← Chapters

အခန်း (၁၂၁၁)

Vol. 87 Ch. 1211

အခန်း (၁၂၁၁)

Vol. 87 Ch. 1211

ရုပ်သေးသခင်ဖြစ်စေ၊ ချပ်ဝတ်သခင်ဖြစ်စေ တိုက်ခိုက်နိုင်စွမ်းကောင်းလျှင် အရေးသာသော်လည်း ခုခံနိုင်စွမ်းကောင်းသော လူများက ရှားပါးသည်။

ခုခံနိုင်စွမ်း ကောင်းမွန်လျှင် အချိန်ကြာမြင့်စွာ ရှင်သန်နိုင်လိမ့်မည်။

ကျင့်ကြံခြင်းလောကတွင် တိုက်ပွဲများသည် လောင်းကစားပြုလုပ်ခြင်းနှင့် ဆင်တူသည်။

တိုက်ခိုက်နိုင်စွမ်းသာ ကောင်းမွန်ပြီး ခုခံနိုင်စွမ်း မလုံလောက်လျှင် သေဆုံးရလိမ့်မည်။

“ဝီ”

ချောင်ကျွင်းက ဓားမော့ကို ပြန်ယူလိုက်သည်။ သို့သော် ဟယ်ရန်စွန်း၏ ဓားမော့နှင့် ပူးကပ်နေသောကြောင့် ပြန်မယူနိုင်ခဲ့ပေ။

သူက ထိတ်လန့်သွားပြီး ချက်ချင်းဆိုသလိုပင် ဓားမော့ကိုင်မထားသော ဘယ်ဘက်လက်ဖြင့် ရိုက်ချသည်။

အစိမ်းရောင်အလင်းသည် ပေါက်ကွဲထွက်လာပြီး ဟယ်ရန်စွန်းကို ဝါးမြိုမည့် ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ဟယ်ရန်စွန်းက ထိုသို့ အလွန်နီးကပ်သော တိုက်ခိုက်မှုကို မကာကွယ်နိုင်လောက်ပေ။

ပတ်ဝန်းကျင်တွင်ရှိသော လူများက ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။

ဟန်မူယဲ့၏ မျက်နှာထားကသာ တည်ငြိမ်နေသည်။

ဟယ်ရန်စွန်းက ချပ်ဝတ်ဖြစ်စေ၊ ရုပ်သေးရုပ်ဖြစ်စေ ဓားမော့နှစ်လက်ကို အသုံးပြုသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က လေ့ကျင့်ပေးခဲ့သောအချိန်တွင်လည်း ဓားမော့နှစ်လက်ကိုသာ အသုံးပြုသည်။

“ခလွမ်”

ဟယ်ရန်စွန်းက နောက်ထပ် ဓားမော့တစ်လက်ကို ထုတ်သုံးသည်။

ထိုဓားမော့က ဟယ်ကျွင်း၏ ချပ်ဝတ်ဖြင့် လွှမ်းခြုံထားသော လက်ဝါးချက်ကို ခုတ်ချသည်။

ဟယ်ကျွင်းက တစ်ကိုယ်လုံး တုန်ခါသွားပြီး နောက်ဆုတ်ပေးလိုက်ရသည်။

သူ၏ ဓားမော့ကို ဟယ်ရန်စွန်းက ယူသွားသည်။

ဟယ်ကျွင်းက အံကြိတ်ထားသည်။ ဟယ်ရန်စွန်းက သူ၏ဓားမော့ကို ဘေးသို့ ပစ်ချလိုက်သောကြောင့် ချပ်ဝတ်၏နောက်တွင် ရှိနေသော သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာသည်။

“ဟူး”

သူက ဟိန်းဟောက်လိုက်ပြီး ခုန်ထွက်၍ ဟယ်ရန်စွန်း၏ရင်ဘတ်ကို လက်သီးဖြင့် ထိုးချသည်။

ချပ်ဝတ်သခင်တစ်ယောက်သည် လက်နက်ကို အမြဲတမ်းအသုံးပြုနေရန် မလိုအပ်ပေ။

သူ၏ ချပ်ဝတ်နှင့် ခြေလက်များသည် အကောင်းဆုံးလက်နက် ဖြစ်သည်။

သို့သော် လက်သီးချက် ရောက်မလာခင် ဟယ်ရန်စွန်းက လှုပ်ရှားသည်။ ဓားမော့နှစ်လက် ကိုင်ထားသော သူ၏ ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

အမြန်နှုန်း ....

ဟယ်ရန်စွန်းက ကိုယ်ပိုင်ချပ်ဝတ်ကို ကောင်းမွန်စွာ နားလည်ပြီး ရန်သူကို ဖိအားပေးနိုင်သည်။

သူက ပြိုင်ဘက်ကင်းသော အမြန်နှုန်းကို အသုံးပြုခဲ့သည်။

သူ့ပုံရိပ် ပျောက်ကွယ်သွားသောအခါ ပတ်ဝန်းကျင်တွင် မှုန်ဝါးနေသော ငွေရောင်ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ထိုပုံရိပ်က အလွန်သွက်လက်ပြီး အလင်းစီးကြောင်းနှစ်ခုကို သယ်ဆောင်ထားသည်။

အလင်းစီးကြောင်းနှစ်ခုသည် ဓားမော့နှစ်လက် ဖြစ်သည်။

“အရမ်းမြန်တာပဲ”

ချောင်မိသားစု၏ လူတစ်ယောက်က ထိတ်လန့်စွာ ပြောလိုက်သည်။

“ဒီကလေးက ဘာဖြစ်လို့ ချပ်ဝတ်သခင်အဖြစ် စာရင်းမသွင်းသေးတာလဲ”

လူတစ်ယောက်က မည်းမှောင်နေသော မျက်နှာထားဖြင့် ကြမ်းတမ်းစွာ ပြောသည်။

ကျန်းမိသားစုဝင်များက ပြုံးလိုက်ကြသည်။

ကျန်းယွီရန်က အပြုံးတစ်ခုနှင့်အတူ ခါးမတ်ထားပြီး တိုက်ပွဲကို အာရုံစိုက်နေသည်။

သို့သော် ဟယ်ရန်စွန်းက အလွန်လျင်မြန်သောကြောင့် အဆင့်သုံးနှင့်အထက် ကျွမ်းကျင်သူများကသာ မြင်နိုင်သည်။

“ခလွမ်”

ဓားမော့သည် ချောင်ကျွင်း၏လက်သီးချက်နှင့် ထိတွေ့သွားသည်။

သို့သော် ရှပ်ထိရုံသာ ဖြစ်သည်။

ဓားမော့သည် ချောင်ကျွင်းထင်ထားသကဲ့သို့ ပြင်းထန်သောခွန်အားကို သယ်ဆောင်မထားပေ။

အသာအယာ ထိတွေ့လိုက်ခြင်း ဖြစ်သည်။

“ခလွမ်”

ဒုတိယဓားမော့သည် ချောင်ကျွင်း၏ရင်ဘတ်နှင့် ထိတွေ့သွားသည်။

သို့သော် အဖြူရောင်အမှတ်တစ်ခုကိုသာ ချန်ထားနိုင်သည်။

ဓားမော့က အလွန်အားနည်းသည်။

“ဟားဟား”

ချောင်ကျွင်းက ကျယ်လောင်စွာ ရယ်လိုက်ပြီး လက်သီးချက်များကို ဖော်ထုတ်သည်။

သူက ထိအောင် မထိုးနိုင်ပေ။

သို့သော် သူက မကြောက်တော့ပေ။

ပြိုင်ဘက်က အမြန်နှုန်းအတွက် ခွန်အားကို စွန့်ပစ်ခဲ့သည်။

တစ်ဖက်လူက သေးငယ်သောမိသားစုလေးမှ ရောက်လာသည့်အတွက် ခွန်အားမရှိလျှင် အမြန်နှုန်းက အသုံးမဝင်ကြောင်း သတိမထားမိပေ။

စောင့်ကြည့်နေသော လူများကလည်း မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောနေကြသည်။

သို့သော် ဟယ်ရန်စွန်းက အလွန်လျင်မြန်ပြီး သူ၏ ဓားမော့အလင်းများသည် ချောင်ကျွင်းကို လွှမ်းခြုံထားကြောင်း မည်သူမှ သတိမထားမိကြပေ။

ဓားမော့အလင်းများသည် လည်ပတ်နေပြီး ချက်ချင်းဆိုသလိုပင် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။

“ဘန်း”

တုန်ခါသံ ပေါ်ထွက်လာသည်။

ချောင်ကျွင်းက ထိတ်လန့်မှုကြောင့် မျက်လုံးပြူးသွားသည်။

သူ၏ ချပ်ဝတ်က ရာချီသော အစိတ်အပိုင်းများအဖြစ် ချက်ချင်း ပြိုကွဲသွားသည်။

ဟယ်ရန်စွန်းက အမြန်နှုန်းကို အသုံးပြု၍ ဓားအလင်းများကို ဖော်ထုတ်ပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်သည်။ ထို့နောက် ချပ်ဝတ်ကို ပြိုကွဲသွားစေသည်။

ဓားမော့သည် ချောင်ကျွင်း၏လည်ပင်းပေါ်တွင် ရှိနေသည်။ ချောင်ကျွင်းက ကြောင်အနေပြီး ခြေထောက်များ တုန်ခါသွားသည်။

“ငါအရှုံးပေးတယ်”

ဟယ်ရန်စွန်းက ဓားမော့ကို ပြန်သိမ်းလိုက်ပြီး နောက်ဆုတ်သွားသည်။

“ကောင်းတယ်”

“ကောင်းတယ်”

ချောင်မိသားစုခေါင်းဆောင် ချောင်ထျဲက ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

“ဘုရားမြို့ရဲ့ ဟယ်မိသားစုက ဟယ်ရန်စွန်း။ မင်းက ယုယန်မြို့ကိုရောက်လာရင် ငါတို့ချောင်မိသားစုကို အလည်လာလို့ ရတယ်”

ဟယ်ရန်စွန်းက အားကောင်းပြီး ချောင်ကျွင်းကိုလည်း မထိခိုက်စေခဲ့ပေ။

သူ၏ ကျွမ်းကျင်မှုနှင့် စိတ်သဘောထားက အလွန်ကောင်းမွန်သည်။

ထိုလူငယ်က အနာဂတ်တွင် စိတ်ကူးမယဉ်နိုင်သော အောင်မြင်မှုကို ရလိမ့်မည်။

ဟယ်ရန်စွန်းက ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။ ထို့နောက် မူလနေရာသို့ ပြန်သွားသည်။

သူက တစ်ဖက်သို့ လှည့်ကြည့်လိုက်ပြီး နီရဲနေသောပါးပြင်နှင့် ပြုံးနေသော ကျန်းယွီရန်ကို မြင်လိုက်ရသည်။

“ပထမပွဲမှာ ကျန်းမိသားစုက အနိုင်ရတယ်”

ချောင်ထျဲက ပြောလိုက်ပြီး တစ်ဖက်သို့ လှည့်ကြည့်သည်။

“ကျိုးယန်၊ အခု မင်းအလှည့်ပဲ”

သူ့ဘေးတွင်ရှိနေသော သက်လတ်ပိုင်းအရွယ်လူက ခေါင်းညိတ်သည်။ သူက လျင်မြန်စွာလှုပ်ရှားပြီး တိုက်ပွဲကွင်းပြင်သို့ ရောက်သွားသည်။

“ချောင်ကျိုးယန်၊ အဆင့်လေးရုပ်သေးသခင်”

သူက နာမည်ကို ထုတ်ပြောလိုက်သောအခါ ကျန်းမိသားစု၏လူများက ပင့်သက်ရှိုက်လိုက်ကြသည်။

“သူက ချောင်ကျိုးယန်ပဲ”

“ချောင်မိသားစုရဲ့ ဝံပုလွေ၊ ယုယန်မြို့ရဲ့ အဆင့်လေးကျွမ်းကျင်သူတွေထဲမှာ ထိပ်ဆုံးငါးယောက်ထဲ ပါတယ်”

“သူက ယုယန်မြို့ကနေ ထွက်သွားပြီမဟုတ်ဘူးလား”

အားကောင်းသော ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်များသည် ကိုယ်ပိုင်နည်းလမ်းကို ပိုင်ဆိုင်ထားကြသည်။

သူတို့က အရာအားလုံးကို တိုက်ခိုက်ယူထားသည်။

ချောင်ကျိုးယန်က အဆင့်တူများကြားတွင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။

“ချန်ခုံး၊ မင်းကို အားကိုးလိုက်မယ်”

ကျန်းမိသားစုခေါင်းဆောင် ကျန်းချန်ထျန်းက လေးနက်‌သောမျက်နှာထားဖြင့် ကျန်းချန်ခုံးကို ကြည့်လိုက်သည်။

ကျန်းမိသားစုတွင် များပြားသော အဆင့်လေးရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်များ ရှိနေသော်လည်း ချောင်ကျိုးယန်နှင့် မယှဉ်နိုင်ကြပေ။

ထို့ကြောင့် မိသားစုခေါင်းဆောင်က ကျန်းချန်ခုံး၏နာမည်ကို ခေါ်လိုက်သောအခါ တခြားလူများက စိတ်သက်သာသွားသည်။

ကျန်းချန်ခုံးက ‌ခေါင်းညိတ်လိုက်ပြီး ဟန်မူယဲ့ကို မသိမသာ လှည့်ကြည့်သည်။

သူက ရှေ့တက်သွားပြီး ချောင်ကျိုးယန်နှင့် ပေငါးဆယ်အကွာတွင် ရပ်တန့်လိုက်သည်။

“ညီအစ်ကိုချောင်၊ လောင်းကြေးတိုက်ပွဲဆိုတော့ နည်းနည်းလောက် လောင်းကြမလား”

ကျန်းချန်ခုံးက ကျောက်စိမ်းပြားကို ထုတ်ယူပြီး ချောင်ကျိုးယန်ကို ကြည့်သည်။

“ငါ့မှာ မူလဒင်္ဂါး တစ်သိန်းရှိတယ်”

“ဘယ်လိုလဲ”

အနိုင်အရှုံးဆုံးဖြတ်ရုံသာမက လောင်းကြေးလည်း ထပ်ချင်သည်။

ရှုံးသွားလျှင် ပိုက်ဆံကိုလည်း ပေးရမည်။

အနိုင်ရသွားလျှင် နာမည်ကြီးလာမည့်အပြင် ငွေကြေးလည်း ရလိမ့်မည်။

ချောင်ကျိုးယန်က ပြုံးသည်။

သူ့အတွက် ထိုလောင်းကြေးသည် အလကားပေးလာသော ပိုက်ဆံနှင့် ဆင်တူသည်။

သူက ကျန်းချန်ခုံးကို ဆယ်ကွက်အတွင်း အနိုင်ယူရန် ယုံကြည်ချက်ရှိသည်။

“ဟားဟား၊ မူလဒင်္ဂါးတစ်သိန်းပဲလား”

ချောင်ကျိုးယန်၏နောက်တွင် လူတစ်ယောက်ပေါ်လာပြီး ကတ်ပြားတစ်ခုကို ဂရုမစိုက်စွာ ထုတ်ပေးသည်။

“ငါက ချောင်မိသားစုရဲ့ အကြီးအကဲတစ်ယောက်ပဲ။ ကျိုးယန်ဘက်က မူလဒင်္ဂါးနှစ်သိန်း လောင်းမယ်”

“လက်ခံရဲလား”

ကျန်းချန်ခုံးက နောက်သို့ လှည့်ကြည့်သည်။

ကျန်းမိသားစု၏ အကြီးအကဲနှင့် တပည့်များက ‌ခေါင်းငုံ့ထားကြသည်။

‘မူလဒင်္ဂါး မရှိတာလား’

မဟုတ်ပေ။ သူတို့က ယုံကြည်ချက်မရှိခြင်း ဖြစ်သည်။

ထိုမြင်ကွင်းသည် အနည်းငယ် ရှက်စရာကောင်းသည်။

ချောင်မိသားစု၏လူများက ကျယ်လောင်စွာ ရယ်လိုက်ကြသည်။

ထိုအချိန်တွင် ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။

“ငါက ညီအစ်ကိုချန်ခုံးကို ယုံကြည်ချက်ရှိတယ်။ ယွင်ရှန်း၊ မူလဒင်္ဂါးနှစ်သိန်းကို ထုတ်ပေးလိုက်ပါ”

“ညီအစ်ကိုချန်ခုံးဘက်ကနေ လောင်းကြတာပေါ့”

ဟယ်ရန်စွန်းက ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းပြားကို ထုတ်ယူသည်။

ဟယ်ရန်စွန်းက စီးပွားရေးလုပ်ရန် ရောက်လာသောကြောင့် သူ့ကတ်ပြားထဲတွင် မူလဒင်္ဂါးနှစ်သိန်းကျော် ရှိနေသည်။

သူက မတုံ့ဆိုင်းဘဲ ကတ်ပြားကို ပစ်ပေးလိုက်သည်။

သို့သော် ကတ်ပြားက လေထုထဲသို့ ရောက်သွားသောအချိန်တွင် ချီစွမ်းအင်ကြောင့် ပြန်ရောက်လာသည်။

“ငါက ဒင်္ဂါးနှစ်သိန်းအတွက် ပေးလိုက်ပါမယ်”

ကျန်းမိသားစု‌ခေါင်းဆောင် ကျန်းချန်ထျန်းက ပြောသည်။ သူက ကိုယ်ပိုင်ကျောက်စိမ်းပြားကို ထုတ်ပေးသည်။

“ရှုံးသွားရင်တော့ ငါ့ပေးလိုက်မယ်”

“နိုင်သွားရင်တော့ ယွီရန်အတွက် လက်ဖွဲ့ကြေးလို့ သဘောထားလိုက်ပါ”

ကျန်းချန်ထျန်း၏စကားကြောင့် ကျန်းယွီရန်က ရှက်သွားပြီး ခေါင်းမမော့ရဲတော့ပေ။

ဟယ်ရန်စွန်းက ပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ဦးညွတ်သည်။ ထို့နောက် ကျောက်စိမ်းပြားကို ပြန်သိမ်းထားလိုက်သည်။

ကျန်းချန်ထျန်းက ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ကြည့်သည်။

သူက ကျန်းမိသားစုခေါင်းဆောင် ဖြစ်သောကြောင့် ဟယ်ရန်စွန်း၏ လောင်းကြေးနှစ်သိန်းကို လက်ခံရန် မဖြစ်နိုင်ပေ။

ထို့အပြင် သူက ကျန်းချန်ခုံး၏ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းကို ကောင်းမွန်စွာ နားလည်သည်။

ထိုနေ့ညတွင် သူက ထိတ်လန့်သွားခဲ့သည်။

အဆင့်ငါးရုပ်သေးသခင်ဖြစ်သော သူကပင် ကျန်းချန်ခုံးကြောင့် ရှုံးနိမ့်သွားခဲ့သည်။ ချောင်ကျိုးယန်ဆိုလျှင် ပြောနေရန်မလိုအပ်ပေ။

“စပါ”

ကျန်းချန်ခုံးက ကျယ်လောင်စွာပြောလိုက်ပြီး ရုပ်သေးရုပ်သံမဏိပြားကို ထုတ်ယူသည်။

“ခလွမ်”

ရုပ်သေးရုပ်က ချက်ချင်းပေါ်ထွက်လာပြီး ပျံသန်းသွားသည်။

ချောင်ကျိုးယန်က သံမဏိပြားကို ပစ်ထုတ်လိုက်ပြီး ဆယ်ပေအရပ်မြင့်သော ရုပ်သေးရုပ်ကို အသက်သွင်းသည်။

ရုပ်သေးရုပ်က လှံကိုင်ထားပြီး ထောင့်ဖြတ်အတိုင်း ကျန်းချန်ခုံး၏ရင်ဘတ်ကို ထိုးချလိုက်သည်။

All Chapters