← Chapters

အခန်း (၁၂၀၇)

Vol. 87 Ch. 1207

အခန်း (၁၂၀၇)

Vol. 87 Ch. 1207

ချပ်ဝတ်၏ သွေးချီသည် ဟန်မူယဲ့၏ရှေ့တွင် မလှုပ်ရှားရဲပေ။

အစိမ်းရောင်အလင်းသည် ဟန်မူယဲ့၏ လက်ဝါးတွင် ပေါ်လာသည်။

သူ၏ ဓားဆန္ဒက ချပ်ဝတ်နှင့် ပေါင်းစပ်သွားပြီး မှတ်ဉာဏ်များကို မြင်လိုက်ရသည်။

ထိုချပ်ဝတ်ကို ပန်းပဲပညာရှင်များက အစိတ်အပိုင်းတစ်ခုစီ သန့်စင်ပြီး ပေါင်းစပ်ခဲ့သည်။

ရာချီသော ပန်းပဲပညာရှင်များသည် ဆက်တိုက်လှုပ်ရှားပြီး တစ်ရက်လျှင် ချပ်ဝတ်သုံးရာကို ဖန်တီးခဲ့ကြသည်။

ထိုချပ်ဝတ်မျိုးသည် စံနှုန်းမီပြီး ခုခံနိုင်စွမ်းနှင့် တိုက်ခိုက်နိုင်စွမ်း ကောင်းမွန်သည်။

“ယုထောင်မြို့ရဲ့ မီးတောက်ချပ်ဝတ်”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

“မီးတောက်ချပ်ဝတ်လား”

လူအိုကြီးတစ်ယောက်က မျက်နှာထားပြောင်းလဲသွားပြီး ရေရွတ်လိုက်သည်။

“ယွင်ထောင်မြို့သခင်ရဲ့ မီးတောက်တပ်ဖွဲ့က မီးတောက်ချပ်ဝတ်တစ်သိန်းကို ပိုင်ဆိုင်ထားပြီး မိုင်သန်းချီပတ်ဝန်းကျင်ကို လွှမ်းမိုးခဲ့တယ်”

ချက်ချင်းဆိုသလိုပင် မီးတောက်ချပ်ဝတ်၏ အကြောင်းအရာများသည် ခန်းဆောင်ထဲတွင် ပျံ့နှံ့လာသည်။

ချီမင်ရှန်းက အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ သို့သော် ချက်ချင်းဆိုသလိုပင် ပြောလိုက်သည်။

“မင်းပြောလိုက်တာနဲ့ပဲ မီးတောက်ချပ်ဝတ်ဖြစ်သွားရောလား”

ဟန်မူယဲ့က သူ့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ချပ်ဝတ်ရဲ့ အတွင်းပိုင်းမှာ ချီစွမ်းအင်နဲ့ အသက်သွင်းနိုင်တဲ့ အနက်ရောင်မီးတောက်တွေ ရှိနေတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်နက်တွေက လွှမ်းခြုံသွားလိမ့်မယ်”

“ဒီချပ်ဝတ်က ခွန်အားနဲ့ ခုခံနိုင်စွမ်းကို အသားပေးပြီး ဝင်္ကပါဖွဲ့စည်းလိုက်ရင် မီးခြင်္သေ့တစ်ကောင်ကို ဖန်တီးနိုင်လိမ့်မယ်”

သူက တီးတိုးပြောလိုက်သည်။

ချပ်ဝတ်၏ မှတ်ဉာဏ်ထဲတွင် ပန်းပဲလုပ်ငန်းစဉ်သာမက ယုထောင်မြို့၏ ပျက်စီးခြင်းကိုလည်း မြင်ခဲ့ရသည်။

ကောင်းကင်အဆင့် ချပ်ဝတ်ဆယ့်ရှစ်ခုနှင့် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်တစ်ရုပ်သည် တိုက်ခိုက်ခဲ့ကြသည်။

အဆုံးတွင် ရုပ်သေးရုပ်၏ လက်တစ်ဖက်က ပြတ်တောက်သွားသည်။ ကောင်းကင်အဆင့် ချပ်ဝတ်ဆယ့်ရှစ်ခုက ပျက်စီးနေပြီး ချပ်ဝတ်သခင်များက ကျဆုံးသွားကြသည်။

ယုထောင်မြို့ကလည်း ဖျက်ဆီးခံလိုက်ရသည်။

စစ်သည်တစ်သိန်းကလည်း အပြင်းအထန် ထိခိုက်သွားသည်။

မီးတောက်ချပ်ဝတ်နှင့် မီးတောက်အစောင့်များသည် ယုထောင်မြို့၏ မီးတောက်လှံကို စောင့်ရှောက်နေသည်။

သူက ယုထောင်မြို့ ပျက်စီးသွားသော အကြောင်းအရင်းကို မြင်လိုက်ရသည်။

ကျွမ်းကျင်သူများက မီးတောက်လှံကို လိုချင်သောကြောင့် ရောက်လာကြသည်။

ဟန်မူယဲ့က မီးတောက်ချပ်ဝတ်အကြောင်းကို သိနေလိမ့်မည်ဟု ချီမင်ရှန်းက ထင်မထားခဲ့ပေ။

တခြားလူများက ချပ်ဝတ်ကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

“ဟမ့်၊ မီးတောက်ချပ်ဝတ်အကြောင်းကို ပြောနိုင်တာက ဘာမှမဟုတ်သေးပါဘူး။ မင်းက ဒီချပ်ဝတ်ကို ဖြုတ်နိုင်လား”

ချီမင်ရှန်းက ဟန်မူယဲ့ကို စိုက်ကြည့်သည်။

ထိုချပ်ဝတ်မျိုးကို ဖြုတ်ရန် မလွယ်ပေ။

အမှားတစ်ခုရှိလျှင် ချပ်ဝတ်က ပျက်စီးသွားလိမ့်မည်။

ဟန်မူယဲ့က ချပ်ဝတ်၏ပခုံးကို ဆုပ်ကိုင်လိုက်သည်။

“ခလွပ်”

အသံတစ်ချက်နှင့်အတူ ချပ်ဝတ်က တစ်ပိုင်းတစ်စစီ ဖြစ်သွားသည်။

“မီးတောက်ချပ်ဝတ်ကို အစိတ်အပိုင်း ၁.၀၅၁ခုနဲ့ ပြုလုပ်ထားတယ်။ အစိတ်အပိုင်းတိုင်းမှာ မီးတောက်အင်းကွက်တွေ ပါဝင်နေတယ်”

ဟန်မူယဲ့က ပြန့်ကျဲနေသော အစိတ်အပိုင်းများကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“မင်းချပ်ဝတ်ရဲ့ အစိတ်အပိုင်း ၃၅ခုက ထိခိုက်နေတယ်။ ၁၇ခုက ပျက်စီးနေတယ်။ အဲဒါကိုရော သိရဲ့လား”

ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက မျက်နှာထားပြောင်းလဲသွားပြီး ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

တခြားအရာများကို မကြည့်လျှင်ပင် နက်ရှိုင်းသောဗဟုသုတကို ပိုင်ဆိုင်သောကြောင့် ဆရာဟန်အဖြစ် ခေါ်ဆိုရန် ထိုက်တန်သည်။

ထို့အပြင် ချပ်ဝတ်ကို ဖြုတ်လိုက်သောနည်းလမ်းက ထူးခြားသည်။

အကယ်၍ သူ့လက်က တခြားလူ၏ကိုယ်ပေါ်သို့ ရောက်လာလျှင် ထိုလူ၏ ချပ်ဝတ်က တစ်ခါတည်း ပြိုကျသွားနိုင်သည်။

ချီမင်ရှန်း၏ မျက်နှာထားက ဆိုးဝါးနေပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

“အများကြီးလျှောက်ပြောမနေနဲ့။ မင်းက ချပ်ဝတ်ကို ပြန်တပ်ရအုံးမယ်”

“ငါ့ချပ်ဝတ်က ပျက်စီးနေတယ်ဆိုတာကို တစ်စစီမဖြုတ်ခင်က ဘာဖြစ်လို့ မပြောတာလဲ”

သူ၏ စကားကြောင့် ခန်းဆောင်ထဲတွင်ရှိသော လူများက ခေါင်းခါလိုက်ကြသည်။

ဟန်မူယဲ့က သူ့ကို လျစ်လျူရှုထားပြီး လက်ဝါးထဲတွင်ရှိသော အစိမ်းရောင်အလင်းကို ထိန်းချုပ်၍ ချပ်ဝတ်အပိုင်းအစများကို ပြန်တပ်လိုက်သည်။

ချပ်ဝတ်က အကောင်းအတိုင်း ပြန်ဖြစ်လာသည်။

ထိုချပ်ဝတ်တွင် မီးတောက်အမှတ်အသားများကို ထင်ရှားစွာ မြင်နေရပြီး မီးတောက်များဖြင့် လွှမ်းခြုံထားသည်ဟု ထင်ရသည်။

ပန်းပဲပညာကို နားလည်သောလူများက ချပ်ဝတ်ကို ပြုပြင်ထားသော ပုံစံဖြစ်ကြောင်း နားလည်လိုက်သည်။

“ဒီချပ်ဝတ်က မဆိုးဘူး။ ငါလက်ခံလိုက်မယ်”

ဟန်မူယဲ့က ချပ်ဝတ်ကို သိမ်းလိုက်သည်။

ချပ်ဝတ်သည် လျှို့ဝှက်ချက်များကို သယ်ဆောင်ထားသည်။ ထို့ကြောင့် သူက ယူသွားပြီး သေချာလေ့လာကြည့်ရမည်။

ချီမင်ရှန်းက အံကြိတ်ထားလိုက်သည်။

ဟန်မူယဲ့က ချပ်ဝတ်ကို သိမ်းဆည်းပြီး ကျောက်စိမ်းပြားနှင့်အတူ ရှေ့တက်လာသည်။

“နေအုံး”

ရှုရွှမ်းက ပြောလိုက်သည်။

“ဟယ်ရန်စွန်း၊ ငါက မင်းကို လောင်းကြေးတိုက်ပွဲအတွက် စိန်ခေါ်မယ်”

ခန်းဆောင်ထဲတွင်ရှိသော လူများက အထင်သေးသွားကြသည်။

ရှုရွှမ်းက အဆင့်တစ်ရုပ်သေးသခင် ဖြစ်သည်။ တစ်ဖက်တွင် ဟယ်ရန်စွန်းက ပညာသင်အဆင့်သာ ရှိသေးသည်။

ဟယ်ရန်စွန်းက စွမ်းရည်ရှိကြောင်း လူတိုင်းက သိထားသော်လည်း သူက စာရင်းမသွင်းသောကြောင့် တရားဝင်ချပ်ဝတ်သခင်အဖြစ် မယူဆနိုင်ပေ။

ထိုစိန်ခေါ်မှုသည် အရှက်မရှိပေ။

“ရှုရွှမ်း၊ စည်းကမ်းတွေအရဆိုရင် ....”

လူအိုကြီးတစ်ယောက်က စကားပြောရန် ကြိုးစားလိုက်သော်လည်း ရှုရွှမ်းက အကြည့်တစ်ချက်ဖြင့် ပါးစပ်ပိတ်သွားစေသည်။

ဟယ်ရန်စွန်းက တည်ငြိမ်နေပြီး ရှုရွှမ်းကို ကြည့်သည်။

“ချပ်ဝတ်သခင်တွေရဲ့ လောင်းကြေးတိုက်ပွဲဆိုရင် သေချာပေါက် လက်ခံပေးရမှာပေါ့”

သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။

“ဒါပေမဲ့ ငါက လက်ထပ်ပွဲနဲ့ ပတ်သတ်ပြီး မလောင်းဘူး”

သူက လေးနက်သောမျက်နှာထားဖြင့် ကျန်းမိသားစုဝင်များကို ကြည့်လိုက်ပြီး ခိုင်မာစွာပြောသည်။

“ကျန်းမိသားစုနဲ့ သခင်မလေးယွီရန်ကို မလေးစားသလို ဖြစ်နေလိမ့်မယ်”

ထိုစကားကြောင့် ကျန်းမိသားစုနှင့် တခြားလူများက ပြုံးလိုက်ကြသည်။

ရှုရွှမ်း၏ မျက်နှာထားက ပြောင်းလဲသွားပြီး စကားပြောတော့မည့်အချိန်တွင် ဟယ်ရန်စွန်း၏အသံကို ထပ်ကြားလိုက်ရသည်။

“ပြီးတော့ မင်းက လက်ထပ်ပွဲနဲ့ပတ်သတ်ပြီး ငါနဲ့လောင်းကြေးထပ်ဖို့ အဆင့်မမီဘူး”

အဆင့်မမီပေ။

ထိုစကားကြောင့် ရှုရွှမ်း၏ မျက်နှာထားက မည်းမှောင်သွားသည်။

ဟယ်ရန်စွန်း၏စကားက ရိုင်းစိုင်းသည်ဟု လူတချို့က ထင်နေသော်လည်း ရှုရွှမ်၏မျက်နှာထားကို မြင်ရသောအခါတွင် ပြုံးလိုက်ကြသည်။

‘မင်းက အရမ်းမောက်မာနေတာလေ။ ခံလိုက်ပေါ့’

“ငါက မင်းရဲ့ ‌ကျောက်စိမ်းပြားအတွက် နဂါးကြေးခွံဓားမော့နှစ်လက်နဲ့ လောင်းမယ်”

ရှုရွှမ်းက အံကြိတ်ထားပြီး အော်ဟစ်လိုက်သည်။ သူက လက်မြှောက်ပြီး ဓားမော့နှစ်လက်ကို ထုတ်ပေးသည်။

ဓားမော့နှစ်လက်သည် ရွှေအလင်းဖြင့် တောက်ပနေပြီး နဂါးကြေးခွံများကို သယ်ဆောင်ထားသည်။

နဂါးနှစ်ကောင်၏ပုံရိပ်သည် ဓားမော့ပေါ်တွင် ရှိနေသည်။

“ရှုမိသားစုရဲ့ နဂါးကြေးခွံဓားမော့တွေက အဆင့်သုံးချပ်ဝတ်သခင်အတွက် ဖန်တီးထားတဲ့ ထိပ်တန်းအဆင့်ရတနာတွေပဲ”

“ရှုမိသားစုက အဲဒီလိုရတနာမျိုးတွေကို ရှုရွှမ်းဆီ ပေးလိုက်တာလား။ သူက အကြီးအကဲရှုရဲ့ တရားမဝင်သားဆိုတာ တကယ်ပဲလား”

ဓားမော့နှစ်လက်ကို မြင်ရသောအခါ ခန်းဆောင်ထဲတွင်ရှိသော လူများက ဆွေးနွေးလိုက်ကြသည်။

ရှုရွှမ်းက ထိုစကားများကို ကြားနေရသော်လည်း စိတ်အနှောင့်အယှက်မဖြစ်ဘဲ ပြုံးလိုက်သည်။

ထိုအကြောင်းကို တရားဝင်ထုတ်မပြောနိုင်သော်လည်း သူက အကြီးအကဲရှု၏ တရားမဝင်သားဖြစ်ကြောင်း လူတိုင်းသိကြသည်။

အကြီးအကဲရှုက အဆင့်ငါးရုပ်သေးသခင် ဖြစ်သည်။

ထိုအကြီးအကဲက သူ၏ ဦးလေးဖြစ်သော်လည်း အဖေအရင်း ဖြစ်နေခဲ့သည်။ သူက ထိုအကြောင်းကို လွန်ခဲ့သော ၂နှစ်တွင် သိခဲ့ရသည်။

အကြီးအကဲရှုက ရှုရွှမ်းကို အဆင့်တစ်ရုပ်သေးသခင် ဖြစ်လာစေရန်အတွက် အများအပြား ထောက်ပံ့ပေးခဲ့သည်။

နဂါးကြေးခွံဓားမော့များကိုလည်း ပေးခဲ့သည်။

ဓားမော့များကို မြင်ရသောအခါ ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက ဟယ်ရန်စွန်းကို လှည့်ကြည့်ကြသည်။

‘သူက စိန်ခေါ်ပွဲကို လက်ခံမှာလား’

“ကောင်းပြီ။ လောင်းကြေးထပ်မယ်”

ဟယ်ရန်စွန်းက ခေါင်းညိတ်သည်။

ဟန်မူယဲ့က ခပ်ဟဟရယ်ပြီး လက်ထဲတွင်ရှိသော ကျောက်စိမ်းပြားကို စားပွဲပေါ်တွင် ချထားလိုက်သည်။

ရှုရွှမ်းက အမှန်တကယ်ပင် ဉာဏ်များသည်။ သူက ဟယ်ရန်စွန်း၏ ကျောက်စိမ်းပြားနှင့် လောင်းကြေးထပ်ချင်သည်။

အကယ်၍ ထိုကျောက်စိမ်းပြားကို ဆုံးရှုံးသွားလျှင် ဟယ်မိသားစုက လက်ထပ်ပွဲအတွက် ကမ်းလှမ်းရန် ပစ္စည်းမရှိတော့ပေ။

လောင်းကြေးပြိုင်ပွဲသည် လက်ထပ်ပွဲနှင့် မသက်ဆိုင်သော်လည်း ကွဲပြားမှုမရှိပေ။

သူတို့နှစ်ယောက်က သဘောတူလိုက်သောကြောင့် ကျန်းမိသားစုဝင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး နားချရန် မကြိုးစားတော့ပေ။

ခန်းဆောင်ထဲတွင် ‌လောင်းကြေးတိုက်ပွဲအား စောင့်ကြည့်ပေးနိုင်သော ကျွမ်းကျင်သူများ ရှိနေသည်။ သူတို့က ပြိုင်ပွဲကွင်းပြင်ကို ခန်းဆောင်၏အပြင်ဘက်တွင် ပြုလုပ်ခဲ့ကြသည်။

ချက်ချင်းဆိုသလိုပင် လူတိုင်းက တိုက်ပွဲကွင်းပြင်တွင် ရှိနေသော ဟယ်ရန်စွန်းနှင့် ရှုရွှမ်းတို့ကို ဝိုင်းရံလိုက်ကြသည်။

“သခင်မလေး၊ အဲဒါက ဟယ်ရန်စွန်းပါ။ ရှုမိသားစုရဲ့ ရှုရွှမ်းက လက်ထပ်ပွဲအတွက် လောင်းကြေးထပ်ချင်ပေမဲ့ သူက ငြင်းလိုက်တယ်”

အပြာရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက်က တီးတိုးပြောနေသည်။

သူမ၏ဘေးတွင် ပန်းပွင့်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက် ရှိနေသည်။ သူမက ဆံပင်ကို ရွှေရောင်ဆံထိုးဖြင့် စည်းနှောင်ထားပြီး သိမ်မွေ့လှပသော မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်သည်။

“သခင်မလေး၊ ဘယ်သူနိုင်မယ်လို့ ထင်လဲ”

မိန်းကလေးက ပြောလိုက်ပြန်သည်။

“ရှုရွှမ်းက အကျင့်မကောင်းတဲ့လူပဲ။ ငါ ... ငါ ....”

သခင်မလေးက တစ်ခုခုမှားယွင်းနေသည်ဟု ခံစားမိပြီး နီရဲနေသောမျက်နှာထားဖြင့် စကားဆက်မပြောတော့ပေ။

အပြာရောင်ဝတ်စုံနှင့် မိန်းကလေးက လက်သီးဆုပ်ထားပြီး ပြောသည်။

“ဟုတ်တယ်။ ကျွန်မလည်း သခင်လေးဟယ်နိုင်မယ်လို့ မျှော်လင့်တယ်။ ကျွန်မက သခင်မလေးရဲ့ အစေခံပဲ။ အနာဂတ်မှာ သခင်မလေးကို ခစား‌ပေးရမယ်။ အဲဒီသခင်လေးရှုနဲ့ မအိပ်စေချင်ဘူး”

ရှေ့တွင်ရှိနေသော ကျန်းမိသားစု၏ အစိမ်းရောင်ဝတ်စုံနှင့် အစေခံတစ်ယောက်က နောက်လှည့်ကြည့်သည်။

“နင်က ဘာကြည့်တာလဲ”

အပြာရောင်ဝတ်စုံနှင့် မိန်းကလေးက စိုက်ကြည့်လိုက်သည်။

“ဘုန်း”

ရုပ်သေးရုပ်သည် တိုက်ပွဲကွင်းပြင်တွင် ဆင်းသက်လာပြီး လူတိုင်း၏ စိတ်အာရုံကို ဖမ်းယူလိုက်သည်။

ကိုးပေမြင့်မားသော ကြေးဝါရောင်ရုပ်သေးရုပ် ဖြစ်သည်။ ထိုရုပ်သေးရုပ်၏ ခြေလက်များက အလွန်ကြံ့ခိုင်ပြီး ကျောက်တုံးများကို ချေမွနိုင်သည်ဟု ထင်ရသည်။

ရုပ်သေးရုပ်က ရွှေရောင်မျက်လုံးများဖြင့် ရှေ့တွင်ရပ်နေသော ဟယ်ရန်စွန်းကို ကြည့်လိုက်သည်။

ရုပ်သေးရုပ်၏နောက်တွင်ရှိသော ရှုရွှမ်းက ခပ်အုပ်အုပ်အော်ဟစ်သည်။ သူက ဟယ်ရန်စွန်းကို အခွင့်အရေးမပေးဘဲ လက်ဦးမှုရယူ၍ တိုက်ခိုက်ခဲ့သည်။

ရုပ်သေးရုပ်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လက်သီးချက်ဖြင့် ထိုးချသည်။

“ကောင်းတယ်။ ပြတ်သားတယ်”

“မဆိုးဘူးပဲ။ ရှုရွှမ်းက ရုပ်သေးရုပ်ကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်တယ်”

“သူက အကြီးအကဲရှုကိုယ်တိုင် ပျိုးထောင်ပေးထားတဲ့ အမွေခံတစ်ယောက်ပဲလေ။ သူက ထူးခြားတာပေါ့”

ကျွမ်းကျင်သူများက တိုက်ခိုက်မှုကိုကြည့်၍ အကဲဖြတ်နိုင်သည်။

ရုပ်သေးရုပ်၏ လက်သီးချက်သည် လေထုကို ထိုးခွဲသွားသည်။ အဆင့်တစ်ရုပ်သေးသခင်များကြားတွင် ထိပ်တန်းအဆင့် ဖြစ်သည်။ ဟယ်ရန်စွန်းက နေရာတွင် ရပ်နေသောကြောင့် ရှုရွှမ်းက ပြုံးလိုက်သည်။

‘သူက ကြောက်သွားတာနေမယ်’

‘သူက မြို့သေးသေးလေးကနေ ရောက်လာတာဆိုတော့ ဒီလိုတိုက်ခိုက်မှုမျိုးကို မမြင်ဖူးလောက်ဘူး’

‘ဘုရားမြို့မှာ ဘယ်လိုကျွမ်းကျင်သူတွေ ရှိမှာမလို့လဲ’

ဘုရားမြို့၏ လောင်းကြေးတိုက်ပွဲများသည် ဆော့ကစားနေခြင်းသာ ဖြစ်သည်။ အစစ်အမှန်ကျွမ်းကျင်သူများသည် မေပယ်တောအုပ်မြို့တွင် ရှိကြသည်။

“ဘုန်း”

ဟယ်ရန်စွန်းက လက်မြှောက်ပြီး ရုပ်သေးရုပ်၏လက်သီးချက်ကို တားဆီးရန် ကြိုးစားသည်။

ရုပ်သေးရုပ်၏ လက်သီးက သူ့လက်မောင်းနှင့် ထိတွေ့သွားပြီး လှိုင်းတွန့်များကို ဖြစ်ပေါ်စေသည်။

ဟယ်ရန်စွန်းက ချပ်ဝတ်၏စွမ်းအားကို အသုံးပြုပြီး ခုခံမှုကို အသက်သွင်းခဲ့သည်။

သူက ချပ်ဝတ်တစ်ခုလုံးကို အသက်သွင်းရန် မလိုအပ်ပေ။ ချပ်ဝတ်၏ စွမ်းအားကို ငှားယူရန်သာ လိုအပ်သည်။

All Chapters