← Chapters

အခန်း (၆၂)

Vol. 5 Ch. 62

အခန်း (၆၂)

Vol. 5 Ch. 62

#ဘာသာပြန် = စနိုးဝှိုက်

သူတို့နဲ့ ရင်းနှီးနေပြီဖြစ်တဲ့ ဝင်္ကပါထဲကနေ ထွက်ပြီး..ကျယ်ပြန့်ကာ ခြောက်ကပ်နေတဲ့ နေရာကို ဝင်လိုက်ကြတယ်..။ဆန်နီ အတော်လေးကို မသက်မသာ ခံစားနေရပါတယ်..။

သူက ဘေးနားမှာ..မြင့်မားတဲ့ သန္တာကျောက်တန်း နံရံကြီးတွေ ရှိနေတာနဲ့ပဲ အသားကျနေခဲ့တာပါ..။ဝင်္ကပါထဲမှာ..အန္တရာယ်တွေ အများကြီး ရှိနေတာက လွဲလို့..လုံခြုံမူ အနည်းငယ်ကိုလည်း ခံစားရပါသေးတယ်..။

အနည်းဆုံးတော့..အဲ့တုန်းက ဆန်နီ မှာ..အခြေအနေကို အကဲခတ်လို့ရတဲ့ အရိပ်ထောက်လှမ်းမူ ရှိနေတာကပဲ ကျေးဇူးတင်စရာပါ..။

အခုတော့ သူတို့ရဲ့ မြင်ကွင်းကို ဘယ်အရာကိုမ မကာကွယ်ထားတာကြောင့် ဒီအားသာချက်က မရှိတော့ပေ..။

'ဒီမှာ ဘယ်သူမှ မရှိဘူး..'

ဒီအတွေးက သူ့ကို စိတ်သက်သာရာ ရစေရမှာဖြစ်ပေမယ့် ဆန့်ကျင်ဘက်ဖြစ်နေခဲ့တယ်..။အမှန်တကယ်ပဲ ဒီခြောက်သွေ့နေတဲ့ နယ်မြေထဲမှာ ဘာ အိပ်မက်ဆိုးသားရဲမှ ရှိမနေပါဘူး..။ဒါပေမဲ့ ဘာလို့ အဲလိုဖြစ်နေတာလဲ..။

သူတို့က ဘာလို့ ဒီနေရာကို မလာကြတာလဲ..

နစ်ဖီဟာ အဖွဲ့ရဲ့ ရှေ့ကနေ လျောက်နေပြီး ဆန်နီကတော့ နောက်ကနေ လိုက်နေခဲ့တယ်..။အထပ်တူညီမူကတော့ သူတို့ နောက်ကနေ ကပ်လိုက်နေခဲ့ပါတယ်..။သူ ဘေးပတ်လည်ကို ကြည့်လိုက်ပြီး အသံကို နိမ့်ကာ ပြောလိုက်တယ်..။

"ငါ ဒီခံစားချက်ကို မကြိုက်ဘူး.."

နစ်ဖီက သူမရဲ့ ပုံမှန် မှင်သေသေ အကြည့်နဲ့ ကြည့်လိုက်ပါတယ်..။ယင်းနောက် ပြန်လှည့်သွားပြီး ဘာမှ မဖြစ်သလိုပြောလိုက်တယ်..။

"သတိ နဲ့နေ.."

သူတို့ တိတ်တဆိတ်ပဲ ရှေ့ဆက်နေခဲ့ကြတယ်..။သဲတွေကတော့ သူတို့ရဲ့ ခြေချောင်းတွေ ကြားထဲကို ဝင်ရောက်နေခဲ့တာပါ..။မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ..လက်ဟန်ပြပြီး ရပ်တန့်ဖို့ အချက်ပြလိုက်တယ်..။သူမက ဆန်နီ ဘက်ကိုလှည့်လိုက်ပြီး..

"နင့် အရိပ်က တစ်ခုခု သတိထားမိတာ ရှိလား.."

သူ ခေါင်းခါယမ်းလိုက်တယ်..။

"မရှိဘူး..ဟိုနား ဒီနားမှာ .ပုံမှန်မဟုတ်တဲ့ တောင်ပူစာ လေးတွေ ၊ ချိုင့်ဝှမ်းလေးတွေ ရှိတယ်..။ဒါပေမဲ့ သူတို့က ရွေ့လျားမူ မရှိကြဘူး..။သူတို့တွေက အသက်မဲ့သလိုပဲ ဖြစ်နေကြတာ.."

သူ ကတ်စီ ဘက်ကို လှည့်ပြီး မေးလိုက်တယ်..။

"နင် တစ်ခုခု ကြားသေးလား.."

တစ်ခါတစ်လေဆိုရင် ကတ်စီ ရဲ့ အကြားအာရုံက သူ့ရဲ့ အရိပ်ထက်တောင် သက်ရောက်မူ ရှိပါသေးတယ်..။သူတို့ မုန်တိုင်းမိခါနီး တုန်းက..ကတ်စီ ကပဲ တစ်ခုခု မှားနေတယ် လို့ ခံစားမိခဲ့တာပါ..။

သိူ့ပေမယ့် ဒီတစ်ကြိမ်တော့ အသုံးမဝင်ခဲ့ပေ..။သူမက ခေါင်းကို သာ ခါယမ်းပြလိုက်တယ်..။

နစ်ဖီ သက်ပြင်းချပြီး ခေါင်းငုံ့ကာ တွေးလိုက်ပါတယ်..။ယင်းနောက် သူမ ဟာ..ရှေ့ကို ဆက်ကြည့်လိုက်ပြီး..

"ဆက်သွားကြရအောင်.."

သို့ပေမယ့် သူမဟာ လမ်းကြောင်းကို ပြောင်းလိုက်ပြီး ဆန်နီ သတိထားမိခဲ့တဲ့ တောင်ပူစာ တွေထဲက တစ်ခုကို ဦးတညိလိုက်တယ်..။

သူတို့ အနီးကို ရောက်သွားတဲ့ အချိန်မှာတော့ နေ့လည်ကို ရောက်နေခဲ့ပါပြီ..။နေက သူတို့ရဲ့ အပေါ်ကို ရောက်နေခဲ့ပြီး..သူတို့ရဲ့ အရိပ်တွေကို သေးငယ် နေစေခဲ့တယ်..။ဆန်နီ ရဲ့ အရိပ်ကတော့ သူ့ဆီကို ပြန်ရောက်လာခဲ့ပါတယ်..။

နစ်ဖီဟာ..သူမရဲ့ ဓားကို ထုတ်လိုက်ပြီး တောင်ပူစာ နားကို ဖြည်းဖြည်းချင်း တိုးသွားခဲ့တယ်..။သို့ပေမယ့် သူတို့ သတိထားမိလောက်တဲ့ ထွေထွေထူးထူး အရာ ရှိမနေခဲ့ပါဘူး..။တောင်ပူစာ လေးဟာ..ဆန်နီ ရဲ့ အရပ်လောက် မြင့်ပြီး...ကျန်တဲ့ အညိုရောင် သဲပြင်တွေနဲ့ အတူတူပါပဲ..။

ဒီအရာက ဘာမှ အန္တရာယ် မရှိပေမယ့်..စစ်ဆေးကြည့်တာကလည်း မမှားပေ..။ဒါက သူတို့ကို အချက်အလက် အနည်းငယ် ရစေတာလည်း ဖြစ်နိုင်ပါတယ်..။

ပြောင်းလဲ နေတဲ့ ကြယ်ပွင့်ဟာ သူ့ရဲ့ လက်နဲ့ တောငိပူစာ လေးကို ထိကြည့်ဖို့ လုပ်လိူက်တယ်..။အဲ့အချိန်မှာပဲ..ဆန်နီဟာ သူတို့လာခဲ့တဲ့ ဝင်္ကပါရဲ့ အဆုံးနေရာက တစ်ခုခု ရွေ့လျားသွားတာကို သတိထားမိလိုက်ပါတယ်..။

ချက်ချင်း ဆိုသလို ပဲ ဆန်နီ ထပ်တူညီမူ အနားကို ကပ်သွားလိုက်ပြီး နစ်ဖီကို အမြန်ပြောလိုက်တယ်..။

"ပုန်း.."

တစ်ချ်ိန်တည်းမှာပဲ သူ ..ကြေးခွံသားရဲကို ပြန်သိမ်းလိုက်ပါတယ်..။အပေါ်မှာ တက်စီးနေခဲ့တဲ့ ကတ်စီဟာ အောက်ကို ပြုတ်ကျသွားခဲ့တယ်..။ဆန်နီ သူမ ကို ချက်ချင်းခေါ်သွားလိုက်ပြီး တောင်ပူစာ ရဲ့ နောက်မှာ ပုန်းလိုက်ပါတယ်..။

ပြောင်းလဲ နေတဲ့ကြယ်ပွင့်ဟာ သူမရဲ့ လက်တစ်ဖက်ကို ကတ်စီ ရဲ့ ပုခုံးပေါ်တင်ပြီး..ဆန်နီကို မေးခွန်းထုတ်တဲ့ အကြည့်တွေနဲ့ကြည့်လိုက်တယ်..။

"အန္တရာယ် ရှိလို့လား.."

ဆန်နီ လက်တစ်ဖက်ကို မြှောက်ပြီး တိတ်တိတ်နေဖို့ အချက်ပြလိုက်တယ်..။သူ့အရိပ်က တော့ တောင်ပူစာကနေ ထွက်ပြီး လှုပ်ရှားတဲ့နေရာကို သွားလေ့လာနေခဲ့ပါပြီ..။

သူတို့နဲ့ အတော်ဝေးဝေးမှာတော့ ကြီးမားတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်..။လက်ရှစ်ချောင်း..အရိုးဓား နှစ်ခု ...အနက်ရောင် ကြေးခွံတွေနဲ့...နောက်ထပ် သားရဲခေါင်းဆောင် တစိကောင်လား..။

ဆန်နီ တိတ်တဆိတ်ကျိန်ဆဲ လိုက်တယ်..။

သူတို့ ဒီလိုမွန်းစတား နဲ့ နှစ်ကြိမ်တိုက်ခိုက်တာမှာ နှစ်ကြိမ်စလုံး အနိုင်ရရှိခဲ့ပါတယ်..။ဒါကလည်း သူတို့က တိုကိပွဲတစ်ခုချင်းစီကို သေချာပြင်ဆင်ပြီး အားသားချက်တွေ ရှိထားလို့ပါ..။

သူတို့သာ ထိပ်တိုက် ရင်ဆိုင်မယ် ဆိုရင်..ဘာထိခိုက်မူ မှ မရှိပဲ အနိုင်တိုက်နိုင်မယ်လို့ သူ သေချာ မပြောနိုင်ပေ..။

နစ်ဖီ ဘက်ကို လှည့်လိုက်ပြီး ဆန်နီ တီးတိုးပြောလိုက်တယ်..။

"ကြေးခွံသားရဲခေါင်းဆောင် က..ဝင်္ကပါထဲကနေ ထွက်ပြီး..လာနေတယ်.."

အဲ့အချိန်မှာပဲ ကတိစီဟာ..သူ့လက်ကို ထိပြီးမေးလိုက်ပါတယ်..။

"သူက ဘယ်ကို ဦးတည်သွားနေတာလဲ.."

ဆန်နီ မျက်တောင်ခတ်လိုက်ပြီး အရိပ်ရဲ့ အမြင်ကို အာရုံစိုက်လိုက်တယ်..။မကြာခင်မှာပဲ သူ စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။

"သူ့ကြည့်ရတာ..တစ်ခြားနေရာကို သွားနေတာ ထင်တယ်..။တကယ်လို့ ငါတို့သာ ဒီနောက်မှာ ဆက်ပြီး ပုန်းနေမယ် ဆိုရင်..သူ သတိမထားမိလောက်ဘူး.."

ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ခနလောက်တွေးပြီး ခေါင်းညိမ့်လိုက်တယ်..။

"သူ့ကိုဆက်ကြည့်ထားပြီး တစ်ခုခု ပြောင်းလဲတာနဲ့ ငါ့ကိုပြော.."

သူတို့ကို သူတို့ သေးငယ်အောင်ကြိုးစားပြီး သုံးယောက်သား တောင်ပူစာ နောက်မှာပုန်းနေခဲ့ကြတယ်..။သူတို့မှ ပုန်းစရာ နေရာလွတ် သိပ်ပြီးမရှိပါဘူး..။ဒီတော့ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မူကို သည်းခံနေကြရတယ်..။

ဖြစ်နိုင်တာက သည်းခံတယ် ဆိုတာက မှန်ကန်တဲ့စကားတော့ မဟုတ်ပါဘူး..။တစ်နည်းအားဖြင့် ပြောရရင် ဆန်နီဟာ ဒီထိတွေ့မူ ကို ကျေနပ်နေခဲ့တယ်..။

'မင်းဘာတွေ တွေးနေတာလဲ အရူး..မွန်းစတားကိုသာ အာရုံစိုက်ထား '

သို့ပေမယ့်..ကတ်စီရဲ့ နူးညံ့လှတဲ့ ခန္တာကိုယ်က သူ့ကို အာရုံစိုက်ရ ခက်ခဲစေပါတယ်..။

' မွန်းစတား ကို အာရုံစိုက်...'

နောက်ဆုံးတော့ ဆန်နီ မွန်းစတားကို ကြိုးစားပြီး အာရုံစိုက်ထားလိုက်တယိ..။

သားရဲကြီးကတော့..သဲမြေတွေပေါ်မှာ ဆက်တိုက် ရွေ့လျားနေခဲ့ပါတယ်..။မကြာခင်မှာပဲ သူက တစ်ခုခုကို အာရုံစိုက်မိသွားခဲ့တယ်..။

သားရဲကြီးရဲ့ ​အရိုးဓား ကြားထဲမှာတော့..လှပပြီး တောက်ပနေတဲ့ အမြုတေကို တွေ့လိုက်ရတယ်..။ဒါက အတော်လေးကို တောက်ပနေခဲ့တာပါ..။

အထွပ်အထိပ် အဆင့် စိတ်ဝိဥာဥ် အမြုတေ..

ဒီအမြုတေကို ကြေးခွံသားရဲ ခေါင်းဆောင်နှစ်ကောင်က ရေသတ္တဝါကြီးရဲ့ အလောင်းကနေ ယူသွားတာကို သူတို့ တွေ့ထားပြီးသားပါ..။

'ဒီတော့ ဒါက သူတို့ရဲ့ ပန်းတိုင်ပေါ့..'

ဆန်နီ တောင်ကုန်းပေါ်က ကြီးမားတဲ့ သစ်ပင်ကြီးဆီကို လှမ်းကြည့်လိုက်တယ်..။သူ့ရဲ့ ကြီးမားတဲ့ အကိုင်းအခက်တွေ သစ်ရွက်တွေကြောင့်..အတော်လေးကို ဒီဟက အ​တော်လေးကိာ ကြောက်ဖို့ကောင်းနေခဲ့တယ်..။

ကြည့်ရတော့ အဲ့နေရာမှာ တစ်ခုခု အဖိုးတန်တာ ဖုံးကွယ်ထားတဲ့ ပုံပါပဲ..။

သူ့ အမြင်တွေကို အဖွဲ့ဆီကို တီးတိုး မျှဝေပေးလိုက်တယ်..။

သားရဲကြီးဟာ..သူတို့ ပုန်းနေတဲ့ နေရာ နားကနေ ဖြတ်သွားကာ နီးနေခဲ့ပါပြီ..။သူတို့ကြားထဲမှာ အကွာအဝေး တစ်ခု ရှိနေပေမယ့်လာ်း ဆန်နီ ကြောက်နေတုန်းပါပဲ..။

မွန်းစတားကြီးဟာ..တောင်ပူစာ နဲ့ တစ်တန်းတည်း ရှိနေပေမယ့် မျက်တောင်တောင် မခတ်ပဲ ကျော်သွားခဲ့တယ်..။

သူ သက်ပြင်းချလိုက်တယ်.။

"သူက တောင်ကုန်းဆီကို ဦးတည်သွားနေပြီ.."

နစ်ဖီ စိတ်သက်သာရာ ရသွားခဲ့တယ်..။

"လိုက်ကြည့်နေ.."

ဆန်နီ ခေါင်းညိမ့်လိုက်ပါတယ်..။ခနအကြာမှာတော့ သူ့ရဲ့ အရိပ်ဟာ သားရဲကြီးနောက်က တိတ်တဆိတ် ဆက်လိုက်နေခဲ့တယ်..။သူ့ရဲ့ အရိပ် ထိန်းချုပ်မူ အကွာအဝေး တိုးတက်လာတာကြောင့်..ဆန်နီ တောင်ကုန်းအထိ လိုက်ပြီးကြည့်နိုင်ဖို့ ယုံကြည်ထားပါတယ်..။

သားရဲကြီးကတော့..အထွက်အထိပ် အမြုတေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း သဲတွေထဲမှာ သွားနေခဲ့တယ်..။သူ့ကြည့်ရတာ ဆန်းကျယ်တဲ့ တစ်နေရာရာကို သွားနေတဲ့ပုံပါပဲ..။

မကြာခင်မှာပဲ..သူဟာ အဖြူရောင် တောင်ကုန်းဆီ ရောက်သွားပြီး ရပ်တန့်သွားခဲ့တယ်..။သူ့ကြည့်ရတာ ..တစ်ခုခုကို ဖြတ်ကျော်ဖို့ ကြောက်ရွံ့နေသလိုပါပဲ..။ယင်းနောက် သားရဲကြီးဟာ အမြုတေကို သဲပြင်ပေါ် ချလိုက်ပြီး အနောက်ကို ပြန်ဆုတ်သွားခဲ့တယ်..။သူ့ရဲ့ မျက်လုံးတွေကတော့ မြေကြီးပေါ်ကိုသာ ကြည့်နေခဲ့ပါတယ်..။

အမြုတေ နဲ့ အကွာအဝေး တစ်ချို့ရောက်တဲ့ အချိန်မှာတော့ ကြီးမားတဲ့ သားရဲကြီးဟာ ဒူးထောက်လိုက်ပါတယ်..။

ဆန်နီ မျက်လုံးကို ပွတ်လိူက်ပြီး အမြင်မမှားတာ သေချာအောင် လုပ်လိုက်ပါတယ်..။

သူ အမြင်မမှားပါဘူး..။သားရဲကြီးဟာ သူ့ရဲ့ ခြေရှစ်ချောင်းလုံးကို ဒူးထောက်ချလိုက်ပြီး မြေကြီးနဲ့ ကပ်ထားခဲ့တာပါ..။သူ့ရဲ့ အရိုးဓားတွေကိုတော့ ခန္တာကိုယ်ရဲ့ ရှေ့မှာ ထားထားခဲ့တယ်..။

ဆန်နီရဲ့ ထူးဆန်းတဲ့ အမူအရာကို မြင်ပြီး နစ်ဖီ မျက်လုံးပင့်တင်လိုက်တယ်..။

"ဘာဖြစ်လို့လဲ.."

သူ တွေဝေသွားခဲ့ပြီး..။

" ခနလေး.."

အဲ့အချိန်မှာတော့ သေချာစောင့်ကြည့်နေတဲ့ သူ့ရဲ့ အရိပ်ဟာ..အသက်မဲ့နေတဲ့ တောင်ကုန်းရဲ့ မျက်နှာပြင်က အနည်းငယ်လှုပ်သွားတာကို သတိထားမိလိုက်ပါတယ်..။

သူတို့အဝေးကနေ လှမ်းကြည့်တုန်းက မြင်ခဲ့ရတဲ့..တောက်ပတဲ့ အလင်းရောင်ဟာ ပြန်ပေါ်လာခဲ့တယ်..။ဒီတစ်ကြိမ်မှာတော့ ပိုပြီးတောင် တောက်ပ နေခဲ့ပါတယ်..။

တောက်ပတဲ့ အလင်းရောင်က သစ်ပင်ခြေရင်းနားကနေ လေထဲကို တဖြည်းဖြည်း မြင့်တက်လာခဲ့တယ်..။

ဆန်နီ အလင်းရောင်ရဲ့ အရင်းအမြစ်ကို မြင်လိုက်ရတဲ့ အချိန်မှာ သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါတယ်..။

ကြောက်ရွံ့မူက သူ့ရဲ့ ကျောရိုးထဲအထိ စိမ့်တက်လာပြီး ..အသက်ရူဖို့တောင် မေ့နေခဲ့ပါပြီ...။

All Chapters