← Chapters

အခန်း (၆၄၇)

Vol. 47 Ch. 647

အခန်း (၆၄၇)

Vol. 47 Ch. 647

ရက်စက်ယုတ်မာမှု

အကယ်၍ စုမင်က စိမ်းရင့်ရောင်အသူရာချိပ်တံဆိပ်ဆီသို့ ပို့လွှတ်ရန် မရဏအငွေ့အသက်လုံလောက်လောက် ရှိနေပါက လောကကြီးမှ ယင်မရဏစွမ်းအားကို ပိုမိုရရှိလာမည်။ ထို့နောက် ယင်မရဏစွမ်းအားဖြင့် ယခင် ရှန်းတုန် ဆင့်ခေါ်သည့်အရာထက် ပိုမိုကြီးမားသော ပေါက်ကွဲမှုကို ဖန်တီးနိုင်မည်ဖြစ်သည်။

၎င်းက ယင်အသူရာမရဏချိပ်စည်းခုနစ်ခုကို စစ်ဆေးစဉ်တွင် ရရှိခဲ့သော ကောင်းချီးဖြစ်သည်။ သူနှင့် ရှန်းတုန်အကြားတွင် မွေးရာပါ ခြားနားချက်တစ်ခု ရှိခဲ့သောကြောင့် ရှန်းတုန်က ဤကျင့်စဥ်ကို အပြည့်အဝ နားမလည်နိုင်ခဲ့ပေ။ သို့သော် စုမင်၏ လက်ထဲတွင် ရှိနေလျှင် ကျင့်စဉ်ကို အထွဋ်အထိပ်ထိရောက်အောင် အသက်သွင်းနိုင်မည်ဖြစ်သည်။

‘လူတစ်သိန်းကြားက တိုက်ပွဲ... ကိန်းဂဏန်းတွေအရတော့ ရှာမန်နဲ့မာန်မျိုးနွယ်စုတွေကြားက တိုက်ပွဲနဲ့ မယှဉ်နိုင်ပေမဲ့ ဒီလူတစ်ယောက်ချင်းစီရဲ့ စွမ်းအားက ရှာမန်နဲ့မာန်မျိုးနွယ်စုဝင်တွေထက်စာရင် ပိုအားကောင်းပါတယ်...လူတစ်ယောက်ရဲ့ကျင့်ကြံမှုအဆင့်ကြောင့် မရဏအငွေ့အသက်က တိုးလာမယ်... နှစ်ဖက်လုံးတွင် တိုက်ကွက်ထုတ်တိုက်သူမရှ်သေးဘူး..ဒါပေမဲ့ အင်မော်တယ်တွေရဲ့စိတ်ဆန္ဒကြောင့် မရဏအငွေ့အသက်က ဆတိုးမြှင့်တက်လာမယ်...”

စုမင်က အရှိန်အဟုန်ဖြင့် အနက်ရောင် မြူခိုးထဲတွင် လျှောက်သွားသည်။ဆူညံ သောဟိန်း ဟောက်သံများနှင့် တိုက်ပွဲသံများက သူ့နားထဲ တိုးဝင်လာသည်။ သို့သော် ရှာမန်နှင့်မာန်မျိုးနွယ်စုများကြား တိုက်ပွဲတွင် သူရခဲ့သော စစ်ရေးတက်ကြွမှုမရှိပေ။ ယင်းအစား သူ့နှလုံးသားက အေးစက်နေခဲ့သည်။

သူက ထိုတိုက်ပွဲကို ဝင်တိုက်ခိုက်ရန်အကြောင်းမရှိပေ။

၎င်းက အင်မော်တယ်များနှင့်နတ်ဆိုးများကြား အတွင်းရန်ပဋိပက္ခဖြစ်ပြီး အားပြိုင်သောတိုက်ပွဲဖြစ်သည်။စုမင်က ဤတိုက်ပွဲတွင် ဧည့်သည်တစ်ဦးမျှသာဖြစ်ပြီး သူ့ကိုယ်ပိုင်ရည်ရွယ်ချက်ဖြင့် ဤစစ်မြေပြင်သို့ ရောက်ရှိလာသော သူစိမ်းတစ်ယောက်ဖြစ်သည်။

သူ့မှာ ရည်ရွယ်ချက်တစ်ခုသာရှိသည်။ထိုအရာက တိထျန်းကို သတ်ရန်ပင်ဖြစ်သည်။ ထိုရည်ရွယ်ချက် ပြီးမြောက်ရန် တခြားသူများ ပထမဆုံးပေးဆပ်ရလေသည်။ထိုပုံစံက မျှော်စင်ဆောက်သကဲ့သို့ပင် အရင်ဆုံး အလွှာများစွာကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်တည်ဆောက်ရန် လိုအပ်သည်။

‘စိမ်းရင့်ရောင်အသူရာချိပ်စည်းကို အသက်သွင်းဖို့ အနည်းဆုံး ဒီလူတွေတစ်ဝက်လောက် သေဖို့ လိုမယ်.. များများသေရင် ပိုကောင်းမယ်...’

သူ့မျက်လုံးထဲတွင် အရိပ်တစ်ခု ပေါ်လာသည်။ သူ၏ မြင့်မြတ်သော နတ်ဘုရားအာရုံဖြင့် အင်မော်တယ် ဂိုဏ်းသုံးဂိုဏ်းမှ ဝတ်ရုံဖြူအမျိုးသမီး ကိုမြင်လိုက်သည်။ထိုအမျိုးသမီးက ကျောက်စိမ်းပြားများကို အမိန့်ပေးကာ မြူခိုးများထဲတွင် ဖြည်းညှင်းစွာ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ ကျောက်စိမ်းပြားများက ပြန်လည်ကျုံ့သွားကာ ဝတ်ရုံဖြူအမျိုးသမီးက်ု အလယ်ဗဟိုပြုပြီး လက်စွပ်သုံးကွင်းအဖြစ် ဖွဲ့စည်းပုံပေါ်လာသည်။

ထို့ပြင် အဖွဲ့တစ်ဖွဲ့ကို လူကိုးဦးဖြင့် ဖွဲ့စည်းခဲ့ပြီး တပ်စုတစ်ခုတွင် အဖွဲ့ကိုးဖွဲ့ပါလေသည်။ တပ်စုကိုးခုဖြင့် တပ်မဟာတစ်ခုကို ဖွဲ့စည်းခဲ့သည်။ ဒါဇင်နဲ့ချီသော တပ်မဟာအဖွဲ့များက စနစ်တကျ ဆက်တိုက်ဆုတ်ခွာလာကြပြီး သူတို့၏ဖွဲ့စည်းမှုကို ပြသလိုက်သည့်အခါ ရက်စက်ကြမ်းကြုတ်သောကျားရဲကဲ့သို့တိုက်ခိုက်ခဲ့သော နတ်ဆိုးဂိုဏ်းသားများက ခွေးပြေးဝက်ပြေးပြေးရလေသည်။

ခေါင်းဆောင်များက ထိုတပ်စုများအတွင်း အရေးပါသော တာဝန်များကို ထမ်းဆောင်ခဲ့ကြသူများဖြစ်ပြီး ဝတ်ရုံဖြူအမျိုးသမီး၏ အမိန့်ကို တိုက်ရိုက်လက်ခံမည့်သူများဖြစ်သည်။ ထို့နောက် သူမက အမိန့်စာများကို တပ်မဟာများသို့ ပေးပို့ပြီးနောက်တပ်စုများသို့ ပေးပို့မည်ဖြစ်သည်။ ထိုအမိန့်ကြာင့် အင်မော်တယ်ဂိုဏ်းသုံးဂိုဏ်းက တစ်စုတစ်စည်းဖြစ်ရုံသအချိန်မရွေး အုပ်စုများစွာသို့ ခွဲထွက်နိုင်စွမ်းရှိသည်။

တစ်ဖက်တွင်မူ၊ အနက်ရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသော မကောင်းဆိုးဝါးနှစ်သောင်းမှာ ကောက်ရိုးမီးကဲ့သို့ဟုန်းဟုန်းတောက်ခဲ့သော်လည်း ယခုမူ နောက်ဆုံးမီးတောက်များကဲ့သို့ပင် အားလျော့နေသည်။ အင်မော််တယ်ဂိုဏ်းသုံးခုက ပြန်လည်တိုက်ကွက်ထုတ်ပြီးနောက် အစပိုင်းမှာ သူတို့ရခဲ့သော အားသာချက်များကို တဖြည်းဖြည်း ဆုံးရှုံးသွားသည်။

ထို့အပြင် ရှန်းတုန်နှင့်ရှစ်ဟိုင်ကဲ့သို့သော စွမ်းအားကြီးနယ်ပယ် မဟာစက်ဝန်းအဆင့်ရှိသူများက မြူခိုးထဲရှိ အခြားကျင့်ကြံသူများနှင့် တိုက်ခိုက်နေကြသည်။သည်။ ဤလူများ အချင်းချင်း တိုက်ခိုက်နေကြစဉ် သူတို့ထံမှ ကျယ်လောင်သော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ပေါင်ချိုးက မဟာမြူရွက်အင်မော်တယ်ဂိုဏ်းမှ စိတ်ဝိညာဉ်ပြောင်းလဲခြင်းနယ်ပယ်ရှိ အခြားကျင့်ကြံသူများအား ဆန့်ကျင်တိုက်ခိုက်နေလေသည်။ ၎င်းတို့က ကျင့်ကြံဆင့်မြင့်မားသောသူများကို ထွက်ပြေးခွင့်မပေးဘဲ အကြိတ်အနယ်တိုက်ခိုက်နေကြသည်။

အင်မော်တယ်ဂိုဏ်းများအတွက်လည်း အလားတူပင် ဖြစ်သည်။ ၎င်းတို့ကို မကောင်းဆိုးဝါးဂိုဏ်းဝင်များက အမှတ်အသားပြုပြီး ချုပ်နှောင်ထားခဲ့သည်။

‘ကြည့်ရတာ မကြာခင် မတိုးသာမဆုတ်သာအခြေမအနေဖြစ်တော့မှာ. နှစ်ဖက်စလုံးက ကျင့်ကြံဆင့်အတူတူရှိတဲ့လူနဲ့တုတိုက်ရင်း မြင့်မြတ်တဲ့စွမ်းရည်တွေကို ထုတ်သုံးတော့မှာ...သူတို့က အသာစီးရအောင်လုပ်ပြီး ဆက်သတ်ဖြတ်ကြအုံးမှာပဲ...”

စုမင်၏အကြည့်များက သူ့ရှေ့မှ မြူခိုးများပေါ်တွင် ရံဖန်ရံခါ ကျဆင်းသွားသည်။ သူက ရှေ့ကို ယောင်ဝါးဝါးမြင်နိုင်ပြီး ပြင်ပလောကကို နတ်ဘုရားအာရုံဖြင့် စတင်ကြည့်ရှုခဲ့သည်။ သူ့အပေါ်က ကောင်းကင်ကြီးက မတောက်ပဘဲ ခရမ်းရောင် မြူမှုန်များဖြင့် ဖုံးလွှမ်းထားသည်။ကောင်းကင်ရှိ ပုံရိပ်သုံးခု အချင်းချင်းရောယှက် တိုက်ခိုက်သည်ကိုတွေ့လိုက်ရသည်။ ကျယ်လောင်သော အသံများက ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေကာ လေထဲတွင် ပဲ့တင်ထပ်သွားစေသည်။

ဤလူသုံးယောက်အထက်ရှိ မှော်အစီအရင်မှထွက်လာသောလှိုင်းများက ပိုမိုအားကောင်းလာပြီး မကြာမီတွင် အင်မော်တယ်အသစ်များက ကုန်းမြေပေါ်သို့ ဆင်းသက်လာပုံရသည်။

‘ငါ ဒီလောက်အကြာကြီးစောင့်လို့ မရဘူး..နတ်ဆိုးဂိုဏ်းနဲ့အင်မော်တယ်ဂိုဏ်းကို ဒီတိုင်းလွှတ်ထားရင်..လူတွေ မသေဘဲနေလိမ့်မယ်... ကောင်းကင်ကမှော်အစီအရင်က တော်တော်ထူးဆန်းပုံရတယ်’

စုမင်၏ မျက်လုံးများ တောက်ပလာသည်။ နတ်ဆိုးဂိုဏ်းက ၎င်းတို့၏ သတ်ဖြတ်ခြင်း အဆုံးသတ်ပြီး ပြန်ဆုတ်တော့မည့်ကို စုမင် မြင်ရလေသည်။ထိုစဉ် သူ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဖွဲ့စည်းထားသော တပ်မဟာတစ်ခုဆီသို့ သရဲတစ္ဆေသဖွယ် အရှိန်တင်လိုက်သည်။

ထိုတပ်က တက်ကြွမှုအပြည့်ရှိသည့် လူတစ်ထောင်ရှိတပ်မဟာတစ်ခုဖြစ်သည်။ကောင်းကင်မြူခိုးတာအိုမှ လူများနှင့် ဖွဲ့စည်းထား ပြီး သတ်ဖြတ်လိုစိတ်က ၎င်းတို့ ပတ် ၀န်းကျင် တွင် ပြည့်နှက် နေ သည် ။ ဤနေရာရှိ ကောင်းကင်မြူခိုးဂိုဏ်းလူတစ်ဦးစီ၏ မျက်လုံးများက တဟုန်းဟုန်း တောက်ပနေခဲ့သည်။ ၎င်းတို့အထဲမှ တပ်စုခေါင်းဆောင်များ အားလုံးက အခြေတည် ဝိညာဉ်အဆင့်သို့ ရောက်ရှိခဲ့ကြသော ကျင့်ကြံသူများ ဖြစ်သည်။ သူတို့ထဲက တချို့က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်မှာ ရှိနေလေသည်။ လူအလွှာပေါင်းစုံဖြင့် ဝန်းရံထားသည့် တပ်မဟာ၏ခေါင်းဆောင်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်ရှိကျင့်ကြံသူဖြစ်သည်။

စုမင်နှင့် အနီးစပ်ဆုံးဖြစ်သည့် ဤအင်မော်တယ်တပ်မဟာက စိတ်ဆန္ဒအချင်းချင်း ချိတ်ဆက်မိသွားသကဲ့သို့ အဆက်မပြတ် ဆုတ်ခွာနေလေသည်။ သူတို့က ဖွဲ့စည်းမှုပြီးမြောက်ရန် လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။ သူတို့ရှေ့ရှိ နတ်ဆိုးဂိုဏ်း၏ တပည့်များစွာနှင့် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်ထားသော သွေးဆာခြင်း၊ ရူးသွပ်မှုနှင့်အတူ တဇွတ်ထိုးတိုက်ခိုက်နေလေသည်။

ရှန်ဟမ်က အဖွဲ့၏ ရှေ့တွင်ရှိပြီး လူအုပ်ကို ဦးဆောင်နေပါသည်။ ထိုအချိန်တွင် သူ၏ခိုင်ခံသော ခန္ဓာကိုယ်မှ အားကြီးသော စွမ်းအားတစ်ခု ထွက်ပေါ်လာကာ အနက်ရောင် ဓားကိုးစင်းက သူ့ခန္ဓာကိုယ်ကို ဝိုင်းထားပြီး စွမ်းအားများ ပျံ့နှံ့သွားခဲ့သည်။ သူပြောခဲ့သလို သူက မြေတပြင်လုံးကို လေပွေကဲ့သို့ ဖြတ်သွား လေသည်။... သို့သော် တပ်မဟာမှ လူတစ်ထောင်က သူဦးတည်ရာအလယ်တွင် ရှိနေသော်လည်း လူစုခွဲရန် အရိပ်အယောင် မပြခဲ့ပေ။ သူတို့က စည်းစနစ်ကျကျဖြင့် ဆက်လက်ဆုတ်ခွာသွားကာ နတ်ဆိုးဂိုဏ်းမှ သူများကို ကူကယ်ရာမဲ့ ခံစားရစေသည်၊ အကြောင်းမှာ အခြားသော တပ်မဟာများက နတ်ဆိုးဂိုဏ်းဝင်များရှိရာသို့ ရောက်ရှိလာပြီး သူတို့သတိမပြုမိစဉ်မှာ ဝိုင်းခံထားရလေသည်။

ကူကယ်ရာမဲ့မှုအလယ်တွင် နတ်ဆိုးဂိုဏ်းမှ တပည့်များက နောက်ပြန်ဆုတ်ရန် တွေးတောလာကြသည်။ ရှန် ဟမ်၏မျက်လုံးများတွင် သွေးဆာနေသောအရိပ်အယောင်ပြသော်လည်း အေးစက်စွာ သက်ပြင်းချပြီးနောက် ဆုတ်ခွာသွားတော့သည်။

နောက်ဆုံးတော့ သူတို့တစ်ဖွဲ့တည်းဆုတ် ခွာရုံမကဘဲ နတ်ဆိုး စစ်တပ်တစ်ခုလုံးပါ ၎င်းတို့နှင့် အင်မော်တယ်ဂိုဏ်းများကြား အကွာအဝေးကို ချဲ့ထွင်ရန် ဆုတ်ခွာသွားခဲ့သည်။

ဤအရာက ၎င်းတို့စတင်မည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၎င်းတို့က ဆုတ်ခွာလာသည်နှင့်အမျှ လိုက်လျောညီထွေ လှုပ်ရှားတော့သည်။

သို့သော် ရှန်ဟမ် စတင်ဆုတ်ခွာခါနီးတွင် တစ်စုံတစ်ယောက် ရှေ့သို့ အရှိန်တင်နေမှသာ ဖြစ်ပေါ်လာမည့် မြူလှိုင်းတစ်ခုက သူနှင့် သိပ်မဝေးသောနေရာတွင် ရုတ်တရက် ပေါ်လာသည်။ ထိုလှိုင်းလုံးများ ပြန့်နှံ့လာသည်နှင့်အမျှ၊ အတွင်းထဲရှိလူ၏ မှုန်ဝါးသော အသွင်သဏ္ဌန်ကို မြင်တွေ့ရသည်။ ထိုလူက အလွန်လျင်မြန်စွာ မြူခိုးများဖြတ်၍ အင်မော်တယ်လူတထောင်တပ်မကြီးဆီသို့ အမြန်ပြေးသွားနေလေသည်။

တခဏအတွင်းမှာပင် နှစ်ဖက်စလုံးက ထိပ်တိုက်တွေ့ကြပြီး ထိတ်လန့်တကြား ပေါက်ကွဲသံများက လေထဲသို့ လျင်မြန်စွာ ထွက်ပေါ်လာသည်။ လူတစ်ထောင်ဖြင့် ဖွဲ့စည်းထားသောစိတ်ဆန္ဒက ၎င်းတို့ထဲသို့ ပုံရိပ်တစ်ခု ဝင်လာသည်နှင့် တပြိုင်နက် ပြိုပျက်သွားမည့် အရိပ်အယောင်များ ပြသလာသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ဆန္ဒများ ပြိုပျက်သွားသော် သူစိမ်းတစ်ယောက်က လူတစ်ထောင်တပ်မဟာထဲသို့ ဝင်လာခဲ့သည်။ သူသွားလေရာရာ၌ နာကျင်စွာ အော်ဟစ်သံများ ထွက်လာပြီး နေရာတိုင်းတွင် သွေးများ စီးကျလာသည်။ ထုံးစံအတိုင်း ထိုပုံရိပ်က စုမင်ပင် ဖြစ်သည်။

စုမင်က ခြေလှမ်းသုံးလှမ်းဖြင့် တပ်စုခေါင်းဆောင်ရှေ့တွင် သူပေါ်လာသည်။ ထိုလူက အခြေတည်စိတ်ဝိညာဉ်နယ်ပယ်ရှိကျင့်ကြံသူဖြစ်သည်။ ထိုလူ၏ တပည့်များက တုန်လှုပ်သွားပြီး မျက်လုံးထဲတွင် ထိတ်လန့်သွားကြသည်။ စွမ်းအားကြီးနယ်ပယ်အဆင့်ရှိသူမဟုတ်ပါက ဤထောင်တပ်မဟာကို မည်သူမျှ ဖောက်ဖျက်နိုင်မည် မဟုတ်ကြောင်း

စုမင် သိလေသည်။

သို့တိုင် နတ်ဆိုးဂိုဏ်း၏ စွမ်းအားကြီးနယ်ပယ်ရှိကျင့်ကြံသူများက ၎င်းတို့အား တိုက်ခိုက်နေသော အင်မော်တယ်ဂိုဏ်းများမှ လက်ရည်တူကျင့်ကြံသူများ ရှိလေသည်။သို့သော် နတ်ဆိုးဂိုဏ်းတွင် စွမ်းအားရှိနယ်ပယ်ရှိကျင့်ကြသူတစ်ဉီး ရုတ်တရက် ပေါ်လာခဲ့သည် ။

၎င်းက စွမ်းအားကြီးနယ်ပယ်ရှိ ကျင့်ကြံသူဖြစ်လေသည်။ ထို့ထက် ပိုအရေးကြီးသည်မှာ၊ ဤရုတ်တရက် ထွက်ပေါ်လာမှုက အဆင့်နိမ့်သောကျင့်ကြံသူများကို သေဆုံးစေလေသည်။

ထို‌ သေကြေမှုက သနားစရာကောင်းသော်လည်း ထိုကိစ္စကို စဉ်းစားရန်အချိန်မရှိတော့ပေ။ စုမင်က မရပ်တန့်ပေ။သူ ခြေတစ်လှမ်းဖြင့် နီးကပ်လာပြီး ညာလက်ကို မြှောက်လိုက်သည်။ စုမင် ထိုလူကို ဖြတ်ကျော်သွားပြီး ထိုလူ့လည်ချောင်းကို ဆုပ်ကိုင်လိုက်သည်။ သူ ခြေလှမ်းတစ်ဒါဇင်လောက် လှမ်းလိုက်သည်နှင့် ထိုလူ၏ လည်ချောင်းကို ကြေမွသွားပြီး သူ၏အခြေတည်စိတ်ဝိညာဉ်မှာ ပျက်စီးသွားသည်။

စုမင် ထိုလည်ပင်းကို လွှတ်လိုက်ပြီး စိတ်ဝိညာဉ်အသွင်ပြာင်းခြင်းနယ်ပယ်ရှိ တပ်မဟာ၏ခေါင်းဆောင်ဆီသို့ ပြောင်းရွှေ့သွားခဲ့သည်။

ထိုအဘိုးအိုက အစိမ်းရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး ထိုအချိန်တွင် သူ၏မျက်လုံးများက ပန်းကန်ပြားများကဲ့သို့ ပြူးကျယ်ကာ ထိတ်လန့် နေလေသည်။ သူ့အကြည့်ထဲတွင်လည်း ထိတ်လန့်သွားကာ ချက်ချင်းပင် ဆုတ်ခွာသွားခဲ့သည်။ ပြင်းထန်သော အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် အာရုံခံစားမှုတစ်ခုက သူ့နှလုံးသားကို စူးရှသော အပ်တစ်ချောင်းကဲ့သို့ ထိုးဖောက်ဝင်ရောက်လာလေသည်။ ကြောက်ရွံ့မှုအလယ်တွင် သူ့စိတ်ထဲမှာ တစ်ခုတည်းသော အတွေးက သူ့အသက်ရှင်ရေးအတွက် အလျင်အမြန်ထွက်ပြေးရမည် ဖြစ်သည်။

စုမင်၏ အရှိန်နှင့် စွမ်းအားကြောင့် အဘိုးအို၏ ပြေးနှုန်းမှာ နှေးကွေးလွန်းလှသည်။ သူပြန်ဆုတ်သွားသည့်အခိုက်အတန့်နီးပါးတွင် စုမင်က ရှည်လျားသောအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်ချက်တစ်ချက် ဖြတ်သွားလိုက်သည်။လေထဲ၌ သွေးများက ရေပန်းကဲ့သို့ ပန်းထွက်‌နေပြီး စုမင်လက်ထဲရှိအဘိုးအို၏ဦးခေါင်းမှာ မျက်လုံးများကို မမှိတ်နိုင်တော့ပေ။

ထို့ပြင် အဘိုးအို၏ နာကျင်အော်ဟစ်သံများ မကြားရပေ။ နတ်ဆိုးဂိုဏ်းနှိမ်နှင်းရန် ရည်ရွယ်ချက်ရှိသော တပ်မဟာက ၎င်းတို့၏ တပ်မဟာခေါင်းဆောင်နှင့် ၎င်းတို့၏ တပ်စုခေါင်းဆောင် အများအပြားကို အချိန်တိုအတွင်း သတ်ပစ်ခဲ့ရသော်လည်း အံ့ဩမင်သက်နေသော တိတ်ဆိတ်မှုသာ ရှိလေသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဤလူတစ်ထောင်ထံမှ ထိတ်လန့်တကြားအော်ဟစ်သံများ သောသောညံညံ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ရှန်ဟမ်နှင့် အနီးနားမှ ဆုတ်ခွာသွားသော အခြားသူများလည်း ခေတ္တ ထိတ်လန့်သွားခဲ့ကြသည်။သို့သော်လည်း ချက်ချင်းဆိုသလိုပင် သူတို့ဆီမှ နာကျင်စွာ အော်ဟစ်သံများ ထွက်လာပြီး နောက်မဆုတ်နိုင်တော့ပေ။ ယင်းအစား ၎င်းတို့က လူသတ်နတ်ဆိုးနှင့် သွေးဆာနေသောဘီလူးကြီးများနှင့်နူသော အင်မော်တယ်တပ်မဟာဆီသို့ ပြေးသွားကြသည်။

“ကျုပ်က ရှန်ဟမ်ပါ....အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး... မင်း ဘယ်ဂိုဏ်းက လာတယ်ဆိုတာ ငါသိလို့ရမလား”

အရူးအမူးသတ်ဖြတ်နေသည့်စစ်ပွဲ‌၌ ရှန်ဟမ်က ခဏရပ်ကာ မေးလိုက်သော်လည်း အဖြေမရရှိခဲ့ပေ။စုမင်က ထွက်ခွာသွားပြီးလေပြီ။

သူက အနက်ရောင် မြူခိုးများ ပြည့်နေသော ဤပြည်၌ သေမင်းတမန်ကဲ့သို့ လှုပ်ရှားသွားခဲ့သည်။ စစ်ပွဲအတွင်း သူက တပ်မဟာတစ်ခုသို့ လျင်မြန်စွာ အရှိန်တင်ပြီး ၎င်း၏ခေါင်းဆောင်နှင့် တပ်စုခေါင်းဆောင်အများအပြားကို သတ်ပစ်ခဲ့သည်။ဤသည်မှာ သူ၏ အရှိန်အဟုန်နှင့် သူ စုဆောင်းနိုင်သည့်စွမ်းအား အကြီးမားဆုံးဖြစ်သည်။ သူက ချွန်ထက်သောဓားဖြင့် ကြိုးများကို ဖြတ်လိုက်သကဲ့သို့ပင် ဖြစ်နေလေသည်။

သူက တပ်မဟာ ရှစ်ခုကို သတ်ဖြတ်ရန်ကျန်ရှိလေသည်။သို့သော် စစ်မြေပြင်သို့ သူယူဆောင်လာခဲ့သည့် အကျိုးသက်ရောက်မှုက မယုံနိုင်လောက်အောင် ထင်ရှားလေသည်။ မူလဆုတ်ခွာသွားသော နတ်ဆိုးဂိုဏ်းကို ခဏမျှရပ်တန့်သွားစေသည်။တပ်မဟာရှစ်ခုက အင်မော်တယ်ဂိုဏ်း၏ဖွဲ့စည်းခြင်းကို လိုက်မမှီဘဲ အနည်းငယ် ကွာဟသွားလေသည်။

စုမင်က နတ်ဆိုးဂိုဏ်းအတွက် နောက်ထပ် ကွာဟချက်များကို ဖန်တီးပေးခြင်းမရှိပေ။ ဤတိုက်ပွဲမှာ တစ်ဖက်တစ်လမ်းက အနိုင်ယူချင်တာမဟုတ်ပေ။ သူလိုချင်တာက… နှစ်ဖက်တပ်များ၏ အင်အားတွေ ထပ်တူကျလာပြီး အချင်းချင်းသတ်ဖြတ်စေချင်သည်။ ထိုသို့ဖြစ်ပျက်လာမှသာ အချိန်တိုတိုအတွင်း မရဏအငွေ့အသက်များကို ရရှိနိုင်မည်ဖြစ်သည်။ သို့မှသာ သူ၏စိမ်းရင့်ရောင်အသူရာချိပ်တံဆိပ်၏ စွမ်းအားက ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

ထိုအချိန်တွင် သူ၏ဘယ်ဘက်လက်ကို အစိမ်းရောင်အလင်းတန်းများက ဝိုင်းရံထားပြီး မရဏအရှိန်အဝါက ရူးသွပ်သော အရှိန်အဟုန်ဖြင့် အဆမတန် မြင့်တက်လာသည်။

“သွား...သတ်ကြစမ်းးး… များများသတ်လေ၊ ပိုကောင်းလေပဲ...”

စုမင်က အသက်ပြင်းပြင်းရှုပြီး ရေရွတ်လိုက်သည်။

သူက ရုတ်တရက် ခေါင်းကို ပွတ်လိုက်ပြီး အင်မော်တယ်ဂိုဏ်းများ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။ အမျိုးသမီးတစ်ဦး၏ အကြည့်ကို သူမြင်လိုက်ရသည်။သူမက အင်မော်တယ်ဂိုဏ်းများဖွဲ့စည်းခြင်းကိုလုပ်ဆောင်သည့်ဝတ်ရုံဖြူအမျိုးသမီးပင်ဖြစ်သည်။

“သူ ငါ့ကို တကယ်မြင်ရလား”

စုမင်၏ မျက်လုံးများတွင် အလင်းတဖျပ်ဖျပ်နှင့် တောက်ပနေလေသည်။

All Chapters