← Chapters

အခန်း (၆၄၈)

Vol. 47 Ch. 648

အခန်း (၆၄၈)

Vol. 47 Ch. 648

ငါ့ကို ရန်လာမစနဲ့..

“ဒါက ဘယ်လိုဖြစ်တာလဲ...”

“ နတ်ဆိုးဂိုဏ်းသုံးခုက အာဏာပိုင်သုံးယောက်အပြင် စွမ်းအားကြီးနယ်ပယ်မှာရှိတဲ့ ကျင့်ကြံသူရှစ်ယောက်ရှိတယ်... ငါတို့ရလာတဲ့ သတင်းအရ သူတို့ထဲက တစ်ယောက်က မြစ်တစ်ထောင်ချိုင့်ဝှမ်းမှာ သေဆုံးသွားခဲ့တယ်.. နတ်ဆိုးဂိုဏ်းမှာစွမ်းအားကြီးနယ်ပယ်ကျင့်ကြံသူဆယ်ယောက်လောက်ပဲ ရှိမှာ...”

“ဒီဆယ်ယောက်ကို ကိုင်တွယ်ဖို့ လူတွေကို စေလွှတ်ထားပြီးသား....သူတို့အားလုံးက ငါတို့ရဲ့ အစီအမံတွေနဲ့ ချုပ်နှောင်ထားတယ်..ဒါဆို ပေါ်လာတဲ့လူသစ်က ဘယ်သူလဲ..”

အင်မော်တယ်ဂိုဏ်းများမှ ဖန်တီးထားသော အကာအကွယ်များစွာ၏ နောက်ကွယ်ရှိဝတ်ရုံဖြူ အမျိုးသမီးအနားတွင် အဘိုးအိုအချို့ ရပ်နေလေသည်။ ထိုအဘိုးကြီးများ၏ မျက်နှာမှာတုန်လှုပ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်နေပြီး သူတို့အားလုံး အံ့အားသင့်သွားကြသည်။ ၎င်းတို့က စက်ဝိုင်းပုံစံရပ်နေကြသော်လည်း စွမ်းအားကြီးနယ်ပယ် ရပ်နေစွမ်းအားကို မပိုင်ဆိုင်ကြပေ။ ၎င်းတို့က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်တွင် အများဆုံးရှိသော်လည်း လက်ရှိနယ်ပယ်ထက် ကျော်လွန်သော နတ်ဘုရားအာရုံများကို ပိုင်ဆိုင်ထားသည်။

အဘိုးကြီးလေးယောက်က အလယ်မှ အမျိုးသမီးကို ဝန်းရံပြီး နတ်ဘုရားအာရုံကိုဖြန့်ကျက်လိုက်လေသည်။ ထိုအချိန်တွင် စစ်မြေပြင်၌ အပြောင်းအလဲကြောင့် သူတို့၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပေါ်လာသည်။

“ငါတို့ရထားတဲ့ သတင်းက မှားနေတာလား.... အဲဒီ့စွမ်းအားကြီးနယ်ပယ်မှာရှိတဲ့ကျင့်ကြံသူက တကယ်မသေသေးဘူးလား...”

“ဒါက တစ်ခုတည်းသော အဖြေပဲ...”

ဝတ်ရုံဖြုအမျိုးသမီးက အဝေးမှ တလိမ့်လိမ့်တက်လာသော အနက်ရောင် မြူခိုးများကို လှမ်းကြည့်ရင်း ငြိမ်သက်နေ၏။ အချိန်အတန်ကြာပြီးနောက် သူမက တိုးတိုးလေးပြောလိုက်သည်။

“သူငါ့ကို သတိထားမိတယ်…”

သူ့မအသံမှာ ပေါ့ပေါးပြီး အလွန်နူးညံ့သိမ့်မွေ့လေသည်။

“ဖုံးကွယ်နဂါးဂိုဏ်းကို အကြောင်းကြားပြီး ဒီလူကို သတ်ဖို့ အင်မော််တယ်ဘီလူးစစ်သည်ကို လွှတ်လိုက်ပါ...အနည်းဆုံးတော့ သူ့ကို မသတ်နိုင်ရင်တောင် ချည်နှောင်ထားလိုက်...”

ဝတ်ရုံဖြူအမျိုးသမီးက သူမ၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာ ရှိသည်။ သူမပြောပြီးသည်နှင့် သူမ၏နောက်ကွယ်ရှိ အဘိုးကြီးလေးယောက်က အမည်မသိနည်းတစ်မျိုးကိုအသုံးပြုကာ ဖုံးကွယ်နဂါးဂိုဏ်းနှင့်ဆက်သွယ်ခဲ့သည်။ ထိုစဉ် တောင်ပေါ်တွင် ဝပ်နေသည့်အင်မော်တယ်ဘီလူးစစ်သည် ခုနစ် ယောင်အနက်မှ တစ်ဦး၏မျက်လုံးများက တလက်လက်တောက်ပလာခဲ့သည်။ သူက မတ်တတ်ထရပ်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သောအခါ တောင်ကြီးကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ထို့နောက် အနက်ရောင် မြူခိုးများကြားတွင် ကျယ်လောင်စွာမြည်းဟည်းသံများ ဆူညံ့စွာ ထွက်ပေါ်လာသည်။

ဝတ်ရုံဖြူအမျိုးသမီးက နဖူး ကို ပွတ်သပ် ကာ ထိုကိစ္စကို ဂရုမစိုက်တော့ပေ။ထိုအရာက သူမအတွက် မထင်မှတ်ထားသော မတော်တဆမှုတစ်ခုသာဖြစ်ပြီး အင်မော်တယ်ဘီလူးစစ်သည်တော်ကို သူမ စေလွှတ်ပြီး ပြသနာရှင်းခိုင်းမည်ဖြစ်သည်။

သူမသည် တိုက်ပွဲကို ငေးကြည့်ရင်း ပျောက်ကွယ်မသွားမီ သူမ၏ မျက်ခုံးကြားတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူမ ညာလက်ကို ဝှေ့ယမ်းလိုက်သော် သူ့ရှေ့မှာ ကျောက်စိမ်းပြားဒါဇင်ပေါင်းများစွာ ချက်ချင်းပေါ်လာသည်။ ထိုအပြားများပေါ်တွင် သူမ၏အမိန့်စာ ရေးလိုက်သည်နှင့် ချက်ချင်းပင် ပြန့်ကျဲသွားသည်။

စုမင်က မြူများအတွင်းမှ ဆုတ်ခွာသွားတော့သည်။ သူ လှည့်ပတ်ရင်း သူ့ပတ်ဝန်းကျင်ရှိနတ်ဆိုးဂိုဏ်းတပည့်များကို ရှောင်တိမ်းခဲ့သည်။ သူ့မျက်လုံးများကိုမှိတ်ထားပြီး သူ့မျက်လုံးထဲရှိ အေးစက်စက် အလင်းတန်းများကို ဖုံးကွယ်ထားလိုက်သည်။

‘အဲဒီမိန်းမက ငါ့ကို မြင်နိုင်တယ်… ဒါက ငါ့အစီအစဉ်နဲ့ မကိုက် ‌တော့ဘူး… သူ့ဘေးနားက လူအိုကြီးတွေက သူတို့ရဲ့ နတ်ဘုရားအာရုံတွေကို ပေါင်းစပ်ပြီး စွမ်းအားတွေ ပေးကြတယ်... အဲ့ဒါကြောင့် သူငါ့ကို မြင်ရတာကိုး...’

သတ်ဖြတ်လိုစိတ်က စုမင်၏ မျက်လုံးများတွင် တောက်ပလာသည်။ သူ့ခေါင်းဘက်ကို လှည့်ကြည့်လိုက်သော် အင်မော်တယ်ဘီလူးစစ်သည်တစ်ကောင်က လေထဲမှာ ခုန်ပေါက်နေကြောင်းကို တွေ့လိုက်ရသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး ထိုရုပ်သေးရုပ်က သူ့နှင့် ပေပေါင်းထောင်ချီအကွာမှာ ဆင်းသက်လာလေသည်။

တစ်ချိန်တည်းမှာပင် လေထဲတွင် စူးစူးဝါးဝါးအော်သံတစ်ခု ထွက်ပေါ်လာသည်။ စုမင်၏ မျက်လုံးများရှေ့တွင် အင်မော်တယ်ဘီလူးစစ်သည်တော်က ၎င်းနှင့်အတူတောင်ကြီးကို ယူဆောင်လာပြီး သူ့ဆီသို့ အရှိန်တင်လာသည်။

တောင်ကြီးက ပေပေါင်း သောင်းနှင့်ချီမြင့်ပြီး လေထဲသို့ ပျံတက်သွားသော စွမ်းအားက အံ့ဩစရာပင်ဖြစ်သည်။ ထိုနေရာတစ်ဝိုက်ရှိ နတ်ဆိုးဂိုဏ်းဝင်အားလုံးက ချက်ချင်း ဖျော့တော့သွားပြီးထိုနေရာကို အမြန်ရှောင်ရှားကြသည်။ တောင်ကြီးက စုမင်ဆီလာရာလမ်းရှိ ဖြမြူခိုးများ လွင့်စင်သွားစေကာ အလွန်ကြီးမားသော နေရာလွတ်တစ်ခု ဖြစ်ပေါ်

လာစေသည်။

နားကွဲမတတ် အော်ဟစ်သံများက စုမင် ၏နားထဲသို့ စူးစူးရဲရဲ တိုးဝင်လာသည်။ ထူးဆန်းသောဖိအားတစ်ခုနှင့်အတူ တောင်ကြီးက စုမင်ဆီသို့ တရှိန်ထိုး ပြေးဝင်လာသည်။

တောင်ကြီးကဆင်းသက်လာပြီး အင်မော်တယ်ဘီလူးစစ်သည်တော်က သူ့ထံ တဟုန်ထိုးပြေးဝင်လာလေသည်။ ထိုစစ်သည်တော် လှမ်းသည့်ခြေတစ်လှမ်းတိုင်း၌ မြေကြီးက တသိမ့်သိမ်တုန်ခါနေပြီး မြူခိုးများလည်း ထူပိန်းမနေတော့ဘဲ ပြန့်ကျဲသွားသည်။ ကြီးမားလှသော လသတ်ဖြတ်လိုစိတ်က စုမင်ဆီသို့ ကျရောက်လာသည်။

သူ့အပေါ်သို့ ဆင်းလာသော အင်မော်တယ်ဘီလူးစစ်သည်‌တော်နှင့် တောင်ကြီးတစ်ခုရှိသော်လည်း စုမင်က မရှောင်တိမ်းပေ။ ယင်အစား သူ့နှုတ်ခမ်းများက အေးစက်တဲ့ လှောင်ပြုံးတစ်ခုအဖြစ် ကွေးကောက်သွားလေသည်။

၎င်းက အင်မော်တယ်ဘီလူးစစ်သည်တော်ဖြစ်ပြီး ၎င်းကို မာန်ပြည်ထောင်၌ ဖန်တီးထားသည်။ ၎င်းက မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်စွာ ပြီးမြောက်အောင်မြင်ခဲ့သောစွမ်းအားကို ပိုင်ဆိုင်ထားသည်။ စုမင်က သူ့ကျင့်ကြံ မှု၏ ဆယ်ပုံရှစ်ပုံကို ပြန်လည်ရရှိသောအခါ မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်စွာ ပြီးမြောက်အောင်မြင်ခဲ့သောသူများကို တိုက်ခိုက်နိုင်နေပြီဖြစ်သည်။ ထိုအချိန်တွင်၊ သူက မာန်စိတ်ဝိညာဉ်နယ်ပယ်ကိုရောက်ရှိရန် လမ်းတစ်ဝက်ရောက်နေပြီဖြစ်သည်။ သူ၏ စွမ်းအားအားလုံးကို စတင်ဖြန့်ကျက်လိုက်သည်နှင့် မာန်စိတ်ဝိညာဉ်နယ်ပယ်နှင့် ညီမျှသော လူတစ်ဦး သို့မဟုတ် သတ္တဝါတစ်ဦးကို သတ်ဖြတ်ခြင်းက စုမင် အတွက် ဘာမှမဟုတ်ပေ။

သူက ထိုအင်မော်တယ်ဘီလူးစစ်သည်တော်ကို ဖျက်ဆီးပစ်ရုံသာမက၊ သူ့အား စူးစူးစိုက်စိုက်ကြည့်သော ဝတ်ရုံဖြူအမျိုးသမီးကို သတ်ပစ်နိုင်သည်။သို့မှသာ သူကို့ မည်သူမှ မမြင်နိုင်ဘဲ အမှောင်ထဲတွင် ဆက်လက်လှုပ်ရှားနိုင်မည်ဖြစ်သည်။

သို့မှသာ သူ့အစီအစဥ်များက ရည်မှန်းထားသည့်အတိုင်း ဖြစ်ပေလိမ့်မည်။

ချက်ချင်းဆိုသလိုပင် အင်မော်တယ်ဘီလူးစစ်သည်တော်က ၎င်း၏ပထမခြေလှမ်းကိုလှမ်းသော် မြေကြီးတုန်လှုပ်သွားလေသည်။ စုမင်က သူ၏ညာလက်ကို မြှောက်ပြီး မြေပြင်ပေါ်ကို ခြေဆောင့်ချလိုက်သည်။ သူက ကုန်းမြေမှ ပေါက်ထွက်လာသော ရှည်လျားသောအလင်းတန်းတစ်ခုအသွင်ဖြင့် တောင်ကြီးကိုထိပ်တိုက်တွေ့ရန် လုပ်ဆောင်လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် စုမင်က လေထဲ၌ ပေါ်လာခဲ့သည်၊ ဆိုလိုသည်မှာ သူနှင့် ထိုကြီးမားလှသော တောင်ကြီးနှင့် ပေရာနှင့်ချီအောက်သာဝေးကွာသည်ဟု ဆိုလိုသည်။ ကြီးမားသော ဖိအားလှိုင်းလုံးကြီးတစ်ခုက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသော်လည်း စုမင်က သူ၏စွမ်းအားအားလုံးကို ဖြန့်ကျက်လိုက်သောအခါ ထိုဖိအားက ချက်ချင်းဆိုသလို ပြိုပျက်သွားခဲ့သည်။

သူက တည်ငြိမ်သော အမူအရာဖြင့် ဘယ်လက်ကို မြှောက်ကာ ကောင်းကင်သို့ တွန်းလိုက်သည်။ သူ ထိုသို့လုပ်လိုက်သည်နှင့်သူ့ဘယ်လက်ပေါ်တွင် တောင်ကြီး ပြိုကျလာလေသည်။

စူးစူးဝါးဝါးအော်သံများက စုမင်၏တစ်ကိုယ်လုံးကို ချက်ချင်းပဲ့တင်ထပ်သွားသည်။ တောင်ကြီးက သုံးလက်မအောက်ထိသို့ နိမ့်ဆင်းသွားသောအခါ စုမင်က အေးစက်စက်အသံတစ်ခု ပြုလုပ်ပြီး ရှေးဟောင်းမာန်နတ်ဘုရားများပိုင်ဆိုင်သော စွမ်းအားကို သူ့ဘယ်ဘက်လက်မှ ပျံ့နှံ့စေခဲ့သည်။

မာန်နတ်ဘုရားကျင့်စဥ်နှင့် အမွေဆက်ခံမှုက ပထမဆုံးမာန်နတ်ဘုရားထံမှ ဆင်းသက်လာသော်လည်း စွမ်းအားအရင်းအမြစ်က ၎င်းတို့၏‌ သွေးမျိုးဆက်ထဲတွင် တည်ရှိနေလေသည်။ပထမမာန်နတ်ဘုရားက ကျင့်ကြံသူများအတွက် ၎င်းတို့၏သွေးပြန်ကြောများမှတစ်ဆင့် စီးဆင်းနေသောသွေးမျိုးဆက်ကို နှိုးဆွရန်နည်းလမ်းကို ရှာဖွေခဲ့သည်။ မာန်ကျင့်ကြံသူများက အခြားသူများကဲ့သို့ပင် ကျင့်ကြံနည်းလမ်းစဉ် လျှောက်လှမ်းနိုင်ပြီး သူတို့၏လူမျိုးကို ဂုဏ်သ ရေဖြင့်တောက်ပစေမည်ဖြစ်သည်။

သာမာန်ကျင့်ကြံသူများ၏ခန္ဓာကိုယ်တွင် ထိုရှေးဟောင်းသွေးမျိုးဆက်အနည်းငယ်သာ စီးဆင်းနေ လေသည်။ ရိုးရေစတေးနယ်ပယ် သို့ ရောက်မှသာလျှင် ၎င်းတို့သညက စွမ်းအားကို စုဆောင်းပြီး စစ်မှန်သောမာန်ကျင့်ကြံသူ များဖြစ်သည့် ရှေးဟောင်းမာန်အရိုးများကို ရှေးဖော်ထုတ်နိုင်မည်ဖြစ်သည်။ ထိုမှသာ ၎င်းတို့က ထူးကဲသော စွမ်းအားကို ပိုင်ဆိုင်ရလိမ့်မည်။

စုမင်က သူ၏ခန္ဓာကိုယ်ရှိ အရိုးအားလုံးကိုသာမက သူ့အသားနှင့် သူ၏သွေးများကိုပါစစ်မှန်‌ သောမာန်ကျင့်ကြံသူအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်က ကမ္မည်းထိုး‌ထားသောသမိုင်းများမှာပါသော ရှေးဟောင်းမာန်ကျင့်ကြံသူ များနှင့်တူနေပြီဟု ဆိုနိုင်သည်။

ပထမဆုံးမာန်နတ်ဘုရားပင် ဤကျင့်စဥ်ကို အသက်သွင်းစဉ်က အင်မတန်ခက်ခဲ့ခဲ့သည်။ ထို့ကြောင့် တောင်ကြီးက စုမင်၏

ခန္ဓာကိုယ်ကို ဖိချေရန် အခွင့်အရေးရခဲ့သည်။

သို့သော် စုမင်၏ ဘယ်ဘက်လက်မောင်းမှ ရှေးဟောင်းမာန်ကျင့်ကြံသူများ၏ စွမ်းအားများ ထွက်ပေါ်လာသောအခါတွင် တောင်ကြီးကို လက်တစ်ဖက်တည်းဖြင့် ရပ်တန့်ထားခဲ့သည်။ စုမင်က ပေတစ်သောင်းမြင့်သော တောင်အောက်မှ မထင်ရှားသောအသွင်ဖြင့် တောင်ကြီးကိုမထားခဲ့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို အနည်းငယ် လှည့်လိုက်ပြီး တောင်ကို သူ၏ ညာဖက်သို့ ရွေ့သွားစေပြီးနောက် အင်မော်တယ်များဝန်းရံနေသောဝတ်ရုံဖြူအမျိုးသမီးရှိရာသို့ လျင်မြန်စွာ ပစ်ချလိုက်သည်။

ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော မြည်ဟည်းသံများ သောသောညံအောင် ထွက်ပေါ်လာပြီး တောင်ကြီးက ဝတ်ရုံဖြူ အမျိုးသမီးဆီသို့ တည့်တည့်တိုးဝင်သွားလေသည်။

ဤမြင်ကွင်းက မယုံနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သွားပြီး ဝတ်ရုံဖြူ အမျိုးသမီးက ဖြစ်ပျက်နေသည့် အရာကို တုံ့ပြန်ရန် အချိန်မရမီ စုမင်က သူ၏ ခေါင်းကို လျင်မြန်စွာ ငုံ့လိုက်သည်။ သူ့မျက်နှာမှာ သရော်ပြုံးပြုံးနေပြီး သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပလာသည်။

မည်သူမှ စုမင်၏ဖြစ်အင်ကို မမြင်လိုက်ဘဲ သူက မြေပြင်ပေါ်သို့ လျင်မြန်စွာဆင်းသက်လာခဲ့သည်။ ထို့နောက် သူက ပြင်းထန်စွာဟိန်းဟောက်နေသော အင်မော်တယ်ဘီလူးစစ်သည်တော်ရှေ့တွင် ကြီးမားသောခြေလှမ်းတစ်ခုကိုလှမ်းကာ ပေါ်လာသည်။

“ဗုန်းးးး.”

သူ၏လက်သီးက ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ အင်မော်တယ်ဘီလူးစစ်သည်တော်ဆီသို့ ကျရောက်သွားလေသည်။

ကျယ်လောင်သောအသံများက လောကကြီးကို ကိုင်လှုပ်ကာ မြူခိုးများထဲတွင် အချင်းချင်း တိုက်ခိုက်နေကြသောစွမ်းအားကြီးနယ်ပယ် မှ အစွမ်းထက်သောအင်မော်တယ်များပင်လျှင် ၎င်းတို့၏ နှလုံးသားများ တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသော်လည်း တုန်ခါမှု၏ အရင်းအမြစ်ကို ကြည့်ရန် အချိန်မရှိပေ။ သူတို့အားလုံး ရန်ဖြစ်နေကြပြီး အာရုံမပျံ့လွင့်နိုင်ကြပေ။

ထိုတစ်ချက်တည်းဖြင့် စစ်သည်တော်၏မျက်လုံးများအတွင်းမှ အလင်းတန်းများ ချက်ချင်းပျောက်ကွယ်သွားကာ စုမင်၏လက်သီးများ ကျရောက်သည့် ၎င်း၏ခန္ဓာကိုယ်အနှံ့မှ အက်ကြောင်းများ လျင်မြန်စွာပျံ့နှံ့လာသည်။ အသက်တစ်ရှိုက်စာအတွင်း ဧရာမစစ်သည်တော်က ပေါက်ကွဲသံကြီးဖြင့် အပိုင်းပိုင်းများ ကွဲအက်သွားပြီး အသားအပိုင်းအစများက နောက်သို့လွင့်စင်သွားလေသည်။ ထိုအချိန်တွင် စုမင်၏ ခန္ဓာကိုယ်က လေထဲတွင် အပြည့်အဝပေါ်လာသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အသားစများနှင့်ပြည့်နှက် နေသောလေထုကို ဆုတ်ဖြဲလိုက်ပြီး ပျံတက်သွားသည်။

သူက အလွန် လျင်မြန်လွန်းလှသည် ။ သူ ပစ် ပေါက်လိုက်သော တောင်ကြီးက လမ်းကြောင်းပေါ်တွင် တစ်ရှိန်ထိုးသွားနေဆဲဖြစ်ပြီး မြေပေါ်သို့ မကျသေးပေ။

စုမင်က လျှပ်တပြတ်တောင်ထိပ်သို့ တက်လာပြီး မားမားမတ်မတ်ရပ်လိုက်သည်။ထိုနေရေ၌ ရပ်နေသော သူ့ကို မြင်သူတိုင်းက အာရုံစိုက်လာပြီး သူတို့၏ မျက်နှာပေါ်တွင် မင်သက် နေသောအမူအရာများ ပေါ်လာသည်။

တောင်ထိပ်ရှိလူ၏ဆံပင်များက လေထဲတွင်ကခုန်နေပြီး သူ၏ဝတ်ရုံက တဖျတ်ဖျတ်လွင့်နေလေသည်။ ထို့ပြင် သူနှင့်အတူ ထူးဆန်းပြီး ကြောက်မက်ဖွယ်ရာကောင်းသောလေထုကိုယူဆောင်လာသည်။

ထိုအချိန်တွင် စုမင်ကို အာရုံစိုက်နေသူ အများအပြားမရှိသည့်အတွက် ထိုမြင်ကွင်းကို မမြင်လိုက်ရသည်မှာ နှ မြောစရာပင်။ ထိုနေရာက လူတိုင်း၏ နတ်အာရုံများကိုပင် အနည်းငယ် ပိတ်ဆို့သွားစေသည့် မြူခိုးများဖြင့် ပြည့်နှက်နေပြီး လူတို့၏ အကြည့်အားလုံးကို ပိတ်ထားသကဲ့သို့ ဖြစ်နေသည်။ သို့သော်... မြင်ကွင်းကို မြင်နိုင်သူများ ရှိပါသေးသည်။

ဝတ်ရုံဖြူအမျိုးသမီး၏အမူအရာက လေးနက်သွားပြီး ဘေးနးရှိအဘိုးအိုလေးယောက်က မတ်တပ်ထရပ်ပြီးကောင်းကင်ဆီသို့ မော့ကြည့်ကြသည်။ သူတို့၏ မျက်နှာများက ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

“သူဟာ အင်မော်တယ်ဘီလူးစစ်သည်တော်ကို တစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တယ်..”

“သူကဘယ်သူလဲ...”

“ဒီလို စွမ်းအားကြီးတဲ့လူက နတ်ဆိုးဂိုဏ်းမှာ ဘယ်တုန်းက ပေါ်လာတာလဲ..”

ဝတ်ရုံဖြူအမျိုးသမီး၏ကျဉ်းမြောင်းသောမျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူမ ညာလက်ကို မြှောက်လိုက်သောအခါ အဘိုးကြီးလေးယောက်က ချက်ချင်း လက်နှင့် တံဆိပ်တစ်ခု ဖန်တီးကြသည်။ သူတို့၏ နတ်အာရုံများ ပေါင်းစပ်သွားပြီး အမျိုးသမီး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ သူမ မျက်လုံးများက လျင်မြန်စွာ ပြူးကျယ်သွားကာ သူမ၏ နတ်ဘုရားအာရုံက အဆပေါင်းများစွာ ကြီးထွားလာသည်။ ၎င်းက ရုပ်ပိုင်းဆိုင်ရာအသွင်သဏ္ဍာန်ရရှိထားသကဲ့သို့ စုမင်ဆီသို့ ဦးတည်သွားလေသည်။

လေထဲရှိ ကျယ်လောင်သော ပေါက်ကွဲသံက အဆုံးမဲ့ ပဲ့တင်သံအဖြစ် ပြောင်းလဲသွားသည်။ ထိုတောင်ကြီးက အမျိုးသမီး၏ နတ်အာရုံဘုရားထဲသို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် အပိုင်းပိုင်းကွဲအက်ကာ ပြိုကျသွားသည်။ ကျိုးပဲ့နေသော ကျောက်တုံးအမြောက်အမြားက အပြင်ဘက်သို့လွင့်စင်သွားပြီး အချိန်အတိုင်းအတာတစ်ခုအထိ ကောင်းကင်မှ နတ်သမီးများက ပန်းပွင့်များကို ကြဲချလိုက်သလိုပင် ပြန့်ကျဲနေတော့သည်။

ဝတ်ရုံဖြူအမျိုးသမီးက စုမင်၏တိုက်ကွက်ဖြိုဖျက်ပြီးသည်နှင့်သူမ၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုက ချက်ချင်း နေရာယူသွားကာ သူမ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

“တစ်ခုခုတော့ မူမမှန်ဘူး...”

သူမအတွက်တော့ တောင်ကြီးကို ဖျက်ဆီးပစ်ရတာ လွယ်ကူလေသည်။သို့သော် ထိုအတွေး ပေါ်လာသည်နှင့် သူမက ခေါင်းလှည့်လိုက်ရာ သူ့နောက်တွင် အဘိုးကြီး လေးယောက်ထံသို့ ပုံရိပ်တစ်ခုဖြတ်သွားသည်ကိုမြင်လိုက်ရသည်။ထို့ နောက် လေးယောက်ထဲ မှနှစ်ယောက်၏ ဦးခေါင်းများက ခန္ဓာကိုယ်နှင့် ကွဲထွက်သွားပြီး လေထဲသို့ ပျံတက်သွားလေသည်။သူတို့၏ မျက်လုံးထဲတွင် ထိတ်လန့်ဖွယ်ရာအရိပ်‌အယောင်ကို တွေ့ရလေသည်။

ထိုပုံရိပ်က ခဏရပ်သွားပြီး သူမဘက်သို့ လှည့်ကြည့်လိုက်သည်။သူ ပါးစပ်ကိုဖွင့်၍ နှုတ်ခမ်းလှုပ်သော်လည်း သူမထံသို့ အတွေးတစ်ခုမျှ မရောက်ခဲ့ပေ။

‘သူငါ့ကိုသတ်ဖို့လာတာမဟုတ်ဘူး...ငါ့ရဲ့ အထောက်အပံ့တွေကို ဖျက်ဆီးပစ်ချင်ရုံပဲ...’’

ဝတ်ရုံဖြူ အမျိုးသမီးက ဖြူဖျော့သွားကာ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ သူမပတ်ဝန်းကျင်တွငင် အကာအကွယ်အလွှာများစွာရှိသော်လည်း မည်သူမျှ သတိမထားမိခဲ့ကြပေ။ ဤအရာက သူမကို လူအုပ်ကြီးဖြင့် ဝန်းရံထားသော်လည်း သူမတစ်ကိုယ်လုံး အေးစက်သွားစေသည်။

“ငါ့ကို ရန်လာမစနဲ့....”

အမျိုးသမီးက နှုတ်ခမ်းကို ဒေါသတကြီး ကိုက်လိုက်သည်။ထို့နောက် သူမ စုမင်၏စကားများကို နားလည်နိုင်ခဲ့သည်။

All Chapters