← Chapters

အခန်း (၆၄၂)

Vol. 47 Ch. 642

အခန်း (၆၄၂)

Vol. 47 Ch. 642

အချုပ်အခြာအာဏာပိုင်သုံးဦးနဲ့ဧကရာဇ်ငါးပါး

နတ်ဆိုးဂိုဏ်းသားများက မြစ်တစ်ထောင်ချိုင့်ဝှမ်းသို့ ရောက်သောအခါ ဖုန့်ရွှေ(စီးယာဉ်နာမည်)ကဲ့သို့ ဧရာမသံလိုက်အိမ်မြှောင်ကဲ့သို့ အရာတစ်ခုပေါ်တွင် ပျံသန်းနေကြဆဲဖြစ်သည်။ ယခုတစ်ကြိမ်တွင် တစ်ခုတည်းမဟုတ် ထိုကဲ့သို့သံလိုက်မျိုး ကိုးခုရှိလေသည်။

ကြီးမားလှသော ဖုန့်ရွှေသံလိုက်ကြီး ကိုးခုပေါ်တွင် ထိုင်နေသည့် နတ်ဆိုးဂိုဏ်း၏ တပည့်များ ပမာဏက ထောင်ဂဏန်းအထိ ရှိသည်။ ဤတပည့်အားလုံးက ပြင်ပဂိုဏ်းမှ သို့မဟုတ် ၎င်းတို့၏သွေးမျိုးဆက်ကို ပြောင်းလဲခဲ့သော မာန်ကျင့်ကြံသူ များဖြစ်သည်။

၎င်းတို့က အနက်ရောင်လူအုပ်ကြီးအသွင်ရှိပြီး အရေအတွက်များပြားသောကြောင့် ၎င်းတို့အတွင်း၌ ကြီးမားသောစွမ်းအားရှိသည့်ခံစားချက်ကိုပေးစွမ်းသည်။

အဆိုပါဖုန့် ရွှေသံလိုက်အိမ်မြှောင် ကိုးခုအပြင် ဧရာမ ယင်နဂါး ဆယ့်ရှစ်ကောင်လည်း ပါဝင်လေသည်။ ၎င်းတို့ကို ရန်လိုသောဝိညာဉ်များဖြင့် ဖွဲ့စည်းထားကာ ၎င်းတို့တစ်ခုစီက ပေထောင်ပေါင်းများစွာရှည်လျားသည်။ သူတို့က ဖုန့်‌ ရွှေသံလိုက်အိမ်မြှောင်များကို ဝိုင်းရံထားကာ ရှေ့သို့ ပျံသန်းသွားစဉ် ၎င်းတို့၏ ဟောက်သံများက လေထဲတွင် ပဲ့တင်ထပ်နေပါသည်။

ယင်နဂါးများပေါ်တွင် ထိုင်နေသော လူတစ်သောင်းနီးပါး ရှိပြီး ၎င်းတို့အားလုံးက နတ်ဆိုးဂိုဏ်းမှ ထိပ်တန်းတပည့်များဖြစ်သည်။ သူတို့၏အမူအရာများက ခက်ထန်နေပြီး သတ်ဖြတ်လိုစိတ်က

သူတို့၏မျက်နှာများမှာ ထင်ဟပ်နေ လေသည်။ သေသွားသောအာဃာတဝိညာဉ်များနှင့် ဖွဲ့စည်းထားသော ဧရာမ နဂါးကြီး ပေါ်မှာ ထိုင်နေကြရင်း လေထဲ လွင့်ပျံသွားကြသည်။

ယင်နဂါး၏ ဦးခေါင်းတစ်ခုစီတွင် လူ နှစ်ဦး သို့မဟုတ် သုံးဦး ထိုင်နေပါသည်။ အများစုမှာ နတ်ဆိုးဂိုဏ်းအတွင်းမှ စွမ်းအားကြီးသော မကောင်းဆိုးဝါးများဖြစ်ကြသည်။ ရှန်းတုန်က စစ်တပ်ရှေ့ဆုံးရှိ နဂါး၏ဦးခေါင်းထိပ်တွင် ရပ်နေလေသည်။ ပေါင်ချိုးက နောက်ဆုံး ယင်နဂါးကြီး ပေါ်တွင် ရှိနေသည်။

ကောင်းကင်ယံ၌ စစ်တပ်အင်အားက မြစ်တစ်ထောင်ချိုင့်ဝှမ်းကို ကျူးကျော်စဉ်ကထက် အဆပေါင်းများစွာ သာလွန်သွားခဲ့သည်။ ရှင်းနေသည်မှာ ချိုင့်ဝှမ်းတွင် တိုက်ပွဲက သွေးပူရုံသက်သက် လှုပ်ရှားမှူသာဖြစ်ပြီး တကယ့်တိုက်ပွဲက မစသေးပေ။

ထိုယင်နဂါးများ၏ နောက်ကွယ်တွင် ကြီးမားသော ရထားကြီး ကိုးစီးရှိသည်။ ၎င်းတို့တစ်ခုစီက ပေထောင်ပေါင်းများစွာ ကြီးမားပြီး ကြီးမားသောမှော် သင်္ကေတများဖြင့် ဖုံးအုပ်ထားသည်။ သူတို့အတွင်းပါရှိသည့်အရာကို မည်သူမျှ မပြောနိုင်သော်လည်း ထိုနေရာမှ ပျံ့နှံ့ထွက်လာသော ဖိအားလှိုင်းအနည်းငယ်က အထဲမှာ အစွမ်းထက်သော လူသတ်လက်နက်များပါရှိကြောင်း သိနိုင်လေသည်။

ဤရထားများက ဒေါင်လိုက်ပုံစံရှိနေပြီး နဂါးများ၏ ဦးဆောင်မှုနောက်သို့ လိုက်သွားသကဲ့သို့ ကောင်းကင်ကို ဖြတ်သန်းသွားကြသည်။

ထိုအရာတင် မကပေ။ဤသည်မှာ နတ်ဆိုးဂိုဏ်းက မည်မျှ အစွမ်းထက်ကြောင်း ပြသနိုင်သော်လည်း ဂိုဏ်းက မည်မျှလွှမ်းမိုးထားနိုင်စွမ်းရှိသည်ဟု မပြခဲ့ပေ။ သို့သော် ကောင်းကင်ရှိ တိမ်မည်းများက အလွန်ကြီးမားသော ဦးခေါင်းခွံများအဖြစ်သို့ ပြောင်းလဲသွားပြီး နတ်ဆိုးဂိုဏ်း၏ စစ်တပ်ကို ပို၍ကြောက်မက်ဖွယ်ကောင်းစေခဲ့သည်။

အထူးသဖြင့် စစ်တပ်၏အပြင်ဘက် အစွန်းရှိဘယ်ဘက်နှင့်ညာဘက်‌တွင်ရှိသော ယင်နဂါးနှစ်ကောင်၌ ကပ်ထား သော ခေါင်းစီးစာတန်းကြီးတစ်ခု ကြောင့်ဖြစ်လေသည်။ ဤဆိုင်းဘုတ်များက နဂါးများထက် ကြီးမားပြီး ပေတစ်သိန်းနီးပါး ရှည်လျားသည်။ နဂါးများက လေထဲတွင် ပျံ့လွင့်နေချိန်တွင် စာတန်းများက လေထဲတွင် လွင့်နေလေဘည်။ နတ်ဆိုး ဝိညာဉ်ဂိုဏ်းကို မြင်ရသူတိုင်းက စာတန်းကြီးကို သေချာစွာ ဖတ်မိစေခဲ့သည်။

ဘယ်ဘက်စာတန်းမှာ စကားလုံးသုံးလုံးသာရှိလေသည်။

“ နတ်ဆိုး ဝိညာဥ် ဂိုဏ်း...”

ညာဘက်တွင်လည်း စကားလုံးသုံးလုံးသာ ပါရှိပြီး ၎င်းတို့က မြင်သူတိုင်းကို သွေးဆာနေသော ခံစားချက်ကို ပေးစွမ်းမည့် စကားလုံးများဖြစ်သည်။

“တွေ့တဲ့သူအကုန်သတ်..”

လေထဲတွင် ပျံသန်းနေကြစဉ် စာတန်းများမှ ထွက်ပေါ်လာသော အသံများက လေထဲရှိ အော်ဟစ်ငိုယိုသံများနှင့် ရောနှောသွားလေသည်။

သူတို့သွားလေရာရာ မြေပြင်ပေါ်ရှိလူတိုင်း တိတ်ဆိတ်သွားကြသည်။ တောရိုင်းတိရစ္ဆာန်များ မည်မျှပင် အားကောင်းနေပါစေ သူတို့အားလုံးက စစ်တပ်ကို မကြည့်ဝံ့သလို ခေါင်းငုံ့ထားလေသည်။ မြေပေါ်ရှိ မြောက်မြားစွာသော မျိုးနွယ်စုများကလည်း တိတ်ဆိတ်သွားသည်။

စုမင်ကဖုန့်ရွှေကိုးခုအနက်မှတစ်ခုပေါ်တွင်ထိုင်နေပြီး ဘေးနားမှာ ယင်နဂါးများဖြင့် ဝန်းရံထားလေသည်။ ငြိမ်သက်သော မျက်နှာထားဖြင့် သူ့ရှေ့မှ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သေချာပေါက် ကောင်းကင်ကို လှုပ်ခါစေမည့် ဤတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုမှာ သူ၏ စွမ်းအားတွေကို ဖြန့်ကျက်ခြင်းဖြစ်သည်။

နတ်ဆိုးဂိုဏ်းက လုံးလုံးလျားလျား ဖျက်ဆီးခံရနိုင်ပြီး အင်မော်တယ်ဂိုဏ်းများက မြင်မြင်သမျှကို ချေမှုန်းပစ်နိုင်သည်။ ဤအရာများက သူ့အတွက် စိုးရိမ်စရာမဟုတ်ပေ။ သူ ဂရုစိုက်ခဲ့သော တစ်ခုတည်းသော အရာကတော့ တိထျန်း သေဆုံးခြင်းပင်။

“ဒီတိုက်ပွဲမှာ..တိထျန်းသေရမယ်..”

“သခင်လေး ငါတို့အတူတူ ကံကြမ္မာဆိုးတွေရင်ဆိုင်နေရတာ.. မင်းကို ဒီမှာ ထပ်တွေ့ဖို့ မမျှော်လင့်ထားဘူး...သခင်လေး မင်း ငါ့ကို ဒီတစ်ခါ ကယ်တင်ပေးပါနော်...”

ထိုအချိန်တွင် စုမင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များနှင့်ပြည့်နှက်နေစဉ် သူ့နားထဲသို့ အသံတစ်သံ တိုးဝင်လာသည်။

စုမင်က ချမ့်ချန်ဖြစ်သည်ကို လှည့်ကြည့်ရန်ပင် မလိုအပ်ပေ။

ထိုလူက လေဖိအားကြောင့် လွင့်ပျောက်မသွားစေရန် ဖုန်ရွှေသံလိုက်အိမ်မြှောင်ရှိ လူတိုင်းအတွက် ပြင်ဆင်ထားသည့်လက်ကိုင်ကို ကိုင်ထားသည်။ သူ့ခန္ဓာကိုယ်တွင်းရှိ ကျင့်ကြံစွမ်းအားအနည်းငယ်ကို လျင်မြန်စွာ ဖြန့်ကျက်လိုက်ပြီး အခက်အခဲများစွာရှိသော်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်သည်။ထို့နောက် အဋ္ဌမမြောက် ဖုန့်ရွေဇ သံလိုက်အိမ်မြှောင်ကို ဖြည်းညှင်းစွာ ရွေ့လျားကာ လူအများအပြားထံမှ အကူအညီကို စတင်တောင်းခံခဲ့သည်။

စုမင်ကို သူမြင်လိုက်သည်နှင့် အံ့သြပီတိမျက်လုံးများ ချက်ချင်း လင်းလက်သွားလေသည်။ သူ စိတ်ပျက်အားငယ်စွာဖြင့် စုမင်ဆီသို့ ကုန်းကုန်းကွကွ လျှောက်သွားကာ အသနားခံနေလေသည်။

စုမင်က သာမာန်လူတစ်ယောက်မဟုတ်ကြောင်း၊ သူ့အစွမ်းအစကို ဖုံးကွယ်ထားသူတစ်ယောက်ဖြစ်ကြောင်း သူသိသည်။ထို့အပြင် မြစ်ထောင်ချိုင့်ဝှမ်းတိုက်ပွဲအတွင်း စုမင် ပျောက်ကွယ်သွားပုံကို သူ သတိရမိသည်။

“သခင်လေး..နတ်ဆိုးဂိုဏ်ထဲက ဂိုဏ်းကြီးလေးခုစလုံး ဒီတစ်ခါ အကုန်ချီတက်ကြမှာ.. ဒါပေမဲ့ ဘယ်မှာစုနေလဲတော့ မသိရဘူး.. ဒါပေမဲ့ နတ်ဆိုးဂိုဏ်း မှာရှိတဲ့ အကြီးအကဲတွေအားလုံးက ဒီတစ်ခါတော့ ပေါ်လာတော့မှာ သေချာပါတယ်...”

“သူတို့ဟာ နတ်ဆိုးအိုကြီးတွေပဲဖြစ်ဖြစ်၊ မျိုးဆက်သစ်တွေပဲဖြစ်ဖြစ်..အားလုံးဟာ နတ်ဆိုးမြူမှုန်ဂိုဏ်းထဲက စစ်ခုန်း ဒီလူက နတ်ဆိုးမြူမှုန်ဂိုဏ်း ရဲ့ မျိုးဆက်သစ်လူငယ်တွေကြားထဲမှာစွမ်းအားအကြီးဆုံးပဲ..”

“သူက ငါတို့ဂိုဏ်းကရှန်ဟမ်နဲ့တန်းတူတဲ့သူတစ်ယောက်ပဲ...”

သူ့မျက်လုံးများမှိတ်ထားလိုက်သည်နှင့်အမျှ ချမ့်ချန်၏စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာပြီး ထိုအကြောင်းအရာများကို သူချက်ချင်းစတင်ပြောဆိုလိုက်သည်။ စုမင်က သူ့ကို စောင့်ရှောက်ပေးစေလျှင် သူ့မှာ အဖိုးတန် အရည်အချင်းရှိရမည်ဖြစ်သည်။ စုမင် ဘာကြောင့် သူ့စွမ်းအားကို ဖုံးကွယ်ပြီး နတ်ဆိုးဂိုဏ်းဆီ လာရကြောင်းတွေးမိသွားလေသည်။ထို့ကြောင့် စုမင်က နတ်ဆိုးဂိုဏ်းနှင့်ပတ်သတ်ပြီး များများစားစားသိချင်ကြောင်း သိရှိသွားလေသည်။

ထိုအချိန်တွင် ချမ့်ချန်၏ဘဝက အန္တရာယ်ကျရောက်နေပြီး နတ်ဆိုးဂိုဏ်းနှင့်ပတ်သက်သည့် အချက်အလက်များကို ပြင်ပလူများကို လျှို့ဝှက်ထားရန် အလွန်ဂရုမစိုက်နိုင်တော့ပေ။ သူက စုမင်ကို သူသိသမျှကို အိတ်သွန်ဖာမှောက်အကုန်ပြောပြခဲ့သည်။

သူက ဤပြည်သို့ ဆင်းသက်လာခဲ့သည့် အင် မော်တယ်တစ်ယောက်ဖြစ်ပြီး ထို့ကြောင့် သူ၏အဆင့်အတန်းနှင့် နှိုင်းယှဉ်နိုင်သည့် သာမန်တပည့်မရှိပေ။ တခြားတပည့်များနှင့် ယှဉ်လျှင် သူက အများကြီး ပိုသိလာ‌ရသော အကြောင်းရင်းလည်း ဖြစ်သည်။

“စစ်ခုန်း...”

စုမင်၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး စကားပြောနေသောလူကို တစ်ချက်ကြည့်လိုက်ရန် ခေါင်းကို လှည့်လိုက်သည်။

ချမ့်ချန်၏ စိတ်ဓာတ်များ ချက်ချင်းတက်ကြွသွား လေသည်။ သူ မည်မျှအသုံးဝင်ကြောင်းပြသရန် အခွင့်အရေးတွေ့လိုက်ရသည်ဟု ခံစားလိုက်ရပြီး ချက်ချင်းပင် စကားပြန်ပြောလိုက်သည်။

“သခင်လေး.. တတိယယင်နဂါးပေါ် က အကြီးဆုံးလူကို ကြည့်စမ်း..သူက နတ်ဆိုးဝိညာဥ်ဂိုဏ်းရဲ့ ရှန်ဟမ်”

ချမ့်ချန်က အဝေးက တတိယမြောက် ယင်နဂါးဆီသို့ ညွှန်ပြသော် စုမင်က လှမ်းကြည့်လိုက်သည်။ ယင်နဂါး၏ ဦးခေါင်းထိပ်တွင် ရပ်နေသော ထိုသူကို တွေ့လိုက်ရသည်။

ထိုလူက မယုံနိုင်လောက်အောင် ဖွံ့ဖွံ့ထွားထွားကြီးဖြစ်နေပြီး၊ သူရပ်နေချိန်တွင် တောင်ကုန်းငယ်လေးတစ်ခုလို ဖြစ်နေသည်။ သူ့အတွင်းမှ ထွက်လာသော စွမ်းအားလှိုင်းများက အားမလျော့ဘဲ၊ သူ့ခန္ဓာကိုယ် ပတ်လည်ရှိ အာဃာတဝိညာဉ်များက သူ့ကို မြင်သူတိုင်း စိတ်နှလုံး တုန်လှုပ်စေမည့် ခံစားချက်ကို ပေးစွမ်းသည်။

“ရှန်ဟမ်...”

စုမင်က ထိုလူကို ကြည့်လိုက်သည်။ အမှန်မှာ၊ သူက နတ်ဆိုးဝိညာဉ်ဂိုဏ်းသို့ ပထမဆုံးရောက်သောအခါ ရန်လိုသောဝိညာဉ်များကို အစာကျွေးနေသော ဤလူကို သူသတိထားမိပြီးဖြစ်သည်။

“ရှန်ဟမ်... ရှန်ဟမ်...”

ပေလင်း၊ ချန်ရှင်းနှင့် ပတ်သက်သော ကိစ္စများ မဖြစ်ခဲ့ပါက၊ ယခုအချိန်တွင် သူသည် အကြောင်းအရာများစွာကို နားလည်သဘောပေါက်နေပြီဖြစ်သောကြောင့် ပထမဆုံးတွေ့သည့်အချိန်က ထူးထူးခြားခြား အပြုအမူမရှိခဲ့ပေ။ သူက ထိုလူကို လေးလေးနက်နက် တစ်ချက်ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်သည်။

‘ငါ့ရဲ့ လက်ရှိအနေအထားအရဆိုရင်..ဒီ နာမည်နဲ့ ရင်းနှီးတဲ့လူအားလုံးကို မှတ်မိနိုင်မှာ မဟုတ်ဘူး...’

စုမင်က သူ့ခေါင်းကို တိတ်တဆိတ် တွေးလိုက်မိသည်။

“မင်း အခုပြောခဲ့တဲ့ စစ်ခုန်းက သူ့နာမည်ကို ဘယ်လိုစာလုံးပေါင်းလဲ”

စုမင်က ဖြည်းညှင်းစွာမေးသည်။

‘စစ်ခုန်း...(စစ်..ခုန်း..) မဟုတ်ဘူး”

စုမင်က ငြိမ်ကျသွားသည်။

“အဲဒါကိုပြောရမယ်ဆိုရင် နတ်ဆိုးဝိညာဉ်ဂိုဏ်းထဲက မျိုးဆက်သစ်လူငယ်တွေထဲမှာ အသန်မာဆုံးက ရှန်ဟမ် မဟုတ်ပေမဲ့ ဝူရှန်းရှိတယ်.. ဒါပေမဲ့ ဝူရှန်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျင့်ကြံဖို့ ထွက်သွားခဲ့ပြီး အခုချိန်မှာတော့ သူက စစ်တပ်ထဲမှာ မရှိသေးပါဘူး.. ဂိုဏ်းက သူ့ကို ဆက်သွယ်လိမ့်မယ်.. ဒါက အရမ်းကြီးတဲ့ ကိစ္စမို့ ငါတို့ နတ်ဆိုးဝိညာဉ်ဂိုဏ်းရဲ့ ဆုံရပ်ကို ရောက်ရင် ဒီလူကို ငါတို့ တွေ့ရမှာ..”

စုမင်က မည်သည့်မေးခွန်းမျှ မမေးတော့ကြောင်း ချမ့်ချန် မြင်သောအခါတွင် သူသိသမျှကို နောက်တစ်ကြိမ် ထပ်ပြောပြန်သည်။

“နတ်ဆိုးရာဂဂိုဏ်းမှာ စွမ်းအားအကြီးဆုံးတပည့်ကို ပိ စုလို့ ခေါ်တယ် ..အာ... သူမရဲ့ နာမည်က စု ကို ညင်ညင်သာသာလေး အသံထွက်ရတယ်...ပိ စု က မိန်းကလေးပါ..ဒါပေမဲ့ သူက မယုံနိုင်လောက်အောင် ထက်မြက်ပြီး အံ့သြစရာကောင်းတဲ့ အရည်အချင်းတစ်ခုရှိတယ်... ပိုင်စု.. ဝူရှန်း နဲ့ စစ်ခုန်း တို့က မာန်ပြည်ထောင်မှာရှိတဲ့ နတ်ဆိုးဂိုဏ်းအားလုံးကြားမှာ အရမ်း နာမည်ကြီးတယ်လို့ ဆိုလိုပါတယ်..”

‘စိတ်ဝင်စားစရာပဲ...’

စုမင်၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်ခု လင်းလက်လာသည်။

‘ဒါဆိုလေပြေစီးကြောင်းမျိုးနွယ်စုရဲ့ဝူရှန်းက နတ်ဆိုးဝိညာဉ်ဂိုဏ်းရဲ့စွမ်းအားအကြီးဆုံးပေါ့.. ငါမှတ်မိသမျှထဲက ပိစု က ပိစု လို့ခေါ်တဲ့ မိန်းကလေးပဲ...’

စုမင် က ငြိမ်သက်နေခဲ့သည်။ ထိုအရာ လျှို့ဝှက်ချက်မဟုတ်ပေ။ တကယ်သိချင်ရင် သူ့အတွက် လေ့လာရန် မခက်ခဲပေ။ချမ့်ချန်သူ့ကိုပြောခဲ့တာတွေက တကယ့်လျို့ဝှက်သတင်းများမဟုတ်ပေ။

စုငမ်၏ တည်ငြိမ်မှုကို သူမြင်လိုက်ရသောကြောင့် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ချမ့်ချန်က သူ့အနားသို့ တိုးကပ်လာခဲ့သည်။

“နတ်ဆိုးဝိညာဉ်ဂိုဏ်းထဲမှာ အကြီးအကဲရှန်းတုန်လည်းရှိတယ်...သခင်လေး မင်း သူ့ကို ရင်းနှီးသင့်တယ်.. ဒါပေမဲ့ အင်မော်တယ် ပြည်မှာ ထူးခြားတဲ့ အဆင့်အတန်းတစ်ခုရှိတယ်ဆိုတာ မင်းသေချာမသိပါဘူး.. သူက နတ်ဆိုးဂိုဏ်း( ဒုတိယအဆင့်)သုံးခုထဲက အကျော်အမော်သုံးယောက်ထဲက တစ်ယောက်ပဲ..”

“မူလနတ်‌ဆိုးဂိုဏ်းကြီးတစ်ခုလုံးကို သာလွန်တဲ့ဂိုဏ်းနဲ့..( ဒုတိယအဆင့်) သာလွန်တဲ့ဂိုဏ်းဆိုပြီးခွဲထားတာ...ဒုတိယသာလွန်တဲ့ဂိုဏ်းမှာ..နတ်ဆိုးဝိညာဉ်ဂိုဏ်း၊ နတ်ဆိုးမြူမှုန်ဂိုဏ်း၊ နတ်ဆိုးရာဂဂိုဏ်း..တွေပါတယ်...သာလွန်တဲ့ဂိုဏ်းထဲမှာ..‌နတ်ဆိုးကောင်းကင်ဂိုဏ်း..နတ်ဆိုးတာအိုဂိုဏ်းနဲ့ နတ်ဆိုးအင်မော်တယ်ဂိုဏ်းတွေပါတယ်..”

“ဒီတစ်ခါတော့ မာန်မျိုးနွယ်စုပြည်ကို ဆင်းသက်လာသူဟာ သာလွန်ဂိုဏ်းသုံးခုထဲက တစ်ခုဖြစ်တဲ့နတ်ဆိုးအင်မော်တယ်ဂိုဏ်းပဲ..သူက ဒုတိယသာလွန်တဲ့ဂိုဏ်းသုံးဂိုဏ်းကို သူတို့နဲ့အတူ ခေါ်လာခဲ့တယ်..”

စုမင် ၏ မျက်လုံးများတွင် တောက်ပမှုတစ်ခု ပေါ်လာပြီး ချမ့်ချန်ဆီသို့ လှမ်းကြည့်လိုက်သည်။

ထိုလူက သူ့စိတ်ဝင်စားတာကိုမြင်သော် သူက ခပ်မြန်မြန် ပြောလိုက်သည်။

“အကြီးအကဲရှန်းတုန်က ဒုတိယသာလွန်တဲ့ဂိုဏ်းသုံးခုထဲမှာရှိတဲ့ အကျော်အမော် သုံးဦးထဲမှ တစ်ဦးပဲ..အခြားနှစ်ယောက်ကတော့ နတ်ဆိုးမြူမှုန်ဂိုဏ်းက အကြီးအကဲရှစ်ဟိုင်နဲ့နတ်ဆိုးရာဂဂိုဏ်းက ပိထူပဲ..”

“ဒီလူသုံးယောက်လုံးဟာ စွမ်းအားကြီးနယ်ပယ်မှာရှိတဲ့မဟာစက်ဝန်းအဆင့်ကိုရောက်နေပြီ. သူတို့အားလုံးဟာ မာန်ပြည်ထောင်ကို သူတို့ရဲ့ ပုံစံအပြည့်နဲ့ ဆင်းသက်နိုင်ဖို့ အခြေခံဥပဒေဿကို ပိုင်ဆိုင်ထားကြပါတယ်.. သူတို့အတွက်က လွယ်လွယ်ကူကူ ဆင်းသက်နိုင်တယ်...”

“သူတို့ဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဆင်းသက်လာခဲ့ဖူးတယ်.. စွမ်းအားကို အနည်းငယ်သာ အသုံးပြုနိုင်တဲ့ အင်မော်တယ်တွေနဲ့ မတူဘူး...”

စုမင်က ချမ့်ချန် ကို စိုက်ကြည့်နေလေသည်။ ထိုလူက ဤအရာများအကြောင်းကို သိလိမ့်မည်ဟု မမျှော်လင့်ထားပေ။

“နတ်ဆိုးအင်မော်တယ်ဂိုဏ်းက သာလွန်တဲ့ ဂိုဏ်းသုံးခုထဲက တစ်ခုဖြစ်ပြီး မယုံနိုင်လောက်အောင် အစွမ်းထက်တယ်..အဲဒီ့နေရာမှာရှိတဲ့လူတွေက သူတို့ရဲ့ စွမ်းအားအပြည့်နဲ့ ဆင်းသက်တာ မဟုတ်ပေမဲ့ အကြီးအကဲကျီအန်းရဲ့ တည်ရှိမှုနဲ့ သူတို့ရဲ့ ဆုံးရှုံးမှုတွေကို အပြည့်အ၀ ပြင်ဆင်နိုင်တယ်...”

“အကြီးအကဲကျီအန်းက နတ်ဆိုးဂိုဏ်းရဲ့ အချုပ်အခြာအာဏာပိုင် သုံးဦးထဲမှ တစ်ဦးပဲ..”

ချမ့်ချန်က စုမင်ကို သူ့စကားဖြင့် ထိတ်လန့်စေနိုင်မည်မဟုတ်ပေ။ သူသိသမျှကို တစ်ဖက်သားက သူ့ကို ကာကွယ်ရကျိုးနပ် ထင်သွားအောင် သူသိသမျှကို ဆက်ပြောနေလေသည်။

“အချုပ်အခြာအာဏာပိုင် သုံးဦး”

စုမင်က မျက်လုံးများကို မှိတ်ထားသည်။

“မှန်တယ်..အင်မော်တယ်တွေက မနက်ခင်းတာအိုလောကရဲ့ နဂါးငွေ့တန်းရဲ့ သုံးပုံတစ်ပုံကိုပဲ သိမ်းပိုက်ထားနိုင်ပေမဲ့ အဲဒီမှာရှိတဲ့ အကြီးမြတ်ဆုံး အင်အားစုတွေထဲက တစ်ခုပါ...ကျုပ်တို့အင်မော်တယ်တွေမှာ အချုပ်အခြာအာဏာပိုင်သုံးဦးနဲ့ ဧကရာဇ်ငါးပါး ရှိတယ်...အချုပ်အခြာအာဏာပိုင်သုံးဦးက နတ်ဆိုးဂိုဏ်းကို ပိုင်ဆိုင်ပြီး ဧကရာဇ်ငါးပါးက အင်မော်တယ်တွေက ဆင်းသက်လာတယ်...”

“အကြီးအကဲကျီအန်းက အချုပ်အခြာအာဏာပိုင်သုံးဦးတို့တွင် ဖျက်စီးခြင်းအချုပ်အခြာအာဏာပိုင်ပဲ...မဟာမြူရွက်အင်မော်တယ်ဂိုဏ်းမှာရှိတဲ့တိထျန်းကတော့ ဧကရာဇ်ငါးပါးထဲက ကောင်းကင်ဧကရာဇ်ပဲ..”

ချမ့်ချန်က တိုးတိုးလေးပြောသည်။

စုမင်၏နှလုံးမှာ ထိတ်လန့်တုန်လှုပ်သွားသည်။ အင်မော်တယ်ပြည်ရှိ ဤအရာများအကြောင်းကို သူပထမဆုံးအကြိမ်ကြားသိရခြင်းဖြစ်သည်။ ကြီးကျယ်ခမ်းနားသောကျင့်ကြံအဆင့်ရှိတဲ့သူတစ်ယောက်က ထိုအကြောင်းအားလုံးကို ပြောပြခဲ့လျှင် သူ သိပ်အံ့သြမှာ မဟုတ် ပေ။ သို့ပေမဲ့ သူ့ကို သတင်းပေးသူက ချမ့်ချန် ဖြစ်သောကြောင့် အနည်းငယ် အံ့အားသင့်သွားလေသည်။

“နတ်ဆိုးဂိုဏ်းမှာရှိတဲ့ အချုပ်အခြာအာဏာပိုင်သုံးဦးနဲ့.. အင်မော်တယ်ဂိုဏ်းက ဧကရာဇ်ငါးပါးတို့ရဲ့ကျင့်ကြံမှုအဆင့်က ဘယ်လိုလဲ..”

စုမင်က ချက်ချင်းမေးလိုက်သည်။

“အသေးစိတ်တော့ မသေချာဘူး… ဒါပေမဲ့ အချုပ်အခြာအာဏာပိုင် ‘ချီ’ အပြင် ကျန်တဲ့ အုပ်စိုးသူနှစ်ဦးက တတိယအဆင့်ကို ရောက်နေပြီလို့ ကောလဟာလတွေ ထွက်နေတယ်..”

“ဧကရာဇ်ငါးပါးအတွက်ဆိုရင်..အဝါရောင်ဧကရာဇ်ကလွဲလို့ ကျန်လေးပါးတို့က တတိယအဆင့်ရှိတဲ့ တန်ခိုးရှင်တွေပဲ... ဒါပေမဲ့ ဒါတွေက ကောလဟာသတွေပါပဲ.. အဲ့ဒါတွေ မှန်လား မှားလာတော့ ကျုပ်လည်းမပြောနိုင်ဘူး..”

‘တတိယအဆင့်...’

အင်မော်တယ်ကျင့်ကြံနည်းများဖော်ပြချက်သည် ဟုန်လော့ ထံမှ အမွေဆက်ခံခဲ့သော စုမင်၏ ခေါင်းထဲတွင် ပေါ်လာသည်။

“ဒီလိုဆိုရင် အင်မော်တယ်ပြည်မှာ နတ်ဆိုးဂိုဏ်းရဲ့ လွှမ်းမိုးမှုက အင်မော်တယ် ဂိုဏ်းတွေထက် အားနည်းတယ်..

ဒါပေမယ့် တန်းတူညီမျှတဲ့ အကြောင်းပြချက်နဲ့ တိုက်ခိုက်နိုင်တဲ့အတွက် သူတို့ကိုမှာ လုပ်ပိုင်ခွင့်တစ်ခုခုတော့ ရှိရမယ်”

ချမ့်ချန်က စုမင်ကို မျက်လုံးမှိတ်ပြပြီး ပြုံးပြသည်။သူက ‌နေရာတစ်ဝိုက်ကို စူးစူးစိုက်စိုက်ကြည့်ရင်း လျှို့ဝှက်ဆန်းကြယ်သော လေထုကို ပေးစွမ်းသော အသံနှင့် စတင်ပြောဆိုခဲ့သည်။

All Chapters