောလာသည်။

“လူကြီးမင်း အဲဒီမှာ အသံအစေခံတစ်ယောက်လောက်များ လိုအပ်လား ”

“စည်းမျဉ်းတွေအရတော့ ကျင့်ကြံသူတိုင်းက ဂိုဏ်းကြီးသုံးဂိုဏ်းကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်တဲ့လူတိုင်းကို အသံအစေခံ နေရာတစ်ခု ပေးကြပါတယ်။ အသံအစေခံဆိုတာက လူကြီးမင်းကို ဂရုစိုက်ပေးရင်း ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ကျင့်ကြံခွင့်ရတာမျိုးပေါ့။ ကျုပ်တို့သူဌေးက သူ့ကလေးတွေကို အားကောင်းတဲ့ ကျင့်ကြံသူတွေဆီ အသံအစေခံအနေနဲ့ ပေးဖို့လိုလားပါတယ်။ အဲဒီအတွက်လည်း လူကြီးမင်းကို ကျေနပ်လောက်တဲ့ တန်ကြေးတစ်ခု ပေးပါ့မယ်  “ လူလတ်အရွယ် အမျိုးသားက တီးတိုးပြောလိုက်သည်။

“ထင်းယွိမြို့ထဲမှာ ဒီလိုစားသောက်ဆိုင် စီးပွားရေးနဲ့ဆိုရင် မင်းတို့ သူဌေးက အသံအစေခံ လိုအပ်တဲ့ အားကောင်းကောင်း လူတွေ ပြတ်လပ်နေတုန်းလား” ဝမ်ပေါင်လဲ့က ထိုလူအား ကြည့်ကာ မေးလိုက်သည်။

“ကျုပ်တို့သူဌေးက ကလေးတွေ အများကြီး ရှိလို့ပါ” လူလတ်အရွယ် အမျိုးသားက နေရခက်စွာ ရှင်းပြလိုက်သည်။

All Chapters