← Chapters

အခန်း (၆၅၀)

Vol. 47 Ch. 650

အခန်း (၆၅၀)

Vol. 47 Ch. 650

စီနီယာအစ်ကိုကြီးရှိမဲ့နေရာရဲ့သဲလွန်စ

စုမင်အသက်သွင်းလိုက်သောကျိန်စာဧ။်စွမ်းအားက နေရာအနှံ့ပျံ့နှံ့သွားပြီးနောက် နတ်ဆိုးဂိုဏ်း၏တပည့်များ၏အ ရေပြားပေါ်တွင် အနက်ရောက်အစက်ပြောက်များစွာ ပေါ်လာသည်။

စုမင်က အသံမထွက်ဘဲ လှုပ်ရှားနေစဉ်တွင် နောက်ထပ် လျင်မြန်စွာ မည်းနက်သွား သော ခန္ဓာကိုယ်နှစ်ခု ပေါ်လာသည်။ ခဏအကြာတွင် ပေါက်ကွဲသံနှစ်ခု ထွက်ပေါ်လာပြီး ကျိန်စာ၏ တည်ရှိမှုက လေထဲတွင် ပို၍ထူထပ်လာသည်။

ကျိန်စာက လျင်မြန်စွာ အကျိုးမသက်ရောက်သော်လည်း ကြောက်မက်ဖွယ်ကောင်းလှသည်။ ကျိန်စာကို ထိတွေ့သော မည်သူမဆို သူတို့၏ ခန္ဓာကိုယ်မှာ အနက်ရောင် အစက်အပြောက် အများအပြား ပေါ်လာလေသည်။ လေထဲတွင် မွှေးကြိုင်သော ရနံ့များ ပျံ့လွင့်နေသော်လည်း ရှုရှိုက်မိချိန်မှာတော့ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် အကွက်များက ဆက်လက် ပြန့်နှံ့နေပြီး ပုပ်ပွသွားလေသည်။ ထို့ကြောင့် သူတို့နှလုံးသားထဲတွင် ကြောက်ရွံ့စိတ်များ ဒီရေအလားတိုးပွားလာလေသည်။

ခဏအကြာတွင် စုမင်က နတ်ဆိုးဂိုဏ်း၏ ချေမှုန်းရေးအဖွဲ့များကြားမှ ဖြတ်သွားခဲ့သည်။ အကြောက်တရားက သူတို့၏ နှလုံးသားထဲထိ နက်ရှိုင်းလာပြီး အချိန်ကြာလာသည်နှင့်အမျှ အဖွဲ့များက ပိုမို ဖရိုဖရဲ ဖြစ်လာသည်။

အင်မော်တယ်ဂိုဏ်းများက ထိုမငြိမ်မသက်မှုကို ချက်ချင်းတွေ့ရှိခဲ့ပြီး စွမ်းအားကြီးနယ်ပယ်ရှိ တိုက်ပွဲဝင်သူများပင် ရိပ်စားမိခဲ့သည်။ သို့သော် ယခုအချိန်တွင် သူတို့တိုက်ခိုက်နေသည့် သေရေးရှင်ရတိုက်ပွဲမှ ထွက်ခွာရန် ခက်ခဲသောကြောင့် ထိုကိစ္စကို အလွန်အလေးမထားနိုင်ကြပေ။

ဝတ်ရုံဖြူအမျိုးသမီး ၏မျက်လုံးထဲတွင် အရိပ်တစ်ခုပေါ်လာသည်။ ဤမငြိမ်မသက်မှုက တိုက်ပွဲရေချိန်ကို ပြောင်းလဲရန် ပြီးပြည့်စုံသောအခွင့်အရေးဖြစ်ကြောင်း သူမ ချက်ချင်းမြင်နိုင်သည်။ သူမ ညာလက်ကို မြှောက်လိုက်သော်လည်း သူမအမိန့်စာ ပို့ခါနီးတွင် အလိုလို ရပ်တန့်သွားသည်။

သူမ လွန်စွာ ချီတုံချတုံ ဖြစ်နေ လေသည်။ ထိုမငြိမ်မသက်မှုများက လူတစ်ယောက်၏လုပ်ဆောင်ခြင်းကြောင့်ဖြစ်သည်။ထိုကဲ့သို့အခွင့်အရေးမျိုးကို မည်သူက ဆောင်ကျဉ်းလာပေးမည်နည်း။သူမစိတ်ထဲ ပထမဆုံးရောက်လာသောလူမှာ စုမင် ဖြစ်သည်။ သူက နတ်ဆိုးဂိုဏ်းကလူဟုထင်သော်လည်း သူမအသက်ကိုချမ်းသာပေးမှုကြောင့်

စုမင်၏ဇာစ်မြစ်နှင့် ပတ်သက်၍ အခြားအတွေးများ ရှိလာခဲ့သည်။

နတ်ဆိုးဂိုဏ်းများကြားတွင် မငြိမ်မသက်ဖြစ်နေသည်ကို သူမမြင်လိုက်သောအခါတွင် ဖြစ်ပျက်နေသည့်အရာများကို မခန့်မှန်းနိုင်တော့ပေ။

သူမ သက်ပြင်းကို တိုးတိုးလေးချလိုက်သည်။ ထိုလူက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့လျှင်က သူမက ထိုအခွင့်အရေး ဆုပ်ကိုင်ထားရမည်။ သူမ တုံ့ဆိုင်းမနေတော့ပေ။ သူမလက်ကိုယမ်းလိုက်သော် ကျောက်စိမ်းပြားတစ်ဒါဇင်က လေထဲသို့ပျံတက်သွားသည်။

“ဖုံးကွယ်နဂါးဂိုဏ်းက အင်မော််တယ်ဘီလူးစစ်သည်တော်တွေ ..တိုက်ခိုက်ကြ..နတ်ဆိုးဂိုဏ်း မငြိမ်မသက်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး တိုက်ပွဲရေချိန်ကိုပြောင်းလဲပစ်ရမယ်...”

ဝတ်ရုံဖြူအမျိုးသမီး၏ကျောက်စိမ်းပြားက ဖုံးကွယ်နဂါးဂိုဏ်းရှိရာသို့ ဦးတည်ပျံသန်းသွားသည်။ ထိုကျောက်စိမ်းပြားကိုကျောက်တုံးကြီးတစ်ခုပေါ်တွင် ရပ်နေသော ချန်ချုံးက ဖမ်းမိခဲ့သည်။ သူ့မျက်လုံးများ တောက်ပလာပြီး ဘယ်ဘက်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖန်တီးလိုက်သည်။ထိုစဉ် တောင်ပေါ်ရှိ အင်မော်တယ်ဘီလူးများက ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်လေသည်။ လေထုထဲတွင် ကျယ်လောင်သောမြည်းဟည်းသံများ ပဲ့တင်ထပ်လာသည်။

ဧရာမဘီလူးခြောက်ကောင်တို့က လေထဲသို့ ပေါက်ကွဲသံနှင့်အတူ ပျံတက်သွားသည်။ ဧရာမတောင်ကြီးခြောက်လုံးကလည်း မြင့်တက်လာပြီး ၎င်းတို့နောက်မှ ပါလာလေသည်။ တဟုန်ထိုး ပေါက်ကွဲသံများနှင့်အတူ လေထဲသို့ ဖြတ်သန်းသွားကြသည်။

ပေါက်ကွဲသံခြောက်ခုလုံးက တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီး မြေပြင်တုန်ခါနေချိန်တွင် တောင်ခြောက်လုံးက နတ်ဆိုး ဂိုဏ်း၏ စစ်တပ်ထဲသို့ ကျရောက်သွားသည်။ ဘီလူးကြီးများဆီကနေ ပြန့်နှံ့လာသောဖိအားက သူတို့၏ခန္ဓာကိုယ်ကို ဘယ်မှရွေ့မရစေဘဲ ချည်နှောင်ထားသလို ခံစားရစေသည်။ သူတို့ မရှောင်တိမ်းနိုင်ဘဲ နာကျင်စွာ အော်ဟစ်ရင်း ကြေမွနေသော အသားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ဘီလူးကြီးများ ဆင်းသက်လာသည်နှင့် တပြိုင်နက် သူတို့၏ ခန္ဓာကိုယ်မှ သွေးဆာနေသော လူသတ်ရောင်ဝါက တရှိန်ထိုး ပျံ့နှံ့သွားသည်။ ထိုဘီလူးကြီးများ၏ မျက်လုံးများက သွေးဆာလောင်နေသည့်အရိပ်အယောင်များဖြင့် နေရာယူထားလေသည်။ဟိန်းဟောက်သံနှင့်အတူ မတူညီသော လမ်းကြောင်းခြောက်ခုဆီသို့ ချီတက်ကြလေသည်။ သူတို့သွားလေရာရာ၌ ရှိသော နတ်ဆိုးဂိုဏ်း၏တပည့်များသည် လုံးဝလက်တုံ့ပြန်ရန် မဖြစ်နိုင်တော့ပေ။ ဘီလူးကြီးများ၏ ရူးသွပ်စွာတိုက်ခိုက်မှုကြောင့် သူတို့၏ ခန္ဓာကိုယ်ကို ကျိုးပဲ့သွားပြီး တစ်စစီဆုတ်ဖြဲခံရ‌လေသည်။

“သွားကြ...သတ်ကြစမ်း...ဒါဆို ငါ့ရဲ့စိမ်းရင့်ရောင်အသူရာချိပ်စည်းက ပိုအားကောင်းလာလိမ့်မယ်...”

စုမင်က တိုးတိုးတိတ်တိတ်ပြောလိုက်သည်။

ထို့နောက် သူ့ဘယ်ဘက်လက်က အစိမ်းရောင် အမှတ်အသားကို တစ်ချက်ကြည့်လိုက်လေသည်။ ယခုအခါ ၎င်းက အံ့သြဖွယ်ကောင်းလောက်အောင် ထူးဆန်းသည့်အသွင်ကို ဖြစ်စေသည့် စွဲမက်ဖွယ်ကောင်းသော အလင်းရောင်ကို ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။ ထိုအချိန်တွင် စုမင်၏ အကြည့်က သူ့ညာဖက်လက်ဖဝါးပေါ်သို့ ရောက်သွားသည်။

ထိုနေရာတွင် အနက်ရောင်အစုအဝေးတစ်ခု ရှိနေပြီး သင်းပျံ့သောမွှေးရနံ့ကို ထုတ်ပေးလေသည်။ ထိုအစက်‌က ကျိန်စာပင်ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျိန်စာ ပို၍ကြောက်ခမန်းလိလိစွမ်းအားကြီးမားလာစေရန် လူတစ်သိန်းနီးပါးအပေါ် အသုံးပြုရန် ရောက်ရှိလာခဲ့သည်။

မြူခိုးထဲတွင်အင်မော်တယ်ဘီလူးခြောက်ကောင်က တန်ပြန်တိုက်ခိုက်လာသည့်အခါ နတ်ဆိုးဂိုဏ်းမှာ ပို၍ မငြိမ်မသက်ဖြစ်လာလေသည်။ အင်မော်တယ်ဂိုဏ်းတွေက နောက်မဆုတ်ဘဲ ဆက်လက်တိုက်ခိုက်ရန် အမိန့်ရရှိခဲ့သည်။ သူတို့အားလုံးက ကျယ်လောင်သောဟိန်းဟောက်သံများနှင့်အတူ ရှည်လျားသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သူတို့၏မြင့်မြတ်သောစွမ်းရည်များနှင့် ထူးဆန်းသောရတနာများကို ထုတ်ကာ နတ်ဆိုးဂိုဏ်းထံသို့ တဟုန်ထိုးချီတက်လာသည်။

ရတနာများနှင့် မြင့်မြတ်သော စွမ်းရည်များမှ ကျယ်လောင်သော အသံများက မြူခိုးများအတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ လောကကြီးထဲရှိ ဝိညာဉ် စွမ်းအားလှိုင်းများက အပြင်ဘက်သို့ ဆက်လက်ပျံ့နှံ့သွားသော်လည်း မြူခိုးများက ပျောက်ကွယ်သွားမည့် အရိပ်အယောင်များ မပြနိုင်သေးပေ။

စုမင်က တိုက်ပွဲကို ဂရုမစိုက်တော့ပေ။ သူက မြူခိုးထု အစွန်းတိုင်အောင် လေထဲသို့ ခုန်တက်သွားသည်။ထို့နောက် သူက ကောင်းကင်ကိုမော့ကြည့်လိုက်သော် တိမ်တိုက်များ ရုန်းရင်းဆန်ခတ်ဖြစ်နေသော ပုံရိပ်သုံးခုကိုတွေ့လေသည်။ ထိုပုံရိပ်များက မြင့်မြတ်သော စွမ်းရည်များကို ဖော်ထုတ်ပြီး တိုက်ခိုက်နေကြသည်။ထိုစဉ် ကောင်းကင်မှ လှိုင်းဂယက်များ ထလာကာ ပြိုကျတော့မည်ဟု ထင်ရလေသည်။

သို့သော် ကောင်းကင်ရှိ လှိုင်းဂယက်များနှင့်စွမ်းအားလှိုင်းများ ဖြစ်ပေါ်လာသည်နေရာကိုကြည့်လိုက်သော် ဝဲဂယက်နှစ်ခုကို တွေ့ရလေသည်။ ထိုဝဲဂယက်မှာ အချင်းချင်းလှည့်ပတ်နေပြီး အင်မော်တယ်များ ဆင်းသက်လာရာနေရာပင်ဖြစ်သည်။

သူ့အကြည့်ကို လွှဲလိုက်ပြီး နောက်ဆုံးတွင် တိမ်များနှင့် မြူခိုးထုကြားရှိ တိုက်ပွဲဝင်နေသောပုံရိပ်သုံးခုဆီသို့ လှမ်းကြည့်လိုက်သည်။ စုမင်က တိထျန်း၏ကိုယ်ပွားများကိုမြင် လေသည်။ သူတို့ထဲက တစ်ယောက်က ကောင်းကင်ကို သိမ်းပိုက်သည့်စွမ်းရည်ကို အသက်သွင်းနေပြီး နောက်တစ်ယောက်ကတော့ နေကို မြုပ်နှံရန် လုပ်ဆောင်နေလေသည်။ ကိုယ်ပွားနှစ်ယောက်က ကိုယ်စီစွမ်းရည်များ အသက်သွင်း‌သောအခါ လောကကြီး၏အလင်းရောင် ပျောက်ဆုံးကာ စုမင်လည်း မျက်မှောင်ကြုတ်သွားလေသည်။

စုမင်က ဝတ်ရုံနက်ကောင်လေးဆီသို့ လှမ်းကြည့်လိုက်သည်။ ကျီအန်း၏ မှော်ဆန်သော ခန္ဓာကိုယ်က ယပ်တောင်ကို ကိုင်ဆောင်ထားဆဲဖြစ်သည်။ သူ့အမူအရာကို မမြင်နိုင်သော်လည်း ယပ်တောင်ကို ခတ်နေသည့် လှုပ်ရှားမှုက ရှင်းလင်းနေလေသည်။ ထိုလှုပ်ရှားမှုကြောင့် ချက်ချင်းပင် ကြီးမားသော သရဲမျက်နှာကြီး ပေါ်လာသည်။ ပေတစ်သောင်း ကြီးမားပြီး လွန်စွာကြောက်လန့်ဖွယ်ကောင်းသည်။ လောကကြီးတစ်ခုလုံးကို ဝါးမျိုချချင်သကဲ့သို့ ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်လေသည်။

ထိုမြင်ကွင်းကြောင့်စုမင်၏မျက်လုံးများက တခဏ တုန်လှုပ်သွားခဲ့သည်။

သူက မျက်လုံးမှိတ်ပြီး တိုက်ခိုက်ချင်စိတ်ကို ထိန်းလိုက်သည်။ ထို့နောက် တိ

ထျန်း၏ကိုယ်ပွားများဆီသို့ နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ စုမင်က လက်လွတ်စပယ်မပြုလုပ်သင့်ကြောင်း သိလေသည်။ စိမ်းရင့်ရောင်အသူရာချိပ်တံဆိပ်နှင့် ကျိန်စာက နှစ်ဖက်စလုံးမှလူများကို သေဆုံးသွားစေမှသာ အမှန်တကယ်တိုက်ခိုက်ရမည့်အချိန်ရောက်လာမည်ဖြစ်သည်။

ဤအချိန်က သူ့အတွက် မည်သည့် ချောင်းမြောင်းတိုက်ခိုက်မှုမျိုးကိုမဆို ပြုလုပ်ရန် အချိန်မဟုတ်သေးပေ။ ကောင်းကင်ရှိတိထျန်းနှစ်ယောက်နှင့်ကျီအန်းက သူ့ကို သတိထားမိမည်စိုးရိမ်သောကြောင့် မြေပြင်ပေါ်က မြူခိုးများဆီသို့ ‌ရွေ့လျားသွားလေသည်။

‘‘သူတို့ရဲ့ တိုက်ပွဲက စနေပြီ.. အခုထိ စိတ်ပူစရာမရှိသေးဘူး… ဘယ်သူမှဒါဏ်ရာမရကြသေးဘူး...”

စုမင်က သူ့စိတ်ထဲတွင် တွန်းအားကို မျိုသိပ်လိုက်သည်။ သူ အမှားတစ်ခုလုပ်မိလျှင် အလွယ်တကူ ဖော်ထုတ်ခံရမည်။ သူဆက်လက်ပုန်းအောင်းနေခဲ့ရပြီး တိုက်ခိုက်ရန်အချိန်ရောက်လာသောအခါတွင် သူ့စွမ်းအားက ကောင်းကင်ကိုးဘုံခုကိုပင် ပေါက်ကွဲထွက် စေလိမ့်သည်။

“ယင်အသူရာမရဏချိပ်စည်းခုနှစ်ခုနဲ့ကျိန်စာက မင်းအတွက် ငါပြင်ဆင်ထားတဲ့ ပထမဆုံးသော သင်္ဂြိုဟ်လက်ဆောင်ပဲ...တိထျန်း...”

စုမင် တိုးတိုးလေး ကြိမ်ဝါးလိုက်သည်။သူ့တွင် တိထျန်းအတွက် သိမ်းဆည်းထားသော သင်္ဂြိုဟ်လက်ဆောင် အနည်းငယ် ရှိလေသည်။ ၎င်းတို့အားလုံးက အသက်ကိုနှုတ်ယူသွားစေနိုင်သည့် လက်ဆောင်များဖြစ်ပြီး ၎င်းတို့အားလုံးက ဧကရာဇ်မင်းတစ်ပါးကို မြေမြုပ်ပစ်ရန် လုံလောက်သည်။

ထိုအချိန်တွင် မြေပြင်ရှိ ကျယ်လောင်သော အသံများက မြူခိုးများကို ဖြတ်သန်းကာ စုမင်အနီးသို့ ရောက်ရှိလာလေသည်။ စုမင်က အတွေးများထဲနစ်မြောနေရာမှ နိုးထလာပြီး ထိုအသံ၏ ဦးတည်ရာဆီသို့ ငုံ့ကြည့်လိုက်သည်။

ယခုအခါ မြေပြင်ပေါ်တွင် အင်မော်တယ်ဘီလူးစစ်သည်တော် သုံးဦးသာ ကျန်ရှိတော့သည် ။

ဧရာမတောင်ကြီးခြောက်လုံးက တစ်ခုပြီးတစ်ခု ကွဲအက်သွားကာ ပေါက်ကွဲသံများက ပဲ့တင်ထပ်လာလေသည်။ ၎င်းတို့၏ ပျက်စီးရခြင်း အကြောင်းအရင်းနှင့်ဘီလူး သုံးကောင် သေဆုံးရခြင်းမှာ နတ်ဆိုးဂိုဏ်းမှ ယင်နဂါး တစ်ဆယ့်ရှစ်ကောင်ဖြစ်သည်။

သို့သော် ၎င်းတို့အထဲမှ ကိုးကောင်သာကျန်တော့သည်။ သက်ရှိထင်ရှားရှိဆဲ ယင်နဂါးများက ဒေါတသကြီးဟိန်းဟောက်ပြီး မြူခိုးများအတွင်းမှ မြေပြင်ကို ဖြတ်ကျော်ကာ နောက်ဆုံးဘီလူးသုံးကောင်ဆီသို့ တည့်တည့်တိုးဝင်လာလေသည်။

နတ်ဆိုးဂိုဏ်း၏ တပည့်အများစုက ပရမ်းပတာအခြေအနေမှ ပြန်လည်ကောင်းမွန်လာခဲ့ပြီး ဒဏ်ရာရသူများကို နောက်တန်းသို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် အနက်ရောင်ချပ်ဝန်တန်ဆာစစ်သည်များက အဓိကကျောရိုးအဖြစ် နေရာယူလေသည်။နတ်ဆိုးရာဂဂိုဏ်းက ညာဘက်တွင်ရှိပြီး နတ်‌ဆိုးမြူမှုန်ဂိုဏ်းက ဘယ်ဘက်‌တွင် ရှိနေလေသည်။

စုမင်က ချန်ချုံး၊ ရှန်ဟမ် ပိစု၊ ပေလင်းနှင့်ချန်ရှင်းတို့ကို... မြူခိုးများအတွင်း မတူညီသော နေရာများတွင် တွေ့ခဲ့သည် ။ သူက ထျန်းလျန်ညီအစ်မနှစ် ယောက်နှင့် ဝူလ၊ ဝူလဲ့ နှင့် တို့သိသော အမျိုးသမီးကိုလည်း တွေ့ခဲ့သည်။ သူတို့အားလုံးက မြူခိုးများထဲတွင် ရှိနေကြပြီး စွမ်းရည်အသီးသီးကိုထုတ်ပြကာ တိုက်ခိုက်ကြလေသည်။

သူတို့က သက်ဆိုင်ရာဂိုဏ်းအသီးသီးတွင်က ပါရမီရှင်များနှင့် ထူးချွန်သူများဖြစ်သည်။ လူအုပ်ကြားထဲမှာတောင် သူတို့၏ ပင်ကိုယ်စွမ်းရည်မျာက တောက်ပနေဆဲဖြစ်ပြီး လူတိုင်းက သူတို့၏ ရင်သပ်ရှုမောဖွယ် အရည်အချင်းများကို မြင်ရလေသည်။

သူတို့တွင် မှော်အစီအရင်များ မြင့်မြတ်သော စွမ်းရည်များ၊ ထိတ်လန့်ဖွယ်ရာကျင့်စဉ်များစွာ ပိုင်ဆိုင်လေသည်။ သူတို့မှာ အရည်အချင်းမျိုးစုံရှိကြောင်း စုမင် အတပ်သိလေသည်။

စုမင်က ကောင်းကင်၌ရှိစဉ်တွင် အနက်ရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည့် နတ်ဆိုးဂိုဏ်းဝင်များကိုလည်း မြင်တွေ့ခဲ့ရသည်။ တပ်မဟာ၏ ရှေ့တန်းအနီးတွင် နေရာယူထားသည့် လူတစ်ဦးက မြေပြင်ပေါ်သို့ လက်သီးဖြင့် ထိုးလိုက်သည်။ မြေကြီးက ကွဲအက်သွားကာ ထိုထဲမှ ကမ္ဘာမြေဓါးကြီးတစ်လက် ထွက်ပေါ်လာလေသည်။

အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့်လူက ကောင်းကင်ဆီသို့ ကျယ်လောင်စွာဟောက်ကာ သူ့ခမောက်ကို ဆွဲချွတ်ကာ လေထဲတွင် ကခုန်နေသော အနက်ရောင်ဆံပင်ရှည်များကို ပေါ်လွင်စေသည်။သူက နတ်ဆိုးရာဂဂိုဏ်း၏ပီစု နှင့် မယုံနိုင်လောက်အောင်ပင် ဆင်တူသည်။ သို့သော်၊ သူ့မျက်နှာပေါ်ရှိ တင်းမာသော အရေးကြောင်းများက စုမင် သူ့အမှတ်တရများရှိ ပီစုနှင့်ဆင်တူသော မျက်နှာရှိလေသည်။

သူသည် အစောပိုင်းက ချမ့်ချန် ပြောခဲ့သည့် နတ်ဆိုးအင်မော်တယ်ဂိုဏ်းက ပီစုပင်ဖြစ်သည်။

စုမင်ကို နာကျင်စေသည့်အရာမှာ အနက်ရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသောကျင့်ကြံသူများကြားတွင် ပီစု၏ ဘယ်ဘက်ဘေးတွင် ရပ်နေသော အဖိုးအိုတစ်ဦးကို တွေ့လိုက်ရခြင်းဖြစ်သည်။ စုမင်က ထိုအဖိုးကြီး၏မျက်နှာကို မေ့ထားနိုင်လိမ့်မည်မဟုတ်ပေ... သူက နန်စုန့်

ဖြစ်သည်။

ပီစု၏ညာဘက်မှာ အဘွားကြီးတစ်ယောက်လည်း ရှိသည်။ သူမက ပိုင်လင်း၏အဖွားဖြစ်ပြီး နဂါးနက်မျိုးနွယ်စု၏အကြီးအကဲ လဲ့စုပင်ဖြစ်သည်။

‘အစစ်လား အတုလား အရေးမကြီးဘူး...’

စုမင်က သူ့မျက်လုံးများကိုမှိတ်ပြီး အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။ သူ့မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါတွင် သူ့စိတ်ထဲရှိ ခံစားချက်များကို ဖြေဖျောက်လိုက်သည်။ ထိုအချိန်တွင် စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်လာသော အသံတစ်ခုက အင်မော်တယ်ဂိုဏ်းများဘက်မှ ထွက်ပေါ်လာသည်။

“ကောင်းကင်မြူခိုးရဲ့ တိုက်ပွဲဝင်စစ်သည်တွေ ချီတက်ကြ...”

ထိုအသံက စစ်မြေပြင်တစ်ခုလုံးကို ဖြတ်သန်းသွားသည့်အခိုက်တွင် ကောင်းကင်တာအိုမြူခိုးဂိုဏ်းမှ ကြယ်ကိုးပွင့် ပျံသန်းလာသည်။ ထိတ်လန့်တုန်လှုပ်စရာ ကောင်းသော အရှိန်အဟုန်ဖြင့် သူတို့က စစ်မြေပြင်သို့ ချီတက်ကြပြီး လျင်မြန်လွန်းသဖြင့် မျက်စိတစ်မှိတ်အတွင်း စစ်မြေပြင်သို့နီးကပ်လာကြသည်။ ကျယ်လောင်သော အသံများ လေထဲသို့ လွင့်ပျံသွားပြီး ကြယ်ကိုးပွင့် ပျောက်ကွယ်သွားသည်...

ယင်းအစား စစ်မြေပြင်တွင် ပုံရိပ်တစ်ရာနီးပါး ပေါ်လာသည်။

ထိုအရိပ်များအနက် ကိုးဆယ့်ကိုးခုစလုံးက ရှာမန် များပိုင်သည့် တန်ခိုးကြီးသော တည်ရှိမှုကို ဖော်ထုတ်ပေးခဲ့သည်။ ထို့နောက် သူတို့ထဲက တစ်ယောက်က…စုမင်၏မျက်နှာကိုမြင်မြင်ချင်း ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။

ထိုလူကက... သူ၏အကြီးဆုံးအစ်ကိုကြီးအောက်တွင် အမှုထမ်းခဲ့ပြီး ယခင်ကစိတ်တဆ္ဆေကပ်ဆိုးမျိုးနွယ်စု တွင် စုမင် နှင့်အတူ တိုက်ပွဲဝင်ခဲ့သော ထိပ်ပြောင်လူကြီးဖြစ်သည်။

Note...

နန်စုန့်- စုမင်က နက်မှောင်တောင်မျိုးနွယ်စုရှိ ဆေးဖက်ဝင်အပင်များ သိုလှောင်ရုံသို့ သွားသည့်အချိန်တွင် စုမင်ကို စနောက်သော အဘိုးအိုပင်ဖြစ်သည်။ နောက်ပိုင်းတွင် မျိုးနွယ်စု၏ ရွှေ့ပြောင်းနေထိုင်မှုအတွင်း ကူညီခဲ့ပြီး နောက်ဆုံးတိုက်ပွဲအတွင်း သေဆုံးသွားခဲ့သည်။

All Chapters