← Chapters

အခန်း (၆၅၃)

Vol. 47 Ch. 653

အခန်း (၆၅၃)

Vol. 47 Ch. 653

တိုက်ပွဲရပ်သံ

မြေပြင်ရှိတိုက်ပွဲများက အလွန်လျင်မြန်သောအရှိန်ဖြင့် ပိုမိုပြင်းထန်လာခဲ့သည်။ တိုက်ပွဲသံအများစုက မြူခိုးများကြားတွင် နှစ်မြုပ်နေလေသည်။သို့သော် အပြင် လောကရှိခရီးသွားလာသူများက ထိုဆူညံ့သံများနှင့်နာကျင်စွာအော်ဟစ်သံများကို ဝိုးတဝါးကြားရပြီး သုသာန်တစ်စပြင်ကို ဖြတ်သန်းသွားရသကဲ့သို့ ခံစားရစေသည်။

ဖုံးကွယ်နဂါးဂိုဏ်းမှနဂါးကြီး ဟိန်းဟောက်လိုက်သည့်အခါ စုမင်က ခေါင်းမော့ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် အေးစက်နေသော အလင်းတန်းတစ်ခု လင်းလက်လာသည်။ ဧရာမ နဂါးကြီး ဟိန်းဟောက်ပြီး ရှေ့သို့ ရွေ့သွားသည်ကို မြင်လိုက်ရပြီးနောက် နတ်ဆိုးဂိုဏ်း၏ ဧရာမ ရထားကြီး ကိုးစီးလည်း ထွက်လာခဲ့သည်။

မြူခိုးများကြားမှ အက်ကွဲ ကြောင်းသံများ ထွက်ပေါ်လာသည်။ နတ်ဆိုးဂိုဏ်း၏ တပည့်အများအပြားက ချိပ်တံဆိပ်ဖန်တီးပြီး ဝင်လေထွက်လေမှတ်နေလေသည်။ထို့နောက် ဧရာမရထားကြီးကိုးစီးက ပေါက်ကွဲသွားလေသည်။

သူတို့မှာ... ဧရာမကျောက်တုံးဆယ်လုံးပါရှိ လေသည်။ ၎င်းတို့၏ မျက်နှာပြင်များက မညီမညာဖြစ်ပြီး ခရမ်းရောင်ရှိသော်လည်း ၎င်းတို့ပုံရိပ်များက မကြာခဏဆိုသလို အမှောင်နှင့် အလင်းကြားတွင် ပြောင်းလဲသွားသည်။ ထိုကျောက်တုံးကြီးများမှ ပြန့်နှံ့လာသော ဖိအားက စူးရှသောတဝီဝီမြည်သံနှငိ့အတူ ပေတစ်သောင်းနဂါးကြီးဆီသို့ ဉီးတည်သွားသည်။

ထိုကျောက်တုံးကြီးဆယ်လုံးပေါ်လာသည်နှင့် တစ်ပြိုင်နက် စစ်မြေပြင်လေထုတွင် ပြောင်းလဲမှုအချို့ ပေါ်လာသည်။ စုမင်၏ နတ်ဘုရားအာရုံထဲတွင် ဟိန်းဟောက်သံအချို့ကို ကြားခဲ့သည်။

“ဖုံးကွယ်နဂါးဂိုဏ်းရဲ့ တကယ့်နဂါးအစစ်ပဲ.. ဒီနေရာကိုဆင်းသက်‌‌နိုင်တဲ့နဂါးတကယ်ရှိတာလား..နဂါးဂိုဏ်းမှာ တကယ့်နဂါးအစစ်ငါးကောင်ရှိတယ်လို့ပြောကြတယ်..တစ်ကောင်ချင်းစီက ထူးခြားတဲ့အစွမ်းတွေပိုင်ဆိုင်ကြတယ်....ဒီတစ်ကောင်က အားနည်းတယ်လို့ထင်ရပေမဲ့ ကန့်သတ်ထားတဲ့ကနဉီးကျင့်ကြံစွမ်းအားအများဆုံးပိုင်ဆိုင်ထားတယ်.. “

“ဒါက တကယ့်နဂါးအစစ်ပဲ၊ ဒါပေမဲ့ အဲဒီနတ်ဆိုးဝိညာဉ်ဂိုဏ်းထဲကအရာတွေက...”

“ဒါတွေက ကောင်းကင်ကျောက်တုံးတွေပဲ..စိတ်ဝိညာဉ်ကြယ်ကျောက်တုံးတွေထက် ..ပိုတန်ဖိုးကြီးတယ်... ပိုစွမ်းအားလည်းကြီးတယ်...”

စောင့်ကြည့်သူများ၏စကားသံများကြား၌ စုမင် မျက်လုံးများကို မှိတ်ထားလိုက်တယ်။ သူက နဂါးကြီးဆီသို့ ဦးတည်နေသော ဧရာမကျောက်တုံးကြီးများကို ကြည့်နေသည်။ အချင်းချင်း တိုက်မိသွားသည်နှင့် တပြိုင်နက် ကျယ်လောင်သော မြည်ဟည်းသံများက လေထဲတွင် တဟုန်ထိုး ပဲ့တင်ထပ်သွား လေသည်။ထိုအသံများက နဂါး၏ ဟိန်းဟောက်သံများနှင့် ရောထွေးနေ လေသည်။ ဧရာမကျောက်တုံးကြီး ကိုးတုံးက ပေါင်းစည်းသွားပြီး မြေပြင်ပေါ်ရှိ ဧရာမကျောက်တုံးကြီးအဖြစ်သို့ ပြောင်းလဲသွားသည် ။

ဧရာမကြီးကျောက်တုံးကြီးက ခရမ်းရောင်ကျောက်တုံးများဖြင့် လုံး၀ဖွဲ့စည်းထားပြီး အကန့်အသတ်မရှိ စွမ်းအားများကို ပိုင်ဆိုင်ထားပုံရသည်။ ထိုကျောက်တုံးက အမြင့်ပေတစ်ထောင်ရှိပြီး နဂါးကြီးနောက်သို့ တောက်လျှောက်လိုက်နေလေသည်။နဂါးကို မလွတ်မြောက်စေဘဲ ချိပ်ပိတ်သွားအောင် လုပ်ဆောင်နေလေသည်။

“အင်မော်တယ်ဂိုဏ်းတွေမှာ သမိုင်းကြောင်းတွေရှိတယ်..ဒါကြောင့် သူတို့က အစွမ်းထက်တဲ့ရတနာတွေကို စုဆောင်းနိုင်ခဲ့တယ်...”

စုမင်က နဂါးကြီးနှင့် အချင်းချင်း တိုက်ခိုက်နေသော ကျောက်တုံးကို ကြည့်ပြီး လိုချင်ရမ္မက်စိတ်များပေါ်လာသည်။

သူ အသက်ပြင်းပြင်းရှူပြီး သူ့ရင်ထဲက ထူးဆန်းသော ခံစားချက်များကို လက်လျော့လိုက်သည်။ တစ်နေ့ကျလျှင် သူ အင်မော်တယ်ပြည်ကိုသွားပြီး အင်မော်တယ်ကမ္ဘာကြီး၏ကြွယ်ဝချမ်းသာမှုများကို မြင်တွေ့ရမည်ဟု တေးထားခဲ့သည်။

စုမင်က သူ့မျက်လုံးများကို မှိတ်ထားပြီး နောက်တစ်ကြိမ် သတ်ဖြတ်ခြင်း မစတင်မီ စစ်မြေပြင်သို့ ဆင်းသက်လာခဲ့သည်။ သူ၏ သတ်ဖြတ်ခြင်းအတွက် ပုံသေမရှိပေ။ အင်မော်တယ်ဂိုဏ်းနှင့် နတ်ဆိုးဂိုဏ်းနှစ်ခုစလုံးကို အချင်းချင်းမသင့်မြတ်အောင်သွေးထိုးခြင်းဖြစ်သည်။ သို့သော် သူရွေးချယ်လိုက်သည့်ဘက်ကိုလည်း အောင်ပွဲအတွက် အာမခံချက်မပေးပေ။

သူက သူ၏ချီအားလုံးကို ပြန်ရုတ်သိမ်းလိုက်ပြီး အင်မော်တယ်ဂိုဏ်းရှိလူများ ရှာမတွေ့စေရန် လက်စဖျောက်လိုက်သည်။ သူက တစ္ဆေသရဲကဲ့သို့ လှုပ်ရှားသွားကာ စစ်မြေပြင်သို့ သွားလေရာ၌ သွေးကြောင်း စီးနေပေလိမ့်မည်။

သူ့ဘယ်ဘက်လက်ရှိ စိမ်းရင့်ရောင်အသူရာချိပ်စည်းက မရဏအငွေ့အသက်ပိုထူထပ်ကာ ညာလက်ရှိ ကျိန်စာကလည်း အလားတူပင်ဖြစ်သည်။ အထူးသဖြင့် သူက စစ်မြေပြင်တွင်ရှိစဉ် အစောပိုင်းကထက် ပိုမိုအားကောင်းလာခဲ့သည်။ စုမင်၏ကျိန်စာက ပြန့်နှံ့လာသည်နှင့်အမျှ လူတော်တော်များများက သူ့ဧ။်အာဏာစက်အောက်ကို ကျရောက်သွားလေသည်။

သို့သော် ထိုအရာကို သတိမထားမိသောလူအများကြီးရှိနေခဲ့သည်။စုမင်က ရှေ့သို့ တိုးလာရင်း ကျိန်စာ၏ တည်ရှိမှုကို အဆက်မပြတ် ဖြန့်ကျက်လိုက်ရာ ထိခိုက်ခံစားခဲ့ရသူအရေအတွက် တိုးလာခဲ့သည်။

စုမင်၏ သွေးများက ပွက်ပွက်ဆူနေပြီး သူ့ဧ။်သတ်ဖြတ်လိုစိတ်က ရူးသွပ်စွာ ကြီးထွားလာခဲ့သည်။သို့သော် ရလဒ်က သူ့ကို တစ်ချိန်လုံး တိတ်ဆိတ်နေသော လူတစ်ယောက်လို ဖြစ်သွားစေခဲ့သည်။ တိုက်ပွဲစကတည်းက သူ့အောက်ရှိ တိုက်ပွဲများကို အေးစက်စွာ ကြည့်ရှုခဲ့သော်လည်း တိထျန်းကို သတ်ဖြတ်လိုစိတ်က လျော့မသွားဘဲ ပိုတိုးလာခဲ့သည်။

အထူးသဖြင့် တိထျန်းက သူ့ပါးစပ်ထောင့်များကို သုတ်နေတာကို စုမင်မြင်လိုက်ရသည်။ သို့သော်လည်း အချိန်အတော်ကြာပြီးနောက် သူ၏သတ်ဖြတ်လိုစိတ်ကို နောက်တစ်ကြိမ် ချိုးနှိမ်လိုက်သည်။ သူ၏ စိတ်ခံစားမှုများကို အကြိမ်ကြိမ် ဖိနှိပ်လိုက်ခြင်းက သတ်ဖြတ်လိုစိတ်ကို ယုတ်လျော့မသွားစေဘဲ ပို၍အားကောင်းလာခဲ့သည်။

ယခုချိန် သူ တိတ်တိတ်‌လေးမနေခဲ့လျှင် သူငြိမ်သက်စွာ သေဆုံးရလိမ့်မည်။

ဤစကားများက စုမင်၏ခံစားချက်ကို ပြီးပြည့်စုံသောဖော်ပြချက်ဖြစ်သည်။

သူက စစ်မြေပြင်တွင် လှုပ်ရှားသွားလာကာ စစ်ပွဲကို ပို၍ ဖရိုဖရဲဖြစ်လာစေခဲ့သည်။ ထို့ကြောင့် မည်သူမျှ ထိန်းချုပ်နိုင်စွမ်းမရှိပေ။ ထိုအချိန်တွင် နတ်ဆိုးရာဂဂိုဏ်းမှ ကြောက်ရွံ့ထိတ်လန့်ဖွယ် အသံတစ်ခုက စစ်မြေပြင်တစ်ခုလုံး နေရာတိုင်းသို့ ပျံ့လွင့်လာသည်။

“နတ်ဆိုးဂိုဏ်းရဲ့ တပည့်အားလုံး..ငါ ပိထူ...ခဏပဲ တိုက်တော့မယ်.. မင်းတို့အားလုံး ဂိုဏ်းဆီ ပြန်သွားကြ

..”

တစ်ချိန်တည်းမှာပင် ထိုစကားများပြောပြီးခါနီးတွင် အလားတူ အံ့အားသင့်ဖွယ် အခြားအသံတစ်ခုက အင်မော်တယ်ဂိုဏ်းများဆီသို့ ပျံ့လွင့်သွားခဲ့သည်။

“အင်မော်တယ်ဂိုဏ်းတပည့်တွေ.. ငါ့စကားကို နားထောင်ကြ...မင်းတို့ဂိုဏ်းတွေဆီကို ပြန်ကြ...”

စုမင်က ထိုအသံ၏ ပိုင်ရှင်ကို မသိသော်လည်း နတ်ဆိုးဂိုဏ်းနှင့်အင်မော်တယ် ဂိုဏ်းများမှ အသံများက တိုက်ပွဲကို ခေတ္တရပ်သွားစေရန် လုပ်ဆောင်နေကြောင်း သိလေသည်။

သို့သော်လည်း စစ်မြေပြင်က အလွန် ဖရိုဖရဲဖြစ်နေပြီဖြစ်ပြီး တပည့်များက တိုက်ပွဲများရပ်တန့်ရန် အမိန့်ပေးသံများလက်ခံရရှိခဲ့သည်။ထိုအသံများက သက်ရောက်မှုအချို့ရှိသော်လည်း ချက်ချင်းရပ်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

အထူးသဖြင့်ဖုံးကွယ်နဂါးဂိုဏ်းက သူတို့၏ဂိုဏ်းအကြီးအကဲများထဲမှ တစ်ဦးကို ဆုံးရှုံးထားပြီးဖြစ်ပြီး ထိုကဲ့သို့ ရပ်တန့်သွားမည့် နည်းလမ်းမရှိပေ။

စုမင် ခဏမျှ မလှုပ်တော့ဘဲ ခေါင်းကို မော့လိုက်သောအခါ သူ့အမူအရာက လေးနက်သွားလေသည်။ အကယ်၍ တိုက်ပွဲများ အမှန်တကယ် ရပ်သွားပါက သူ့အကြံအစည်ကို မထမြောက်တော့ပေ။ ထိုအရာက သူ လက်မခံနိုင်သောအရာဖြစ်သည်။ ထို့ကြောင့် စုမင်က မြူခိုးများထဲသို့ ပျောက်ကွယ်သွားပြန်သည်။

နှစ်ဘက်လုံးရှိ ဂိုဏ်းအသီးသီးမှ တပည့်များက တဖြည်းဖြည်း မသေချာမရေရာမှုများ တိုးပွားလာကြသည်။ သူတို့က တိုက်ပွဲကို တဖြည်းဖြည်း ရပ်ခါနီး၌ ကျယ်ကျယ်လောင်လောင် အော်ဟစ်သံများက စစ်မြေပြင်ကနေ ရုတ်တရက် ထွက်ပေါ်လာလေသည်။ ထိုအသံကို တိုက်ပွဲရပ်တန့်သွားသော တပည့်များက အာရုံစိုက် နားထောင်ခဲ့သည်။

ယင်နဂါးကိုးကောင်ကို ဆန့်ကျင်တိုက်ခိုက်နေသောအင်မော်တယ်ဘီလူးစစ်သည် သုံးယောက်က အလွန်ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ ယင်နဂါး ကိုးကောင်အနက် နှစ်ကောင်လည်း တစ်စစီပေါက်ကွဲသွား လေသည်။ ထိုအချိန်တွင် ဘီလူးစစ်သည်များက ရုတ်တရက် တုန်လှုပ်သွားပြီး သူတို့နောက်ကွယ်မှာ တွန့်လိမ်နေသော ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုအရိပ်က ရွေ့လျားသွားပြီး ကုန်ဆုံးသွားသည့် အခိုက်အတန့်တိုင်း၌ အားပျော့သွားသော စစ်သည်များက တစ်စစီပေါက်ကွဲသွားလေသည်။

၎င်းတို့သေဆုံးပြီးသည်နှင့် ကျန်ရှိသော ယင်နဂါးခုနစ်ကောင်က ဟိန်းဟောက်ပြီး ဂိုဏ်းများ၏ စစ်တပ်ထဲသို့ တန်းတန်းမတ်မတ် ပျံသန်းသွားကြသည်။ နတ်ဆိုးဂိုဏ်းဝင်များက သူတို့ကို ချက်ချင်းပြန်အမိန့်ပေးချင်သော်လည်း သူတို့ပတ်ဝန်းကျင်ရှိ နာကျင်အော်ဟစ်မှုသံကြောင့်လည်း တုံ့ဆိုင်းသွားကြသည်။

မကြာခင်မှာပင် ရှာမန်ဝိညာဉ်တစ်ရာနီးပါးနှင့်တိုက်နေသော ကောင်လေးကိုးယောက်နှင့်လိပ်နက်ကြီးက ကျယ်လောင်စွာဟိန်းဟောက်လိုက်ကြသည်။ လိပ်ကြီးသုံးကောင်အနက်မှ တစ်ကောင်က ပေါက်ကွဲသွားပြီး အညစ်အကြေးများနေရာအနှံ့ ပြန့်ကျဲသွားလေသည်။ရှာမန်ဝိညာဉ်များကို တိုက်ခိုက်နေသော ကောင်လေး ကိုးယောက်အနက် သုံးယောက်နားသို့ ပုံရိပ်တစ်ခု ဖြတ်သန်းသွားသောအခါ ချက်ချင်းပင် ပေါက်ကွဲသွားခဲ့သည်။

လိပ်နက်ကြီးတစ်ကောင်နှင့်ကောင်လေးသုံးယောက် သေဆုံးခြင်းကြောင့် ကွာဟချက်များစွာပေါ်လာပြီး ရှာမန်ဝိညာဥ်များစွာက နတ်ဆိုးဂိုဏ်း၏စစ်တပ်ထဲသို့ ပြေးဝင်ခဲ့သည်။

ထိုအချိန်တွင် ဒေါသတကြီးဟောက်သံများက လေထုထဲသို့ လျင်မြန်စွာ ဖြတ်သန်းသွားသည်။

“ငါတို့ကြားထဲမှာ ဘယ်သူပုန်းနေတာလဲ.”

ထိုအသံကြားပြီးနောက် နတ်ဆိုးဂိုဏ်းမှ ရှည်လျားသော အလင်းတန်းတစ်ခုက မြူခိုးထဲတွင် သေဆုံးခဲ့သော လိပ်နက်ရှိရာဆီသို့ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။

မကြာခင်မှာပဲ အလားတူ ဒေါသတကြီး အော်ဟစ်သံတစ်သံက အင်မော်တယ် ဂိုဏ်းများမှ ပျံ့လွင့်သွားခဲ့သည်။ ထို့နောက် အလားတူ ရှည်လျားသောအလင်းတန်းက ဟင်းလင်းပြင်ကိုဖြတ်၍ နတ်ဆိုးဂိုဏ်းကလူ သွားနေသော ဦးတည်ရာသို့ ပျံသန်းလေသည်။

ထိုရှည်လျားသော အလင်းတန်းနှစ်ခု၏ အလယ်တည့်တည့်တွင် စုမင် ဖြစ်သည်။ သူ့မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး သူ၏ မြင့်မြတ်သောနတ်ဘုရားအာရုံကို ဖြန့်လိုက်သည်။ ၎င်းက စွမ်းအားကြီးနယ်ပယ် ရှိသူများထက် ပိုမိုအားကောင်းပြီး သူ့ကိုယ်သူ ဖုံးကွယ်ထားနိုင်ခဲ့သည်။

နတ်ဘုရား၏အာရုံကို ဖြန့်ကျက်ပြီးသည်နှင့် သူ့ပတ်ဝန်းကျင်ရှိ စွမ်းအားလှိုင်းများ တုန်လှုပ်သွားလေသည်။ ရောက်ရှိလာသော လူနှစ်ဦးက ၎င်းတို့၏ နတ်အာရုံများဖြင့် သူရှိရာနေရာကို ရှင်းရှင်းလင်းလင်း မစုံစမ်းနိုင်တော့ပေ။ မြူခိုးများက ဖုံးလွှမ်းထားသောကြောင့်လည်း လူများကို ကောင်းကောင်း မမြင်ရပေ။ထို့ကြောင် စုမင်က ဘယ်ဘက်ရှိ နတ်‌ဆိုးဂိုဏ်းမှလူထံ အရှိန်တင်ခဲ့သည်။ တရားစွဲဆိုခဲ့သည်။

ထိုသူမှာ နတ်ဆိုးရာဂဂိုဏ်း၏ပိထူဖြစ်သည်။ သူ့မျက်နှာက ခက်ထန်နေပြီး လျင်မြန်စွာပျံသန်းနေလေသည်။ နေရာတစ်ခုလုံးက မြူခိုးများဖြင့်ဖုံးလွှမ်းထာ သောကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရပေ။ သူခံစားနိုင်သည့် တစ်ခုတည်းသော အရာမှာ သတ်ဖြတ်လိုသည့်‌ရောင်ဝါတစ်ခုက သူ့ထံသို့ ကျရောက်လာခြင်းဖြစ်သည်။

အေးစက်သောအသံနှင့်အတူ သူ့ ညာဘက်လက်ကို မြှောက်ကာ ချိပ် တံဆိပ်ဖန်တီးပြီးနောက် လေထုကို ဖမ်းဆာပခလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ့ညာလက်ဧ။်လက်ဖမိုးမှာ အနက်ရောင်သွေးကြောငါးခု ထောင်းထလာပြီး ကြောက်မက်ဖွယ်တစ္ဆေမျက်နှာအဖြစ် ပြောင်းလဲသွားလေသည်။

ဤသည်မှာ နတ်ဆိုးရာဂဂိုဏ်းရှိပိထူ၏ တစ္ဆေငါးကောင်အသွင်ဝင်စားခြင်းဖြစ်သည်။ထိုကျင့်စဉ်ကို အပြည့်အ၀ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်လျှင် တိုက်ခိုက်ချိန်၌ တစ္ဆေငါးကောင်ရုတ်တရက် မထင်မှတ်ဘဲ ပေါ်လာပြီး သူ၏ စွမ်းအားများကို တိုးပွားလာစေသည်။

သတ်ဖြတ်လိုသောအရှိန်အဝါက ပိထူဆီ ကျရောက်လာချိန်တွင် သူ့ညာလက်ဖြင့် တွန်းထုတ်လိုက်သည်။စုမင်က မြူခိုးများထဲမှ ခြေလှမ်းတစ်လှမ်းဖြင့် သူ့ရှေ့မှ ထွက်လာခဲ့သည်။ သူ့အမူအရာက အေးဆေးတည်ငြိမ်ပြီး စကားတစ်ခွန်းမှ မပြောပေ။ သူ့ခေါင်းက ကြည်လင်နေပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကဟုန်လော့နှင့်တိထျန်းတို့၏တိုက်ပွဲကို သူ့စိတ်ထဲမှာ မြင်လိုက်ရသည်။ ထိုအချိန်မှစပြီး ထိုမြင်ကွင်းက သူ့စိတ်ထဲတွင် နေရယူခဲ့သော်လည်း ထိုတိုက်ပွဲမှ အကျိုးအမြတ်များစွာ မရရှိခဲ့ပေ။ သို့သော်၊ သူ၏စွမ်းအားများ တိုးလာသည်နှင့်အမျှ၊ ထိုတိုက်ပွဲအတွင်း သူရခဲ့သောအကျိုးအမြတ်များက အတွေ့အကြုံအဖြစ် ပြောင်းလဲသွားလေသည်။

စုမင်က ဘယ်လက်ကို မြှောက်လိုက်ပြီး ပိထူ၏ ညာလက်ကို တိုက်ခိုက်ရန်ပြင်လိုက်သည်။ ထိုစဉ် ကျယ်လောင်သောအသံများ၊ စွမ်းအားလှိုင်းများ ပျံ့နှံ့လာခြင်းမရှိပေ။ သူတို့ပတ်ဝန်းကျင်ရှိ မြူခိုးများပင် တစ်ချက်ကလေး မလှုပ်ရှားခဲ့ပေ။ ထိုစဉ် စုမင်၏ ခန္ဓာကိုယ်က တိုက်ခိုက်မှုဒဏ်ကို အပြည့်အဝခံစားခဲ့ရသည်။

စုမင်က မျက်လုံးများကို မှိတ်လိုက်သည်။ သူတို့လက်နှစ်ဖက်ကို ထိတွေလိုက်ချိန် သူ့ဘယ်ဘက်လက်က အနည်းငယ်ကွေးသွားကာ ခရမ်းရောင်စွမ်းအားလှိုင်းများက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။ အဖျက်စွမ်းအားတစ်ခု ပေါက်ကွဲလုနီးအချိန်တွင် စုမင်၏ ခန္ဓာကိုယ်က အကူးအပြောင်းနေရာတစ်ခုအဖြစ်သို့ ရောက်ရှိသွားပုံရသည်။ သူ၏ညာလက်ကို မြှောက်လိုက်စဉ် သူ့လက်ဖမိုး၌ သွေးကြောငါးခုပေါ်လာပြီး စွမ်းအားလှိုင်းငါးခု ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

ယခင်က ဟုန်လော့လည်း ထိုကဲ့သို့လုပ်ဆောင်ခဲ့ဖူးသည်။

စုမင်၏ ညာလက်ရှိစွမ်းအားလှိုင်ငါးခုက ပိထူ၏လက်ဝါးရှိရာသို့ အရှိန်တင်သွားပြီး ထိုလက်နှစ်ဖက် ထိပ်တိုက်တွေ့ဆုံ‌မိတော့သည်။

ပြင်းထန်သော ပေါက်ကွဲသံက မြူခိုးများမှ တစ်ဟုန်ထိုး ပျံ့နှံ့လာပြီး ပိထူ၏မျက်နှာက ခက်ထန်သွားလေသည်။ သူ့ပတ်ဝန်းကျင်ရှိ ပြင်းထန်သော လှိုင်းလုံးကြီးများကြောင့် ဖြစ်ပျက်နေသည့်အရာများကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော် စုမင်ထံမှပြန်လာသောတိုက်ကွက်က နတ်ဆိုးရာဂဂိုဏ်း၏ကျင့်စဉ်ပင်ဖြစ်သည်။

All Chapters