အခန်း (၆၄၁)
Vol. 47 Ch. 641
ဒီတိုက်ပွဲမှာ ရှုံးနိမ့်မှုဆိုတာ မရှိစေရဘူး..
“ အရှေ့မြေရိုင်းမျှော်စင်အတွက် သွေးနီရောင်အလင်းတန်းက လီဆယ်သန်းကျော်ထိ ဖြာကျအောင်လုပ်ဖို့ ရက်ပေါင်းတစ်ထောင်သာလိုတော့တယ်...အချိန် ဆွဲလာလေလေ အင်မော်တယ်တွေအတွက် ပိုပြီး ဆိုးရွားလေလေပဲ.. ဆိုလိုတာက မာန်မျိုးနွယ်စုတွေအတွက် မဟာအခွင့်အရေးကြီးပဲ...”
‘အဲဒါကြောင့် ကျီအန်းက နတ်ဆိုးဂိုဏ်းနဲ့ တခြားဂိုဏ်းအားလုံးကြား တိုက်ပွဲကို စတင်ဖို့ အလျင်လိုနေပြီး ဒါက တခြားဂိုဏ်းတွေရဲ့ ရည်ရွယ်ချက်လည်း ဖြစ်ရမယ်.. တိုက်ပွဲတစ်ခုတည်းနဲ့ ဘယ်သူက အနိုင်ရမယ်၊ ရှုံးမယ်ဆိုတာ ဆုံးဖြတ်ချင်ကြတယ်..”
‘ယင်မရဏဒေသရဲ့ နောက်ကွယ်မှာ အပေးအယူပုံစံတချို့ ရှိနေတာ ဖြစ်နိုင်တယ်..ဒီတိုက်ပွဲမှာ ဘယ်သူတွေက ရှေ့ရောက်မလဲ.. ဘယ်သူတွေက နောက်ကျမလဲ.. ဘယ်သူတွေကအရှေ့မြေရိုင်းနယ် မြေမျှော်စင်ထဲကို ဝင်နိုင်မှာလဲ...”
စုမင်က အခြေအနေကို စပြီး ခွဲခြမ်းစိတ်ဖြာရင်း သူ့မျက်လုံးများတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ သူ၏ ခန့်မှန်းချက်များအတွက် ခိုင်မာသော အထောက်အထား မရှိနိုင်သော်လည်း အမှန်တရားနှင့်တော့ နီးစပ် လေသည်။ နောက်ဆုံးတွင် ၎င်းက အရှေ့မြေရိုင်းမျှော်စင်အတွက် မာန်နတ်ဘုရားသခင် ထားရှိခဲ့သည့် အစီအစဉ်ကို ဖြေရှင်းနိုင်သည့် နည်းလမ်းအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။
‘ဒီတိုက်ပွဲရဲ့ အဓိကအပိုင်းကတော့ တိထျန်းရဲ့ ကိုယ်ပွားနှစ်ခုနဲ့ကျီအန်း ကိုယ်တိုင် တိုက်ပွဲပဲ...ပြီးတော့ တခြားဂိုဏ်းနဲ့အင်မော်တယ်ဂိုဏ်းက တပည့်တွေကြား တိုက်ပွဲဖြစ်လာမှာပဲ..”
‘ဒါပေမဲ့ ကျီအန်းက ဒီတိုက်ပွဲကို ဆင်နွှဲဝံ့တဲ့အတွက် သူ့မှာ ယုံကြည်မှု တစ်ခုခုတော့ ရှိရမယ်.. ဒီလိုဆိုရင်… တိထျန်း မင်းသေရမှာပဲ..”
စုမင်၏ မျက်လုံးများရှိသတ်ဖြတ်လိုစိတ်များက ပိုမိုတောက်ပလာခဲ့သည်။ သူက တိထျန်းကို သတ်ချင်သော်လည်း သူ၏ ကျင့်ကြံမှုအဆင့်နှင့် တိထျန်း၏ ကြီးမားသောစွမ်းအားကိုယှဉ်လျှင်
သူ့ဆန္ဒကို ပြည့်ဝရန် ခက်ခဲလေသည်။
သို့ပေမဲ့ တိထျန်းမသေလျှင် သူ
မာန်စိတ်ဝိညာဥ်နယ်ပယ်သို့ရောက်ရန် မဖြစ်နိုင်ပေ။ ထို့အတွက်ကြောင့် တိထျန်းကို သတ်လိုသော ဆန္ဒက ပို၍ ပြင်းထန်လာသည်။
‘ငါက မင်းနဲ့ထိပ်တိုက်ရင်ဆိုင်ရရင် မင်းရဲ့ပြိုင်ဘက်မဟုတ်ပေမဲ့ နတ်ဆိုးဂိုဏ်းကကျင့်ကြံသူတွေနဲ့ ရောနှောနေမယ်ဆိုရင်… ဒါပေမဲ့ မင်း ကျီအန်းနဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲအတွင်းမှာ အလစ်ဝင်မတိုက်ခိုက် သေးဘူး.... မင်းတို့တိုက်ပွဲပြီးသွားရင်မင်းကိုသတ်ဖို့အခွင့်အရေးက အမြင့်ဆုံးဖြစ်နိုင်ချေအဆင့်အထိ တိုးလာလိမ့်မယ်...”
“နတ်ဆိုးဂိုဏ်းက ကျီအန်းက အဲ့ဒီ့ပြည့်စုံတဲ့အခွင့်အရေးကို လုံးဝလက်လွှတ်မှာ မဟုတ်ဘူး...”
စုမင်က သူ့နှလုံးသားထဲ အေးစက်စွာ ရယ်မောလိုက်သည်။ သူ့ခေါင်းထဲမှာ ထိုအတွေးကို အသေအချာ တွေးတောပြီးသည့်နောက်မှာတော့ သူ့မျက်နှာမှာ ခိုင်မာသော အကြည့်တစ်ခု ပေါ်လာသည်။
“မင်း ကြီးမားတဲ့ ကောင်းကင်ဝါးမျိုအစီအရင်ကို အသက်သွင်းတဲ့အခါ ဘယ်သူမှ မင်းရဲ့ ပြဿနာတွေကို မမြင်နိုင်စးစေရဘူး.. မင်းအနားမှာ ရှိနေမယ်...နောက်နှစ်ရက်လောက်ကြာလို့ မင်းထွက်သွားတဲ့အခါ ငါ မင်းနဲ့အတူ လိုက်သွားပြီး အဲဒီအင်မော်တယ်ဂိုဏ်းတွေကို တိုက်ခိုက်မယ်...”
စုမင်က လက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ပေါင်ချိုးကို ဂရုမစိုက်တော့ဘဲ ခြေတစ်လှမ်းမှ လှမ်းကာ ခန်းမထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ပေါင်ချိုးက သူ့မျက်နှာကို ထိတ်လန့်တကြားကြည့်ရင်း ခန်းမထဲမှာ ကျန်နေခဲ့သည် ။ ခဏအကြာတွင် သူမ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာသော်လည်း မကြာမီ သူမ တစ်ခုခုကို သတိရသွားပုံရသည်။ တုန်လှုပ်ချောက်ချားစရာပုံရိပ်တစ်ခုက သူမခန္ဓာကိုယ်ကို ဖြတ်ပြေးသွားလေသည်။ သူမ ခန်းမအဝင်ပေါက်ကို လှမ်းကြည့်ရင်း အသက်ရှုသံများ အရှိန်ပြင်းလာသည်။ အချိန်အတော်ကြာပြီးနောက် သူမ ပြန်လည်ကောင်းမွန်လာခဲ့သည်။
‘တိထျန်း နဲ့ ကံကြမ္မာ အကြောင်း ကောလဟာလတွေက တကယ်ဖြစ်နိုင်ပါ့မလား..”
“ တိထျန်းရဲ့စွမ်းအားနဲ့ဆို.
သူ၏ကိုယ်ပွားနှစ်ယောက်က ကျီအန်းကို တိုက်ခိုက်နေတုန်း သူ့ကို ချုံခိုတိုက်ခိုက်မဲ့သူကို အကဲဖြတ်ရန် သိပ်မခက်ခဲလောက်ဘူး..”
“စွမ်းအားကြီးနယ်ပယ်မှာရှိတဲ့အင်မော်တယ်ဆိုရင်တောင်..သူ့အတွက်အသုံးမဝင်ဘူး.. ဒါဆို သူက ကျီအန်းကို ထိုးစစ်ဆင်ဖို့ အခွင့်အရေးနည်းနည်းပဲပေးလောက်တယ်..”
“တကယ်လို့စွမ်းအားကြီးနယ်ပယ်မှာရှိတဲ့ အဆင့်နိမ့်တဲ့အင်မော်တယ်ဆိုရင် တိထျန်းမျက်လုံးထဲ ပုရွက်ဆိတ်သာသာပဲ.. စွမ်းအားကြီးနယ်ပယ်ထက်သာလွန်တယ်.. တိထျန်းရဲ့ကိုယ်ပွားထဲမှ တစ် ယောက်ကိုတိုက်ခိုက်နိုင်ရင်တော့..ကျီအန်းအတွက်လည်း ပိုကောင်းသွားတာပေါ့..”
စုမင်က ကြီးမားသောစွမ်းအားကို မပိုင်ဆိုင်သေးပေ။ ပို၍တိကျစွာပြောရလျှင် သူက ဤစွမ်းအားကို အနည်းငယ်ရရှိထားသော်လည်း ကျီအန်းနှင့်နှိုင်းယှဉ်ပါက ပိုကောင်းသည်မှာ သူက တိထျန်း ၏စွမ်းရည်များနှင့် ရင်းနှီးနေခြင်းဖြစ်သည်။ ဟုန်လော့က သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး တိထျန်းကို တိုက်ခိုက်ခဲ့သည်။ဟုန်လော့ပျောက်ကွယ်သွားပြီးနောက် စုမင်က တိထျန်းကိုယ်ပွားတစ်ယောက်ကို သတ်ပစ်ရန်ကြိုးစားခဲ့သည်။
အမှန်မှာ လွန်ခဲ့သောနှစ်အနည်းငယ်ကပင် စုမင်က မရဏပင်လယ်ရှိ တိထျန်း၏ကိုယ်ပွားများထဲမှတစ်ဦးနှင့် ထိတ်လန့်တုန်လှုပ်ဖွယ်တိုက်ပွဲတစ်ခုတွင် ပါဝင်ခဲ့ဖူးသည်။ ထိုတိုက်ပွဲတွင် စုမင်က လွတ်မြောက်ရန် အဘိုးအို၏သစ်သားပုလွေသံစဉ် အကူအညီကို လိုအပ်နေပေမည်။ သို့သော် သူက တိထျန်း၏ကိုယ်ပွားကို သနားစရာကောင်းသောအခြေအနေသို့ အရောက်ပို့နိုင်ခဲ့သည်။
စုမင်က တိထျန်းနှင့် တိုက်ပွဲ သုံးခုစလုံးတွင် မသေခဲ့ဘဲ ယခု သူ စတုတ္ထမြောက်တိုက်ပွဲကို စတင်တော့မည် ဖြစ်သည်။
‘ဒီတိုက်ပွဲ အောင်မြင်မှုအတွက် ငါ ကျီအန်းကို အားကိုးလို့ မရဘူး...’
စုမင်ကမြစ်တစ် ထောင်ချိုင့်ဝှမ်းအစွန်းတွင် ပေါ်လာသည်။ ဤနေရာက ပြင်ပဂိုဏ်းဝင် တပည့်အများစု စုဝေးရာနေရာဖြစ်သည်။ သူက ထိုလူများနှင့်အနည်းငယ် ပိုဝေးသောနေရာကိုရှာပြီး အတွေးထဲ နစ်မွန်းနေခဲ့သည်။
သူ သိုလှောင်အိတ်ကို ထိလိုက်သည်။ လွန်ခဲ့သည့်နှစ်များတစ်လျှောက်လုံး မာန်နတ်ဘုရား၏ ဆူးတင်းပုတ်ကို အသုံးပြုခဲ့သည်။ ဆက်လက်အသုံးပြုနိုင်သော်လည်း ယခင်ကနှင့် နှိုင်းယှဉ်ပါက ဤအချိန်ကို ပိုမိုသတိထားရမည်ဖြစ်သည်။
စုမင်၏ မျက်လုံးများတွင် အလင်းရောင် တဖျပ်ဖျပ် လင်းလက်လာပြီး သိုလှောင်အိတ်ကို ညာလက်ဖြင့် ပွတ်သပ်လိုက်သည်။ မှောင်အလင်းတန်းတစ်ခု ပေါ်လာပြီး စုမင်၏ပါးစပ်ထဲသို့ ချက်ချင်း ဝင်ရောက် ပျောက်ကွယ်သွားလေသည်။ ၎င်းက သူ့ခန္ဓာကိုယ်ထဲတွင် အာဟာရဓာတ်များ ချက်ချင်းရရှိလာသည်။ ထိုအလင်းတွင် ဆူးတင်းပုတ်ပါ၀င်သည် ။
‘အဲဒီတိုက်ပွဲအတွင်းမှာ ငါ့ရဲ့ ထူးဆန်းတဲ့ ရတနာတွေအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်… ငါ အခုချိန်ထိ အသုံးချနိုင်တဲ့ တစ်ခုတည်းသော အရာကတော့ အရှေ့မြေရိုင်းနယ်မြေခေါင်းလောင်း မှ စုပ်ယူထားတဲ့ ဟန်တောင်တန်း ခေါင်းလောင်းကြီးရဲ့ စွမ်းအားပါပဲ..ဒီ အချက်ကြောင့် ခေါင်းလောင်းရဲ့စွမ်းအားက အလွန်ကြီးမားစွာ တိုးလာတာပဲ..
‘ပြီးတော့ တိထျန်း အင်မတန်သတိထားနေခဲ့တဲ့ မြင့်မြတ်တဲ့လျှပ်စီးစွမ်းအားပဲ..”
စုမင်၏ မျက်လုံးများ တောက်ပလာသည်။ ထိုနေ့က ဆေးဒယ်အိုးကိုးလုံးမှ ပေါက်ထွက်ခဲ့သော ပြင်းထန်သော စွမ်းအားက ယနေ့အထိ သူ မမေ့နိုင်သေးသည့် အရာတစ်ခုဖြစ်သည်။
‘ဒီ့အပြင်..အရင်က တိထျန်းရဲ့ ကိုယ်ပွားကို မမြင်ဖူးသေးတဲ့ နတ်ဘုရားစွမ်းရည်သုံးခုရှိသေးတယ်..အသုံးဝင်မှာတော့ အသေအချာပဲ...”
စုမင်က တိတ်ဆိတ်နေရင်း သူတတ်မြောက်သော ကျစ်ထုံးမှတ်တမ်းစွမ်းရည်ကို ပထမဆုံးတွေးမိသည်။
‘ဒီစွမ်းရည်ကို သရုပ်ဖော်ဖို့ တိထျန်း ရဲ့ ဆံပင် ဒါမှမဟုတ် သူ့ကိုယ်ပိုင် ပိုင်ဆိုင်မှုတစ်ခု လိုအပ်တာ ပဲ... “
စုမင်၏ မျက်လုံးများ ကျဉ်းမြောင်းလာသည်။ သူ့ခေါင်းထဲ အတွေးတစ်ခုက ပေါ်လာလေသည်။
သူ့ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည်နှင့်အမျှ စုမင်၏ နှလုံးသားက ချက်ချင်းပင် မြန်ဆန်လာပြီး သူ့ရင်ဘတ်ကို တဒိတ်ဒိတ်ဖြစ်သွားစေသည်။
‘သူ့ဆံပင်နဲ့ သူ့ကိုယ်ပိုင်ပစ္စည်းတွေကို ငါမလိုအပ်ဘူး... တိထျန်းရဲ့စိတ်က တစ်ခုခုမှာရှိနေပြီး သူနဲ့ နီးကပ်နေသမျှတော့ ငါသုံးနိုင်မှာပါ...”
‘အဲ့ဒါက လူတစ်ယောက်ဖြစ်နေရင်တောင် ငါသုံးလို့ရသေးတယ်..အဲဒီလူက တိထျန်းနဲ့ ရင်းနှီးတဲ့သူတစ်ယောက်ဖြစ်ပြီး သူနဲ့ စိတ်ပိုင်းဆိုင်ရာအရ ချိတ်ဆက်နေသရွေ့တော့ ငါလုပ်နိုင်မှာပါ...’
စုမင်၏ နှုတ်ခမ်းပေါ်တွင် အေးစက်သော လှောင်ရယ်သံတစ်ခု ပေါ်လာသည် ။ သူသည် တိထျန်း၏ကျွန်( လက်ထောက်)ကို သတိရနေခဲ့သည်။
ယင်ကိုးပါးလောကရှိဝတ်ရုံနက်အဘိုးအို၏ပစ္စည်းတစ်ခုက စုမင် လက်ထဲတွင် ရှိနေသေးသည်။ မူလက သူက ထိုအဘိုးအို၏ပါးစပ်မှ ကံကြမ္မာ အကြောင်း သင်ယူလိုခဲ့သည်။ ယခုအခါ တိထျန်း နှင့် ပတ်သက်၍ သူ၏ ကြံစည်မှုတွင် အကောင်းဆုံးဖြစ်နိုင်ချေရှိသော ကိရိယာဖြစ်လာမည်ဖြစ်သည်။
‘ဒီလူက တိထျန်းရဲ့ ကျွန်ဖြစ်ပြီး ငါ့ကို စောင့်ကြည့်ဖို့ ဒီကို ပို့လိုက်တာ ရှင်းပါတယ်.. သူက ယုံကြည်ရတဲ့ လက်အောက်ငယ်သားပါ... သူက တိထျန်း နဲ့လည်း ပြောဆိုဆက်ဆံနိုင်တယ်.. အရင်တုန်းက တိထျန်း ရဲ့ ကိုယ်ပွားတွေက သူ့ကို ကာကွယ်ပေးတယ်.. အဲဒါကြောင့်… ဒီလူက တိထျန်းနဲ့ သေချာပေါက် စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်နေတယ်...’
ထိုသို့သော အတွေးများကြားတွင် စုမင်က အေးစက်စွာ ရယ်မောလိုက်သည်။
‘တ်ထျန်း မင်းက ငါ့အပေါ် ချိပ်တံဆိပ်ခတ်ထားတယ်..ငါမာန်စိတ်ဝိညာဉ်နယ်ပယ်ကြိုးစားတာကိုလည်း လိုက်ပိတ်ပင်တယ်..ဒီနေ့ ဒီ ကျစ်ထုံးစွမ်းရည်ကို သုံးပြီးတော့ မင်းစိုက်တဲ့အသီး မင်းပြန်ရုပ်သိမ်းပေတော့...”
စုမင်၏ မျက်လုံးများတွင် ရက်စက်သော အကြည့်တစ်ခု ပေါ်လာသော်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
‘ ယင်အသူရာမရဏချိပ်တံဆိပ် ခုနစ်ခုလည်း ရှိတယ်..ဒါက ရှန်းတုန်ရဲ့မြင့်မြတ်သောစွမ်းရည်ပဲ..ဒါပေမဲ့..သူက ယင်မရဏနယ်မြေက မဟုတ်လို့ ဒီစွမ်းရည်ကို ပြီးမြောက်အောင် မကျင့်ကြံနိုင်ဘူး... အဲဒီနေ့က ငါ ချိပ်တံဆိပ်ကို ကူးယူပြီး အသက်သွင်းနိုင်တာ သေချာတယ်...”
စုမင်က မျက်လုံးများကိုမှိတ်လိုက်ပြီး ထိုစိမ်းရင့်ရောင်အသူရာချိပ်တံဆိပ်ကို ငုံ့ကြည့်ရင်း မျက်တောင်ခတ်လိုက်သည်။ တိထျန်းကို သတ်လိုသော ဆန္ဒ ပြင်းထန်လာသည်။
‘နောက်ဆုံးတစ်ခုက...’
စုမင်က ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး လက်လေးချောင်းကို ကြည့်လိုက်သည်။ လင်းလက်နေပြီး
မထင်ရှားသောမှော်သင်္ကေတများက စုမင်၏ မျက်လုံးများကို တဖိတ်ဖိတ်တောက်ပလာလေသည်။
‘လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီး... နှင့် ဆောင်းရာသီ...”
စုမင်၏ အကြည့်က သူ့ညာဖက်လက်ချောင်းလေးပေါ် ကျရောက်သွားသည်။
‘နှစ်ရက်...’
စုမင်က မတ်တပ်ထရပ်ပြီး ခြေရာရာမရှိ ပျောက်ကွယ်သွားခဲ့သည်။ သူ ပျောက်ကွယ်သွားသောအခါတွင် လှုပ်လှုပ်ရွရွ ဖြစ်နေသော လူတစ်ယောက်က သူထိုင်နေသည့် ဘေးနား လမ်းကြားမှ ထွက်လာခဲ့သည်။ ထိုသူ လမ်းလျှောက်လာသောအခ့ အဆုံးမရှိ သက်ပြင်းတစ်ချက်ချကာ သူ့ပတ်ဝန်းကျင်ကို စတင်ကြည့်ရှုခဲ့သည်။
“ငါဘာလုပ်ရမလဲ... ငါဘာလုပ်ရမလဲ... ဒီတိုက်ပွဲမှာ ကျိန်းသေသေရလိမ့်မယ်...
ချမ့်ချန်...အို...ချမ့်ချန်.. မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ သေတော့မှာလား...”
ထိုလူက ချမ့်ချန်ပင်ဖြစ်သည်။ သူ အသက်ရှင်ရန် ကောက်ရိုးတစ်မျှင်ဖြစ်ဖြစ် ဆုပ်ကိုင်ရန် အခွင့်အရေးရှာနေတော့သည်။
“အင်း...အရင်က ဒီအကြောင်းကို သိခဲ့မယ်ဆိုရင် ဒီနေရာကို တိတ်တဆိတ် ဆင်းလာဖို့ ကြိုးစားအားထုတ်မှု အားလုံးကို အလဟသ ဖြုန်းတီးနေမှာ မဟုတ်ဘူး
. ငါ အဲ့ဒီမှာ နေခဲ့မယ်ဆိုရင် ပိုကောင်းလိမ့်မယ်... ငါလိုချင်တဲ့ ဝိညာဉ်ကျောက်တုံးတွေအကုန်လုံး… လောဘကြီးလို့ ငါ့အပြစ်က မာန်မျိုးနွယ်စု နယ်မြေကို ဆင်းသက်လာမိတာပဲ..”
ချမ့်ချန်က သူ့ဆံပင်များကို ထိုးဖွလိုက်ပြီး သူ့မျက်နှာက စိတ်ဒုက္ခရောက်နေလေသည်။ သူ့စကားဖြင့် အကဲဖြတ်ကြည့်ရာ ဤလူက မာန်မျိုးနွယ်စုနယ်မြေသို့ ဆင်းသက်လာခဲ့သည့် အင်မော်တယ်တစ်ယောက်ဖြစ်နိုင်သည်။
သို့သော်... သူက ဆင်းသက်ဖူးသမျှတွင် အညံ့ဆုံး ကျင့်ကြံသူဖြစ်နိုင်သည်။
သူသက်ပြင်းချနေစဉ် စုမင်က သူ၏ဂူထဲသို့ ပြန်ဝင်နေပြီဖြစ်သည်။ သူ့လက်ကို ဝေဝှ့ယမ်းလိုက်ပြီး အနက်ရောင် မြူခိုးတစ်ခု သူ့ရှေ့မှာ ချက်ချင်းပေါ်လာသည်။ အထဲမှာ တိထျန်းဧ။်ကျွန်း ဝတ်ရုံနက် အဘိုးကြီးပင်ဖြစ်သည်။ သို့သော် အဘိုးကြီးအနီးနားရှိ ဧရိယာက ချိတ်ပိတ်ထား၍ သူ့တည်ရှိမှုကို ဖြန့်ကျက်၍မရပေ။
စုမင်က ဝတ်ရုံနက်အဘိုးအိုကို စိုက်ကြည့်ရင်း သူ့မျက်လုံးများ မှိန်ဖျော့သွားလေသည်။ သူ မြက်ပင်တစ်ချောင်းကို ချက်ချင်း ထုတ်ထုတ်လိုက်သည်။ ထို့ နောက်အဘိုးကြီး၏ ဝိညာဉ်အပိုင်းအစလေးကို ထုတ်ယူလိုက်သည်။
တိထျန်းကို သတ်ဖြတ်လိုစိတ်နှင့် မုန်းတီးခြင်းက စုမင် ချည်နှောင်ထားသော ကြိုးများ အားလုံးကို ကျိန်စာများ နှင့် ဆိုးသွမ်းသောကျင့်စဥ်မျိုးစုံ နှင့် ပြည့်နှက် သွားစေခဲ့သည်။ ၎င်းတို့အတွင်းတွင် ရူးသွပ်မှု၊ ဖျက်ဆီးမှု၊ ဖိနှိပ်မှု၊ သေဆုံးမှုနှင့် တိထျန်းကို သူလက်စားချေချင်သော အခြားအတွေးမျိုးစုံတို့လည်း ရှိခဲ့သည်။
ထိုကြိုးများကို ချည်လိုက်သောအခါ အေးစက်သောလေထုက ပြန့်ကျဲသွားပြီး အဘိုးကြီး၏ ဝိညာဉ်ကို စုပ်ယူလိုက်ပြီး ကြိုးထုံးထဲသို့ ပေါင်းစပ်လိုက်သည်။ ထို့နောက် ကြိုးများမှ စွမ်းအားဖြင့် စုမင်က တိထျန်းနှင့်၀တ်ရုံနက် အဘိုးအိုကြားတွင် အားနည်းသော ဆက်သွယ်မှုကို နှိုးဆော်လိုက်တော့သည်။
ဤချိတ်ဆက်မှုဖြင့် သူက ဤအဘိုးအိုအား ကျိန်စာ ကြားခံအဖြစ် အသုံးပြုပြီး တိထျန်းကို လုပ်ကြံမည်ဖြစ်သည်။ စုမင်က သူ့စိတ်ထဲတွင် ဤအကြံအစည်ကို အဆက်မပြတ် အကောင်အထည်ဖော်နေလေသည်။ တိထျန်းက အဘိုးအိုနှင့် ဆက်စပ်နေသော သဲလွန်စကို စုမင်တဖြည်းဖြည်းချင်း တွေ့ရှိခဲ့သည်။စုမင် ကျစ်ထုံးကို စိုက်ကြည့်သောအခါ တိထျန်း ကို ကြည့်နေသလို ခံစားလိုက်ရသည်။
‘ဒီတိုက်ပွဲမှာ ငါ တိထျန်းကို မသတ်ရရင် ကျေနပ်မှာ မဟုတ်ဘူး..”
‘ဒီတိုက်ပွဲမှာ တိထျန်း မသေရင် ငါသေလိမ့်မယ်...”
‘ဒီတိုက်ပွဲကို ငါမရှုံးနိုင်ဘူး..”
စုမင်က အရုပ်ကို ကိုင်လိုက်သည်နှင့် သူ့မျက်နှာပေါ်ရှိ လူသတ်အငွေ့အသက်များက ထူထပ်လာကာ ဂူအတွင်း၌ နှင်းခဲအလွှာတစ်ခု ပေါ်လာသည်။
အချိန် တဖြည်းဖြည်းကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်မှာ နှစ်ရက်ကုန်သွားသည်။ နတ်ဆိုးဂိုဏ်းမှ မထွက်ခွာမီ နှစ်နာရီအလိုတွင် ကောင်းကင်က တောက်ပလာပြီး စုမင်၏ညာဖက်လက်ဖဝါးပေါ်တွင် အစိမ်းရောင်အမှတ်အသားတစ်ခု ပေါ်လာသည်။
အထဲမှာ မရဏအငွေ့အသက်တစ်ခု ပါ၀င်ပြီး မပျောက်မပျက်ဘဲရှိနေလေသည်။ ဤသည်မှာ ကျစ်ထုံးအရုပ်ပြုလုပ်ခြင်းအပြင် စုမင် စုဆောင်းခဲ့သည့် စိမ်းရင့်ရောင်အသူရာချိပ်တံဆိပ်အတွက် သော့ချက်ဖြစ်သည်။ စုမင်က ရှန်းတုန်၏ ယင်အသူရာမရဏချိပ်တံဆိပ်ကို ကူးယူခဲ့သည်။ ချိပ်တံဆိပ်က ပြီးပြည့်စုံခြင်း မရှိသောကြောင့် ၎င်းကို စတင်အသုံးပြုလျှင် အချို့သော အကျိုးဆက်များကို ခံနိုင်ရည်ရှိရန် လိုအပ်လေသည်။သို့သော် စုမင်က ၎င်းကို အသုံးပြုရန် ရွေးချယ်ခဲ့သည်။
ဤစိမ်းရင့်ရောင်အသူရာချိပ်တံဆိပ်မှ ယင်မရဏ၏ စွမ်းအားက ရှန်းတုန်
အကောင်အထည်ဖော်ခဲ့သည်ထက် ပိုမိုကြီးမားရမည်ဟု စုမင် ယုံကြည်ထားသည်။
ဤအစိမ်းရောင်အမှတ်အသားအပြင် စုမင်က သူ့ဘယ်ဘက်လက်တွင် ကျစ်ထုံးအရုပ်တစ်ရုပ်ကိုလည်း ကိုင်ဆောင်ထားသည်။ ၀တ်ရုံနက် အဘိုးအိုက ပျောက်ကွယ်သွားသော်လည်း အရုပ်ကလေးမှ အေးစက်သော လေအေးများ ထွက်လာသည်။ မည်သူမဆို အချိန်အကြာကြီး စိုက်ကြည့်နေပါက အတွင်းမှ နာကျင်စွာ အော်ဟစ်သံများကို ကြားနိုင်မည်ဖြစ်သည်။
စုမင်က အသက်ပြင်းပြင်းရှူလိုက်သည်။ ထို အရုပ်ကိုဖယ်ပြီးသည်နှင့် မတ်တပ်ထရပ်ပြီး ဂူထဲကနေ ပျောက်သွားလေသည်။