အခန်း (၁၂၀၅)
Vol. 87 Ch. 1205
ဟန်မူယဲ့က ကြယ်စင်စုစကြဝဠာ၏ ရုပ်သေးနှင့်ချပ်ဝတ် နည်းစနစ်ကို နားလည်နိုင်ရန်အတွက် ဟယ်ရန်စွန်း၏ ကျင့်ကြံခြင်းကို သုံးသပ်လေ့ရှိသည်။
ဟယ်ရန်စွန်းက လျင်မြန်စွာ တိုးတက်လာသောကြောင့် သူက ချပ်ဝတ်နှင့်ရုပ်သေးနည်းစနစ်၏ ကောင်းကျိုးများကို မြင်နိုင်ခဲ့သည်။
တချို့အချက်များကိုတော့ သူက ပြုပြင်ရမည်။
ထို့အပြင် သူက လုံလောက်စွာ လေ့လာပြီး ကမ္ဘာဦးချပ်ဝတ်နှင့် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို ပြုပြင်ရန် စီစဉ်ထားသည်။
လောကတွင် မပြောင်းလဲဘဲ တည်မြဲနေသောအရာ မရှိပေ။
ရှေးခေတ်နည်းစနစ်တချို့သည် လက်ရှိအချိန်နှင့် အမီမလိုက်နိုင်ပေ။
တစ်ခါတစ်လေတွင် စွမ်းအားအနည်းငယ်သည် မလုံလောက်ပေ။
ကုန်သည်အဖွဲ့က တစ်ရက်ကြာသည်အထိ ရှေ့ဆက်သွားခဲ့ပြီး သုံးပေထူထဲသော နှင်းထုဖြင့် ပြည့်နှက်နေသည့် လွင်ပြင်တစ်ခုကို မြင်ရသည်။
မြင်းများ၏ အမြန်နှုန်းက ၈၀%အထိ လျော့ကျသွားသည်။ ခြောက်နာရီအကြာတွင် သူတို့က နှင်းများကြားတွင် ရပ်တန့်နေသော ပုံရိပ်တစ်ခုကို မြင်ရသည်။
“ဟယ်ယွီလင်း ....”
ဟယ်ရန်စွန်းက မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ မီးတောက်များသည် သူ့မျက်လုံးထဲမှ ထွက်လာတော့မည်ဟု ထင်ရသည်။
ယခုအချိန်တွင် ဟယ်ယွီလင်းက အရိုးကျိုးနေပြီး ချပ်ဝတ်ကလည်း ပျက်စီးသွားသည်။ သူက နှင်းထုထဲတွင် ရပ်နေသော်လည်း အသက်မရှူတော့ပေ။
“ဘုန်း”
မြေပြင်တွင်ရှိသော နှင်းလွှာက ပေါက်ကွဲသွားပြီး အဖြူရောင်ရုပ်သေးသည် ဟယ်ရန်စွန်းဆီသို့ ခုန်ဝင်လာခဲ့သည်။
ဟယ်ရန်စွန်းက လက်မြှောက်ပြီး ငွေရောင်ချပ်ဝတ်ကို အသက်သွင်းသည်။
သူက ဓားမော့ဖြင့် ခုတ်ချလိုက်သည်။
ပထမဆုံးအကြိမ်အဖြစ် သူက လက်ဦးမှုရယူပြီး အစွမ်းကုန်တိုက်ခိုက်ခဲ့သည်။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ လေ့ကျင့်မှုအောက်တွင် သူက အသွက်လက်ဆုံးနည်းလမ်းဖြင့် အနိုင်ရအောင် လုပ်နိုင်သည်။
သို့သော် ဤတစ်ကြိမ်တွင် မတူတော့ပေ။
သူက သတ်ဖြတ်ချင်သည်။
“ဘုန်း”
ဓားမော့က ကျဆင်းလာသည်။ အဖြူရောင်ပုံရိပ်က နှစ်ပိုင်းပြတ်သွားသည်။
အဖြူရောင်နှင်းထုတွင် သွေးများပန်းထွက်လာသည်။ နှင်းလွှာများကြားတွင် ပုန်းအောင်းနေသော လူအိုကြီးတစ်ယောက်က သွေးအန်ထုတ်လိုက်ရပြီး နှစ်ပိုင်းပြတ်သွားသော ရုပ်သေးရုပ်ကို စိတ်ဓာတ်ကျစွာ ကြည့်နေသည်။
တစ်ချိန်တည်းမှာပင် ပုံရိပ် ၁၈ခုသည် ဟယ်ရန်စွန်းဆီသို့ ပြေးဝင်လာကြသည်။
“ကျင့်ကြံခြင်းလောကမှာ လူမသတ်ဖို့ အကြောင်းပြချက်မရှိဘူး”
လှည်းထဲတွင် ဟန်မူယဲ့က တည်ငြိမ်နေသော မျက်နှာထားဖြင့် ပျံသန်းသွားသော ဟယ်ရန်စွန်းကို ကြည့်သည်။
အဖြူရောင်နှင်းများကြားတွင် ဓားမော့အလင်းသည် တောက်ပနေခဲ့သည်။
ထိုအလင်းက သေစေနိုင်သည်။
ပြေးဝင်လာသော လူများက မှုန်ဝါးသောပုံရိပ်အဖြစ် ပြောင်းလဲလိုက်ပြီး ဓားမော့အလင်းများကြားတွင် လှုပ်ရှားနေကြသည်။
ထိုအချိန်တွင် ဟယ်ရန်စွန်းက လေနှင့် နှင်းကို ခံစားလိုက်ရသည်။
သူက ခြေဦးတည့်ရာလျှောက်သွားနေသော လေနှင့် နှင်းကဲ့သို့ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို လှုံ့ဆော်ခဲ့သည်။
“ရွှပ်”
ပုံရိပ်တစ်ခုသည် ဓားမော့အလင်းကြောင့် ခုတ်ပိုင်းခံလိုက်ရပြီး နှင်းထုထဲသို့ ပြုတ်ကျလာသည်။
ထိုပုံရိပ်က အောက်သို့မရောက်ခင် ဓားမော့အလင်းက ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး ပေတစ်ရာအကွာသို့ ရောက်သွားသည်။
‘သူက အမြန်နှုန်းကို မထိန်းချုပ်နိုင်တော့တာလား’
ကျန်ရှိနေသောလူများက သူ့ကို ဝိုင်းရံသတ်ဖြတ်ရန် အသင့်ဖြစ်နေကြသည်။ သို့သော် ပေတစ်ရာအကွာတွင်ရှိသော လူတစ်ယောက်က ပျောက်ကွယ်သွားခဲ့သည်။
ဟယ်ရန်စွန်းက နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်နှင့် လေ့ကျင့်ပြီး ကိုယ်ပိုင်ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်ခဲ့သည်။
ရုပ်သေးရုပ်ကို ရှေ့တွင်ထားပြီး ချပ်ဝတ်ဖြင့် နောက်တွင် နေရမည်။
ပြိုင်ဘက်များကို ရုပ်သေးရုပ်ဖြင့် တိုက်ခိုက်ပြီး နှောင့်ယှက်ရမည်။
ချပ်ဝတ်ကို ထိန်းချုပ်ထားသော သူက နောက်တွင်နေပြီး ရန်သူများ၏ ချုပ်နှောင်မှုကို မခံရအောင် ကြိုးစားနေသည်။
“ဘုန်း”
ဓားအလင်းသည် နှင်းထုကို ပေါက်ကွဲသွားစေပြီး ပေတစ်ရာပတ်ဝန်းကျင်သည် နှင်းမှုန်များဖြင့် ပြည့်နှက်လာသည်။
ချက်ချင်းဆိုသလိုပင် လေတိုက်လာပြီး နှင်းပွင့်များက လှုပ်ရှားနေကြသည်။ သူတို့က ပေတစ်ရာပတ်ဝန်းကျင်တွင် မည်သည့်အရာကိုမှ မမြင်နိုင်တော့ပေ။
“နောက်ဆုတ်”
လူတစ်ယောက်က အော်ပြောသည်။
သို့သော် အလွန်နောက်ကျသွားသည်။
နှင်းပွင့်များကြားတွင် ဓားမော့အလင်းကို မြင်လိုက်ရသည်။
ဓားချက်တိုင်းသည် ကောင်းကင်နှင့်မြေကြီးကို ပျက်စီးစေနိုင်သည်။
သွေးစက်များသည် နှင်းထုကို အရောင်ဆိုးပေးလိုက်သည်။
နှင်းပွင့်များ ငြိမ်သက်သွားသောအခါ သွေးစွန်းရာကို မြင်လိုက်ရသည်။
လူငါးယောက် သေဆုံးသွားသည်။
ကျန်ရှိနေသော လူများက ကြက်သီးထလာသည်။
‘ဟယ်ရန်စွန်းက အခုထိ အဆင့်တစ်ချပ်ဝတ်သခင် မဖြစ်သေးဘူးမဟုတ်လား’
‘သူက ဘာဖြစ်လို့ ဒီလောက်တောင် သန်မာနေတာလဲ’
ဟယ်ရန်စွန်းသတ်လိုက်သော လူငါးယောက်တွင် နှစ်ယောက်က အဆင့်တစ်ချပ်ဝတ်သခင် ဖြစ်သည်။
ငွေရောင်ချပ်ဝတ်နှင့် ဟယ်ရန်စွန်းက ဓားမော့ကိုင်ထားပြီး ရှေ့တက်လာသည်။
“မင်းတို့က ဟယ်မိသားစုကို ထိခိုက်စေခဲ့တယ်။ ပြန်ပေးဆပ်ဖို့ အသင့်ပြင်ထားသင့်တယ်”
သူ့လေသံက အေးစက်နေပြီး သတ်ဖြတ်လိုစိတ်ကို ခံစားနိုင်သည်။
ထိုအချိန်တွင် သတ်ဖြတ်လိုစိတ်သည် ဓားမော့နှင့် ပေါင်းစပ်သွားပြီး ဆယ်ပေဓားအလင်းကို ဖြစ်ပေါ်စေသည်။
သူက ယခုအချိန်တွင် သတ်ဖြတ်ချင်စိတ်တစ်ခုသာ ရှိသည်။
“ဝီ”
လေပြင်းများ တိုက်ခတ်လာပြီး ဟယ်ရန်စွန်း၏လမ်းကို ပိတ်ဆို့လိုက်သည်။ မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးနှစ်ယောက်က အေးစက်နေသော မျက်နှာထားဖြင့် ပြိုင်တူလက်မြှောက်သည်။
မီးခိုးရောင်ချပ်ဝတ်သည် သူတို့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ ရေခဲတိုင်တစ်ခုသည် သူတို့၏ရှေ့တွင် ပေါ်လာသည်။
ဟယ်ရန်စွန်းက ရေခဲတိုင်ထဲတွင် ပိတ်မိသွားသည်။
လူအိုကြီးနှစ်ယောက်က အဆင့်သုံးချပ်ဝတ်သခင်များ ဖြစ်ကြသည်။
အဆင့်သုံးကသာ အဆင့်သုံးကို သတ်ဖြတ်နိုင်လိမ့်မည်။
သူတို့နှစ်ယောက်က ဟယ်ယွီလင်းကို သတ်ဖြတ်ခဲ့သည်။
ဟယ်ရန်စွန်းကို ဖိနှိပ်ပြီးသောအခါ လူအိုကြီးနှစ်ယောက်က စိတ်အေးသွားပြီး နှာမှုတ်လိုက်သည်။
“မင်းမှာ စွမ်းရည်တချို့ရှိတာနဲ့ပဲ မောက်မာနေတာလား”
သူတို့နှစ်ယောက်က စကားအဆုံးတွင် တခြားလူများကို လှည့်ကြည့်သည်။
“ဟယ်မိသားစုရဲ့ ကုန်သည်အဖွဲ့က လူတွေအားလုံးကို ရှင်းထုတ်လိုက်”
“ငါတို့က ဆရာဟန်ကို ဘုရားမြို့ဆီ ပြန်ခေါ်သွားမယ်”
သူတို့က စကားအဆုံးတွင် ကုန်လှည်းများဆီသို့ ဦးတည်လိုက်ကြသည်။
သို့သော် မလှုပ်ရှားခင် တခြားလူများက မျက်လုံးပြူးနေကြောင်း မြင်လိုက်ရသည်။
သူတို့နှစ်ယောက်က တစ်ခုခုမှားနေကြောင်း အာရုံခံမိပြီး လက်ကို လျင်မြန်စွာဝှေ့ယမ်း၍ နောက်ကျောဘက်သို့ ရိုက်ချသည်။
အလင်းနှစ်ခုသည် သူတို့၏နောက်တွင် ပေါ်လာသည်။
သို့သော် ထိုအလင်းများက ဓားမော့နှစ်လက်ကြောင့် ပျက်စီးသွားသည်။
“ဘုန်း”
ဓားမော့သည် သူတို့နှစ်ယောက်ကို ခုတ်ချလိုက်ပြီး ချပ်ဝတ်များကို အက်ကွဲသွားစေသည်။ သူတို့က သွေးအန်လိုက်ပြီး လွင့်ထွက်သွားသည်။
ခုနစ်ပေမြင့်မားသော ရုပ်သေးရုပ်သည် တစ်လှမ်းချင်းစီ ရှေ့တက်လာသည်။
ဟယ်ရန်စွန်းကို ဖိနှိပ်ထားသော ရေခဲတိုင်က ချက်ချင်းပျက်စီးသွားသည်။
ဟယ်ရန်စွန်းက ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကို လေ့ကျင့်ထားသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သူတို့က သတိလွတ်သွားသည်။
အဆင့်သုံးချပ်ဝတ်သခင်နှစ်ယောက်က ရှေ့တိုးလာသော ရုပ်သေးရုပ်ကို စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
“မြန်မြန်လေး၊ သူ့ကိုတားလိုက်”
“ငါ့ကိုကယ်ပါ”
သူတို့နှစ်ယောက်က ထိတ်လန့်စွာ ဟိန်းဟောက်လိုက်ကြသည်။
ကျန်ရှိနေသော လုပ်ကြံသူများက ရှေ့တက်လာချင်သော်လည်း ရုပ်သေးရုပ်၏ စွမ်းအားကြောင့် နောက်ဆုတ်သွားကြသည်။
ယခုအချိန်တွင် အနက်ရောင်အလင်းသည် ရုပ်သေးရုပ်ကို လွှမ်းခြုံထားပြီး ဓားမော့နှစ်လက်သည် လူတစ်ယောက်၏ဝိညာဉ်ကို အေးခဲသွားစေနိုင်သည်ဟု ထင်ရသည်။
ရုပ်သေးရုပ်၏ ဓားချက်သည် ပတ်ဝန်းကျင်ကို တစ်ခါတည်း အေးခဲသွားစေသည်။ အဆင့်သုံးချပ်ဝတ်သခင် နှစ်ယောက်က မျက်လုံးပြူးသွားပြီး ဟိန်းဟောက်လိုက်သည်။
“မင်းက ဘယ်အဆင့်မှာလဲ ....”
အဖြေက ဓားမော့ခုတ်ချက်သာ ဖြစ်သည်။
“ဘုန်း”
သွယ်ယှက်နေသော ဓားမော့အလင်းနှစ်ခုသည် လူအိုကြီးနှစ်ယောက်၏ ခန္ဓာကိုယ်ကို ပျက်စီးသွားစေသည်။
ထို့နောက် ရုပ်သေးရုပ်က ပေငါးဆယ်ကို ချက်ချင်းကျော်ဖြတ်ပြီး ကျန်ရှိနေသော လုပ်ကြံသူများဆီသို့ ရောက်လာသည်။
ရုပ်သေးရုပ်က အလွန်လျင်မြန်သည်။
‘ထွက်ပြေးကြ ....’
ယခုအချိန်တွင် ဟယ်ရန်စွန်းကို မည်သူမှ မတားနိုင်တော့ပေ။
အဆင့်သုံးချပ်ဝတ်သခင် နှစ်ယောက်ကပင် အသတ်ခံလိုက်ရသည်။ သူတို့က ထိုရုပ်သေးရုပ်ကို မတားဆီးနိုင်ပေ။
“ဘုန်း”
ဓားမော့အလင်းသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ထွက်ပြေးနေသောလူများကို လိုက်ဖမ်းသည်။
အနက်ရောင်ရုပ်သေးရုပ်သည် အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။ ရုပ်သေးရုပ်က အလွန်လျင်မြန်ပြီး အားကောင်းသော တိုက်ခိုက်မှုကို ပြုလုပ်နိုင်သည်။
နာရီဝက်အကြာတွင် ဟယ်ရန်စွန်းက ဓားမော့နှင့်အတူ ပြန်ရောက်လာသည်။
သူက ဝမ်းနည်းမှု၊ ပျော်ရွှင်မှုများ မရှိဘဲ ဟယ်ယွီလင်း၏အလောင်းကို ကြည့်လိုက်သည်။
သူတို့က နှင်းကျလွင်ပြင်ကို ကျော်ဖြတ်လာပြီး တခြားတိုက်ခိုက်မှုများနှင့် မကြုံရတော့ပေ။
မည်သူမှ မတိုက်ခိုက်ရဲတော့ပေ။
အဆင့်သုံးချပ်ဝတ်သခင်နှစ်ယောက် အပါအဝင် ကျွမ်းကျင်သူအယောက်နှစ်ဆယ်ခန့် သေဆုံးသွားခဲ့သည်။ သူတို့က တိုက်ခိုက်ချင်လျှင်ပင် ကိုယ်ပိုင်ခွန်အားကို ပြန်လည်သုံးသပ်ရမည်။
ကုန်လှည်းများက တောင်တန်းနှင့်တောအုပ်ကို ကျော်ဖြတ်လာပြီး မြို့ကြီးတစ်မြို့၏ရှေ့တွင် ရပ်တန့်လိုက်သည်။
“မေပယ်တောအုပ်မြို့က ဘုရားမြို့ထက် ပိုကြီးတယ်။ ကျွမ်းကျင်သူတွေလည်း များပြားတယ်”
“အသန်မာဆုံးလူက အဆင့်ခုနစ်ချပ်ဝတ်သခင် စွန်းပင်းပဲ”
“ကျန်းမိသားစုရဲ့ ကျန်းရှန်က မေပယ်တောအုပ်မြို့ရဲ့ ထိပ်တန်းအဆင့်ကျွမ်းကျင်သူ ငါးယောက်ထဲမှာ ပါဝင်တယ်”
ဟယ်ရန်စွန်းက မေပယ်တောအုပ်မြို့၏ ခွန်အားအခြေအနေကို နားလည်ထားသည်။
သူတို့က မြို့ထဲသို့ ဝင်လာပြီး ကြိုတင်စီစဉ်ထားသော တည်းခိုဆောင်တွင် ရပ်တန့်လိုက်သည်။ ဟန်မူယဲ့က အနားယူနေပြီး ဟယ်ရန်စွန်းက ရုပ်သေးရုပ်၏ ရင်ဘတ်သံမဏိပြားကို ကျန်းမိသားစုသို့ ယူသွားသည်။
သူက ညနေတွင် ပြန်ရောက်လာသည်။
“ဆရာဟန်၊ ကျန်းမိသားစုခေါင်းဆောင် ကျန်းရှန်က ချပ်ဝတ်အစိတ်အပိုင်းနဲ့ ပတ်သတ်ပြီး ကျေနပ်နေတယ်။ သူက ဆရာဟန်အတွက် ဂုဏ်ပြုပွဲ ကျင်းပပေးချင်တယ်”
ဟယ်ရန်စွန်းက ပျော်ရွှင်စွာ ပြောလိုက်သည်။
အဆင့်ခြောက် ပညာရှင်တစ်ယောက်သည် သူပြုလုပ်ထားသော ချပ်ဝတ်အစိတ်အပိုင်း၏ ထူးခြားမှုကို မြင်နိုင်လိမ့်မည်။
သူက နာမည်တစ်ခု တည်ဆောက်ရန်အတွက် ဤနေရာသို့ ရောက်လာခဲ့သည်။
သူက နာမည်ကြီးမှသာ ကျွမ်းကျင်သူများနှင့် ဆက်သွယ်ပြီး အဆင့်မြင့်ရုပ်သေးရုပ်များကို ကိုင်တွယ်နိုင်လိမ့်မည်။
ထိုသို့ဖြင့် ကြယ်စင်စုစကြဝဠာ၏ ရုပ်သေးနှင့်ချပ်ဝတ် အမွေအနှစ်ကို ပိုမိုနားလည်လာမည်။
“ကောင်းပြီ။ ငါကလည်း အဆင့်ခြောက်ရုပ်သေးသခင်နဲ့ တွေ့ချင်ပါတယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ဟယ်ရန်စွန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ရှက်ရွံ့နေသောမျက်နှာထားဖြင့် တီးတိုးပြောသည်။
“ဆရာဟန်၊ ကျန်းမိသားစုခေါင်းဆောင်က သူ့မြေးနဲ့ ကျွန်တော့်ကို လက်ထပ်စေချင်တယ်”
“ဟုတ်လား”
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး သူ့ကို ကြည့်သည်။
“အဲဒါက မကောင်းဘူးလား”
အဆင့်ခြောက်ပညာရှင်တစ်ယောက်ရှိသော ကျန်းမိသားစုသည် ဟယ်မိသားစုအတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်လာလိမ့်မည်။
ဟယ်မိသားစုအတွက် အဆင်ပြေသည်။
“ကျွန်တော်က ဟယ်မိသားစုရဲ့ အကြီးအကဲတွေကိုယ်စား ဆရာဟန်ကို လက်ထပ်ပွဲစီစဉ်ပေးဖို့ ပြောချင်ပါတယ်”
ဟယ်ရန်စွန်းက ခေါင်းငုံ့ထားပြီး ညင်သာစွာပြောသည်။
“တကယ်လို့ ဦးလေးဟယ် သေမသွားရင် သူ့ကို စီစဉ်ပေးဖို့ ပြောလို့ရတယ်”
ဟယ်ရန်စွန်းက နှင်းကျလွင်ပြင်တွင် သေဆုံးသွားသော ဟယ်ယွီလင်းကြောင့် ဝမ်းနည်းနေသည်။
ဟယ်ယွီလင်းက သူ့ကို ကာကွယ်ပေးရန်အတွက် ပေါ်လာခဲ့သည်။
ဟယ်ယွီလင်းနှင့် တခြားလူများက သူတို့သားအမိနှင့် တခြားလူများကို မြို့ပြင်သို့ နှင်ထုတ်ခဲ့သည်။ သို့သော် ယခုအချိန်တွင် သူက ဟယ်မိသားစုဝင်များကို ခွင့်လွှတ်ပေးရန် ဆုံးဖြတ်ထားသည်။