အခန်း (၁၂၀၆)
Vol. 87 Ch. 1206
“လက်ထပ်ပွဲကို စီစဉ်ပေးရမှာလား”
ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
ကျန်းမိသားစု၏လှည်းသည် တည်းခိုဆောင်သို့ ရောက်လာသည်။ အဆင့်လေးရုပ်သေးသခင်ဖြစ်သော ကျန်းမိသားစု၏ ဒုတိယမျိုးဆက် ကျန်းချန်ခုံးသည် ကိုယ်တိုင်ရောက်လာပြီး ဟန်မူယဲ့ကို ဖိတ်ခေါ်ခဲ့သည်။
“ခင်ဗျားရဲ့ ပန်းပဲပညာက တကယ်ထူးခြားတာပဲ။ ရင်ဘတ်သံမဏိပြားရဲ့ ရှုပ်ထွေးရဲ့ ဝိညာဉ်အင်းကွက်တွေကို တစ်ခါမှ မမြင်ဖူးဘူး”
အရပ်ကိုးပေရှည်လျားပြီး သံမဏိမျှော်စင်တစ်ခုနှင့်တူသော ကျန်းချန်ခုံးက ဟန်မူယဲ့နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“ကျွန်တော့်ရုပ်သေးရုပ်ရဲ့ လက်မောင်းက ထိခိုက်နေတယ်။ ဆရာဟန်က ပြင်ပေးနိုင်မလားမသိဘူး”
ကျန်းချန်ခုံးက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
သူ့စကားကို ကြားရသောအခါတွင် ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။
“ဈေးနှုန်းသင့်တော်ရင် ပြင်လို့ရပါတယ်”
သူ့စကားကြောင့် ကျန်းချန်ခုံး၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားပြီး ရယ်လိုက်သည်။
ဆရာဟန်က သူထင်ထားသည်ထက် ပိုမိုသန်မာပုံပေါ်သည်။
ကျန်းမိသားစုအိမ်တော်တွင် ခေါင်းဆောင်နှင့် အကြီးအကဲများက ဆွေးနွေးခဲ့ကြသည်။ ဆရာဟန်က အဆင့်သုံးချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ဖန်တီးနိုင်လိမ့်မည်။ သို့သော် သူက အဆင့်လေးချပ်ဝတ်နှင့် ရုပ်သေးများကိုလည်း ပြုပြင်နိုင်သည်။
‘အဆင့်ငါးဆိုရင်ရော’
အဆင့်ငါးပစ္စည်းများသည် ရတနာတစ်ခု ဖြစ်သည်။
ဆရာဟန်ကဲ့သို့ ပန်းပဲပညာရှင်မျိုးသည် အမျိုးမျိုးသော အင်အားစုကြီးများအတွက် ဂုဏ်သရေရှိဧည့်သည်တော်တစ်ဦး ဖြစ်သည်။
ကျန်းချန်ခုံးက တည်ငြိမ်နေသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တိတ်ဆိတ်သွားသည်။
သူတို့က ကျန်းမိသားစုအိမ်တော်သို့ ရောက်လာသောအခါတွင် ကျန်းချန်ခုံးက ဂုဏ်ပြုပွဲကျင်းပနေသော ခန်းဆောင်သို့ ခေါ်သွားလိုက်သည်။
ကျန်းမိသားစုခေါင်းဆောင် ကျန်းချန်ထျန်းနှင့် ပထမအကြီးအကဲ ကျန်းရှန်တို့က မတ်တပ်ရပ်လိုက်ကြသည်။
“ဟားဟား၊ ဒါက ဘုရားမြို့ရဲ့ ပန်းပဲပညာရှင် ဆရာဟန်ပဲ”
“ဒီလူငယ်လေးကတော့ ဟယ်မိသားစုရဲ့ ဟယ်ရန်စွန်းပဲ”
ကျန်းချန်ထျန်းက ပြုံးလိုက်ပြီး ဟန်မူယဲ့နှင့် ဟယ်ရန်စွန်းကို ဧည့်သည်များနှင့် မိတ်ဆက်ပေးသည်။
လူအများက မတ်တပ်ရပ်လိုက်ပြီး ဟန်မူယဲ့နှင့် ဟယ်ရန်စွန်းကို ဦးညွတ်ကြသည်။
ခန်းဆောင်၏ လေထုသည် အလွန်ကောင်းမွန်နေသည်။
သို့သော် ထိုဖြစ်ရပ်ကို မမြင်ချင်သော လူတချို့လည်း ရှိနေသည်။
“ဘုရားမြို့ရဲ့ ပန်းပဲပညာရှင်လား”
အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က နှာမှုတ်လိုက်ပြီး ပြောသည်။
“ငါက လွန်ခဲ့တဲ့ဆယ်နှစ်မှာ ဘုရားမြို့ကို သွားခဲ့တယ်။ ဘုရားမြို့ရဲ့ ပန်းပဲနည်းစနစ်က အတော်လေးနောက်ကျနေတယ်”
သူက မောက်မာသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ငါက ဘုရားမြို့ရဲ့ ပန်းပဲပညာရှင်အသိုင်းအဝိုင်းကို ဖိနှိပ်ထားခဲ့တယ်။ ဘယ်သူမှ ငါနဲ့မယှဉ်နိုင်ဘူး”
သူ့စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူများ၏မျက်နှာထားက တောင့်တင်းသွားသည်။
ကျန်းမိသားစု၏လူများက မျက်မှောင်ကြုတ်သည်။
ထိုလူ၏ဘေးတွင် ထိုင်နေသော လူငယ်တစ်ယောက်က ရယ်လိုက်ပြီး တီးတိုးပြောသည်။
“အကြီးအကဲချီမင်ရှန်းက ဘုရားမြို့ကို လွှမ်းမိုးနိုင်ရုံတင် မဟုတ်ပါဘူး။ မေပယ်တောအုပ်မြို့မှာလည်း နာမည်ကြီးတာပဲမဟုတ်လား”
လူငယ်၏စကားကြောင့် ချီမင်ရှန်းဟုခေါ်သောလူက ဂုဏ်ယူနေသည်။
ဘေးတွင်ရှိသော တခြားလူများကလည်း ထောက်ခံသည့်အနေဖြင့် ရယ်လိုက်ကြသည်။
ချီမင်ရှန်းသည် မေပယ်တောအုပ်မြို့တွင် နာမည်တစ်ခုရှိသည်။
ဟန်မူယဲ့က သူတို့၏စကားကို ဂရုမစိုက်ပေ။ သူက ဟယ်ရန်စွန်းနှင့်အတူ သီးသန့်စားပွဲခုံတွင် တည်ငြိမ်စွာထိုင်နေသည်။
ဟယ်ရန်စွန်းကလည်း မိသားစု၏ အတွေ့အကြုံများကြောင့် တည်ငြိမ်နေသည်။
လမ်းတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသော တိုက်ခိုက်မှုများကြောင့် သူက သတ်ဖြတ်လိုစိတ်တချို့ကို ထုတ်လွှတ်နေသည်။
သူ့မှာ ချပ်ဝတ်သခင်၊ ရုပ်သေးသခင် တံဆိပ်ပြား မရှိသော်လည်း ကျွမ်းကျင်သူတစ်ယောက်ဖြစ်ကြောင်း မြင်နိုင်သည်။
ဧည့်ခံပွဲ စတင်သောအခါ ဟယ်ရန်စွန်းက ဝိုင်ခွက်မြှောက်လိုက်ပြီး ဟန်မူယဲ့နှင့် ခွက်တိုက်သည်။ သူတို့နှစ်ယောက်က ကျင့်ကြံခြင်းအကြောင်းကို တိတ်ဆိတ်စွာ ဆွေးနွေးနေကြသည်။
ကျန်းမိသားစုခေါင်းဆောင်နှင့် ပထမအကြီးအကဲက သူတို့ဆီသို့ ရောက်လာပြီး ဟန်မူယဲ့၏ လက်ရာကို ချီးကျူးနေသည်။
ထိုဖြစ်ရပ်ကြောင့် ချီမင်ရှန်းက ပိုမိုအထင်သေးနေသည်။
“ဘုရားမြို့ရဲ့ ဟယ်မိသားစုက ပြန်လည်နိုးထလာတယ်လို့ ကြားမိတယ်။ သခင်လေးဟယ်က ထူးချွန်းတယ်တဲ့”
ကျန်းရှန်က ခွက်မြှောက်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။
သူက ယဉ်ကျေးစွာ ပြောဆိုနေခြင်း ဖြစ်သည်။
ဘုရားမြို့၏ ဟယ်မိသားစုသည် မေပယ်တောအုပ်မြို့တွင်ရှိသော ကျန်းမိသားစုနှင့် မယှဉ်နိုင်ပေ။
ထို့အပြင် ဟယ်မိသားစုတွင် ထိပ်တန်းအဆင့်ကျွမ်းကျင်သူ မရှိတော့ပေ။
ယနေ့တွင် လူတချို့က ဘုရားမြို့၏ လတ်တလောဖြစ်ရပ်များအကြောင်းကို သိထားသော်လည်း တချို့ကတော့ မသိကြပေ။
ကျန်းရှန်၏စကားကို ကြားလိုက်ရသောအခါ သူတို့က အချင်းချင်း မေးလိုက်ကြသည်။
ဘုရားမြို့၏အကြောင်းကို သိနေသောလူများက ဟယ်ရန်စွန်း၏ အောင်မြင်မှုကို ပြောပြလိုက်သည်။
ထိုသတင်းကြောင့် လူအများအပြား၏ မျက်လုံးများက စိတ်ဝင်စားမှုဖြင့် တောက်ပလာသည်။
သို့သော် တချို့က ဟယ်ရန်စွန်းကို ရန်လိုနေကြသည်။
“အရင်တုန်းက ညီအစ်ကိုဟယ်ကျူနဲ့ ဆက်သွယ်ဖူးတယ်။ သူက ကျွမ်းကျင်သူတစ်ယောက်ပါ။ ဒါပေမဲ့ ....”
ကျန်းချန်ထျန်းက ခေါင်းခါလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ဆက်ပြောသည်။
“ကံကောင်းပြီး ဟယ်ရန်စွန်းက ဟယ်မိသားစုကို နိမ့်ကျမသွားစေခဲ့ဘူးပဲ”
“ငါ့မြေးက အခုထိ လက်မထပ်ရသေးဘူး။ ရန်စွန်း၊ မင်းက ....”
သူ့စကားမဆုံးခင် ချီမင်ရှန်း၏ဘေးတွင်ရှိသော လူငယ်က မတ်တပ်ရပ်လိုက်သည်။
“ခေါင်းဆောင်ကျန်း၊ ကျွန်တော်က ရှုမိသားစုရဲ့ ရှုရွှမ်းပါ။ ကျွန်တော်က ကျန်းမိသားစုကို လက်ထပ်ပွဲကမ်းလှမ်းဖို့ ရောက်လာတာပါ”
သူက ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး အေးစက်စွာပြောသည်။
“ကျွန်တော်က ကျန်းမိသားစုရဲ့မြေး ကျန်းယွီရန်ကို လက်ထပ်ချင်ပါတယ်”
ခန်းဆောင်က တိတ်ဆိတ်သွားသည်။
မေပယ်တောအုပ်မြို့၏ ရှုမိသားစုသည် ကျန်းမိသားစုနှင့် ယှဉ်နိုင်သည်။ သူတို့က ဂုဏ်သတင်းကောင်းမွန်သော အဆင့်ငါးရုပ်သေးသခင်နှစ်ယောက်ကို ပိုင်ဆိုင်ထားသည်။
ထို့အပြင် ရှုမိသားစု၏ လက်ရွေးစင်တပည့် တစ်ယောက်သည် ပေပယ်တောအုပ်မြို့၏ အသန်မာဆုံးလူဖြစ်သော စွန်းပင်း၏လက်အောက်တွင် ကျင့်ကြံနေသည်။
သူက ပါရမီကောင်းပြီး စွန်းပင်း၏ အမွေအနှစ်ကို ဆက်ခံနိုင်လိမ့်မည်ဟု ပြောကြသည်။
ရှုမိသားစုက စွန်းပင်နှင့် ဆက်သွယ်နေသောကြောင့် မေပယ်တောအုပ်မြို့၏ ထိပ်တန်းအင်အားစုတစ်ခု ဖြစ်သည်။
ရှုရွှမ်းက မိသားစုခွဲမှဖြစ်ပြီး အဆင့်တစ်ရုပ်သေးသခင်သာ ဖြစ်သော်လည်း လူအများက လေးစားရသည်။
သူက ကျန်းမိသားစု၏ မြေးကို လက်ထပ်ချင်နေသည်။
‘သူက ဟယ်ရန်စွန်းနဲ့ တိုက်ခိုက်တော့မှာလား’
ကျန်းချန်ထျန်း၏ မျက်နှာထားက မှောင်မည်းသွားသည်။ သို့သော် သူက တိတ်ဆိတ်နေသည်။
သူက မငြင်းသလို လက်မခံပေ။
ဟယ်ရန်စွန်းက ဟန်မူယဲ့ကို လှည့်ကြည့်သည်။
ဟန်မူယဲ့က တည်ငြိမ်နေပြီး ဝိုင်သောက်လိုက်သည်။
“ဆရာဟန်၊ ကျွန်တော်က အကြီးအကဲတွေမပါဘဲ မေပယ်တောအုပ်မြို့ကို ရောက်လာတဲ့အတွက် ဟယ်မိသားစုကိုယ်စား ကျန်းမိသားစုကို ကမ်းလှမ်းပေးဖို့ တောင်းဆိုပါရစေ”
ဟယ်ရန်စွန်းက ဦးညွတ်လိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးသည်။
“ဒါက မြို့ ၁၂မြို့ပြိုင်ပွဲမှာ အဆင့်ငါးချိတ်ခဲ့တဲ့ ကျွန်တော့်အဖေရဲ့ ဆုလာဘ်ပါ”
“အဆင့်နှစ်ရုပ်သေးရုပ် ဖြစ်ပါတယ်”
“ကျွန်တော်က တင်တောင်းကြေးအနေနဲ့ ဒီရုပ်သေးရုပ်ကို ကမ်းလှမ်းချင်ပါတယ်”
အဆင့်နှစ်ရုပ်သေးရုပ်သည် တန်ဖိုးသိပ်မရှိသော်လည်း မြို့ဆယ့်နှစ်မြို့ပြိုင်ပွဲ၏ အဆင့်ငါးသည် ဂုဏ်သိက္ခာမြင့်မားသည်။
ထိုကျောက်စိမ်းပြားသည် ရုပ်သေးရုပ်သာမက ဂုဏ်ကျက်သရေကိုလည်း ကိုယ်စားပြုသည်။
ဟယ်မိသားစု၏ ဂုဏ်သိက္ခာ ဖြစ်သည်။
ရှုရွှမ်း၏ ရှုမိသားစုသည် ထူးခြားသော်လည်း ထိုသို့ အရေးပါသော ရတနာမျိုးကို ထုတ်မပေးနိုင်ပေ။
ရှုရွှမ်း၏ မျက်နှာထားက ချက်ချင်း မည်းမှောင်သွားသည်။
ဟန်မူယဲ့က ကျောက်စိမ်းပြားကို ယူလိုက်ပြီး မတ်တပ်ရပ်သည်။
ထိုအချိန်တွင် ချီမင်ရှန်းက ရုတ်တရက် ပြောလိုက်သည်။
“နေအုံး”
သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နှာမှုတ်သည်။
“လူတိုင်းက ပန်းပဲဆရာ မဖြစ်နိုင်ဘူး”
“သခင်လေးဟယ်ရန်စွန်းက ကျပန်းလူတစ်ယောက်ကို ခေါ်လာပြီး လက်ထပ်ခွင့်ရအောင် ကျန်းမိသားစုကို လှည့်စားနေရင် ဘယ်လိုလုပ်မလဲ”
‘လှည့်စားတာလား’
ဟယ်ရန်စွန်းက ထိုနည်းလမ်းမျိုးကို မတားဆီးနိုင်ပေ။
ချီမင်ရှန်းက တမင်သက်သက် ပြဿနာရှာနေသည်။
သို့သော် မည်သူမှ စကားမပြောရဲကြပေ။
ဟယ်ရန်စွန်းသည် ဘုရားမြို့မှ ဖြစ်သည်။ ချီမင်ရှန်းနှင့် ရှုရွှမ်းတို့ကတော့ မေပယ်တောအုပ်မြို့တွင် နေထိုင်သည်။
သူတို့ကြားတွင်ရှိသော ဆက်ဆံရေးကို ထင်ရှားစွာ မြင်နိုင်သည်။
ဟန်မူယဲ့က ချီမင်ရှန်းကို ကြည့်လိုက်သည်။
ထိုလူက အဆင့်နှစ် ချပ်ဝတ်ပန်းပဲပညာရှင် ဖြစ်သည်။
“ငါ့မှာ ချပ်ဝတ်တစ်ခုရှိတယ်။ မင်းက ချပ်ဝတ်ကိုဖြုတ်ပြီး ပြန်တပ်နိုင်ရင် ပန်းပဲဆရာတစ်ယောက်အဖြစ် အသိအမှတ်ပြုလိုက်မယ်”
“မဟုတ်ရင်တော့ မင်းကို တိတ်တိတ်လေးနေဖို့ ပြောရတော့မှာပဲ”
ချီမင်ရှန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။ အနက်ရောင်ချပ်ဝတ်တစ်ခု ပေါ်ထွက်လာသည်။
ထိုချပ်ဝတ်က ချိန်းကြိုးချပ်ဝတ်ဖြစ်ပြီး အစိတ်အပိုင်းတိုင်းက တောက်ပနေသည်။
အနည်းဆုံး အဆင့်လေးချပ်ဝတ် ဖြစ်သည်။
ကျွမ်းကျင်မှုမရှိလျှင် ထိုချပ်ဝတ်မျိုးကို ဖြုတ်ပြီးပြန်တပ်ရန် မဖြစ်နိုင်ပေ။
အဆင့်လေးချပ်ဝတ်ကို တပ်ဆင်ရန်အတွက် အနည်းဆုံး အဆင့်သုံးချပ်ဝတ်ကို ပြုပြင်ဖန်တီးနိုင်ရမည်။
ထိုချပ်ဝတ်ကို မြင်လိုက်ရသောအခါတွင် လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်များကြားတွင် လောင်းကြေးတိုက်ပွဲ ရှိသည်။ ပန်းပဲပညာရှင်များကြားတွင်လည်း စိန်ခေါ်ပွဲ ရှိသည်။
ဥပမာအနေဖြင့် ဟန်မူယဲ့က ထိုချပ်ဝတ်ကို ဖြုတ်ပြီး ပြန်တပ်နိုင်လျှင် စည်းကမ်းအရ ဟန်မူယဲ့၏အပိုင် ဖြစ်သွားလိမ့်မည်။
ချီမင်ရှန်းက ဟန်မူယဲ့ကို စိန်ခေါ်နေသည်။
အကယ်၍ ဟန်မူယဲ့က ထိုသို့ မလုပ်နိုင်လျှင် မျက်နှာပျက်ရလိမ့်မည်။ အနာဂတ်တွင် ချီမင်ရှန်းနှင့်တွေ့သောအခါ နှိမ့်ချနေရပြီး တခြားလူများကလည်း သူ၏ ကျွမ်းကျင်မှုကို အထင်သေးသွားလိမ့်မည်။
စိန်ခေါ်ပွဲသည် အသွားနှစ်ဖက်ပါသော ဓားတစ်လက်ဖြစ်သည်။
“ဒီချပ်ဝတ်က ခေတ်သစ်ချပ်ဝတ်တွေနဲ့ မတူဘူးပဲ”
အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး ရေရွတ်သည်။
“ငါမှတ်မိပြီ။ အဲဒီချပ်ဝတ်က လွန်ခဲ့တဲ့ နှစ်တစ်သိန်းရဲ့ ယုထောင်မြို့ပျက်ကပဲ”
လူတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး ချပ်ဝတ်ကို ကြည့်နေသည်။
ယုထောင်မြို့ပျက်၏ ချပ်ဝတ်သည် ရတနာတစ်ပါးဖြစ်သည်။
ထိုခေတ်၏ ချပ်ဝတ်များသည် ယနေ့ခေတ်နှင့် မတူညီပေ။
ထိုစကားကို ကြားရသောအခါ ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက ခေါင်းမော့ကြည့်လိုက်ကြသည်။
ဟယ်ရန်စွန်းက တုံ့ဆိုင်းနေပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ဆရာဟန်၊ တကယ်လို့ ....”
ဟယ်ရန်စွန်း၏ စကားမဆုံးခင် ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သည်။
‘ငါ့ကို ချပ်ဝတ်တစ်ခု အလကားပေးနေတာမဟုတ်ဘူးလား’
သူက ယုထောင်မြို့၏ အကြောင်းကို သိချင်နေသည်။
ဟန်မူယဲ့က ရှေ့တက်သွားပြီး ချပ်ဝတ်ပေါ်တွင် လက်တင်လိုက်သည်။
ကြမ်းတမ်းသော အငွေ့အသက်သည် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။
သွေးအလင်းသည် သူ့ကို လွှမ်းခြုံလိုက်သည်။
ချီမင်ရှန်းက ခပ်ဟဟရယ်သည်။
“ငါပြောဖို့ မေ့သွားတယ်။ ချပ်ဝတ်ရဲ့ ပိုင်ရှင်အဟောင်းက သတ်ဖြတ်လိုစိတ် အရမ်းများတယ်။ အဲဒါကြောင့် ချပ်ဝတ်က သွေးချီနဲ့ စွန်းထင်းနေတယ်”
“ဝိညာဉ်စွမ်းအား မလုံလောက်ရင် သက်တမ်းဆုံးရှုံးလိမ့်မယ်”
သူက ရယ်လိုက်သည်။
“ဒါပေမဲ့ ဆရာဟန်ကတော့ ခုခံဖို့ နည်းလမ်းရှိမှာပါ”
သူက စကားမဆုံးခင် မျက်လုံးပြူးသွားသည်။
လူတိုင်း၏ရှေ့တွင် ဟန်မူယဲ့၏လက်ဝါးက ချပ်ဝတ်နှင့် ထိတွေ့ခဲ့သည်။ ချပ်ဝတ်၏ သွေးချီက အလိုလျောက် ပျောက်ကွယ်သွားသည်။
သွေးချီသည် ဟန်မူယဲ့၏ရှေ့တွင် ဘာမှ မတတ်နိုင်ပေ။
သွေးချီကို ထိန်းချုပ်ရာတွင် သူက ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
နဂါးမိကျောင်း၏ ခန္ဓာကိုယ်ကို ထည့်မတွက်လျှင်ပင် သွေးစက်ကျချောက်ကမ်းပါး၏ ဝင်္ကပါစွမ်းအားမှ ဖြစ်ပေါ်လာသော သွေးချပ်ဝတ်၊ သူ၏ သတ်ဖြတ်ခြင်းဓားတို့သည် သွေးချီကို ထိန်းချုပ်ထားသည်။