← Chapters

အခန်း (၆၅၂)

Vol. 47 Ch. 652

အခန်း (၆၅၂)

Vol. 47 Ch. 652

အမုန်းတရားမျိုးစေ့များ စိုက်ပျိုးခြင်း

ချန်ချုံး၏မျက်ခုံးများ တုန်လှုပ်သွားကာ မယုံကြည်နိုင်ဖြစ်သွားလေသည်။ သူတုံ့ဆိုင်းမနေဘဲ အမြန်ပြန်ဆုတ်ခွာလိုက် လေသည်။ သူ့နောက်ကွယ်မှ နဂါးဂိုဏ်း၏ တပည့်များ၏ မျက်လုံးများက အမုန်းမီးများဖြင့် နီရဲလာလေသည်။သို့သော်လည်း သူတို့ နှလုံးသားထဲတွင် ပြင်းထန်သော ရူးသွပ်မှုကို တွန်းလှန်ပြီး ထိုနေရာမှ ထွက်ခွာရန် ကြံရွယ်လိုက်ကြသည်။

သူတို့နောက်သို့လိုက်လာသူက စွမ်းအားကြီးနယ်ပယ်ရှိကျင့်ကြံသူဖြစ်သောကြောင့်ဖြစ်သည်။

တစ်ချိန်တည်းမှာပဲ နတ်ဆိုးဂိုဏ်းရှိကျင့်ကြံသူက ချန်ချုံးဦးဆောင်ပြီးဆုတ်ခွာလာသော အုပ်စုကို ရှုံ့မဲ့နေသောမျက်နှာဖြင့် ကြည့်လိုက်သည်။ သူ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။ သူသတ်တာမဟုတ်ကြောင်း ရှင်းပြလိုသော်လည်း စစ်မြေပြင်တွင် မည်သည့်ရှင်းပြချက်မျိုးမှ အသုံးမဝင်ပေ။

ထိုအချိန်တွင် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ နောက်ဆက်တွဲမငြိမ်မသက်မှုများကို ကာကွယ်ရန်ပင်ဖြစ်သည်။

ထိုလူများကို သတ်ပြီး သတင်းမထွက်အောင် ပြုလုပ်ရမည်ဖြစ်သည်။နောင်တစ်ချိန် ထိုကိစ္စကို ပြန်စုံစမ်းလျှင် ရှောင်တိမ်းရန်နည်းလမ်းများစွာ ရှိလေသည်။သူ၏ ခဏတာ တုံ့ဆိုင်းမှုကြောင့် ထိုလူများကို လွတ်မြောက်စေခဲ့လျှင် တခြားသူများ၏ စကားများကို ဂရုစိုက်စရာမလိုသော်လည်း တစ်ဖက်ဂိုဏ်း၏ပါရမီရှင် ချန်ချုံး၏စကားများကိုတော့ ဂရုစိုက်ရမည်။

သူက လူမသတ်ခဲ့သော်လည်း တစ်စုံတစ်ယောက်ဧ။်‌ချောက်ချခြင်းကိုခံလိုက်ရသည်။ သူအနေဖြင့် ရှင်းပြ၍လည်းမရ၊ ဘာမှမတက်နိုင်ပေ။

သူက စိတ်ပျက်လက်ပျက်ဖြင့် ညာလက်ကို မြှောက်ကာ လေထုကို ဆုပ်ကိုင်လိုက်သည်။ အလောင်းထံမှ သိမ်းဆည်းထားသော သို‌လှောင်အိတ်က သူ့ဆီသို့ လွင့်ပျံလာသည်။ သူ့လက်ဖြင့်ဖမ်းလိုက်ပြီးနောက် ချန်ချုံးနှင့် တခြားသူများကို လိုက်ရှာတော့သည်။

သို့သော် သူက ချန်ချူံး နှင့် ရှေ့တန်းမှ အခြားသူများကို အနည်းသာ အာရုံစူးစိုက်ခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ မြူခိုးများဆီသို့ အဓိက အာရုံစိုက်ခဲ့သည်။

သူ့ကို မမြင်နိုင်ပေသော်လည်း ထိုလူ(စုမင်)က သေချာပေါက် ချောင်းမြောင်းနေကြောင်းကို သိလေသည်။

ယခုမူ ချန်ချုံးနှင့်သူ့အဖွဲ့ကို လိုက်ဖမ်းခြင်းမှတပါး ဤပြဿနာအတွက် အခြားဖြေရှင်းနည်းများစွာ မရှိခဲ့ပေ။သူ ချန်ချုံးကို လွှတ်ပေးလိုက်သည်နှင့် သူ မည်သို့ရှင်းပြပါစေ ...ထိုအရာက အသုံးမဝင်တော့ပေ။

ထို့အပြင် ယခုတိုက်ခိုက်မှုက စစ်ပွဲတွင် ဖြစ်သည်။ သူတစ်ယောက်ကိုသတ်လိုက်လျှင်..

ချန်ချုံး၏ အမူအရာမှာ မယုံနိုင်လောက်အောင် မျက်နှာပျက်နေလေသည်။ ထိုမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသေယ်လည်း သူ့နှလုံးသားထဲမှာ သံသယစိတ်များ ရှိနေလေသည်။ သူ့မှာ စဉ်းစားတွေးခေါ်နိုင်သော ဉာဏ်ပညာရှိပြီး ထိုကိစ္စကို သေသေချာချာ တွေးကြည့်လျှင် တစ်ခုခုမှားနေကြောင်းတွေ့ရလိမ့်မည်။ သို့သော်အရာအားလုံးက မြန်ဆန်လွန်းပြီး သူ့တွင် အချိန်အနည်းငယ်သာ ရှိသည်။

နောက်ဆုံးတွင် စစ်ပွဲမစတင်ခင်က နတ်ဆိုးဂိုဏ်းနှင့်အင်မော်တယ်ဂိုဏ်းများမှာ တိတ်တဆိတ်သဘောတူညီမှုတစ်ခုပြုလုပ်ခဲ့ကြသည်။ ဤတိုက်ပွဲတွင် စွမ်းအားကြီးနယ်ပယ် ရှိ အစွမ်းထက်သောစစ်သည်များအချင်းချင်း

သေဆုံးအောင် မတိုက်ခိုက်ရန် ဖြစ်သည်။

ပါရမီရှင်များအတွက်ပင်လျှင် အနည်းငယ်မျှသာ အန္တရာယ်ရှိနိုင်ပြီး သေဆုံးခြင်းအထိပင် ကြုံတွေ့ရနိုင်သော်လည်း ထိုသို့ဖြစ်နိုင်ခြေမှာ နည်းပါးလှသည်။

ဤစစ်ပွဲတွင် သေဆုံးမှုများ ဖြစ်ပေါ်လာနိုင်သော်လည်း ၎င်းတို့ကို ထိန်းချုပ်ရန် လိုအပ်သည်။

ပြောရလျှင် နတ်ဆိုးဂိုဏ်းဖြစ်ဖြစ် အင်မော်တယ်ဂိုဏ်းဖြစ်ဖြစ် အားလုံးက အင်မော်တယ်များပင်ဖြစ်သည်။ ပထမ မာန်နတ်ဘုရား၏လူမျိုးတုံးသတ်ဖြတ်မှုအကြံအစည်ကို ရိပ်စားမိခဲ့သည်။ ထို့ကြောင့် မိမိတို့မျိုးနွယ်စု အချင်းချင်း သေဆုံးမှုကို ထိန်းချုပ်ရန် သဘောတူညီမှု ရရှိခဲ့သည်။

သို့သော်လည်း ထိန်းချုပ်ထားသော အခြေအနေအောက်တွင် မတော်တဆမှုတစ်ခု ဖြစ်ပွားသွားပုံရသည်...ထိုအရာက စွမ်းအားကြီးနယ်ပယ်ရှိကျင့်ကြံသူ သေဆုံးမှုပင်ဖြစ်သည်။ ထိုဖြစ်စဉ်က ချန်ချုံးဧ။်နှလုံးသားကို ထိတ်လန့်တုန်လှုပ်သွားစေပြီး မသေချာမရေရာမှုများဖြင့် ပြည့်နှက်စေခဲ့သည်။

သို့သော် နတ်ဆိုးမြူမှုန်ဂိုဏ်းမှ ကျင့်ကြံသူက သူ့နောက်သို့ လိုက်လာသောအခါ ချန်ချုံး ၏ နှလုံးသားထဲ၌ အန္တရာယ် အ ငွေ့အသက်များ တိုးပွားလာပြီး ထိုမရေရာမှုများအားလုံး ပျောက်ကွယ်သွားခဲ့သည်။ သူက အခြားသူ၏ သတ်ဖြတ်လိုစိတ်ကို ကောင်းစွာ ခံစားသိရှိနိုင်ခဲ့သည်။ ထို့အတွက်ကြောင့် သူ၏ မသေချာမရေရာမှုများနှင့် မေးခွန်းများ အားလုံးက မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားကာ “ထွက်ပြေး” ဟူ‌သောအတွေးများဖြင့် လျင်မြန်စွာ အစားထိုးသွားခဲ့သည်။

‘နတ်ဆိုးဂိုဏ်းက ဒီမှာရှိတဲ့အင်မော်တယ်ဂိုဏ်းအားလုံးကို ဖျက်ဆီးချင်နေတာလား...”

ချန်ချုံး၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ့နောက်ကွယ်မှ နာကျင်စွာ အော်ဟစ်သံများစွာ ထွက်ပေါ်လာပြီး ၎င်းတို့အားလုံးက ဖုံးကွယ်ဂိုဏ်းဝင်များဖြစ်သည်။ သူ့ခေါင်းကို လှည့်ကြည့်လိုက်သော် နတ်ဆိုးမြူမှုန်ကျင့်ကြံသူက သူ့ဂိုဏ်းသားများကိုသတ်ဖြတ်နေကြောင်း တွေ့လိုက်ရသည်။

အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။နတ်ဆိုးမြူမှုန်ဂိုဏ်းမှ လူ၏ မျက်နှာက မယုံနိုင်လောက်အောင် မည်းနက်သွားကာ သူ့စိတ်ကမငြိမ်မသက် ဖြစ် နေလေသည်။ဤသည်မှာ မည်သူတစ်ဦးတစ်ယောက်၏စွမ်းရည်ကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ သူ၏စိတ်နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုများ တိုးများလာခြင်းကြောင့် ဖြစ်သည်။

သူ ချန်ချုံးကို လိုက်မမီခဲ့ပေ။

သူ့မှာ လုံလောက်‌သော စွမ်းအားမရှိ၍ မဟုတ်ပေ။ တစ်စုံတစ်ယောက်က သူ့လုပ်ရပ်များကို အနှောင့်အယှက်ပေးတာကြောင့်လည်း မဟုတ်ပေ။ ယင်းအစား ချန်ချုံးက သွေးလွတ်မြောက်ခြင်းကျင့်စဥ်ကို အသက်သွင်းခဲ့ပြီး အဆုံးမဲ့ ထူးဆန်းသော ရတနာများစွာကိုပင် ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ၏အမြန်နှုန်းကို အထွဋ်ထိပ်ထိ အလွန်ရောက်ရှိစေရုံသာမက သုံးကြိမ်တိုင်တိုင် ရိုက်ခံပြီးနောက် မသေနိုင်ခဲ့ပေ။

‘ ဖုံးကွယ်နဂါးဂိုဏ်းက ဒီကောင်လေးကို သုံးဖို့ ဘယ်လောက်တောင် ရတနာတွေ ထုတ်ပေးခဲ့တာလဲ...”

နတ်ဆိုးမြူမှုန်ဂိုဏ်းမှကျင့်ကြံသူက ဒေါသတကြီး အံကြိတ်ကာ နောက်တစ်ကြိမ် လိုက်ရှာပြန်သည်။

‘ဘာလို့ဒီလိုဖြစ်သွားတာလဲ...”

သူက ချန်ချုံးကို ဆက်လက်လိုက်ရှာနေခဲ့ရသည်။ အထူးသဖြင့် ဤတိုက်ပွဲ၏ သဘောတူညီချက်ကို ကောင်းစွာသိသောကြောင့် သူက ချန်ချုံးကို အလွတ်မပေးတော့ပေ။

သူတို့နှစ်ယောက်က ကြောင်နှင့်ကြွက်ကဲ့သို့ လိုက်ဖမ်းနေစဉ် စုမင်က မြူခိုးထဲတွင် ပုန်းနေပြီး သူတို့၏ အမူအရာများကို စောင့်ကြည့် နေလေသည်။ သူ့အကြည့်အများစုက ချန်ချုံး ထံရောက်သွားလေသည်။ စုမင်တွင်နတ်ဆိုးမြူမှုန်ကျင့်ကြံသူနှင့်တူညီသော ခံစားချက်များရှိနေပြီး ချန်ချုံး၏ရတနာများကြောင့် သူမည်မျှ လျင်မြန်စွာ ရွေ့လျားနိုင်သည်ကို တွေ့လိုက်ရသည်။

သူက ချန်ချုံးကို လျှို့ဝှက်ကူညီရန် မူလက ဆုံးဖြတ်ထားသော်လည်း ယခုအခြေအနေအရ သူဘာမှလုပ်စရာ မလိုတော့ပေ။ လက်ရှိဖြစ်ပျက်နေသည့်အရာအားလုံးက သူ၏အကြံအစည်ကို ပို၍ပင် ပြီးပြည့်စုံစေရန် ခွင့်ပြုလိုက်ခြင်းသာဖြစ်သည်။

ချန်ချုံးက လွန်စွာ သနားစရာကောင်းသော အခြေအနေတွင် ရှိနေသည်။ သူ့ပတ်ဝန်းကျင်ရှိနဂါးဂိုဏ်းမှ တပည့်များအားလုံး တကွဲတပြားစီဖြစ်သွားခြင်း သို့မဟုတ် ထိုကျင့်ကြံသူ၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုအချိန်တွင် သူ့စိတ်ထဲတွင် သံသယများ မရှိတော့ပေ။ သူ့ခေါင်းထဲမှာ အတွေးတစ်ခုပဲရှိတော့သည်။ကွဲကွာသွားသောဂိုဏ်းသားများကို သူတို့ဂိုဏ်းဆီသို့ သတင်းပို့ အကြောင်းကြားနိုင်စေရန် သူ့နောက်ကလူကို တတ်နိုင်သမျှ အချိန်ဆွဲထားခဲ့သည်။

ဤတိုက်ပွဲတွင် နတ်ဆိုးဂိုဏ်းက အင်မော်တယ် ဂိုဏ်းများကို ဖျက်ဆီးလိုသည် ။

သူ့ပတ်ဝန်းကျင်မှာ နာကျင်စွာအော်သံများ ကျယ်လောင်စွာထွက်ပေါ်နေစဉ် သူ့နှလုံးသားက တုန်လှုပ်သွားပြီး မျက်လုံးမှ သွေးများစီးကျလာလေသည်။ ထိုအော်သံများက သူရင်းနှီးသောဂိုဏ်းသားများမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူတို့အားလုံးက နှုတ်ပိတ်ရန် အသတ်ခံခဲ့ရသည်။

ချန်ချုံးက ဦးတည်ချက်တစ်ခုဆီမှ နာကျင်စွာအော်သံကို ကြားလိုက်တိုင်း ထိုနေရာကို ရှောင်ရန် အလိုလိုရွေးချယ်ခဲ့သည်။ သူက ဦးတည်ရာမျိုးစုံဖြင့် ရှေ့သို့ လျှောက်လှမ်းခဲ့သည်။ သူ ဘာကိုမှ သတိမထားနိုင်တော့ပေ။

စစ်မြေပြင်တွင်ချန်ချုံးက လမ်းပိတ်မိနေသော တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ရောက်တတ်ရာရာကို ထွက်ပြေးနေလေသည်။ သူ့လုပ်ရပ်တိုင်းကို မြူခိုးထဲမှာ ပုန်းနေသော မုဆိုး(စုမင်)က အဆုံးအဖြတ်ပေးလေသည်။

၎င်းက အဆင့်မြင့် အမဲလိုက်ခြင်းဖြစ်ပြီး နက်မှောင်တောင်မှာရှိစဉ်ပင် စုမင်မှာ အမဲလိုက် ကျွမ်းကျင်ခဲ့သည်။

နက်မှောင်တောင်မှာရှိစဉ် သူ ပထမဆုံးသတ်ခဲ့သူမှာ မျိုးနွယ်စုဝင်တစ်ယောက်ပင်ဖြစ်သည်။စုမင်က သူ့လှုပ်ရှားမှုတိုင်းကို ထိန်းချုပ်ထားတာကြောင့် သေဆုံးသွားခဲ့သည်။

“ငါ သေလို့မဖြစ်ဘူး.. ငါ့ဂိုဏ်းကို သတင်းပို့ရအုံးမယ်...”

ချန်ချုံးကက သူ့လျှာကို ထပ်ကိုက်ပြီး ချောင်းဆိုးလိုက်သည် ။ သူ့အရှိန်က တိုးလာပြီး အသားကုန်ပြေးလေသည်။ သူ့နောက်တွင် ကျယ်လောင်သော လှိုင်းလုံးကြီးတစ်ခု လိုက်လာစဉ် အဝါရောင်အလင်းတန်းတစ်ခုက သူ့ဘေးပတ်လည်တွင် ပေါ်လာသည်။ ရွှေနဂါးကိုးကောင်၏မထင်မရှားပုံရိပ်များက သူ့အား ဝိုင်းရံထားသော်လည်း ကျယ်လောင်သောအသံက သူ့ထံရောက်လာသည်နှင့် ၎င်းတို့ထဲမှ သုံးကောင် ချက်ချင်းသေဆုံးသွားကြသည်။

သို့သော်လည်း ချန်ချုံးက ရူးသွပ်စွာနှင့် သူ့ဒါဏ်ရာများကို ဂရုမစိုက်ဘဲ သူ့အမြန်နှုန်းကို ထပ်တိုးလိုက်လေသည်။

သူ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ရင်း သူ့ရှေ့က နေရာကို တိုးဝင်လိုက်သည်။ သူ့နောက်ကွယ်ရှိ မြူမှုန်ဂိုဏ်းကျင့်ကြံသူက သဲကြီးမဲကြီးလိုက်ဖမ်းနေလေသည်။ သူတို့နှစ်ဦးက စစ်မြေပြင်အလယ်တည့်တည့်သို့ ပြေးသွားကြသည်။ ထိုနေရာမှာ နဂါးဂိုဏ်းရှိကျင်းနန်နှင့်မြူမှုန်ဂိုဏ်းရှိရှစ်ဟိုင်တို့ တိုက်ခိုက်ရာနေရာပင်ဖြစ်သည်။

ကျယ်လောင်သော ပေါက်ကွဲသံက လေထဲတွင် တဟုန်ထိုး မြည်လာသောအခါ ကျင်းနန်က အေးစက်သောအသံတစ်ခုကို ထုတ်လွှတ်ပြီး ပြန်ဆုတ်သွားခဲ့သည်။ တိုက်ပွဲကြောင့် သူ့ရင်ထဲမှာ စိုးရိမ်စိတ်များတိုးလာသော်လည်း သတ်ဖြတ်လိုစိတ်များ သိပ်မရှိသေးပေ။ ထိုစဉ် ‌ပေါက်ကွဲသံကြီးတစ်ခုက လေထုထဲသို့ ပျံ့လွင့်လာသောအခါ သူတို့နှစ်ဦးစလုံးနောက်ပြန်ဆုတ်သွားခဲ့သည်။ရှစ်ဟိုင်၏အကြည့်က ရှေ့သို့ရောက်သွားလေသည်။ ဂိုဏ်း၏ပါရမီရှင်ဖြစ်သောချန်ချုံးက ဒါဏ်ရာများစွာနှင့် သူ့ထံသို့ပြေးလာသည်ကို တွေ့လိုက်ရသည်။

“ဂိုဏ်းချုပ်ကြီး... အကြီးအကဲ ကွယ်လွန်သွားပြီ...နတ်ဆိုးမြူမှုန်ဂိုဏ်းကလူ သတ်လိုက်တာကို ကျုပ်မြင်လိုက်တယ်... ... သူ ကျုပ်ကို ဒီလမ်းတစ်လျှောက်လုံး လိုက်ဖမ်းပြီး လမ်းမှာ ကျုပ်ရဲ့ ဂိုဏ်းသားအားလုံးကို သူသတ်ပစ်ခဲ့တာ....”

ချန်ချုံးက ကျင်းနန်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်များ တုန်လှုပ်ချောက်ချားသွားကာ အော်ဟစ် ပြောဆိုလိုက်သည်။ သူပြောပြီးနောက် သွေးချောင်းဆိုးပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

ကျင်းနန်က ထိုသတင်းကြောင့် ခဏတာ အံ့အားသင့်သွားပြီး ရှစ်ဟိုင်လည်း မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုအချိန်တွင် နတ်ဆိုးမြူမှုန်ဂိုဏ်းမှကျင့်ကြံသူ ထို နေရာ၌ လျှပ်တစ်ပြက်အတွင်း ပေါ်လာသည်။သူ ရှစ်ဟိုင်နှင့်ကျင်းနန်ကို တွေ့လိုက်သောအခါ သူ့မျက်နှာက ချက်ချင်းဖျော့တော့သွားသည် ။

“ဒါက…”

သူက ရှစ်ဟိုင်ဘက်သို့ အလိုလိုလှည့်လာပြီး ရှင်းပြလိုသော်လည်း ချက်ချင်းပင် ကျင်းနန်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ် ပေါ်လာသည်။ တစ်ချက်လှုပ်ရုံဖြင့် သူက ထိုကျင့်ကြံသူဆီသို့ အရှိန်တင်တင်လိုက်သည်။

ရှစ်ဟိုင်၏အမူအရာက မိုးတိမ်တောင်များကဲ့သို့ မည်းမှောင်နေလေသည်။ ထိုဖြစ်စဥ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာမှားယွင်းနေကြောင်း ပြောနိုင်သော်လည်း သူလည်း မသေချာပေ။ထိုသတင်းစကားတွေကို ပြောခဲ့သူက ပါရမီရှင်ချန်ချုံးပင်ဖြစ်သည်။ သူ့ဒဏ်ရာအခြေအေနနှင့် အမောတကောပြေးလာသည်ကိုကြည့်ခြင်းအားဖြင့် မယုံနိုင်စရာ မရှိပေ။

ရှစ်ဟိုင်ကလည်း သူ့ဂို‌ဏ်းကလူ ကျင်းနန်နှင့်ထိပ်တိုက်တွေ့မှာကို မလိုလားပေ။ ထို့ကြောင့်သူ တစ်ချက်လှုပ်ရုံဖြင့် ကျင်းနန်၏လမ်းကို ချက်ချင်းပိတ်ဆို့လိုက်ပြီး ပထမအကြိမ်တွင် သူတို့နှစ်ဦးက စွမ်းအားအပြည့်ဖြင့် ထိတိုက်မိသွားကြသည်။

ကျယ်လောင်သော အသံများ ကောင်းကင်သို့ ပျံ့လွင့်လာသည်နှင့်အမျှ ကျင်းနန်၏ဒေါသထွက်နေသောအသံက စစ်မြေပြင်တစ်ခုလုံး ချက်ချင်းပဲ့တင်ထပ်သွားသည်။

“ရှစ်ဟိုင်.. မင်းတို့ဂိုဏ်းကလူက ငါ့တ်ို့ဂိုဏ်းအကြီးအကဲကို သတ်လိုက်တယ်...ပြီးတော့ ငါ့ရဲ့ထိပ်တန်းတပည့်ကိုလည်း လိုက်သတ်နေတာ..မင်း မျက်မြင်ကိုယ်တွေ့ပဲ... ဒါကိုတောင် မင်း ငါ့ကိုတားရဲသေးတယ်ပေါ့...”

သူ့အသံက စစ်မြေပြင်တစ်ခုလုံး ပဲ့တင်ထပ်ပြီး လူတိုင်းကြားလိုက်သည်နှင့် တစ်ပြိုင်နက် လုံးဝ တိတ်ဆိတ်သွား လေသည်။

ခဏကြာတော့ ဒေါသတကြီးဟောက်သံတစ်ခုထွက်လာပြီး တိတ်ဆိတ်မှုကို ချက်ချင်းဖြိုခွဲပစ်လိုက်လေသည်။

“မင်း ငါတို့ဂိုဏ်းအကြီးအကဲကို သတ်ရဲတယ်ပေါ့... ငါတို့ ဒါကို လုံးဝခွင့်မလွှတ်ဘူး...”

ထိုအသံက ပျံ့နှံလွယ်သော စွမ်းအားများဖြင့် ပြည့်နှက်နေ လေသည်။ ထိုနောက် ထိုစွမ်းအားက စစ်မြေပြင်တစ်ခုလုံးကို လျင်မြန်စွာ လှုပ်ခတ်သွားစေသည်။

ဝတ်ရုံဖြူအမျိုးသမီးက တုန်လှုပ်သွားပြီး မျက်နှာက သွေးမရှိသကဲ့သို့ ဖြူဖျော့သွားသည် ။ နောက်ဆုံးတွင် သူမက လျှို့ဝှက်ဆန်းကြယ်သောလူ(စုမင်)၏ အစီအစဥ်များကို မြင်နိုင်ခဲ့သည်။ထိုအစီအစဉ်များကို ရပ်တန့်ချင်သော်လည်း သူမတစ်ကိုယ်လုံး ကျောချမ်းပြီး အန္တရာယ်အငွေ့အသက်ကိုခံစားရလေသည်။ စစ်မြေပြင်ရှိ မြူခိုးများကနေ သူမကို လှမ်းကြည့်နေသည့် အေးစက်သောမျက်လုံးတစ်စုံရှိ လေသည်။သူမ တစ်ခုခုလုပ်လျှင် ယခင်အဘိုးကြီးများကဲ့သို့ သေပွဲဝင်ရလိမ့်မည်။

“ငါ့ကို ရန်လာမစနဲ့..”

သူမနားထဲတွင် စုမင်၏သ‌တိပေးချက်ကို ပြန်ကြားယောင်လာလေသည်။

ဝတ်ရုံဖြူအမျိုးသမီးက တိတ်ဆိတ်စွာ မျက်စိမှိတ်ထားလိုက်သည်။ သူမက ဧည့်သည်အနေဖြင့်လာရောက်ခြင်းသာဖြစ်ပြီး ထိုအရှုပ်အထွေးများကြောင့် အသက်မဆုံးရှုံးချင်ပေ။

ဖုံးကွယ်နဂါးဂိုဏ်းရှိစွမ်းအားကြီးကျင့်ကြံသူသေဆုံးမှုကြောင့် တိုက်ပွဲက ပြင်းထန်သော အခြေအနေသို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။ စုမင်က လေထုထဲကို အေးစက်စွာ စိုက်ကြည့်နေလေသည် ။ သူ၏ဘယ်ဘက်လက်ရှိစိမ်းရင့်ရောင်အသူရာချိပ်တံဆိပ်က ပိုတောက်ပလယပြီး ညာလက်ရှိ ကျိန်စာ၏စွမ်းအားကလည်း လျင်မြန်စွာတိုးလာနေသည်။

“များများသတ်ဖြတ်ကြလေလေ… ပိုကောင်းလေပဲ”

သူ့အကြည့်က မြေပြင်ပေါ်ရှိ နဂါးဂိုဏ်းရှိရာသို့ ကျဆင်းသွားသည် ။ ထိုအချိန်တွင် ထိုနေရာမှ ထိတ်လန့်တုန်လှုပ်ဖွယ် ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ထိုအရာက အမည်မသိနည်းဖြင့် ဆင့်ခေါ်ခံရသောနဂါးတစ်ကောင်၏မာန်ဖီသံပင်ဖြစ်သည်။

ဤသည်မှာ တကယ့်သက်ရှိနဂါးပင်ဖြစ်သည်။ ပေတစ်သောင်းသာ ရှည်လျားသော်လည်း ချက်ချင်းဆိုသလိုပင် နေရာတစ်လျှောက် ပြင်းထန်သောဖိအားတစ်ခု ထွက်ပေါ်လာခဲ့သည်။

စုမင် မျက်လုံးကို မှိတ်ထားလေသည်။ ထို့နောက် မြူခိုးများကြားက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ကောင်းကင်ထက်ရှိကျီအန်းနှင့်တိထျန်းတို့၏တိုက်ပွဲက ပြင်းထန်သောအခြေအနေကို ရောက်ရှိနေလေသည်။ စွမ်းအားလှိုင်းများက ယခင်ကထက် ပိုမိုပြင်းထန်လာလေသည်။မကြာမီတွင် တိထျန်း၏ ကိုယ်ပွားများထဲမှ တစ်ယောက်က သူ့ပါးစပ်ထောင့်ကို သုတ်နေသည်ကို တွေ့လိုက်ရသည်။

‘သူ ဒါဏ်ရာရသွားတာလား...’

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။

All Chapters