အကြွင်းမဲ့အသံ
Vol. 99 Ch. 1374
တောင်ဂိတ်ပေါက်က နဂိုအတိုင်း ကျန်ရှိနေသော်လည်း ယခင်ထက် အနည်းငယ် ကျယ်ဝန်းလာသည်။ ဝမ်ပေါင်လဲ့ တစ်ယောက်တည်းသာ ညရောက်ရောက်ချင်း တောင်ဂိတ်ဆီ ပြန်လာသည့် တစ်ဦးတည်းသောသူ မဟုတ်ပေ။
သူ့ဘေးပတ်ဝန်းကျင်တွင် ပုံရိပ်များက တစ်ခုပြီး တစ်ခုဆိုသလို ပေါ်ထွက်လာ၏။ နောက်ထပ် ဝေဝါးဝါးပုံရိပ်များကိုလည်း တောင်ပေါ်၌ မြင်တွေ့နိုင်သည်။
သို့သော်လည်း မနေ့က ရောက်လာသည်ထက် လူများက ပိုမိုများပြားနေ၏။ လေးကြိုးမျဉ်းဂိုဏ်းသားများက တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ခဲသည်။ အများစုက ပေါ်ထွက်လာပြီးသည့်နောက်တွင် အေးစက်စက် အမူအရာဖြင့်သာ ထွက်သွားကြ၏။
ဝမ်ပေါင်လဲ့ကလည်း တူညီသည့် အမူအရာမျိုး ရှိနေသည်။ သူက သူ့ဂူဆီသွားကာ ထင်းယွိစည်းမျဉ်းဥပဒေသကို ဆက်လက်လေ့လာလိုက်၏။
အချိန်က ကုန်ဆုံးသွားပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ကျင့်ကြံရင်း ဉာဏ်အလင်းပွင့်မှုတစ်ခု ရရှိလာသည်။ မျက်စိတစ်မှိတ်အတွင်း တစ်လတာ ကုန်ဆုံးသွားလေ၏။
ထိုအချိန်အတွင်း ဝမ်ပေါင်လဲ့က ဂူထဲအမြဲတမ်း ရှိမနေပေ။ သူက တောင်ဂိတ်ပေါက်ဝန်းကျင်တွင် လျှောက်သွားလေ့ ရှိ၏။ လေးကြိုးမျဉ်းဂိုဏ်းသားများက အေးစက်ကြသော်လည်း ဝမ်ပေါင်လဲ့၏ လေးနက်မှုထဲ ပြည့်နှက်နေသည်။ ပျော်ရွှင်မှုအငွေ့အသက်က လေထုထဲ ပြည့်နှက်နေကာ သူ့အိမ်နီးချင်းဖြင့် အဆက်အသွယ်တချို့ရှိလာခဲ့သည်။
သူ့အိမ်နီးချင်းနာမည်က ချန်လင်း ဖြစ်၏။
ထင်းယွိစည်းမျဉ်းဥပဒေသကို ကျင့်ကြံရေးတွင် သူက လေးကြိုးမျဉ်းဂိုဏ်း၏ အဆင့်နိမ့် အလယ်အလတ်အဆင့်တွင် ရှိလေသည်။ ချန်လင်းနှင့် ဆက်သွယ်မှုမှတဆင့် လေးကြိုးမျဉ်းဂိုဏ်းကို နောက်ဆုံးတွင် နားလည်လာခဲ့သည်။ သူက လေးကြိုးမျဉ်းဂိုဏ်းထဲတွင် အဓိကလူနှစ်ယောက်ရှိကြောင်း သိလိုက်ရ၏။
တစ်ယောက်က စန္ဒာဝိညာဉ်ကလေးငယ်ဖြစ်ကာ တခြားတစ်ယောက်ကမူ ရှစ်လင်းကျစ် ဖြစ်၏။
ဝမ်ပေါင်လဲ့က ရှေ့တစ်ယောက်ကို ထင်းယွိမြို့ထဲ ဖျော်ဖြေသည်ကို မြင်တွေ့ခဲ့ဖူးသည်။ နောက်တစ်ယောက်ကမူ သံကြိုးများဖြင့် လျှောက်လှမ်းသွားသည့် လူလတ်အရွယ်အမျိုးသားတစ်ဦး ဖြစ်ပေသည်။
ထိုနှစ်ယောက်လုံးက လေးကြိုးမျဉ်းဂိုဏ်း၏ မျက်နှာသာပေးခံရသောသူများ ဖြစ်ကြသည်။ သူတို့က ထင်းယွိစည်းမျဉ်းဥပဒေသကို မြင့်မားသည့် အဆင့်တစ်ခုအထိ ကျင့်ကြံထားနိုင်ကြ၏။ ကျင့်ကြံရေးအရ သူတို့က ဂီတတေးသွားအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ထင်းယွိမြို့တစ်လျှောက် နာမည်ကျော်ကြားကြသည်။
သူတို့အထက်တွင် လေးကြိုးမျဉ်းဂိုဏ်းချုပ် ရှိ၏။ လေးကြိုးမျဉ်းဂိုဏ်း၏ ထင်းယွိစည်းမျဉ်းဥပဒေသက အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ ကောင်းကင်ဂီတအဖြစ် မှတ်ယူနိုင်သည်။ သို့သော်လည်း သူက တစ်နှစ်ပတ်လုံး သီးသန့်ကျင့်ကြံနေသည့်အတွက် မြင်တွေ့ရခဲသည်။ ယွဲ့လင်းကျစ်(စန္ဒာဝိညာဉ်ကလေးငယ်)ကသာ ဂိုဏ်းကိစ္စများကို တာဝန်ယူထားခြင်း ဖြစ်၏။
လေးကြိုးမျဉ်းဂိုဏ်းတစ်ခုလုံးတွင် သူတို့သုံးယောက်ကသာ အထက်ပိုင်းအဖြစ် မှတ်ယူနိုင်သည်။ သူတို့အောက်တွင် အကြီးအကဲငါးယောက် ရှိ၏။ တစ်ယောက်ချင်းစီက ပြီးပြည့်စုံသည့် ဂီတကို ပိုင်ဆိုင်ထားကြပြီး တစ်ယောက်ချင်းစီက လေးကြိုးမျဉ်းဂိုဏ်းထဲတွင် အာဏာ တစ်စိတ်တစ်ပိုင်းကို ဆုပ်ကိုင်ထားကြသည်။
သူတို့အောက်တွင် ရှိသည့်သူများကို ပင်မတပည့်များအဖြစ် မှတ်ယူနိုင်သည်။ သူတို့က ရာချီရှိနေစဉ် ဂီတသင်္ကေတအဆင့်များအတွက်မူ သူတို့ကို အတွင်းတပည့်အဖြစ်သာ မှတ်ယူနိုင်ပြီး ၉၀ရာခိုင်နှုန်းကျော် ရှိလေသည်။
နမူနာအနေဖြင့် ဝမ်ပေါင်လဲ့နှင့် ချန်လင်းတို့က ထိုကဲ့သို့ ဖြစ်၏။ ဆူညံသံအတွက်မူ လေးကြိုးမျဉ်းဂိုဏ်းထဲ၌ အင်မတန် နည်းပါးသည်။ ထိုသူများက ဂီတသင်္ကေတအဆင့်အဖြစ် မြန်မြန်ဆန်ဆန် အဆင့်တက်လှမ်းသွားခြင်း သို့မဟုတ် ညကို ဖြတ်ကျော်ပြီး ဂိုဏ်းကို ဝင်ရောက်ဖို့ အရည်အချင်း မပြည့်မှီခြင်းတို့သာ ဖြစ်ကြ၏။
ဂိုဏ်း၏ ဖွဲ့စည်းတည်ဆောက်မှုကို နားလည်ခြင်းက သူ့ကျင့်ကြံရေးအပေါ် များများစားစား အထောက်အကူ ဖြစ်သော်လည်း ဝမ်ပေါင်လဲ့က သူ့အတွက် ဦးတည်ရာကောင်း ရှိလာစေသည်။
သို့သော်လည်း သူ့ကို မှောင်မှိုင်းသွားစေသည့်အရာက တစ်လခန့်ကျင့်ကြံပြီးသည့်နောက်တွင် သူ့၌ နောက်ထပ် ဂီတသင်္ကေတ ၁၄ခုရှိကာ စုစုပေါင်း ၃၀ ဖြစ်သွားသော်လည်း စောစောပိုင်း အသံ “ဂလု” ကလွဲ၍ ကျန်အရာအားလုံးက အသံတစ်သံတည်းသာ ဖြစ်နေလေသည်။
ထိုအရာက ဝမ်ပေါင်လဲ့အား ကူကယ်ရာမဲ့သလို ခံစားရစေ၏။ သူက ထင်းယွိစည်းမျဉ်းဥပဒေသကို နားလည်ရာ၌ အင်မတန်ပါရမီရှိသည်ဟု မှတ်ယူနိုင်ကြောင်း ခံစားမိသည်။ မဟုတ်ပါက သူ့အနေဖြင့် အချိန်တိုအတွင်း ဂီတသင်္ကေတများစွာကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ထိုပါရမီက အနည်းငယ် ပုံပျက်ယွင်းနေလေ၏။
ငါ မယုံနိုင်သေးဘူး…
ဝမ်ပေါင်လဲ့၏ အမူအရာက ပျက်ယွင်းသွားပြီး သူ့မျက်ဝန်းမှ မလိုလားသည့် အရိပ်အယောင်တို့ ထုတ်ပြနေသည်။
တကယ်လို့ ငါသာ ဂီတသင်္ကေတတွေကို ထပ်ပြီးတော့ ရနိုင်မယ်ဆိုရင် ထင်းယွိကမ္ဘာထဲကို ဝင်ရောက်ရလိမ့်မယ်။
ထိုအတွေးဖြင့် သူက တုံ့ဆိုင်းခြင်းမရှိ ဂူထဲမှ ထွက်လာလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူက တောင်နိမိတ်ဝန်းကျင်မှ ထွက်လာကာ ညနက်ထဲ ပျောက်ကွယ်သွားခဲ့သည်။
ထင်းယွိကမ္ဘာက ဝမ်ပေါင်လဲ့၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်၏။ သူက ဤကမ္ဘာသည် ထူးထူးဆန်းဆန်း သက်ရှိများဖြင့် ပြည့်နှက်နေသည်ဟု ယုံကြည်ထားပြီး တခြားသော ဂီတသင်္ကေတများကို နားလည်နိုင်စွမ်းရှိလိမ့်မည်ဟုလည်း သေချာနေသည်။
ထိုဆုံးဖြတ်ချက်ဖြင့် ဝမ်ပေါင်လဲ့က အချိန်အတော်ကြာ အရှိန်မြှင့်တင်လိုက်သည်။ သူက ဂိုဏ်းနှင့် လုံးဝကွာဝေးနေသည့်အခါ တခြားသော ကျင့်ကြံသူများမရှိသည်ကို အတည်ပြုပြီးသည့်နောက်တွင် ယခင်နည်းလမ်းအတိုင်း သူ့ဆီကို ဆွဲဆောင်ခံလိုက်ရသည့် ထူးထူးဆန်းဆန်း သက်ရှိများကို ဝါးမျိုပစ်လိုက်သည်။
သူက ဝါးမျိုပစ်နေရင်းဖြင့် သူ့ခန္ဓာကိုယ်ထဲမှ ထင်းယွိစည်းမျဉ်းဥပဒေသက ထပ်မံ ချိတ်ပိတ်ခံလိုက်ရသည်။ ထင်းယွိစည်းမျဉ်းဥပဒေသကလည်း အထဲတွင် အာဟာရ ဖြစ်နေ၏။ နောက်ထပ် ဂီတသင်္ကေတများ ထပ်မံပေါ်ထွက်လာသကဲ့သို့ ဖြစ်သည်။
ရက်များစွာ ကုန်ဆုံးသွားပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ ဝါးမျိုမှုက သတိကြီးကြီးဖြင့် ဆက်တိုက် ဆက်လုပ်နေသည်။ ထင်းယွိစည်းမျဉ်းဥပဒေသစွမ်းအား နက်ရှိုင်းလာသည့်အခါ သူ့ခန္ဓာကိုယ်ထဲ နောက်ထပ် ဂီတသင်္ကေတတစ်ခု ပေါ်ထွက်လာလေ၏။
သို့သော်လည်း သူ့အမူအရာက တစ်ရက်ထက်တစ်ရက် ပိုမိုပျက်ယွင်းလာသည်။ တစ်လခွဲခန့်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က လွင်ပြင်ထဲ၌ ရပ်နေလိုက်သည်။ သူ့ဝန်းကျင်တွင် ထူးထူးဆန်းဆန်း ပမာဏအမြောက်အများ ပျောက်ကွယ်သွားပြီဖြစ်ကာ ထိုခန္ဓာကိုယ်ထဲတွင် ဂီတသင်္ကေတ ၆၇ခု ပေါ်ထွက်လာပြီဖြစ်ပြီး နတ်ဘုရားအသိစိတ်ကို ထည့်သွင်းလိုက်သည်နှင့် ဖူးဆိုသည့်အသံကိုသာ ကြားနေရသည်။
ရင်းနှီးသည့်အသံက ပဲ့တင်ထွက်လာသည့်အခါ ဝမ်ပေါင်လဲ့၏ အမူအရာက ပျက်ယွင်းသွားလေ၏။ သူက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ကြည့်လိုက်သည်။
ဒါက ပင်မခန္ဓာကိုယ်ရဲ့ လက်ချက်ပဲ နေမယ်…
တကယ်လို့ ငါသာ တခြားသင်္ကေတတွေကို မရယူနိုင်ဘူးဆိုရင် ဒီဂီတသင်္ကေတတစ်ခုတည်းကတော့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး…
ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူလိုက်၏။ သူက ရုတ်ချည်းဆိုသလို လက်မြှောက်ကာ ဘေးမှ လေထုကို ဆွဲကိုင်လိုက်သည်။
ထို့နောက် သူ့လက်ထဲ၌ စိုစွတ်ကာ ချော်ထွက်နေသည့်အရာကို ခံစားမိလိုက်သည်။ ငါးနှင့်တူသည့် သက်ရှိတစ်ကောင်ရှိနေသကဲ့သို့ ဖြစ်၏။ ထိုအရာကို မမြင်နိုင်သော်လည်း သူ့လက်ထဲတွင် ရှိနေသည်။
ထိုအရာက မည်မျှပင် ရုန်းကန်စေကာမူ ဝမ်ပေါင်လဲ့၏ လက်ထဲမှ မလွတ်မြောက်နိုင်ပေ။ ဝမ်ပေါင်လဲ့က ထိုအရာကို အာရုံပင်မထားပေ။ ထိုအခိုက်အတန့်၌ သူက ခန္ဓာကိုယ်ထဲမှ ဂီတသင်္ကေတကို အသက်သွင်းလိုက်ပြီး အသံတစ်သံ ထုတ်လွှတ်လာကာ ထင်းယွိစည်းမျဉ်းဥပဒေသ၏ စွမ်းအား ထွက်ပေါ်လာလေ၏။ ထိုအရာက လက်ထဲတွင်ရှိနေသည့် ထူးထူးဆန်းဆန်းအရာဆီ ကျရောက်လာသည်။
အသံကျယ်ကြီးနှင့်အတူ ဝမ်ပေါင်လဲ့လက်ထဲရှိ ထူးထူးဆန်းဆန်းအရာက ပြင်းထန်စွာ တုန်ခါသွားသည်။ ထိုအရာက အနည်းငယ် ရပ်တန့်သွားသော်လည်း အလျင်အမြန်ပင် ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ ထိုအရာက ဝမ်ပေါင်လဲ့၏ အမူအရာကို ပိုမိုပျက်ယွင်းသွားစေ၏။
ဤသည်က ဂီတသင်္ကေတဖြင့် ထင်းယွိစည်းမျဉ်းဥပဒေသ၏ စွမ်းအားကို ထုတ်သုံးဖို့ ကြိုးစားဖူးသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်သော်လည်း အနည်းငယ် စိတ်ပျက်နေဆဲသာ ဖြစ်၏။ လေးကြိုးမျဉ်းဂိုဏ်းအတွင်း ရှိနေစဉ်အချိန်က ချန်လင်းနှင့် ဆက်နွယ်မှုအပြီး ပင်မဂီတကို ကျွမ်းကျင်ကြသည့် တခြားသော ကျင့်ကြံသူများက ထိုဂီတသင်္ကေတတစ်ခု၏ စွမ်းအားဖြင့် သူ့လက်ထဲမှ ထူးထူးဆန်းဆန်းအရာကို သတ်ပစ်နိုင်စွမ်းရှိကြောင်း သိခဲ့ရသည်။
သို့သော်လည်း သူ့အတွက် ဂီတသင်္ကေတတစ်ခုတည်းက တစ်ဖက်သူကို အေးခဲသွားစေဖို့ရာသာ လုံလောက်၏။ ဝမ်ပေါင်လဲ့က တိတ်ဆိတ်စွာဖြင့် ဂီတသင်္ကေတများကို နားလည်ဖို့ကို လက်လျှော့လိုက်တော့သည်။ ထိုအစား သူ့မျက်ဝန်းအထက် အေးစက်စက် အလင်းတစ်ချက် ပေါ်ထွက်လာကာ သူက ဂီတသင်္ကေတ ၆၇ခုကို တစ်ခုနှင့်တစ်ခု ထပ်ကာ ဖိနှိပ်လိုက်သည်။
အကယ်၍ တစ်ခုက လုံလုံလောက်လောက် အားမကောင်းပါက နောက်တစ်ခုက ထပ်ပြီးတော့ ပေါင်းလိမ့်မည်။ အကယ်၍ မလုံလောက်သေးပါက နောက်ထပ် ဆယ်ခု၊ နောက်ထပ် အဆရာချီ ပေါင်းနိုင်သည်။
ဝမ်ပေါင်လဲ့က ဂီတ၏ သာမန်လမ်းစဉ်ကို အပြည့်အဝ လက်လျှော့လိုက်ပြီ ဖြစ်၏။ သူက ဂီတသင်္ကေတတစ်ခုတည်း ရှိလျှင် ဘယ်လိုဖြစ်မလဲသိချင်နေမိသည်။ အကယ်၍ ဂီတသင်္ကေတရာချီ၊ ထောင်ချီ သို့မဟုတ် သောင်းချီရှိနေလျှင် ပိုမိုပြင်းထန်သည့် ပေါက်ကွဲစွမ်းအားကို ထုတ်ဖော်နိုင်လောက်သည်။
ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်ထဲရှိ ဂီတသင်္ကေတများက တစ်ခုနှင့်တစ်ခု ထပ်သွားလေ၏။ ထို့နောက် အလျင်အမြန်ဆိုသလို ဂီတသင်္ကေတနှစ်ခုသာ ကျန်ရှိတော့သည်။
တစ်ခုက ဂလု ဖြစ်၏။ တခြားသော ၆၆ခုကမူ အတူတကွ ထပ်သွားကြသည်။
အခု ဘယ်လောက်အားကောင်းလဲဆိုတာ ကြည့်ရသေးတာပေါ့…
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် သူ့လက်ထဲ၌ ထူးထူးဆန်းဆန်းအရာကို ကြည့်လိုက်သည်။ သူက ဂီတသင်္ကေတ ၆၆ခု ထပ်နေသည့် အသံကို ထုတ်လွှတ်လိုက်၏။
ဖူး
ထိုအရာက နဂိုအသံနှင့် တူညီနေဆဲ ဖြစ်သော်လည်း မဖော်ပြနိုင်ဖွယ် ခံစားချက်တို့ ကိန်းအောင်းနေသည်။ ထိုအရာ ပျံ့လွင့်လာသည်နှင့် သူ့လက်ထဲတွင် ရှိနေပြီး ခံစားမိသော်လည်း မမြင်ရသည့် ထူးထူးဆန်းဆန်းအရာက ပုံပျက်ယွင်းသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထို့နောက် သူ ဝေဝေဝါးဝါးဖြင့် သူက တစ်ကိုယ်လုံး မျက်လုံးများ ပါနေသည့် ရုပ်ဆိုးဆိုးအနက်ရောင် ငါးတစ်ကောင်ကို မြင်လိုက်ရဟန်ပေါ်သည်။
နောက်အခိုက်အတန့်လေး၌ ထိုငါး၏ မျက်လုံးများက အပြူးသားဖြစ်လာပြီး ပေါက်ကွဲထွက်သွား၏။
ထိုပေါက်ကွဲသံက ဖူး ဖြစ်နေသည်။ အသွေးအသားများက နေရာအနှံ့ ပြန့်ကျဲသွားလေ၏။