← Chapters

အခန်း (၁၂၁၅)

Vol. 87 Ch. 1215

အခန်း (၁၂၁၅)

Vol. 87 Ch. 1215

ဟယ်ရန်စွန်းကို အပေါ်ယံသာ ထည့်ပေးထားခြင်း ဖြစ်သည်။

သူက ဟယ်ရန်စွန်းကို နာမည်ခံ၍ ဆရာဟန်နှင့် ဆက်သွယ်ချင်သည်။

အကယ်၍ ကျန်းမိသားစုက ဆရာဟန်နှင့် ဆက်သွယ်နိုင်လျှင် အဆပေါင်းများစွာ တိုးတက်လာလိမ့်မည်။ ကျန်းချန်ထျန်းက စကားအဆုံးတွင် ပတ်ဝန်းကျင်ကို ကြည့်သည်။

‘ဘယ်သူက ငြင်းဆန်ရဲမှာလဲ။ တုမိသားစုလား’

“ရှုမိသားစုလား’

ရှုစီလင်းက မျက်လုံးထဲတွင်ရှိသော အလင်းရောင်ကို ဖိနှိပ်လိုက်ပြီး ခေါင်းငုံ့ထားသည်။

သူက မငြင်းဆန်ရဲပေ။

“တုမိသားစုရဲ့ အပိုရလာတဲ့ ၁၀%ကို ဆရာဟန်ဆီ ပေးမယ်”

တုယွင်ချုံးက ရုတ်တရက် ပြောသည်။ သူက အပြုံးတစ်ခုကို ညှစ်ထုတ်ပြီး ဟယ်ရန်စွန်းကို ကြည့်လိုက်သည်။

“သခင်လေးဟယ်၊ ကျေးဇူးပြုပြီး ဆရာဟန်နဲ့ မိတ်ဆက်ပေးပါအုံး။ ငါ့ချပ်ဝတ်ကို ပြုပြင်ပေးဖို့ တောင်းဆိုချင်တယ်”

ဆရာဟန်က ပုန်းကွယ်နေသော ဒဏ်ရာများကို သေချာပေါက် ပြုပြင်နိုင်သည်ဟု သူ့ချပ်ဝတ်က ပြောနေသည်။

သူ၏ ချပ်ဝတ်က အဆင့်‌‌ခြောက်ဖြစ်သောကြောင့် ကိုယ်ပိုင်အသိစိတ်ကို ပိုင်ဆိုင်သည်။

တုယွင်ကျုံးက ချပ်ဝတ်၏ ဒဏ်ရာများကို ပြင်ဆင်နိုင်လျှင် သေချာပေါက် ခွန်အားတိုးလာလိမ့်မည်။

ထိုသို့ဆိုလျှင် မေပယ်‌တောအုပ်မြို့၏ တခြားအင်အားစုများကို လွှမ်းမိုးနိုင်မည်။

ထိုအချိန်တွင် အဆင့်ခုနစ်ဖြစ်သော စွန်းပင်းကသာ သူ့ကို ဖိနှိပ်နိုင်လိမ့်မည်။

သူက ဝေစုကို စွန့်လွှတ်ပြီး ဆရာဟန်နှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ခဲ့သည်။

ကျန်းရှန်နှင့် တခြားလူများက သတိထားနေသော မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်‌ယောက် ကြည့်လိုက်ကြသည်။

အထူးသဖြင့် ကျန်းရှန်ဖြစ်သည်။ အကယ်၍ တုမိသားစုက ဆရာဟန်နှင့် ဆက်သွယ်နိုင်ပြီး တုယွင်ကျုံး၏ချပ်ဝတ်ကို ပြုပြင်ပေးလိုက်လျှင် ကျန်းမိသားစုအတွက် အခြေအနေကောင်းမည်မဟုတ်ပေ။

သို့သော် ကျန်းရှန်နှင့် ကျန်းချန်ထျန်းက တုယွင်ကျုံး၏ သဘောထားကို မငြင်းခဲ့ပေ။

ငြင်းဆန်ရန်လည်း မဖြစ်နိုင်ပေ။

ကျန်းမိသားစုက အသာစီးရထားသည်။ သူတို့က ဟယ်ရန်စွန်းကိုပင် သမက်တော်ထားသည်။

“ဟားဟား၊ ဒီနေ့ဖြစ်ရပ်က လူတိုင်းအတွက် အကျိုးရှိတယ်လို့ ပြောနိုင်တယ်”

ကျန်းချန်ထျန်းက ရှေ့တွင်ရှိသော လူများကို ကြည့်လိုက်ပြီး ရယ်သည်။

“မြို့ကို အတူတူပြန်ကြမလား။ ကျန်းမိသားစုက ဧည့်ခံပေးပါ့မယ်”

ဟန်မူယဲ့က ကျန်းမိသားစု၏ ဧည့်ခံပွဲကို မတက်ရောက်ခဲ့ပေ။

သူက တည်းခိုဆောင်သို့ ပြန်ရောက်လာပြီး အဆင့်ခြောက်ချပ်ဝတ်ကို သန့်စင်နေသည်။

တုယွင်ကျုံး၏ ချပ်ဝတ်ကို နမူနာယူထားသောကြောင့် ခွန်အားနှင့် အမြန်နှုန်းတွင် ပြောင်းလဲမှုသိပ်မရှိပေ။ သို့သော် ခုခံနိုင်စွမ်း ပိုကောင်းသည်။

ထိုအဆင့်ခြောက်ချပ်ဝတ်ကို အဆင့်လေးနှင့် အဆင့်ငါး ချပ်ဝတ်သခင်များကပင် အသက်သွင်းနိုင်သည်။ တိုက်ခိုက်နိုင်စွမ်းက အဆင့်ခြောက်ထက် နိမ့်ကျနေမည်ဖြစ်သော်လည်း ခုခံနိုင်စွမ်းကတော့ အဆင့်ခြောက်နှင့် ယှဉ်နိုင်လိမ့်မည်။

အမှန်အတိုင်းပြောရလျှင် သာမန်အဆင့်ခြောက် ချပ်ဝတ်များထက်ပင် ခုခံနိုင်စွမ်း ပိုကောင်းလိမ့်မည်။

“ဘုန်း”

ချပ်ဝတ်အပိုင်းအစ ၃.,၆၀၀သည် မီးတောက်များကြားတွင် ပေါင်းစပ်ပြီး တစ်ခုတည်း ဖြစ်လာသည်။

ထို့နောက် သူက အစိတ်အပိုင်းတစ်ခုချင်းစီကို သေချာစီစဉ်ပြီး သက်ဆိုင်ရာလုပ်ဆောင်ချက်များကို ထည့်သွင်းခဲ့သည်။

သုံးရက်အကြာတွင် တပ်ဆင်ထားသော ချပ်ဝတ်က ပုံစံပေါ်လာသည်။

ထိုချပ်ဝတ်တွင် အစိတ်အပိုင်း သုံးထောင်ကျော်သာ ရှိသည်။

သို့သော် ချပ်ဝတ်က ခုခံနိုင်စွမ်းတွင် ထိပ်တန်းအဆင့် ဖြစ်သည်။

“ဒီလိုချပ်ဝတ်ကို ဘယ်မှာသုံးရမှာလဲ”

ခေးအော့၏ ပုတီးစေ့က လွင့်မျောနေပြီး တီးတိုးပြောလိုက်သည်။

ခုခံနိုင်စွမ်းကို အသားပေးသောကြောင့် အသုံးပြုရာတွင် အကန့်အသတ်ရှိသည်။

“မင်းနားမလည်ပါဘူး။ ဒီနေ့ခေတ် ကြယ်စင်စုစကြဝဠာမှာ ချပ်ဝတ်သခင်အများစုက ကျင့်ကြံခြင်းကြောင့် အခြေခံမတည်ငြိမ်ကြဘူး”

“ဒီချပ်ဝတ်က အဲဒီလိုလူတွေအတွက် အသင့်တော်ဆုံးပဲ”

“ဒီချပ်ဝတ်အတွက် ဈေးပေးချင်တဲ့လူတွေ အများကြီးရှိနေလိမ့်မယ်”

ရွှေရောင်ငှက်က တောင်ပံခတ်ပြီး ပြောလိုက်သည်။

အမှန်ပင်ဖြစ်သည်။

ချပ်ဝတ်၏ ခုခံနိုင်စွမ်းကြောင့် လူအများက ဈေးကြီးပေးပြီး ဝယ်ယူကြလိမ့်မည်။

“ဝီ”

ဟန်မူယဲ့က ချပ်ဝတ်ကို အစိမ်းရောင်သံမဏိပြားအဖြစ် ပြောင်းလဲလိုက်ပြီး တည်းခိုဆောင်ထဲမှ ထွက်လာသည်။

အပြင်ဘက်တွင်စောင့်နေသော ကျန်းချန်ခုံးက ပြုံးလိုက်ပြီး ချဉ်းကပ်လာသည်။

ဟန်မူယဲ့နှင့် ဆက်သွယ်ရန်အတွက် သူ့ကို မိသားစုအကြီးအကဲများက စေလွှတ်လိုက်သည်။

“ဆရာဟန်၊ တစ်ခုခု သန့်စင်ခဲ့တာလား”

သူက ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော ချပ်ဝတ်သံမဏိပြားကို ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“တကယ်လို့ ရောင်းချင်တယ်ဆိုရင် ကျန်းမိသားစုက ဝယ်ပါမယ်”

သူက ဟန်မူယဲ့၏ ပိုက်ဆံမက်သော သဘာဝကို နက်ရှိုင်းစွာ နားလည်ခဲ့သည်။

သူက ကြွယ်ဝမှုအားလုံးကို ရုပ်သေးရုပ်ပြုပြင်ရာတွင် အလိုလျောက် သုံးမိခဲ့သည်။

ပုံမှန်ဆိုလျှင် သူက မူလဒင်္ဂါး တစ်သိန်းကျော်သုံး၍ ရုပ်သေးရုပ်ကို ပြုပြင်မည်မဟုတ်ပေ။

ဆရာဟန်က သူ့ကို ဆွဲဆောင်ခဲ့သည်။

“ဒီချပ်ဝတ်ကို ရောင်းမှာပါ။ ဒါပေမဲ့ သင့်တော်တဲ့ သားရဲဝိညာဉ်နဲ့ ပေါင်းစပ်ဖို့ လိုသေးတယ်”

ဟန်မူယဲ့က ပြောလိုက်သည်။

‘သားရဲဝိညာဉ်နဲ့ ‌ပေါင်းစပ်မှာလား’

ကျန်းချန်ခုံးက တုန်ခါသွားသည်။

သားရဲဝိညာဉ်ပေါင်းစပ်ရန် လိုအပ်သော ချပ်ဝတ်နှင့် ရုပ်သေးရုပ်များသည် အနည်းဆုံး အဆင့်ခြောက်တွင် ရှိနေသည်။

းဆရာဟန်ရဲ့ လက်ထဲမှာရှိနေတဲ့ ချပ်ဝတ်က အဆင့်ခြောက်လား’

“ဆရာဟန်၊ ကျွန်တော်က မေပယ်တောအုပ်မြို့မှာရှိတဲ့ သားရဲတွေကို သိပါတယ်”

ကျန်းချန်ခုံးက နားလည်သွားပြီး ပြောလိုက်သည်။

“ဆရာဟန်လိုချင်တဲ့ သားရဲကို ကျွန်တော်ရှာပေးနိုင်လောက်တယ်”

‘ဒါက ဆရာဟန်နဲ့ နီးကပ်ဖို့ အခွင့်ကောင်းပဲမဟုတ်လား’

သူ့စကားကို ကြားလိုက်ရသောအခါ ဟန်မူယဲ့က မငြင်းပေ။ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ငါက ခုခံနိုင်စွမ်းကောင်းပြီး အမြန်နှုန်းသင့်တော်တဲ့ သားရဲမျိုးကို လိုချင်တယ်”

“အနည်းဆုံး အဆင့်သုံးလောက်ရှိရင် အဆင်ပြေတယ်”

သားရဲ၏ဝိညာဉ်သည် ချပ်ဝတ်နှင့် အဆင့်တူရန် မလိုအပ်ပေ။

အဆင့်နိမ့်သားရဲ၏ ဝိညာဉ်သည် ချပ်ဝတ်ထဲတွင် အပြည့်အဝ နေထိုင်နိုင်သည်။

အကယ်၍ သားရဲ၏ဝိညာဉ်က အလွန်အဆင့်မြင့်နေလျှင် ပိုင်ရှင်က မထိန်းချုပ်နိုင်ဘဲ ချပ်ဝတ်၏ တန်ပြန်စွမ်းအားကို ခံစားရလိမ့်မည်။

“အမြန်နှုန်းနဲ့ ခုခံနိုင်စွမ်းကောင်းတဲ့ အဆင့်သုံးသားရဲမျိုးလား ....”

ကျန်းချန်ခုံးက စဉ်းစားကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“မိုင်သုံးထောင်အကွာမှာရှိတဲ့ ဗဟိုတောင်တန်းမှာ အလင်းဖြူကျားတွေ ရှိနေတယ်”

အလင်းဖြူကျားသည် ခုခံနိုင်စွမ်းကောင်းသော ကျားမျိုးနွယ် ဖြစ်သည်။

အဖြူရောင်အလင်းစက်ကွင်းသည် ထိုကျားများကို ကာကွယ်ပေးထားသည်။ အလင်းစက်ကွင်းကို ချိုးဖောက်နိုင်မှသာ ကျားများကို ထိခိုက်စေလိမ့်မည်။

ထို့အပြင် အလင်းဖြူကျားများက အလွန်လျင်မြန်ပြီး ခုခံနိုင်စွမ်းနှင့် အမြန်နှုန်းကောင်းသော သားရဲအမျိုးအစား ဖြစ်သည်။

မိုင်သုံးထောင်သည် မနီးစပ်ပေ။ သို့သော် အဆင့်လေးဖြစ်သော ကျန်းချန်ခုံးနှင့် ဟန်မူယဲ့က လေးနာရီအချိန်ယူ၍ ဗဟိုတောင်တန်းသို့ သွားခဲ့သည်။

ထိုခရီးတွင် ကျန်းချန်ခုံးက ဟန်မူယဲ့၏ခွန်အားကို မြင်ခဲ့ရသည်။

ဟန်မူယဲ့က မိုင်သုံးထောင်ကို ရုပ်ခန္ဓာစွမ်းအားဖြင့် ပြေးလွှားနိုင်သည်။

‘သူ့ခန္ဓာကိုယ်က ဘယ်လောက်တောင် သန်မာနေတာလဲ”

“ဒါက ဗဟိုတောင်တန်းပါ။ အလင်းဖြူကျားတွေက တောင်ကြားထဲမှာ ကျက်စားပါတယ်”

ကျန်းချန်ခုံးက ရှေ့သို့ ညွှန်ပြလိုက်ပြီး လေးနက်စွာပြောသည်။

“လွန်ခဲ့တဲ့သုံးနှစ်မှာ ကျွန်တော်က ဒီကို အမဲလိုက်ဖို့ရောက်လာပြီး အလင်းဖြူကျားတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ကံကောင်းလို့ အိမ်ပြန်သွားနိုင်ခဲ့တာပဲ”

သူက အဆင့်လေးရုပ်သေးသခင် ဖြစ်သည်။ သို့သော် အဆင့်သုံးကျားအုပ်စုနှင့် လွယ်ကူစွာ ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

အကယ်၍ ထိုသားရဲများ၏ ဝိုင်းရံခြင်းကို ခံရလျှင် သေဆုံးသွားနိုင်သည်။

ဟန်မူယဲ့က ‌‌ခေါင်းညိတ်လိုက်သည်။

သူ့ပခုံးပေါ်တွင်ရှိနေသော ရွှေရောင်ငှက်က တောင်ပံဖြန့်လိုက်ပြီး အလင်းတန်းတစ်ခုအသွင် ပျံသန်းသွားသည်။

ငှက်က အလွန်လျင်မြန်သောကြောင့် ကျန်းချန်ခုံးက ကြောင်အသွားသည်။

‘ဒီလိုသာမန်ငှက်က ဘာဖြစ်လို့ အရမ်းအားကောင်းနေတာလဲ’

“ဘုန်း”

အဝေးတစ်နေရာတွင်ရှိသော တောင်တန်းတွင် ပေါက်ကွဲသံကို ကြားရသည်။

ထို့နောက် ရွှေရောင်မီးတောက်များကို မြင်ရသည်။

သားရဲများ၏ ဟိန်းဟောက်သံကို ကြားနိုင်သည်။

လက်ဝါးအရွယ်ခန့်ရှိသော ရွှေရောင်ငှက်က ဆယ်ပေကျော်ကြီးမားသော ကျားဖြူတစ်ကောင်ကို ကုတ်ဆွဲပြီး ပျံသန်းလာသည်။

ကျန်းချန်ခုံးက မျက်လုံးပြူးသွားသည်။

ထိုမြင်ကွင်းက အလွန်ထူးဆန်းသည်။

‘အဲဒီငှက်ပေါက်စလေးက ကျားကို ဘယ်လိုလုပ်ပြီး သယ်လာတာလဲ’

“ဘန်း”

ကျားသည် ဟန်မူယဲ့၏ရှေ့သို့ ပြုတ်ကျလာပြီး မြေပြင်ကို ချိုင့်ဝင်သွားစေသည်။

ထိုကျားသည် အသက်ရှင်နေဆဲဖြစ်သည်။

“အဆင့်လေးလား”

ဟန်မူယဲ့က ကျားကိုကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သည်။

အဆင့်လေး အလင်းဖြူကျားသည် ကျားအုပ်စု၏ဘုရင် ဖြစ်လိမ့်မည်။

ထိုသားရဲ၏ ဝိညာဉ်စွမ်းအားသည် တခြားသားရဲများထက် ပိုမိုသန်မာသည်။

“နောက်တစ်ကောင်သွားရှာလိုက်ရမလား”

ရွှေရောင်ငှက်က တောင်ပံခတ်လိုက်ပြီး တကျီကျီအော်မြည်၍ ဝိညာဉ်စွမ်းအားဖြင့် ပြောသည်။

“မလိုပါဘူး။ ဒီတစ်ကောင်ကိုပဲ သုံးလိုက်မယ်”

ဟန်မူယဲ့က ပြောသည်။

သူက ချပ်ဝတ်အတွက် သားရဲ၏ဝိညာဉ်ကို သန့်စင်မည်ဖြစ်သည်။ သားရဲက အဆင့်မြင့်လျှင် ပိုကောင်းသည်။ သိပ်အရေးမကြီးပေ။

ထို့အပြင် သားရဲ၏ဝိညာဉ်က အဆင့်မြင့်နေလျှင် ချပ်ဝတ်၏တန်ဖိုးကို မြှင့်တင်နိုင်လိမ့်မည်။

သားရဲဝိညာဉ်က အဆင့်မြင့်လျှင် ချပ်ဝတ်၏ တိုက်ခိုက်နိုင်စွမ်းကလည်း မြင့်မားလာလိမ့်မည်။

သူက လက်မြှောက်ပြီး အစိမ်းရောင်ချပ်ဝတ်သံမဏိပြားကို ထုတ်ယူသည်။

ထို့နောက် ကျားဖြူပေါ်တွင် ဖိချလိုက်သည်။

ကျားဖြူ၏ခန္ဓာကိုယ်က တုန်ခါနေပြီး မှိန်ဖျော့သောပုံရိပ်တစ်ခု ထွက်လာသည်။

“ပေါင်းစပ်လိုက်”

ဟန်မူယဲ့၏ အော်သံကြောင့် ကျားဖြူ၏ပုံရိပ်က ချပ်ဝတ်ထဲသို့ တိုးဝင်သွားသည်။

သားရဲဝိညာဉ်ကြောင့် ချပ်ဝတ်၏စွမ်းအားက စတင်နိုးထလာသည်။

ကျားဖြူပုံရိပ်သည် ချပ်ဝတ်၏ရင်ဘတ်တွင် ရှိနေသည်။

တုယွင်ကျုံး၏ အဆင့်ခြောက်ချပ်ဝတ်နှင့် မတူဘဲ ဟန်မူယဲ့၏ ချပ်ဝတ်သည် သားရဲဝိညာဉ်တစ်ခုကိုသာ ပေါင်းစပ်ထားသည်။

သို့သော် လုံလောက်သည်။

ထိုချပ်ဝတ်သည် သားရဲဝိညာဉ်သုံးခုနှင့် တုယွင်ကျုံး၏ချပ်ဝတ်ကို ခုခံနိုင်သည်။

ထိုအရာသည် သားရဲဝိညာဉ်နှင့် ချပ်ဝတ်၏ ပေါင်းစပ်မှုစွမ်းအား ဖြစ်သည်။

သာမန်ပန်းပဲပညာရှင်များသည် သားရဲဝိညာဉ်နှင့် ချပ်ဝတ် သို့မဟုတ် ရုပ်သေးရုပ်ကို ပေါင်းစပ်ရန် လိုအပ်ကြောင်း မသိကြပေ။

အကယ်၍ သူတို့က ပေါင်းစပ်ချင်လျှင်ပင် အားကောင်းသော သားရဲများကို ဖမ်းဆီးရမည်။

တုယွင်ကျုံး၏ ချပ်ဝတ်ကတော့ ဝိညာဉ်သုံးခုကို ပေါင်းစပ်ထားသောကြောင့် ရှားပါးသည်ဟု ပြောနိုင်သည်။

“ဘုန်း”

ကျားဖြူပုံရိပ်သည် ချပ်ဝတ်တွင် ပေါ်လာသည်။

ပေသုံးဆယ်ကြီးမားသော ကျားဖြူပုံရိပ်သည် ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။ ကျားဟိန်းသံသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပျံ့နှံ့သွားသည်။

All Chapters