← Chapters

အဆုံးမဲ့နန်းတော်

Vol. 009 Ch. 842

အဆုံးမဲ့နန်းတော်

Vol. 009 Ch. 842

တော်ဝင် ကျဲနန်းတော်က ကျင့်ကြံခြင်း အချိန်ကာလတစ်ခုသို့ ရောက်ရှိ သွားခဲ့သည်။

ဟောင်မိသားစု၊ ရေခဲနန်းတော်နှင့် အာခီမီမြို့တို့မှာလည်း တခြားသော အင်အားစုများနှင့်အတူ နန်းတော်သို့ တရားဝင် ပြောင်းရွှေ့ခဲ့ကြပြီး နန်းတော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ကြသည်။

ကောင်းကင်မြေရိုင်း အဆင့်မှ တန်ခိုးရှင် များစွာကလည်း နန်းတော်သို့ ဝင်ရောက် လာခဲ့ကြ၏။ ပြီးခဲ့သည့် တိုက်ပွဲက သူတို့ကိုလည်း စိတ်ဓာတ်များ တက်ကြွစေခဲ့ကာ ယခု တော်ဝင်ကျဲ နန်းတော်က ခေတ်သစ်တစ်ခုကို ဦးဆောင်နိုင်မည်ဟု ယုံကြည် လာခဲ့ကြသည်။

မြေရိုင်းပြည်နယ်ကား ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ် လာနေသည်။ နန်းတော်ကို မဝင်ရောက်ခဲ့သော စီမင်ကလန်နှင့် လူသားကမ္ဘာတို့ ကဲ့သို့သော အင်အားစုများမူကား သီးခြားကဲ့သို့ ဖြစ်လာခဲ့ကြသည်။

ယခု မြေရိုင်းပြည်နယ်က စည်းလုံးသော ခေတ်သစ်တစ်ခုသို့ ရောက်ရှိလာခဲ့ဟန် ရသည်။

ဤသို့သော စည်းလုံး ညီညွတ်မှုက တော်ဝင်စစ်ပွဲမှ ယူဆောင် လာခြင်းလည်း ဖြစ်သည်။

တော်ဝင်ကျဲနန်းတော်က အခက်အခဲ အတားအဆီး တစ်ခုကို ရင်ဆိုင်ရသည့်တိုင် ထိုအရာကပင် သူတို့အား ပိုမို စည်းလုံးစေသည်ဟု ဆိုနိုင်သည်။

နန်းတော်၏ တပည့်များမှာလည်း ပိုမို၍ ကြိုးစားလေ့ကျင့် ကြသည်။ သူတို့က နန်းတော်ထဲတွင် သီးသန့် လေ့ကျင့်ကြသလို ရန်ရှောင်၏ ဦးဆောင်မှုဖြင့် ဝင်္ကပါများကိုလည်း လေ့ကျင့်ကြသည်။ အချို့ကား နန်းတော်ထဲတွင်ပင် ဝင်္ကပါများကို ပြုလုပ်စီရင် နေကြပြီဖြစ်သည်။

ယခင်က တော်ဝင်ကျဲ နန်းတော်ကား အဆင့်မြင့်ဝင်္ကပါ ပညာရှင်များ ကင်းမဲ့ခဲ့သည်။ အရှေ့ဘက်ပြည်နယ်၏ တော်ဝင်မြေများတွင် အားလုံး၌​ အတားအဆီး ဝင်္ကပါများ ရှိကြပေသည်။ ရှန့်ထို တစ်ပါးပင်လျှင် ထိုဝင်္ကပါများကို ဖျက်ဆီးရန် ခက်ခဲပေသည်။

ယခု နန်းတော်တွင်လည်း ဝင်္ကပါ နန်းဆောင်တစ်ခု တည်ဆောက်ပြီးဖြစ်ရာ သူတို့ကလည်း ထိုသို့သော အတားအဆီး ဝင်္ကပါများကို စီရင်ရန် အားထုတ် ကြရမည် ဖြစ်သည်။

မရေမတွက်နိုင်သော လူများက မြေရိုင်းပြည်နယ်၏ အပြောင်းအလဲများကို ပြောဆိုနေကြဆဲ ဖြစ်သည်။ ယခုတွင် ကျုံးကျိုးမြို့၏ စားသောက်ဆိုင်များ တွင်လည်း လူအများက ပြောဆို သောက်စား နေကြသည်။

“တော်ဝင် စစ်ပွဲပြီးနောက် ကောင်းကင်မြေရိုင်း အဆင့်မှာ ရှိတဲ့ ခြေသလုံးအိမ်တိုင် တန်ခိုးရှင် ခြောက်ယောက်က နန်းတော်ကို ဝင်ရောက်ခဲ့တယ်လို့ ကြားတယ်… စစ်ပွဲပြီးနောက် နန်းတော်ရဲ့ အင်အားက ပိုလို့တောင် ကြီးလာမယ်လို့ မထင်ထားဘူး…”

“အင်း … အခု မြေရိုင်းပြည်နယ်ရဲ့ ဦးတည်ချက်က တစ်ခုတည်း ဖြစ်လာတယ်… ဒီစစ်ပွဲက မြေရိုင်းပြည်နယ်ကို လမ်းစဉ်အမှန်သို့ တွန်းပို့ခဲ့တယ်… တစ်နေ့ ရီဖူရှင်းက သူတို့ကို ကျောက်ပြည်ထောင်သို့ ဦးဆောင် ချီတက် နိုင်လိမ့်မယ်လို့ ကျုပ်ယုံတယ်…”

လူအများအပြားက စိတ်အား ထက်သန်စွာ ပြောဆိုနေကြသည်။

စားသောက်ဆိုင် အတွင်း၌ လူသုံးယောက်က တိတ်ဆိတ်စွာ ထိုင်နေကြသည်။ တစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြောသည်… “ကျောက်ပြည်ထောင်က ဘယ်လိုလုပ် ဒီလောက် လွယ်ကူပါ့မလဲ… မြေရိုင်းပြည်နယ်က သူတို့ တိုက်ခိုက်တာကို ခုခံနိုင်တယ် ဆိုပေမဲ့ ကျောက်ပြည်ထောင်ကို သွားတိုက်မယ် ဆိုတာကတော့ အရူးတစ်ယောက်ရဲ့ အိပ်မက်ပဲ ဖြစ်မှာပဲ…”

တစ်ယောက်က သူတို့အား လှမ်းကြည့်ကာ သဘောမကျဟန်ဖြင့် ပြောသည်… “ခင်ဗျားတို့က ဘယ်ကလဲ…”

“သိပ်မပြောနဲ့…” လူသုံးယောက်ထဲက တစ်ယောက်က တီးတိုးပြောသည်။ နောက်တစ်ယောက် ကလည်း နှာခေါင်းရှုံ့ကာ ဘာမှ မပြောတော့ပေ။

ဟူး…

လေပြင်းတစ်ချက် ရိုက်ခတ်သွားကာ စားသောက်ဆိုင်မှ လူများကလည်း ကောင်းကင်ထက်ကို မော့ကြည့်ကြသည်။ ကောင်းကင်ထက် တွင်ကား ဧရာမ နတ်ငှက်ကြီး တစ်ကောင်က အတောင်ပံများကို ဖြန့်ကာ စားသောက်ဆိုင်သို့ စူးရဲစွာ ကြည့်နေသည်ကို မြင်ကြရ၏။

စားပွဲဝိုင်းရှိ လူသုံးယောက်ထဲမှ တစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြောသည်… “နောက်ထပ် နတ်ငှက်တစ်ကောင်…”

သူတို့က နတ်ငှက်များစွာကို မကြာခဏ မြင်တွေ့နေခဲ့ရကာ ထိုနတ်ငှက်ကလည်း တစ်ကောင်တည်း ဖြစ်ကြောင်း မသေချာပေ။ သူတို့က အနီးကပ် တစ်ခါမှ မကြုံခဲ့ဖူးပေ။

သူတို့က မျက်မှောင်ကြုတ် လိုက်ရင်းကပင် တစ်စုံတစ်ယောက်က မကောင်းသော ခံစားချက်များ ရလာသည်။ သူက ရုတ်တရက် ထရပ်ကာ ပြောသည်… “မကောင်းတော့ဘူး…”

တခြား နှစ်ယောက်ကလည်း ဘာဖြစ်နေသည်ကို ရိပ်မိဟန်ရသည်။ သူတို့က လျင်မြန်စွာပင် ထွက်ပြေးရန် ဟန်ပြင်ကြ၏။

ထိုစဉ်မှာပင် လူတစ်ယောက် ကောင်းကင်မှ ဆင်းသက်လာကာ သူတို့၏ပြေးလမ်းကို ပိတ်ဆို့ထားသည်။

“စီနီယာက ဘာလိုချင်ပါသလဲ..” လူသုံးယောက်ထဲမှ တစ်ယောက်က ထိတ်လန့်ဟန်ဖြင့် မေးသည်။

ရောက်လာသူကား သင်္ချိုင်းကုန်း ကျေးရွာ၏ပထမဓားသမား ကျန်ကျောင်း ဖြစ်သည်။

“သေစမ်း…” ကျန်ကျောင်းက ပြောကာ သူ၏ခန္ဓာက ပုံရိပ်ယောင် အသွင်သို့ ပြောင်းသွားသည်။

ဓားစွမ်းအားသုံးခု ဖြစ်ပေါ်လာကာ ချင်ကျောင်း၏ပုံရိပ်က တစ်ဖက်ခြမ်း၌ ပြန်ပေါ်လာ၏။

ထိုတန်ခိုးရှင်များ၏လည်ပင်း၌ သွေးစများ ယိုစိမ့်ထွက်လာသည်။

ဓားတစ်လက်က သူတို့ ပါးစပ်များအား ထာဝရ ပိတ်ဆို့သွားသည်။

တစ်ချိန်တည်းမှာပင် ကျုံကျိုးမြို့၏ တခြားနေရာများတွင်လည်း တူညီသော မြင်ကွင်းများ ဖြစ်ပေါ်လာ၏။ လူအများအပြားမှာ တော်ဝင်ကျဲနန်းတော်မှ ထွက်လာသူများ၏ သတ်ဖြတ်ခြင်းကို ခံရ၏။ သူတို့ မသေဆုံးမီ သိခဲ့ရသည်ကား သူတို့ကို တော်ဝင်ကျဲ နန်းတော်မှ သားရဲများက တစ်ချိန်လုံး စောင့်ကြည့် နေခဲ့ခြင်းပင်။

အသတ်ခံခဲ့ရသူများမှာ ကျောက်ပြည်ထောင်၏ သတင်းပေးများ ဖြစ်ကြသည်။ ကျောက်ပြည်ထောင် စစ်တပ်က အရှေ့ဘက်ပြည်နယ်ကို မပြန်မီ သူလျှို့များစွာကို ချန်ထား ရစ်ခဲ့ပေသည်။

***

ကျောက်ပြည်ထောင်၏ ကောင်းကင်ထက်တွင် သားရဲတစ်ကောင်စ နှစ်ကောင်စကို ကောင်းကင်ထက်၌​ ပျံသန်းနေသည်ကို မြင်တွေ့ရသည်။ တစ်ကောင်မှ ရှီအဆင့်ရှိ သားရဲဖြစ်သည်။

အဆုံးမဲ့နန်းတော်ကား ကျောက်ပြည်ထောင် တော်ဝင်နန်းတော်နှင့် အလွန် ဝေးကွာသော အရပ်၌​ ရှိပေသည်။

အဆုံးမဲ့နန်းတော် တည်ဆောက်ထားရာ နေရာကား တောင်ကုန်း တောင်တန်းများ ပေါများကာ အဆောက်အဦများမှာလည်း ကြီးကျယ် ခမ်းနားပေသည်။

အဆုံးမဲ့နန်းတော်မှ လူများမှာလည်း ကျောက်ပြည်ထောင်၌ မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ကာ တော်ဝင် မိသားစုများကပင် အလေးအနက် ထားရပေသည်။

အဆုံးမဲ့နန်းတော် သခင်ကိုယ်တိုင် ပြည်နယ်ကိုးခု ရှီအဆင့်တွင် ပါဝင်သူဖြစ်သည်။

ယခု လူတစ်စုက အဆုံးမဲ့နန်းတော်သို့ ချီတက်နေကြသည်။

“ဘယ်သူလဲ…” နန်းတော် အပြင်ဘက်မှ လူတစ်ယောက်က တားဆီးလိုက်သည်။ သူကား အဆုံးမဲ့နန်းတော်မှ ရှီတန်ခိုးရှင် တစ်ယောက် ဖြစ်သည်။ သူ့ဘေးတွင်လည်း တခြား တန်ခိုးရှင် အချို့ရှိနေသည်။ သူက အဝေးမှ ပျံသန်းလာသော လူစုအား မြင်သည်။

ထိုလူစုက သာမန် မဟုတ်သည်ကို သူခံစားမိသည်။

“သူ့ကို သတ်လိုက်…” အသံတစ်သံ ထွက်လာသည်။ ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းသော ဓားအားလှိုင်းတစ်ခု သူ့ထံကို ပျံ့လွင့်လာ၏။ ရှီတန်ခိုးရှင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားကာ နောက်ဆုတ်သည်။

သို့သော်လည်း အလင်းဓား တစ်ချက်က သူ့ထံကို ရိုက်ခတ်လာသည် ကိုသာ မြင်လိုက်ရသည်။ အလင်းဓားက မြန်ဆန်စွာပင် ပျောက်ကွယ်သွားပြီး သူက မည်သည့် နာကျင်မှုကိုမှလည်း မခံစားလိုက်ရပေ။

ဖူး…

သူ၏နဖူးမှ သွေးနီတန်းတစ်ခု ဖြစ်ပေါ်လာကာ သူ၏ခန္ဓာကိုယ်က မြေပြင်ပေါ်ကို ကျဆင်းသွားသည်။ သူ့ဘေးမှ နိုဘယ်တစ်ယောက်၏ အမူအရာက အလွန်အမင်း ပျက်ယွင်းသွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်… “ရန်သူ…”

အသံက လေဟာနယ်ကို ဖြတ်သန်းလျက် နန်းတော် အတွင်းသို့ အထိ ရောက်ရှိသွားသည်။ ချက်ချင်းပင် လေထဲကို ရှီတန်ခိုးရှင်များ တက်ရောက် လာခဲ့ကြကာ နန်းတော်အ၏ ရံအတားဝင်္ကပါများကလည်း ထွက်ပေါ် လာခဲ့သည်။

တစ်စုံတစ်ယောက်က နန်းတော်ကို ကျူးကျော် လာသည်လား။

ကောင်းကင်ထက်ကို တက်လာသူများက တစ်ဖက်အုပ်စုကို လှမ်းကြည့်ကြသည်။

“ကျန်ကျောင်း… မင်းက တစ်ယောက်ကို မြန်မြန်ပဲ သတ်လိုက်လို့ မရဘူးလား…” ကျန်ကျောင်းဘေးမှ​ မီးခိုးရောင်ဝတ်လူက ပြောသည်။

“ကောင်းပြီ…” ကျန်ကျောင်းက ခေါင်းညိတ်သည်။ ထို့နောက်တွင် ဘေးမှ လူနှစ်ယောက်က ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲ သွားကြသည်။

“သူတို့က တော်ဝင်ကျဲနန်းတော်က လူတွေပဲ…” အဆုံးမဲ့နန်းတော်မှ တစ်ယောက်က ရောက်လာသော အုပ်စုအား မှတ်မိဟန်ဖြင့် ပြောသည်။ သူကား မြေရိုင်းပြည်နယ်သို့ သွားရောက် တိုက်ခိုက်စဉ်က ပါဝင်ခဲ့သူဖြစ်သည်။ သူ၏ အမူအရာများက အကြီးအကျယ် ပျက်ယွင်းသွားသည်။

“မြေရိုင်းပြည်နယ်က လူတွေ ကျူးကျော် လာကြတယ်…” သူ၏အသံက လေဟာနယ်ကို ပျံ့လွင့်သွားသည်။ ထိုစဉ်မှာပင် အလင်းတစ်ချက်က ရိုက်ခတ်သွားပြီး ထိုလူ၏မျက်လုံးက ပြူးကျယ် သွားသည်။ ထို့နောက်တွင် အသက်မဲ့သော ခန္ဓာက မြေပြင်သို့ ကျဆင်း သွားတော့၏။

ကျန်ကျောင်းကား အာကာသဓားပညာကို အထူးပြု လေ့ကျင့်သူဖြစ်သည်။ သူက အာကသ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်စွမ်း ရှိကာ ကြောက်မက်ဖွယ် ကောင်းအောင် မြန်ဆန်သူဖြစ်သည်။ သူကား သင်္ချိုင်းကုန်း ကျေးရွာ၌​ ကျေးရွာ ခေါင်းဆောင်ပြီးလျှင် အစွမ်းဆုံးလည်း ဖြစ်၏။

ရွှေရောင်အလင်းက ကောင်းကင်ထက်ကို တိုးတက်သွားသည်။ နောက်မှ လိုက်ပါလာသည်ကား ကြောက်မက်ဖွယ်ကောင်းသော ဓားအသိ ဖြစ်သည်။

“အတင့်ရဲတယ်…” ကျယ်လောင်သော အသံတစ်သံအား ကြားရသည်။ တောင်ထိပ် တစ်နေရာ၌ ကြီးမြတ်သော ပုဂ္ဂိုလ်ကြီး တစ်ယောက် ရပ်နေသည်။ သူကား အဆုံးမဲ့ နန်းတော်သခင် ဝူလျန်ဖြစ်သည်။

အဆုံးမဲ့ခန္ဓာက ချက်ချင်း အသက်ဝင် လာသည်။ သူ၏ အရှိန်အဝါကြီးသော ပုံစံက ပြိုင်ဘက်ကင်း၏။ သူက လက်ကို မြှောက်လိုက်သည်တွင် အဆုံးမဲ့ဓားရတနာ ဖြစ်ပေါ်လာကာ ထောင်ပေါင်း များစွာသော ဓားပုံရိပ်များ ဖြစ်တည်လာသည်။ သူက ဓားကို ရှေ့သို့ ညွှန်ကြားလိုက်သည်တွင် အဆုံးမဲ့ဓားများက လေဟာနယ်ကို ခွင်းလျက် ချင်ကျောင်းနှင့် စုရှမ်းထံသို့ ဦးတည်လာသည်။

ဝူလျန်၏အမူအရာက အလွန်အမင်း အေးစက်နေသည်။ မြေရိုင်းပြည်နယ်မှ လူများက အဆုံးမဲ့နန်းတော်ကို လာရောက် တိုက်ခိုက်ရဲသည်။ အလွန် အတင့်ရဲ၏။

သူ့ဘေးတွင် များစွာသော ထိပ်သီး ရှီတန်ခိုးရှင်များ ပေါ်လာသည်။ သူတို့အားလုံးက ရှီအဆင့် အမြင့်ဆုံး၌ ရှိကြ၏။

အဆုံးမဲ့ နန်းတော်ကား ကျောက်ပြည်ထောင်၏နံပါတ်တစ် အင်အားစု ဖြစ်သည်။

ကျန်ကျောင်းက အဆုံးမဲ့ဓားပုံရိပ်များ ဝင်လာသည်ကို မြင်လျှင် လက်ဆန့်တန်း လိုက်သည်။ ချက်ချင်းပင် အလွန်ကြီးမားသော ရွှေဓားကြီးတစ်လက် ပေါ်လာသည်။ ရွှေဓားကြီးက အဆုံးမဲ့ဓားများအား ဖြတ်သန်း သွားကာ ကောင်းကင်ထက်၌ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။

“အာကာသဓားပညာ…” အဆုံးမဲ့ ဓားနန်းတော်မှ လူများအားလုံးက ကျန်ကျောင်း၏ စွမ်းရည်ကို ခံစားမိကြသည်။ တော်ဝင်ကျဲ နန်းတော် အပြင်ဘက် တိုက်ပွဲ၌​ သူတို့က အားလုံး၏ စွမ်းရည်များကို မြင်တွေ့ခဲ့ခြင်း မရှိခဲ့ကြပေ။ ယခု ကျန်ကျောင်း၏ စွမ်းရည်က သူတို့အားလုံးကို ထိတ်လန့်စေခဲ့သည်။

“စွမ်းအင်စည်း…” ဝူလျန်က အော်ဟစ် လိုက်သည်တွင် မရေမတွက်နိုင်သော အဆုံးမဲ့နန်းတော် တန်ခိုးရှင်များ သူ့ထံကို ရောက်လာကြသည်။ သူတို့အားလုံးထံမှ တူညီသော စွမ်းရည်များ ဖြစ်ပေါ် လာကြသည်။

ရှီနှင့်ရှန့်ထိုအဆင့် ဇယား၌ ပါဝင်သော ဝူလျန်ပင် မြေရိုင်းပြည်နယ်မှ လူများကို ရင်ဆိုင်ရာတွင် လျှော့မတွက်ရဲကြောင်း ထင်ရှားပေသည်။

စစ်ပွဲနေ့က သူကား မြေရိုင်းပြည်နယ်မှ လူများ၏ ပြင်းပြသော စိတ်ဓာတ်နှင့် စွမ်းရည်တို့ကို  မြင်တွေ့ခဲ့ရသည်။ သူကိုယ်တိုင်ပင် ပြင်းထန်သော ဒဏ်ရာများဖြင့် ပြန်လာခဲ့ရ၏။

သူ့ရှေ့မှ ဓားသမားများက ဓားဝင်္ကပါတစ်ခု ဖွဲ့စည်းထားကြသည်။ သူက ရန်သူကို အထင်သေး၍​ မရပေ။

“ယန်ဟောင်… တိုက်ခိုက်ရေး ဝင်္ကပါကို မင်းထိန်းပါ…” ဓားမိစ္ဆာက ဘေးမှ ယန်ဟောင်ကို ပြောသည်။ သူတို့တွင် အဆုံးမဲ့နန်းတော်မှ လူများနှင့် ရင်ဆိုင်ရန် လူများ လုံလုံလောက်လောက် ပါသည်။

အားလုံးပေါင်း ဓားသမားကိုးယောက်နှင့် သိုင်းပညာရှင် သုံးဆယ့်ခြောက်ယောက် ပါ၏။

“ကောင်းပြီ…” ယန်ဟောင်က ခေါင်းညိတ်သည်။ ဓားအလင်းကိုးခုက ကောင်းကင်ထက်ကို မြင့်တက် သွားသည်ကို သူမြင်သည်။ လှပသော ဓားတစ်လက်က ကောင်းကင်ထက်တွင် ဖြစ်ပေါ်လာကာ ဓားသမား ကိုးယောက်က ထိုဓားပေါ်၌ ရပ်နေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့အနီး၌ မရေမတွက်နိုင်သော အဆင့်မြင့် ရှီလက်နက်များ ဖြစ်ပေါ်လာ၏။

တစ်ချိန်တည်းမှာပင် လူကိုးယောက်၏ အနောက်၌ ဧရာမကြီးမားသော ဓားတစ်လက် ဖြစ်ပေါ်လာကာ အလင်းဓားများအား ဝါးမျိုသွားသည်။

ချင်ကျောင်းကား ဓားဝင်္ကပါ၏အလယ်၌ နတ်ဘုရားဓားကို ဆုပ်ကိုင်ထားသည်။

သူတို့ရှေ့တွင်ကား ဧရာမကြီးမားသော အာကာသဓား ပေါ်လာသည်။ စူးရှသော အလင်းနှင့်အတူ ဧရာမဓားက လေဟာနယ်ကို ခွင်းလျက် ဆင်းသက်လာသည်။ ဓား၏အရှိန်အဝါကို ခံစားမိကာ အဆုံးမဲ့နန်းတော်မှ လူများ၏ အမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့က မကောင်းသော ခံစားချက်များ ရလာကြသည်။

***

All Chapters