အခန်း(၁၂၁၇)
Vol. 87 Ch. 1217
ထိုဈေးနှုန်းကို လက်ခံနိုင်သော်လည်း သူတို့က အခွင့်ကောင်းယူခံရသည်ဟု ထင်မိသည်။
တခြားလူများကလည်း ချန်ရှန်ကျင်းကို ကြည့်လိုက်ကြသည်။
သူက ခေါင်းခါသည်။
လူတိုင်းက စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။
သူတို့၏ခေါင်းဆောင်က မူလဒင်္ဂါးခြောက်သိန်းကို ဖြုန်းတီးမည်မဟုတ်ပေ။
“ငါက ကြမ်းခင်းဈေး သုံးသိန်းအပြင် မိသားစုရဲ့ အမွေအနှစ်ပစ္စည်းတစ်ခုဖြစ်တဲ့ အဆင့်ခုနစ် ရုပ်သေးရုပ်ကို ပေးလိုက်တယ်”
ချန်ရှန်ကျင်း၏စကားကြောင့် လူတိုင်းက ကြောင်အသွားသည်။
အဆင့်ခုနစ်ရုပ်သေးရုပ်သည် အဆင့်ခြောက်ချပ်ဝတ်ထက် အဆပေါင်းများစွာ တန်ဖိုးရှိသည်။
သို့သော် ထိုရုပ်သေးရုပ်သည် ပျက်စီးနေပြီး အသုံးမပြုနိုင်တော့ပေ။
သို့သော် ပန်းပဲမဟာမိတ်၏လူများက ထိုရုပ်သေးကို မူလဒင်္ဂါးလေးသိန်းဖြင့် ကမ်းလှမ်းခဲ့သေးသည်။
တစ်နည်းပြောရလျှင် ချန်မိသားစုက စုစုပေါင်း မူလဒင်္ဂါးခုနစ်သိန်းကို အသုံးပြု၍ အဆင့်ခြောက်ချပ်ဝတ်ကို ဝယ်ယူခဲ့သည်။
“ဒီဈေးနှုန်းက ....”
လူအိုကြီးတစ်ယောက်က ခေါင်းခါလိုက်သည်။
ထိုဈေးနှုန်းက အလွန်များပြားသည်။
“ဒီချပ်ဝတ်နဲ့ဆိုရင် ငါတို့ ချန်မိသားစုက မူလဒင်္ဂါးခုနစ်သိန်းကို လွယ်လွယ်လေး ပြန်ရနိုင်တယ်”
ချန်ရှန်ကျင်းက ပြုံးလိုက်ပြီး အဖြူရောင်ချပ်ဝတ်ကို လက်ထဲတွင် ကိုင်ထားသည်။
“ဆရာဟန်က မိုင်တစ်သန်းပတ်ဝန်းကျင်မှာ နာမည်ကြီးလာရင် သူကိုယ်တိုင်ဖန်တီးခဲ့တဲ့ ဒီချပ်ဝတ်က ဘယ်လောက်အထိ တန်ဖိုးမြင့်သွားမယ်လို့ ထင်လဲ”
ချန်ရှန်ကျင်း၏စကားကြောင့် လူတိုင်း၏ မျက်လုံးများက တောက်ပသွားသည်။
“ငါတို့ ချန်မိသားစုက အဆင့်ခုနစ်ရုပ်သေးရုပ်ကို ရှာတွေ့ခဲ့တယ်။ တကယ်လို့ ဆရာဟန်က အဲဒီအကြောင်းကို စိတ်ဝင်စားရင် ငါတို့ဆီကို ရောက်လာလိမ့်မယ်။ အဲဒါကို ဆက်ဆံရေးတစ်ခုအဖြစ် ယူဆနိုင်တယ်”
ချန်ရှန်ကျင်းက ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
ထိုအချိန်တွင် လူတိုင်းက မိသားစုခေါင်းဆောင်၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။
ဟန်မူယဲ့က တည်းခိုဆောင်သို့ ပြန်ရောက်လာသောအခါ ဟယ်ရန်စွန်းက သူ့ကို မူလဒင်္ဂါးသုံးသိန်းနှင့် ပျက်စီးနေသော ရုပ်သေးရုပ်သံမဏိပြားကို ပေးသည်။
“ချန်မိသားစုခေါင်းဆောင် ချန်ရှန်ကျင်းက အလင်းဖြူကျားချပ်ဝတ်ကို ရသွားပါတယ်”
ဟယ်ရန်စွန်းက ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ဤရက်များတွင် ဟန်မူယဲ့က ပျောက်နေခဲ့သည်။
ဟန်မူယဲ့က မူလဒင်္ဂါးများကို သိမ်းလိုက်ပြီး ရုပ်သေးရုပ်ကို ထုတ်ကြည့်သည်။
“မင်းရဲ့ ကျင့်ကြံဆင့်က နိမ့်ကျနေတုန်းပဲ။ ဘုရားမြို့ကို ပြန်ရောက်ရင် သေချာလေ့ကျင့်ရမယ်”
“ပြီးတော့ ချပ်ဝတ်သခင်နဲ့ ရုပ်သေးသခင်အဖြစ် စာရင်းသွင်းလိုက်တော့”
ဟန်မူယဲ့က ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
စာရင်းမသွင်းရသေးသောအချက်ကို အခွင့်ကောင်းယူ၍ လောင်းကြေးတိုက်ပွဲများဖြင့် ကြွယ်ဝမှု စုဆောင်းနေခြင်းသည် သိပ်မကောင်းပေ။
ကျင့်ကြံခြင်းလမ်းစဉ်တွင် လူတစ်ယောက်၏ စိတ်အခြေအနေသည် အလွန်အရေးပါသည်။
ကြွယ်ဝမှုသည် အရေးမကြီးပေ။
အကယ်၍ လူတစ်ယောက်က သန်မာလာရန် ဆန္ဒမရှိဘဲ လောကီကိစ္စရပ်များတွင် ပျော်မွေ့နေလျှင် အလကားဖြစ်သွားလိမ့်မည်။
ဟယ်ရန်စွန်းက တစ်ကိုယ်လုံး တုန်ခါသွားပြီး လျင်မြန်စွာ ခေါင်းညိတ်သည်။
သူက အဆင့်နိမ့်ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များကို အနိုင်ယူပြီး ပျော်ရွှင်နေခဲ့သည်။
အစစ်အမှန်ကျွမ်းကျင်သူများသည် အဆင့်နိမ့်လူများနှင့် အချိန်ဖြုန်းနေမည်မဟုတ်ပေ။
သူတို့က အဆင့်တူများနှင့်သာ ယှဉ်ပြိုင်ပြီး အဆင့်တက်နိုင်အောင် ကြိုးစားလိမ့်မည်။
ထိုမှသာ သူတို့က အမှန်တကယ် သန်မာလာလိမ့်မည်။
ဟန်မူယဲ့က အခန်းထဲသို့ ဝင်သွားသည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ချပ်ဝတ်ကို ထုတ်ယူသည်။
အဆင့်ကိုးချပ်ဝတ် ဖြစ်သည်။
ဟယ်ရန်စွန်းက သူ့ကို ပေးခဲ့သည်။ နောက်ပိုင်းတွင် သူက ပြန်လည်ပြုပြင်ခဲ့သည်။
ဤတစ်ကြိမ်တွင် သူက မီးတောက်ရွှေခြင်္သေ့နှစ်ကောင်ကို သတ်ဖြတ်ပြီး တစ်ကောင်၏ဝိညာဉ်ကို ချပ်ဝတ်နှင့် ပေါင်းစပ်ခဲ့သည်။
ယခုအချိန်တွင် ချပ်ဝတ်ကို အဆုံးသတ်ရန်သာ လိုတော့သည်။
ထိုအချိန်တွင် ချပ်ဝတ်က ရွှေအလင်းဖြင့် တောက်ပလာပြီး ရင်ဘတ်သံမဏိပြားပေါ်တွင် ရွှေခြင်္သေ့၏ဦးခေါင်းကို မြင်ရသည်။
ချပ်ဝတ်သည် မီးစွမ်းအားကို ပိုင်ဆိုင်ပြီး အမြန်နှုန်းနှင့် ခွန်အားကောင်းသည်။
ထို့အပြင် ခုခံနိုင်စွမ်းလည်း သန်မာသည်။
အရေးအကြီးဆုံးအနေဖြင့် အဆင့်ခုနစ်သားရဲ၏ ဝိညာဉ်ကို သယ်ဆောင်ထားသည်။
ထို့ကြောင့် ထိုချပ်ဝတ်သည် ကိုယ်တိုင် တိုက်ခိုက်နိုင်သည်။
တစ်နည်းပြောရလျှင် အဆင့်ကိုးချပ်ဝတ်သည် အဆင့်ကိုးရုပ်သေးရုပ်နှင့် သိပ်မကွာတော့ပေ။
ဟန်မူယဲ့က ထိုသို့ဖြစ်လာရန် သုတေသနလုပ်ထားခဲ့သည်။
“ဝီ”
သူက ချပ်ဝတ်ကို ဖိထားလိုက်ပြီး လက်ဝါးအရွယ်အစားရှိသော ခြင်္သေ့လေးတစ်ကောင်အဖြစ် ပြောင်းလဲသည်။
သတ္တုခြင်္သေ့လေးက အလွန်ချစ်စရာကောင်းသည်။
အရွယ်အစားချုံ့ထားသော သွေးကျားသစ်လေးက ချဉ်းကပ်လာသည်။ သို့သော် ခြင်္သေ့၏ အကြည့်တစ်ချက်ကြောင့် တစ်ကိုယ်လုံး တုန်ခါနေပြီး သေးပေါက်ချလိုက်သည်။
ခြင်္သေ့လေး၏ ဝိညာဉ်သည် အဆင့်ခုနစ် ဖြစ်သည်။
ထို့အပြင် ချပ်ဝတ်နှင့် ပေါင်းစပ်လိုက်သောကြောင့် အဆင့်ကိုးခွန်အားကို ပိုင်ဆိုင်သည်။ ထို့ကြောင့် အဆင့်နှစ်သားရဲဖြစ်သော သွေးကျားသစ်ကို အကြည့်တစ်ချက်ဖြင့် ပြိုလဲသွားအောင် လုပ်နိုင်သည်။
သို့သော် ရန်သူမဟုတ်ကြောင်း သိနေသောကြောင့် မတိုက်ခိုက်ခဲ့ပေ။
ဟန်မူယဲ့က ရယ်လိုက်ပြီး ဟယ်ရန်စွန်းပေးလိုက်သော ရုပ်သေးရုပ်ကို ထုတ်ကြည့်သည်။
“ခလွပ်”
ချီစွမ်းအင်ကို ထည့်သွင်းလိုက်သည်။ ရုပ်သေးရုပ်က အကောင်အထည်ပေါ်လာသည်။
ထိုရုပ်သေးရုပ်က ရှစ်ပေအရပ်မြင့်ပြီး လက်တစ်ဖက်ပျောက်နေသည်။
ထို့အပြင် ခန္ဓာကိုယ်တွင်လည်း သွယ်ယှက်နေသောဒဏ်ရာများ ရှိသည်။
အပြင်းထန်ဆုံးဒဏ်ရာသည် ပြတ်သွားသောလက် မဟုတ်ဘဲ ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားတွင်ရှိသော လှံချက် ဖြစ်သည်။
“ဒီရုပ်သေးရုပ်က ပျက်စီးနေပြီပဲ”
“တန်ဖိုးမရှိတော့ဘူး”
“မဟုတ်ဘူး။ အရည်ဖျော်လိုက်ရင် မူလဒင်္ဂါး သုံးသောင်း၊ ငါးသောင်းလောက် ရနိုင်သေးတယ်”
ရွှေရောင်ငှက်က အောင်ပွဲခံနေသောလေသံဖြင့် ပြောသည်။
“ဒီတစ်ကြိမ်မှာတော့ မင်းရှုံးသွားပြီ”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ခေးအော့ကလည်း ပျော်ရွှင်စွာ လည်ပတ်လိုက်သည်။
ဟန်မူယဲ့က များသောအားဖြင့် ဆုံးရှုံးမှုကို မခံစားရပေ။
ဟန်မူယဲ့က သူတို့ကို လျစ်လျူရှုထားပြီး ရုပ်သေးရုပ်ကို ထိလိုက်သည်။
“ဝီ”
စိတ်ထဲတွင် မြင်ကွင်းများပေါ်လာသည်။
ထိုရုပ်သေးရုပ်က အဆင့်ခုနစ် ဖြစ်သည်။
လွန်ဲ့သော နှစ်ပေါင်းသုံးသိန်းတွင် မိုင်သောင်းချီကွာဝေးသောမြို့၌ ထိုရုပ်သေးရုပ်ကို ဖန်တီးခဲ့သည်။
ရုပ်သေးရုပ်ကို ဖန်တီးခဲ့သော နည်းလမ်းသည် ရှေးခေတ်နှင့် မတူဘဲ ခေတ်သစ်၏ ကနဦးပုံစံ ဖြစ်သည်။
ထိုရုပ်သေးရုပ်မျိုးသည် ပိုင်ရှင်ကို အဖော်ပြုပေးပြီး အဆုံးအထိ အတူတကွ တိုးတက်လာနိုင်သည်။
အဆင့်တစ်ရုပ်သေးသခင်များသည် လက်မောင်းအကာ၊ လက်နက် စသည်တို့ကို ဖြည်းဖြည်းချင်း ပြောင်းလဲပြီး ရုပ်သေးရုပ်ကို ဆက်တိုက် အဆင့်မြှင့်ပေးနေသည်။
ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင် အားလုံးနီးပါးသည် ကိုယ်ပိုင်ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ဆက်တိုက် ပြုပြင်နေကြသည်။
သူတို့က ချပ်ဝတ်၊ ရုပ်သေးရုပ်များနှင့် အလွန်ရင်းနှီးနေသည်။
အစိတ်အပိုင်းတိုင်း၏ အခြေအနေကိုလည်း ကောင်းမွန်စွာ နားလည်သည်။
ထိုအချိန်တွင် ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များသည် ယနေ့ခေတ်ထက် ပိုမိုသန်မာကြသည်။
အဆင့်မြင့်ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များသည် ကိုယ်ပိုင် ချပ်ဝတ်၊ ရုပ်သေးရုပ်များနှင့် စာချုပ် ချုပ်ကြသည်။
ထိုစာချုပ်များသည် စွမ်းအားနှင့် သေခြင်းရှင်ခြင်းကို မျှဝေပေးသည်။
ချပ်ဝတ်နှင့် ရုပ်သေးရုပ်တွင်ရှိသော ဝိညာဉ်များသည် သစ္စာရှိရုံသာမက ခံစားချက်ကိုလည်း ပိုင်ဆိုင်သည်။
တချို့မိသားစုများက အားကောင်းသော ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကို မှီခိုပြီး အမွေအနှစ်ကို ထိန်းသိမ်းထားကြသည်။
ဟန်မူယဲ့က ထိုခေတ်အကြောင်းကို မှတ်တမ်းတချို့တွင် လေ့လာဖူးသည်။
ထိုခေတ်သည် အချိန်ကြာမြင့်စွာ တည်ရှိခဲ့သည်။ ကြယ်စင်စုစကြဝဠာတစ်ခုလုံးက ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ယုံကြည်ခဲ့ကြသည်။
သူတို့က လူတိုင်း၏ ရှင်သန်မှုအတွက် မရှိမဖြစ် အရေးပါခဲ့သည်။
သို့သော် လောက၏စွမ်းအားက လျော့ကျလာပြီး လူသားများ၏ ကျင့်ကြံခြင်းက အားနည်းလာသည်။
အားကောင်းသော ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ထိန်းချုပ်နိုင်သောလူ မရှိတော့ပေ။ ထို့ကြောင့် အများစုက အိပ်စက်သွားကြသည်။ ယနေ့ခေတ်တွင် အင်အားစုအနည်းငယ်ကသာ သူတို့ကို အသက်သွင်းနိုင်သည်။
မကြာခဏဆိုသလိုပင် ကျွမ်းကျင်သူများက စုပေါင်းပြီး ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကို ထိန်းချုပ်ကြသည်။
သို့သော် ခွန်အားကို အပြည့်အဝ မဖော်ထုတ်နိုင်ကြပေ။
ထိုသို့ ဖြစ်နေသော်လည်း သာမန်လူများကြားတွင် ထိုချပ်ဝတ်နှင့် ရုပ်သေးရုပ်များက ပြိုင်ဘက်ကင်းနေဆဲ ဖြစ်သည်။
သူ့ရှေ့တွင်ရှိသော ချပ်ဝတ်သည် ဂိုဏ်းတစ်ဂိုဏ်း၏ အစောင့်အကြပ် ဖြစ်ခဲ့သည်။
အဆုံးတွင် လုံလောက်သောကျွမ်းကျင်သူများ မရှိသောကြောင့် ဤရုပ်သေးရုပ်ကို မည်သူမှ မထိန်းချုပ်နိုင်တော့ပေ။ ထို့နောက် စစ်ပွဲတွင် ပျောက်ဆုံးသွားသည်။ ဂိုဏ်းတွင် ကျန်ရှိနေသော တခြားရုပ်သေးရုပ်များ၏ အကြောင်းကိုတော့ မသိနိုင်ပေ။
ဟန်မူယဲ့က စိတ်ဝင်စားသွားသည်။
သို့သော် ဂိုဏ်း၏တည်နေရာသည် ရုပ်သေးရုပ်၏ မှတ်ဉာဏ်ထဲတွင် မရှိပေ။
ချန်မိသားစုကတော့ သိနိုင်သည်။
“ဒီရုပ်သေးရုပ်က တကယ်တန်ဖိုးမရှိတာပဲ”
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က လေ့လာကြည့်လိုက်ပြီး ခေါင်းခါသည်။
သူ့စကားကို ကြားရသောအခါတွင် ဟန်မူယဲ့က ခပ်ဟဟရယ်သည်။
တခြားလူများအတွက် ထိုရုပ်သေးရုပ်သည် တန်ဖိုးမရှိသော်လည်း ဟန်မူယဲ့က စွမ်းဆောင်ရည်ရှိသည်။
“ဝီ”
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး မီးပြင်းဖိုငါးခုကို ဆင့်ခေါ်သည်။
ဓာတ်စင်ငါးပါးမီးပြင်းဖို ဖြစ်သည်။
ဟန်မူယဲ့က မီးပြင်းဖိုငါးခုကို ပေါင်းစပ်လိုက်သည်။
“ဟားဟား၊ နောက်ဆုံးတော့ ငါ့ကိုလာရှာမယ်ဆိုတာ သိနေတယ်”
“ကောင်လေး၊ မင်းက ငါ့အပေါ်မှာ လေးစားမှုမရှိဘူးပဲ။ ဒါပေမဲ့ ထားလိုက်ပါတော့။ အခု ဘာလိုနေတာလဲ”
ပေါင်းစပ်သွားသော မီးပြင်းဖိုသည် မောက်မာစွာ ပြောလိုက်သည်။
သို့သော် သူက အံ့အားသင့်စွာ ရေရွတ်သည်။
“မဟာနေမင်း၊ ခေးအော့။ မင်းတို့က ဒီမှာ ဘာလုပ်နေတာလဲ”
“နတ်ဘုရားခြင်္သေ့လား”
ရွှေရောင်ငှက်က တောင်ပံခတ်လိုက်ပြီး ဓာတ်စင်ငါးပါးမီးပြင်းဖိုကို လှည့်ပတ်နေသည်။
“မင်းက ဘာဖြစ်လို့ အရမ်းသနားစရာကောင်းနေတာလဲ။ လက်နက်ဝိညာဉ်အဖြစ် ပြောင်းလဲသွားတယ်”
မီးပြင်းဖိုက အဆိပ်ပြင်းစွာ ရေရွတ်သည်။
ခေးအော့က ပျံသန်းလာပြီး ရွှေအလင်းဖြင့် မီးပြင်းဖိုကို ရိုက်ချသည်။
“ဘန်း”
ရွှေအလင်းက မီးပြင်းဖိုနှင့် ထိတွေ့သွားပြီး ငါးပေခန့်ရှည်လျားသော မုတ်ဆိတ်မွေးနှင့် အစိမ်းရောင်ဝတ်စုံဝတ်ထားသော လူအိုကြီးတစ်ယောက်ကို ဖော်ပြသည်။
“ခေးအော့၊ မင်းကလည်း သနားစရာပဲ။ ဝင်္ကပါဝိညာဉ် ဖြစ်နေတယ်”
လူအိုကြီးက ဝမ်းသာအားရ ပြောသည်။
“မင်းတို့နှစ်ယောက်ကို ဒီလိုမြင်လိုက်ရတော့ ခံစားချက်ကောင်းလာတယ်”
သူက အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို ကြည့်သည်။
“မင်းစိတ်ချပါ။ ငါက အဲဒီအမှိုက်နှစ်ခုလိုမျိုး မဟုတ်ဘူး။ ဆေးလုံးသန့်စင်ဖို့ ကူညီပေးနိုင်တယ်”
“ပြီးတော့ လက်နက်လည်း သန့်စင်နိုင်တယ်”