← Chapters

အခန်း (၆၄၉)

Vol. 47 Ch. 649

အခန်း (၆၄၉)

Vol. 47 Ch. 649

မဟာမြူရွက်အင်မော်တယ်ဂိုဏ်းကလူ

စုမင် လျင်မြန်စွာ လက်စဖျောက်သွားခဲ့လေသည်။

သူ၏ ရောက်ရှိလာခြင်းကို မည်သူမျှ တားဆီးနိုင်ခြင်းမရှိသလို သူ၏ထွက်ခွာမှုကိုလည်း မည်သူမျှ တားဆီးနိုင်မည်မဟုတ်ပေ။ ဝတ်ရုံဖြူအမျိုးသမီးကို သတ်ချင်ရင် လွယ်လွယ်နှင့် သတ်နိုင်သလို မည်သူမှ သူ့ကို တားနိုင်မှာ မဟုတ်ပေ။

အမျိုးသမီးက မှုန်နေအောင်လှပသောကြောင့် အခြားလူများက သနားညှာတာချင်ကြသည်။ သို့သော် စုမင် ၏မျက်လုံးထဲမှာတော့ သူ့ရန်သူ ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် တန်းတူသာ ဖြစ်သည်။ စုမင်က ထိုအမျိုးသမီး၏သေခြင်း ရှင်ခြင်းကို စိတ်မဝင်စားပေ။ သူမသေဆုံးသွားပါက အင်မော််တယ်ဂိုဏ်းများတွင် အခြားသော ပြောင်းလဲမှုပုံစံများ ပေါ်လာပြီး နှစ်ဖက်စလုံးက အချင်းချင်း အသေအကျေတိုက်ခိုက်ကြမည်ဖြစ်သည်။

၀တ်ရုံဖြူအမျိုးသမီးက သူ့အပေါ် အာရုံစိုက်ခြင်းကို ရှောင်လွှဲရန် စုမင် သူမနားသို့ရောက်ရှိလာခဲ့သည်။ သူက အဘိုးကြီးနှစ်ယောက်ကိုသတ်ကာ သူမ၏ မျက်လုံးတစ်ဖက်ကို ကန်းအောင်လုပ်ခဲ့သည်။ ထိုမှသာ သူမက သူ့ကို ဆက်ပြီး အာရုံမခံစားနိုင်တော့ပေ။ ထိုနေရာမှ စုမင်က အမှောင်ထဲသို့ ပြန်ရောက်သွားနိုင်ပြီး သူ့ကို မည်သူမျှ သတိမထားမိကြောင်း သေချာစေမည်။

ဝတ်ရုံဖြူအမျိုးသမီးက တုန်ယင်နေကာ စုမင်၏ပုံရိပ်ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်သည်။ သူမအမြင်မှ စုမင်က သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပြီး ရှာမတွေ့တော့ပေ။

သူ့ဘေးနားရှိ အဘိုးအိုနှစ်ယောက်မှာ မျက်နှာပျက်နေသော်လည်း လွန်လွန်ကဲကဲ မတုံ့ပြန်ရဲကြပေ။ ပြိုင်ဘက်၏ စွမ်းအားက သူတို့ကို လုံးဝ တုန်လှုပ်သွားစေခဲ့သည်။

ဤအချိန်တွင်သာ ဝတ်ရုံဖြူအမျိုးသမီးကို အကာအကွယ်များစွာကို ပေးနေသည့် အင်မော်တယ်ဂိုဏ်းတပည့်များက ဖြစ်ပျက်ခဲ့သည်များကို သတိပြုမိခဲ့သည်။ သူတို့၏ နှလုံးသားတွင် တုန်လှုပ်ချောက်ချားနေပြီး သူတို့မျက်နှာပေါ်တွင် အံ့ဩ သောအမူအရာများ ပေါ်လာသည်။

ထိုစဉ် အေးစက်သောလေပြင်းက မြေပြင်ကို ဖြတ်၍ တိုက်ခတ်သွားလေသည်။ ထိုလေက မြူခိုးများကို မမှုတ်ထုတ်နိုင်သော်လည်း ထိုနေရာရှိ မွှန်ထူနေသောသွေးနံ့များကို လွင့်ပြယ်သွားစေသည်။ မြေပြင်ပေါ်ရှိ ဦးခေါင်းမပါသော အလောင်းနှစ်လောင်းက အခြားသူများကို ကြက်သီးထဖွယ် ခံစားရစေသည်။

ဝတ်ရုံဖြူအမျိုးသမီးက ခေတ္တ ကြက်သေသေမိသွားသည်။ သူမ မျက်လုံးကိုမှိတ်ပြီး ခဏအကြာ ပြန်ဖွင့်လိုက်သောအခါ သူ့မျက်လုံးများတွင် တည်ငြိမ်မှူများ ပြန်လည်ရောက်ရှိလာသည်။ သူမ၏ ကျောက်စိမ်းပြားမှာပါသည့် အမိန့်များကို အခြားအင် မော်တယ်များထံ ဆက်လက်ပေးပို့သော်လည်း စုမင်ကို ထပ်ရန်မစရဲတော့ပေ။

သူမအတွက်ကတော့ ဂိုဏ်းထဲက အဘိုးကြီးနှစ်ယောက်၏ သေဆုံးမှုက သတိပေးချက်တစ်ခုပင်။စုမင် သူမဆီသို့ ပို့လိုက်သော အသံတိတ်စကားလုံးများက အသက်အန္တရာယ်ကိုခြိမ်းခြောက်နေလေသည်။

သူမ ဆက်လက်၍ ရန်စနေပါက နောက်သေဆုံးမည့်သူများမှာ သူမနှင့် ကျန်အဘိုးကြီးနှစ်ဦးဖြစ်သည်။

သူမက ဂိုဏ်းသုံးဂိုဏ်း၏ အစိတ်အပိုင်းမဟုတ်သဖြင့် ဤတိုက်ပွဲကို ကြပ်မတ် ပေးရန် ဖိတ်ကြားခံခဲ့ရသည်။ ထို့ကြောင့်သူ့အသက်ကို စွန့်လွှတ်စရာ အကြောင်းမရှိပေ။

စုမင် ထွက်သွားသည်နှင့်အမျှ တိုက်ပွဲသံများက လေထဲတွင် ပဲ့တင်ထပ်လာကာ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပြင်းထန်လာသည်။ မြူခိုးများကြောင့် စုမင်၏ လုပ်ရပ်များကို မြင်နိုင်သူ အနည်းငယ်သာ ရှိခဲ့သည်။ သူတို့ သတိထားလိုက်မိလျှင်တောင်မှ စုမင်က တစ်ဖန်ပြန်ပုန်းနေတာကြောင့် ခြေရာခံမိရန် မလွယ်ပေ။

ထိုအချိန်တွင် စုမင်က စစ်မြေပြင်၏ ထောင့်တစ်နေရာတွင် ရပ်နေသည်။ မြူခိုးများက သူ့ကိုဝိုင်းရံထားပြီး သူ့မျက်နှာပေါ်တွင် စူးရှသောအမူအရာဖြင့် နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားလေသည်။ထို့နောက် စစ်မြေပြင်ရှိ အပြောင်းအလဲများကို ကြည့်ရှုခဲ့သည်။ သူ၏ဘယ်ဘက်လက်ရှိ စိမ်းရင့်ရောင်အသူရာချိပ်တံဆိပ်က နေရာပေါင်းစုံမှ မရဏအငွေ့အသက်အားလုံးကို စုပ်ယူနေသည်။

နာကျင်စွာအော်ဟစ်သံများနှင့် ကျယ်လောင်သောအသံများက အချင်းချင်း ရောနှောကာ လေထုထဲတွင် ပဲ့တင်ထပ်နေသည်။ နှစ်ဘက်ကြား တိုက်ပွဲက ပြင်းထန်ပြီး အဆုံးမရှိဟု ထင်ရသည်။ စစချင်းတွင် နတ်ဆိုးဂိုဏ်း၏ တဟုန်ထိုးတိုက်ခိုက်မှုနှင့် စုမင်၏ တိုက်ခိုက်မှုကြောင့် အင်မော်တယ်ဂိုဏ်းများမှာ ခံစစ်အနေအထားဖြင့်သာ ရောက်ရှိသွားပြီး အထိနာခဲ့ရသည်။

သေဆုံးသွားသူအများစုမှာ အင်မော်တယ်ဂိုဏ်းများမှ တပည့်များဖြစ်သည်။

သို့သော်လည်း ဝတ်ရုံဖြူ အမျိုးသမီးက ခဏတာ တိတ်ဆိတ်သွားကာ အမိန့် ပေးလိုက်သည်နှင့် စစ်မြေပြင်၏ ထောင့် တစ်နေရာတွင်အပြောင်းအလဲတစ်ခုကို စုမင် လှမ်းမြင်လိုက်သည်။ အင် မော်တယ်ဂိုဏ်းများရှိ တပ်မဟာများ ရုတ်တရက် ပြောင်းလဲသွားသည်ကို သူတွေ့လိုက်ရသည်။ ၎င်းတို့က လူတစ်ထောင်ဖြင့် ဖွဲ့စည်းထားသော တပ်မများမဟုတ်တော့ဘဲ လူသုံးထောင်ဖြင့် ဖွဲ့စည်းထားသော တပ်မများဖြစ်လာသည်။ ပေါင်းစည်းသွားပြီးနောက် စစ်မြေပြင်၏ အခြေအနေကို ရုတ်ခြည်းပြောင်းလဲစေကာ ယပ်တောင်အသွင်အဖြစ် ပြောင်းလဲကာ ပြန်လည်ဆုတ်ခွာသွားကြသည်။

ထိုသို့သောလူထောင်ပေါင်းများစွာ၏ ပြောင်းလဲမှုအသွင်က မျက်စိပသာဒဖြစ်နေလေသည်။ မြေပြင်ကတဒုန်းဒုန်း တုန်ခါနေချိန်တွင် စုမင်၏ မျက်လုံးများက တောက်ပလာတော့သည်။

‘အင်မော်တယ်ဂိုဏ်းမှာ လူအသေအပျောက်များနေပြီ...ဒီတစ်ခါနတ်ဆိုးဂိုဏ်းအလှည့်ပဲ...”

စုမင်က တိုက်ပွဲ၏ရေချိန်ကို ဆုံးဖြတ်ပေးမည့် လူအသေအပျောက်ကို တွက်ချက်နေလေသည်။ သူက နှစ်ဖက်စလုံးအား ကြီးမားသောဆုံးရှုံးမှုများ ခံစားစေလိုပြီး နတ်ဆိုးဂိုဏ်းနှင့် အင်မော်တယ်ဂိုဏ်းနှစ်ခုလုံးကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ချင်ခဲ့သည်။

အေးစက်သော အပြုံးတစ်ခု သူ့နှုတ်ခမ်းထောင့်တွင် ပေါ်လာသည်။ သူ ခြေလှမ်းတစ်လှမ်းဖြင့် ရွေ့လျားသွားကာ မြူခိုးထဲတွင် ချက်ချင်းပင် ဖြတ်သန်းလာခဲ့သည်။ သူနှင့် မနီးမဝေးတွင် နတ်ဆိုးမြူမှုန်ဂိုဏ်းသာအနည်းငယ်ရှိလေသည်။ ၎င်းတို့အားလုံးက သဲမုန်တိုင်းဖြင့် ဝန်းရံထားခြင်း ခံရပြီး အဝေးရှိ အင်မော်တယ်ဂိုဏ်းတပ်များဆီသို့ အရှိန်တင်နေကြလေသည်။ စုမင်က လေထဲတွင် ကျယ်လောင်စွာ အော်ဟစ်လိုက်ချိန်တွင် ထိုသဲမုန်တိုင်းများ ပြိုပျက်သွားပြီး ၎င်းတို့အတွင်းမှ နတ်ဆိုးဂိုဏ်း၏ တပည့်များက မျက်လုံးများ ပြူးကျယ်သွားကြသည်။ .သူတို့၏ မျက်ခုံးအလယ်မှာ သွေးစွန်းနေသော အပေါက်တစ်ခု ပေါ်လာလာလေသည်။ အဝေးရှိ မြူခိုးများဆီမှ အေးစက်သော ပုံရိပ်တစ်ခုက ချက်ချင်း ပေါ်လာပြီး ပြန်ပျောက်ကွယ်သွားလေသည်။

သူက နတ်ဆိုးဂိုဏ်း ဆီသို့ အရှိန်တင်ခြင်းကို ရပ်တန့်လိုက်ပြီး အင်မော််တယ် ဂိုဏ်းမှ သူများကို တိုက်ပွဲ၏ ဦးဆောင်သူအဖြစ်သို့ ပြောင်းလဲရန် အခွင့်အရေးပေးခဲ့သည်။ ထို အင်မော်တယ်ဂိုဏ်းများမှလူများက ချီတုံချတုံနှင့် သံသယဖြစ်မည်ဆိုလျှင်ပင် သူချမှတ်ထားသောလမ်းစဉ်အတိုင်း လျှောက်လှမ်းမည်ကို စုမင် တွက်ချက်ထားခဲ့သည်။

ထိုအချိန်တွင် စုမင်က အလွန်လျင်မြန်သော အရှိန်ဖြင့် မြူခိုးများဆီသို့ ရွေ့လျားသွားသည်။ သူ၏ ညာလက်ကို မြှောက်လိုက်သည်။ထို့နောက် နတ်ဆိုးရာဂဂိုဏ်းသားများက သူ၏တည်ရှိမှုကို သတိမထားမိဘဲ ‌သူ့ကိုဖြတ်ကျော်လာစဉ်တွင် တပည့်တစ်ဦးကို ဖမ်းဆုပ်လိုက်သည်။ ထိုသူ အံ့အားသင့်သွားသည့်အခိုက်တွင် စုမင်က ထိုသူ၏ဦးခေါင်းခွံကို သူ၏ညာလက်ကို ဖိထားပြီးဖြစ်သည်။ သူ့ကို မသတ်ခဲ့သော်လည်း ထိုသူက ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပါတော့သည်။ ပြင်းလှစွာသောနာကျင်မှုကြောင့် သွေးကြောများပေါက်ထွက်သွားကာ သူ့မျက်လုံးများက အသက်မရှိသောအသွင်ဆောင်နေလေသည်။

သို့သော် သူက အသံတစ်သံမျှ မထုတ်နိုင်ခဲ့ပေ။ အနက်ရောင်မီးခိုးတစ်ခု သူ့အပေါ်၌ ပေါ်လာသကဲ့သို့ သူ့အရေပြားက မည်းမှောင်လာပြီး သူ့တစ်ကိုယ်လုံးသို့ အဆက်မပြတ် ပျံ့နှံ့သွားသည်။ စုမင်က ထိုလူကို လက်ထဲတွင် ကိုင်ထားရင်း လေကဲ့သို့ မြူခိုးများ ဖြတ်သွားလေတော့သည်။

သူရောက်သည့်နေရာတိုင်း၌တွေ့သောနတ်ဆိုးဂိုဏ်းသားများကို လက်ဖြင့်ထိလိုက်ရုံဖြင့် ထိုလူအားလုံးက တုန်လှုပ်ခြောက်ခြားသွားကြပြီး သူတို့၏ နောက်ဆုံးအသက်ကို မရှုမရှိုက်ခင်မှာ သူတို့၏ အသက်စွမ်းအားများက ချက်ချင်းခမ်းခြောက်သွားလေသည်။

စွမ်းအားကန့်သတ်ချက်ကြောင့် သေဆုံးခဲ့ရသော လူအားလုံးက စုမင်ကို ခုခံရန် မတတ်နိုင်ခဲ့ကြပေ။

သို့သော် စုမင်က မြင့်မားသောကျင့်ကြံဆင့် ရှိကောင်းရှိနိုင်သော်လည်း ဤလူအားလုံးကို သူ၏ စွမ်းအားတစ်ခုတည်းဖြင့် သတ်ရန် ခက်ခဲနေသေးသည်။ သို့သော်လည်း မြူခိုးထဲ၌ စုမင်က ရေထဲရှိ ငါးတစ်ကောင်ကဲ့သို့ ရွေ့လျားလာရင်း သူ့ဖြစ်တည်မှုကို ဤစစ်မြေပြင်တွင် အိပ်မက်ဆိုးတစ်ခုလို ဖြစ်လာစေခဲ့သည်။

ထိုအိပ်မက်ဆိုးက ဆက်လက်တည်ရှိနေပြီး စုမင်က မြူခိုးထဲတွင် စီးဆင်းနေသော ရေကဲ့သို့ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားပြန်သည်။ သူရွေးချယ်‌‌ သောလမ်းက နတ်ဆိုးဂိုဏ်း၏တိုက်ခိုက်ရေးအဖွဲ့ ဖြစ်ပြီး ရှေ့သို့ တဟုန်ထိုး ချဉ်းကပ်သွားခဲ့သည်။ သူသွားလေရာရာ၌ သွေးများ ပြည့်လျှံသွားကာ နာကျင်စွာအော်သံများက လေထဲတွင် ချက်ချင်းပင် ပျံ့လွင့်လာသည်။

စုမင်က နတ်ဆိုးဂိုဏ်း၏ အလယ်သို့ အမြန်ပြေးသွားသောအခါ နတ်ဆိုးဂိုဏ်း၏ တပည့်တစ်ဦးက သူ့ကို စိတ်ရှုပ်ထွေးသောအကြည့်များဖြင့်ကြည့်နေလေသည်။ ထိုစဉ် နတ်ဆိုးဂိုဏ်း၏တပည့် လဲကျသွားချိန်တွင် စုမင်က သူညာလက်တဖြင့် ဆုပ်ကိုင်ထားလေသည်။ ထို တပည့်က အိုးမဲသုတ်ထားသကဲ့သို့ လုံးဝမည်းတူးသွားဘေသည်။ သူ့ဆံပင်

အကုန်လုံး သူ့ခေါင်းကနေ ပြုတ်ကျပြီး သွားများမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ သူ့ခန္ဓာကိုယ်ရှိ အရိုးများကလည်း ပျော့ပျောင်းလာပြီး သူ့တစ်ကိုယ်လုံး ညှိုးနွမ်းကာ ဖုန်မှုန့်အဖြစ်သို့ ကျုံ့သွားပြီဖြစ်သည်။

ဤအမှောင်ထုအတွင်း ထူးဆန်းပြီး ညို့ယူနိုင်သော လေထုတစ်ခု ရှိနေသဖြင့် ၎င်းကို မြင်သူတိုင်း တုန်လှုပ်သွားစေသည်။လေထဲတွင် သင်းပျံ့သောရနံ့တစ်ခု ပျံလွင့်လာပြီး ထိုရနံ့ကို ရှူရှိုက်သူတိုင်းက သာယာပျော်ရွှင်မှုကို ခံစားရသည်။သို့သော်လည်း ထိုရနံ့ကို အကြာကြီးရှူမိပါက အော်ဂလီဆန်လာလိမ့်မည်။

ထိုထူးဆန်းသောရနံ့နှင် ခံစားမှုက... ကျိန်စာမှ ထွက်လာပေါ်လာလေသည်။

စုမင်၏ကျင့်ကြံဆင့် တိုးလာသည်နှင့်အမျှ သူ၏ ကျိန်စာ ကို အသုံးချနိုင်မှုမှာလည်း ယခင်ကထက် များစွာ အားကောင်းလာသည်။ ထိုအချိန်တွင် သူအသက်သွင်းလိုက်သောကျိန်စာက ရှာမန် မှော် သက်ေတများနှင့် ပေါင်းစပ်ပြီးမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ထို့ကြောင့် ကျိန်စာတိုက်ခံသူက အသက်ရှင်လျက် သေဆုံးနေသည့် အခြေအနေသို့ ရောက်ရှိသွားကာ အသက်ရှင်နေသော လူသေတစ်ဦးကဲ့သို့ ဖြစ်သွားစေမည်။

ကျိန်စာ၏ စွမ်းအားက လူ၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ပေါင်းစပ်လာပြီးနောက် ကျိန်ဆဲတိုက်ခံရသော ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ကျိန်စာများ များရရှိလေလေ၊ ပျက်စီးမှုအဆင့်က ပို၍ကြီးမားလာမည်ဖြစ်သည်။ ၎င်းက ကပ်ဘေးကြီးတစ်ခုကို ဖြစ်စေလိမ့်မည်။

စုမင်က ထိုနည်းလမ်းကို ပထမဆုံးအသုံးပြုခြင်းဖြစ်သည်။ထိုကျိန်စာတိုက်ခံရသူကို သူ၏ညာလက်ဖြင့် ဆုပ်ကိုင်လိုက်ရင်း.. လူတစ်ရာနီးပါး၏ မသဲကွဲသော ပုံရိပ်များ သူ့ရှေ့တွင် ပေါ်လာသည့်တိုင်အောင် မြူခိုးထဲတွင် လှုပ်ရှားသွားခဲ့သည်။ ထို့နောက် စုမင်က ရုတ်တရက် ခုန်လိုက်ပြီး နတ်ဆိုးရာဂဂိုဏ်း၏ တပည့်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

နတ်ဆိုးရာဂဂိုဏ်း တပည့်များ၏ မျက်လုံးများက ထူးဆန်းပြီး ညို့ယူခံလိုက်ရသော အလင်းရောင်တစ်ခုဖြင့် စတင်တောက်ပလာသည်။ စုမင်က မြေပြင်ပေါ် ဆင်းသက်လာစဉ် သူ့ခန္ဓာကိုယ်မှ အနက်ရောင် မြူခိုးအလွှာတစ်ခုက ကျယ်လောင်သော အသံများနှင့်အတူ နေရာအရပ်ရပ်ဆီသို့ ချက်ချင်း လွင့်ပျံသွားခဲ့သည်။ ထိုမြူခိုးများထိမိသူတိုင်းက ချက်ချင်းဆိုသလို ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူတို့၏ အရေပြားပေါ်မှာ အနက်ရောင်အစက်အပြောက်များစွာ ပေါ်လာသည်။

စုမင်က လေထဲ၌ ရှိနေသေးသည်။ သူ လှည့်ထွက်ခါနီးမှာ သူ့နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားသည်။ သူ့ ညာလက်သီးဖြင့် ဘယ်ဘက်ရှိ လေထုထဲသို့ တည့်တည့် ပစ်လွှတ်လိုက်သည်။ လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး စုမင်၏ ဘယ်ဘက်ဆီသို့ မြူခိုးများက ချက်ချင်း ပြိုကျသွားသည်။ လူတစ်ဦးက မြူခိုးထဲတွင် ပေါ်လာပြီး စုမင်လက်သီးဒါဏ်ကြောင့် နောက်သို့ လွင့်စင်သွားလေသည်။ သူ့မျက်နှာကို ထုတ်ဖော်လိုက်သောအခါ စုမင် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။ ထိုလူက စစ်ခုန်းဖြစ်ပြီး မျက်နှာမှာ ထိတ်လန့်ခြောက်ခြားမှုများနှင့်ပြည့်နှက်နေလေသည်။

စုမင်က ခေါင်းကို လှည့်ပြီး စစ်ခုန်းကို ခပ်ခွာခွာမှ ငေးကြည့်နေလေသည်။

“မင်းဘယ်သူလဲကွ...”

စစ်ခုန်း၏ အသံက နားထဲသို့ အတော်လေး စူးရှသွားသည်။ တစ်ချိန်တည်းမှာပင် သူ သူ့ပါးစပ်ထောင့်မှ သွေးများ တစ်ဖန်ပြန်စီးကျလာပြီး သူ၏ အင်္ဂါအစိတ်အပိုင်းအားလုံးမှ ပြင်းထန်သော နာကျင်မှုကို မချိမဆန့်ခံစားရလေသည်။ သူ၏ကနဦးကျင့်ကြံမှုက မတည်မငြိမ်ဖြစ်လာသည်။ သူ့ ရင်ဘတ်ပေါ်တွင် တွဲလောင်းကျနေသော ကျောက်စိမ်းဆွဲသီးမှာလည်း အက်ကွဲသံများနှင့်အတူ ကွဲအက်လာသည်။

စုမင်ဧ။်ကျိန်စာက သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွား သောကြောင့် အနက်ရောင်အစက်များက သူ့အရေပြားမှာ ပေါ်လာခဲ့သည်။စစ်ခုန်း၏ အရေပြားမှာ ကြောက်မက်ဖွယ်ရာ အနက်ရောင်အရေးကြောင်းများရှိနေပြီး အဆက်မပြတ် ပျံ့နှံ့နေလေသည်။

‘ဒီနတ်ဘုရာစွမ်းရည်ကဘာလဲ..ဒါကစွမ်းအားကြီးနယ်ပယ် ...မဟာစက်ဝန်းအဆင့်မှာရှိတဲ့သူထက် သာလွန်တဲ့အစွမ်းရှိတယ်...”

စစ်ခုန်းက ပြင်းစွာ အသက်ရှုရှိုက်လိုက်သည်။ သူ၏ ကျောက်စိမ်းဆွဲသီးက စွမ်းအားကြီးနယ်ပယ်ရှိသူ၏ ထိုးနှက်ချက်ကို ခံနိုင်ရည်ရှိသော်လည်း ယခုပင် ကွဲအက်သွားသည်။ဆိုလိုသည်မှာ သူရရှိသော လက်သီးက ထိုနယ်ပယ်ထက် ကျော်သွားခဲ့ပြီဖြစ်သည်။

သူ တုန်လှုပ်သွားခဲ့လေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အစက်များမှာ လက်သီးအရွယ်ဖြစ်နေပြီဖြစ်ပြီး နာကျင်မှုမရှိပေ။ သို့သော် သူ ထိုအနက်ရောင်အကွက်ဆီသို့ စူးစူးစိုက်စိုက်ကြည့်သောအခါ ထိုမှ ပြင်းထန်သောခြိမ်းခြောက်မှုတစ်ခု ရှိနေသည်ကို ခံစားရနိုင်သည်။ သူ့နားထင်က တဒိန်းဒိန်း တုန်လှုပ်ကာ အမြန် ခြေကုန်သုတ်‌လေသည်။ စုမင် မျက်လုံးများကို မှိတ်ထားသည်။စွမ်းအားကြီးနယ်ပယ်ရှိ နတ်ဆိုးဂိုဏ်းနှင့် အင်မော်တယ်ဂိုဏ်းမှ လူများ နှစ်ယောက်တစ်တွဲစီတိုက်ခိုက်နေသောဦးတည်ရာသို့ စစ်ခုန်းက ပြန်ဆုတ်ခွာသွားလေသည်။ ထို့နောက် စုမင်က အေးစက်သော အသံတစ်ခုကို ထုတ်လွှင့်လိုက်သည်။ သူက စစ်ခုန်း နောက်သို့ မလိုက်ပေ။ စစ်ခုန်းကို သတ်ခြင်း သို့မဟုတ် အသက်ချမ်းသာ ပေးခြင်းက သူ့အတွက် သေးငယ်သော ကိစ္စဖြစ်သည်။ ထိုအချိန်တွင် စစ်မြေပြင်ကို ပရမ်းပတာအ ခြေအ နေသို့ ပြောင်းလဲခြင်းက သူ့အတွက် ပိုအရေးကြီးသည်။

“မင်းရဲ့ ပျော့ညံ့တဲ့ စွမ်းအားနဲ့ မဟာမြူရွက်အင်မော်တယ် ဂိုဏ်းက ဆင်းသက်လာတဲ့ ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ရဲတယ်ပေါ့..”

စုမင် ပြတ်ပြတ်သားသား ပြောပြီးနောက် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

‘မဟာမြူရွက်အင် မော်တယ်ဂိုဏ်း..အဲ့ဂိုဏ်းက လူလား...”

စစ်ခုန်းက သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ သွေးအန်လိုက်ရသည်။သူ လျင်မြန်စွာ ဆုတ်ခွာသွားသော်လည်း ထိုလူက လိုက်မဖမ်းခဲ့ပေ။ ထို့ကြောင့် သူ့ လက်သီးကို ကျစ်ကျစ်ပါ အောင်ဆုပ်ထားရင်း သူ့မျက်လုံးထဲတွင် မုန်းတီးမှုနှင့် ရူးသွပ်မှုတို့က ပေါ်လာလေသည်။

All Chapters