← Chapters

ပင်လယ်ပြာ

Vol. 5 Ch. 61

ပင်လယ်ပြာ

Vol. 5 Ch. 61

#ဘာသာပြန် = စနိုးဝှိုက်

မနက်ခင်းမှာတော့ ဆန်နီဟာ မသက်မသာပဲ နိုးထလာခဲ့တယ်..။အနက်ရောင် ရေပြင်ရဲ့ ကြောက်လန့်စရာ အမှောင်ထုမူတွေကတော့ သူ့ စိတ်ထဲမှာ ရှိနေတုနိးပါပဲ..။

'သောက်ကျိုးနဲ..။ငါက အရိပ်ရဲ့သားတော်ပဲ..။ဘာလို့ ငါက ငါ့ပိုက်နက်ကို ပြန်ကြောက်နေရမှာလဲ..."

သို့ပေမယ့် သေချာစဥ်းစားကြည့်ရင် ..အမှောင်ထုနဲ့ အရိပ်တွေဆိုတာက တူညီတဲ့ အရာမဟုတ်ပေ..။လူတွေ အတော်များများက ဒီအချက်ကို မှားတတ်ကြပါတယ်..။အရိပ်တွေ ဆိုတာက အလင်းရဲ့ မတည်ရှိမူကနေ မွေးဖွားလာခဲ့တာပါ..။တစ်ဖက်မှာတော့ စစ်မှန်တဲ့ အမှောင်ထုဆိုတာက သူ့ရဲ့ ကိုယ်ပိုင် တည်ရှိမူတစ်ခုပါပဲ..။

သေချာစဥ်းစားကြည့်ရင်..အရိပ်တွေဆိုတာက..အမှောင်ထု ထက်..အလင်းနဲ့တောငိ ပိုပြီး တွဲဖက်မူ ရှိပါသေးတယ်..။

'ငါဆိုလိုတာက..သူတို့ ရှိနိုင်တယ်မလား..'

သူ့စိတ်ထဲက ငြင်းခုန်မူတွေက နေ့သစ်တစ်ခုကို စတင်ဖို့ အကောင်းဆုံး ပုံစံ မဟုတ်ပါဘူး..။ဒါက သူ့ရဲ့ ဆိုးဝါးတဲ့ ခံစားချက်တွေကိူ ပိုပြီး ဆိုးလာဖို့ပဲ ရှိတာပါ..။သက်ပြင်းအနည်းငယ်ချပြီး လက်ဆန့်တန်းကာ သန်းလိုက်တယ်..။

" မောနင်း..."

သူ့ရဲ့ အသံက..ကျဆင်းသွားတဲ့ ရေတွေရဲ့ အသံကြောင့် ပျောက်ကွယ်သွားလု မတတ်ပါပဲ..။နေထွက်လာတာနဲ့ အနက်ရောင်ပင်လယ်ကြီးကတော့ ဆုတ်ခွာသွားခဲ့ပါပြီ..။ဆန်နီ နောက်ဆုံးတော့ အနည်းငယ် စိတ်သက်သာရာရ သွားခဲ့တယ်..။

"မောနင်း.."

နစ်ဖီက ..နောကိဆုံး ကင်းစောင့်တဲ့လူဖြစ်တာကြောင့် သူမက အစောကတည်းက နိုးနေခဲ့ပါပြီ..။ပုံမှန်အားဖြင့် သူမက အမှောင်ထဲမှာ ထရားထိုင်ရင်းပဲ ကင်းစောင့်လေ့ရှိတာပါ..။သူမရဲ့ မျက်လုံးတွေ ဖွင့်ထားရင်လည်း..ဘာမှ မထူးခြားပါဘူး..။

ဆန်နီကလွဲလို့ ဘယ်သူကမှ အမှောင်ထဲမှာ မြင်ရမှာ မဟုတ်ပေ..။

သူ မတ်တတ်ရပ်လာတာကို ကြားပြီး ပြောင်းလဲ နေတဲ့ကြယ်ပွင့်ဟာ မျက်လုံးဖွင့်လိုက်တယ်..။သူမရဲ့ မျက်လုံးထဲမှာ..အဖြူရောင် အလင်းတန်း တစ်ချို့ ကျန်နေတုန်းဖြစ်ပေမယ့်..အပြင်ဘက် အလင်းရောင်ရဲ့ အောက်မှ အလျင်အမြန် ပျောက်ကွယ်သွားခဲ့ပါတယ်..။သူမ ဆန်နီကို ကြည့်ပြီး ပြုံးပြလိုက်တယ်..။

ပြီးခဲ့တဲ့ နှစ်ပတ်လုံးမှာ နစ်ဖီ ကိုယ်တိုင်ကလည်း..လေ့ကျင့်နေခဲ့တာပါ..။သို့ပေမယ့် သူမက ဓားရေးကို လေ့ကျင့်နေတာ မဟုတ်ပေ..။

သူမက အမှန်တကယ် သာမန်လူတစ်ယောက်လို ဘယ်လိုပြုမူရမလဲ ဆိုတာကို လေ့ကျင့်နေခဲ့တာပါ..။ရလာဒ်အနေနဲ့ သူများတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ ရှက်ရွံ့စရာ အခြေအနေတွေ နည်းပါးလာခဲ့တယ်..။

ဆန်နီလည်း ဒီလို အခြေအနေကို အရင်တုန်းကလည်း ဖြတ်ကျော်ခဲ့ဖူးလို့ နားလည်ထားပါတယ်...။တစ်ချို့အခြေအနေတွေ ဆိူရင် သူမက ကတ်စီ စကားဘယ်လိုပြောတယ် ဘယ်လို ပြုမူ တယ်ဆိုတာကို လေ့လာနေတာ သူသတိထားမိပါတယ်..။

ပထမဆုံး အကြိမ် သူမက အပြုံးနဲ့ နှုတ်ဆက်လာတဲ့ အချိန်မှာတော့ ဆန်နီ ထိပ်လန့်သွားပြီး အဇူရာဓားကို ပါ ထုတ်မိတော့မတတ်ပါပဲ..။သို့ပေမယ့် နစ်ဖီက အတော်လေးကို ပါးနပ်ပါတယ်..။ဒီနေ့ သူမရဲ့ အပြုံးတွေက အတော်လေးကို သဘာဝ ဆန်နေခဲ့တာပါ..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့်က ဘာလို့ ပေါင်းသင်းဆက်ဆံရေး ကောင်းချင်ရတာလဲ ဆိုတာကိုတော့ သူ နားမလည်ခဲ့ပေ..။ဒီနေရာမှာ သူတို့အချင်းချင်းကလွဲပြီး ဆက်ဆံစရာ ဆိုလို့ မွန်းစတား တွေပဲ ရှိတာပါ..။သို့ပေမယ့် သူ စိတ်မရှိခဲ့ပေ..။

အမှန်တော့ ဒါက လည်း ကြည့်နေရတာ ဖျော်ဖြေမူ တစ်ခုလိုပါပဲ..။

တစ်ဖက်မှာတော့ သူမရဲ့ စွမ်းရည်ကို ထိန်းချုပ်နိုင်ဖို့ ဆိုးဝါးတဲ့ နာကျင်မူတွေကို ကျိတ်မှိတ်ခံနေရတာလည်း ပျော်စရာ ကောင်းတဲ့ အရာ မဟုတ်ပါဘူး..။သူတို့ ဒီီကိစ္စကိုတော့ မပြောကြပေ..။နစ်ဖီ တရားထိုင်သလို လုပ်နေတာက သူမရဲ့ ဝေဒနာကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ် ဆိုတာကို သူသိပါတယ်..

သူ ဒါကို တွေးမိတဲ့ အခါမှာ ရင်ထဲ နာကျင်သလို ခံစားလိုက်ရတယ်..။ဒါက ဘယ်လို ခံစားချက်လဲ ဆိုတာကို မသိပေမယ့်..သူများတွေ ပြောတဲ့ သနားဂရုဏာ တရားလည်းဖြစ်နိုင်ပါတယ်..။အနည်းဆုံးတော့ ဒါက စာအုပ်ထဲတွေ ဒရမ်မာ တွေထဲမှာ ဖော်ပြထားတာနဲ့ တစ်ပုံစံတည်းပါပဲ..။

သူ ဒီအကြောင်းကို အများကြီး သိထားတာတော့ မဟုတ်ပေ..။

သူတို့ မနက်စာ စားပြီးတဲ့ နောက်မှာတော့..နစ်ဖီဟာ..ဆန်နီ ရဲ့ ဘက်ကို လှည့်လိုက်ပြီး..

"ပတ်ဝန်းကျင်ကို လေ့လာကြရအောင်.."

သူတို့ နောက်ထပ် ခြေလှမ်းကို လှမ်းဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်..။ပုံမှန်အားဖြင့် အနားမှာ ရှိတဲ့ နောက်ထပ် အမြင့်ပိုင်းတွေကလည်း ပင်လယ်ရေအထက်မှာ နေနိုင်ပါတယ်..။သူတို့က ဘယ်တစ်ခုကို အရောက်သွားနိုင်လဲ ပဲ စစ်ဆေးရမှာပါ..။

ဆန်နီ သူမကို ခေါင်းညိမ့်ပြလိုက်တယ်..။

"ကောင်းပြီလေ.."

သူ ထပ်တူညီမူကို ထုတ်လိုက်ပြီး ကတ်စီကို ကာကွယ်ဖို့ ထားလိုက်တယ်..။ပြီးတာနဲ့ တစ်ခုခုဖြစ်လာမှာစိုးတာကြောင့် အရိပ်ကိုပါ ထပ်ထားခဲ့လိုက်ပါတယ်..။ယင်းနောက် ဆန်နီ ဟာ နစ်ဖီ နောက်ကို လိုက်သွားလိုက်ပါတယ်..။

ပြောင်းလဲ နေတဲ့ကြယ်ပွင့် နံရံတွေပေါ်မှာ ပြေးနေတာက လေပေါ်မှာပျံနေသလိုပါပဲ..။သူမရဲ့ ခန္တာကိုယ် အင်အားကို အသုံးပြုပြီး ..အလျင်အမြန် အပေါ်ကို ဆက်တက်ကာ ​ပျောက်ကွယ်သွားခဲ့တယ်..။မကြာခင်မှာပဲ..သူ့ရှေ့ကို ရွှေရောင် ကြိုးတစ်ချောင်း ပြန်ကျလာခဲ့ပါတယ်..။

နစ်ဖီဟာ သူ့ကို သားရဲကြီးရဲ့ ကျောရိုးပေါ်ကို တက်ဖို့ ကူညီပေးပြီး အနောက်ဘက်ကို ကြည့်လိုက်ကြတယ်..။အ​နောက်ဘက်မှာတော့ အဆုံးမရှိတဲ့ သန္တာကျောက် ဝင်္ကပါတွေ ရှိနေပြီး ဟိုဟိုဒီဒီမှာတော့ အစက်အပျောကိတွေ ရှိနေခဲ့ပါတယ်..။ဒါတွေက တော့ အရမ်းကို ရှားပါးတဲ့ အမြင့် နေရာတွေပါ..။

သို့ပေမယ့် သူတို့ မြင်လိုက်တဲ့ အရာတစ်ခုကြောင့် ဆွံ့အသွားခဲ့တယ်..။

အတော်ဝေးဝေးတစ်နေရာမှာ ဝင်္ကပါရဲ့ အရောင်တွေက ပြောင်းလဲသွားသလိုပါပဲ..။သန္တာကျောက် တွေရဲ့ အရောင်က အညိုရောင်တွေ ဖြစ်နေခဲ့တာပါ..။ဒီအရာတွေက မသိနိုင်တဲ့ အရာတစ်ခုခုကြောင့် အသက်မဲ့နေသလိုပါပဲ..။ကျောက်တုံးပုံစံ အရာကြီးတစ်ခုကတော့ အချိန်မရွေး ကြေမွတော့မလိုတောင် ထင်နေခဲ့ရတယ်..။

ဝင်္ကပါရဲ့ နံရံတွေကတော့ အညိုရောင် သဲပင်လယ်ကြီးထဲကို နစ်မြုပ်နေသလိုပါပဲ..။နောက်တစ်ခုက..အဲဒီနေရာမှာမွန်းစတား တစ်ကောင်မှ ရွေးလျားနေတာကို သူတို့ မတွေ့ရပေ..။

သူတို့ ရဲ့ အနောက်ဘက်မှာလည်း မြင်နိုင်တဲ့ အမြင့်နေရာက တစ်နေရာတည်း ရှိပါတယ်..။အတော်မြင့်မြင့် နေရာတစ်ခုမှာ မြေကြီးကနေ မြင့်တက်ပြီး ကုန်းမြင့် တစ်ခုဖြစ်နေခဲ့တာပါ..။ဒီတစ်ခုက သူတို့ မြင်နိင်တဲ့ အထဲမှာတော့ အကြီးဆုံးပါပဲ..။

သန္တာကျောက်တွေပေါ်မှာတော့ အညိုရောင်သဲတွေ ဖုံးအုပ်နေတဲ့ သဲတောင်ကြီးတစ်ခု ရှိနေခဲ့တယ်..။ဒီတောင်ကြီးကိုတော့ ကြီးမားတဲ့ သစ်ပင်ကြီးက ရစ်ပတ်ထားပါတယ်..။

ဒီသစ်ပင်ကြီးဟာ ကောင်းကင်ကြီးကို တာဝါကြီးတစ်ခုလို ထိုးတက်နေခဲ့တယ်..။သူ့ရဲ့ အကိုင်းအခက်တွေကတော့ တစ်ကျွန်းလုံးကို ဖုံးလွှမ်းဖို့ အတွက်တောင် လုံလောက်ပါတယ်..။သစ်ပင်ကြီးရဲ့ ပင်စည်က..အနက်ရောင် ဒီရေတွေလို မဲနက်နေပြီး ..အရွက်တွေကတော့ သွေးလို နီရဲနေခဲ့ပါတယ်..။

ဆန်နီ တံတွေးမြိုချလိုကက်တယ်..။

"ဒါ..ဒါက ဘာကြီးလဲ.."

နစ်ဖီလည်း စဥ်းစားလိုက်ပေမယ့် ဘာမှပြောစရာ မရှိပေ..။သူမက အဝေးကို ကြည့်နေပြီးသာ မျက်မှောင် ကျုတ်နေခဲ့ပါတယိ..။

အဲ့အချိန်မှာတော့..သစ်ပင်ရဲ့အောက်ခြေကနေ တစ်ခုခု တောက်ပတာ ပေါ်လာခဲ့တယ်..။တောက်ပမူက ရှင်းလင်းနေပြီး သူတို့နေတဲ့ နေရာကနေတောငိ သေချာ မြင်နေရပါတယ်..။ဒီအရာကြီးက ကြီးမားတဲ့ မှန်ကြီးတစ်ချပ်လိုပဲ..နေရောင်ကို အလင်းပြန်နေခဲ့တယ်..။တစ်ခနလောက် ကြာပြီးတဲ့ နောက်မှာတော့ ဒါက ပျောက်သွားပြီး.အတော်ကြာမှ ပြန်ပေါ်လာခဲ့တယ်..။

' မှန်တစ်ချပ်လား...'

ဆန်နီ မနေ့ညက အခြေအနေကို ပြန်ပြီး မှတ်မိလိုက်တယ်..။အကြောင်းပြချက် တစ်ချို့ကြောင့် သူ ကြောက်ရွံ့သွားသလိုပါပဲ..။

ခနလောက်ကြာပြီးမှ ..သူ နစ်ဖီကို ပြောလိုက်တယ်..။

"ဘယ်လိုထင်လဲ.."

သူမ အနည်းငယ် စဥ်းစားပြီး သူ့ဖက်ကို ​လှည့်လိုက်ပါတယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့် တွေဝေ နေတုန်းမှာ သူ ခြောက်သွေ့နေတဲ့ ကုန်းမြေကြီးကို ပြန်ကြည့်လိုက်တယ်..။နောက်ဆုံးမှာတော့ သူမ ပြောလာခဲ့တယ်..။

"ဒါက အနောက်ဘက်ကို သွားမယ့် တစ်ခုတည်းသော လမ်းကြောင်းပဲ.."

ဆန်နီ အကြည့်ကို လွှဲလိုက်တယ်..။ဆန်နီ ဒီအရာကြီးကို သိပ်ပြီးတော့ သဘောမတွေ့ပါဘူး..။

"ဒီတော့ ငါတို့သွားကြမှာလား.."

နစ်ဖီ သစ်ပင်ကြီးဘက်ကို ပြန်ကြည့်လိုက်ပြီး..ပုခုံးတွန့်လိုက်တယ်..။

"ငါတို့မှာ ရွေးချယ်စရာ ရှိလို့လား.."

***

အချိန်တစ်ချို့ ကြာပြီးတဲ့ နောက်မှာတော့ သူတို့ ကြီးမားတဲ့ သားရဲကြီးရဲ့ အရိုးစု နေရာကို စွန့်ခွာပြီး အနောက်ဘက်ကို ခရီးဆက်လိုက်ကြတယ်..။

အစကတော့ သူတို့ ဒီထူးဆန်းတဲ့ ကျွန်းကြီးရဲ့ အနားကို ကပ်ဖို့ မစီစဥ်ထားကြပါဘူး..။သို့ပေမယ့် သူတို့ ဒီနယ်မြေကို ဝင်တာနဲ့ မတော်လေး သဘာဝ မကျသလို ခံစားလိုက်ရပါတယ်..။

အညိုရောင် သဲတွေက သူတို့ရဲ့ ခြေထောက်အောက်မှာ ရှိနေပြီး သေဆုံးနေတဲ့ သန္တာကျောက်နံရံတွေက ဘေးပတ်လည် မှာ ရှိနေခဲ့တယ်..။သူတို့ အုပ်စုကတော့ မသိနိုင်တဲ့ အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားပြီးပါပြီ..။

သူတို့ အပေါ်ကနေ ကြည့်တုန်းက ဒီနေရာမှာ ဘာသားရဲမှ မမြင်ရတာကြောင့် သူတို့မှာ အန္တရာယ် မရှိဘူးလို့ မဆိုလိုပါဘူး..။

အိပ်မက်ဆိုးသားရဲတွေအတွက် ပုန်းကွယ်ဖို့ နည်းလမ်းတွေက အများကြီး ရှိကြပါတယ်..။အိပ်စက်သူတွေအတွက် သိမှတ်စရာ အရာတစ်ခု ပြောပါဆိုရင်တော့..ဒီနေရာမှာ အရာရာတိုင်းက အသက်အန္တရာယ် ရှိတယ် ဆိုတာပါပဲ..။

သို့ပေမယ့် သူတို့ရဲ့ ဒီမသိစိတ်က ဒီတစ်ကြိမ်တော့ မှားယွင်းသွားခဲ့တယ်..။ဒီ ခြောက်သွေ့တဲ့ ကုန်းမြေကြီးက တိတ်ဆိတ်ပြီး ဘာမှ ရှိမနေခဲ့ပေ..။ဒီမှာ သက်ရှိတွေရဲ့ ..တည်ရှိမူကိုတောင် မခံစားကြရပါဘူး..။သားရဲတွေ မရှိဘူးဆိုတဲ့အရာက စိတ်သက်သာရာရစရာ ဖြစ်ပေမယ့်..ဆန်နီကတော့ ပိုပြီး ထိပ်လန့်သလိုတောင် ခံစားလိုက်ရပါတယ်..။

အခြေအနေ တစ်ခုလုံးက အန္တရာယ် ပြည့်နှက်နေခဲ့ပါတယ်..။ဒါက ထူးဆန်းပြီး..သဘာဝ မဆန်ခဲ့ပေ..။

သားရဲတွေတောင် ဒီနေရာကို လာဖို့ ကြောက်ကြတာလား..။သို့ပေမယ့် သူတို့ကတော့ ကိုယ့်ခြေထောက်နဲ့ကို အထဲကို ပိုပိုပြီး တိုးဝင်လာခဲ့ကြပါတယ်..။

မကြာခင်မှာတော့ သူတို့ဟာ ဝင်္ကပါ နံရံ တွေ..အမှုန့်အဖြစ် ပြောင်းသွားတဲ့ နေရာကို ရောက်လာခဲ့တယိ..။အခုတော့ သူတို့နဲ့ သစ်ပင်ကြီး ရှိနေတဲ့ တောင်ကုန်းကြီးရဲ့ ကြားထဲမှာ ကျယ်ပြန့်တဲ့ သဲမြေ တွေပဲ ရှိပါတော့တယ်..။

ဒီ သဲမြေတွေ ပေါ်မှာတော့ ဘယ်အရာမှ ပုန်းကွယ်မနေခဲ့ပေ..။

သို့ပေမယ့် သူတို့လည်း..တစ်စုံတစ်ခုရဲ့ အကြည့်အောက်ကနေ ဘယ်နေရာမှာမှ ပုန်းခိုလို့ မရပါဘူး..။

ဆန်နီ နစ်ဖီကို ကြည့်လိုက်ပြီး..

"ဒီဟာကို လုပ်ချငိတယ် ဆိုတာ သေချာလား."

ပြောင်းလဲ နေတဲ့ကြယ်ပွင့်ဟာ အနည်းငယ် စဥ်းစားပြီး မှ ပြောလိုက်ပါတယ်..။

"သွားကြရအောင်.."

All Chapters