← Chapters

အခန်း (၆၄၅)

Vol. 47 Ch. 645

အခန်း (၆၄၅)

Vol. 47 Ch. 645

စစ်ခုန်း...ပိထူ

ချမ့်ချန်၏ စကားများက စုမင်၏ နားထဲတွင် ပဲ့တင်ထပ်နေပြီး ကောင်းကင်မြူခိုးတာအိုဂိုဏ်းရှိ ရင်းနှီးသော မျက်နှာများကို လိုက်ကြည့်နေဘေသည်။ သူ့ တည်ငြိမ်မှုကို ထိန်းသိမ်းထားချင်သော်လည်း အချို့သော လှိုင်းဂယက်များက သူ့နှလုံးသားထဲတွင် ရိုက်ခတ်နေဆဲဖြစ်သည်။ ထို့နောက် သူ သက်ပြင်းရှည်ကြီးချလိုက်သည်။

အေးခဲကောင်းကင်ကလန်တွင် သူသိခဲ့သော အမျိုးသမီးထျန်းလန်းမုန့်ကိုတွေ့လိုက်သည်...

လွန်ခဲ့သောနှစ်များတစ်လျှောက်လုံး မာန်မျိုးနွယ်စုမှထွက်ခွာရန်အတင်းအကျပ်ခိုင်းစေခဲ့သော ကောင်းကင်တာအိုမြူခိုးဂို‌ဏ်း၏ဘိုးဘေးကိုသူမြင်ခဲ့သည်။ ဤအရာအားလုံးက အတိတ်ဘဝက အမှတ်တရများကဲ့သို့ပင်။ အဖြစ်အပျက်များက အတော်လေး မှေးမှိန်သွားသော်လည်း စုမင်ဘယ်တော့မှ မေ့မှာ မဟုတ်ပေ။

ထို့ပြင် ထျန်းလန်းမုန့်နှင့် အတိအကျတူသော ထိုအမျိုးသမီးလည်း ရှိသေးသည်။ ထျန်းလန်းမုန့်၏ညီမဖြစ်ကြောင်းစုမင် ယောင်ဝါးဝါး မှတ်မိနေခဲ့သည်။

သို့သော်လည်း ကောင်းကင်မြူခိုးတာအို၏ ဘိုးဘေး သို့မဟုတ် ညီအစ်မများ၊ ထို ဂိုဏ်းမှ လူတစ်သောင်းနီးပါးက စုမင်၏ မျက်လုံးများမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ တစ်ယောက်သောသူမှလွဲ၍ သူတို့အားလုံးက မှုန်ဝါးသောပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။…

ထိုသူမှာ လှရုံသာမက သာမန်ထက် အနည်းငယ်ပို၍ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမက အပြာရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး လူအုပ်ထဲတွင် ဆံတိုမလေးအဖြစ် ရှိနေခဲ့သည်။

သူမက ညီအစ်မများရှေ့နှင့် ကောင်းကင်မြူခိုးတာအို၏ဘိုးဘေးဘေးတွင် ရှိနေသည်။

“ဒါဆို သူ မသေဘူးပဲ...”

စုမင်က သူသာကြားနိုင်သည့် အသံနှင့် တိုးတိုးလေးပြောလိုက်သည်။သူ ဝူလအမည်ရှိအမျိုးသမီးကို ကြည့်လိုက်သည်။ သူ့အမှတ်တရများမှာတော့ သူမက သူ့ကို မိုစုဟုခေါ်၍ သူ့လက်ပေါ်တွင် သေဆုံးသွားခဲ့သည်။

သူမက သူ့အမှတ်တရများထဲကလို တူညီ နေလေသည်။ သူမက ဘာမှ မပြောင်းလဲခဲ့သလို ကွာခြားချက်များစွာကိုလည်း မတွေ့ခဲ့ရပေ။ စုမင်က မျက်လုံးများကိုမှိတ်ထားပြီး ပြန်ဖွင့်လိုက်သည့် ဝူလရှေ့မှာ ရပ်နေသော အဘိုးအိုဆီသို့ လှမ်းကြည့်လိုက်သည်။

အဘိုးအိုက သာမာန်ပုံပန်းသဏ္ဍာန်ရှိသော်လည်း သူ့မျက်လုံးထဲတွင် လှည့်ပတ်နေသည့် လျှပ်စီးစွမ်းအားကို

မည်သူမှမမြင်နိုင်ဘဲ စုမင်သာမြင်နိုင်လေသည်။

“ကောင်းကင်တာအိုမြူခိုးဂိုဏ်းရဲ့ ကျောက်ဖန်း.. ဒီလူက အင်မော်တယ်ပြည်ရဲ့ကောင်းကင်မြူခိုးမြို့မှာရှိတုန်းက ပြစ်ဒဏ်တွေပေးတဲ့သူ...သူက လူ့အသက်ပေါင်းမြောက်များစွာကိုသတ်ပစ်ခဲ့တယ်... သူ့အပေါ်မှာရှိတဲ့ လူသတ်အငွေ့အသက်တွေက နတ်ဆိုးဂိုဏ်းကလူတွေတောင် စိတ်အနှောင့်အယှက် ‌ဖြစ်တယ်.. ဒီလူကို မာန်ပြည်ထောင်ရဲ့ကောင်းကင်မြူခိုးဂိုဏ်းအကြီးအကဲလို့ လူသိများတယ်...”

“သူ့နောက်က အဘိုးအိုကို ငါမသိဘူး... ဒါပေမဲ့ သူ့ဘေးနားက အမျိုးသမီးက အင်မော်တယ်ပြည်ရဲ့ကောင်းကင်မြူခိုးမြို့မှာရှိတဲ့ ပါရမီရှင်ပဲ.. သူ့နာမည်က ဝူလဲ့..”

ချမ့်ချန်၏ အသံက စုမင်၏ နားထဲသို့ ရောက်လာသော် နတ်ဆိုးဂိုဏ်းနှင့် သိပ်မဝေးသော စစ်မြေပြင်ဘက်ရှိနတ်ဆိုးမြူမှုန်ဂိုဏ်းကို လှည့်ကြည့်လိုက်သည်။

သူပထမဆုံးမြင်လိုက်ရတာက မာန်မာနထောင်လွှားနေသော လူငယ်လေးတစ်ယောက်က နတ်ဆိုးမြူမှုန်ဂိုဏ်းအလယ်မှာ ထွန်း‌လင်း နေသောနေမင်းကြီးကဲ့သို့ပင်။ တပည့်အများစုက သူ့နေရာကို ရှောင်ကွင်းသွားကာ သွားခဲ့သည်။နတ်ဆိုးမြူမှုန်ဂိုဏ်းရှိ သူ့ရာထူးကို အခြားသူများ မသိမှာ မပူရပေ။

သူက ခရမ်းရောင် ၀တ်ရုံရှည်ကို ၀တ်ဆင်ထားပြီး အဖြူရောင်ကျောက်စိမ်းကဲ့သို့ ဖြူစင်သော အသားအရေကို ပိုင်ဆိုင်ထားသည်။ သူက မယုံနိုင်လောက်အောင် ချောမောလှသည်၊ သို့သော် သူ့မျက်နှာပေါ်ရှိ ခက်ထန်နေသောအကြည့်နှင့် မောက်မာမှုတို့က သူ့ကို အခြားသူများကို ကြောက်ရွံ့စေသည့်တည်ရှိနေမှုကို ဖြစ်ပေါ်စေသည်။

“နတ်ဆိုးမြူမှုန်ဂိုဏ်းရဲ့ စစ်ခုန်း..”

စုမင်က ချမ့်ချန်၏ စကားကို ကြားသော်လည်း အခြားတစ်ယောက်က သူ့ကို မမိတ်ဆက်ခဲ့လျှင်ပင် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့ကို မှတ်မိနေသေးသည်။ တကယ်တော့ ထိုလူက ပိုင်လင်းနှင့်မျိုးနွယ်တူသော နဂါးနက်မျိုးနွယ်စုကပင်ဖြစ်သည်။

မာနကြီးပြီး မောက်မာသောအကြည့်သက စုမင်၏အမှတ်တရများတွင်ကဲ့သို့ပင်ဖြစ်ပြီး သူ့ကိုပထမဆုံးမြင်လိုက်သည့်အချိန်တွင် စုမင်၏နှလုံးသားအတွင်း၌ မနှစ်မြို့မှုများ တိုးပွားလာသည်။

စုမင်က သူ့အကြည့်ကို လွှဲလိုက်ပြီးနတ်ဆိုးမြူမှုန်ဂိုဏ်းရှိ သြဇာအရှိဆုံးလူဆီသို့ လှမ်းကြည့်လိုက်သည်။သူ ရင်းနှီးသောသူဖြစ်ပြီး သူ့ကိုလေပြေစီးကြောင်းတောင် သို့ ခေါ်ဆောင်သွားသော အဘိုးအို ရှစ်ဟိုင်ပင် ဖြစ်သည်။

စွမ်းအားကြီးနယ်ပယ်ရှိ စက်ဝိုင်းကြီးအဆင့်တွင် သူ၏စွမ်းအားက သူ့ကို ရှန်းတုန်နှင့်အတူ အာဏာပိုင်သုံးဦးထဲမှ တစ်ဦးဖြစ်လာစေခဲ့သည်။

သူက ကောင်းကင်တာအိုမြူခိုဂိုဏ်းရှိ မှ လူများကို ကြည့်ပြီးနောက် အေးစက်သော လှောင်ပြောင်ရင်း ထိုနေရာတွင် ရပ်နေသည်။ သူ့မျက်လုံးများထဲတွင် တောက်ပနေသော သတ်ဖြတ်လိုစိတ်က ပြင်းထန်နေပြီး ဟုန်းဟုန်းထ ထွက်ပေါ်လာသည်။

ယခုချိန်တွင် စုမင်က ရင်းနှီးသော မျက်နှာများစွာကို မြင်ခဲ့ရသည်။ အကယ်၍ လွန်ခဲ့သော နှစ်ပေါင်းများစွာက အတိတ်ရှိစုမင်က ဤနေရာတွင် ရှိနေခဲ့ပါက၊ ထိုအချိန်တွင် သူ့နှလုံးသားထဲတွင် ကြီးမားသော မုန်တိုင်းကြီး ကျရောက်လိမ့်မည်မှာ သေချာသည်။ သူစိတ်မငြိမ်မသက်နိုင်ဖြစ်ကာ ကြီးမားသောရှုပ်ထွေးမှုအခြေအနေတွင် ရှိနေမည်ဖြစ်သည်။

သို့သော်စုမင်က များစွာသော အရာများကို ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ သူက ပေလင်းနှင့် ချန်ရှင်းထံမှ အဖြေများစွားရခဲ့ပြီ ဖြစ်သည်။ ထို့ပြင် သူ့အကြီးအကဲနှင့် လေ့ချန်ကို လူအုပ်ထဲမှာ မတွေ့ချင်တော့ပေ။

တိတ်ဆိတ်မှုအလယ်တွင် စုမင်က မျက်လုံးများကိုမှိတ်ထားသည်။ အချိန်အတော်ကြာပြီးနောက်၊ ကောင်းကင်မှာ ကျယ်လောင် သောဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ လောကကြီး၏ စွမ်းအားများက သူတို့အပေါ်ကို ကျဆင်းလာသည့်အခါ မျက်လုံးဖွင့်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ထိုစဉ်... သူတို့ဆီ ဦးတည်လာ‌သော သွေးပင်လယ်ကြီးကို မြင်လိုက်ရသည်။

ဤသည်မှာ ပေရာနှင့်ချီ၍ ကျယ်ဝန်းသော သွေးပင်လယ်ကြီးဖြစ်ပြီး ၎င်းက အသက်ရှိနေသကဲ့သို့ စီးဆင်းနေလေသည်။ အချို့သော အလောင်းများက ၎င်းအတွင်း၌ ရံဖန်ရံခါ ပေါ်လာတတ်ပြီး ထိုအလောင်းများမှာ ယောက်ျား၊ မိန်းမ၊ လူပျို၊ ကလေးအချို့ဖြစ်သည်။ သူတို့အားလုံးက အလောင်းတွေဖြစ်ပြီး သူတို့ကိုယ်ထဲမှာ ဘာသွေးမှ မရှိတော့ပေ။ သူတို့က သွေးအိုင်ထဲတွင် နစ်မြုပ်ပြီး ဤနေရာသို့ ခေါ်ဆောင်သွားခံကြရသည်။

စုမင်က ထိုအလောင်းများကို တွေ့လိုက်ရသော် သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တောက်ပလာကာ နက်မှောင်အေးစက်သော အကြည့်များ တဖြည်းဖြည်း ပေါ်လာသည်။ သူ့လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထား လေသည်။ အလောင်းအားလုံးက မာန်မျိုးနွယ်စုများမှ လာကြောင်းပြောနိုင်ပြီး သေသည့်အထဲမှာ မျိုးနွယ်စုတစ်ခုထက်မကရှိတာကြောင့်ပင်ဖြစ်သည်။

စုမင်က ထိုလူများ သေဆုံးသည်မှာ အချိန်ကြာပြီဖြစ်သည်ကို ရှင်းရှင်းလင်းလင်းသိလေသည်။ နတ်ဆိုးရာဂဂိုဏ်းက စစ်မြေပြင်သို့သွားရာလမ်းတွင် သူတို့မြင်တွေ့ခဲ့သော မျိုးနွယ်စုအားလုံးကို သတ်ပစ်လိုက်ကြောင်းလည်း ထင်ရှားသည်။

ထိုဆိုးယုတ်သောသွေးပင်လယ်ကြီးက ‌နီးကပ်လာပြီး မွှန်ထူနေသောသွေးနံ့များက လူတိုင်း၏နှာခေါင်းဝဆီသို့ ရောက်ရှိလာသည်။ထို့နောက် လောကကြီးတစ်ခုလုံး မြည်ဟည်းသံများနှင့်ပဲ့တင်ထပ်နေလေသည်။

နောက်ဆုံးတွင် သွေးပင်လယ်ကြီးက ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ပြိုပျက်သွားပြီး မြေပြင်ပေါ်တွင် သွန်ချလာသော သွေးစွန်းသောမိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။ သွေးမိုးတစ်စက်ချင်းစီက ပေါင်းစည်းသွားကာ လေထုထဲတွင် အနီရောင် အလင်းတန်းများအဖြစ် တောက်ပလာလေသည်။ လူတိုင်း၏ အမြင်အာရုံကို မှုန်ဝါးသွားစေကာ နတ်ဆိုးမြူမှုန်ဂိုဏ်းအနားတွင် လူတစ်သောင်းနီးပါး ဆင်းလာခဲ့ကြသည်။ သွေးစွန်းနေသော မိုးရေများက ဤလူများအပေါ် လျင်မြန်စွာ ဖုံးလွှမ်းသွားပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင် ၀တ်ရုံရှည်များ ဖြစ်သွားသည်။

ဦးဆောင်ရပ်နေသောသူက အဘိုးကြီးတစ်ယောက်ဖြစ်ပြီး လေးနက်သောအမူအရာရှိလေသည်။ သူက အနီရောင် ဝတ်ရုံရှည်ကို ၀တ်ထားပြီး အနက်ရောင် သစ်သားလှံတံကို သူ့လက်ထဲတွင် ကိုင်ထားသည်။ သူ့အကြည့်များကို နေရာအနှံ့ဖြန့်ကျက်လိုက်ရင်း သွေးဆာနေသော အပြုံးတစ်ခု သူ့နှုတ်ခမ်းပေါ်မှာ ပေါ်လာသည်။

သူ့နောက်မှာ ရပ်နေသော နတ်ဆိုးရာဂဂိုဏ်းဝင်အားလုံးနီးပါး ထိုသို့ ကြည့် နေလေသည်။သူ့နောက်မှာ အနီရောင်ဝတ်ရုံကို ၀တ်ထား‌သော အမျိုးသမီးတစ်ယောက်လည်း ရှိသည်။ သူမက မယုံနိုင်လောက်အောင် လှပပြီး သူမ၏ ခန္ဓာကိုယ်မှ ထွက်လာသော သတ်ဖြတ်လိုသည့်အငွေ့အသက်က လေထုကို ခြိမ်းခြောက်နေလေသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင် ၀တ်စုံနှင့် နှအနီရောင်တောက်တောက်နှုတ်ခမ်းများက တကယ့်သွေးအစစ်ကဲ့သို့ ထင်ရလေသသည်။

“နတ်ဆိုးရာဂဂိုဏ်းက သတ်ဖြတ်တာနဲ့ သွေးစုဆောင်းတာကို ကြိုက်တယ်.

သူတို့၏အကြီးအကဲ ပိထူက အာဏာပိုင်သုံးယောက်ထဲက တစ်ယောက်ပဲ.. သူ့ရဲ့စွမ်းအားက ကျန်တဲ့ နှစ်ယောက်နဲ့ အတူတူပဲ...ဒါပေမယ့် လူသတ်တဲ့ အရေအတွက်ကို ပြောရရင်တော့ သူက သုံးယောက်ထဲမှာ ထိပ်ဆုံးပဲ...”

“သူ့နောက်ကွယ်က အမျိုးသမီးက ဝူရှန်း၊ စစ်ခုန်းတို့နဲ့တန်းတူပါရမီရှင် ပိ စုပဲ.. ဒီအမျိုးသမီးဟာ မြင့်မားတဲ့ အလားအလာ ကောင်းရှိပြီး နတ်ဆိုးရာဂဂိုဏ်းမှာ အာဏာရှိတယ်.. သူမမှာလည်း ပီစုလို့ခေါ်တဲ့ အကိုကြီးတစ်ယောက်လည်း ရှိတယ်..ပိစုရဲ့နာမည်က “စု” ကို ညင်ညင်သာသာထွက်တယ်... ပီစုကိုကျ အသံပြင်းပြင်းထွက်ရတယ်...”

“သူမရဲ့အစ်ကိုက နတ်ဆိုးအင်မော်တယ်ဂိုဏ်းမှာရှိပြီး စွမ်းအားကြီးတယ်.. သူ့ရဲ့ အလားအလာက တခြားသူတွေအားလုံးထက် သာလွန်တယ်...နတ်ဆိုးဂိုဏ်းက သူအပေါ်မှာ အများကြီးမျှော်လင့်ထားတယ်.. ကောင်းကင်ဘုံမျှတတာအိုဂိုဏ်းရဲ့ရဲဝမ်ကိုဆန့်ကျင့်နိုင်အောင်လို့ ပျိုးထောင်ပေးတယ်..”

ချမ့်ချန်က ချက်ချင်းရှင်းပြလေသည်။

စုမင်က ပီစုကို သတ်ဖြတ်လိုစိတ်ဖြင့်စိုက်ကြည့်နေလေသည်။ အဘယ်ကြောင့်ဆိုသော် သူ့အမှတ်တရထဲမှာ ပီစုက နက်မှောင်တောင်မျိုးနွယ်စု၏အကြီးအကဲများထဲမှ တစ်ယောက်ဖြစ်ပြီး ကိုယ့်မျိုးနွယ်စုကို ပြန်အကောက်ကြံသောသူလည်းဖြစ်သည်။

သူက သူ့ကိုယ်သူ လူတစ်ဝက် လင်းနို့တစ်ဝက်မျိုးစပ်အဖြစ် ပြောင်းလဲခဲ့သူဖြစ်ပြီး နက်မှောင်တောင်တန်းထက်ရှိ ကောင်းကင်တွင် စုမင်နှင့်တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

‘ငါရဲ့အမှတ်တရတွေထဲက လူအများစုက ပေါ်လာပြီ...နတ်ဆိုးဂိုဏ်းနဲ့အခြားအင်မော်တယ်ဂိုဏ်းတွေကြား တိုက်ပွဲမှာ သူတို့ကို တွေ့နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး...’

စုမငခက ဤလူများကို ဖြတ်ကျော်ပြီး ငေးကြည့်သောအခါတွင် အခြားသူများအားလုံးပေါ်ဖြာကျနေသော အလင်းတန်းတစ်ခု ပေါ်လာလေသည်။ထိုအလင်းတန်းက ဖုံးကွယ်နဂါးဂိုဏ်းနှင့် ကောင်းကင်မြူခိုတာအိုဂိုဏ်းတို့၏နောက် ကောင်းကင်ထက်မှ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။

ဤသည်မှာ လောကကြီးကို ထွန်းလင်းတောက်ပစေသော စူးရှသောဓားတစ်လင်ပင်။

၎င်းက ပေပေါင်း ရာနှင့်ချီ ရှည်လျားသော ဓားရှည်ကြီးဖြစ်ပြီး ၎င်းထက် ပိုကြီးသော တစ်ခုတည်းသောဓားမှာ ယင်ကိုးပါးလောကရှိ ရှေးဟောင်းကြေးဝါဓားကြီးဖြစ်သည်။

စူးရှသော ဓါးကြီးမှာ ကောင်းကင်နှင့်မြေကြီးကို ကန့်လန့်ဖြတ် ပိုင်းခြားထားသည်။ ရှေ့သို့ နီးကပ်လာသည်နှင့်အမျှ မြင်သူအားလုံးက ၎င်းတို့၏ဆန္ဒကို ဆန့်ကျင်ပြီး စိတ်နှလုံး တုန်လှုပ်သွားစေသည်။ ဖုံးကွယ်နဂါးဂိုဏ်းမှ အားလုံး မတ်တပ်ထရပ်ကြပြီး ကောင်းကင်မြူခိုးတာအိုဂိုဏ်းမှ သူမျးလည်း ထိုကဲ့သို့အတိုင်းပင်။ ဓားသွားဘက်ကို လှမ်းကြည့်လိုက်တာနဲ့အမျှ ဂိုဏ်းနှစ်ခု၏အကြီးအကဲများဖြစ်သော ကျင်းနန်နှင့်ကျောက်ဖန်းတို့က အရိုအသေပြုလိုက်သည်။

“ဖုံးကွယ်နဂါးဂိုဏ်းက ကောင်းကင်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်...”

“ ကောင်းကင်တာအိုမြူခိုးဂိုဏ်းက ကောင်းကင်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်...”

ထိုလူနှစ်ယောက် စကားပြောပြီးသည်နှင့် ဂိုဏ်းနှစ်ခုမှ ကျင့်ကြံသူများက အရိုအသေပေးကြလေသည်။ ဂါရဝပြုကြစဉ် သူတို့၏ အသံများက လွန်စွာကျယ်လောင်ပြီး အရပ်ရပ်သို့ ပဲ့တင်ထပ်နေသည်။

သို့သော်လည်း ထိုသောင်းနှင့်ချီသော လူတို့၏ အသံများ လေထဲတွင် ပျံ့လွင့်နေချိန်၌ပင် ဓား၏တဝီဝီစီမြည်သံကို မဖုံးလွှမ်းနိုင်သေးပေ။ မကြာမီ ဓားက စစ်မြေပြင်သို့ ရောက်လာသည်။

စုမင်က မျက်မှောင်ကြုတ်ထားရင်း သူ၏သတ်ဖြတ်လိုစိတ်များက တဖွားဖွားပေါ်ပေါက်လာလေသည်။သို့သော် သူ ထိန်းချုပ်ခဲ့ပြီး အရိပ်အယောင်တောင်မပြခဲ့ပော။ သူက အေးစက်စက်သာ စိုက်ကြည့်နေခဲ့သည်။

ဓားကြီးနီးကပ်လာသည်နှင့် အပေါ်မှ လူအများအပြားက ရှည်လျားသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ဆီသို့ ဦးတည်သွားကြသည်။ သူတို့အသီးအသီး ဓားပေါ်မှာ ရပ်နေပြီး အရေအတွက် သုံးသောင်းနီးနီး ရှိလေသည်။ သူတို့က ကောင်းကင်နှင့် မြေကြီးအနှံ့ ဖြန့်ကျက်ထားကာ သူတို့၏ဂိုဏ်း၏ စွမ်းအားတစ်ခုတည်းဖြင့်နတ်ဆိုးဂိုဏ်းခွဲသုံးခုလုံးကိုလုံးဝ ချေမှုန်းပစ်နိုင်လိမ့်မည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ရှိ ဓားသွားပေါ်၌ ပုံရိပ်နှစ်ခုပေါ်လာသည်။ သူတို့၏ဦးခေါင်းပေါ်တွင် သရဖူကို ၀တ်ဆင်ထားကာ တောက်ပသောဓားအလင်း‌ ရောင်ကြောင့် ၎င်းတို့၏မျက်နှာများကို မည်သူမျှ ရှင်းရှင်းလင်းလင်းမမြင်နိုင်စေရန် ပြုလုပ်ထား လေသည်။သို့သော်လည်း၊း သူတို့၏ခန္ဓာကိုယ်မှ ထွက်လာသော စွမ်းအားလှိုင်းများက စွမ်းအားကြီးနယ်ပယ်ရှိလူအားလုံးကို နှိမ်နင်းနိုင်ခဲ့သည်။ ဤသည်မှာ ပထမအဆင့်ရှိသူများနှင့် သက်ဆိုင်သောစွမ်းအား မဟုတ်သည်မှာ သေချာသည်။

မာန်ပြည်ထောင်မှာသတ်မှတ်ထားသောယင်မရဏနယ်မြေ၏ဥပဒေဿများကြောင့် အင်မော်တယ်တိုင်းက ပထမအဆင့်ထက် ကျော်လွန်သည့် စွမ်းအားကို ပိုင်ဆိုင်ရန် ရှားပါးလှသည်။ စုမင်က ထိုပုံရိပ်နှစ်ခုလုံးကို မြင်လိုက်ရပြီး ရင်းနှီးနေသော စွမ်းအားကို ခံစားလိုက်ရသည်။ထို့နောက် တောက်ပသော အလင်းရောင်တစ်ခုက သူ့မျက်လုံးထဲတွင် ချက်ချင်း လင်းလက်သွားသည်။

တစ်ချိန်တည်းမှာပင် သူ့နှလုံးသားလည်း လေးလံလာခဲ့သည်။

‘သူတို့နှစ်ယောက်ပဲ..

သူက မြေပြင်ပေါ်တွင် ဆင်းသက်လာသော ကျင့်ကြံသူ သုံးသောင်းကြားတွင် ပေလင်းနှင့် ချန်ရှင်းတို့ကို မြင်ခဲ့ရပြီး စုမင်၏ အမှတ်တရများရှိ မျက်နှာအချို့ ပေါ်လွင်စေသော အခြားလူနှစ်ဦးကိုလည်း တွေ့လိုက်ရသည်။

သူတို့ထဲက တစ်ယောက်က နက်မှောင်တောင်၏အမဲလိုက်ခေါင်းဆောင်ဖြစ်သော ပေလင်း၏အဖေပင်ဖြစ်သည်။

နောက်တစ်ယောက်ကတော့ နက်မှောင်တောင်မျိုးနွယ်စုခေါင်းဆောင်ဖြစ်သော ချန်ရှင်း၏အဖေပင်ဖြစ်သည်။

ဤလူနှစ်ယောက်က ယခုအခါ ခရမ်းရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီးဓါးကြီးအောက်၌ ကျင့်ကြံသူအားလုံး၏ ရှေ့တွင် ရပ်နေလေသည်။ သူတို့၏ အမူအရာများက အေးစက်ပြီး ခက်ထန်နေလေသည်။ စွမ်းအားကြီးနယ်ပယ်၏မဟာစက်ဝန်းအဆင့်ရှိနေသော စွမ်းအားများက သူတို့၏ ခန္ဓာကိုယ်မှ ပျံ့နှံ့လာသည်။ ဤသည်မှာ ၎င်းတို့၏ မူလကျင့်မှုအဆင့်မဟုတ်သော်လည်း ၎င်းတို့၏စွမ်းအားများကို ဖိနှိပ်ပြီးနောက် ၎င်းတို့ပိုင်ဆိုင်သည့်အရာများဖြစ်သည်။

သူတို့ဆီက ခြိမ်းခြောက်မှု ခံစားချက်က ရှန်းတုန်ဆီမှရသောခံစားချက်ထက် သာလွန်နေကြောင်း စုမင် သတိပြုမိလေသည်။

စုမင် တည်ငြိမ်သော မျက်လုံးများဖြင့် ကောင်းကင်ရှိ ဧကရာဇ်ဝတ်ရုံဝတ်ထားသော လူနှစ်ယောက်ဆီသို့ ကြည့်လိုက်၏။ ထိုအချိန်တွင် သူ့စိတ်ကို အနှောင့်အယှက်ဖြစ်စေသော အတွေးတစ်ခုမျှ မရှိခဲ့ပေ။ သူ မည်သို့အကွက်ရွေ့ရမည်ကို အကြံထုတ်ထားပြီးသားပင်ဖြစ်သည်။ သူ မည်ကဲ့သို့ ပေးဆပ်ရပါစေ၊ တိထျန်းကိုသတ်ချင်သော် သူ့ဧ။်ဆန္ဒက ဘယ်တော့မှ မယိမ်းယိုင်သွားပေ။

သူ့အကြည့်က ပေလင်း၊ချန်ရှင်း၊ ကောင်းကင်မြူခိုဂိုဏ်း၏ဝူလဲ့၊ ဖုံးကွယ်နဂါးဂိုဏ်းရှိချန်ချုံး၊ နတ်ဆိုးရာဂဂိုဏ်းရှိ ပီစုနှင့် နတ်ဆိုးမြူမှုန်ဂိုဏ်းရှိ စစ်ခုန်းတို့ဆီသို့ ဖြည်းဖြည်းချင်း ရောက်ရှိသွားလေသည်။

“ဒီလူတွေဟာ အင်မော််တယ်ပြည်မှာရှိတဲ့ဂိုဏ်းအသီးသီးက အာဏာပိုင်၊ အကြီးအကဲတွေဖြစ်နေကြပြီ...ဘာကြောင့် ငါ့အတိတ်ကလူတွေက ငါ့ရှေ့ပေါ်လာတာလဲ.. ဒါကို ငါ လျစ်လျူရှုလပစ်မယ်...လေပြေစီးကြောင်းတောင်ပေါ်မှာရှိကတည်းက သူတို့ ငါ့ကို ရှုံးပြီးသား...အခု ဒီ‌စစ်မြေပြင်မှာလည်း သူတို့ ငါ့ကို ရှုံးရအုံးမှာပဲ...”

Note...

ပိစုဆို‌တဲ့မိန်းမပျိုလေးမှာ ပီစုဆိုတဲ့ အစ်ကိုကြီးတစ်ယောက်ရှိတယ်.. ပထမနာမည်က အဖြူရောင်လို့ အဓိပ္ပါယ်ရပြီး နောက်တစ်ခုက မနက်ခင်းလို့ အဓိပ္ပါယ်ရတယ်...”

All Chapters