← Chapters

အခန်း (၆၄၄)

Vol. 47 Ch. 644

အခန်း (၆၄၄)

Vol. 47 Ch. 644

ချန်ချုံး....ဝူလ

ထိုမှော်အစီအရင်မှစွမ်းအားလှိုင်းများက မပြင်းထန်ပေ။ သို့သော် ထူးခြားသောပတ်ဝန်းကျင်ကြောင့် ၎င်းက လောကကြီးနှင့် ရောနှောသွားကာ စုပ်ယူ သောစွမ်းအားတစ်ခုဖြစ်လာသည်။

“အင်မော်တယ်တွေက ဒီနေရာကိုဆင်း

သက်လာရတဲ့ အကြောင်းရင်းရှိမယ် “

စုမင်က သူ့အကြည့်ကို လွှဲလိုက်သည်။ တိုက်ပွဲအတွင်း အင်မော်တယ်လူသစ်များဆင်းသက်လာမည်ကို သူ မစိုးရိမ်ပေ။မြစ်တစ်ထောင်ချိုင့်ဝှမ်းမှ ထွက်ခွာလာချိန်မှစ၍ သူ့အတွေးအားလုံးက တစ်ခုတည်းသော အတွေးတစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည်။ ၎င်းမှာ တိထျန်း ကို သတ်ပစ်ရန်ဖြစ်သည်။

ဧရာမပုံရိပ်ယောင်ကြီးများ၊ စွမ်းအားတစ်ခုခု၊ အခြားပယောဂ တစ်ခုခုကြောင့်လည်း ဤအတွေးက ပြောင်းလဲမည်မဟုတ်ပေ။ ထိုအရာက စုမင်၏ စိတ်ဝိညာဉ်ကို ကိုယ်စားပြုသည့်အပြင် သူ့စိတ်ဝိညာဉ်၏နက်နဲရာမှာထွင်းထုထားသော ဆုံးဖြတ်ချက်လည်းဖြစ်သည်။

‘တကယ့်တိထျန်းအစစ်က စွမ်းအားကြီးပေမဲ့ မာန်ပြည်ထောင်ကိုဆင်းသက်လာတဲ့ကိုယ်ပွားကိုတော့ ငါ မရှုံးနိုင်လောက်ဘူး..ဒါ့အပြင်...”

စုမင်၏ မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခု လင်းလက်လာသည်။ သူပြင်ဆင်ထားသမျှအရာများမှလွဲ၍ တိထျန်းကိုသတ်ရန် ရဲရင့်သောအကြံအစည်တစ်ခုရှိသည်။

ဤအစီအစဥ်အတွက် အောင်မြင်နိုင်ခြေမှာ မမြင့်မားသော်လည်း လုံလောက်နေလေပြီ။ ထို့နောက် တိထျန်းကို သတ်ပစ်နိုင်ခြေ တိုးလာခြင်းကြောင့် တိထျန်း၏ ကံကြမ္မာကို ပြောင်းပြန်လှန်ပစ်နိုင်မည်ဖြစ်သည်။

စုမင်က ကျောက်တုံးပေါ်တွင် ငြိမ်သက်စွာ ထိုင်နေကာ သူ့နှုတ်ခမ်းပေါ်မှ နက်မှောင်အေးစက်သော အပြုံးတစ်ခုပေါ်လာသည်။

နတ်ဆိုးဝိညာဉ်ဂိုဏ်းမှ ရောက်ရှိလာသူများက အစောဆုံးရောက်ရှိလာကြပြီး အခြားသူများဧ။်ရောက်ရှိမှုကို နှစ်နာရီအကြာတွင် တွေ့ခဲ့ကြရသည်။ အဝေးမှ ကောင်းကင်တွင် ရှည်လျားသောစက်ဝန်းပြတ်အလင်းတန်းများက ပေါ်ထွက်လာပြီး ၎င်းတို့ဆီသို့ ရောက်ရှိလာသည်။

ထိုရှည်လျားသော အလင်းတန်းများမှ အလွန်ကြီးမားသော ချီလင်(သားရဲတစ် ကောင်)ပုံ ပေါ်လာသည်။ ကောင်းကင်၌ ပျံ့လွင့်လာသော အသံက သားရဲ၏ဟိန်းဟောက်သံကဲ့သို့ ဖြစ်၏။ ထိုချီလင်က လူ ၉၉၉၉ ဖြင့်ဖွဲ့စည်းထားသော မှော်အစီအရင်မှ ပုံရိပ်ယောင်ကြီးဖြစ်သည်။ လူအားလုံးက မှော်အစီအရင်ကို ခိုင်ခံစွာအသက်သွင်းခဲ့ကြပြီး ချီလင်ကလည်း အလွန်စွမ်းအားကြီးပြီး အသက်ဝင်လာခဲ့သည်။

ချီလင်မှ ထွက်ပေါ်လာသော ဟိန်းဟောက်သံများက နတ်ဆိုးဝိညာဉ်ဂိုဏ်းဝင်များ အားလုံးကို အေးစက်စွာ မျှော်ကြည့်မိစေခဲ့သည်။ ပြင်းထန်သောလေအဟုန်က မြေပြင်ပေါ်ရှိ သဲများကို တိုက်ခတ်သွားကာ ကောင်းကင်က ဖုန်မဖှုန်အတိဖြင့် ဖုံးကွယ်သွားလေသည်။

ထိုဧရာမချီလင်နောက်ကွယ်တွင် ဧရာမတောင်ကြီး ခုနစ်လုံးရှိကာ တစ်ခုစီက ပေပေါင်းသောင်းနှင့်ချီမြင့်ကာ လေထုထဲတွင် နေရာယူထားလေသည်။ နတ်ဆိုးဂိုဏ်းဝင်များကို မျက်လုံးအပြူးသားဖြစ်စေသောအရာက ထိုတောင်ကြီးခုနှစ်လုံးအောက်ရှိ ဧရာမဘီလူးကြီးများပင်ဖြစ်သည်။

ဤဘီလူးကြီး ခုနစ်ကောင်က သဘာဝလွန်တည်ရှိမှုများနှင့်တူလေ၏။ ၎င်းတို့က ပေထောင်ပေါင်းများစွာ မြင့်မြင့်မားမား တည်ရှိ‌လေသည်။ သူတို့မျက်နှာမှာ မည်သည့်အမူအရာမှ မရှိပေ။ လူအားလုံး ၏နှလုံးသားထဲမှာ ကြောက်ရွံ့ထိတ်လန့်စေနိုင်သော စွမ်းအားလှိုင်းများက သူတို့ဧ။်ခန္ဓာကိုယ်ကနေ ပျံ့လွင့်လာခဲ့သည်။ သူတို့၏မျက်လုံးများက သွေးနီရောင်ဖြစ်ပြီး ရူးသွပ်မှုများဖြင့် တောက်ပနေသဖြင့် မည်သူမျှ မျက်လုံးကို မကြည့်ဝံ့ကြပေ။

သူတို့အသီးသီးက တောင်ကြီးတစ်ခုစီကို ထမ်းကာ ချီလင်နောက်သို့ လိုက်ကြရင်း ကောင်းကင်ယံ၌ ကြီးမားသော ခြေလှမ်းများဖြင့် လှမ်းကြသည်။

တစ်ယောက်ယောက်က အနီးကပ်ကြည့်လျှင် ဤအဝတ်တစ်ဝက်သာပါသော ဘီလူးကြီးများက သတ္တုနှင့် ကျောက်တုံးကဲ့သို့ မာကြောကြမ်းတမ်းသောအရေပြားရှိလေသည်။ အော်ဟစ်ကြုံးဝါးသံများက လေထုထဲတွင် ပျံ့လွင့်ထွက်ပေါ်လာသည်။ ၎င်းတို့က တကယ့်သက်ရှိသားရဲများမဟုတ်သော်လည်း ထူးထူးခြားခြားနည်းလမ်းတစ်မျိုးဖြင့် ဖန်တီးထားသည့် ရုပ်သေးရုပ်များပင် ဖြစ်သည်။

“ဒါက ကြောက်စရာကောင်းတဲ့ အတွေးတွေက ဖြစ်ပေါ်လာတဲ့ ဖုံးကွယ်နဂါးဂိုဏ်းက ချီလင်တွေပဲ.. ပြီးတော့ ဘီလူးကြီးတွေက အင်မော်တယ်ဘီလူးစစ်သည်တွေပဲ....”

ချမ့်ချန်က အသက်ပြင်းစွာ ရှုရှိုက်လိုက်သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး ကြောက်လွန်းသောကြောင့် တဆတ်ဆတ်တုန်ကာ မေးချင်းရိုက်နေလေသည်။

“ဖုံးကွယ်နဂါးဂိုဏ်းက ချီလင်တွေက လူတစ်သောင်းရဲ့ ရက်စက်ကြမ်းကြမ်း‌တဲ့အတွေးတွေနဲ့ ဖွဲ့စည်းထားတာ.. တကယ်လို့ အဲ့ထဲက တစ်ယောက်က နဂါးဂိုဏ်းက မြင့်မြတ်တဲ့စွမ်းရည်ကို အသက်သွင်းနိုင်လို့ရှိရင်.. အဲ့ဒီချီလင်တွေက ဝိညာဉ်တွေနဲ့တောင် ဆက်သွယ်နိုင်တယ်”

“ငါသိတာကတော့ ဖုံးကွယ်နဂါးဂိုဏ်းမှာဆိုရင် သူတို့ ခုနစ်ကောင်က တန်ဖိုးအကြီးဆုံး ရတနာတွေပဲ.. သူတို့ အသီးသီးဟာ ဒုတိယအဆင့်ရဲ့ အထွတ်အထိပ်နဲ့ ညီမျှတဲ့ စွမ်းအားကို ပိုင်ဆိုင်ကြတယ်...”

ချမ့်ချန်၏ အသက်ရှုသံများ မြန်လာပြီး သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်မှု ပေါ်လာသည်။

“ဒီဘီလူးကြီး ခုနစ်ကောင်ကို အင်မော်တယ်ဘီလူးစစ်သည်တော်လို့ ခေါ်တယ်”

စုမင်၏ မျက်လုံးများ တောက်ပနေသော်လည်း ခဏအကြာတွင် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။

“သူတို့အားလုံးမှာ မာန်စိတ်ဝိညာဉ်နယ်ပယ်မှာ အောင်မြင်မှုကြီးကြီးမားမားရခဲ့တဲ့ ကျင့်ကြံသူ နဲ့ ညီမျှတဲ့ စွမ်းအားတွေရှိပြီး သူတို့တစ်ယောက်ချင်းစီရဲ့ သူခန္ဓာကိုယ်ထဲမှာ မာန်အငွေ့အသက်တွေရှိနေတယ်...”

“ငါနားလည်ပြီ...ဒီအင်မော်တယ်ဘီလူးစစ်သည်တော်တွေက မာန်ပြည်ထောင်မှာရှိတဲ့ကျင့်ကြံသူတွေရဲ့ အသွေးအသားကို အသုံးပြုပြီး ဖန်တီးထားတာ.. သူတို့ ဒီနေရာကို ဆင်းသက်လာတာ မဟုတ်ဘူး...”

ချမ့်ချန်က အသက်ပြင်းပြင်းရှူပြီး သူ၏နောက်ဆုံးစကားများကို ဆက် ပြောလိုက်သည်။

စုမင်က စကားမပြောပေ။ ချမ့်ချန် ဘာမှ မပြောတော့မှ သူ စကားပြောရန်လုပ်ထားလေသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးက ကောင်းကင်တွင် ပဲ့တင်ထပ်ကာ ချီလင်က လေထဲသို့ တစ်ဟုန်ထိုးပျံသန်းလာလေသည်။ထို့နောက် မြေပြင်ပေါ်ရှိ ကျောက်တုံးကြီးတစ်ခုပေါ်မှ ဆင်းသက်လာသည်။ ဆင်းသက်ပြီးချင်းမှာပင် ကျောက်တုံးက ၎င်း အလေးချိန်ကို မခံနိုင်သောကြောင့် ကွဲအက်သံများနှင့်အတူ အက်ကြောင်းကြီးများလည်း ထင်းပေါ်လာခဲ့သည်။ နောက်ဆုံးတော့ ပေါက်ကွဲသံနဲ့အတူ ပြိုကျသွားလေသည်။

ချီလင်၏မျက်လုံးများတွင် အမုန်းတရားနှင့် ရန်ငြိုးလှိုင်းများ ပေါ်လာသည်။ နတ်ဆိုးဂိုဏ်းမှ လူများကို တစ်ချက်ကြည့်လိုက်သောအခါ မျက်လုံးမှိတ်သွားသည်။ ထိုသို့ပြုစဉ်တွင်ပင် သားရဲ၏ခန္ဓာကိုယ်က တုန်ခါသွားလေသည်။ ထိုအချိန်တွင် ဖုံးကွယ်နဂါးဂိုဏ်းဝင် တပည့်တစ်သောင်းတို့က ၎င်းတို့ပတ်ဝန်းကျင်ကို သိမ်းပိုက်ရန် ဖြန့်ကျက်လိုက်ကြသည်။ သူတို့အားလုံးက ခပ်လှမ်းလှမ်းတွင်ရှိသော နတ်ဆိုးဂိုဏ်း၏ ဆန့်ကျင်ဘက်တွင် ရပ်နေကြသည်။

ဦးဆောင်သူမှာ လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ သူ့လက်ထဲတွင် နဂါးလှံတံတစ်ချောင်းကို ကိုင်ထားပြီး သူ့အကြည့်က နတ်ဆိုးဂိုဏ်း၏ရှန်းတုန် နှင့်တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် သူ့မျက်လုံးထဲတွင် သွေးနီရောင် တောက်ပလာ လေသည်။

ထိုလူလတ်ပိုင်း၏နောက်တွင် လူရှစ်ယောက်ရှိသည်။ ၎င်းတို့အနက် သုံးဦးမှာ အမျိုးသမီးများဖြစ်ပြီး ကျန်ငါးဦးမှာ အမျိုးသားများဖြစ်သည်။ ၎င်းတို့အားလုံးက ထူးထူးခြားခြား စွမ်းအားများ ပိုင်ဆိုင်ကြပြီး အင်မော်တယ်အငွေ့အသက်များက ၎င်းတို့၏ ခန္ဓာကိုယ်ကို ဝန်းရံထားကြသည်။ ဤလူများက မာန်ပြည်ထောင်သို့ ဆင်းသက်လာသော အင်မော်တယ်များဖြစ်ကြောင်း တစ်ချက်တည်းဖြင့် မည်သူမဆို ပြောပြနိုင်မည်ဖြစ်သည်။

အခြားဖုံးကွယ်နဂါးဂို‌ဏ်းဝင်များက ဤလူအုပ်စု၏ အနီးအနားတွင် လေဒလက်ကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ ဘယ်ဘက်တွင် မျက်နှာ မှုန်သုပ်နေသော အမျိုးသား အမျိုးသမီး တစ်ဒါဇင် ရှိသည်။ သတ်ဖြတ်လိုစိတ်က သူတို့ပတ်ဝန်းကျင်မှာ ထောင်းထောင်းထ နေလေသည်။

ဤဖုံးကွယ်နဂါးဂိုဏ်းအဖွဲ့ဝင်များထဲရှိ နှစ်ယောက်ကို စုမင် မြင်လိုက်ရသောအခါတွင် စိတ်ဓာတ်ကျသွားလေသည်။

သူတို့ထဲက တစ်ယောက်က နိုးထခြင်းနယ်ပယ်မှာ ပထမဆုံးမြင်တွေ့ခဲ့ရသော အစွမ်းထက်သောကျင့်ကြံသူဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူကြုံတွေ့ခဲ့ရသော တုန်လှုပ်ချောက်ချားမှု ၊ခံစားချက်ကို သူ မှတ်မိနေသေးသည်။ အဲဒီလူက... လေပြေစီးကြောင်း မျိုးနွယ်စု၏ လူကြီး... ကျင်းနန်ပင်ဖြစ်သည်။

ထိုအချိန်တွင် ကျင်းနန်က ဖုံးကွယ်နဂါးဂိုဏ်းအလယ်တွင် ရပ်နေသော လူလတ်ပိုင်းတစ်‌ ယောက်ဖြစ်သည်။ ထိုကျောက်တုံးပေါ်တွင်ရှိသူ့ကို သူ့ပတ်ဝန်းကျင်ရှိလူများက လေးစားမှုပြနေသဖြင့် ဤလူက ဖုံးကွယ်နဂါးဂိုဏ်းတွင် အလွန်မြင့်မားသောရာထူးရှိကြောင်း ပြောပြရန် မခက်ခဲပေ။

သူ့နားမှာ စွမ်းအားကြီးနယ်ပယ်ရှိသူများ ပိုင်ဆိုင်သော လှိုင်းဂယက်များထနေလေသည်။ သူ့ကျင့်ကြံမှု အဆင့်က... စွမ်းအားကြီးနယ်ပယ်မှာရှိနေလေသည်။

“ကျင်းနန်... သူက အင်မော်တယ်နယ်မြေမှာ ရှိတုန်းက ဖုံးကွယ်နဂါးဂိုဏ်းရဲ့အကြီးအကဲတွေကတစ်ယောက်ပဲ... သူ ဒီမာန်ပြည်ထောင်မှာ ဆင်းသက်ပြီးတာနဲ့ ဒီနေရာရဲ့ ဂိုဏ်းချုပ်ကြီးအဖြစ် ခန့်အပ်ခံရတယ်.. သူ့အာဏာကို ချိုးနှိမ့်ထားတာ တောင်မှစွမ်းအားကြီးနယ်ပယ်ထဲမှာ ရှိနေတဲ့ သူတွေရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားဆဲပါပဲ”

ချမ့်ချန် က ချက်ချင်း တိုးတိုးလေး ပြောလိုက်သည်။

စုမင်က တိတ်ဆိတ်နေခဲ့သည်။ ခဏအကြာတွင် သူ့အကြည့်က ဒုတိယလူဆီသို့ ရောက်သွားသည် ။ သူ၏ အမှတ်ရစရာများထဲမှ လူက ယခု လက်ဝဲဘက်ရှိ ယောက်ျားနှင့် မိန်းမပျိုများကြားတွင် ရပ်နေသည်။

ချန်ချုံးမှာ စုမင်လေပြေစီးကြောင်းတောင်ပေါ်သို့ တောင်ပေါ်သို့ မတက်မီတွင် သူတွေ့ဖူးသော အနည်းငယ်ပိန်ပိန်ပါးပါး လူတစ်ယောက်ဖြစ်သည်။ သူက ဟာသဉာဏ်ရွှင်ပြီး ရဲဝမ်ထက်သာလွန်သော မယုံနိုင်စရာကောင်းလောက်အောင် အရည်အချင်းရှိသူဖြစ်ပြီး စုမင်ကိုလည်း အလွန်အထင်ကြီးစေခဲ့သည်။

ယခု လူအုပ်ကြားတွင် ရပ်နေစဉ် သူ၏ လက်ရှိ အသွင်အပြင်က စုမင် အမှတ်ရနေသည့် လူနှင့် မတူတော့ပေ။

“ဖုံးကွယ်နဂါးဂိုဏ်းက ချန်ချုံး... ဒီလူဟာ ဂိုဏ်း မှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေကြားမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အရည်အချင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ပြောကြတယ်.. .သူကတော့ ရဲဝမ်နဲ့ မယှဉ်နိုင်ပေမယ့် ရန်ဖြစ်နေတုန်းပဲတဲ့.. ဒါပေမဲ့ သူက ပျင်းပြီး ကျင့်ကြံတာကို မကြိုက်ဘူးလို့လည်း ပြောကြတယ်… အဲဒီ့အစား သူက မိတ်ဆွေ့ဖွဲ့ရဝာာကို သဘောကျပြီး တစ် လောကလုံးမှာ ရင်းနှီးတဲ့သူငယ်ချင်းတွေ ရှိပုံရတယ်..”

ချန့်ချန်က အကင်းပါးစွာဖြင့် စုမင် ဦးတည်ရာကို မြင်သောအခါ သူသိသောအရာကို တိုးတိုးလေးပြောလိုက်သည်။

စုမင် မှတ်မိသလို ချန်ချန်းက သူ့လူအုပ်နှင့် ရယ်မောမနေ‌တော့ပေ။ သူက နတ်ဆိုး ဝိညာဉ်ဂိုဏ်းဆီသို့ စူးစူးဝါးဝါးစိုက် ကြည့်နေလေသည်။သူ့ကိုဝန်းရံနေ‌သောသူများက လကို ဝန်းရံနေသော ကြယ်များကဲ့သို့ပင် ဖြစ်သည်။ စုမင်လေပြေစီး ကြောင်း‌ တောင်နံဘေးတွင် တိတ်တိတ်ကလေး ရပ်ပြီး လူတကာချီးမွမ်းခြင်းကို ခံရသော ချန်ချုံးကို မှတ်မိနေသေးသည်။

ထိုအချိန်တွင် စုမင်က သတိလက်လွှတ်ဖြစ်လုနီးပါးပင်။ ယခု သူက နတ်ဆိုးဝိညာဥ်ဂိုဏ်းမှာ ရှိနေသည်ကိုပင် သတိမရတော့ပေ။

ထိုအရာက တိုက်ဆိုင်မှုဟုတ်မဟုတ် သူမသိပေ။ စုမင်က သူ့အမှတ်တရမြင်ကွင်းများနှင့် ယခု ဖြစ်ပျက်နေသည့်အရာနှင့်က ဆင်တူနေကြောင်းကို သတိထားမိလေသည်။

ကောင်းကင်၌ ဧရာမဘီလူးကြီးခုနစ်ကောင် ဆင်းသက်သည်နှင့် တပြိုင်နက် သူတို့လက်ထဲရှိ တောင်များကို မြေပြင်ပေါ်သို့ ပစ်ချကြလိုက်သည်။ ထိုစဥ် လေထဲသို့ တိုးဝင်လာသော မြည်ဟည်းသံကြောင့် မြေပြင်ကိုပင် တုန်လှုပ်သွားစေသည်။ လူတိုင်းမျက်စိရှေ့မှာတင် တောင်ခုနစ်လုံးက မြေပြင်ပေါ်ပြိုကျပြီး

ဖုံးကွယ်နဂါးဂိုဏ်းကတပည့်များ သိမ်းပိုက်ထားသောနယ်မြေကို တောင်ခုနစ်လုံးက မှော်အစီအရင်ကဲ့သို့ လိုမျိုး ဝိုင်းရံထားလေသည်။

ထို့နောက်မှာတော့ ဘီလူးကြီးများက သူတို့တောင်များပေါ် တက်ပြီး နတ်ဆိုးဂိုဏ်းကို စိုက်ကြည့်နေကြသည်။

နတ်ဆိုးဝိညာဥ်ဂိုဏ်းဧ။် တစ်ဆယ့်ရှစ်ကောင်သောယင်နဂါးများက ဟိန်း ဟောက်သံနှင့် အော်သံများ စတင်ထုတ်လွှတ်လာသည်။ ဂိုဏ်းနှစ်ခုမှ အဖွဲ့ဝင်များက ၎င်းတို့၏ တိုက်ပွဲအတွက် စိတ်တက်ကြွနေလေသည်။

ထိုအချိန်တွင်ပင် အဝေးမှ စူးရှစွာ အော်မြည်သံ ထွက်ပေါ်လာသည်။ ဧရာမအပြာရောင်ကြယ်ကိုးလုံးက ဖုံးကွယ်နဂါးဂိုဏ်းရောက်ရှိလာသည့် ဦးတည်ရာမှ ကောင်းကင်ကိုဖြတ်ကာ ၎င်းတို့ဆီသို့ ဦးတည်လာကာ ကမ္ဘာကြီးကို တုန်လှုပ်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် မြေကြီးနှင့် ချိတ်ဆက်နိုင်ပုံရသော နတ်ဆိုးမြူမှုန်ဂို‌ဏ်းရှိနတ်ဆိုးကြီးသုံး‌ ယောက်က လောကကြီးကို ဖျက်စီးမည့်ဟန်ဖြင့် ကျယ်လောင်သော ဟိန်းဟောက်သံများနှင့်အတူ ထွက်ပေါ်လာသည်။ မတူကွဲပြားသော ဦးတည်ရာနှစ်ခုမှ ထွက်လာသော ကြယ်များနှင့် နတ်ဆိုးမြူမှုန်ဂိုဏ်းသားများက တစ်ချက်မျှပင် နှေးကွေးသွားခြင်းမရှိဘဲ နီးကပ်လာလေဖြစ်သည်။

ထိုအချိန်တွင် လောကကြီးက မြည်ဟည်းသံများနှင့်ပြည့်နှက်ကာ မြူမှုန်ဂိုဏ်းကလူများလည်း လေထဲတွင်ပျံသန်းနေလေသည်။ စကြာဝဠာကြီးကလည်း တဝီဝီပျံသန်း နေသောပုံရိပ်များနှင့် ပြည့်နှက်လာလေသည်။

နတ်ဆိုးမြူမှုန်ဂိုဏ်းရှိလူများနှင့် ကြယ်ပွင့်များက နတ်ဆိုးဝိညာဉ်ဂိုဏ်းနှင့် ဖုံးကွယ်နဂါးဂိုဏ်းရှိလူအားလုံးကို ချက်ချင်းခေါင်းမော့စေခဲ့သည်။ နှစ်ဦးနှစ်ဘက်လုံး စေ့စေ့ကြည့်နေစဉ်

အင်မော်တယ်များ ဆင်းသက်သည့်နေရာအထက် ကောင်းကင်ပြင်ရှိ ကြယ်ကိုးပွင့်က နတ်ဆိုးမြူမှုန်ဂိုဏ်းသားများနှင့် တိုက်မိသွားလေသည်။

ကျယ်လောင်သော အသံကြောင့် ကောင်းကင်က လှုပ်ခါပြီး မြေကြီး တုန်လှုပ်သွားလေသည်။ထို့နောက် စွမ်းအား လှိုင်းလုံးကြီးများက ကောင်းကင်၌ ပေါ်လာသည်။ စွမ်းအားလှိုင်းလုံးများက အရပ်ရပ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားကာ ကောင်းကင်တစ်ခုလုံး ကွဲအက်လုနီးဖြစ်နေသကဲ့သို့ ကောင်းကင်တစ်ခုလုံး ပုံပျက်သွားစေသည်။

ကျယ်လောင်သောအသံများကြားတွင် ကြယ်ကိုးပွင့်က နောက်ပြန်ပြုတ်ကျလာပြီး ဖုံးကွယ်နဂါးဂိုဏ်းရှေ့တွင် လူတစ်သောင်းအဖြစ် ပြောင်းလဲလာသည်။ ဤလူများ အားလုံး၏မျက်နှာများတွင် မည်းမှောင်သော အမူအရာများ ရှိနေလေသည်။ အများစုမှာ မြေပြင်ပေါ်သို့ ဆင်းလိုက်သည်နှင့် သွေးအန်ကျလေသည်။ ရှေ့ဆုံးကလူများကြားတွင် စုမင် ကောင်းကင်မြူခိုးမြို့တော်၏ဘိုးဘေးကိုတွေ့လိုက်ရသည်။

သူက ထျန်းလန်းမုန့်၊ ထျန်းလန်းယို့နှင့် သူ့အတိတ်မှ ရှင်းရှင်းလင်းလင်း မှတ်မိသော မျက်နှာတစ်ခုကို မြင် လေသည်။ထိုလူမှာ ဝူလပင်ဖြစ်သည်။

နတ်ဆိုးမြူမှုန်ဂိုဏ်း

ကောင်းကင်တာအိုမြူခိုးဂိုဏ်း

“ ကောင်းကင်မြူခိုးကြယ်ကိုးလုံး...ဒါကကောင်းကင်တာအိုမြူခိုးဂိုဏ်းရဲ့ နာမည်ကြီး မှော်အစီအရင်ပဲ.. လူကိုးယောက်နဲ့ ဖွဲ့စည်းထားပြီး အင်မော်တယ်ဂိုဏ်းအားလုံးထဲမှာ အရမ်းနာမည်ကြီးပါတယ်...ဒီဂိုဏ်းက အင်မော်တယ်ဂိုဏ်းတွေနဲ့တွေ့ရင် အသေအကျေတိုက်ခိုက်ကြတာ...”

“နတ်ဆိုးမြူမှုန်ဂို‌‌ဏ်းရဲ့ စွမ်းအားက နတ်ဆိုးဝိညာဉ်ဂိုဏ်းနဲ့ အတူတူပါပဲ...ဒါပေမဲ့ အဲဒီဂိုဏ်းက လူတွေက ကမ္ဘာမြေစွမ်းအားတွေကို အသက်သွင်းရာမှာ ပိုကျွမ်းကျင်တယ်.. သူတို့ရဲ့ စွမ်းရည်တွေက နတ်ဆိုးဝိညာဉ်ဂိုဏ်းရဲ့ကျင့်စဉ်တွေနဲ့ လုံးဝ ကွဲပြားတယ်... “

ထိုအချိန်တွင် ချမ့်ချန်က အကြောဆွဲသလို တုန်တုန်ယင်ယင်ခံစားလိုက်ရပြီး ဂိုဏ်းခွဲများကို တိုးတိုးလေးသာဖြင့် ဆက်လက် မိတ်ဆက်ပေးနေသေးသည်။

All Chapters