အခန်း (၆၅၁)
Vol. 47 Ch. 651
ဒါက တိုက်ဆိုင်မှုတစ်ခုလား...
“အဲဒါ သူပဲ...”
စုမင်က ခဏမျှ မင်သက်သွားပြီးနောက်သူ့ အသက်ရှူသံ မြန်လာသည်။ စုမင်က တောက်ပနေသော အရိပ်များကို စိုက်ကြည့်နေလေသည်။ ထိုအရိပ်များမှာ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်လွင့်ထွက်သွားသကဲ့သို့ ၎င်းတို့၏မျက်လုံးများက သတိလက်လွတ်ဖြစ်နေလေသည်။ ထိုအချိန်တွင် ၎င်းတို့က လမ်းလျှောက်နေသည့် အလောင်း ကောင်းသာသာ ဖြစ်သည်။
သို့သော် ရှာမန်ဧ။်တည်ရှိမှုက
စုမင်အပေါ်အားလျော့မသွားဘဲ ပို၍အားကောင်းလာသည်။ ထိုပုရိပ်များက ရိုးရေစတေးနယ်ပယ်သို့ ရောက်ရှိသွားပုံရသည်။ သို့သော် စုမင်နှင့်ယှဥ်ကွဲပြားမှုတစ်ခုရှိသောကြောင့် ချက်ချင်းကြည့်မိသွားသည်။
ထိုအရိပ်များက ဆင်တူပုံစံရှိ လေသည်။ ၎င်းတို့က ရှာမန်တို့၏တည်ရှိမှုများနှင့် ပြည့်နှက်နေပြီး စစ်မြေပြင်ရှိသူများ၏ အာရုံစူးစိုက်မှု အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ကျောက်တုံးကြီးက ရေကန်ထဲသို့ ပစ်ချခံရပြီးနောက် ၎င်းနှင့်အတူ လှိုင်းဂယက်များကို ယူဆောင်လာလေသည်။
‘ဒါတွေအားလုံးက စီနီယာအစ်ကိုကြီးရဲ့ ရှာမန်ဝိညာဥ်သုံးရာပဲ… ကြည့်ရတာ သူတို့စိတ်တွေကို ထိန်းချုပ်ခံနေရတာပဲ… ဒါဆိုရင် ငါ့ စီနီယာအစ်ကိုကြီးရော..…’
စုမင်က ကောင်းကင်တာအိုဂိုဏ်းသို့ တိတ်တဆိတ် ဦးတည်သွား လေသည် ။ သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင် တောက်ပနေ လေသည်။
ထိုအရာက စုမင်အတွက် အရေးကြီးသည့် သဲလွန်စတစ်ခုဖြစ်ပြီး သူ့စီနီယာ အစ်ကိုကို ရှာတွေ့ရန် ကူညီပေးမည့် သဲလွန်စတစ်ခုပင်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရှာမန်ကိုးဆယ့်ကိုးယောက်ဧ။်တည်ရှိမှုက အဝေးသို့ အရှိန်တင်လာကြသည်။ ၎င်းတို့က ရှေ့သို့ ရွေ့သွားသော်လည်း ကွဲကွဲပြားပြား မမြင်နိုင်သောပုံရိပ်ယောင်များဖြစ်သည်။ ၎င်းတို့က မည်သည့်ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားပုံမပေါ်ပေ။ ထိုအရာက ရိုးရေးစတေးနယ်ပယ်မျှရှိသောရှာမန်ပုံရိပ်များအားလုံးကို . မသေနိုင်ပြီးနှင့် မပျက်စီးနိုင်သောပုံစံများကို ပိုင်ဆိုင်စေခဲ့သည်။
ထိုရှာမန်များက နတ်ဆိုးဂိုဏ်းမှ လူများကို တိုက်ခိုက်နေသည်ကို စုမင် မြင်လိုက်ရသည်။ ၎င်းတို့က မြင့်မြတ်စွမ်းရည်များအောက်တွင် ကွဲအက်ပျက်စီးသွားသည့်တိုင် ၎င်းတို့၏ ပြိုကျပျက်စီးနေသော ခန္ဓာကိုယ်များက တစ်ခဏအတွင်း ပြန်လည်ပေါင်းစည်းသွားသည်။
ထိုအရာတင် မကပေ။သူတို့ ပြန်ပေါင်းစည်းလိုက်တိုင်း၊ သူတို့၏ ခန္ဓာကိုယ်ထဲက ထွက်လာသည့် စွမ်းအားလှိုင်းများက ပို၍အားကောင်းလာသည်။
ထိုအချိန်မှာပင် နတ်ဆိုးမြူမှုန်ဂိုဏ်းမှ ထိတ်လန့်တုန်လှုပ်ဖွယ် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုစဉ် သဲမုန်တိုင်းတစ်ခု ရုတ်ခြည်းပေါ်လာပြီး နေရာအရပ်ရပ်သို့ ဦးတည်ပျံ့နှံ့သွားလေသည်။ ၎င်းက မြေပြင်ပေါ်ရှိ အနက်ရောင် မြူခိုးများကို မဖယ်ရှားနိုင်သော်လည်း လိပ်နက်ကြီးသုံးကောင်ကို ဖန်တီးရန် ဖုန်မှုန့်များနှင့် မြေကြီးကို စုဆောင်းနိုင်ခဲ့သည်။
ထိုလိပ်နက်ကြီးသုံးကောင်မှာ မြေကြီး၏အရောင်အတိုင်းဖြစ်သည်။ ၎င်းတို့ ပေါ်ထွက်လာသည်နှင့် တပြိုင်နက် အော်ဟစ်သံများ ထွက်လာပြီး ရှေ့ကိုအရှိန်တင်လိုက်သည်။
လိပ်နက်ကြီးသုံးကောင်၏ ခေါင်းပေါ်၌ လူတစ်ယောက်စီရပ်နေလေသည်။ ထိုလူသုံးဦးက အဝါရင့်ရောင် ၀တ်ရုံရှည်များကို ၀တ်ဆင်ထားပြီး ၎င်းတို့၏ ခန္ဓာကိုယ်က လှုပ်ရှားမှုနှင့်အတူ ယိမ်းနွဲ့နေလေသည်။ ထိုအခိုက်အတန့်တွင် လိပ်နက်ကြီးများက မြေပြင်သို့ ခုန်တက်လာပြီး လူသုံးဦးက ချက်ချင်းပင် ညာလက်ဖြင့် တံဆိပ်ဖန်တီးကာ ဘယ်လက်ကို မြှောက်ကာ လေထဲသို့ လွှဲယမ်းလိုက်ကြသည်။
ချိပ်စည်းနှင့်အတူ စက္ကူအဝါရောင် ကိုးရွက်က လေထဲသို့ လွင့်ပျံသွားသည်။ ဤအဝါရောင်စာရွက်များပေါ်တွင် ရေးဆွဲထားသော မှော်သင်္ကေတများ မရှိသော်လည်း ကောင်လေးကိုးယောက်ပုံရိပ်ကို ရေးဆွဲထား လေသည်။
“ဧကရာဇ်မင်း လမ်းရှင်းပေးပါလော့...ကောင်းကင်ဘုံရဲ့အမှားကြောင့် အရာအားလုံးကို ဖျက်ဆီးလော့...ဖုန်မှုန့်တွေဟာ လူကိုးယောက်ကို အလောင်းကောင်တွေအဖြစ် ပြောင်းလဲလော့...”
လူသုံးယောက်၏ ပါးစပ်မှ ထူးဆန်းသော စကားလုံးများ ထွက်လာသောအခါ
အဝါရောင်စက္ကူကိုးရွက်က ချက်ချင်း လောင်ကျွမ်းသွားတော့သည်။ မီးလောင်သောအခါ၌ စူးစူးဝါးဝါး အူသံများ ထွက်ပေါ်လာပြီး ကောင်လေးကိုးယောက်က မီးတောက်များကို ဆုတ်ဖြဲကာ ကမ္ဘာသို့ ထွက်ပေါ်လာကြသည်။
သူတို့ထွက်လာပြီးသည်နှင့် ကောင်းကင်ဆီသို့ ပြင်းပြင်းထန်ထန်အော်ဟစ်ကာ ရှာမန် စစ်သည်တော်များ၏ ဝိညာဉ်များဆီသို့ ဦးတည်သွားကြသည်။
စစ်မြေပြင်တစ်ခုလုံးက ထူးဆန်းသောရတနာများအသုံးပြုသောတိုက်ပွဲတွင် နှစ်မြှုပ်နေခဲ့သည်။ ဂိုဏ်းအားလုံးက အရာအားလုံးကိုဖျက်ဆီးနိုင်သည့် ထူးဆန်းသော ရတနာများ ပိုင်ဆိုင်ထားသည်။ သူတို့ အချင်းချင်း ရန်ဖြစ်ရင်း ထိုပစ္စည်းများကို ထုတ်သုံးလာကြသည်။
စုမင်က လေထဲ၌ရပ်နေပြီး တိတ်ဆိတ်နေသေးသည် ။ အချိန်အများစုတွင် သူ၏အကြည့်များက ရှာမန်စစ်သည်တော်များ၏ဝိညာဉ်များဆီသို့ ဦးတည်သွားလေသည်။ ထိုအချိန်တွင် သူက ၎င်းတို့အား ကယ်တင်ရန် သူ၏ဆန္ဒကို မျိုသိပ်ထားရမည်ဖြစ်သည်။
စုမင်က အသက်ပြင်းပြင်းရှူလိုက်သည်။ ယခုအချိန်မှာ သူ့အတွက် ပိုအရေးကြီး သည့်အရာများ ရှိလေသည်။ထိုအရာက တိထျန်းကို သတ်ပစ်ရန်ဖြစ်သည်။ သူ၏ဖြစ်တည်မှုကို အရမ်းဖော်ထုတ်ပြလိုက်လျှင် ကောင်းကင်ရှိတိထျန်းများ၏
အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပြီး သူ့အသက်ကို ပေးဆပ်ရလိမ့်မည်။
မြေပြင်မှာ သေဆုံးမှု အရေအတွက်က ဆက်ပြီး များပြားလာလေသည်။ ရှာမန်ဝိညာဉ်ကိုးဆယ့်ကိုး ယောက်နှင့် စက္ကူကောင်လေး ကိုးယောက်တို့က စစ်မြေပြင်ရှိ ပြင်းထန်သော တိုက်ပွဲကို ဖန်တီးခဲ့ကြသည်။ လိပ်နက်ကြီးသုံးကောင်သည်လည်း မတူညီသောလမ်းကြောင်းသုံးမျိုးသို့ ကွဲထွက်သွားပြီး
ရှာမန်ဝိညာဉ်များကို လှောင်အိမ်ထဲတွင် ပိတ်လှောင်ထားသကဲ့သို့ လမ်းပိတ်ထားလေသည်။
ထိုနေရာနှင့် မနီးမဝေးတွင် ကျန်ရှိသော ရင်နဂါး ကိုးကောင်က လေထုထဲတွင် ကျယ်လောင်သော အသံများနှင့်အတူ အင်မော်တယ်ဘီလူး သုံး ကောင်ကို တိုက်ခိုက်နေ လေသည်။
စုမင် အနီးတဝိုက်ရှိ အခြားနေရာများအားလုံးရှိ နတ်ဆိုးဂိုဏ်းနှင့် အင်မော်တယ်ဂိုဏ်းမှလူများက အရူးအမူးတိုက်ခိုက်နေကြလေသည်။ သူတို့ ခြေထောက်အောက်ရှိ မြေပြင်မှာ သွေးများနှင့် ဖုံးလွှမ်းနေပြီး ခြေလက်အပိုင်းအစများ၊ တစ်စစီဖြစ် နေသောအလောင်းများကို နေရာအနှံ့မှာ တွေ့နေရသည်။
မူလက တိုက်ပွဲမှာ ဤမျှအထိ လျင်မြန်စွာ အရှိန်မမြှင့်နိုင်ပေ။ ခေါင်းဆောင်များဧ။်အစီအစဉ်အရ အသေအပျောက်များမှုကို ထိန်းထားနိုင်သေးသည်။ နောက်ဆုံးတော့ ထိုတိုက်ပွဲ၏ အဓိက အခန်းကဏ္ဍက သူတို့နှင့် မပတ်သက်ပေ။ မြေပြင်ရှိတိုက်ပွဲက ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်ခြင်း သိပ်အများကြီး မရှိပေ။ အဆုံးအဖြတ်ပေးနိုင်သည့်အချက်မှာ ကောင်းကင်ထက်က တိုက်ပွဲပင်ဖြစ်သည်။
သို့သော်လည်း အမည်မသိ အကြောင်းပြချက်အချို့ကြောင့် ဤတိုက်ပွဲက လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်သွားကာ ပေါက်ကွဲအားပြင်းပြင်းဖြင့် အရှိန်မြှင့်လာခဲ့သည်။
လူတိုင်းကို ရှေ့သို့ ဖြည်းဖြည်းချင်း တွန်းပို့နေသည့် မမြင်နိုင်သော လက်တစ်စုံ ရှိနေပုံရပြီး သေဆုံးမှု အရေအတွက် အဆမတန် တိုးလာနေပုံရသည်... ထိုလက်ပိုင်ရှင်က စုမင်ပင်ဖြစ်သည်။
ယခုအချိန်တွင် သူက လေထဲ၌ မတ်တပ်ရပ်နေပြီး မြေပြင်ကို ကြည့်ကာ သူ့ကြောင့် ဖြစ်ပွားခဲ့သော လူသတ်ပွဲအား ကြည့်ရှုနေ လေသည်။ သူ့မျက်လုံးများက ခက်ထန်နေပြီး ဘယ်ဘက်လက်ရှိ အစိမ်းရောင်အလင်းတန်းက ယခင်ကထက် ပိုမိုတောက်ပလာခဲ့သည်။ သူ၏ညာလက်ရှိ ကျိန်စာ၏ တန်ခိုးကလည်း ပို၍အားကောင်းလာသည်။
“များများ သတ်ကြ...အသေအပျောက်များလေ..တိထျန်းကိုသတ်ဖို့ ငါ့ရဲ့အခွင့်အရေးတွေ ပိုများလေလေ”
စုမင်က တိုးတိုးလေးပြောလိုက်သည်။
ထိုအချိန်တွင် တိုက်ပွဲ၏ပြင်းထန်မှုက စစ်တပ်နှစ်ခုစလုံး၏မျှော်လင့်ချက်များကို ကျော်လွန်သွားသောအခါ အချင်းချင်းတိုက်ခိုက်နေသော စွမ်းအားကြီးနယ်ပယ်ရှိ အင်အားကြီးမားသောစစ်သည်များက အမူအရာစတင်ပြောင်းလဲလာ လေသည် ။ နာကျင်စွာအော်သံများက သူတို့၏နားထဲသို့ အဆက်မပြတ်ဝင်ရောက်လာပြီး တစ်ဦးစီတိုင်းက ၎င်းတို့၏ဂိုဏ်းဝင်များဖြစ်နိုင်သည်။
“တိုက်ပွဲက ဒီလိုမဖြစ်သင့်ဘူး..”
ဖုံးကွယ်နဂါးဂိုဏ်းရှိ အကြီးအကဲကျင်းနန်ကိုဆန့်ကျင်တိုက်ခိုက်နေသူမှာနတ်ဆိုးမြူမှုန်ဂိုဏ်း၏ အာဏာပိုင်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သော
ရှစ်ဟိုင်ပင်ဖြစ်သည်။ထိုလူနှစ်ယောက်က စွမ်းအားကြီးနယ်ပယ် မဟာစက်ဝိုင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထိုအချိန်တွင် သူတို့နှစ်ဦး အချင်းချင်း တိုက်ခိုက်နေကြပြီး မြင့်မြတ်သော စွမ်းရည်များကို အပြိုင်အဆိုင်ထုတ်သုံးကြလေသည်။ များပြားသော အပျက်အစီးများနှင့် အော်သံများက လေထဲသို့ အဆက်မပြတ်တိုးဝင်လာခဲ့သည်။ သူတို့ တိုက်ပွဲဝင်ရန် ရွေးချယ်ခဲ့သော နေရာကစစ်မြေပြင်ဗဟိုနှင့် ပိုမိုနီးကပ်ပြီး စစ်မြေပြင်တွင် ထိန်းချုပ်မရသော အပြောင်းအလဲတစ်ခု ဖြစ်ခဲ့ကြောင်း ပထမဆုံး သတိပြုမိခဲ့ကြသည်။
‘တစ်ခုခုမှားနေပြီ...’
ရှစ်ဟိုင်၏ မျက်လုံးများ တောက်ပလာကာ ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖန်တီးလိုက်ပြီး ကျင်းနန်၏ မြင့်မြတ်သောစွမ်းရည်ကို ပြန်လည်တိုက်ခိုက်လိုက်သည်။ ကျယ်လောင်သောအသံများ လေထဲသို့ ပျံ့နှံ့လာပြီး သူ နောက်သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ သူ၏ဘယ်လက်ဖြင့် ချိပ်တံဆိပ်များစွာကို ဖန်တီးခဲ့သည်။ ချက်ချင်းဆိုသလိုပင် သူ့လက်မှာ ကျောက်စိမ်းပြားတစ်ခု ပေါ်လာပြီး နောက်ပြန်ပစ်ချလိုက်သော် ထိုကျောက်စိမ်းပြားက မြူခိုးထဲသို့ တည့်တည့်တိုးဝင်သွားလေသည်။
ကျင်းနန်ကလည်း မျက်မှောင်ကြုတ်လိုက်သော်လည်း သူ့စိတ်ထဲတွင် အနည်းငယ် တွေဝေနေလေသည်။ သူက အေးစက်သောအသံတစ်ခုကို ထုတ်လွှင့်ပြီး ကျောက်စိမ်းပြားတစ်ခုကို လေထဲသို့ ပစ်ချလိုက်သည်။
ရှစ်ဟိုင်၏ နှလုံးသားထဲတွင်လည်း မေးခွန်းများ ပေါ်လာခဲ့သည်။ တိုက်ပွဲတွင် နှစ်ဖက်စလုံး ထိန်းချုပ်မှု ဆုံးရှုံးသွားရခြင်း အကြောင်းရင်းနှင့် အင်မော်တယ် ဂိုဏ်းများက နတ်ဆိုးဂိုဏ်းကို အမှန်တကယ် ဖျက်ဆီးလိုခြင်း ရှိမရှိကို သူ မပြောနိုင်ပေ။
သူတို့နှစ်ယောက်က အနည်းငယ်တွေဝေနေသော်လည်း တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်တာ မရပ်သေးပေ။ နောက်ဆုံးတွင် သူတို့၏ စွမ်းအားက ကြီးမားလွန်းသော်လည်း စစ်မြေပြင်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်သွားသည်ဟု ခံစားမိသော်လည်း အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ မစစ်ဆေးနိုင်ခဲ့ပေ။ သူတို့၏ တည်ရှိမှုများက ပို၍ ပရမ်းပတာဖြစ်စေ လေသည်။ ထို့ကြောင့် ထိုကျောက်စိမ်းပြားများကို လွှင့်ပစ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
တဟုန်ထိုးအော်သံများကြားတွင် သူတို့၏ကျောက်စိမ်းတုံးများက တူညီသော ဦးတည်ရာသို့သွားကြသည်။ ထိုနေရာ၌ စွမ်းအာကြီးနယ်ပယ်ကနဦးအဆင့်ကျင့်ကြံသူ နှစ်ယောက် အချင်းချင်း တိုက်ခိုက် နေလေသည်။တစ်ယောက်မှာ နတ်ဆိုးမြူမှုန်ဂိုဏ်းက ဖြစ်ပြီး နောက်တစ်ယောက်မှာ ဖုံးကွယ်နဂါးဂိုဏ်းမှဖြစ်သည်။
ကျောက်စိမ်းပြားနှစ်ခုက သူတို့ဆီသို့ ပျံသန်းလာသောအခါတွင် လူနှစ်ဦးက တိုက်ခိုက်နေကြစဉ် နောက်ပြန်ဆုတ်သွားကြသည်။ ထိုကျောက်စိမ်းပြားများကို ဖမ်းယူလိုက်ပြီး ၎င်းတို့၏ မြင့်မြတ်သောနတ်ဘုရားအာရုံများနှင့်အတူ အကြောင်းအရာများကို ဖတ်ရှုပြီး သူတို့၏ အမူအရာများ ချက်ချင်း ပြောင်းလဲသွားသည်။ ထိုလူနှစ်ယောက်က သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စကားတစ်လုံးမှ မပြောဘဲ တိုက်ခိုက်တာကို ရပ်လိုက်သည်။ထို့တာက် မတူညီသော ဦးတည်ရာနှစ်ခုကို အမြန်ထွက်ခွာသွားကြသည်။
စုမင်က ထိုမြင်ကွင်းကို ကောင်းကင်ကနေ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူ့မျက်လုံးများထဲတွင် အေးစက်နေသော အလင်းတန်းတစ်ခု တောက်ပလာကာ မြူခိုးများကြားမှ အမှောင်ရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
သူ၏ပစ်မှတ်မှာ စွမ်းအားကြီးနယ်ပယ်ကနဦးအဆင့်ရှိဖုံးကွယ်နဂါးဂိုဏ်းသားပင်ဖြစ်သည်။ ထိုလူက မယုံနိုင်လောက်အောင် လျင်မြန်ပြီး အင်မော်တယ်ဂိုဏ်းများ၏ အခြေစိုက်စခန်းဆီသို့ ပြေးသွားလေသည်။ သူက စစ်မြေပြင်အတွင်း အမှားအယွင်းများကို စစ်ဆေးရန် ကျင်နန်၏ အမိန့်ကို လက်ခံရရှိခဲ့သည်။
ထိုအချိန်တွင် သူ့မျက်ခုံးများ လှုပ်လာပြီး ရုတ်တရတ် ရပ်တန့်သွားလေသညခ။ သူ့မျက်စိရှေ့တွင် စုမင် မြူခိုးများထဲမှ ထွက်လာပြီး သူ့အပေါ်၌ ဖုံးလွှမ်းနေသော အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မြူခိုးများကြားတွင် ကျယ်လောင်သောအသံများ ချက်ချင်းထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်စလုံးက အစွမ်းထက်သော်လည်း အသက် ဆယ်ရှိုက်စာကြာပြီး နောက် စုမင် မြူခိုးထဲမှ ထွက်လာလေသည်။ သူ့လက်ထဲတွင် ဦးခေါင်းတစ်လုံးကို ကိုင်ထားပြီး သူ့နောက်ဘက်ရှိ ထိုလေ့ကျင့်သူ၏ဦးခေါင်းမရှိသောအလောင်းက ဖြည်းညှင်းစွာလဲကျသွားသည်။ စုမင်က ထိုသူ၏ဦးခေါင်းကို ကိုင်လျက် လေထုထဲသို့ ပျံသန်းသွားလေသည်။
စုမင်၏ အမူအရာမှာ အေးစက်ပြီး မ လေးနက်နေ၏။ သူ ဦးခေါင်းကို ကိုင်ထားရင်း မြူခိုးထဲသို့ ရွေ့လျားသွားသည်။ ဤတစ်ကြိမ်တွင် သူ၏ပစ်မှတ်မှာ နတ်ဆိုးဂိုဏ်းမှ စွမ်းအားကြီးနယ်ပယ်ကျင့်ကြံသူဖြစ်သည်၊၊ သို့သော် ထိုမတိုင်မီက စုမင်တွင် သူ့ကိုယ်ပိုင်အစီအစဉ်ရှိခဲ့သည်။ သူ တစ်ချက်လှုပ်ရုံနှင့် မြူခိုးများထဲသို့ ပျောက်ကွယ်သွားသည်။
ဖုံးကွယ်နဂါးဂိုဏ်း၏ပါရမီရှင် ချန်ချုံးက ဂိုဏ်းသားတစ်ရာနီးပါးကို ဦးဆောင်ကာ စစ်မြေပြင်ရှိ နတ်ဆိုးဝိညာဉ်ဂိုဏ်းသားများကို တိုက်ခိုက်နေ လေသည်။ သူ့ဘေးပတ်ပတ်လည်တွင် မြူခိုးများကြားမှ ပုံရိပ်တစ်ခု ဖြတ်သွားသည်ကို သူ သတိမထားမိပေ။
ထိုပုံရိပ်က စုမင် ဖြစ်သည်။ သူ၏အရှိန်ဖြင့် စွမ်းအားကြီးနယ်ပယ်အဆင့်ရှိ နတ်ဆိုးမြူမှုန်ဂိုဏ်းရှိကျင့်ကြံသူအား မျက်စိတစ်မှိတ်အတွင်း ရှာဖွေတွေ့ရှိခဲ့သည်။ ထိုသူက ရှေ့ကိုအရှိန်တင်နေစဉ် စုမင်က သူ့ကို အလစ်တိုက်ခိုက်လိုက်သည်။
စုမင် သူ့အနီးနားကပ်လာသောအခါ ထိုလူက လျင်မြန်စွာလှည့်၍ သူ့လက် ချောင်းနှစ်ယောက်ကို ဓားပုံစံဖြစ်အောင် ဖန်တီးပြီး သူ့နောက်ရှိ မြူခိုးများဆီသို့ အားပါပါဖြင့် ခုတ်လှဲလိုက်လေသည်။
ထိုနေရာမှ ခပ်အုပ်အုပ် ညည်းတွားသံတစ်ခုနှင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသူက မြူခိုးထဲသို့ ပိုမိုနက်ရှိုင်းစွာ မပြေးခင် ရှေ့သို့ ခြေလှမ်းအနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။ ထို့ နောက် ထိုကျင့်ကြံသူ၏ မျက်လုံးများ တောက်ပလာပြီး မြူခိုးထဲရှိလူကိုလိုက်ဖမ်းခဲ့သည်။
ထိုသူက စုမင်နောက်ကို ခပ်ဝေးဝေး လိုက်ပြီးနောက် စုမင်၏ပုံရိပ်က ချက်ချင်းပျောက်ကွက်သွားသည်ကို သတိပြုမိလေသည်။ တစ်ချိန်တည်းမှာပင် လေပြင်းများနှင့်အတူ စွမ်းရည်တစ်ခုက သူ့ဆီသို့ တိုးဝင်လာသည်။
ထိုကျင့်ကြံသူက အေးစက်စွာ ပြုံးလိုက်သည်။သူ၏ညာလက်ကို မြှောက်လိုက်ပြီး သူ့လက်ဖဝါးကို ဓါးပုံသဏ္ဍာန်ဖြစ်အောင် ဒေါင်လိုက်ချထားကာ ထိုလေပြင်းဆီသို့ လျင်မြန်စွာ ခုတ်ပိုင်းလိုက်သည်။
မြူခိုးများမှ နာကျင်အော်ဟစ်သံများ ထွက်ပေါ်လာပြီး စုမင်၏ ခန္ဓာကိုယ်က သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားလေသည်။ သို့သော် ထိုကျင့်ကြံသူမှ လှမ်းကြည့်သောအခါ ဦးခေါင်းမရှိသော အလောင်းတစ်လောင်းနှင့် ဦးခေါင်းကို တွေ့လိုက်ရသည်။
ထိုဦးခေါင်း၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်သောအခါတွင် သူ၏အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။ ယခု သူတိုက်ခိုက်သောတိုက်ကွက်က ထိုကဲ့သို့အကျိုးသက်ရောက်မှုမျိုး မရှိကြောင်း သူကောင်းကောင်းသိလေသည်။နယ်ပယ်တူ အဆင့်တူ ကျင့်ကြံသူတစ်ဦးကို ချက်ခြင်း သတ်ပစ်ရန် နည်းလမ်းမရှိပေ။
တစ်စုံတစ်ယောက်က သူ့ကို ထိုပုံစံမျိူးဖြစ်စေရန် အကွက်ချပြီး ကြိုးကိုင်ခဲ့သည်မှာ သေချာလေသည်။ သူ့နှလုံးသား၏ နက်နဲရာကနေ အေးစက်မှုတစ်ခု မြင့်တက်လာပြီး တစ်ချိန်တည်းမှာပင် သူါအကြည့်က သေဆုံးသွားသောဖုံးကွယ်နဂါးဂိုဏ်းရှိကျင့်ကြံသူ၏ခန္ဓာကိုယ်ပေါ်ရှိ သိုလှောင်အိတ်ပေါ်ကျရောက်သွားလေသည်။
ထိုအချိန်တွင် ချန်ချုံးက ဖုံးကွယ်နဂါး ဂိုဏ်းရှိတပည့်များကို ခေါ်ဆောင်လာပြီး နတ်ဆိုးမြူမှုန်ဂိုဏ်းကျင့်ကြံသူ၏ရှေ့ မြူခိုးထုမှ ပေါ်ထွက်လာခဲ့သည်။
ထို့နောက် အရာအားလုံးက အချိန်ကိုက်တိုက်ဆိုင်မှုမျှဖြစ်နေပြီး ချန်ချုံးက ရှစ်ဟိုင်ပြီးလျှင် ဒုတိယအကြီးဆုံးဖြစ်သောအကြီးအကဲ၏အလောင်းကိုတွေ့လိုက်ရသည်။ နတ်ဆိုးမြူမှုန်ဂိုဏ်းကျင့်ကြံသူက ထိုအလောင်းဘေးတွင်ရပ်နေကာ သိုလှောင်အိတ်ကို လိုချင်ရမ္မက်ပြင်းပြနေသည့်မျက်လုံးများဖြင့် ကြည့်နေလေသည်။