← Chapters

ထူးဆန်းသည့် ဂီတသင်္ကေတ

Vol. 99 Ch. 1373

ထူးဆန်းသည့် ဂီတသင်္ကေတ

Vol. 99 Ch. 1373

မီးတောင်ပေါ်ရှိ ဂူများက တုန်ခါသွားပြီး ပုံရိပ်များက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။ သံကြိုးများနှင့် အမျိုးသားက တောင်ထိပ်မရောက်ခင် ဖြည်းဖြည်းချင်း လျှောက်လှမ်းသွား၏။ ထို့နောက် တောင်အနောက်ဖက်ထဲ ခုန်ချလိုက်သည်။

ဝမ်းနည်းဖွယ် အသံကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။

“ဂိုဏ်းတူအစ်ကိုကြီး ရှစ်လင်းကျစ်ရဲ့ စည်းမျဉ်းဥပဒေသစွမ်းအားက ပိုပြီးအားကောင်းလာတာပဲ”

ဝမ်ပေါင်လဲ့၏ ဘေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအရာက သူ့ဂူနှင့် မလှမ်းမကမ်းမှ နောက်ထပ် ဂူတစ်ခုဆီမှ ဖြစ်၏။ လူလတ်အရွယ် အမျိုးသားတစ်ဦးက ထိုဂူထဲမှ ထွက်လာသည်။ သူ့မျက်ဝန်း၌ စိတ်ခံစားချက်များ ရောထွေးနေလေ၏။

ကျင့်ကြံသူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မြူခိုးဖြင့် လွှမ်းခြုံထားသည်။ ထိုအရာက သူ့ကို အဖော်ပြုပေးနေသည့် အသံတစ်ခုလို ဖြစ်နေ၏။ ထိုအရာက ကျွတ်ဆတ်ကာ ရှင်းလင်းလာသည်။

သူကလည်း ဝမ်ပေါင်လဲ့ကို သတိထားမိခဲ့၏။ ထို့နောက် သူက သက်ပြင်းချရင်း တောင်ထိပ်ဆီမှ အကြည့်ရုတ်သိမ်းကာ ဝမ်ပေါင်လဲ့ဆီ အကြည့်ရောက်လာသည်။ သူက ဘာမှမပြောဘဲ ခေါင်းညိတ်ပြီးသည့်နောက်တွင် သူ့ဂူထဲ ပြန်သွားလိုက်၏။

ဝမ်ပေါင်လဲ့ကလည်း ဘာမှမပြောခဲ့ပေ။ သူက ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် ဆက်လက် လျှောက်လှမ်းသွားလိုက်၏။ ညက ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့က လေးကြိုးမျဉ်းဂိုဏ်း တစ်ဝက်ကျော်ကို စူးစမ်းပြီးသွားလေပြီ။ နောက်ဆုံး သူ ပြန်လည်ရောက်ရှိလာသည့်အခါ ကောင်းကင်ကြီးက အဖြူရောင် ပြောင်းလဲသွားခဲ့၏။

ညက ပျောက်ကွယ်သွားပြီး တစ်ကမ္ဘာလုံးက ပြောင်းလဲသွားဟန်ပေါ်သည်။ မီးတောင်ကြီးက ဖြည်းဖြည်းချင်း ဝေဝါးလာပြီး ညရောက်ရှိလာမှုကြောင့် မြို့ထဲဆွဲသွင်းခံလိုက်ရသည့် အချက်က ဝမ်ပေါင်လဲ့၏ မြင်ကွင်း၌ အလျင်အမြန် ပျောက်ကွယ်သွားလေ၏။

အဆုံးသတ်၌ နေမင်းက မိုးကုတ်စက်ဝန်းမှ တရားဝင်ပေါ်ထွက်လာပြီး ထင်းယွိမြို့ကလည်း ရုတ်ချည်း ပြောင်းလဲသွားသည်။

မီးတောင်က ပျောက်ကွယ်သွားပြီး သူ့ဂူရှေ့တွင် ရပ်နေခဲ့သည့် ဝမ်ပေါင်လဲ့က လမ်းမအထက် ရောက်ရှိနေ၏။

သူက ထင်းယွိမြို့အလယ်ခေါင် ရောက်ရှိနေလေသည်။

သူက ဘေးပတ်ဝန်းကျင်ရှိ အဆောက်အဦးများကို ကြည့်ရင်း တငေးတမော ဖြစ်နေသည်။ ဂိုဏ်းကြီးသုံးဂိုဏ်း တည်ရှိပုံနှင့် ထူးကဲမှုတို့က သူ့ကို စိတ်လှုပ်ရှားသွားစေသည်။

ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က သလင်းကျောက် အမှတ်အသားပြားကို ထုတ်ယူလိုက်၏။ ထို့နောက် သူက နတ်ဘုရားအသိစိတ်ဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အသက်သွင်းဖို့ ရည်ရွယ်လိုက်သည်။ ထိုအမှတ်အသားပြားက အသက်ဝင်လာပြီး ကူးသန်းပြောင်းရွှေ့ရေးစွမ်းအား ထွက်ပေါ်လာသည်ကို ခံစားမိလာ၏။ သို့သော်လည်း အချိန်အတော်ကြာ လှုပ်ရှားမှုဟူ၍ မရှိပေ။ သူက ဤနေရာတွင် သူကူးသန်းသွားရမည့် နေရာကို မရှာဖွေနိုင်သကဲ့သို့ ဖြစ်၏။

ကြည့်ရတာ နေ့ဘက်မှာ သလင်းကျောက် အမှတ်အသားပြားကို သုံးလို့မရဘူး ထင်တယ်…

ငါ မိုးလင်းတဲ့အထိ ဂူထဲမှာနေရင် ဘယ်လိုဖြစ်သွားလောက်လဲ…

ဝမ်ပေါင်လဲ့က သိချင်နေမိသည်။ ဝမ်ပေါင်လဲ့က လမ်းမတစ်လျှောက် တက်လှမ်းလာပြီးသည့်နောက်တွင် ယခင်က နေထိုင်ခဲ့သည့် စားသောက်ဆိုင်ဆီ ဦးတည်လိုက်၏။

သူက လျှောက်လှမ်းလာရင်းဖြင့် မိုးသောက်ယံ ကျော်လွန်ကာ မြို့ထဲရှိလူများကလည်း တဖြည်းဖြည်း နိုးထလာကြသည်။ လမ်းသွားလမ်းသာအားလုံး၏ လူအရေအတွက်ကလည်း တိုးပွားလာ၏။ သို့သော်လည်း အားလုံး၏ အမူအရာက ဝမ်ပေါင်လဲ့ကို မြင်သည့်အခါ ပြောင်းလဲသွားကြသည်။ သူတို့က တရိုတသေ ခေါင်းငုံ့ထားလိုက်ကြ၏။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ခေါင်းကို ငုံ့ကာ သူ့အဝတ်အစားများကို ကြည့်လိုက်သည်။ သူက စိတ်ထဲ၌ အဖြေရှိပြီးသား ဖြစ်၏။

သူ စားသောက်ဆိုင်သို့ ပြန်လာသည့်အခါ သူ့အဝတ်အစားများက စားသောက်ဆိုင်ဝန်ထမ်းများ၏ အကြည့်ကို ပြောင်းလဲသွားစေသည်။ သူတို့က ယခင်ထက်ပင် ပိုမိုရိုသေလာကြ၏။ သူ့အခန်းဆီ လိုက်ပို့ပြီးသည့်နောက်တွင် စားသောက်ဆိုင်၏ တာဝန်ခံက အလျင်အမြန် လာရောက်တွေ့ဆုံခဲ့သည်။

သူက ဝမ်ပေါင်လဲ့၏ အနက်နှင့် အဖြူဝတ်ရုံကို မြင်သည့်အခါ အသက်ပြင်းပြင်းရှူလိုက်၏။ သူက မနေ့ကထက်ပင် စိတ်အားထက်သန်နေသည်။

သူက ဝမ်ပေါင်လဲ့၏ အခန်းခအားလုံးကို လျှော့ပေါ့ပေးခဲ့ရုံသာမက ဝမ်ပေါင်လဲ့အား ဤနေရာတွင် အချိန်အတော်ကြာ နေမည်လား မေးခဲ့သည်။ ဝမ်ပေါင်လဲ့၏ အတည်ပြုချက်ရရှိပြီးသည့်နောက်တွင် သူက စားသောက်ဆိုင်၏ အမြင့်ဆုံးအထပ်မှ အခန်းသုံးခန်းရှိ တစ်ခန်းကို ဝမ်ပေါင်လဲ့ဆီ ပေးခဲ့သည်။

“ကျန်တဲ့ အခန်းနှစ်ခန်းက တစ်ခန်းက လေးကြိုးမျဉ်းဂိုဏ်းရဲ့ အကြီးအကဲတစ်ဦးအတွက်လေ။ နောက်တစ်ခုကတော့ ဟိန်ရှင်းဂိုဏ်းက မသေမျိုးအကြီးအကဲအတွက်ပါ။ ဒီပစ္စည်းကို သူဌေးက အချိန်အတော်ကြာနေဖို့ ရွေးချယ်ထားတဲ့ သေမျိုးအကြီးအကဲတွေအတွက် ပြင်ဆင်ထားတာ။

တကယ်လို့ အခုကစပြီးတော့ တစ်ခုခုလိုတယ်ဆိုရင် အချိန်မရွေး ပြောပါ” တာဝန်ခံက နွေးထွေးကာ ရိုသေလှသည်။ ဝမ်ပေါင်လဲ့ကို ပြောပြပြီးသည့်နောက်တွင် သိုလှောင်အိတ်တစ်ခုကို ပေးပြီး ထွက်ခွာသွား၏။

ဝမ်ပေါင်လဲ့က အခန်းကို ကြည့်နေရင်း အတော်လေး ကျေနပ်နေမိသည်။ အခန်းက ယခင်ထက် ပိုမိုကြီးမားပြီး အားလုံးပါရှိ၏။ သီးသန့်ကျင့်ကြံဖို့အတွက် လျှို့ဝှက်အခန်းပင် ပါရှိနေသေးသည်။

သိုလှောင်အိတ်ထဲ၌ ပစ္စည်းနှစ်ခု ပါရှိ၏။ တစ်ခုက ကျောက်စိမ်းပြား ဖြစ်သည်။

ကျောက်စိမ်းပြားတွင် သုံးစွဲမှု လုပ်ငန်းစဉ်တစ်ခု ပါရှိ၏။ ထိုကျောက်စိမ်းပြားဖြင့် ထင်းယွိမြို့ထဲမှ ပစ္စည်းများကို ဝယ်ယူနိုင်၏။ ဝမ်ပေါင်လဲ့က တစ်ပြားတစ်ချပ်မှ ကုန်မည် မဟုတ်ပေ။ စားသောက်ဆိုင်က အကုန်လုံးကို အခကြေးငွေကျခံလိမ့်မည်။

ထိုအရာတင်မကသေးဘဲ နောက်ထပ် အရေးကြီးသည့်အရာတစ်ခု ပါရှိနေသေးသည်။ ထိုအရာက ဂီတတေးသွား ဖြစ်၏။ ဂီတတေးသွားက ထင်းယွိမြို့ထဲတွင် အင်မတန် အဖိုးတန်လှသည်။ ထိုအရာက ဤစားသောက်ဆိုင်ပိုင်ရှင်သည် ဂိုဏ်းကြီးသုံးဂိုဏ်း၏ တပည့်များနှင့် အဆက်အသွယ်ရှိစေဖို့ အင်မတန်အလေးအနက်ထားကြောင်း မြင်နိုင်သည်။

ထိုလေးနက်မှုဖြင့် ဝမ်ပေါင်လဲ့က နောက်ထပ် တစ်နေရာတွင် နေထိုင်ဖို့ ရွေးချယ်မည် မဟုတ်ပေ။ သူ့အဓိကအာရုံစိုက်စရာက စားသောက်ဆိုင် မဟုတ်ဘဲ လေးကြိုးမျဉ်းဂိုဏ်း ဖြစ်၏။

နောက်တစ်ခုက အခု ထင်းယွိစည်းမျဉ်းဥပဒေသအပေါ် ငါ့ရဲ့ အနာဂတ်လမ်းစဉ်အကြောင်း တွေးဖို့လိုတယ်…

ဝမ်ပေါင်လဲ့က လျှို့ဝှက်အခန်းအတွင်း တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူက စဉ်းစားနေရင်းဖြင့် လက်ကိုဝှေ့ယမ်းကာ သူ့ဘေး၌ ဂီတသင်္ကေတ ၉ခု ပေါ်ထွက်လာသည်။

ဂီတသင်္ကေတကို ကြည့်နေရင်း ဝမ်ပေါင်လဲ့က ခေါင်းကိုက်လာမိ၏။ သူက သူတို့ကို နတ်ဘုရားအသိစိတ်ဖြင့် စစ်ဆေးကြည့်စဉ် ထိုထူးဆန်းသည့် အသံတစ်သံ ပျံ့လွင့်လာသည်။

ဖူး ဖူး ဖူး ဖူး ….  ဂလု

တခြားသူများ၏ အသံများက ကျွတ်ဆတ်သည်မျိုး သို့မဟုတ် ရှည်လျားသည်မျိုး ဖြစ်ကြသည်။ နားထောင်သည့်အခါ အင်မတန် လှပလှ၏။

ငါက ဘာဖြစ်နေတာလဲ…

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် ပင်မသင်္ကေတဝန်းကျင်တွင် ဆင့်ကဲပြောင်းလဲအောင် လုပ်သင့်ကြောင်း တွေးလာမိသည်။ သူက သူ့ကိုယ်ပိုင်ဂီတကို ဖန်တီးသင့်၏။

သို့သော်လည်း အသံက နားထောင်ဖို့ရာပင် နားကလောနေ၏။ ဝမ်ပေါင်လဲ့က ဦးနှောက်ကို ဖြစ်ညှစ်စဉ်းစားသော်လည်း ဘာလုပ်ရမှန်း မသိသေးပေ။

ငါ ပင်မဂီတသင်္ကေတကို ပြောင်းလဲလိုက်ရမလား….

ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ တွေးပြီးသည့်နောက်တွင် တာဝန်ခံ ပေးခဲ့သည့် တေးသွားကို ထုတ်ယူလိုက်သည်။ နတ်ဘုရားအသိစိတ်ဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဂီတသံစဉ်က သူ့စိတ်ထဲ ပျံ့လွင့်လာ၏။

ဒါက ဂီတတေးသွား အသုံးပြုပုံပဲ နေမယ်…

ထင်းယွိစည်းမျဉ်းဥပဒေသကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများက နတ်ဘုရားအသိစိတ်ဖြင့် ဂီတတေးသွားကို နားထောင်နိုင်ကြသည်။ တခြားတစ်ဖက်တွင် ထိုအရာက အထောက်အကူဖြစ်ပြီး ကျင့်ကြံသူ၏ ဂီတဖန်ဆင်းမှုအပေါ် ဦးတည်ချက် ဖြစ်လာစေနိုင်သည်။

အကယ်၍ သူတို့သာ စွမ်းရည်ရှိပါက ဂီတသင်္ကေတ ပမာဏအမြောက်အများရှိသည့် တူညီသည့် တေးသွားကို အတုခိုးဖို့ရာ ဖြစ်နိုင်၏။

သေချာသည့် အနေအထားအရ ထိုအရာသည် နတ်ဘုရားစွမ်းရည်ကဲ့သို့ ဖြစ်သည်။

နောက်ထပ် လုပ်ဆောင်ချက်တစ်ခုကမူ ကျင့်ကြံသူများ သူတို့၏ ကိုယ်ပိုင်ဂီတသင်္ကေတများကို နားလည်အောင် လုပ်ခွင့်ပြုထားလေ၏။ ထိုလုပ်ဆောင်ချက် နှစ်ခုကြောင့် ဂီတတေးသွားက အင်မတန် အဖိုးတန်နေရခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့က တေးသွားကို နားထောင်ရင်း ထင်းယွိစည်းမျဉ်းဥပဒေသ၏ နားလည်မှုကို အံအားသင့်သွားသည်။ ထိုအရာက သူ့ခန္ဓာကိုယ်ထဲ ဆယ်ခုမြောက် ဂီတသင်္ကေတပေါ်ထွက်လာ၍ ဖြစ်သည်။

ထိုနေရာမှာတင် အဆုံးသတ် မသွားသေးပေ။ သိပ်မကြာခင် ၁၁ခုမြောက် ဂီတသင်္ကေတ ပေါ်ထွက်လာသည်။ ဂီတတေးသွားတစ်ခုလုံး ပြီးမြောက်သွားသည့်အခါ ဝမ်ပေါင်လဲ့က သူ့ထံ နောက်ထပ်ငါးခု ရှိနေသည်ကို တွေ့ရှိသွား၏။

ယခင်၉ခုနှင့်ပေါင်းလိုက်ပါက သူ့တွင် ၁၄ခု ရှိနေသည်။ သို့သော်လည်း တုန်လှုပ်ပြီးသည့်နောက်တွင် သူ့အမူအရာက ချက်ချင်းပြောင်းလဲသွားခဲ့၏။ ထိုအရာထဲတွင် ကူကယ်ရာမဲ့သည့် အရိပ်အမြွက်တို့ ရှိနေသည်။ အကြောင်းအရင်းကမူ ထိုဂီတသင်္ကေတငါးခုလုံးက အသံတစ်သံထဲသာ ဖြစ်နေလေ၏။

ဖူး

ငါ ဒီလိုဆက်လုပ်နေလို့ မဖြစ်တော့ဘူး…

ဝမ်ပေါင်လဲ့က သူ့စိတ်ထဲ၌ မြင်ကွင်းတစ်ခုကို တွေးမကြည့်ဘဲ မနေနိုင်တော့ပေ။ ထိုမြင်ကွင်း၌ သူသည် ထင်းယွိစည်းမျဉ်းဥပဒေသကို အောင်အောင်မြင်မြင် ကျင့်ကြံပြီး သူ့ခန္ဓာကိုယ်က ဂီတသံစဉ်အဖြစ် ပြောင်းလဲသွားခဲ့သည်။

 ထိုအရာ ဖြတ်သန်းသွားသည့်အချိန်တိုင်း ဖူး ဖူး ဖူး ဖူး ဖူး

ထိုမြင်ကွင်းက အင်မတန်ကြောက်ဖို့ ကောင်းလိမ့်မည်။

ဝမ်ပေါင်လဲ့က ထိုအရာကို သိမ်းဆည်းပြီးသည့်နောက်တွင် ထိုင်နေရင်း အတွေးနက်နေမိသည်။ သို့သော်လည်း ကောင်းကင်က ဖြည်းဖြည်းချင်း မဲမှောင်လာပြီး လမင်းကြီးက ပေါ်ထွက်လာသည်။ ဝမ်ပေါင်လဲ့က ဖြေရှင်းနည်းကို မစဉ်းစားနိုင်သေးပေ။

ကိစ္စမရှိဘူး။ ငါ့အနေနဲ့ နောက်ထပ်ဂီတသင်္ကေတတွေကို ပိုမိုနားလည်အောင်လုပ်ဖို့ပဲ လိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တခြားအသံဆိုတာ ရှိလာမှာပဲ…

အဲ့လိုဖြစ်လာတဲ့အချိန်ကျမှ သံစဉ်ကို ဖန်တီးဖို့ဆိုတာ နောက်မကျသေးပါဘူး…

ဒီလိုအချိန်မျိုးတွင် သူ လုပ်ဖို့လိုအပ်သည်က ဂီတသင်္ကေတကို စုစည်းဖို့သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့က ခေါင်းကိုမော့ကာ အပြင်ဘက်မှ ညကို ကြည့်လိုက်သည်။ သူက သလင်းကျောက် အမှတ်အသားပြားကို ထုတ်ယူပြီးသည့်နောက်တွင် အသက်သွင်းလိုက်၏။

ကူးသန်းပြောင်းရွှေ့ရေး စွမ်းအားက ပေါ်ထွက်လာသည်။ ကူးသန်းပြောင်းရွှေ့ရေး စွမ်းအားက အသက်ဝင်လာပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့ကို လွှမ်းခြုံသွားလေ၏။ ထို့နောက် နောက်အခိုက်အတန့်လေး၌ သူက လေးကြိုးမျဉ်းဂိုဏ်း၏ တောင်ဂိတ်ပေါက်၌ ပေါ်ထွက်လာသည်။

All Chapters