အခန်း (၆၅၄)
Vol. 47 Ch. 654
ခရမ်းရောင်ဝတ်ရုံတိထျန်း
ပိထူက အန္တရာယ်အငွေ့အသက်ခံစားရသောကြောင့် အလိုလို ဆုတ်ခွာသွားပြီး ထိုနေရာမှ ချက်ချင်းထွက်သွားလိုသည်။ သူ ဝေးဝေးမရောက်ခင် စုမင်က သူ့နားသို့ အရှိန်တင်လိုက်သည်။ ထို့နောက် စုမင်က သူ့ ညာလက်ကို မြှောက်ပြီး ပိထူဆီသို့ ချိန်ရွယ်လိုက်သည်။
အင်မော်တယ်ဂိုဏ်းများ၏အာရုံတွင် စုမင်၊ပိထူနှင့်စွမ်းအားကြီးနယ်ပယ်ကျင့်ကြံသူကို တွေ့ရှိခဲ့သည်။ ပိထူက ပြေးနေချိန် စုမင်က ခက်ထန်သောမျက်နှာဖြင့် လိုက်ဖမ်းနေလေသည်။
ထိုမြင်ကွင်းက အင်မော်တယ်များ၏နှလုံးသားကို တုန်လှုပ်သွားစေသည်။ ပိထူကလည်း စုမင်၏တိုက်ခိုက်မှုက ထောင်ချောက်တစ်ခုဖြစ်ကြောင်း နားလည်သွားလေသည်။
“ရောင်းရင်း...နားလည်မှုမလွဲပါနဲ့..”
ပိထူက ထို(ကျင့်ကြံသူ)လူ၏မျက်နှာပေါ်ရှိအမူအရာကိုမြင်သောအခါ ချက်ချင်းရှင်းပြရန်ကြိုးစားခဲ့သည်။ ထိုကိစ္စကို တတ်နိုင်သမျှ မြန်မြန်ရှင်းပြရမည်ကို သဘောပေါက်ပြီး တုံ့ဆိုင်းမနေပေ။
ပိထုစကားမဆုံးခင် စုမင်က သူ့နောက်ရှိ အရှိန်အဟုန်ဖြင့် နောက်ပြန်ဆုတ်သွားသော ကျင့်ကြံသူတစ်ယောက်၏ ရင်ဘတ်ကို ဖိထားပြီးဖြစ်သည်။ တုန်လှုပ်ချောက်ချားမှုတစ်ခုက ထိုလူ၏ခန္ဓာကိုယ်ကို ပျက်စီးသွားစေပြီး သွေးချောင်းဆိုးရုံသာမက နောက်သို့လွင့်စင်သွားခဲ့သည်။
“ကျုပ်လည်း ဒီလူကို တိုက်နေတာ.. သူက စစ်ပွဲကို ပရမ်းပတာဖြစ်အောင် လုပ်တဲ့သူပဲ...ကျုပ်တို့ အချိန်မဖြုန်းတော့ဘူး...သူ့ကို သတ်ဖို့ အတူတူ ပူးပေါင်းဖို့ပဲလိုတယ်”
ပိထူ၏အမူအရာက မယုံနိုင်လောက်အောင် သုန်မှုန်နေခဲ့သည်။ သူစကားပြောပြီးချိန်တွင် စုမင် ဆီသို့ အရှိန်တင်ခဲ့သည်။ အင်မော်တယ်ဂိုဏ်းများက သူ့ကို အထင်လွဲမှားမည်စိုးသောကြောင့် ပိထူက
ချိပ်တံဆိပ်တစ်ခု ဖန်တီးလိုက်သည်။အစိမ်းရောင်ကြာပန်းတစ်ပွင့်ပေါ်လာပြီး စုမင်ထံ တစ်ဟုန်ထိုး အရှိန်တင်သွားလေသည်။
“အစ်ကိုပိထူ.. မင်းဘာလို့ သူ့ကို အလွှတ်ပေးနေတာလဲ...ကျုပ်သူ့ကို ဒဏ်ရာရ အောင်လုပ်ထားပြီးပြီ... သူ့ကိုသတ်ပစ်ဖို့ပဲ လိုတယ်...”
တစ်ချိန်တည်းမှာဘဲ ပိထူက စကားပြောနေရင်း စုမင်၏ခက်ထန်သောအသံက ထွက်ပေါ်လာသည်။ စုမင်က ထိုစကားမျိုးပြောလိုက်ပြီး ပိထူနှင့်တစ်ဖက်လူကြား သွေးခွဲနေလေသည်။ထို့နောက် စုမင်က ညာလက်သီးဖြင့် စွန်းအမည်ရှိအဘိုးအိုကို ထိုးပစ်လိုက်သည်။ ထိုအဘိုးအိုက ဒါဏ်ရာရသွားသော်လည်း မတုံ့ဆိုင်းပေ။ ယခုအချိန်တွင် သူ၏အသက်ရှင်ရေးက အဓိကဖြစ်သောကြောင့် ဒါဏ်ရာကို ဂရုမစိုက်နိုင်ပေ။
မူလက ထိုကျင့်ကြံသူက ပိထူ၏စကားကို ကြားလိုက်သောအခါတွင် သူ၏ ဆုတ်ခွာသွားသည့် လမ်းကြောင်းကို ပြောင်းလဲလိုက်သည်။ သူ့နှလုံးသားထဲတွင် မသေချာမရေရာမှုများ တိုးလာသော်လည်း စုမင်၏ အသံကို ကြားလိုက်သောအခါတွင် သူက ပို၍ပင် မဆုံးဖြတ်နိုင်တော့ပေ။ ထို့ပြင် စုမင်က သူနှင့်ပိုပို နီးကပ်လာလေသည်။
ထိုစဉ် ပိထူပစ်လွှတ်လိုက်သောကြာပန်းက စုမင်နားနီးကပ်လာသောအခါ စုမင်က သူ့ဘယ်ဘက်လက်ကောက်ဝတ်ကို ညင်သာစွာ ပွတ်သပ်နေသည်ကို သူ သတိမထားမိလိုက်ပေ။ ထို့ကြောင့် အချိန်က နောက်ပြန်ဆုတ်သွားပုံရပြီး ကြာပန်း၏စွမ်းရည်နှင့် ဒေါသတကြီးဖြစ်နေသောပိထူ နှစ်ခုစလုံး နောက်ပြန်ဆုတ်သွားခဲ့သည်။
ထို့ကြောင့် စုမင်က တည်ငြိမ်စွာ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လွတ်မြောက်လာသော အဘိုးအိုဆီသို့ ဦးတည်သွားနိုင်သည်။ သူ ခဏအတွင်း ပျောက်ကွယ်သွား လေသည်။
စုမင်က သူ့လက်ကောက်ဝတ်တစ်ချက်လှုပ်ရုံဖြင့် ကြာပန်းစွမ်းရည်ကို ခုခံနိုင်ခဲ့သည်။ စုမင်ပျောက်ကွယ်သွားပြီး ခဏအကြာတွင် ထိုကျင့်ကြံသူအနားသို့ လျင်မြန်စွာ ပေါ်လာလေသည်။ ထို့နောက် စုမင် လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။
“အဲဒီလူ(စုမင်)က အတုခိုးတဲ့စွမ်းရည်မှာ ဆရာကြီး..မိတ်ဆွေစွန်း သတိထား...”
ပိထူက စုမင်မျက်လုံးထဲတွင် တောက်လောင်နေသော အမုန်းမီးတောက်များကို စိုက်ကြည့်နေလေသည်။သူ ပြန်တုံ့ပြန်ချင်သော်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။ သူ့ခန္ဓာကိုယ်ကို ရှေ့သို့မရွှေ့နိုင်ဘဲ နောက်သို့သာ အလိုလိုဆုတ်သွားခဲ့ရသည်။
သူ၏ လှုပ်ရှားမှုများ ပြန်လည်ကောင်းမွန်လာသောအခါ ကျယ်လောင်သော ပေါက်ကွဲသံက နားထဲတွင် ထွက်ပေါ်လာသည်။
အင်မော်ဂိုဏ်းရှိ ကျင့်ကြံသူက စွမ်းအားကြီးနယ်ပယ်အလယ်လတ်အဆင့်တွင်သာ ရှိသေးသည်။ စုမင်က သူ့လက်သီးနှင့် ထိုးလိုက်သော် သူက လက်နှစ်ဘက်ဖြင့် ချိပ်တံဆိပ်ဖန်တီးပြီး ရှေ့သို့ တွန်းထုတ်လိုက်သည်။ သူ့ကိုယ်က လက်သီးဒါဏ်ကို အပြည့်အဝခံစားလိုက်ပြီး ပေါက်ကွဲသွားလေသည်။
သို့သော် သူ၏အခြေတည်ဝိညာဉ်က လျင်မြန်စွာ လွတ်မြောက်သွားပြီး တခဏချင်းတွင် ပေတစ်သောင်းအကွာသို့ ရောက်နေပြီဖြစ်သည်။ အင်မော်တယ်ဂိုဏ်းများတည်ရှိရာနေရာသို့ သူ ရူးသွပ်စွာ ထွက်ပြေးလာခဲ့သည်။
“အစ်ကိုပိထူ...စိတ်မပူနဲ့၊ အဲဒီလူရဲ့ အခြေတည်ဝိညာဉ်က လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..”
စုမင်က ပြတ်သားစွာ ပြောလိုက်ပြီး လေထဲမှာ အရှိန်တင်လိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း...”
ပိထူ၏မျက်လုံးထဲတွင် ရူးသွပ်မှု ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသော်လည်း အချိန် နောက်ဆုတ်ခြင်းစွမ်းရည်ကို မခုခံနိုင်ခဲ့ပေ။ သူစကားပြန်ပြောသော်လည်း သူ့ခန္ဓာကိုယ်က နောက်ပြန်ရွေ့နေဆဲဖြစ်သည်။ ထိုမြင်ကွင်းကို မြင်သူတိုင်းက သူက စုမင်နှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ထင်နေကြလေသည်။
“အစ်ကိုစွန်း.. နားလည်မှုမလွဲပါနဲ့ ဒါက…”
ပိထူက အလျင်အမြန်အော်လိုက်သော်လည်း သူထပ်ပြောလာလေလေ သူ့စကားများက မယုံနိုင်စရာဖြစ်နေလေသည်။
တစ်ချိန်တည်းမှာပင် ထွက်ပြေးသွားသောကျင့်ကြံသူ၏ နှလုံးသားအတွင်းရှိ အမုန်းမီးတောက်များက ကောင်းကင်ထိ ပျံ့နှံ့သွားလေသည်။ အစတွင် တစ္ဆေငါးကောင်ဝင်စားခြင်းစွမ်းရည်ကို အသက်သွင်းခြင်း ၊ ပိထူ၏စွမ်းရည် ပြန်သိမ်းလိုက်ခြင်း၊ သူဧ။်ကိုယ်တိုင်ဖျက်စီးခြင်း၊ သူ၏အခြေတည်ဝိညာဉ်ထွက်ပြေးခြင်းတို့က အရေးတယူလုပ်ရမည့်အရာမှာ မဟုတ်တော့ပေ။ အရာအားလုံးက နားလည်မှုလွဲနေခြင်းမဟုတ်ကြောင်း
သူကိုယ်တိုင်ကိုသေချာနားလည်စေခဲ့သည်။
အကယ်၍ နားလည်မှုလွဲခဲ့မလျှင် ပိထူလည်း ထို ‘’နားလည်မှုလွဲမှားခြင်း” ၏အကျိုးရလဒ်များကို ခံစားရလိမ့်မည်။
အထူးသဖြင့် ပိထူ၏စကားကိုကြားသောအခါတွင် သူက ဒေါသတကြီး ဆက်လက်ထွက်ပြေးလာခဲ့သည်။
“ပိထူ..ယုတ်မာတဲ့ကောင်..အင်မော်တယ်ဂိုဏ်းကတပည့်တွေနားထောင်ကြ..နတ်ဆိုးဂိုဏ်းကလူတွေက သူတို့ရဲ့အပြစ်ကိုဖုံးကွယ်ပြီး ငါတို့ဂိုဏ်းကိုဖျက်စီးချင်နေတာ..ဒါ့ကြောင့် မင်းတို့သေတဲ့အထိ အဲ့ဒီ ကောင်တွေကိုတိုက်ကြ...”
ထိုကျင့်ကြံသူ စကားပြောပြီးချိန်၌ နာကျင်စွာအော်သံက ၎င်းတို့ကို ဖြတ်သန်း၍ စစ်မြေပြင်တစ်ခုလုံး ပဲ့တင်ထပ်မြည်ဟည်းလာသည်။ စုမင်က ထိုကျင့်ကြံသူ၏ အခြေတည်ဝိညာဉ်ကို လက်သီးတစ်ချက်ဖြင့် ဖြိုချလိုက်သည်။
ထိုလူ၏အသံက မြူခိုးများကြောင့် နယ်မြေတစ်ခုလုံးကို ဖြတ်သန်းသွားခဲ့သည်။ သို့သော် ကြားသူတိုင်း နှုတ်ဆိတ်သွားကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်..။
ထိုအချိန်တွင် ယာယီအတိုက်အခိုက်ရပ်စဲရေးက မဖြစ်နိုင်တော့ပေ။မငြိမ်မသက်ဖြစ်နေသည့်အခြေအနေတွင် ယင်နဂါးများက မိုးရွာချလိုက်သည်။ရှာမန်ဝိညာဉ်များက ဆက်လက်၍ သတ်ဖြတ်ကြပြီး၊ အခြားနေရာတိုင်းတွင် နာကျင်မှု၏အော်ဟစ်သံများနှင့်အတူ တုန်လှုပ်ချောက်ချားမှုများ ဖြစ်ပေါ်နေ လေသည်။
နတ်ဆိုးဂိုဏ်းနှင့်အင်မော်တယ်ဂိုဏ်းများက သဘောတူညီချက်တစ်ခုရရှိခဲ့သော်လည်း ၎င်းတို့ကြားရှိ သဘောတူညီမှုက မျက်စိတစ်မှတ်အတွင်းမှာ ပျက်စီး သွားခဲ့သည်။ ထိုအဖြစ်အပျက်များဖြစ်ခဲ့ပြီးနောက် နှစ်ဖက်စလုံးက သတိအနေအထားရှိနေကြလေသည်။ သူတို့ကြား သဘောတူညီချက်အသစ်တစ်ခု ထပ်လုပ်ရန် လက်တွေ့မှာ မဖြစ်နိုင်တော့ပေ။
မြေပြင်ပေါ်ရှိ မြူခိုးများကြားတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ စစ်ပွဲများ အရှိန်အဟုန်ဖြင့် ဆက်လက်ဖြစ်ပွားနေချိန်တွင် အနီရောင်လှိုင်းလုံးကြီးက ကောင်းကင်မြူခိုးဂိုဏ်းမှ ချက်ချင်းထွက်ပေါ်လာသည်။ ထိုလှိုင်းလုံးများက မီးအိမ်တစ်ခုမှ ထွက်ပေါ်လာပြီး လက်ရှိတွင် လေထဲတွင် လွင့်မျောနေ လေသည်။ မီးအိမ်ခွက်ထဲမှ ဆီများက သွေးနီ ရောင်ရှိပြီး သွေးကဲ့သို့ ပျစ်နှစ်နေလေသည်။
မြေပြင်ပေါ်ရှိ သွေးများနှင့်ထွန်းခဲ့သောမီးအိမ်မှ မီးတောက်က ဟုန်းဟုန်းတောက်နေပြီး အဆုံးမဲ့သွေးနီရောင်မြူခိုးများ ပျံ့နှံ့လာလေသည်။
စစ်မြေပြင်အတွင်း လောင်ကျွမ်းနေသော အပူလှိုင်းများက အရာအားလုံးကို လောင်နီးတိုက်ပစ်ချင်သလိုပင် ဖြစ်နေတော့သည်။
ဤသည်မှာ သူတို့၏ဂိုဏ်းအကြီးအကဲ ကွယ်လွန်ပြီးနောက် ကောင်းကင်မြူခိုးဂိုဏ်း၏ လက်တုံ့ပြန်မှုဖြစ်သည်။
ဖုံးကွယ်နဂါးဂိုဏ်းနှင့် ကောင်းကင်မြူခိုးဂိုဏ်းတို့၏ အစွမ်းထက်သောရတနာများကို ထုတ်သုံးသော်လည်း မဟာမြူရွက်အင်မော်တယ်ဂိုဏ်းက မည်သည့်အရာမှ အရေးတယူဆောင်ရွက်ခြင်းမရှိပေ။ ပေရာနှင့်ချီ၍ ကြီးမားသော သစ်တုံးကြီးလေးတုံး ထွက်ပေါ်လာသည်။ ၎င်းတို့အပေါ်တွင် မှော်သင်္ကေတ အများအပြား ရေးဆွဲထားပြီး တလက်လက်တောက်ပနေလေသည်။ ထို့နောက် မြေပြင်ပေါ်သို့ အုန်းခနဲ ပြုတ်ကျသွား လေသည်။
ပြင်းထန်သော အော်ဟစ်သံများ ပျံ့နှံ့သွားပြီး မြေပြင်တစ်ခုလုံး ချက်ချင်း တုန်ခါသွားတော့သည်။ မြေပြင်မှာ အက်ကွဲကြောင်းများ ထင်းပေါ်လာပြီး အက်ကွဲသံများက လေထုအတွင်း ပျံ့နှံ့လာတော့သည်။ ကမ္ဘာမြေစွမ်းအား၏ ထူထပ်သောလှိုင်းလုံးကြီးများက လွင့်ပျံ့ထွက်သွားပြီး ထိုရောင်ဝါကို ထိမိသော နတ်ဆိုးဂိုဏ်သားအားလုံးကို ချက်ချင်းပင် တုန်လှုပ်သွားစေသည်။ ထို့နောက် မကြာမီ ၎င်းတို့က ညှိုးနွမ်းသွားကာ အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ဤမထိန်းချုပ်နိုင်သော အခြေအနေတွင် နတ်ဆိုးဂိုဏ်းကလည်း ၎င်း၏ အဆုံးစွန်သော လှုပ်ရှားမှုများကို ထုတ်ပြခဲ့သည်။နတ်ဆိုးရာဂဂိုဏ်း၏ တပည့်တစ်ဦးစီက သိုလှောင်အိတ်ထဲမှ သွေးနီရောင်အိတ်( ရေဘူးအိတ်ပုံစံ)များကို ထုတ်လိုက်ပြီး သောက်သုံးလိုက်သည်။ထို့နောက် ချက်ချင်းပင် ခေါင်းမော့ကာ အော်ဟစ်လိုက်ကြသည်။ ကျယ်လောင်သောအသံများက သူတို့ထံမှ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်က ဖုဖောင်းကားလာပြီး အရွယ်အစားပိုကြီးလာသည်။ သူတို့၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ လေသည်။
ထိုဟောက်သံများက လေထဲတွင် ပဲ့တင်ထပ်နေချိန်တွင် ၎င်းတို့၏ စွမ်းအားများက အဆမတန် တိုးလာလေသည်။ နာကျင်မှုနှင့် ပင်ပန်းနွမ်းနယ်မှုကို မသိတော့ဘဲ သားရဲတစ်ကောင်၏သွေးဆာနေသောဟိန်းဟောက်သံနှင့်အတူ ပြေးထွက်လာကြသည်။
၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင် ချွေးသီးလုံးများ ပေါ်လာပြီး ရှေ့သို့ ရွေ့လျားသွားသောအခါ ချွေးသီးက မြေပြင်ပေါ်ကျလာသည်။ ထိုများပြားလှသောချွေးစက်များက အလွန်ကြီးမားသော သွေးနီရောင်ချီလင် အဖြစ်သို့ ပြောင်းလဲရန် လေထဲတွင် လျင်မြန်စွာ စုရုံးလာခဲ့သည်။
ထိုသားရဲကြီးက မထင်မရှားဖြစ်နေသော်လည်း ၎င်း၏တည်ရှိမှုက ကောင်းကင်နှင့်မြေကြီးကို အလွန်တုန်လှုပ်သွားစေပြီး မြေပြင်အတွင်းရှိ မြူခိုးများပင် အနည်းငယ် လျော့နည်းသွားစေသည်။
ယခုအချိန်သည် ရက်စက်ကြမ်းကြုတ်သောစစ်ပွဲကြီး စတင်နေပြီဖြစ်သည်။ တိုက်ပွဲအသစ်များဖြစ် ပေါ်ခြင်းနှင့် သေဆုံးမှုအရေအတွက် တိုးလာခြင်းကြောင့် စုမင်က စစ်မြေပြင်ရှိမွှန်ထူဆ နေသောသွေးနံ့များကို ပိုမိုရှုရှိုက် လာရသည်။သူ့ဘယ်ဘက်လက်မှာ နာကျင်မှုပေါ်လာပြီး သူ့လက်က ယောင်ကိုင်းလာလေသည်။ထိုလက္ခဏာက မရဏအရှိန်အဝါကို အလွန်အကျွံ စုပ်ယူခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။သို့သော် သူ့ဘယ်ဘက်လက်ရှိ အမှတ်အသားမှာ ဆက်လက် စုပ်ယူနေဆဲ ပင်ဖြစ်သည်။
သူ၏ညာလက်ရှိ ကျိန်စာက အနက်ရောင်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ကျိန်စာဒဏ်ကို ခံခဲ့ရသူဦးရေလည်း တိုးများလာကာ ၎င်းတို့ထဲမှ တစ်ဦးသေဆုံးပြီးတိုင်း ၎င်းတို့၏ ခန္ဓာကိုယ် ပေါက်ကွဲကာ ၎င်းတို့ပတ်ဝန်းကျင်ရှိ လူများကို ကူးစက်သွားမည်ဖြစ်သည်။
စုမင်က သူ့တည်ရှိမှုအားလုံးကို ဖုံးကွယ်ထားလိုက်သည်။ သူက စစ်မြေပြင်တစ်လျှောက်တွင် ပြင်းထန်စွာ ပျံ့နှံ့နေသော နတ်ဘုရားအာရုံများစွာကို ခံစားနိုင်သည်။ ထိုအရာများစွာက သူ့ကို အငမ်းမရ ရှာဖွေနေသော်လည်း သူ့ကို ရှာမတွေ့နိုင်ပေ။ စစ်ပွဲများဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ သူ့ကိုရှာဖွေရန်ကြိုးစားသူအရေအတွက် လျော့နည်းသွားသော်လည်း ၎င်းတို့မှာ သုံးလေးဦးခန့်ကျန်ရှိ နေသေးသည်။
တိုက်ပွဲအစကတိုင် စုမင်က သူထိုင်နေသည့် ကျောက်တုံးကို မှီနေလေ၏။ ချမ့်ချန်က သူ့နောက်တွင် လဲလျောင်းနေပြီး သေချင်ယောင်ဆောင်နေလေသည်။ချမ့်ချန်က သူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသည်ကို မမြင်ရသော်လည်း အဆက်မပြတ် ပေါက်ကွဲသံများနှင့် နာကျင်အော်ဟစ်သံများက သူ့ကို ကြောက်ရွံ့ထိတ်လန့်မှုတွေ ပြည့်နှက်နေစေသည်။
တိုက်ပွဲများက အဆမတန် ပြင်းထန်လာပြီးနောက် သေဆုံးမှု အရေအတွက်က အင်မတန် ခုန်တက်လာသည်။၊ စုမင်၏နတ်ဘုရားအာရုံတွင် အင်မော်တယ်မြူရွက်ဂိုဏ်း၌အမြင့်ပေတစ်ထောင်ရှိသော စစ်ရထားနှစ်စင်းပေါ်လာသည်ကို သတိပြုမိသည်။
ထိုစစ်ရထားများဆီမှ သူ့ကို မျက် မှောင်ကြုတ်သွားစေသည့် အဖျက်စွမ်းအားတစ်ခုကို ခံစားရသည်။ မကြာခင်မှာပင် ထိုရထားနှစ်စင်းက ပေါက်ကွဲထွက်လာသော အဖြူရောင်အလင်းတန်းနှစ်ခုကညနတ်ဆိုးဂိုဏ်းဆီသို့ ဦးတည်သွားပါတော့သည်။။ ထိုအချိန်တွင် လောကကြီးက အဖြူရောင်အလင်းတန်းများနှင့်ပြည့်နှက်သွားလေသည်။
ထိုအချိန်တွင် အချိန်က ခေတ္တ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။ ထို့နောက် စုမင် ပေါက်ကွံသံကြီး ကြားလိုက်ရပြီး သူ၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ လူတစ်သောင်းဆီမှ ထွက်ပေါ်လာသော မရဏအငွေ့အသက်က အခြားသူများ မမြင်ရဘဲ သူ့ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာသည်။
မဟာမြူရွက်အင်မော်တယ်ဂိုဏ်းရှိ စစ်ရထားနှစ်စင်းမှ တုန်လှုပ်ချောက်ချားဖွယ်ရာ တည်ရှိမှု ထွက်ပေါ်လာသည်။ စုမင်က အသက်ပြင်းပြင်းရှူရှိုက်ရင်း သူ့မျက်နှာမှာ လေးနက်သော အမူအရာ ပေါ်လာလေသည်။ မဟာမြူရွက်အင်မော်တယ်ဂိုဏ်းက ဤမျှကြောက်စရာကောင်းသော ထူးဆန်းသောရတနာကို ပိုင်ဆိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
သူ့မျက်လုံးများက တောက်ပြောင်နေပြီး အတွင်းက စိတ်လှုပ်ရှားမှုကို ဖော်ပြနေဆလသည်။ ဤသည်မှာ သူ့အား စိတ်ဝင်စားမှု ပြင်းထန်စွာ ဖြစ်ပေါ်စေခဲ့ သော ပထမဆုံး ထူးဆန်းသော ရတနာဖြစ်သည်။
သူ ရှေ့သို့တိုးလာရင်း သူ့ခြေလှမ်းများက ရုတ်တရတ် ရပ်တန့်သွားသည်။ သူ့အမူအရာက လျင်မြန်စွာ ပြောင်းလဲသွားပြီး သူ့ ခေါင်းကို ချက်ချင်း မော့လိုက်သည်။ ထိုအချိန်တွင် သူ့အထက်မှ မြူခိုးထုကြီး ပေါ်လာပြီး ရှည်လျားသော ခရမ်းရောင် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုရှည်လျားသောအလင်းတန်းက ကောင်းကင်ရှိ မြူခိုးများထဲမှ ဆင်းသက်လာခဲ့ပြီး ၎င်းမှာ... ခရမ်းရောင်ဝတ်ထားသည့် တိထျန်းဖြစ်သည်။
သူ့ခန္ဓာကိုယ်က ကျယ်လောင်သော ပေါက်ကွဲသံနဲ့အတူ ဆင်းသက်လာလေသည်။ သူ့ဖိနပ်များအောက်မှာ အနက်ရောင်ယပ်တောင်တစ်ချောင်းရှိနေပြီး သူ့ဆီမှ အလင်းတန်းများ ဖြာထွက်လာလေသည်။
ထိုအချိန်တွင် စုမင်၏သတ်ဖြတ်လိုစိတ်နှင့် ရူးသွပ်မှုကို မည်သူမျှ မတားဆီးနိုင်တော့ပေ။ သူ၏ခံစားချက်ကို မဖိနှိပ်ချင်တော့ပေ။ တိထျန်း၏ကိုယ်ပွားများထဲမှတစ်ဉီးသည် ဤနေရာတွင် ဆင်းသက်လာမည်ဟု သူမထင်ထားပေ။ ရလဒ်မှာ ကိုယ်ပွားနှစ်ခုကို ကွဲကွာသွားစေခဲ့သည်။
ထိုအခွင့်အရေးက စုမင်အတွက် ကောင်းကင်ဘုံက ပေးခဲ့သောဆုလဒ်ပင်ဖြစ်သည်။
သူ့မျက်လုံးများက သွေးဆာမှုနှင့်အတူ ချက်ချင်းပင် နီရဲလာသည်။