← Chapters

  ဗျပ်စောင်းဂီတ

Vol. 99 Ch. 1377

  ဗျပ်စောင်းဂီတ

Vol. 99 Ch. 1377

ဝမ်ပေါင်လဲ့က လှမ်းကြည့်လိုက်သည့်အချိန် အလင်းဘောလုံးကလည်း အသံကျယ်ကြီးနှင့်အတူ ချည်းကပ်လာသည်။ ထိုအရာ ချည်းကပ်လာသည့်အခါ အပူလှိုင်းလုံးလည်း ထုတ်လွှင့်လာပြီး ညထဲရှိ အမှောင်ထုနှင့် အေးစက်မှုကို ပျောက်ကွယ်သွားစေသည်။ ထိုအရာက လေဟာနယ်ဖြိုခွင်းမည့် အနေအထားသို့ မရောက်သော်လည်း မျက်စိဖြင့် မြင်နိုင်လောက်အောင် သို့မဟုတ် နတ်ဘုရားအသိစိတ်ဖြင့် ခံစားကြည့်နိုင်အောင် ခွင့်ပြုပေးထားသည်။ သို့သော်လည်း ထိုအရာ၏ စွမ်းအားက အံ့မခန်း ဖြစ်နေဆဲ ဖြစ်၏။

ဝမ်ပေါင်လဲ့ လက်ထဲရှိ လန်လဲ့ငါးပင် အပူချိန်ကို မခံနိုင်သည့်အလား အကြိမ်အနည်းငယ် လှုပ်ခတ်သွားလေသည်။ ဝမ်ပေါင်လဲ့က ထည့်မသိမ်းဆည်းခင် ထိုအရာက အသံကျယ်ကြီးဖြင့် တုန်ခါသွားပြီး အငွေ့အသက် ပျောက်သွားလေသည်။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်ပြီး လက်ထဲမှ အလောင်းကို လွှင့်ပစ်လိုက်သည်။ ထို့နောက် သူ့ဆီ ချည်းကပ်လာသည့် အလင်းဘောလုံးထဲမှ မှုန်ဝါးဝါးပုံရိပ်ကို အေးစက်စက်သာ ကြည့်လိုက်သည်။

ထိုပုံရိပ်က အမျိုးသားတစ်ယောက်နှင့် တူ၏။ သူ့ဆံပင်ရှည်များကလည်း မီးဘောလုံးအတွင်း တောက်လောင်နေဟန်ပေါ်သည်။ သူ ဖြတ်သန်းသွားသည့်နေရာတိုင်းက မြေကြီးများ အက်ကွဲသွားသည်။ ထိုထူးထူးဆန်းဆန်းအရာများကလည်း အလျှင်အမြန် နောက်ဆုတ်ကုန်ကြ၏။ သူတို့က ထိုလူကို ကြောက်နေကြမှန်း သိသာလှသည်။

ထိုသူက လန်လဲ့ငါးကို ဂီတသင်္ကေတ၏ အလင်းရောင်မှ အငွေ့ပျံသွားအောင် လုပ်နိုင်သည့်အချက်အရ မည်မျှအားကောင်းမှန်း သက်သေဖြစ်၏။

သူက ချည်းကပ်လာရုံသာမက ဝမ်ပေါင်လဲ့က ဂီတသင်္ကေတအသံများကိုလည်း ကြားလိုက်ရသည်။ ထိုအရာက ဒါဇင်ချီ အတူတကွ ပေါင်းစည်းထားသကဲ့သို့ ဖြစ်ကာ ရှေးကျသည့် လေထုမျိုးဖြင့် ရှေးဟောင်းဂီတသံဇဉ် ဖြစ်လာသည်။

“ရှေးကျတဲ့ လေထု … ဟိန်ချင်းဂိုဏ်းပဲ” ဝမ်ပေါင်လဲ့က လေးကြိုးမျဉ်းဂိုဏ်းကို ဝင်ရောက်ခဲ့သည်မှာ အချိန်တချို့ ကြာမြင့်နေပြီဖြစ်သည့်အတွက် အိမ်နီးချင်းများနှင့် ဆက်သွယ်ရင်း တခြားဂိုဏ်းကြီးနှစ်ခုအပေါ် အကြမ်းဖျင်း နားလည်လာသည်။

သူက အသံကို နားထောင်နေရင်း တခြားဂိုဏ်းများကို အနည်းနှင့် အများ အာရုံစိုက်ထား၏။

တစ်ချိန်တည်းဆိုသလို သူ့နောက်ခံကိုလည်း ချည်းကပ်လာသည့် ဟိန်ချင်းဂိုဏ်းသားက အလျှင်အမြန် ရှာတွေ့သွားလေသည်။

“လေးကြိုးမျဉ်းဂိုဏ်းလား” ထိုသူက ပြောလိုက်ရင်း မီးဘောလုံးထဲမှ ပုံရိပ်ဆီမှ အေးစက်စက်အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။ သူက နည်းနည်း ခပ်မြန်မြန် လျှောက်လာပြီး သူ ထုတ်လွှင့်နေသည့် အပူဓာတ်ကလည်း ပိုမို အားကောင်းလာ၏။ သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် အသံပင် ပိုမို မြင့်လာသည်။

“သူက သဘာဝ စည်းမျဉ်းဥပဒေသကို နားထောင်တဲ့ ပါရမီရှင်ပဲ” ဝမ်ပေါင်လဲ့က နှိုင်းယှဉ်ကြည့်လိုက်သည်။ ထိုလူက ယခင် သူ တွေ့ဖူးသည့် ရှစ်လင်းကျစ်ထက် အားနည်းလေသည်။ သို့သော် ထိုသူက သူ့အိမ်နီးချင်း ချန်လင်းထက် များစွာ အားကောင်းနေ၏။

ထိုသံဇဉ်ထဲ ထူးကဲသည့် ဝိသေသဂုဏ်သတ္တိတချို့ ရှိနေသည်။ ခက်ထန်သည့် ခံစားချက်က ထိုအရာမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

ဝမ်ပေါင်လဲ့က ထိုလူကို များများစားစား အာရုံမစိုက်ပေ။ သူက ကျင့်ဝတ်ရှိသူ ဖြစ်ကြောင်း ခံစားမိ၏။ တစ်ဖက်လူက သူ့အား ရန်မစပါက သူက အရင် အနိုင်သွားကျင့်မည် မဟုတ်ပေ။

ထို့ကြောင့် သူက ချောင်းဟန့်ကာ နောက်ဆုတ်ပြီး ရှောင်ဖို့ ရွေးလိုက်သည်။

“မင်းက ထွက်သွားချင်တာလား” သူ နောက်ဆုတ်လိုက်သည်နှင့် တစ်ဖက်လူက ဝမ်ပေါင်လဲ့၏ လမ်းကို ပိတ်ဆို့ထားလိုက်သည်။ ထို့နောက် မီးဘောလုံးအပြင်ဘက် မှုန်ဝါးဝါး မျက်နှာတစ်ခု ပေါ်လာသည်။ ထိုအရာက လူငယ်လေးနှင့် တူပြီး ဝမ်ပေါင်လဲ့ကို အေးစက်စက် စိုက်ကြည့်နေ၏။

“မင်း အပြင် လေးကြိုးမျဉ်ဂိုဏ်းက ဘယ်သူပါသေးလဲ” လူငယ်လေး၏ အသံက အလျှင်စလို နိုင်ပြီး သတ်ဖြတ်ငွေ့ဖြင့် ပြည့်နှက်နေသည်။ သူက အေးစက်စက် ပြောလိုက်၏။ သူ့စကားများ ပဲ့တင်ထွက်လာသည့်အခါ သူ့နတ်ဘုရားအသိစိတ်ကို ထုတ်လွှင့်ပြီးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်တွင် သူ့ရှေ့က လူကလွဲ၍ မည်သူမှ မရှိကြောင်း အတည်ပြုလိုက်ပြီး သက်ပြင်းချလိုက်မိသည်။

“အိုး” ဝမ်ပေါင်လဲ့က မျက်ခုံးပင့်ကြည့်လိုက်သည်။ တစ်ဖက်လူသည် စိတ်လှုပ်ရှားနေကြောင်း ပြောနိုင်သည်။ ထို့ကြောင့် သူက ထိုလူ လားရာဘက် လှည်ကြည့်လိုက်၏။ လန်လဲ့ငါးများစွာ စုဝေးနေသည့်အကြောင်းကို တွေးမိသွားသည့်အခါ သူ့ဆီ အဖြေတစ်ခု ရလာသည်။

ဤနေရာတွင် ရတနာတချို့ ပေါ်ထွက်လာမှန်း သိသာလှသည်။ မဟုတ်ပါက ဤလူက တစ်ခုခုလုပ်ဖို့ ကြံစည်နေခြင်း ဖြစ်နိုင်သည်။ သူက အပြင်ဘက်ပိုင်းတွင် ရှိနေခဲ့၍ ထိုလူက ပေါ်ထွက်မလာခဲ့ပေ။ သို့သော်လည်း ဤတစ်ကြိမ် သူက လွန်လွန်းသွား၍ ထိုလူက ထွက်လာခြင်း ဖြစ်၏။ ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့က ရုတ်တရက် ပြောလိုက်သည်။

“ငါပဲ .. မင်းကိုလည်း မေးရဦးမယ်။ ဟိန်ချင်းဂိုဏ်းက ဘယ်သူပါသေးလဲ”

လူငယ်လေးက ဝမ်ပေါင်လဲ့ကို လျစ်လျူရှုထားလိုက်သည်။ ထိုလူက ဂီတသင်္ကေတကို ဖမ်းဆုပ်မိရုံမျှသာ ဖြစ်၏။ ထိုသို့သော ကျင့်ကြံသူမျိုးက ဖွတ်တစ်ကောင်နှင့် မကွာခြားပေ။ သူက စိတ်တည်ငြိမ်နေသော်လည်း ထိုလူကို ချက်ချင်း သတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေသည်။ သူ ဂရုစိုက်သည့်အရာက ဤနေရာ၏ လျို့ဝှက်ချက်ကို အပြင်လူ ရှာတွေ့သွားမလား ဆိုသည့် အချက် ဖြစ်၏။ သူက နတ်ဘုရားအသိစိတ်ဖြင့် ဘေးပတ်ဝန်းကျင်ကို သေချာစစ်ဆေးကြည့်နေပြီး ထိုလူတစ်ယောက်တည်းသာ ရှိကြောင်း သေချာအတည်ပြုလိုက်ပြီး သတ်ဖြတ်ငွေ့တို့ ပိုပြင်းထန်လာသည်။

“ မင်း မမြင်သင့်တာ မြင်သွားပြီဆိုတော့ မင်း သေသင့်တယ်” ထိုလူက ပြောလိုက်ရင်း ညာဘက်လက်ကို ဝေ့ယမ်းလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်မှ မီးတောက်များက ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့အား လွှမ်းခြုံသွားတော့သည်။ ရှေးကျသည့် အသံမျိုးက ဖျက်ဆီးနိုင်စွမ်းရှိသည့် စွမ်းအားဖြင့် ပဲ့တင်ထွက်လာပြီး ဝမ်ပေါင်လဲ့ဆီ အလျှင်အမြန် ဦးတည်လာသည်။

ထိုအရာ ဖြတ်သန်းသွာသည့်နေရာတိုင်း မြေကြီးက အက်ကွဲပြီး ပတ်ဝန်းကျင် အမှောင်ထုက ပုံပျက်ယွင်းသွားရသည်။ ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့က လွှမ်းခြုံခံထားရ၏။ တစ်ဖက်တွင် လူငယ်လေးက အေးစက်စက် အမူအရာမျိုး ရှိနေသည်။ မျက်စိတစ်မှိတ်အတွင်း သူက ထွက်သွားဖို့ ပြင်လိုက်၏။ သူက အဆုံးသတ်ကို ကြည့်နေဖို့ပင် မလိုအပ်ပေ။ ထိုအရာက မပြောင်းလဲနိုင်မှန်း ကံကြမ္မာဖန်လာပြီးသား ဖြစ်၏၊

“မင်းက ငါ့မေးခွန်းကို မဖြေရသေးဘူး။ မင်းက ဒီနေရာမှာ ရှိတဲ့ ဟိန်ချင်းဂိုဏ်းသား တစ်ယောက်တည်းလား” လူငယ်လေးက ထွက်သွားတော့မည့်ဆဲဆဲတွင် ဝမ်ပေါင်လဲ့၏ အသံက သူ့အနောက်မှ ရုတ်ချည်း ထွက်လာသည်။ လူငယ်လေး၏ အမူအရာက ပြောင်းလဲသွားပြီး သူ့အနောက်ဘက်မှ မီးတောက်များဖြင့် လွှမ်းခ်ြုံခံထားရသည့် နေရာကို စိုက်ကြည့်လိုက်၏။

ထိုနေရာတွင် မီးတောက်များက လောင်ကျွမ်းနေပြီး ရှေးဟောင်းအသံများက ပဲ့တင်ထွက်နေကာ အရာအားလုံးကို ခြေမွပစ်နိုင်သည့် စွမ်းအားမျိုး ကိန်းအောင်းနေသည်။ သို့သော်လည်း ထိုအထဲမှ ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ထွက်လာ၏။ မီးတောက်များ ဖြစ်စေ သို့မဟုတ် ရှေးဟောင်းအသံ ဖြစ်စေ သူတို့အားလုံးက နည်းနည်းလေးမှ မလှုပ်ရှားနိုင်ကြပေ။

အကြောင်းအရင်းကမူ ဝမ်ပေါင်လဲ့ရှေ့တွင် ဂီတသင်္ကေတတစ်ခု ရှိနေ၍ ဖြစ်သည်။ ထိုအရာက အသံမရှိသော်လည်း ဤနေရာတွင် ရှိနေသေး၏။ ထိုအရာက အရာအားလုံးကို လှုပ်ခါပစ်ပြီး မီးတောက်များနှင့် ရှေးဟောင်းအသံများ နီးကပ်လာခြင်းကို တားဆီးထားနိုင်ဟန်ပေါ်သည်။

ထိုမြင်ကွင်းက လူငယ်လေးကို မျက်မှောင်ကြုတ်သွားစေသည်။ သူက တုံ့ဆိုင်းမနေဘဲ ခန္ဓာကိုယ်ကို ရှေးဟောင်းသံဇဉ်အဖြစ် ပြောင်းလဲလိုက်သည်။ ထိုအရာက အင်မတန် မြင့်မားသည့် အပူချိန်ကို သယ်ဆောင်ထားပြီး သတ်ဖြတ်ငွေ့များဖြင့် ပြည့်နှက်နေကာ ဝမ်ပေါင်လဲ့ ရှေ့တွင် ရှိနေသည့် သင်္တေကဆီ တိုးဝင်လာသည်။

ဖူး

ထိုအရာနှင့် ထိတွေ့သွားသည်နှင့် ဝမ်ပေါင်လဲ့၏ ဂီတသင်္ကေတဆီမှ အသံ ထွက်လာသည်။ ထိုအသံကို ကြားလိုက်သည်နှင့် လူငယ်လေး၏ ရှေးဟောင်းသံဇဉ်က အပြင်းအထန် လှုပ်ခတ်သွားပြီး အပိုင်းပိုင်းအစစ ကြေမွသွားလေ၏။

ထိုနေရာတွင် စူးစူးရှရှ အော်သံပင် ရှိနေသေးသည်။ ကြေမွသွားသည့် သံဇဉ်က အလျှင်အမြန် နောက်ဆုတ်ကာ လူငယ်လေး၏ ပုံရိပ်အဖြစ် ထပ်မံ စုဝေးသွားသည်။ သူ့မျက်ဝန်းအထက် မယုံကြည်နိုင်မှုများဖြင့် ပြည့်နေပြီး အမူအရာက တုန်လှုပ်နေဟန်ပေါ်သည်။

“ဒါက ဘယ်လိုအမျိုးအစားလဲ ”

ဂီတသင်္ကေတက ရှေးဟောင်းသံဇဉ်နှင့် ဝင်တိုက်သွားသည့်အတွက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က တကယ်တော့ စပ်ဖျဉ်းဖျဉ်း ခံစားနေရ၏။ ထိုအရာက သူ့အား စိတ်ဓာတ်ကျလာစေသည်။ စပ်ဖျဉ်းဖျဉ်းနာကျင်မှူက သူ့ကို စိတ်ပျက်စေခြင်း မဟုတ်ဘဲ တစ်ဖက်လူ၏ သံဇဉ်က ထင်းယွိစည်းမျဉ်းဥပဒေသ ဖြစ်ကြောင်း ခံစားမိလိုက်၍ ဖြစ်သည်။

ငါ့ဂီတသင်္ကေတတွေကျ ဘာလို့ အဲလိုမဟုတ်ရတာလဲ …

ဝမ်ပေါင်လဲ့က သူ့ကိုယ်ပိုင်သင်္ကေတများကို တွေးရင်း အနည်းငယ် မပျော်ရွင်တော့ပေ။ သူက နတ်ဘုရားအသိစိတ်ကို ဖြန့်ကျက်ကာ သူ့ပင်မဂီတသင်္ကေတကို ထပ်မံ ထိတွေ့လိုက်သည်။

ဖူး

ထိုအသံကို ဒုတိယအကြိမ် ကြားလိုက်ရသည်။ လူငယ်လေး ဝန်းကျင်တွင် အသံလှိုင်း ပေါ်ထွက်လာသည့်အခါ မျက်လုံးအပြူးသား ဖြစ်သွားပြီး အမူအရာလည်း ပြောင်းလဲသွား၏။ သူက အလျှင်အမြန် နောက်ဆုတ်လိုက်သော်လည်း နောက်ကျလွန်းသွားခဲ့သည်။ နောက်အခိုက်အတန့်လေး၌ သူက အသံလှိုင်းဖြင့် လွှမ်းမိုးခံလိုက်ရပြီး သူ့ခန္ဓာကိုယ်က မျက်စိဖြင့် မြင်လာရသည်။ ဖူးဆိုသည့် အသံနှင့်အတူ ယခင်က ငါးကဲ့သို့ ပေါက်ကွဲထွက်သွားတော့သည်။

နေရာတိုင်း၌ အသွေးအသားများ ပြန့်ကျဲနေပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်က ပျက်သုန်းသွားသည်။

အရာအားလုံးက တိတ်ဆိတ်သွားလေ၏။

ဝမ်ပေါင်လဲ့က ထိုနေရာတွင် ရပ်နေရင်း သက်ပြင်းချလိုက်သည်။ သူက  သူ့ထင်းယွိစည်းမျဉ်းဥပဒေသ လမ်းစဉ်သည် အစကတည်းက ကွဲပြားကြောင်း ခံစားမိ၏။

သူက ခေါင်းယမ်းလိုက်ပြီးသည့်နောက် ဟိန်ချင်းဂိုဏ်းမှ ကျင့်ကြံသူ ဖျက်ဆီးခံလိုက်ရသည့် နေရာဆီ လျှောက်လှမ်းသွားလိုက်၏။ သူက ခေါင်းငုံ့ထားပြီး တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ညာဘက်လက်ဖြင့် အသာဆွဲယူလိုက်၏။

လူငယ်လေး၏ သိုလှောင်အိတ်အပြင် သူ့အလောင်းမှ တခြားသော ဂီတသင်္ကေတများကို ဝမ်ပေါင်လဲ့က ဆွဲယူလိုက်သည်။

လက်တစ်ချက်အဝှေ့တွင် ဂီတသင်္ကေတမှ ဗျပ်စောင်းသံတစ်သံ ထုတ်လွှင့်လာ၏။ ထိုအသံက ရိုးရှင်းလှသော်လည်း နားထောင်လို့ ကောင်းလှသည်။ ဤသည်က ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ် အပြင်းအထန် တုန်သွားစေ၏။

All Chapters