← Chapters

အခန်း (၁၂၀၉)

Vol. 87 Ch. 1209

အခန်း (၁၂၀၉)

Vol. 87 Ch. 1209

“ဝီ”

ရွှေရောင်မီးတောက်သည် အစိတ်အပိုင်းများအားလုံးကို လွှမ်းခြုံလိုက်သည်။

ဟန်မူယဲ့၏ လက်ချောင်းများက လျင်မြန်စွာ ရွေံလျားနေသည်။

ဝိညာဉ်အင်းကွက်များသည် အစိတ်အပိုင်းများတွင် ပေါ်ထွက်လာသည်။

ဆယ့်ငါးမိနစ်အကြာတွင် အစိတ်အပိုင်းများအားလုံးက တောက်ပနေခဲ့သည်။

“အဆင့်ငါးရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်လား”

“ဒီရုပ်သေးရုပ်ကို အဆင့်ငါးအထိ မြှင့်ပေးရမလား။ ဒီရုပ်သေးရုပ်က မင်းနဲ့ လိုက်ဖက်တယ်။ အဆင့်ငါးကို ရောက်သွားရင်လည်း ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်လိမ့်မယ်”

စိတ်လှုပ်ရှားစွာဖြင့် ထပ်ကာတဲလဲခေါင်းညိတ်နေသော ကျန်းချန်ခုံးကို ကြည့်လိုက်ပြီး ဟန်မူယဲ့က လက်နှစ်ချောင်းထောင်ပြသည်။

“မူလဒင်္ဂါးနှစ်သောင်း”

“ရတယ်”

ကျန်းချန်ခုံးက တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်သည်။

ဟန်မူယဲ့က လက်မြှောက်သည်။ ရုပ်သေးရုပ်၏ အစိတ်အပိုင်းများအားလုံးက လေထုထဲတွင် လွင့်မျောနေသည်။ အစိမ်းရောင်အင်မော်တယ်အလင်းက သူတို့ကို လွှမ်းခြုံထားသည်။ ဟန်မူယဲ့က ရွှေရောင်မီးတောက်ကို ထုတ်လွှတ်ပြီး ဝိညာဉ်သတ္တုများကို အရည်ဖျော်၍ အစိတ်အပိုင်းများနှင့် ပေါင်းစပ်လိုက်သည်။

ဤတစ်ကြိမ်တွင် ပိုမိုလျင်မြန်လာသည်။

မီးတောက်နှင့် အစိမ်းရောင်အလင်း ပျောက်ကွယ်သွားသောအခါ အစိတ်အပိုင်းများက ပုံရိပ်ယောင်ဆန်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

“မင်းက ခွန်အားကို ဦးစားပေးတယ်။ ရုပ်သေးရုပ်ကလည်း ခွန်အားကို အဓိကထားပြီး အမြန်နှုန်း လိုအပ်နေတယ်။ ငါက လေဝိညာဉ်စွမ်းအားနဲ့ အမြန်နှုန်းပေါင်းထည့်ပေးလိုက်တယ်။ ငြင်းစရာရှိလား”

ဟန်မူယဲ့က ကျန်းချန်ခုံးကို ကြည့်သည်။

ကျန်းချန်ခုံးက ရှက်သွားပြီး ခေါင်းခါသည်။

ဟန်မူယဲ့က လည်ချောင်းရှင်းလိုက်ပြီး ရှေ့တွင်ရှိသော ရုပ်သေးရုပ်ကို ကြည့်သည်။

“အဲဒါဆိုရင် ငါက ရုပ်သေးရုပ်ကို ပြန်တပ်လိုက်တော့မယ်။ အမြန်နှုန်းက ၁၀%တိုးလာလိမ့်မယ်”

“အမှန်အတိုင်းပြောရရင် ဒီရုပ်သေးရုပ်မှာ မန္တန်တွေ အများကြီးမရှိဘူး။ ငါက မန္တန်သုံးခုကို ပေါင်းထည့်ပေးနိုင်တယ်”

“ပြီးတော့ ရုပ်သေးရုပ်ရဲ့ ဘယ်ဘက်လက်မောင်းက အားနည်းနေတယ်။ ကောင်းကင်မိုးကြိုးဝင်္ကပါနဲ့ နည်းနည်းလောက် ခွန်အားပေါင်းထည့်ချင်လား”

လေးနာရီအကြာတွင် ကျန်းချန်ခုံးက ကြောင်အနေသော မျက်နှာထားဖြင့် လက်ထဲတွင် သံမဏိသေတ္တာတစ်လုံးကို ကိုင်ထားပြီး တည်းခိုဆောင်မှ ထွက်လာခဲ့သည်။

“ညီအစ်ကိုကျန်း၊ ငွေကြေးက လူသားတွေရဲ့ ပိုင်ဆိုင်မှုတစ်ခုပါပဲ။ ပိုက်ဆံမရှိဘူးဆိုရင် ပြန်ရှာလို့ရတယ်။ ဒါပေမဲ့ ရုပ်သေးရုပ်က မင်းရဲ့ အခြေခံအုတ်မြစ်မဟုတ်လား”

ကျန်းချန်ခုံးကို လိုက်ပို့နေသော ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်သည်။

ကျန်းချန်ခုံးက ငေးမောနေပြီး ခေါင်းညိတ်သည်။ ထို့နောက် လှည်းပေါ်သို့ တက်သွားသည်။

“အဲဒီတော့ မူလဒင်္ဂါး ၁၁၀,၀၀၀ အကြွေးတင်နေပြီနော်။ မနက်ဖြန်ကစပြီး အတိုးတွက်လိုက်မယ်”

ကျန်းချန်ခုံးက ကျန်းမိသားစုသို့ ရောက်လာသည်အထိ ငေးမောနေသည်။

“ညီိသုံး၊ ဘာဖြစ်လာတာလဲ”

“သုံးရက်ကြာရင်ကျင်းပမယ့် လောင်းကြေးတိုက်ပွဲအတွက် စိတ်ပူနေတာလား”

“မစိုးရိမ်ပါနဲ့။ မင်းရှုံးသွားရင်တောင် ဟယ်ရန်စွန်းက ကျန်းမိသားစုကို ကိုယ်စားပြုပြီး တိုက်ခိုက်ပေးလိမ့်မယ်။ ငါတို့က နိုင်မှာပဲ”

“ဟယ်ရန်စွန်းကို စစ်ဆေးပြီးပြီ။ အဆင့်တစ်မှာ သူက ပြိုင်ဘက်ကင်းတယ်”

ကျန်းမိသားစု၏ခေါင်းဆောင် ကျန်းချန်ထျန်းက ခံစားချက်ကောင်းနေသည်။ သူက ကျန်းချန်ခုံးကို ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။

ကျန်းချန်ခုံးက ကျန်းချန်ထျန်းကို ကြည့်လိုက်သည်။

“အစ်ကိုကြီး၊ ကျွန်တော်တို့ တိုက်ကြည့်ကြမလား”

‘တိုက်ကြည့်ချင်တာလား’

ကျန်းချန်ထျန်းက အနည်းငယ် အံ့အားသင့်သွားသည်။

သူက အဆင့်ငါးရုပ်သေးသခင် ဖြစ်သည်။ သူက အလွန်သန်မာပြီး ကျန်းချန်ခုံးကို လွှမ်းမိုးထားနိုင်သည်။

အဆင့်လေးနှင့် အဆင့်ငါးသည် အလွန်ကွာခြားသည်။

“ကောင်းပြီ။ တိုက်ကြည့်ကြတာပေါ့”

ယခင်ရက်များတွင် ကျန်းချန်ခုံးက လောင်းကြေးတိုက်ပွဲနှင့် ပတ်သတ်ပြီး ယုံကြည်ချက်ကင်းမဲ့နေသောကြောင့် ကျန်းချန်ထျန်းက သဘောတူလိုက်ပြီး တိုက်ပွဲကွင်းပြင်ဆီသို့ လျှောက်သွားသည်။

ယခု တိုက်ပွဲကွင်းပြင်တွင် မည်သူမှမရှိပေ။

ကျန်းချန်ထျန်းက တစ်ဖက်သို့လှည့်ပြီး ပြောလိုက်သည်။

“ငါက ခွန်အားကိုဖိနှိပ်ပြီး အဆင့်လေးရုပ်သေးသခင်စွမ်းအားနဲ့ တိုက်ခိုက်မဘ်။ မစိုးရိမ် ....”

သူ့စကားမဆုံးခင် အစိမ်းပုပ်ရောင်ရုပ်သေးရုပ်သည် သူ့ဆီသို့ ပြေးဝင်လာသည်။

ထိုရုပ်သေးရုပ်က အလွန်လျင်မြန်သောကြောင့် သူက ကိုယ်ပိုင်ရုပ်သေးကို လျင်မြန်စွာ ဆင့်ခေါ်ပြီး နောက်ဆုတ်လိုက်ရသည်။

“ဘန်း”

ပြေးဝင်လာသော ရုပ်သေးရုပ်ကို တားဆီးလိုက်သည့် သူ၏ ရုပ်သေးရုပ်က ပေတစ်ရာအကွာအထိ လွင့်ထွက်သွားသည်။

“ဒါကဘာလဲ”

ကျန်းချန်ထျန်းက အံ့အားသင့်သွားပြီး နောက်ထပ် ရုပ်သေးရုပ်ကို ဆင့်ခေါ်သည်။

ရုပ်သေးရုပ်နှစ်ရုပ် ဖြစ်သည်။

ရုပ်သေးသခင်များတွင် ရုပ်သေးတစ်ရုပ်သာ ရှိရမည်ဟု မသတ်မှတ်ထားပေ။

ကျန်းချန်ထျန်းက ရှေ့နှင့်နောက်တွင် ရုပ်သေးနှစ်ရုပ်ကို ထိန်းချုပ်ထားသည်။

တစ်ရုပ်က အနက်ရောင်ဖြစ်ပြီး လှံကိုင်ထားသည်။ ထို့အပြင် အေးစက်သောအငွေ့အသက်ကို ထုတ်လွှတ်ပြီး မျက်နှာဖုံးတွင် ထူးခြားသောအင်းကွက်တစ်ခု ရှိနေသည်။

နောက်တစ်ခုက အစိမ်းရောင်ဖြစ်ပြီး ကျောက်စိမ်းဓားကို ကိုင်ထားသည်။ ထိုရုပ်သေး၏ပုံစံက ဖြူဖျော့နေပြီး မန္တန်ရွတ်သံတချို့ကို ကြားရသည်။

“ဘုန်း”

ရှေ့တွင် ရှစ်ပေမြင့်မားသော ရုပ်သေးရုပ်က ရှေ့တိုးလာခဲ့သည်။

အစိမ်းပုပ်ရောင်ချပ်ဝတ်နှင့် ရုပ်သေးရုပ်သည် ဓားမော့ဖြင့် ခုတ်ပိုင်းလိုက်ပြီး လှံကိုင်ထားသော ရုပ်သေးရုပ်ကို နောက်ဆုတ်သွားစေသည်။

“ညီသုံး၊ မင်းရဲ့ ရုပ်သေးရုပ်က ဘယ်လိုလုပ်ပြီး အားကောင်းလာတာလဲ”

“မင်းက အဆင့်ငါးရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်တာလား”

“မင်းရဲ့ ရုပ်သေးရုပ်က ငါ့ရဲ့ ရုပ်သေးရုပ်ကို ဘာဖြစ်လို့ ဖိနှိပ်နိုင်တာလဲ”

“မင်းက တကယ်ကြီးတိုက်နေတာလား”

အပြင်လူများက ထိုတိုက်ပွဲကို မသိလိုက်ကြပေ။

တည်းခိုဆောင်တွင် ဟယ်ရန်စွန်းက ဟန်မူယဲ့ဆီသို့ ရောက်လာသည်။

“ဆရာဟန်၊ ကျန်းမိသားစုက ကျွန်တော့်ကို လောင်းကြေးတိုက်ပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်”

သုံးရက်အကြာတွင် ကျန်းမိသားစုက ယုယန်မြို့၏ ချောင်မိသားစုနှင့် ယှဉ်ပြိုင်လိမ့်မည်။

မိသားစုလောင်းကြေးပြိုင်ပွဲဖြစ်ပြီး သုံးပွဲတိုက်ခိုက်ရမည်။

တစ်ပွဲသည် မျိုးဆက်သစ်များအတွက် ဖြစ်ပြီး တခြားတစ်ပွဲသည် မိသားစုထဲမှ ကျွမ်းကျင်သူများအတွက် ဖြစ်သည်။ နောက်ဆုံးပွဲကတော့ မိသားစုနှစ်ခု၏ အသန်မာဆုံးလူနှစ်ယောက်ဖြစ်သော ကျန်းမိသားစု၏ ပထမအကြီးအကဲ ကျန်းရှန်နှင့် ချောင်မိသားစု၏ ခေါင်းဆောင် ချောင်ထျဲတို့အတွက် ဖြစ်သည်။

ချောင်ထျဲကလည်း အဆင့်ခြောက်ရုပ်သေးသခင် ဖြစ်သည်။

သူတို့က တောရိုင်းမြေတွင်ရှိသော မိုင်းတွင်းအတွက် ယှဉ်ပြိုင်ကြလိမ့်မည်။

ထိုမိုင်းတွင်းက အလွန်ကြီးမားပြီး မိသားစုနှစ်ခုလုံးက အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့ကြသည်။

ဤတစ်ကြိမ်တွင် သူတို့က လောင်းကြေးတိုက်ပွဲဖြင့် ပိုင်ဆိုင်မှုကို သတ်မှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ကျွမ်းကျင်သူတစ်ဦးက ပြိုင်ပွဲကို စောင့်ကြပ်ပေးလိမ့်မည်။

သုံးပွဲတွင် နှစ်ပွဲ အနိုင်ရလျှင် မိုင်းတွင်းကို ပိုင်ဆိုင်နိုင်မည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။ ဟယ်ရန်စွန်း ထွက်သွားသောအခါ သူက ချပ်ဝတ်တစ်ခုကို ထုတ်ယူလိုက်သည်။

မီးတောက်ချပ်ဝတ် ဖြစ်သည်။

ထိုချပ်ဝတ်သည် ဝင်္ကပါဖွဲ့စည်းနိုင်သော ချပ်ဝတ်အမျိုးအစား ဖြစ်သည်။

“ဒီချပ်ဝတ်က ကောင်းကင်အဆင့်ချပ်ဝတ်နဲ့ ဆင်တူတယ်လို့ ခံစားနေရတယ်”

ရွှေရောင်ငှက်က ဟန်မူယဲ့၏ ပခုံးပေါ်သို့ ရောက်လာပြီး တီးတိုးပြောလိုက်သည်။

“ဟုတ်တယ်။ ဒီချပ်ဝတ်က ရှေးခေတ်ကနေ ဆင်းသက်လာတာပဲ”

“ငါက ဒီချပ်ဝတ်နဲ့ ဆင်တူတဲ့ ဝင်္ကပါတွေကို မြင်ဖူးတယ်”

ခေးအော့က ညင်သာစွာ ပြောသည်။

ဟန်မူယဲ့က မျက်လုံးများ တောက်ပနေပြီး ချပ်ဝတ်ပေါ်တွင် လက်တင်လိုက်သည်။

“ကမ္ဘာဦးရုပ်သေးရုပ်ရဲ့ လက်မောင်းက ဘယ်မှာရှိနေတာလဲ သိချင်တယ် ....”

ထိုချပ်ဝတ်သည် ယုထောင်မြို့မှ ရောက်လာသည်။

ယုထောင်မြို့သည် အဆင့်ကိုးကျွမ်းကျင်သူ ရှိနေသော အဆင့်ကိုးမြို့တစ်မြို့ ဖြစ်ခဲ့သည်။

ယုထောင်မြို့က ကမ္ဘာဦးရုပ်သေးရုပ်ကြောင့် ပျက်စီးသွားခဲ့သည်။

ကောင်းကင်အဆင့် ချပ်ဝတ်သခင် ဆယ့်ရှစ်ယောက်က ကမ္ဘာဦးရုပ်သေးရုပ်နှင့် တိုက်ခိုက်ခဲ့ကြသည်။

ယုထောင်မြို့တွင် မီးတောက်စစ်သည်တစ်သိန်းနှင့် သူတော်စင်အဆင့် ချပ်ဝတ်သခင် ၁၈ယောက် ရှိနေသော်လည်း သူတို့အားလုံး သေဆုံးသွားပြီး ကမ္ဘာဦးရုပ်သေးရုပ်၏ လက်မောင်းတစ်ဖက်ကိုသာ ဖြတ်တောက်နိုင်ခဲ့သည်။

ဟန်မူယဲ့က စိတ်ထဲတွင်ရှိသော မြင်ကွင်းများကို ထပ်ကာတလဲလဲ ကြည့်နေသည်။

“လှံ”

သူက တီးတိုးရေရွတ်သည်။

ကမ္ဘာဦးရုပ်သေးရုပ်က လက်တစ်ဖက်ပြတ်သွားသော်လည်း ယုထောင်မြို့၏ စစ်တပ်နှင့် ချပ်ဝတ်သခင် ၁၈ယောက်ကို သတ်ဖြတ်ခဲ့သောကြောင့် လက်ပြတ်ကို ပြန်မယူဘဲ ထွက်သွားမည်မဟုတ်ပေ။

ရုပ်သေးရုပ်က ခြိမ်းခြောက်မှုကို အာရုံခံနိုင်ခဲ့သည်။

ထိုရုပ်သေးရုပ်က မီးသွေးကြောတွင် သန့်စင်ထားသော လှံရှည်ကို ရယူရန် ယုထောင်မြို့သို့ ရောက်လာခဲ့သည်။

“လှံကို သန့်စင်ထားတဲ့လူ ဒါမှမဟုတ်ရင် လှံပိုင်ရှင်ပဲ”

ဟန်မူယဲ့၏ စိတ်ထဲတွင်ရှိသော မြင်ကွင်းက ကောင်းကင်တွင် ရပ်တန့်သွားသည်။

ပုံရိပ်တစ်ခုသည် ကောင်းကင်ထက်တွင် ရှိနေသည်။

လက်တစ်ဖက်ပြတ်သွားသော ကမ္ဘာဦးရုပ်သေးရုပ် ဖြစ်သည်။ သူက ယုထောင်မြို့ကို လှည့်ကြည့်လိုက်ပြီး ထွက်သွားသည်။

ကောင်းကင်၏ အရောင်အသွေးက ပြောင်းလဲသွားသည်။ ဝင်္ကပါအလင်းသည် ယုထောင်မြို့ကို လွှမ်းခြုံလိုက်ပြီး လေဟာနယ်ထဲသို့ ရွှေ့ပြောင်းသွားသည်။

မြို့၏ အသက်ရှင်နေသော လူများအားလုံးက နှစ်တစ်ရာအတွင်း သေဆုံးသွားကြသည်။

ယုထောင်မြို့က ပြန်ပေါ်လာသောအခါ မြို့ပျက်တစ်ခု ဖြစ်နေသည်။

တိုက်ပွဲတွင် ယုထောင်မြို့မှ ထွက်ပြေးသွားသော လူများက ပြန်ရောက်လာကြသည်။

သူတို့က မိသားစုကြီးများ၏ ရတနာများကို ရှာဖွေခဲ့သည်။

မီးတောက်ချပ်ဝတ်ကိုလည်း ယူလာခဲ့သည်။

ဟန်မူယဲ့က လက်ဝါးဖြန့်လိုက်သည်။ ရွှေရောင်ချပ်ဝတ်အပိုင်းအစသည် သူ့လက်ထဲတွင် ရှိနေသည်။

ဟယ်သခင်မ လက်ဆောင်ပေးခဲ့သော ကမ္ဘာဦးရုပ်သေးရုပ်၏ ချပ်ဝတ်အပိုင်းအစ ဖြစ်သည်။

ကမ္ဘာဦးရုပ်သေးရုပ်ကို ဖန်တီးရန် အသုံးပြုထားသော သတ္တုအနည်းငယ်ကပင် ရှားပါးသော ရတနာတစ်မျိုး ဖြစ်သည်။

အဆင့်ကိုးချပ်ဝတ်သည် ကမ္ဘာဦးအဆင့်ရုပ်သေးရုပ်၏ အပိုင်းအစနှင့် မယှဉ်နိုင်ပေ။

အဆင့်မြင့်ချပ်ဝတ်နှင့် ရုပ်သေးရုပ်များ၏ တန်ဖိုးသည် မတူညီသော အဆင့်တစ်ခုတွင် ရှိနေသည်။

ရတနာအမျိုးမျိုးသည် လောကတွင် ရှိနေသော်လည်း ကမ္ဘာဦးအဆင့်က အလွန်ရှားပါးသည်။

လက်ရှိအချိန်တွင် ကမ္ဘာဦးအဆင့်သည် နတ်ဘုရားအဆင့်ဖြစ်ပြီး ဤလောကတွင် အဆင့်အမြင့်ဆုံး ဖြစ်သည်။

စကြဝဠာအဆင့်ကတော့ ဒဏ္ဍာရီထဲတွင် ကျန်ရစ်ခဲ့သည်။

ရုပ်သေးရုပ်၏ အပိုင်းအစထဲတွင်ရှိသော မှတ်ဉာဏ်များသည် များသောအားဖြင့် ပန်းပဲလုပ်ငန်းစဉ်သာ ဖြစ်ပြီး တိုက်ပွဲအကြောင်း အနည်းငယ်သာ ပါဝင်သည်။

ထိုအရာက အပိုင်းအစတစ်ခုသာ ဖြစ်ပြီး များပြားသောမှတ်ဉာဏ်များကို ထိန်းသိမ်းမထားနိုင်ပေ။

နှိုင်းယှဉ်ကြည့်လိုက်လျှင် ချီမင်ရှန်းဆီမှ ရရှိလာသော မီးတောက်ချပ်ဝတ်၏ မှတ်ဉာဏ်များသည် ပိုမိုပြည့်စုံသည်။

“တကယ်လို့ ကမ္ဘာဦးချပ်ဝတ်ရဲ့လက်မောင်းကို နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က သန့်စင်နိုင်ရင် ခွန်အားတိုးလာလိမ့်မယ်”

ခေးအော့၏ ပုတီးစေ့က ဟန်မူယဲ့၏ ပခုံးပေါ်သို့ ရောက်လာပြီး တီးတိုးပြောသည်။

“ဟုတ်တယ်။ ဟုတ်တယ်။ မူလကမ္ဘာတိုက်ပွဲမှာ ကြယ်စင်စုစကြဝဠာရဲ့ ချပ်ဝတ်နဲ့ ရုပ်သေးရုပ်တွေကို အဲဒီနည်းလမ်းအတိုင်း ပြုပြင်ခဲ့ကြတယ်”

“သူတို့က စစ်မြေပြင်မှာ အထောက်အပံ့တွေ မလိုအပ်ဘူး”

ရွှေရောင်ငှက်ကလည်း ပြောလိုက်သည်။

ချပ်ဝတ်နှင့် ရုပ်သေးရုပ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေလျှင် ပေါင်းစပ်နိုင်သည်။

ထို့ကြောင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်အများအပြားသည် နေရာတချို့တွင် အလွန်အားကောင်းပြီး တခြားနေရာများတွင် သာမန်ဖြစ်နေတတ်သည်။

ဟန်ချက်ညီသော ရုပ်သေးရုပ်နှင့် ချပ်ဝတ်များက အနည်းငယ်သာ ရှိသည်။

အစစ်အမှန်ကျွမ်းကျင်သူကသာ ကိုယ်ပိုင်ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကို ဆက်တိုက် အဆင့်မြှင့်နိုင်သည်။

“အရင်တုန်းက ဝူကျစ်ချီရဲ့ဝိညာဉ်ကို ရုပ်သေးရုပ်ထဲမှာထည့်ပြီး နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို သန့်စင်ခဲ့တယ်။ အဲဒါက ကြယ်စင်စုစကြဝဌာရဲ့ အမွေအနှစ်နည်းလမ်း မဟုတ်လား”

ရွှေရောင်ငှက်က ခေါင်းညိတ်လိုက်ပြီး တောင်ပံခတ်သည်။

All Chapters