← Chapters

အခန်း (၁၂၁၃)

Vol. 87 Ch. 1213

အခန်း (၁၂၁၃)

Vol. 87 Ch. 1213

“ငါးပုံတစ်ပုံလား”

တုယွင်ကျုံးက အပြုံးတစ်ခုနှင့်အတူ ပေါ့ပါးစွာပြောသည်။

“ငါးပုံတစ်ပုံက မိုင်းတွင်းကို စီမံပေးတဲ့အတွက် ငါတို့ရတာပဲ”

“အခု ကျန်းမိသားစုက မိုင်းတွင်းတွေအားလုံးကို ရလိုက်ပြီဆိုတော့ ငါတို့ကို သုံးပုံတစ်ပုံစီ ပေးရမယ်”

ကျန်းမိသားစုက တုမိသားစုနှင့် ရှုမိသားစုကို သုံးပုံတစ်ပုံစီ ပေးလိုက်လျှင် သူတို့အတွက် တစ်ပုံသာကျန်တော့မည်။

ထို့အပြင် ချောင်မိသားစုက အဝေးတစ်နေရာတွင် ရှိနေသည်။

သူတို့က မိုင်းတွင်း၏ဝေစုနှင့်ပတ်သတ်ပြီး တစ်ခါတလေမှသာ ဝင်ပါလေ့ရှိသည်။ ကျန်းမိသားစုက ပိုယူသွားလျှင်လည်း သူတို့က ဘာမှမပြောပေ။

သို့သော် တုမိသားစုနှင့် ရှုမိသားစုက သုံးပုံနှစ်ပုံကို အပြည့်အဝ ဆုပ်ကိုင်ထားလိမ့်မည်။

“တုယွင်ကျုံး၊ မင်းက ကျန်းမိသားစုကို အထင်သေးနေတာလား”

ကျန်းချန်ထျန်း စကားမပြောနိုင်ခင် ကျန်းရှန်က အေးစက်စွာ နှာမှုတ်လိုက်သည်။

သူက သုံးပုံနှစ်ပုံ မပေးနိုင်ပေ။

ကျန်းမိသားစုက အလျော့ပေးလိုက်လျှင် မေပယ်တောအုပ်မြို့၏ ဟာသတစ်ခု ဖြစ်လာလိမ့်မည်။

“တကယ်လို့ ကျန်းမိသားစုက ရှုမိသားစုနဲ့ စေ့စပ်ပွဲကမ်းလှမ်းမယ်ဆိုရင် လျော့ပေးလို့ရတယ်”

ဘေးတွင်ရပ်နေသော ရှုစီလင်းက ပြုံးလိုက်သည်။

“ကျန်းမိသားစုက သုံးပုံနှစ်ပုံ ယူနိုင်တယ်”

‘စေ့စပ်ပွဲလား’

ကျန်းယွီရန်က တစ်ကိုယ်လုံး တုန်ခါသွားပြီး ဘေးတွင်ရှိနေသော ရုပ်သေးရုပ်ကို အလိုလျောက် ကြည့်မိသည်။

ရှုမိသားစုက စေ့စပ်ပွဲကမ်းလှမ်းရန် ပြင်ဆင်ထားခဲ့သည်။

ရှုရွှမ်းက ရှုမိသားစု၏ အစီအစဉ်ကြောင့် ကျန်းမိသားစု၏ ဧည့်ခံပွဲသို့ ရောက်လာခြင်း ဖြစ်လိမ့်မည်။

ကျန်းယွီရန်က ဘေးတွင်ရှိသော ရုပ်သေးရုပ်ကို ကြည့်လိုက်ပြီး နှလုံးသားထဲတွင် နူးညံ့မှုတစ်ခုကို ခံစားရသည်။

တစ်ခါတလေတွင် ကံကြမ္မာနှင့် အခွင့်အရေးသည် တစ်ခါတည်း ရောက်လာတတ်သည်။

“ကျန်းမိသားစုမှာ ရှုမိသားစုနဲ့ လက်ထပ်ပေးဖို့ သင့်တော်တဲ့မိန်းကလေး မရှိဘူး။ ရှုမိသားစုက ကျန်းမိသားစုထဲကို ဝင်လာဖို့ မိန်းကလေးတစ်ယောက် ရှာပေးရင်ရော ဘယ်လိုလဲ”

ကျန်းချန်ထျန်းက ကျယ်လောင်စွာရယ်လိုက်ပြီး ပြောသည်။

ထိုစကားကြောင့် ရှုမိသားစုဝင်များ၏ မျက်နှာထားက မည်းမှောင်သွားသည်။

“ကျန်းချန်ထျန်း၊ ငါပြောနေတာကို မင်းသိပါတယ်”

ရှုစီလင်းက ထက်မြိသောအကြည့်များဖြင့် လေးနက်စွာပြောသည်။

“ငါက ရှုမိသားစုကိုယ်စား ကျန်းမိသားစုရဲ့ မိန်းကလေးကျန်းယွီရန်ကို ရှုမိသားစုရဲ့ ရှုရွှမ်းနဲ့ လက်ထပ်ဖို့ ကမ်းလှမ်းတယ်”

ဟန်မူယဲ့၏ ဘေးတွင်ရှိသော ဟယ်ရန်စွန်းက သွေးနှင့်ချီကို ထုတ်လွှတ်လိုက်သည်။

ရှုစီလင်းက ဟယ်ရန်စွန်းနှင့် ဟယ်မိသားစုကို လျစ်လျူရှုထားသည်။

ဟယ်မိသားစုသည် ဘုရားမြို့၏ ကျဆင်းနေသော မိသားစုလေးတစ်ခု ဖြစ်သည်။ ဂရုစိုက်နေရန် မလိုအပ်ပေ။

ကျန်းချန်ထျန်းက ဟယ်ရန်စွန်းနှင့် စိုးရိမ်နေသော ကျန်းယွီရန်ကို ကြည့်လိုက်သည်။

ကျန်းရှန်က တည်ငြိမ်နေသော ဟန်မူယဲ့ကို လှမ်းကြည့်သည်။

“အကြီးအကဲရှု၊ ယွီရန်က ဘုရားမြို့ရဲ့ ဟယ်မိသားစုနဲ့ စေ့စပ်ပြီးပြီ”

“မင်းနောက်ကျသွားပြီ”

ကျန်းချန်ထျန်းက ကျယ်လောင်စွာပြောသည်။

“ဟယ်မိသားစုလား”

ရှုစီလင်းက ဟယ်ရန်စွန်းကို လက်ညှိုးထိုးပြလိုက်ပြီး ပြောသည်။

“သူလား”

သူက ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး ဆက်ပြောသည်။

“ဘုရားမြို့ရဲ့ ဟယ်မိသားစုမှာ ဟယ်ကျူ ရှိခဲ့တယ်မဟုတ်လား”

သူက အေးစက်သောမျက်နှာထားဖြင့် ကြမ်းတမ်းစွာဆက်ပြောသည်။

“ဟယ်ကျူက သေသွားတာကြာပြီ”

ထိုစကားကြောင့် ဟယ်ရန်စွန်းက ပြေးထွက်လာပြီး အော်ဟစ်လိုက်သည်။

“ဘာပြောလိုက်တာလဲ”

ဟယ်ရန်စွန်းက ပြေးထွက်လာသောကြောင့် ရှုစီလင်းက ပြုံးလိုက်သည်။ သူက လက်မြှောက်ပြီး ရိုက်ချသည်။

သူက အဆင့်ငါးရုပ်သေးသခင် ဖြစ်သောကြောင့် ရုပ်သေးရုပ်ကို မသုံးလျှင်ပင် ဟယ်ရန်စွန်းကို သတ်နိုင်သည်။

ထိုလက်ဝါးချက်သည် ဟယ်ရန်စွန်းကို သေဆုံးသွားစေလိမ့်မည်။

“ဂရုစိုက်”

ကျန်းယွီရန်က ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

ကျန်းရှန်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

ကျန်းချန်ခုံးက ရုပ်သေးရုပ်ကို ဟယ်ရန်စွန်းဆီသို့ စေလွှတ်လိုက်သည်။

သို့သော် လေပြင်းတစ်ခုက သူ့ကို ဖြတ်ကျော်သွားသည်။

ကျန်းယွီရန်ကို စောင့်ကြပ်နေသော ရုပ်သေးရုပ်က ဟယ်ရန်စွန်း၏ရှေ့သို့ ရောက်လာပြီး ဓားမော့နှစ်လက်ကို ထုတ်ယူလိုက်သည်။

ပညာသင်အဆင့် လူငယ်က အဆင့်ငါးရုပ်သေးသခင်နှင့် တိုက်ခိုက်ချင်နေသည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းက မျက်လုံးပြူးသွားသည်။

‘သူက သေချင်နေတာလား’

ကျန်းချန်ထျန်းက လက်သီးဆုပ်ထားပြီး မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

သူက တည်ငြိမ်စွာရပ်နေသော ဆရာဟန်၏အပြုအမူကို နားမလည်ပေ။

‘သူက ပန်းပဲပညာမှာပဲ ကျွမ်းကျင်ပြီး မတိုက်ခိုက်နိုင်တာလား’

“ရွှပ်”

ဓားမော့နှစ်လက်က လက်ဝါးပုံရိပ်ကို ခုတ်ချသည်။ သို့သော် လက်ဝါးပုံရိပ်ကို မထိုးဖောက်နိုင်ဘဲ ရုပ်သေးရုပ်က နောက်ဆုတ်ပေးလိုက်ရသည်။

သို့သော် ရုပ်သေးရုပ်က တခြားလူများထင်ထားသကဲ့သို့ ပျက်စီးမသွားပေ။

တစ်ချိန်တည်းမှာပင် ဟယ်ရန်စွန်းက တစ်ကိုယ်လုံးကို ချပ်ဝတ်ဖြင့် လွှမ်းခြုံပြီး ဓားမော့နှစ်လက်ကို ထုတ်ယူသည်။

သူ့လက်ထဲတွင်ရှိသော ဓားမော့နှစ်လက်က ရုပ်သေးရုပ်၏ ဓားမော့နှစ်လက်နှင့် ပူးပေါင်းခဲ့သည်။

ငွေရောင်ချပ်ဝတ် ဟယ်ရန်စွန်းနှင့် အနက်ရောင်ရုပ်သေးရုပ်တို့က လက်ဝါးပုံရိပ်ကို ခုတ်ချသည်။ သူတို့၏ ပုံရိပ်များက မှုန်ဝါးသွားသည်။

ဤတစ်ကြိမ်တွင် ဟယ်ရန်စွန်းက အမြန်နှုန်းကို အဆုံးစွန်အထိ တိုးမြှင့်ခဲ့သည်။

“ဘန်း”

ကျယ်လောင်သောအသံနှင့်အတူ လက်ဝါးပုံရိပ်သည် လူတိုင်း၏ရှေ့တွင် ပေါက်ကွဲသွားသည်။

ဟယ်ရန်စွန်းနှင့် ရုပ်သေးရုပ်က မရပ်တန့်ဘဲ ရှုစီလင်းဆီသို့ ပြေးဝင်လာသည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းက ကြောင်အသွားသည်။

ပညာသင်အဆင့် ရုပ်သေးသခင်၊ ချပ်ဝတ်သခင်က အဆင့်ငါးရုပ်သေးသခင်၏ လက်ဝါးချက်ကို ဖျက်ဆီးခဲ့သည်။

သူတို့၏ အဆင့်ကွာခြားချက်က ကြီးမားလွန်းသည်။

“သူက ရုပ်သေးသခင်လား”

“ချပ်ဝတ်သခင်လား”

လူတိုင်းကအံ့အားသင့်နေသည်။

ဟယ်ရန်စွန်းက ရုပ်သေးရုပ်နှင့် ချပ်ဝတ်ကို ထိန်းချုပ်ထားသည်။

“အဲဒီကလေးက ပါရမီရှင်ပဲ”

ကျန်းရှန်၏မျက်လုံးများက တောက်ပသွားသည်။

“ရုပ်သေးရုပ်နဲ့ ချပ်ဝတ်ကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်တယ်”

ကျန်းချန်ထျန်းက ရှေ့တက်လာပြီး အဆင့်ငါးအငွေ့အသက်ကို ထုတ်လွှတ်သည်။

“သတိထား ....”

ကျန်းယွီရန်က ရင်ဘတ်ကို လက်ဖြင့် ထိထားသည်။ သူမက ဟယ်ရန်စွန်းကို မနှောင့်ယှက်ချင်သောကြောင့် သူမ၏အသံကို မည်သူမှ မကြားရပေ။

အ‌ဝေးတစ်နေရာတွင်ရှိသော ချောင်ကျွင်းက ကြက်သီးထသွားသည်။

အကယ်၍ ဟယ်ရန်စွန်းက သူနှင့်တိုက်ပွဲတွင် ထိုစွမ်းရည်ကို ပြသခဲ့လျှင် သူက သေဆုံးသွားလိမ့်မည်။

ရှုစီလင်းက လက်ဝါးချက် ပျက်စီးသွားမည်ဟု ထင်မထားခဲ့ပေ။

ဟယ်ရန်စွန်းက သူ့ဆီသို့ ပြေးဝင်လာသောကြောင့် သူ့မျက်နှာက မှုန်မှိုင်းနေသည်။

သူက ရှုမိသားစု၏အကြီးအကဲ အဆင့်ငါးကျွမ်းကျင်သူ ဖြစ်သည်။

‘ငါ့လက်ဝါးချက်ကို လူငယ်တစ်ယောက်က ချိုးဖျက်လိုက်တဲ့အတွက် မျက်နှာပျက်ရတော့မှာလား’

သူက ရုပ်သေးရုပ်ကို အသက်သွင်းသည်။

ရုပ်သေးရုပ်က ပေသုံးဆယ်ကြီးမားပြီး ရွှေနီရောင်သန်းနေသည်။ လက်ထဲတွင် ဓားမော့တစ်လက်ကို ကိုင်ထားသည်။

ထိုရုပ်သေးရုပ် ပေါ်လာသောအခါ ပတ်ဝန်းကျင်က ချုပ်နှောင်ခံလိုက်ရသည်။

အဆင့်မြင့်ကျွမ်းကျင်သူများက အဆင့်နိမ့်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရာတွင် ထိုနည်းလမ်းကို အများဆုံးအသုံးပြုသည်။

သူတို့က ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ထိန်းချုပ်ပြီး ပြိုင်ဘက်၏ အမြန်နှုန်းနှင့် ခွန်အားကို သက်ရောက်စေသည်။

ကြယ်စင်စုစကြဝဠာတွင် အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်သောလူများ သိပ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ကောင်းကင်တာအိုက ပျောက်ကွယ်နေပြီး ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ပိုမိုသန်မာသောလူက ထိန်းချုပ်ထားသည်။

အဆင့်မြင့်ကျင့်ကြံသူများက အဆင့်နိမ့်ကျင့်ကြံသူများကို ဖိနှိပ်နိုင်သည်။

ဟယ်ရန်စွန်းက ဟိန်းဟောက်လိုက်ပြီး ဓားမော့နှစ်လက်ကို စုစည်းသည်။ ဓားမော့အလင်းသည် ပေတစ်ရာအထိ ရောက်သွားသည်။

သူ့ဘေးတွင်ရှိသော ရုပ်သေးရုပ်ကလည်း ရွှေနီရောင်ရုပ်သေးရုပ်ကို ခုတ်ချလိုက်သည်။

သူတို့က ပစ်မှတ်ခွဲပြီး တိုက်ခိုက်လိုက်သည်။ ဟယ်ရန်စွန်းက ရှုစီလင်းကို တိုက်ခိုက်ပြီး ရုပ်သေးရုပ်က ရုပ်သေးရုပ်ကို တိုက်ခိုက်သည်။

“ဒါက ပညာသင်အဆင့်ရဲ့ စွမ်းအားမဟုတ်ဘူး”

ရှုမိသားစု၏ လူတစ်ယောက်က ထိတ်လန့်စွာ အသံပြုလိုက်သည်။

“အဲဒီရုပ်သေးရုပ်က အနည်းဆုံး အဆင့်သုံးပဲ”

တုမိသားစု၏ လူတစ်ယောက်က ပြောလိုက်သည်။

ထိုရုပ်သေးရုပ်နှင့် ချပ်ဝတ်သည် သာမန်မဟုတ်ပေ။

ဟယ်ရန်စွန်းကလည်း ပညာသင်အဆင့် မဖြစ်နိုင်ပေ။

အဆင့်သုံးကျွမ်းကျင်သူ ဖြစ်နေလျှင်ပင် သူနှင့် မယှဉ်နိုင်လောက်ပေ။

“ခလွမ်”

ရွှေနီရောင်ရုပ်သေးရုပ်ကို ခုတ်ပိုင်းလိုက်သော ဓားမော့အလင်းက ပြိုကွဲသွားသည်။

သို့သော် ရှုစီလင်းက ရှက်ရွံ့စွာ ရှောင်တိမ်းလိုက်ရသည်။

အဆင့်ငါးကျွမ်းကျင်သူသည် တရားဝင်စာရင်းမသွင်းရသေးသော လူငယ်တစ်ယောက်ကြောင့် နောက်ဆုတ်ပေးလိုက်ရသည်။

ထိုဖြစ်ရပ်ကို မည်သူက တွေးထားမည်နည်း။

“ငါမင်းကိုသတ်မယ်”

ရှုစီလင်းက တည်ငြိမ်မှုကို မထိန်းနိုင်ဘဲ အံကြိတ်ပြီး အော်ဟစ်သည်။

သို့သော် ဓားမော့ခုတ်ချက်သည် သူ့ကို တုံ့ပြန်လိုက်သည်။

ဟယ်ရန်စွန်းက အေးစက်နေသောမျက်နှာထားဖြင့် ဓားမော့ကို ဝှေ့ယမ်းသည်။

သူ၏ ရုပ်သေးရုပ်ကလည်း ပူးပေါင်းတိုက်ခိုက်နေသောကြောင့် ရှုစီလင်းက ကိုယ်ပိုင်ရုပ်သေးရုပ်ကို ပြန်လည်တိုက်ခိုက်ရန် အမိန့်မပေးနိုင်ခဲ့ပေ။ သူက ကိုယ့်ကိုယ်ကိုယ် ခုခံရုံသာ တတ်နိုင်သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းက မျက်လုံးပြူးသွားသည်။

ဟယ်ရန်စွန်းကိုကူညီရန် ကြိုးစားခဲ့သော ကျန်းချန်ခုံးက ငေးမောနေသည်။ သူ၏ ခြေလက်များက တုန်ခါနေပြီး ရှေ့တွင်ရှိသော မြင်ကွင်းက သူ့ကို နက်ရှိုင်းစွာ သက်ရောက်သွားသည်။

ဟယ်ရန်စွန်းက အကြိမ်ပေါင်းမရေမတွက်နိုင်အောင် လေ့ကျင့်ထားသည်။

ဆရာဟန်၏ ရုပ်သေးရုပ်နှင့် လေ့ကျင့်ရာတွင် သူက တိုက်ကွက် ဆယ်ကွက်ကိုသာ ခုခံနိုင်ပြီး အမြဲ ရှုံးနိမ့်သွားလိမ့်မည်။

ယနေ့တွင် သူက ဆရာဟန်၏ရုပ်သေးရုပ်ကို အတုခိုးပြီး ပြိုင်ဘက်ကို မတုံ့ပြန်နိုင်အောင် ဖိနှိပ်ထားသည်။

“ရွှပ်”

“ဘုန်း”

ဓားမော့လေးချက်၏ စုပေါင်းစွမ်းအားသည် ပေသုံးဆယ်မြင့်မားသော ရွှေနီရောင်ရုပ်သေးရုပ်ကို နောက်ဆုတ်သွားစေသည်။

တိုက်ကွက်ဆယ်ကွက် ....

ယခုအချိန်တွင် တိုက်ကွက်ဆယ်ကွက် ပြည့်သွားခဲ့သည်။

ဟယ်ရန်စွန်းက ဆက်မတိုက်နိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် သူက နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်နှင့် ဆယ်ကွက်သာ လေ့ကျင့်ထားသည်။

သူက ဓားမော့ဖြင့် မျက်နှာထားမည်းမှောင်နေသော ရှုစီလင်းကို ညွှန်ပြလိုက်သည်။ သူ့အသံက အေးစက်နေသည်။

“ကျွန်တော့်အဖေက ဘယ်မှာလဲ”

“ခင်ဗျားက ဘာသိထားတာလဲ”

All Chapters