← Chapters

အခန်း (၆၄၃)

Vol. 47 Ch. 643

အခန်း (၆၄၃)

Vol. 47 Ch. 643

အင်မော်တယ်တွေဆင်းသက်မဲ့နေရာ..

“သခင်လေး..မင်းက ပညာရှိပီသတယ်....တကယ်တော့ အင်မော်တယ်တွေကြားမှာစွမ်းအားအကြီးဆုံးဖြစ်တဲ့ အဝါဝတ်ရုံဧက္ကရာဇ်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဂူပိတ်ကျင့်ကြံမယ်ဆိုပြီးထွက်သွားတာ..အခုချိန်ထိပြန်မလာသေးဘူး.. ပြီးတော့ အဝါဝတ်ဧကရာဇ်က ကွယ်လွန်သွားပြီလို့ ပြောကြတယ်... တိထျန်းဟာ လျှို့ဝှက်နည်းတချို့ကို သုံးပြီး အဝါဝတ်ဧကရာဇ်ကို သတ်လိုက်တယ်ဆိုတဲ့ကောလဟာလတွေလည်း ရှိတယ်...”

“ဒါပေမဲ့.. ဒါတွေက ကောလဟာလတွေချည်းပါပဲ.. နောက်ဆုံးတော့ သူတို့ရဲ့ ကျင့်ကြံမှုအဆင့် ကွာခြားချက်က ရိုးရှင်းလွန်းပါတယ်... ဒါပေမဲ့ အဝါဝတ် ဧကရာဇ်ဟာ သီးသန့်ကျင့်ကြံ‌နေချိန်ကစပြီး သူ့ရဲ့ တော်ဝင်သွေးနဲ့လည်း ကွဲကွာသွားခဲ့တယ်.. သူ့သားတော် ဟုန်လော့ ကတောင် ရူးသွပ်သွားပြီး ရှုံးနိမ့်သွားခဲ့တယ်..တိထျန်းက သူ့ကို ဘယ်မှာ ချိပ်ပိတ်ထားတယ်ဆိုတာ ဘယ်သူမှ မသိဘူး...”

“ဒီတစ်ခုတည်းကနေပြီးတော့ အဝါဝတ်ရုံဧကရာဇ်အတွက် မမျှော်လင့်ထားတဲ့အရာတစ်ခု ဖြစ်သွားခဲ့တယ်...

“အချုပ်အခြာအာဏာပိုင်သုံးပါးမှာ စွမ်းအားအကြီးဆုံး ‘ချီ ‘ က အင်မော်တယ်တွေကိုခြိမ်းခြောက်ဖို့ သူ့ရဲ့နတ်ဘုရားအာရုံကို ခဏခဏ‌ဖြန့်ကျက်လေ့ရှိတယ်...သူကတော့ ဂူပိတ်ကျင့်ကြံနေတယ်..ဒါ့ကြောင့် အခုလက်ရှိအခြေအနေကို ဖြစ်ပေါ်စေတာပဲ”

စုမင် က သူ့စကားကို စေ့စေ့နားထောင်နေသည်ကို မြင်သောအခါတွင် ချမ့်ချန်က

ဘဝင်လေဟပ်နေလေသည်။

စုမင်မှာ မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိသော်လည်း နောက်ဆုံးတွင် မာန်မျိုးနွယ်စုကျင့်ကြံသူ သာဖြစ်သေးသည့်အတွက် သူ့စိတ်ထဲတွင် လှောင်ပြောင်ခဲ့သည်။ သူလုပ်ရမှာက အင်မော်တယ်များအကြောင်း သူသိထားသည့်အရာအနည်းငယ်ကို ထုတ်ပြပြီး စုမင် ကို ထိတ်လန့်သွားအောင်လုပ်ခြင်းပင်ဖြစ်သည်။

“မင်းကလည်း ဒီကို ဆင်းသက်လာတဲ့ လူတွေထဲက တစ်ယောက်ပဲ”

စုမင်က မျက်လုံးများကိုမှိတ်ထားပြီး ခဏအကြာတွင် ဖွင့်လိုက်သည်နှင့် ဖြည်းညှင်းစွာပြောလိုက်သည်။

ထိုအရာက အလွယ်တကူ ကောက်ချက်ချနိုင်သော အရာတစ်ခုပင်။ချမ့်ချန်က ထိုအရာကို ဖုံးကွယ်ရန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ သူက လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

ထိုပြင် စုမင်က ကျင့်ကြံနေစဉ် အမှန်တကယ်ပင် မျက်စိမှိတ်ပြီး ဤအရာကို စဉ်းစားရန် လိုအပ်သောကြောင့် ဖြစ်သည်။

သို့သော် ချမ့်ချန်က သူ့မျက်နှာပေါ်ရှိ အတွေးများကို မပြဝံ့ပေ။ ယင်းအစား သူသည် စုမင်၏ ဉာဏ်ပညာအပေါ် ကြောက်ရွံ့သော အရိပ်အယောင်ကိုသာ ပြသခဲ့သည်။

“မင်းဆင်းတဲ့နည်းက တခြားသူတွေနဲ့ မတူဘူး”

ဟု စုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ချမ့်ချန်က မျက်တောင်ခတ်ပြီး ခေါင်းညိတ်ပြပြန်သည်။ သို့သော် သူ့စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသည် ။ သူ့၏ နိမ့်ပါးသောကျင့်ကြံမှု ၊ အင် မော်တယ်များကြားမှာ အစွမ်းထက်သူများနှင့်မနီးစပ်သော အဆင့်အတန်း ၊ ကုန်းမြေ ကို ဆင်းသက်ရန် လိုအပ် ချက်များခြင်း၊ အင်မော်တယ်များနှင့်ပတ်သတ်သည့် ဗဟုသုတ ရှိနေ တာကို စုမင် တွေ့ရှိ ခဲ့သည်။ ထိုနေရာကို ချမ့်ချန်မည်သို့ရောက်လာသည်ဟူသော ရှင်းပြချက်တစ်ခုပဲရှိသည်။ သူ့အကြောင်းတွေးသည်နှင့် သူ့စိုးရိမ်မှုများ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။ စုမင် အပေါ် အထင်အမြင်သေးနေလေသည်။

“မင်းက နတ်ဆိုးဂိုဏ်းကမဟုတ်ဘူး”

စုမင်က ပြတ်ပြတ်သားသားပြောပြီး တည်ငြိမ်ဆဲဖြစ်နေလေသည်။

ထိုစကားများကို သူပြောသောအခါ ချမ့်ချန်က တခဏတာ အံ့အားသင့်သွားပြီး သူ့မျက်နှာပေါ်တွင် အနည်းငယ်သော အမူအရာ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ကာ စိုးရိမ်စိတ်နှင့် သံသယများစပြုလာသည်။

“မင်းက အင်မော်တယ်တစ်ယောက်လည်း မဟုတ်ဘူး..”

ထိုစကားကို ဖြည်းညှင်းစွာပြောရင်း

စုမင်၏ နှုတ်ခမ်းတွင် ကြောက်မက်ဖွာအပြုံးတစ်ခုပေါ်လာသည်။

ချမ့်ချန်က မျက်လုံးများ ပြူးကျယ်သွားကာ အောက်သို့ ခုန်ဆင်းလုနီးပါးပင်ဖြစ်နေလေသည်။ သူ့မျက်နှာမှာ မယုံကြည်နိုင်မှုများ ပေါ်လာပြီး ခေါင်းထဲမှာ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်နေလေသည်။ သူ့ရင်ဘတ်ကလည်း တဒိတ်ဒိတ်ခုန်နေလေသည်။ စုမင်၏စကားတိုင်းက သူ့အား ယခင်စကားထက် ပိုမို ထိတ်လန့်စေခဲ့သည်။

ထိုအချိန်တွင် သူ့နှလုံးသားထဲတွင် စုမင်ကို အထင်အမြင်သေးမှု အရိပ်အမြွက်မျှ မရှိတော့ပေ။ ထို့ပြင် စုမင်က မျက်လုံးများကိုမှိတ်ထားရုံဖြင့် သူဘာတွေတွေးနေလဲဆိုတာကို အတိအကျသိသွားလေသည်။ ချမ့်ချန်က မာန်ပြည်ထောင်ကို ဆင်းသက်လာသည့် အင်မော်တယ်တစ်ယောက်မဟုတ်သည်မှာ သေချာလေသည်။

“အင်း...သခင်လေး. အခု ငါ့ကို မခြောက်လှန့်ပါနဲ့.. ကျုပ်ကအင်မော်တယ်တစ်ယောက်ပါ..”

ချမ့်ချန်၏ နှလုံးသားထဲရှိ အထင်အမြင်သေးမှုက စိုးရိမ်စိတ်အဖြစ်သို့ ပြောင်းလဲသွားသည်။ စုမင်၏ နှုတ်ခမ်းပေါ်မှ ခပ်ဖျော့ဖျော့ အပြုံးက သူ့လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိသွားသလို ခံစားလိုက်ရသည်။

ထိုကဲ့သို့ တစ်ခါမှ မကြုံဖူးပေ။ ထိုအချိန်စုမင်က သူ့ကို ပိုကြည့်လေ စုမင်ကိုမှန်းဆ၍ မရကြောင်း ခံစားလာရလေလေသည်။ ထို့ကြောင့် သူ၏စိုးရိမ်စိတ် ပိုတိုးလာလေလေပင်။

“မင်းဘယ်ကလာတာလဲ ငါနဲ့ဘာမှမဆိုင်ဘူး”

စုမင်က ချမ့်ချန်၏ စကားကို ဖြတ်လိုက်ပြီး ထိုလူကို လေးလေးနက်နက် စေ့စေ့ကြည့်ကာ ထိုစကားကို ပြောလိုက်သည်။

“နတ်ဆိုးဂိုဏ်းနဲ့ တခြားအင်မော်တယ် ဂိုဏ်းတွေကြား တိုက်ပွဲမှာ ငါက မင်းကို ကာကွယ်ပေးရမှာ.. မင်း အသက်ရှင်နိုင်ချေ အမြင့်ဆုံး အခွင့်အရေးကို ပေးရမှာ... မင်းရဲ့အသက်က မင်းရဲ့အရည်အချင်းပေါ်မှာပဲ မူတည်တယ်”

စုမင်က ထိုစကားပြောပြီး ငြိမ်သက်သွားသည်။

ချမ့်ချန်၏ မျက်နှာပေါ်တွင် အမျိုးမျိုးသောအမူအရာများ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားသည်။ စုမင်၏ စကားလုံးများ၏ နောက်ကွယ်က အဓိပ္ပါယ်ကို ကြားခဲ့ရသည် ။သူ့တန်ဖိုးက ပိုမြင့်လေ၊ သူ့အကာအကွယ် ပိုရလေလေ...ပင်ဖြစ်သည်။

ချမ့်ချန်က သူ့နှလုံးသားထဲတွင် သက်ပြင်းမချမီ နေရာတဝိုက်ကို စိုက်ကြည့်နေသည်။ စုမင်၏ အကာအကွယ်ကို ဆုံးရှုံးသွားခဲ့လျှင် တိုက်ပွဲမှာ ရှင်သန်နိုင်ရန် သူ့ကံတရားအပေါ်မှာသာ ပုံချထားရလိမ့်မည်။ ယခင်က သူ့ကံကြမ္မာဆိုးကို သတိရလိုက်သည်နှင့် တပြိုင်နက် တုန်လှုပ်ခြောက်ခြားသွားလေသည်။ သူက စုမင်ကို ပြန်ကြည့်ရင်း သတိကပ်နေလေသည်။

“သခင်လေး..ကျုပ်က မာန်ပြည်ထောင်မှာ နေထိုင်နိုင်တဲ့နည်းရှိတယ်... ဒီတိုက်ပွဲမှာ မင်း ငါ့ကို ကာကွယ်ပေးရင် အင်မော်တယ်တွေ မာန် ပြည်ထောင်ကို ဘယ်လိုရောက်လာသလဲ...ပြီးတော့ သူတို့က ငါ့နည်းလမ်းနဲ့ယှဉ်ရင် ဘယ်လိုကွာခြားလဲဆိုတာ ငါမင်းကို ပြောပြမယ် …”

“တကယ်ဆိုရင် ဒီနေရာက ဘယ်လို ထွက်သွားရမလဲဆိုတာတောင် ပြောပြလိုက်မယ်... မာန်နယ်မြေကနေ ထွက်ခွာပြီး ငါ့နယ်မြေကို ပြန်သွားပုံကို မင်းမျက်စိနဲ့ မြင်ခွင့်ပေးမယ်...”

ချမ့်ချန်က စုမင်ကို အသနားခံစွာကြည့်ရင်း သူ့မျက်နှာက ရိုးသားဟန်ပြနေလေ‌သည်။

စုမင်လည်း ချမ့်ချန်ကို ကြည့်နေလေသည်။ အချိန်အတော်ကြာပြီးနောက် သူ ခေါင်းညိတ်ပြလိုက်လေသည်။

ချမ့်ချန်က စုမင် သူ့ကမ်းလှမ်းချက်ကို လက်ခံတာကိုမြင်သော် သက်ပြင်းတစ်ချက်ချပြီး စိတ်ထဲမှာ ခံစားချက်မျိုးစုံ ထွက်ပေါ်လာလေသည်။ အင်မော်တယ် ပြည်သို့ သူသွားပုံနှင့် မာန်ပြည် ထောင်သို့ သူရောက်ရှိခဲ့ပုံကို သတိရမိသည်။ တခါတရံတွင် သူက အလွန်ကျေနပ်နေသော်လည်း တစ်ခါတရံ စိတ်ပျက်စေသောအရာအချို့လည်းရင်ဆိုင်ရလေသည။် မကြာမီ သူရင်ဆိုင်ရတော့မည့်သေရေးရှင်ရေးကြောင့် အထူးသဖြင့် သူ့ကို သနားစရာ၊ နာကျင်ခံစားရစေသည်။ သူ၏အသက်အတွက် စုမင်ကျေနပ်အောင် နည်းလမ်းပေါင်းစုံဖြင့် မျက်နှာလိုမျက်နှာရလုပ်နေခဲ့သည်။

အိမ်ပြန်ချင်သည့် ပြင်းပြသည့်စိတ်‌ဇောကပ်မှုကြောင့် ချမ့်ချန်က စုမင်ကို ဤကဲ့သို့ကတိမျိုးပေးခဲ့လေသည်။

ထိုအချိန်တွင် သူက အင်မော်တယ် အားလုံးထံ မည်သို့သော ဘေးဒုက္ခမျိုး ကျရောက်စေမည်ကို မသိခဲ့ဘဲ ထိုအရာကြောင့် ကောင်းကင်ကြီးက မည်မျှကြာကြာ နီရဲနေဦးမည်နည်း...။

ချမ့်ချန်က ဤနေရာမှ ထွက်ခွာပြီး အင်မော်တယ်ပြည်သို့ ပြန်လာသည်ကို စုမင် မြင်ခဲ့ပါက ယခင်ကကဲ့သို့ ကံကြမ္မာကို အသက်သွင်းပြီး တိထျန်း၏ အစီအစဥ်များကို နောက်ပြန်ဆုတ်သွား‌စေ

မည်ဖြစ်သည်။ ချမ့်ချန်က သူ့ ကတိကြောင့် အားလုံးဖြစ်လာမည်ကို သူမသိခဲ့ပေ။ ထို့အတွက်ကြောင့် စုမင်က ဟုန်လော့နိုးလာချိန်နှင့် နှိုင်းယှဉ်ပါက တိထျန်းကို ပို၍ပင် တုန်လှုပ်သွားစေလိမ့်မည် ။

ထိုအရာကို ချမ့်ချန်နားမလည်ပေ။

အချိန်များက တဖြည်းဖြည်းကုန်လွန်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်အနည်းငယ်ကြာသွားလေသည်။ စုမင်က ဖုန်ရွှေ သံလိုက်အိမ်မြှောင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေလိုက်သည်။ သူက ပြင်ပဂိုဏ်း၏ တပည့်ဖြစ်သောကြောင့် မည်သူမျှ သူ့ကို ဂရုမစိုက်ကြပေ။ ထို့အပြင် သူက ရုပ်ပိုင်းဆိုင်ရာအရ အနည်းငယ် ကြီးပြင်းလာသော်လည်း သူ၏ လက်ရှိ အသွင်အပြင်မှာ ဆယ့်လေးနှစ်မှ ဆယ့်ငါးနှစ် အရွယ် ယောက်ျားလေး ကဲ့သို့ပင် ဖြစ်နေသေးသည်။ ယခင်ပုံစံနှင့် နည်းနည်းတော့ မတူပေ။

သူ့မျက်နှာပေါ်တွင် ငယ်ရွယ်နုပျိုမှုရှိနေဆဲဖြစ်ပြီး ထို့အတွက်ကြောင့် အခြားသူများ၏ လျစ်လျူရှုခြင်းကို ခံရလွယ်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းတွင်၊ ယင်နဂါးဆယ့်ရှစ်ကောင်က ၎င်းတို့နောက်မှ ကြီးမားသောရထားကြီး ကိုးစီးကို ဆွဲယူကာ အရှေ့မြေရိုင်းနယ်မြေတစ်ဝက်ကိုဖြတ်သန်းသွားလာခဲ့သည်။ သူတို့၏ ခရီးအမြန်နှုန်းက အရမ်းမြန်တာကြောင့် စုမင်က ခဏခဏ ခေါင်းငုံ့ပြီး အောက်ကိုငုံ့ကြည့်သည့်အခါ မျက်မှောင်ကြုတ်မိသွားသည်။

နောက်ထပ်သုံးရက်ကြာသောအခါနတ်ဆိုးဂိုဏ်းရှေ့တွင်... ကြီးမားသောမြေပြန့်ကြီးတစ်ခုပေါ်လာလေသည်။

ဤနေရာကို မြေပြန့်ကွက်လပ်တစ်ခုအဖြစ် ဖော်ပြရန် တိကျမှုမရှိပေ။ အကြောင်းမှာ ဤနေရာမှာ မည်းနက်နေပြီး ၎င်းမှ ဆွေးမြေ့‌‌‌နေသောအနံ့အသက်က ထောင်းခနဲထွက်ပေါ်လာသည်။ မြေကြီးပေါ်တွင် နက်နဲသော တွင်းများလည်း အများအပြား ရှိခဲ့သည်။

ဤတွင်းများက အရွယ်အစား အမျိုးမျိုးဖြင့် ရှိကာ အားလုံးက ကောင်းကင်မှပြိုကျနေသော ကြယ်များဖြင့် ဖွဲ့စည်းထားသကဲ့သို့ ဖြစ်နေသည်။ အချို့သောတွင်းကြီးမများက ခြေလှမ်းရာထောင်ချီအရွယ်အစားရှိ၍ အရွယ်အစား ရာနှင့်ချီ၍ ရှိသော်လည်း အသေးဆုံးမှာပင် ပေတစ်ထောင် ကျယ်ဝန်းလေသည်။

အချို့နေရာများတွင် တွင်းများမရှိသော်လည်း ကြီးမားသောကျောက်တုံးများဖြင့် ပြည့်နှက်နေသည်။ ကျောက်တုံးများက အပေါက်များကို ပိတ်ဆို့ထားလိုက်ပြီး အပြင်ရှိထင်ရှားနေသော အစိတ်အပိုင်းက တုန်လှုပ်ဖွယ် ခံစားချက်ကို ပေးစွမ်းသည်။

ဤကျောက်တုံးများက ပုံသဏ္ဍန်အမျိုးမျိုးဖြင့် နေရာတစ်ခုလုံးမှာ ပြန့်ကျဲစွာတည်ရှိနေလေသည်။ ကျောက်တုံးများကလည်း မြေကြီးကဲ့သို့ အဆုံးမဲ့များပြားနေသည်ကို တွေ့လိုက်ရသည်...။

တွက်ချက်ကြည့်လျှင် မြေပေါ်ရှိ တွင်းအရေအတွက်က ကျောက်တုံးအရေအတွက်နှင့် အတူတူပင်။

ပေပေါင်း ရာနှင့်ချီသော အရွယ်အစား ရာနှင့်ချီသော ကျောက်တုံးများ အများအပြားရှိလေသည်။ ကျောက်တုံးများအပေါ်၌ မည်သူမဆို မတ်တတ်ရပ်လိုက်လျှင် အလွန်သေးငယ်စွာတည်ရှိနေလိမ့်မည်။

ဤနေရာက ထူးဆန်းသလို..ကောင်းကင်မှာလည်း ပုံမှန်မဟုတ်ပေ။ကောင်းကင်တွင် တိမ်လွှာတိမ်စိုင်များ ရှိမနေပေ။ ထိုနေရာ၌ လောကဥပဒေဿတစ်ခုချမှတ်ထားသကဲ့သို့ မြေပြင်ပေါ်ရှိ ကျောက်တုံးများက လွင့်မျောနေကြသည်။

ဤနေရာက အရှေ့မြေရိုင်းနယ်မြေ၏ ဗဟိုနှင့်နီးကပ် လေသည်။ ထိုသဲကန္တာရ၏ ဧရိယာက အင်မတန်ကြီးမားကျယ်ပြန့်လေသည်။ ထို့နောက်အရှေ့မြေရိုင်းမျှော်စင်နှင့်လည်းနီးကပ်နေလေသည်။

ဤသည်မှာ တိုက်ပွဲအတွက် နတ်ဆိုးဝိညာဉ်နှင့် အင်မော်တယ်ဂိုဏ်းနှစ်ခုစလုံးမှ ရွေးချယ်ထားသော စစ်မြေပြင်ဖြစ်သည်။

ဤနေရာတွင် အရှေ့မြေရိုင်းမျှော်စင်သို့ ဝင်သောအခါတွင် မည်သူက ဦးဆောင်မည်ကို ဆုံးဖြတ်နိုင်မည်ဖြစ်ပြီး မည်သူက နောက်ကလိုက်ရမည်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ဆုံးရှုံးသွားသူများက အရှေ့မြေရိုင်းမျှော်စင်မှ လီဆယ်သန်းအကွာအဝေးထိ သွေးနီရောင်အလင်းတန်းများဖြန့်ကျက်နိုင်အောင် လုံလောက်သောအင်မော်တယ်ဝိညာဉ်များကို ပေးဆပ်ရမည်။

ဤဆုံးဖြတ်ချက်ကို မာန်ပြည်ထောင်တွင် ရှင်းရှင်းလင်းလင်း မဆုံးဖြတ်ခဲ့သော်လည်း အင်မော်တယ် နဂါးငွေ့တန်းရှိ အချုပ်အခြာအာဏာပိုင်သုံးဦးနှင့် ဧကရာဇ်ငါးပါးတို့က ချမှတ်ခဲ့ခြင်းဖြစ်သည်။

နတ်ဆိုးဂိုဏ်း၏စစ်တပ်က ကောင်းကင်မှ မြေကြီးသို့ ဆင်းသက်လာသောအခါ အခြားဂိုဏ်းများနှင့်ယှဉ်လျှင် မြစ်တစ်ထောင်ချိုင့်ဝှမ်းကိုအရင်ဆုံးရောက်သောဂိုဏ်းတစ်ခုဖြစ်လာသည်။ထို့နောက် ချိုင့်ဝှမ်းက စစ်မြေပြင်နှင့် အနီးစပ်ဆုံးဖြစ်ပြီး တပ်ဆုတ်ရန်လွယ်ကူသည့်နေရာဖြစ်သည်။

ဤသည်မှာ တိုက်ပွဲမဖြစ်မီ ဤဒေသကို သိမ်းပိုက်ရန် နတ်ဆိုးဂိုဏ်းကို စေလွှတ်ရခြင်း၏ အကြောင်းအရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။

ယင်နဂါး၏ဟိန်းဟောက်သံများက ပဲ့တင်ထပ်ပြီး လှ်ိုင်းထကာ နယ်မြေအတွင်းရှိ အသံများကို ငြိမ်သက်သွားစေလေသည်။

ယင်နဂါး တစ်ဆယ့်ရှစ်ကောင် ဆင်းလာသည်နှင့်အမျှ နတ်ဆိုးဂိုဏ်း၏ တပည့်များက ရှည်လျားသော အလင်းတန်းများအဖြစ်သို့ ခုန်ဆင်းသွားကြသည်။ သူတို့က ကောင်းကင်ရှိ ဥက္ကာခဲ ဒါဇင်ပေါင်းများစွာနှင့်တွင်းများကို ပိတ်ဆို့ထားသော

ကျောက်တုံးများစွာကို ယူလိုက်သည်။

ရထား းကိုးစီးကို မြေပြင်ပေါ်တွင် အလျားလိုက် ထားရှိပြီး တပည့် အများအပြားက ၎င်းတို့ ပေါ်တွင် ထိုင်ကာ သူတို့၏ အမိန့်ကို စောင့်ဆိုင်းရင်း ငြိမ်သက်စွာ ဝင်လေထွက်လေမှတ်နေကြသည်။

ရှန်းတုန် ဦးဆောင်သည့်နတ်ဆိုးဂိုဏ်းသားများက ကောင်းကင်ရှိ ဥက္ကာခဲများပေါ်၌ ရပ်မည့်အစား အမြင့်ပေတစ်သိန်းရှိသော ကျောက်တုံးကြီးပေါ်တွင် ထိုင်နေကြ၏။ သူတို့ စကားတစ်ခွန်းမှ မပြောဘဲ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

ဧရာမစာတန်းကြီးနှစ်ခုကသာ လေထဲတွင် ဆက်လက် လွင့်နေသဖြင့် အဝေးမှကြည့်လျှင် “နတ်ဆိုးဝိညာဥ်ဂိုဏ်း”နှင့် “ တွေ့တဲ့လူအသေသတ်”ဟူသောစကားလုံးကိုမြင်ရပြီး ၎င်းတို့က သွေးဆာပြီးရက်စက်ကြမ်းကြုတ်သောအငွေ့အသက်ကိုပေးစွမ်းလေသည်။

စုမင်အပါအဝင် ထောင်ပေါင်းများစွာသော ပြင်ပဂိုဏ်းဝင် တပည့်များက ၎င်းတို့၏ သွေးမျိုးဆက်ကို ပြောင်းလဲခဲ့သော ကျင့်ကြံသူများနှင့်အတူ ထိုလူအုပ်စုများမှာ အမိန့်လက်ခံမရှိကြပေ။ ဘယ်ကိုသွားရမယ် ဆိုတာကို မပြောကြဘဲ အများစုက လမ်းခွဲပြီး သူတို့ဘာသာ ထွက်သွားကြသည်။ စုမင်က မြေပြင်ပေါ်ရှိ ပေတစ်ထောင်ရှိသည့်ကျောက်တုံးကို ရွေးလိုက်လေသည်။ ထိုနေရာ၌ စုမင် ထိုင်နေသောအခါတွင် ချမ့်ချန်က တုန်လှုပ်ချောက်ချားစွာ လှည့်ပတ်ကြည့်ရှုရင်း သူ့နောက်သို့ လိုက်သွားခဲ့သည်။

“စီနီယာ ဒီနေရာက ဘာလဲဆိုတာ ငါသတယ်... ဒီနေရာဟာ အရှေ့မြေရိုင်းနယ်မြေမှာရှိတဲ့အင်မော်တယ်တွေ ဆင်းသက်တဲ့ နေရာပဲ...ယင်မရဏ‌နယ်မြေရဲ့ ဥပဒေက ဒီနေရာမှာအားအပျော့ဆုံးဖြစ်ပြီး အင်မော်တယ်တွေဆင်းသက်ဖို့ပြီးပြည့်စုံတဲ့နေရာတစ်ခုပါပဲ.. “

ချမ့်ချန်က အသက်ပြင်းပြင်းရှူလိုက်ပြီး ဧရိယာတဝိုက်ကို လျင်မြန်စွာ အကဲခတ်နေလေသည်။ထို့နောက် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

‘ဒီတိုက်ပွဲအတွင်းမှာ အင်မော်တယ်အသစ်တွေ ရောက်လာမှာလား...ဒီလိုဆိုရင် သူတို့ ဒီမှာ စစ်တိုက်ဖို့ လုံးဝ မလိုဘူး..’

ချမ့်ချန်၏ နှလုံးသားမှ ကျယ်လောင်သော ရင်ခုန်သံများ ထွက်လာသည်။ ယခုတစ်ကြိမ် တိုက်ပွဲက သူစိတ်ကူးထားတာထက် ပိုကြီးနိုင်ကြောင်း ဝိုးတဝါးခံစားချက်မျိုးရနေလေသည်။

စုမင်က ငြိမ်သက်သွားလေသည်။ ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် မျက်လုံးကို မှိတ်ထားလိုက်သည်။ ကောင်းကင်ယံရှိ မှော်အစီအရင် မှ စွမ်းအားလှိုင်းများကို သူခံစားနိုင်သည်။

All Chapters