← Chapters

ပျော်ရွှင်မှု အငွေ့အသက်

Vol. 99 Ch. 1380

ပျော်ရွှင်မှု အငွေ့အသက်

Vol. 99 Ch. 1380

ဒါက တူညီတဲ့ ဝေါယာဉ် မဟုတ်ဘူးလား…

ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် မဟူရာအလင်းတစ်ချက် ဖြတ်ပြေးသွားကာ သွေးနီရောင်ဝေါယာဉ်ကို လှမ်းကြည့်လိုက်သည်။ သူက မူမမှန်ကာ ထွက်ပေါ်နေသည့် ဘယ်ဖက်လက်ကို ကြည့်လိုက်၏။ ထို့နောက် သူ့စိတ်ထဲ အတွေးများဖြင့် ပြည့်နှက်လာသည်။

သူက အတွေးနက်နေရင်း သွေးနီရောင်ဝေါယာဉ်က ဝမ်ပေါင်လဲ့ဘေးနားမှ ဖြတ်ကျော်သွားသကဲ့သို့ ရောက်ရှိလာသည်။

ဝမ်ပေါင်လဲ့က ထိုနေရာတွင် မတ်တတ်ရပ်နေရင်း အေးစက်စက်သာ ကြည့်လိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားကာ အရင်ဦးဆုံး စတင်ရှောင်ရှားလိုက်သည်။ သူ့အတွက် သွေးနီရောင်ဝေါယာဉ်မှ ထွက်ပေါ်နေသည့် အန္တရာယ်ကြီးမားသည့် အငွေ့အသက်က သူ့စိတ်ကို ဆက်တိုက် လှုပ်ခတ်စေသည်။ ဝမ်ပေါင်လဲ့က ထိုဝေါယာဉ်သည် အင်မတန် အန္တရာယ်များကြောင်း သိလိုက်၏။

သူက သာမန် မဟုတ်သော်လည်း မလိုလားအပ်သည့် အန္တရာယ်များထဲ အလွယ်တကူ ခြေမချလိုပေ။ ထို့ကြောင့် သူက ရှောင်ရှားဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူ့ရှောင်ရှားမှုက အသုံးမဝင်ခဲ့ပေ။

သူက ပေရာချီ နောက်ဆုတ်ခဲ့သော်လည်း သွေးနီရောင်ဝေါယာဉ်က သူ့ကို ပစ်မှတ်ထားသည့်အလား ဦးတည်ရာ ပြောင်းလဲလာပြီး ရောက်ရှိလာသည်။

ထိုအရာက ဝမ်ပေါင်လဲ့ကို မျက်မှောင်ကြုတ်သွားစေသည်။ သူက အနည်းငယ် နောက်ဆုတ်လိုက်သော်လည်း သက်ရောက်မှု မရှိကြောင်း သဘောပေါက်ပြီးသည့်နောက်တွင် ရပ်လက်စနေရာ၌သာ ရပ်နေတော့သည်။ သူ့မျက်ဝန်းအထက် အေးစက်မှုက ပိုမိုပြင်းထန်လာ၏။

ဝေါယာဉ်က သူ တွေ့ခဲ့သည့်အရာနှင့် အတူတူသာဖြစ်သည်။ ဝမ်ပေါင်လဲ့က ရပ်တန့်လိုက်သည့်အချိန် ထိုအရာက ခေတ္တမျှ ဝေဝါးသွားပြီး သူ့ရှေ့မှောက် ရောက်ရှိလာ၏။ ထိုအရာက မရပ်တန့်ဘဲ ဝမ်ပေါင်လဲ့နှင့် ကြက်ခြေခတ်လမ်းသဖွယ် ဖြတ်သွားတော့မည့်ဆဲဆဲတွင် ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။

ဤတစ်ကြိမ် ထိုအရာက ဝမ်ပေါင်လဲ့၏ ညာဖက်တွင် ရပ်တန့်သွားခြင်း ဖြစ်ပြီး ဝေါယာဉ်ထဲမှ ဘယ်ဖက်လက်က ထွက်ပေါ်နေသည်။ ထိုအရာ ရပ်တန့်သွားသည်နှင့် သူနှင့် ဝမ်ပေါင်လဲ့ကြားတွင်ရှိသည့် အကွာအဝေးက လူတစ်ယောက်စာမျှသာ ကွာဝေးတော့၏။

ထိုသို့နီးကပ်နေမှုက ဝမ်ပေါင်လဲ့အား သွေးနံ့ပြင်းပြင်းကို ရသွားစေသည်။ ထိုအရာက သူ တွေ့ကြုံခဲ့ရသည့် ပထမဝေါယာဉ်နှင့် အနည်းငယ် ကွဲပြားနေ၏။

သေသေချာချာ အနီးကပ်လေ့လာကြည့်ပါက သွေးနီရောင်ဝေါယာဉ်အစွန်းတွင် သစ်သားပြားမှ သွေးတစ်စက်စက် စီးကျနေသည်ကို မြင်တွေ့နိုင်သည်။ သူက ဝေါယာဉ်ကို ကြည့်နေရင်း ထိုသွေးစက်များက မြေကြီးထဲ စီးကျကာ မျဉ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။

ထိုအရာက ဝေါယာဉ်အတွင်းတွင်ရှိသည့် တည်ရှိမှုတစ်ခုဖြစ်ပြီး သူ့ကိုယ်ပိုင်သွေး ဖြစ်နိုင်သလို  လမ်းတစ်လျှောက်တွင် မြင်ခဲ့သည့် ကျင့်ကြံသူတို့၏ ခန္ဓာကိုယ်ကို  ဝါးမျိုခဲ့၍ သွေးထွက်လာစေခြင်းလည်း ဖြစ်နိုင်၏။

ဝေါယာဉ်က ရပ်တန့်သွားသည့်အခါ ဝမ်ပေါင်လဲ့၏ ကိုယ်အထက်ရှိ အေးစက်မှုတို့က ပိုမိုပြင်းထန်လာသည်။ သူက ထပ်မံနောက်ဆုတ်ဖို့ ကြိုးစားလိုက်သော်လည်း သူက ပုံပျက်ယွင်းနေသည့် နေရာတစ်ခုထဲ ပိတ်မိနေသကဲ့သို့ သူနှင့် ဝေါယာဉ်ကြားရှိ အကွာအဝေးက ပြောင်းလဲသွားခြင်းမျိုး မရှိပေ။

ငါ့ကို ပစ်မှတ်နေတာလား…

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ဆက်လက် နောက်မဆုတ်ဖို့ ရွေးချယ်လိုက်၏။ ထိုအစား သူက နတ်ဘုရားအသိစိတ်ကို ထုတ်လွှတ်ကာ ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်ပြီး ဤနေရာတွင် မည်သူမှမရှိကြောင်း အတည်ပြုပြီးသည့်နောက်တွင် သူ့ဘေးတွင်ရှိနေသည့် ဝေါယာဉ်ကိုသာ စိုက်ကြည့်လိုက်၏။ သူ့မျက်ဝန်းအထက်ရှိ အန္တရာယ်ကြီးမားမှုက ပိုမိုအားကောင်းလာသည်။

တစ်ချိန်တည်းဆိုသလို သွေးနီရောင်ဝေါယာဉ်ရှိ လိုက်ကာအောက်မှ ဘယ်ဖက်လက်က ရုတ်ချည်းဆိုသလို လှုပ်ရှားမှု ရပ်တန့်သွားခဲ့၏။ ထိုအစား ထိတွေ့လိုဟန်ဖြင့် သူ့လက်ညှိုးက ဝမ်ပေါင်လဲ့၏ မျက်ခုံးအလယ်ဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။

ထိုဖြစ်စဉ်အတွင်း ထိုလက်ဝါးမှ ထူးထူးဆန်းဆန်း စွမ်းအားတစ်ခု ပျံ့လွင့်လာဟန်ပေါ်သည်။ ဝမ်ပေါင်လဲ့က သူ့ခန္ဓာကိုယ်ထဲရှိ ထင်းယွိစည်းမျဉ်းဥပဒေသသည် ဖိနှိပ်ခံလိုက်ရကြောင်း ခံစားမိလိုက်သည်။ ထိုအရာက အသိဉာဏ်ကင်းမဲ့သွားသကဲ့သို့ ဖြစ်ကာ နက်နက်ရှိုင်းရှိုင်း အေးစက်သွားသကဲ့သို့ ဖြစ်၏။

သူ သွေးနီရောင်ဝေါယာဉ်နှင့် ပထမဆုံး တွေ့ဆုံစဉ်အခါက သူ့ခန္ဓာကိုယ်ထဲရှိ ထင်းယွိစည်းမျဉ်းဥပဒေသများက အားပျော့သွားခဲ့သည်။ ယခုလောက် အားကောင်းခြင်း မရှိ၍ သူက ရှင်းရှင်းလင်းလင်း မခံစားမိခဲ့ပေ။ သို့သော်လည်း ယခုအခိုက်အတန့်၌ ထိုခံစားချက်က သိသာလွန်းလှ၏။

တစ်ဖက်လူသည် ထင်းယွိစည်းမျဉ်းဥပဒေသကို ထိန်းချုပ်နိုင်သည့် စွမ်းရည်မျိုး ရှိနေဟန်ပေါ်သည်။

ဟမ်…

ဝမ်ပေါင်လဲ့က အတွေးနက်ကာ ရေရွတ်လိုက်မိသည်။ သို့သော် သူ့အကြည့်က အေးစက်နေဆဲ ဖြစ်၏။ သူ့ခန္ဓာကိုယ်ထဲတွင် ရှိသည့် အာသီသစည်းမျဉ်းဥပဒေသက ချိတ်ပိတ်ထားမှုက ရုတ်ချည်းဆိုသလို ထုတ်လွှတ်လာကာ သူ့နှုတ်ခမ်းထောင့်တို့က အနေအထားတစ်ခုအထိ ဖွင့်ဟလာ၏။

အဝေးမှကြည့်လျှင် လက်ချောင်းနှင့် နီးကပ်လာသည့်အခါ သွေးနီရောင်လက်သည်းတို့က နတ်ဆိုးဆန်ဆန် တောက်ပမှုတို့ ထုတ်လွှတ်လာသည်။ ဝမ်ပေါင်လဲ့မျက်နှာအထက်ရှိ အပြုံးက ပိုမိုသိသာလာပြီး နှစ်ဦးသားက အတော်လေး နီးကပ်လာနေပြီ ဖြစ်၏။

ဝမ်ပေါင်လဲ့က သွေးနီရောင်ဝေါယာဉ်တစ်ခုလုံးကို ဝါးမျိုပစ်နိုင်လောက်အောင် ပါးစပ်ဟလိုက်သည်။ ထိုအရာက ဝေါယာဉ်တစ်ခုလုံးကို ဝါးမျိုလိုက်၏။ တစ်ချိန်တည်းနီးပါးတွင် သွေးနီရောင်လက်ချောင်းက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကို ထိတွေ့သွား၏။

အသံ မရှိလိုက်ဘဲ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို တုန်ယင်သွား၏။ သူက သူ့ခန္ဓာကိုယ်ထဲ တစ်ဖက်လူ၏ ထိတွေ့မှုဖြင့် သေစေလောက်သည့် ကျိန်စာတစ်ခု ထုတ်လွှတ်လာသည်ကို ခံစားမိလိုက်သည်။ ထိုအရာက သူ့ဝိညာဉ်နှင့် အရာအားလုံးကို ဖျက်ဆီးပစ်လိုနေဟန်ပေါ်သည်။

သို့သော်လည်း ဝမ်ပေါင်လဲ့က အာသီသစည်းမျဉ်းဥပဒေသကို အစားကြူနတ်ဘုရားအဆင့်ထိ ရောက်အောင် ကျင့်ကြံထားနိုင်သူဖြစ်ကာ အချိန်အတော်ကြာ အာဟာရဖြည့်ထားခဲ့သည်။ သူက အာသီသမြို့သခင်လောက် အားမကောင်းသေးသော်လည်း သူ့တည်ရှိမှုက တခြားသော အစားကြူးနတ်ဘုရားများထက် သာလွန်နေပြီ ဖြစ်၏။

သူက သူ့ပင်မခန္ဓာကိုယ်၏ အထောက်အပံ့လည်း ရှိနေသေးသည်။ ထိုသေလောက်သည့် ကျိန်စာမျိုးက အင်မတန် အားကောင်းသော်လည်း ဝမ်ပေါင်လဲ့ကို တစ်ခါတည်းဖြင့် ဖျက်ဆီးဖြစ်ဖို့ရာ မလုံလောက်ခဲ့ပေ။

ထို့ကြောင့် သေစေလောက်သည့် ကျိန်စာက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကာ ပေါက်ကွဲထွက်သွားလျှင်ပင် ဝမ်ပေါင်လဲ့က သွေးတစ်ပွက်သာ အန်လိုက်ရသည်။

ထိုအနက်ရောင်သွေးက ကျိန်စာ ဖြစ်၏။

သူက နောက်ဆုတ်လိုက်ရင်းဖြင့် ခေါင်းမော့ကာ ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက အနည်းငယ် သွေးဆာနေပြီး သွေးနီရောင်ဝေါယာဉ်ကို စိုက်ကြည့်လိုက်၏။

သွေးနီရောင်ဝေါယာဉ်ကလည်း လှုပ်ခတ်နေသည်။ တချို့သော သစ်သားအစိတ်အပိုင်းများက အက်ကွဲသွားလေ၏။ အကယ်၍ သေချာအနီးကပ်ကြည့်မည်ဆိုပါက ထိုအက်ရာများက ဆက်နွယ်နေပြီး ကိုက်ရာကြီးသဖွယ် ဖြစ်နေသည်။

ဝမ်ပေါင်လဲ့နှင့် ဖြေရှင်းဖို့ရာ မည်မျှခက်ခဲကြောင်း ခံစားမိပြီးသည့်နောက်တွင် လိုက်ကာ အပြင်ဘက်တွင်ရှိသည့် လက်ကို ဖြည်းဖြည်းချင်း ပြန်လည်ရုတ်သိမ်းသွား၏။ ဝေါယာဉ်ကိုလည်း ပင့်မကာ အဝေးတစ်နေရာကိုလည်း ထွက်ခွာသွားလေသည်။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ပြီး ထွက်ခွာသွားသည့် ဝေါယာဉ်ကို လှမ်းကြည့်လိုက်သည်။ သက်ရှိများက တိတ်ဆိတ်နေပြီးသည့်နောက်တွင် သူက ဆုံးဖြတ်ချက်ချလိုက်၏။ သူ့ခန္ဓာကိုယ် လှုပ်ရှားသွားကာ ထွက်မသွားသေးပေ။ ထိုအစား သူက ထိုအရာနောက်မှ လိုက်လိုက်၏။

သို့သော်လည်း သူက ထိုအရာနောက်မှ လိုက်နေရင်း သူ့ရုပ်သွင်ကို ဆက်တိုက် ပြောင်းလဲထားသည်။ သိပ်မကြာခင် သူ့တစ်ကိုယ်လုံးနှင့် အရှိန်အဝါတို့က အပြည့်အဝ ပြောင်းလဲသွားခဲ့သည်။ ထိုအရာက ဂိုဏ်းကြီးသုံးဂိုဏ်းက ကျင့်ကြံသူများက သူ ထိုအရာနောက်မှ လိုက်နေသည်ကို မမြင်တွေ့အောင် တားဆီးလို၍ ဖြစ်၏။

သူ နောက်ကလိုက်ဖို့ ရွေးချယ်လိုက်သည့် အကြောင်းအရင်းကမူ သွေးနီရောင်ဝေါယာဉ်၏ ထူးဆန်းမှုကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်သလို ပို၍အရေးကြီးသည်က ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ သေစေလောက်သည့် ကျိန်စာ ပေါက်ကွဲထွက်လာသည့်အခါ သူ့ခန္ဓာကိုယ်ထဲရှိ ပျော်ရွှင်မှု စည်းမျဉ်းဥပဒေသသည် အလိုလိုအသက်ဝင်လာကာ ထိုအရာနှင့် သဟဇာတဖြစ်နေကြောင်း ခံစားမိလိုက်၍ ဖြစ်သည်။

“ဒါက ထင်းယွိစည်းမျဉ်းဥပဒေသကို ဖိနှိပ်ထားနိုင်တယ်။ ဒါက ငါ့ခန္ဓာကိုယ်ထဲက ပျော်ရွှင်မှု စည်းမျဉ်းဥပဒေသ အမြင်ကို အလိုအလျောက် အသက်ဝင်လာစေတယ်။ ဒါက တူညီတဲ့ ဝေါယာဉ် မဟုတ်ဘူး။ အထဲမှာရှိတဲ့ ခန္ဓာကိုယ်တွေက ကွဲပြားနေတယ်…

အရာအားလုံးကို သေချာစဉ်းစားကြည့်မယ်ဆိုရင် အဖြေက တချို့ပဲ ဖြစ်နိုင်တယ်။ အဖြေက ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်မှုမြို့သခင်နဲ့တော့ ဆက်နွယ်နေရမယ်”

ဝမ်ပေါင်လဲ့က ပျော်ရွှင်မှုမျိုးနွယ်မှ အကြီးအကဲ ပြောခဲ့ဖူးသည့် စကားကိုလည်း အမှတ်ရသွားခဲ့၏။ ပျော်ရွှင်မှုမြို့သခင်က ထင်းယွိမြို့သခင်ကြောင့် ဖိနှိပ်ခံခဲ့ရပြီး ပျော်ရွှင်မှုမျိုးနွယ်ဝင်များကို ဖျက်ဆီးပစ်သည့် အဓိကအင်အားစုက ထင်းယွိစည်းမျဉ်းဥပဒေသ ကျင့်ကြံသူများသာ ဖြစ်၏။

ပျော်ရွှင်မှုမြို့သခင်အတွက်မူ ထင်းယွိမြို့သခင်ကြောင့် ဖိနှိပ်ခံလိုက်ရသည်။

သူက ဘယ်နေရာတွင် ဖိနှိပ်ခံလိုက်ရမှန်း မသိရသလို သူ့ကို ဖိနှိပ်ဖို့ မည်သည့်နည်းလမ်း အသုံးပြုခဲ့မှန်းလည်း မသိရပေ။ သို့သော်လည်း ကိစ္စတစ်ခုက သေချာလေ၏။

ပျော်ရွင်မှုမြို့သခင် ဖိနှိပ်ခံလိုက်ရပြီးသည့်နောက်တွင် ကမ္ဘာထဲရှိ ပျော်ရွှင်မှုစည်းမျဉ်းဥပဒေသက ဖြည်းဖြည်းချင်း ခြောက်ကပ်သွားခဲ့သည်။

All Chapters