ကွဲပြားသည့် ဝေါယာဉ်
Vol. 99 Ch. 1379
ဝမ်ပေါင်လဲ့က သူ့ဗျပ်စောင်းသံစဉ်ထဲတွင် နစ်မြောနေစဉ် သူ့ခန္ဓာကိုယ်ထဲ ဂီတသင်္ကေတ ၂၀၀ ကျော်မှ သင်္ကေတများ ဖွဲ့စည်းလာကာ ပတ်ဝန်းကျင်ကို အနည်းငယ် ပုံပျက်ယွင်းသွားစေ၏။ ထိုအရာက စွမ်းအင်စက်ကွင်းသဖွယ် ဖြစ်၏။
ဝမ်ပေါင်လဲ့ကလည်း ထိုအရာကို သတိထားမိခဲ့သည်။ သူက ထိုအရာကို ထုတ်ကာ ကြည့်ပြီးသည့်နောက်တွင် ပြန်လည်သိမ်းဆည်းလိုက်၏။ ယခု သူ့အာရုံစိုက်မှုက ဗျပ်စောင်းဂီတသင်္ကေတ သုံးခုဆီသာ ဖြစ်သည်။ နှမြောဖို့ကောင်းသည့်အရာက ထိုသင်္ကေတများသည် အင်မတန် နည်းပါးလွန်း၍ သံစဉ်တစ်ခု မဖွဲ့စည်းနိုင်သေးပေ။
ကိစ္စမရှိပါဘူး…
ငါ့ရဲ့ နားလည်နိုင်စွမ်းနဲ့ဆိုရင် လန်လဲ့ငါးတွေ စုဝေးနေတဲ့ နေရာမှာ ထပ်နားထောင်တယ်ဆိုရင် ဂီတသင်္ကေတထပ်ပြီး ဖွဲ့စည်းနိုင်လိမ့်မယ်…
ဝမ်ပေါင်လဲ့က ထိုအတွေးဖြင့် စိတ်ဓာတ်တက်ကြွလာသည်။ သူက ယုံကြည်ချက်အပြည့် ရှိနေလေ၏။
အနီရောင် ဝတ်စုံအမျိုးသမီးနှင့် သူ့မူလကိုယ်က ထိပ်တိုက်တွေ့ဆုံစဉ်အခါက ထင်းယွိစည်းမျဉ်းဥပဒေသအကြောင်း နားလည်လာခဲ့သည်။ ထိုအရာက သူ လေးကြိုးမျဉ်းဂိုဏ်းကို ရောက်ရှိပြီးသည့်နောက်တွင်လည်း အတူတူသာ ဖြစ်၏။ သူ သင်ယူခဲ့ရသည့်အရာနှင့် အတူတူသာ ဖြစ်သည်။
အားလုံးက သူတို့၏ ကိုယ်ပိုင်ဂီတကို ရေးဖွဲ့နေကြခြင်း ဖြစ်၏။ အားလုံးက ကွဲပြားသည့် အခွင့်အရေးနှင့် အတွေ့အကြုံများ ရှိသည့်အတွက် သူတို့၏ ဂီတသည် တူညီမည် မဟုတ်ပေ။ ထိုထူးကဲမှုက ဝမ်ပေါင်လဲ့အား အဓိကဆွဲဆောင်ထားနိုင်သည့် အချက်ဖြစ်၏။
သူကိုယ်တိုင်က ကိုယ်ပွားတစ်ယောက်အနေဖြင့် အမှီအခိုကင်းလိုသည့် စိတ်ဆန္ဒသည် ဤထူးကဲမှုနှင့် နီးနီးကပ်ကပ် ဆက်နွယ်နေသည်ကို သတိပင်မထားမိခဲ့ပေ။
သေချာသည့်အနေအထားအရ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားသည် သူက အမှီအခိုကင်းပြီး ကိုယ်ပိုင်အကျင့်စရိုက်ရှိကြောင်း သက်သေပြလို၏။ သူက မူလကိုယ်နှင့် အပြည့်အဝ ကွဲပြားနေသည်။
ထိုကြောင့် သူက ဂီတကို မြတ်နိုးရသည့်အကြောင်းအရင်းလည်း ဖြစ်သည်။
သူက သူ ဖန်တီးမည့် ဂီတတွင် မည်သို့သော သံစဉ်မျိုး ထွက်ပေါ်လာမည်ကို သိချင်နေမိသည်။
ဒီလိုကိစ္စမျိုးက…
ဝမ်ပေါင်လဲ့က လန်လဲ့ငါးကို တာဝန်ခံဆီ ချက်ချင်းမပေးလိုက်ပေ။ သူက တစ်ရက်တည်းဖြင့် အများကြီး ဖမ်းဆီးခဲ့မိ၏။ ထိုအရာက အကျိုးဆက်တို့ ရှိလာနိုင်သည်။
ထိုအရာက ဝမ်ပေါင်လဲ့နောက် လုပ်ဖို့ စီစဉ်နေသည့်အရာ မဟုတ်ပေ။ ထို့ကြောင့် သူက ညရောက်သည်အထိ တိတ်တဆိတ်သာ စောင့်ဆိုင်းပြီးသည့်နောက်တွင် လေးကြိုးမျဉ်းဂိုဏ်းအဝင်ဝ၌ ရောက်လာပြီး ပျောက်ကွယ်သွားလေ၏။
အဝေးတစ်နေရာတွင် သူက အရာအားလုံးကို ရှောင်ရှားခဲ့သည်။ သူက မည်သူမှ လိုက်မလာကြောင်း သေချာသည့်အခါမှ လန်လဲ့ငါးများ ရှိရာဆီ ဦးတည်လိုက်၏။
ဤတစ်ကြိမ် သူ့အရှိန်က မြန်ဆန်လွန်းသည့်အတွက် အလျင်အမြန်ပင် ရောက်ရှိလာသည်။ သို့သော်လည်း သူက သတိကြီးကြီးထားကာ ရောက်ရှိလာရုံနှင့် မရပ်တန့်လိုက်ဘဲ အဝေးတစ်နေရာတွင် ပျောက်ကွယ်သွားကာ တခြားတစ်နေရာ၌ ပေါ်ထွက်လာသည်။ သူက မမြန်လွန်းသလို အာရုံခံဖို့ မလွယ်ကူသည့် အရှိန်နှုန်းဖြင့် ဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိလာ၏။
ဤသို့သော သတိထားမှုမျိုးက ဝမ်ပေါင်လဲ့သည် ဤလန်လဲ့ငါးများကို မည်မျှတန်ဖိုးထားကြောင်း ပြသနေလေ၏။ လမ်းတစ်လျှောက်တွင် သူက သူ့နောက်လိုက်ပါလာသည့် ထူးထူးဆန်းဆန်း အရာများကို အာရုံစိုက်ဖို့ စိတ်ခံစားချက်ပင် မရှိခဲ့ပေ။ သူက နေ့ဖက်ကဲ့သို့ တင်ပျဉ်ခွေထိုင်လိုက်၏။ သူက အရှိန်အားလုံးကို ချုပ်ထိန်းထားပြီး တိတ်တဆိတ်သာ စောင့်ဆိုင်းနေသည်။
ခဏအကြာတွင် ထိုအရာက အနည်းငယ် စွန့်စားရာကျကြောင်း ခံစားမိကာ တွင်းတစ်ခုတူးပြီး အထဲတွင် ထိုင်လိုက်သည်။ သူက အပေါ်တွင် မြေကြီးများ ထပ်ဖြူးကာ အပြီးတိုင် ဖုံးကွယ်လိုက်၏။ ထိုအခါမှသာ သူက မိုးသောက်ယံအချိန်ကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေတော့သည်။
ထိုည၌ မူမမှန်သည့်အရာဟူ၍ မရှိခဲ့ပေ။
ညက မဲမှောင်နေပြီး ဂိုဏ်းသုံးဂိုဏ်း၏ ကျင့်ကြံသူအများစုက တစ်ကိုယ်တည်း သီးသန့်ကျင့်ကြံနေကြသည်။ အပြင်ထွက်လာသည့်သူများကလည်း ကျယ်ပြောလှသည့် ညအတွင်း အချင်းချင်း တွေ့ဆုံဖို့ရာ ခက်ခဲလှ၏။ ထိုတစ်လျှောက်လုံးအတွင်း ဝမ်ပေါင်လဲ့က ယမန်နေ့က ဟိန်ချင်းဂိုဏ်းသားတစ်ယောက်နှင့်သာ တွေ့ဆုံခဲ့ဖူးသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့သည် မိုးသောက်ယံအထိ အောင်အောင်မြင်မြင် စောင့်ဆိုင်းခဲ့၏။ လန်လဲ့ငါးများက အသက်ဝင်လှုပ်ရှားလာသည့်အခါ သဘာဝ၏ တေးသံက ထပ်မံ ထွက်ပေါ်လာသည်။ မြေကြီးထဲတွင်ရှိနေသည့် ဝမ်ပေါင်လဲ့က ချက်ချင်းဆိုသလို မြေကြီးမှ ထွက်လာကာ တင်ပျဉ်ခွေထိုင်ပြီး စတင်နားလည်အောင် ကြိုးပမ်းလိုက်၏။
ဂီတသင်္ကေတများက သူ့စိတ်ထဲ ထွက်ပေါ်လာကာ လှပသည့် သံစဉ်က ပဲ့တင်ထွက်နေသည်။ ထိုအရာက ဝမ်ပေါင်လဲ့အား ပျော်ရွှင်သွားစေ၏။ မသိလိုက်ဘဲ သူ့ပျော်ရွှင်မှုစည်းမျဉ်းဥပဒေသကိုပင် ဖြည်းဖြည်းချင်း ကြီးထွားလာစေသည်။
အချိန်က ကုန်လွန်သွားပြီး တစ်လတာ ကျော်လွန်သွားလေ၏။
ထိုတစ်လအတွင်း ဝမ်ပေါင်လဲ့က နေ့စဉ်နေ့တိုင်း ထိုနေရာ၌ ဉာဏ်အလင်းပွင့်ဖို့ ကြိုးစားနေခဲ့သည်။ သူက လန်လဲ့ငါးများကို ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ ဤလအတွင်း လန်လဲ့ငါးများကို ရှာဖွေတွေ့ရှိကာ ဖြတ်သန်းသွားသည့်သူများလည်း ရှိခဲ့၏။ သို့သော်လည်း သူတို့က မိုးသောက်ယံအထိ မစောင့်ဆိုင်းနိုင်သည့်အတွက် ဤနေရာ၏ လျှို့ဝှက်ချက်ကို သိမသွားကြပေ။
ထိုအရာအပြင် ဟိန်ချင်းဂိုဏ်းမှ ကျင့်ကြံသူများ နှစ်ခါပင် လာရောက်ခဲ့၏။ သေသေချာချာတွေးပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က မလှုပ်ရှားခဲ့ပေ။ ဟိန်ချင်းဂိုဏ်းသားတစ်ယောက် သေသွားသည်က အဆင်ပြေသော်လည်း လူတချို့သေဆုံးသွားလျှင် ဤနေရာကို လျှို့ဝှက်ချက်အနေဖြင့် ထားရှိဖို့ရာ ခက်ခဲလိမ့်မည်။
ထို့ကြောင့် ယခင်လပိုင်းအတွင်း အန္တရာယ်များရှိခဲ့သော်လည်း အဆုံးသတ်ထိ ချောမွေ့နေခဲ့၏။ ဝမ်ပေါင်လဲ့ တီးခတ်သည့် ရှေးဟောင်းသံစဉ် အရေအတွက်ကလည်း ၄၀နီးပါး ရောက်ရှိလာသည်။
ထိုရှေးဟောင်းသင်္ကေတများဖြင့် သူက သူ့ကိုယ်ပိုင်သံစဉ်ကို ဖန်တီးနိုင်တော့မည် ဖြစ်၏။ လက်တွေ့တွင် သူက လုပ်ဆောင်ပြီးသွားလေပြီ။ ထိုအရာများဖြင့် သူက သံစဉ်တစ်ခုကို ပြီးမြောက်ခဲ့၏။
သူက သူ့ခန္ဓာကိုယ်ကို သံစဉ်ဖြင့် ဝန်းရံကာ ဗျပ်စောင်းတီးသံဖြင့် ပေါင်းစည်းခဲ့သည်။ ဗျပ်စောင်းတီးသံများက ဝမ်ပေါင်လဲ့၏ ဇွဲလုံ့လံတို့ ကိန်းအောင်းနေသည့် လွတ်လပ်လိုသည့် စိတ်ဆန္ဒတို့ ပါဝင်နေသည်။
သူ့တွင် အိပ်မက်တစ်ခု ရှိ၏။ သူက သံစဉ်ကို သူ့ကိုယ်ပိုင်ထင်းယွိစည်းမျဉ်းဥပဒေသ ပါဝင်သည့် တေးသွားအဖြစ် ပြောင်းလဲလိုနိုင်သည့် အနေအထားထိ ရောက်ရှိအောင် သံစဉ်ကို ပြီးပြည့်စုံစေလိုသည်။
ငါ နာမည်တစ်ခုတောင် စဉ်းစားပြီးသွားပြီ။ ဒါကို လွတ်လပ်ခွင့်လို့ ခေါ်မယ်…
ဝမ်ပေါင်လဲ့က ထိုနေ့ရက်ကို မျှော်လင့်နေမိသည်။ ဖူးဆိုသည့် အသံကို ဝမ်ပေါင်လဲ့က အသေးစိတ် တွက်ချက်ကြည့်မနေတော့ပေ။ တစ်ရက်လျှင် တစ်ရာနီးပါး အခြေခံတိုးပွားလာသည်ဖြစ်ကာ ယခုအခါ သုံးထောင်ထိ ရောက်ရှိနေပြီ ဖြစ်၏။
ထိုအရာ၏ စွမ်းအားအတွက်မူ သူက ဗျပ်စောင်းတေးသံကိုသာ အာရုံစိုက်ထားပြီး မည်သူကမှ သူ့ကို လာမတိုက်ခိုက်သည့်အတွက် မစမ်းသပ်ကြည့်ရသေးပေ။
တစ်ချိန်တည်းဆိုသလို တစ်လခန့်ကုန်ဆုံးသွားပြီး လန်လဲ့ငါးများက စုဝေးခြင်းအဆုံးသတ်တော့မည့် အရိပ်အမြွက် ပြသလာသည်။ သူတို့က ဖြည်းဖြည်းချင်း စတင်သေဆုံးသွားကြ၏။
သူတို့၏ အသက်က သဘာဝအသံဖြစ်ကာ တစ်လတာကြာမြင့်ပြီးသည့်နောက်တွင် ပင်ပန်းသွားကြပြီး အဆုံးသတ်၌ တစ်ကောင်နှင့် တစ်ကောင် ဝင်တိုက်မှုက သေခြင်းတရားကို ကိုယ်စားပြုနေသည်။
ထိုအရာက ရက်စက်လှသော်လည်း နားထောင်လို့ကောင်းလှ၏။
ထိုညတွင် ဝမ်ပေါင်လဲ့က လန်လဲ့ငါးများကို တစ်ခါက မြင်တွေ့ဖူးသည့်နေရာ၌ ပြန်လည်ရောက်ရှိလာသည်။ ဤနေရာ၌ ငါးတစ်ကောင်မှ မမြင်ရတော့ပေ။ သူက ထိုအခွင့်အရေးသည် အဆုံးသတ်သွားကြောင်း သိလိုက်၏။
ထင်းယွိစည်းမျဉ်းဥပဒေသ ကမ္ဘာကြီးက ထူးဆန်းတယ်…
ဝမ်ပေါင်လဲ့က ဘေးပတ်ဝန်းကျင်တွင် ရှိနေသည့် နေရာကို ခံစားကြည့်လိုက်သည်။ သူက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေလေ၏။ သူက ထပ်မံ စစ်ဆေးကြည့်လိုက်သည့်အချိန် လန်လဲ့ငါးဟူ၍ မရှိတော့ကြောင်း အတည်ပြုလိုက်ပြီးသည့်နောက် ထွက်သွားဖို့ ပြင်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်၌ သူက ခပ်တိုးတိုး တေးသံကို ကြားလိုက်ရသည်။
ထိုအသံက ခါးသီးမှု၊ အေးစက်မှု၊ မလိုလားမှုတို့ဖြင့် ပြည့်နှက်နေလေ၏။ ထိုအရာက သူမ မချစ်မြတ်နိုးရသည့်သူတစ်ယောက်နှင့် လက်ထပ်ရတော့မည့် ရှေးခေတ်အချိန်မှ အမျိုးသမီးတစ်ယောက်နှင့် တူနေသည်။ မင်္ဂလာဝေါယာဉ်ပေါ်တွင် သူမ၏ စိတ်နှလုံးသားထဲမှ စိတ်ခံစားချက်များက သံစဉ်အဖြစ် ပြောင်းလဲကာ ဘေးပတ်ဝန်းကျင်ကို ပျံ့နှံ့လာခြင်း ဖြစ်၏။
ထိုသံစဉ်က သူ့ဆီ ရောက်ရှိလာသည့်အခါ ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ခေါင်းလှည့်ကာ ကြည့်လိုက်သည့်အချိန် ယခင်က မြင်တွေ့ခဲ့ဖူးသည့် အနီရောင်ဝေါယာဉ်ကို မြင်လိုက်ရ၏။ ထိုအရာကို ပုံရိပ်လေးခုက ဖြည်းဖြည်းချင်း သယ်ဆောင်လာသည်။
နီးကပ်လာသည့်အခါ ဝမ်ပေါင်လဲ့က တစ်စုံတစ်ခု လွဲနေသည်ကို ခံစားမိသွား၏။ သူ ယခင်က မြင်တွေ့ခဲ့ဖူးသည့် ဝေါယာဉ်သည် ညာဖက်လက်က ဆန့်ထုတ်နေပြီး မူမမှန်စွာ ဝှေ့ယမ်းနေလျက် ရှိသည်။ ယခုအခိုက်အတန့်တွင်မူ ဝေါယာဉ်ထဲမှ ထွက်ပေါ်နေသည့် လက်က ဘယ်ဖက်လက် ဖြစ်နေ၏။
ကျောက်စိမ်းကဲ့သို့ လက်ချောင်းများနှင့်အတူ တူညီသည့် သွေးနီရောင်လက်သည်း … တူညီသည့် နတ်ဆိုးဆန်ဆန် ဟန်ပန် …