အခန်း (၁၂၁၈)
Vol. 87 Ch. 1218
ဟန်မူယဲ့က အမှန်တကယ်ပင် လက်နက်ပစ္စည်း သန့်စင်ရန်အတွက် ဓာတ်စင်ငါးပါးမီးပြင်းဖိုကို ခေါ်ထုတ်ခဲ့သည်။
သူ့ရှေ့တွင်ရှိနေသော အဆင့်ခုနစ်ရုပ်သေးရုပ် ဖြစ်သည်။
သူက ရုပ်သေးရုပ်ကို စားပွဲပေါ်တွင် တင်လိုက်သည်။
ဓာတ်စင်ငါးပါးမီးပြင်းဖိုက ပျံသန်းလာပြီး ရွှေအလင်းဖြင့် ရုပ်သေးရုပ်ကို လွှမ်းခြုံသည်။
“ကြယ်စင်စုစကြဝဠာရဲ့ ရုပ်သေးရုပ်လား”
“မင်းတို့တွေ ....”
“ဒီနေရာက ကြယ်စင်စုစကြဝဠာလား”
ဓာတ်စင်ငါးပါးမီးပြင်းဖိုက ထိတ်လန့်စွာ ပြောသည်။
မုတ်ဆိတ်ရှည်နှင့် လူအိုကြီးက ဟန်မူယဲ့ကို စိတ်လှုပ်ရှားစွာ ကြည့်သည်။
“ဟားဟား။ ကောင်လေး၊ ငါ့အိပ်မက်က ဘာလဲသိလား”
“ကြယ်စင်စုစကြဝဠာကို သွားဖို့ပဲ”
“ကြယ်စင်စုစကြဝဠာရဲ့ ပန်းပဲနည်းစနစ်က တကယ်အားကောင်းတယ်။ ငါက ကြယ်စင်စုစကြဝဠာရဲ့ အသန်မာဆုံးပန်းပဲပညာရှင် ဖြစ်လာစေရမယ်”
ဓာတ်စင်ငါးပါးမီးပြင်းဖိုက ကြွေးကြော်လိုက်သည်။ သို့သော် ဟန်မူယဲ့က သူ့ကို လျစ်လျူရှုထားပြီး စားပွဲပေါ်တွင်ရှိသော ရုပ်သေးရုပ်ကို ကြည့်နေသည်။
ဓာတ်စင်ငါးပါးမီးပြင်းဖိုက နာရီဝက်ကြာသည်အထိ ပေါက်ကရလျှောက်ပြောနေပြီး နောက်ဆုံးတွင် လေးနက်သောစကားကို ပြောလိုက်သည်။
“ဒီရုပ်သေးရုပ်ရဲ့ စွမ်းအင်ပတ်လမ်းက ပျက်စီးနေတယ်။ ခန္ဓာကိုယ်ရဲ့ တစ်ဝက်ကလည်း သုံးစားမရတော့ဘူး”
“ပြန်ပြင်ရင် သိပ်မကောင်းဘူး။ တခြားဟာနဲ့ ပေါင်းစပ်လိုက်ရင် ပိုကောင်းမယ်”
“ဒီရုပ်သေးရုပ်ရဲ့ အကောင်းဆုံးအချက်က အစိတ်အပိုင်းတွေကို ဆက်တိုက် ပြောင်းလဲနိုင်တာပဲ”
“လုံလောက်တဲ့ ဝိညာဉ်သတ္တုတွေ ရှိနေရင် ငါက ဒီရုပ်သေးရုပ်ကို ကောင်းကင်အဆင့်အထိ မြှင့်ပေးနိုင်တယ်”
ကောင်းကင်အဆင့်အထိ မြှင့်တင်ပေးခြင်းသည် အကန့်အသတ် ဖြစ်သည်။
ထိုရုပ်သေးရုပ်၏ အခြေခံအုတ်မြစ်က အားနည်းသည်။
“မီးတောက်ရွှေခြင်္သေ့ရဲ့ ဝိညာဉ်တစ်ခု ရှိသေးတယ်။ လုံလောက်တဲ့အစိတ်အပိုင်းတွေကို ရှာဖွေပြီး ဒီရုပ်သေးရုပ်ကို အဆင့်မြှင့်လို့ရတယ်”
“အဆင့်ခြောက်ရုပ်သေးရုပ်တွေရဲ့ အစိတ်အပိုင်းကို အသုံးပြုရင်လည်း ရတယ်”
ဟန်မူယဲ့က ပြုံးလိုက်သည်။
နောက်တစ်ရက်တွင် ကျန်းမိသားစု၏ အကြီးအကဲ ကျန်းရှန်က အလည်ရောက်လာသည်။
ကျန်းရှန်က ဟန်မူယဲ့နှင့် ဟယ်ရန်စွန်းကို မေပယ်တောအုပ်မြို့၏ နာမည်ကြီးအစားအသောက်များဖြင့် ဧည့်ခံပြီး စကားပြောလိုက်သည်။
သူ၏ ရုပ်သေးရုပ်ကို ပြုပြင်ပေးစေချင်သည်။
ကျန်းရှန်၏ ရုပ်သေးရုပ်က အဆင့်ခြောက်ဖြစ်သည်။
မြို့ထဲတွင် တခြားပန်းပဲပညာရှင်များ ရှိနေသော်လည်း ဟန်မူယဲ့၏ အလင်းဖြူကျားချပ်ဝတ်နှင့် ကျန်းချန်ခုံး၏ ပြုပြင်ထားသော ရုပ်သေးရုပ်ကို မြင်ရသောအခါတွင် သူက စိတ်ဝင်စားသွားသည်။
“ရတာပေါ့”
ဟန်မူယဲ့က မငြင်းသောကြောင့် ကျန်းရှန်က စိတ်အေးသွားသည်။
သူက ဟယ်ရန်စွန်းနှင့် ကျန်းယွီရန်ကို လမ်းလျှောက်သွားရန် ပြောလိုက်ပြီး ရုပ်သေးရုပ်ကို ပြုပြင်ရန် ဟန်မူယဲ့နှင့်အတူ နေခဲ့သည်။
ကျန်းရှန်က လက်ကို ဝှေ့ယမ်းပြီး ရုပ်သေးရုပ်ကို စားပွဲပေါ်တွင် ချထားလိုက်သည်။
ရုပ်သေးရုပ်က ရှစ်ပေရှည်လျားပြီး ရွှေနီရောင်သန်းနေသည်။
ဟန်မူယဲ့က ရုပ်သေးရုပ်ကို ညင်သာစွာ ထိတွေ့ကြည့်လိုက်သည်။
“ခရမ်းရွှေရုပ်သေးရုပ်။ အခုခေတ်မှာ နာမည်ကြီးနေတဲ့ ပန်းပဲနည်းစနစ်ကို အသုံးပြုထားတယ်။ အစိတ်အပိုင်းအများစုက အဆင့်ခြောက်မှာ ရှိတယ်။ တချို့အစိတ်အပိုင်းတွေကတော့ အဆင့်ခုနစ်ပဲ”
“စုစုပေါင်း ၃၅ကြိမ် ပြုပြင်ထားတယ်။ ပုန်းကွယ်နေတဲ့ဒဏ်ရာ ၃၆၀ ရှိတယ်”
“အဆင့်မြှင့်တဲ့အချိန်မှာ ထိန်းချုပ်မှုလိုအပ်သွားတာကြောင့် စွမ်းအင်စနစ်က နည်းနည်းလောက် ဖရိုဖရဲဖြစ်နေတယ်”
ဟန်မူယဲ့၏ စကားကြောင့် ကျန်းရှန်၏မျက်နှာထားက ပြောင်းလဲသွားသည်။
သူ၏ ရုပ်သေးရုပ်တွင် ပြဿနာအများအပြား ရှိနေကြောင်း သူကိုယ်တိုင်ပင် မသိခဲ့ပေ။
“ပုန်းကွယ်နေတဲ့ဒဏ်ရာတွေကို ပြုပြင်ဖို့ ကူညီပေးနိုင်ပါတယ်။ စုစုပေါင်း မူလဒင်္ဂါး ၁၃၅,၀၀၀ ကျသင့်မယ်”
ဟန်မူယဲ့၏ ဈေးနှုန်းက မြို့ထဲတွင်ရှိသော တခြားပန်းပဲပညာရှင်များထက် ပိုမိုနည်းပါးသည်။
ကျန်းရှန်က ပြုံးလိုက်သည်။
ဆရာဟန်က ကျန်းမိသားစုကို မျက်နှာသာပေးနေပုံရသည်။
“ကျေးဇူးပါဆရာဟန်။ ကျွန်တော့်ရုပ်သေးရုပ်ကို ဘယ်တော့ ပြုပြင်လို့ရမလဲ”
သူက ရုပ်သေးသခင်ဖြစ်သောကြောင့် တခြားလူဆီသို့ ရုပ်သေးရုပ်ပေးရမည်ကို စိုးရိမ်နေသည်။
သူက အချိန်ကြာမြင့်စွာ မစောင့်ရဲပေ။
ရုပ်သေးရုပ်မရှိလျှင် ရုပ်သေးသခင်က အလွန်အားနည်းသွားလိမ့်မည်။
“အခုစလိုက်ပါမယ်။ အကြီးအကဲကျန်းက ဒီမှာပဲ စောင့်ကြည့်နေလိုက်ပါ”
ဟန်မူယဲ့က စကားပြောလိုက်ပြီး လက်မြှောက်သည်။ ရွှေရောင်မီးတောက်သည် သူ့လက်ထဲတွင် ပေါ်လာသည်။
ထိုမီးတောက်ကြောင့် ကျန်းရှန်က ထိတ်လန့်သွားပြီး အလိုလျောက် နောက်ဆုတ်မိသည်။
ထိုမီးတောက်သည် အလွန်သန်မာသောကြောင့် သူ့ဝိညာဉ်က ရင်မဆိုင်နိုင်ခဲ့ပေ။
ထိုမီးတောက်က အဆင့်ကိုးကျွမ်းကျင်သူကိုပင် ပြာချပစ်နိုင်လိမ့်မည်။
သူက အလုပ်တွင်အာရုံစိုက်ထားသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
ဆရာဟန်က သူ့ကို ဓားပြတိုက်တော့မည်ဟု ထင်မိလိုက်သည်။
ရုပ်သေးရုပ်၏ အစိတ်အပိုင်းများသည် မီးတောက်ထဲသို့ ရောက်သွားပြီး အင်းကွက်များကို ထည့်သွင်းလိုက်သည်။
ထိခိုက်ထားသော အစိတ်အပိုင်းများက တောက်ပပြီး စွမ်းအားပြည့်နေသော အစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွားသည်။
ယခင်အစိတ်အပိုင်းများနှင့် ယှဉ်ကြည့်လိုက်လျှင် ထိုအစိတ်အပိုင်းများက ပိုမိုအကြမ်းခံပြီး ချောမွေ့သည်။ စွမ်းအားလည်း ကောင်းသည်။
“အကြီးအကဲကျန်း၊ ရုပ်သေးရုပ်တစ်ခုလုံးကို သန့်စင်ချင်လား”
“ဈေးမကြီးပါဘူး။ မူလဒင်္ဂါး သုံးသောင်းပဲ”
“အကြီးအကဲကျန်း၊ ဒီအစိတ်အပိုင်းတွေရဲ့ အရည်အသွေးက မလုံလောက်ဘူး။ အသစ်လဲချင်လား”
“ဈေးမကြီးပါဘူး။ ၈,၅၀၀ပဲပေး”
“အကြီးအကဲကျန်း၊ မူလကျောက်တုံးအစီအရင်က သိပ်မကောင်းတော့ဘူး။ အဆင့်ခြောက်မှာ သာမန်ပဲ။ အဆင့်မြှင့်ပေးလိုက်မယ်”
“စိတ်မပူပါနဲ့။ မူလဒင်္ဂါး ၃၂,၀၀၀ပါပဲ”
ဟယ်ရန်စွန်းနှင့် ကျန်းယွီရန်က တည်းခိုဆောင်သို့ ပြန်ရောက်လာသောအခါ အခန်တံခါးပွင့်လာသောအချိန်နှင့် ကြုံလိုက်ရသည်။
ကျန်းရှန်က လက်ထဲတွင် ရုပ်သေးရုပ်သံမဏိပြားကို ကိုင်ထားပြီး ထူးဆန်းသောမျက်နှာထားဖြင့် ထွက်လာသည်။
သူက ပျော်ရွှင်နေသော်လည်း ငိုချင်နေသည်ဟု ထင်ရသည်။
“အကြီးအကဲကျန်း၊ ညီအစ်ကိုကျန်း။ အကြွေးတင်နေတဲ့ မူလဒင်္ဂါး ၃၅၀,၀၀၀ကို မမေ့နဲ့အုံးနော်။ ဘုရားမြို့ကိုပြန်ဖို့ သိပ်မလိုတော့ဘူး”
“အမှန်အတိုင်းပြောရရင် ခင်ဗျားက အကျိုးအမြတ် ရသွားတာပဲ။ ခင်ဗျားရဲ့ ရုပ်သေးရုပ်က အဆင့်ခြောက် အထွတ်အထိပ်ကို ရောက်သွားပြီ။ အဆင့်ခုနစ်နဲ့ ခြေတစ်လှမ်းပဲ လိုတော့တယ်”
ဟန်မူယဲ့က နှမြောနေသော မျက်နှာထားဖြင့် တက်ကြွစွာပြောသည်။
“တစ်ခါတည်း အဆင့်ခုနစ်ကို မြှင့်လိုက်တာ ပိုကောင်းလိမ့်မယ်”
“မူလဒင်္ဂါး တစ်သန်းပါပဲ။ နောက်ကျမှ ပေးလို့ရတယ်”
ကျန်းရှန်၏နှုတ်ခမ်းများက တွန့်သွားသည်။ သူက လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်လိုက်ပြီး လှည့်ထွက်သွားသည်။
အကယ်၍ ယခုအချိန်တွင် ထွက်မသွားနိုင်လျှင် ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ဘဲ အဆင့်မြှင့်ရန် သဘောတူမိလိမ့်မည်။
ကျန်းယွီရန်က သူ့နောက်မှ လျင်မြန်စွာ လိုက်သွားသည်။ သူမက ဟယ်ရန်စွန်းကို လှည့်ကြည့်သွားသေးသည်။
“ဆရာဟန်၊ အဆင်မပြေဘူးလား”
ဟယ်ရန်စွန်းက သိချင်စိတ်များဖြင့် မေးလိုက်သည်။
“အဆင်ပြေပါတယ်”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ခေါင်းခါသည်။
“သူက မူလဒင်္ဂါး ၄၃၀,၀၀၀ကို အသုံးပြုပြီး ရုပ်သေးရုပ်ကို အဆင့်ခြောက်ရဲ့ အထွတ်အထိပ်အထိ အဆင့်မြှင့်သွားတယ်”
“ငါက မူလဒင်္ဂါးတစ်သန်းနဲ့ အဆင့်ခုနစ်အထိ မြှင့်တင်ပေးမယ်လို့ ပြောပေမဲ့ သူက ငြင်းခဲ့တယ်”
ဟန်မူယဲ့က ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး လေးနက်စွာမေးသည်။
“မူလဒင်္ဂါးတစ်သန်းနဲ့ အဆင့်ခုနစ်အထိမြှင့်တာ အရမ်းဈေးကြီးနေလို့လား”
“မကြီးပါဘူး”
အပြင်ဘက်မှ အသံတစ်သံကို ကြားရသည်။
ဟယ်ရန်စွန်းက တစ်ဖက်သို့ လှည့်ကြည့်လိုက်ပြီး တံခါးဝတွင်ရပ်နေသော အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကို မြင်ရသည်။
သူ့အမြင်တွင် ထိုလူ၏အငွေ့အသက်က မသန်မာသော်လည်း ချဉ်းကပ်မရနိုင်သော ခံစားချက်ကို ပေးနေသည်။
ထိုလူ၏ စူးရှသောအကြည့်သည် လူတစ်ယောက်၏ကျောရိုးကို တုန်ခါသွားစေနိုင်သည်။
“နှုတ်ဆက်ပါတယ်ဆရာဟန်၊ ကျွန်တော်က စွန်းပင်းပါ”
ထိုလူက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး နှုတ်ဆက်သည်။
စွန်းပင်း ....
မေပယ်တောအုပ်မြို့၏ နံပတ်တစ်ကျွမ်းကျင်သူ၊ စွန်းမိသားစု၏ ပထမအကြီးအကဲ၊ အဆင့်ခုနစ်ချပ်ဝတ်သခင် ဖြစ်သည်။
သူက မိုင်တစ်သောင်းပတ်ဝန်းကျင်တွင် အသန်မာဆုံး ဖြစ်သည်။
ဟယ်ရန်စွန်းက တုန်ခါသွားပြီး လေးစားစွာ ဦးညွတ်လိုက်သည်။
ကျွမ်းကျင်သူတစ်ယောက်ကို လေးစားမှုပြပေးရမည်။
“သခင်လေးဟယ်လား”
စွန်းပင်းက ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
“အရင်က ယုထောင်မြို့ပျက်မှာ မင်းအဖေနဲ့အတူ တိုက်ခိုက်ခဲ့သေးတယ်”
သူ့စကားကြောင့် ဟယ်ရန်စွန်းက ခေါင်းမော့ကြည့်သည်။
“နောက်ပိုင်းမှာ သူက ပျောက်ကွယ်သွားတယ်။ နှမြောစရာပဲ။ သူ့အရည်အချင်းနဲ့ဆိုရင် အခုအချိန်မှာ အနည်းဆုံး အဆင့်ခြောက်ချပ်ဝတ်သခင် ဖြစ်နေလိမ့်မယ်”
စွန်းပင်းက ပြောလိုက်ပြီး နှစ်ပေရှည်လျားသော သစ်သားသေတ္တာတစ်လုံးကို ထုတ်ပေးသည်။
“ဒါက အဆင့်လေးဓားမော့ပဲ။ မင်းအတွက် လက်ဆောင်ပါ”
အဆင့်လေးဓားမော့သည် တန်ဖိုးရှိသည်။
အဆင့်လေးချပ်ဝတ်နှင့် မယှဉ်နိုင်သော်လည်း အဆင့်သုံးချပ်ဝတ်၊ ရုပ်သေးရုပ်များနှင့် ယှဉ်နိုင်သည်။
ဟယ်ရန်စွန်းက ဟန်မူယဲ့ကို လှည့်ကြည့်သည်။ ဟန်မူယဲ့၏ တည်ငြိမ်သောမျက်နှာထားကို မြင်ရသောအခါတွင် သူက ခေါင်းညိတ်ပြီး လက်ခံလိုက်သည်။
ထို့နောက် စွန်းပင်းက ဟန်မူယဲ့ကို ကြည့်သည်။
“ဆရာဟန်၊ ကျွန်တော့်ရဲ့ချပ်ဝတ်ကို စစ်ဆေးပေးလို့ရမလား”
ထင်ထားသည့်အတိုင်း သူ့မှာ တောင်းဆိုချက်တစ်ခု ရှိနေသည်။
မေပယ်တောအုပ်မြို့၏ နံပတ်တစ်ကျွမ်းကျင်သူက ဟယ်ရန်စွန်းကို လက်ဆောင်ပေးရန် ရောက်လာခြင်းမဟုတ်ပေ။
သူက ဆရာဟန်ကို လာတွေ့ခဲ့သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်မြှောက်ပြသည်။
“အထဲကိုကြွပါ”
ဟန်မူယဲ့က ပန်းပဲဆရာတစ်ယောက် ဖြစ်သောကြောင့် ပန်းပဲဆရာ၏အလုပ်ကို လုပ်ရမည်။
ရုပ်သေးရုပ်နှင့် ချပ်ဝတ်ကို ပြုပြင်သော လုပ်ငန်းသည် အကျိုးအမြတ်များသည်။
စွန်းပင်းက အခန်းထဲသို့ ရောက်လာပြီး အနက်ရောင်သန်းနေသော ချပ်ဝတ်သံမဏိပြားကို ဟန်မူယဲ့ဆီသို့ ပေးလိုက်သည်။
ဟန်မူယဲ့က သံမဏိပြားကို ယူလိုက်ပြီး စွမ်းအင်ထည့်သွင်းသည်။ အသံတစ်ချက်နှင့်အတူ ချပ်ဝတ်တစ်ခု ဖြစ်တည်လာသည်။
အနက်ရောင်ကြေးခွံများသည် ချပ်ဝတ်ကို လွှမ်းခြုံထားသည်။ မျက်နှာကို ရွှေနက်ချည်မျှင်များဖြင့် ဖုံးအုပ်ပြီး ပခုံးနှင့်လက်မောင်းတွင် သားရဲများ၏ပုံစံကို မြင်နိုင်သည်။
ရင်ဘတ်တွင် အပေါက်ကြီးတစ်ပေါက် ရှိနေသည်။
စွန်းပင်က ကိုယ်ပိုင်ချပ်ဝတ်ကို ပြုပြင်ချင်သည်ဟု ဟန်မူယဲ့က ထင်ခဲ့သည်။ သို့သော် ထိုသို့မဟုတ်ပေ။
ဟန်မူယဲ့က ချပ်ဝတ်ပေါ်တွင် လက်တင်ထားပြီး မျက်လုံးများ တောက်ပလာသည်။
“ရှေးခေတ်ကနေ ဆင်းသက်လာတဲ့ ချပ်ဝတ်ပဲ။ သားရဲဝိညာဉ်ကို ထည့်သွင်းထားတယ်”
“ဒီချပ်ဝတ်က လေနဲ့မီးစွမ်းအားကို ပိုင်ဆိုင်တယ်။ ခွန်အားက မျှတပေမဲ့ တိုက်ခိုက်နိုင်စွမ်းက ခုခံနိုင်စွမ်းထက် နည်းနည်းပိုသာတယ်။ အမြန်နှုန်းမှာတော့ လိုအပ်ချက်ရှိတယ်”
“ဒီချပ်ဝတ်ရဲ့ ရင်ဘတ်သံမဏိပြားကို ထန်ယွမ်ရွှေ၊ ဖူယွမ်မီးကျောက်နဲ့ ပြုလုပ်ထားတယ်။ ပြီးတော့ လေပွေမျောက်ရဲ့ဝိညာဉ်ကို ထည့်သွင်းထားတယ်။ ဒါပေမဲ့ သားရဲဝိညာဉ်က ပျက်စီးသွားပြီ။ ချပ်ဝတ်က ခုခံနိုင်စွမ်း မရှိတော့ဘူး”
ဟန်မူယဲ့က ညင်သာစွာ ပြောလိုက်သည်။ သို့သော် သူက စိတ်ထဲတွင် မှတ်ဉာဏ်များကို မြင်နေရသည်။
ထိုချပ်ဝတ်ကို အများအပြားထုတ်လုပ်ပြီး အသုံးပြုခဲ့သည်။
ထို့ကြောင့် စစ်တပ်တစ်ခု၏ ချပ်ဝတ်ဖြစ်ကြောင်း သိနိုင်သည်။
ထိုချပ်ဝတ်သည် ရှေးခေတ်တွင် ယုထောင်မြို့၏ ရန်သူဖြစ်သော တခြားမြို့တစ်မြို့မှ ဆင်းသက်လာသည်။