← Chapters

လန်လဲ့ငါး

Vol. 99 Ch. 1375

လန်လဲ့ငါး

Vol. 99 Ch. 1375

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းက အားကောင်းသည့် အလင်းဖြင့် တောက်ပနေသည်။ သူက ညာဖက်လက်ကို ကြည့်လိုက်၏။ သူ့အမြင်၌ သူ့ညာဖက်လက်ဝန်းကျင်တွင် အပြာရောင်သွေးများကို မြင်လိုက်ရသည်။

ထိုအရာအပြင် သူ့လက်ထဲ၌ အသားတချို့လည်း ကျန်ရှိနေ၏။

သို့သော်လည်း ထိုအရာက ခေတ္တမျှသာ ကြာရှည်ခံပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေသည်။

သူ့ညာဖက်လက်က ဗလာကျင်းနေဆဲဖြစ်ကာ ပတ်ဝန်းကျင်၌ အပြောင်းအလဲဟူ၍ မရှိပေ။ သူက လေတိုက်ခတ်သွားသည်ကိုသာ ခံစားမိလိုက်၏။

ဝမ်ပေါင်လဲ့က ခေါင်းငုံ့ထားပြီး ညာဖက်လက်ကို ကြည့်လိုက်သည်။ သူက ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရုတ်တရက် ရယ်မောလိုက်၏။

စိတ်ဝင်စားစရာပဲ…

သူက တူညီသည့် ဂီတသင်္ကေတ ၆၆ခုကို ထပ်ဆင့်လိုက်သည့်အခါ သူတို့၏ စွမ်းအားက ထိုအနေအထားအထိ ရောက်ရှိသွားခဲ့သည်။ ထိုအခိုက်အတန့်၌ သူတို့က အတားအဆီးအကာအရံတချို့ကို ချိုးဖောက်ကာ သူ ကြားနိုင်သည့် ကမ္ဘာကို မြင်တွေ့ခွင့်ပြုလာသည်။

ဝမ်ပေါင်လဲ့က သူ့ထပ်ဆင့်ထားသည့် အသံသည် လေဟာနယ်ကို ဖြိုခွင်းနိုင်သည့် အနေအထား ရောက်ရှိသည်ဟု မယုံပေ။ သူ့အနေအထားအပေါ် မူတည်၍ အတွေးတချို့ တွေးမိပြီးသည့်နောက်တွင် စိတ်ထဲ၌ အဖြေရလာသည်။

အသံကို ထပ်ဆင့်လိုက်တာက အားကောင်းနိုင်တယ်ဆိုပေမဲ့လည်း လေဟာနယ်ကို ဖြိုခွင်းဖို့ရာအတွက်တော့ မလုံလောက်သေးဘူး…

အဲဒါကြောင့် ဒီထပ်ဆင့်ထားတဲ့ အသံက သေချာတဲ့ ဂုဏ်သတ္တိတချို့ကြောင့် ပေါ်ထွက်လာတာပဲ…

လူတစ်ယောက်၏ ပါရမီကဲ့သို့ ထပ်ဆင့်ထားသည့် အသံမျိုး၏ ဂုဏ်သတ္တိကလည်း ထိုနယ်နိမိတ်ကို ခြေမွနိုင်သည့် စွမ်းရည်မျိုး ရှိသင့်သည်။

တကယ်လို့ ဒီလိုသာဖြစ်နေမယ်ဆိုရင် ငါက အဲဒါကို ထင်းယွိလမ်းစဉ်ရဲ့ ဗဟိုချက်အနေနဲ့ အသုံးပြုနိုင်လောက်တယ်…

ဝမ်ပေါင်လဲ့က ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုအသံက နားထောင်ဖို့ရာ မသာယာသလို လေးကြိုးမျဉ်းဂိုဏ်းမှ တခြားသော ကျင့်ကြံသူများဖြင့်လည်း အပြည့်အဝ ကွဲထွက်နေသည်။ တကယ်တော့ ဝမ်ပေါင်လဲ့က ထိုအရာသည် တခြားသော ဂိုဏ်းကြီးနှစ်ခုနှင့်လည်း ကွဲပြားနေမည် ဖြစ်ကြောင်း မှန်းဆမိ၏။

သို့သော်လည်း ထိုအရာက အရေးမကြီးပေ။ စွမ်းအားက လုံလောက်နေသရွေ့ လုံလောက်နေပြီ ဖြစ်၏။

ထိုအရာက ထင်းယွိစည်းမျဉ်းဥပဒေသ ဖြစ်ပေသည်။ ထိုအရာ ပြသခဲ့သည့်နည်းလမ်းက ကွဲပြားနေသော်လည်း သူက ထင်းယွိစည်းမျဉ်းဥပဒေသကို ကျင့်ကြံပြီး လုံလုံလောက်လောက် လှည့်ပတ်နေသရွေ့ ထင်းယွိစည်းမျဉ်းဥပဒေသ၏ စွမ်းအားက တိုးပွားလာမည်ဖြစ်၏။

ဘာမှကိစ္စမရှိတော့ဘူး…

ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့က သူ့ခန္ဓာကိုယ်ထဲမှ ထပ်ဆင့်ထားသည့် အသံကို တုန်ခါစေလိုက်သည်။ သူက ရင်းနှီးပြီးသား ဖူးဆိုသည့်အသံကိုသာ နားထောင်လိုက်၏။ ယခင်က နားထောင်ဖို့ရာ နားကလောသည်ဟု တွေးခဲ့သည့်အသံက ယခုအခါ ပို၍ပင် သာယာနာပျော်ဖွယ်ကောင်းလာသည်။

ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့၏ စိတ်ဓာတ်က အနည်းငယ် တက်လာ၏။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားကာ မဟူရာညထဲ ဆက်လက် စူးစမ်းရှာဖွေလိုက်သည်။

သူက ဂီတသင်္ကေတအသစ်များကို နားလည်အောင် လုပ်ရင်း သူတို့ကို ထပ်ဆင့်ပေါင်ထားလေသည်။

တကယ်လို့ ငါသာ ရာချီ၊ ထောင်ချီ နဲ့သောင်းချီ ဂီတသင်္ကေတတွေကို စုနိုင်တဲ့အခါမှာ ဒီအသံက ဘယ်လောက်တောင် အားကောင်းလာလိုက်မလဲ…

ဝမ်ပေါင်လဲ့က အတော်လေးကို စိတ်လှုပ်ရှားနေမိသည်။ သူက ထိုအရာကို ရှာဖွေတွေ့ရှိပြီးသည့်နောက် ထင်းယွိစည်းမျဉ်းဥပဒေသက သူနှင့် အင်မတန် လိုက်လျောညီထွေဖြစ်နေကြောင်း ခံစားမိလာသည်။ အခြားသောသူများက အသံကို နားလည်ဖို့ရာအတွက် ကံကောင်းမှုနှင့် အချိန်ကို လိုအပ်လေ့ရှိ၏။

တခြားဖက်တွင် သူကမူ ပုံမှန်အတိုင်း အသံကို နားလည်နိုင်စွမ်း ရှိဟန်ပေါ်သည်။ တစ်ခါတစ်ရံတွင် သူက ထူးထူးဆန်းဆန်း အရာကို ဖျက်ဆီးလိုက်သည့်အခါ သူ့ခန္ဓာကိုယ်ထဲတွင် ဂီတသင်္ကေတက တစ်ခု ဖြစ်တည်လာနိုင်သည်။

ဤသို့ဖြင့် နောက်ထပ် တစ်လတာ ကုန်ဆုံးသွားလေ၏။

အကယ်၍ သူသာ အချိန်ကို ရေတွက်ကြည့်ပါက ဝမ်ပေါင်လဲ့ ထင်းယွိမြို့ထဲ ရောက်ရှိနေသည်မှာ နှစ်တစ်ဝက်ခန့်နီးပါး ရှိနေလေပြီ။ သူက အချိန်အများစုကို လေးကြိုးမျဉ်းဂိုဏ်းအတွင်းသာ ကုန်ဆုံးလေ့ရှိ၏။

သူက ထိုအရာကို အချိန်အတော်ကြာကတည်းက စမ်းသပ်ခဲ့သည်။ သူက မိုးသောက်ယံတွင် ဂူထဲတွင် နေထိုင်နေပါက သက်ရောက်ခံရမည် မဟုတ်ဘဲ မြို့ထဲသို့ ရောက်ရှိသွားမည် မဟုတ်ပေ။ ထိုအရာက အပြင်ဘက်တွင် ည မဟုတ်တော့သော်လည်း ဂူထဲရှိ ကျင့်ကြံရေးပတ်ဝန်းကျင်က များများစားစား ပြောင်းလဲသွားခြင်းမျိုး မရှိပေ။

ထို့ကြောင့် သူက ထင်းယွိမြို့ထဲရှိ စားသောက်ဆိုင်ထဲတွင် နေထိုင်ဖို့ အချိန်များများစားစား မကုန်ဆုံးခဲ့ပေ။ သူက တာဝန်ခံနှင့်ပင် အဆက်အသွယ် မရှိသလောက် နည်းပါးခဲ့၏။

စားသောက်ဆိုင်၏ တာဝန်ခံကလည်း ထိုအရာကြောင့် အံ့အားသင့်ခြင်း မရှိပေ။ သူ့အနေဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များနှင့် ဆက်သွယ်ရသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ ထိုသူများက တခြားသူများ၏ နှောင့်ယှက်မှုကို သဘောမကျကြကြောင်း ကောင်းကောင်းသိထားလေ၏။

သူက သူတို့နှင့် အဆက်အသွယ် နည်းပါးလာသော်လည်း သူ့ဝန်ဆောင်မှုက နည်းနည်းလေးမှ လျှော့ကျသွားခြင်းမျိုး မရှိပေ။ သူက ကျင့်ကြံရေးအသုံးအဆောင် ပစ္စည်းမျိုးစုံကို တစ်ခုပြီးတစ်ခု ပို့ဆောင်ပေးလေ့ ရှိ၏။ သူက တေးသွားအပိုင်းအစတစ်ခု ရရှိလာသည့်အခါ ဝမ်ပေါင်လဲ့နှင့် သူတစ်ခါမှ မတွေ့ခဲ့ဖူးသည့် ကျင့်ကြံသူနှစ်ဦးကို ပေးခဲ့သည်။

ဝမ်ပေါင်လဲ့က စားသောက်ဆိုင်၏ ပိုင်ရှင်နှင့် တာဝန်ခံတို့၏ ထောက်ပံ့မှုကို အတော်လေး ကျေနပ်နေလေ၏။ ထို့ကြောင့် ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် သူက နေ့အခါ၌ ဂူထဲမှ ထွက်လာကာ စားသောက်ဆိုင်ဆီ ပြန်လည်ရောက်ရှိလာသည်။ သူက တာဝန်ခံ၏ တွေ့ဆုံခွင့်တောင်းသည်ကို မငြင်းဆန်ခဲ့ပေ။

သိပ်မကြာခင် စားသောက်ဆိုင်၏ တာဝန်ခံက ဝမ်ပေါင်လဲ့၏ အခန်းအပြင်ဘက် ရောက်ရှိလာ၏။ သူက အသက်ပြင်းပြင်းရှူကာ သူ့အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။ သူက ပေတေမနေကြောင်း သေချာအောင်ပြုလုပ်ပြီးသည့်နောက်တွင် တံခါးကို တရိုတသေခေါက်လိုက်၏။

ဝမ်ပေါင်လဲ့က အခန်းအတွင်းတွင် ထိုင်နေရင်း လက်ထဲတွင် သေရည်ခွက်ကို ကိုင်ထားလေသည်။

“ဝင်ခဲ့ပါ”

တံခါးက ပွင့်သွားကာ တာဝန်ခံက ရိုရိုကျိုးကျိုး ဝင်ရောက်လာသည်။ သူက ဝမ်ပေါင်လဲ့ရှေ့တွင် ဦးညွှတ်လိုက်၏။

“မသေမျိုးအရှင်ကို ဂါရဝပြုပါတယ်”

ဤသည်က ထင်းယွိမြို့ထဲရှိ နေထိုင်သူများက ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများကို ခေါ်ဝေါ်ပုံ ဖြစ်၏။ တခြားသော မသေမျိုးအရှင်ဟု ခေါ်ဆိုခံရသည့်သူများစွာလည်း ရှိပေသည်။ ထင်းယွိမြို့ထဲတွင် နေထိုင်သူအများစုက ကျင့်ကြံသူများဖြစ်ကြသော်လည်း ဂိုဏ်းကြီးသုံးဂိုဏ်း၏ အဆင့်အတန်းက အင်မတန် မြင့်မားလွန်း၏။ ထို့ကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်း၏ တပည့်များက  တခြားသူများထက် သာလွန်နေကြသည်။

ဤသို့ဖြင့် တာဝန်ခံက သူ့ဝတ်ရုံထဲမှ သိုလှောင်အိတ်တစ်ခုကို ထုတ်ရင်း စားပွဲပေါ်တင်လိုက်သည်။

ဝမ်ပေါင်လဲ့က တာဝန်ခံကို ကြည့်လိုက်၏။

ဝမ်ပေါင်လဲ့က နတ်ဘုရားအသိစိတ်ဖြင့် အိတ်ကို စစ်ဆေးကြည့်လိုက်သည်။ ထိုအထဲတွင် မပြီးပြည့်စုံသည့် ဂီတတေးသွားတချို့ ပါဝင်နေ၏။ သူက တဝန်ခံက ထိုမပြီးပြည့်စုံသည့်တေးသွားများကို စုစည်းဖို့ တာဝန်ပေးခဲ့သည်။

သူတို့က မပြီးပြည့်စုံဘဲ ပုံတူပွားထားသည့်အတွက် တန်ကြေးက မမြင့်မားလှပေ။ တခြားသောကျင့်ကြံသူများအတွက် များများစားစား အဓိပ္ပာယ်ဟူ၍လည်း မရှိပေ။ အများစုက သူတို့ကို နမူနာအနေဖြင့်သာ အသုံးပြုနိုင်လိမ့်မည်။

ထိုအရာက ပုံတူပွားထားသည့် ပုံစံမဟုတ်သရွေ့ ဂီတသင်္ကေတကို နားလည်ဖို့ အခွင့်အရေးရနိုင်ဆဲ ဖြစ်၏။ ပုံတူပွားထားသည့်ပုံစံအတွက်မူ သူတို့က ထိုအရာကို နားမလည်နိုင်ခြင်း မဟုတ်သော်လည်း နားလည်စေဖို့ အင်မတန် ခက်ခဲနေခြင်းသာ ဖြစ်၏။

သို့သော်လည်း ဝမ်ပေါင်လဲ့အတွက်မူ ထိုသို့မဟုတ်ခဲ့ပေ။ သူက သူ့ကျင့်ကြံရေးဂူရှိ အိမ်နီးချင်း ချန်လင်းနှင့် တစ်ခါက တူညီသည့် အရာများကို လဲလှယ်ခဲ့ဖူးပြီး သူတို့ဆီမှ ဂီတသင်္ကေတတချို့ကို ရယူနိုင်ခဲ့သည်။

ထို့ကြောင့် သူက တာဝန်ခံအား ထိုအရာများကို စုစည်းပြီး တာဝန်ပေးခဲ့ခြင်း ဖြစ်၏။ တာဝန်ခံက ဝမ်ပေါင်လဲ့အတွက် မပြီးပြည့်စုံကာ ပုံတူပွားထားသည့် ဂီတသင်္ကေတများစွာကို စုဆောင်းနိုင်ခဲ့သည်။ သူက ဝမ်ပေါင်လဲ့၏ မျက်နှာအထက်မှ အပြုံးကို မြင်လိုက်ရသည့်အခါ ပြောလိုက်၏။

“မသေမျိုးအရှင် ဒီလိုမျိုး များများစားစား စုစည်းနိုင်ရတဲ့ အကြောင်းအရင်းကတော့ သူဌေးက အတော်လေးကို အားစိုက်ထုတ်ပေးခဲ့လို့ပါ…”

“အသံအစေခံအကြောင်းကို သေသေချာချာ စဉ်းစားပေးမယ်” ဝမ်ပေါင်လဲ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အသံအစေခံကိစ္စက ပြောဖို့လွယ်ပါတယ်” တာဝန်ခံက ခေတ္တမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ဆက်လက်ပြောလိုက်သည်။

“သူဌေးက နောက်ထပ်တစ်ခု ထပ်ပြီး တောင်းဆိုချင်လို့ပါ။ ထင်းယွိကမ္ဘာထဲမှာ လန်လဲ့ငါးလို့ခေါ်တဲ့ ထူးထူးဆန်းဆန်း ငါးတစ်ကောင် ရှိတယ်။ အဲဒီငါးရဲ့ သွေးက ကျုပ်တို့လို တီးတိုးသံအဆင့်အတွက် နတ်သုဒ္ဓါပါပဲ။ ဒါပေမဲ့ အဲဒါက များများစားစား မရှိတော့ နောင်ကျရင် တစ်ကောင်လောက်များ ဖမ်းမိနိုင်မလားဆိုတာကို သိချင်လို့ပါ”

“သူဌေးက တန်ကြေးအနေနဲ့ မပြီးပြည့်စုံတဲ့ ဂီတတေးသွားတွေကို ပေးဖို့ လိုလားပါတယ်”

“လန်လဲ့ငါးလား” ဝမ်ပေါင်လဲ့က မျက်တောင်ခတ်လိုက်သည်။

“ဟုတ်ပါတယ်။ အဲဒီငါးက အတော်လေးကို ထူးခြားတယ်။ သူ့ခန္ဓာကိုယ်အနှံ့မှာ မျက်လုံးတွေရှိတယ်လို့ ခံစားချက်မျိုး ပေးတယ်” တာဝန်ခံက ပြောလိုက်သည်။

“အဲဒါက အဖိုးတန်လား” ဝမ်ပေါင်လဲ့က မျက်ခုံးပင့်ကာ မေးလိုက်သည်။

“အဲဒါက အရမ်းအဖိုးတန်တာတော့ မဟုတ်ပါဘူး။ ဆူညံသံတွေအတွက်ပဲ သက်ရောက်မှု ရှိတာပါ။ မသေမျိုးအရှင်ကို ကျွန်တော်မလိမ်ညာရဲပါဘူး။ ဒါပေမဲ့ အဲဒီငါးအရေအတွက်က အင်မတန် နည်းပါးပြီးတော့ အရှိန်ကလည်း တော်တော် မြန်တယ်။ အဲဒါကြောင့် ဖမ်းဆီးဖို့ ခက်ခဲတော့ သေမျိုးလောကမှာ အဖိုးတန်နေတာပါ” တာဝန်ခံက ရှင်းပြလိုက်သည်။

ဝမ်ပေါင်လဲ့က ခေတ္တမျှ စဉ်းစားကြည့်လိုက်၏။ သူက အသံကို ထပ်ဆင့်ပေါင်းစည်းကာ ငါးတစ်ကောင်ကို သတ်ဖြစ်ခဲ့သည့် အကြောင်းကို ပြန်လည်အမှတ်ရသွား၏။ သူက ထိုငါးကို တွေ့ခဲ့သည့်နေရာအကြောင်းကို စဉ်းစားပြီးသည့်နောက်တွင် ခေါင်းညိတ်လိုက်၏။

All Chapters