အရှင်သခင်
Vol. 5 Ch. 63
#ဘာသာပြန် = စနိုးဝှိုက်
တောင်ကုန်းပေါ်က သဲတွေနဲ့..သစ်ရွက်တွေကြားထဲကနေ..ကြီမားတဲ့ မွန်းစတားကြီး တစ်ကောင်ဟာ ဆင်းလာခဲ့တယ်..။
ဆန်နီ တံတွေးမြိုချပြီး သူ့ရဲ့ အမူအရာ နက်မှောင်သွားခဲ့ပါတယ်..။
သားရဲကြီးရဲ့ ခန္တာကိုယ်ဟာ အိမ်တစ်လုံးလောက်ကြီးပြီး..ခြေချောင်းတစ်ခုချင်းစီတိုင်းကလည်း အတော်လေးကို ရှည်လျားနေခဲ့တယ်..။ဒီအကောင်ကြီးကလည်း...ကြေးခွံသားရဲတွေ သားရဲခေါင်းဆောင်တွေနဲ့ ပုံစံတူပါတယ်..။သို့ပေမယ့် မတူညီမူလေးတွေလည်း ရှိနေခဲ့တယ်..။
သူ့ရဲ့ အရည်ပြားတွေ နေရာမှာတော့..ကြေးခွံတွေဟာ သတ္တုနဲ့ လုပ်ထားသလားလို့တောင် ထင်မှတ်ရပါတယ်..။သူ့ရဲ့ ခန္တာကိုယ်ကလည်း
စတီးတွေနဲ့ လုပ်ထားသလိုကို မာကျောနေခဲ့ပါတယ်..။
ဆန်နီတို့ မြင်ခဲ့ရတဲ့ အလင်းရောင်ဆိုတာက..သူ့ရဲ့ ကြေးခွံကို နေထိုးပြီး အလင်းပြန်နေတဲ့ အရာပါ..။ကြီးမားပြီး သန်မာတဲ့..စတီးမွန်းစတားကြီးဟာ သူရဲကောင်းတစ်ယောက်လိုတောင် ထင်မှတ်ရပါတယ်..။ဆန်နီကတော့ သူ့ရင်ဘတ်က..ကြယ်ပုံစံ အရာတွေ ခုနှစ်ခု ကို အစောကတည်းက သတိထားမိခဲ့တယ်..။
သို့ပေမယ့် ဒီမွန်းစတားကြီးရဲ့ ခန္တာကိုယ်က နတ်ဆိုး အော်ရာ တွေလည်း ထွက်ပေါ်နေခဲ့ပါတယ်..။သူ့ရဲ့ အကာအကွယ်ပေါ်မှာလည်း ကြီးမားတဲ့ ဆူးချွန်ကြီးတွေ ရှိနေပါသေးတယ်..။သူ့ရဲ့ ခန္တာကိုယ်မှာတော့..လက်ချောင်းလေးချောင်းရှိနေခဲ့တယ်..။နှစ်ချောင်းက ကြောက်စရာ ညှပ်ကြီး တွေ ဖြစ်ပြီး နှစ်ချောင်းက ထက်မြက်နေတဲ့ အရိုးဓားကြီး တွေပါ..။
"ဒီအရာကြီးက ကြောက်စရာပဲ.."
ဒီသတ္တဝါကြီးက ဘာပဲဖြစ်နေပါစေ..ကြေးခွံသားရဲ ခေါင်းဆောင်တွေထက် ပိုပြီး အဆင့်တန်းမြင့်တယ်ဆိုတာ အသိသာကြီးပါပဲ..။ဖြစ်နိုင်က ဗိုလ်ချုပ်တို့..ကွန်မန်ဒါတို့ အဆင့်တောင် ဖြစ်နေနိုင်ပါတယ်..။သူတို့ကို ဘယ်လို ခေါ်ရမှာလဲ..အဆင့်မြင့် သားရဲကြီးတွေလား...။
အသက်ကို အောင့်ထားရင်း ဆန်နီဟာ ကြေးခွံနတ်ဆိုးကြီး တောင်ကုန်းပေါ်က ဆင်းလာတာကို ကြည့်နေခဲ့တယ်..။သူက အထွပ်အထိပ်အဆင့်..အမြုတေ ရှေ့မှာရပ်လိုက်ပြီး..ဒူးထောက်နေတဲ့ ကြေးခွံသားရဲ ခေါင်းဆောင်ကို ကြည့်လိုက်ပါတယ်..။
hiding place. Discover 𝒏ew chapters at novelbi𝒏(.)co𝒎
နိုးထမူအဆင့် မွန်းစတား ဟာ သူ့ထက်အကောင်ကြီးတဲ့ သားရဲရဲ့ အကြည့်အောက်မှာတော့ အတော်လေးကို ထိပ်လန့်နေပုံရပါတယ်..။ဆန်နီ ဒီခံစားချက်ကို ကောင်းကောင်း သိထားပြီးသားပါ..။
ကြေးခွံသားရဲ ခေါင်းဆောင်ကို ထပ်ပြီးအာရုံမစိုက်တော့ပဲ..ကြေးခွံနတ်ဆိုးဟာ တောက်ပနေတဲ့ အမြုတေကိုသာ ကောက်ယူလိုက်တယ်..။ယင်းနောက် သူချက်ချင်းပဲ သစ်ပင်ဆီကို ပြန်တက်သွားခဲ့ပါတယ်..။
ဆန်နီ ဖြည်းဖြည်းချင်း အသက်ရူသွင်းလိုက်တယ်..။
"ဆန်နီ..ဘာဖြစ်လို့လဲ.."
သူ စိုးရိမ်စိတ်တွေ ပြည့်နေတဲ့ ကတ်စီ ရဲ့ မျက်နှာကို ကြည့်လိုက်တယ်..။ခနလောက် တွေဝေပြီး နောက်မှ..
"နောက်ထပ် ခြိမ်းခြောက်မူ တစ်ခုပဲ..။ခနလောက် တိတ်တိတ်နေလိုက်ဦး..။ငါ ပြီးမှ ရှင်းပြမယ်.."
တောင်ကုန်းရဲ့ အောက်ဘက်မှာတော့..ကြေးခွံသားရဲ ခေါင်းဆောင်ဟာ ပြန်ထဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။ဆန်နီ အကြပ်ရိုက်နေခဲ့တယ်..။ကြေးခွန်မွန်းစတား ပြန်တဲ့ လမ်းမှာ သူတို့ကို သတိမထားမိဘူးဆိုတာ သေချာဖို့ သူ နောက်ကနေ လိုက်ကြည့်ဖို့လ်ိုပါတယ်..။
သိူ့ပေမယ့်..ကြေးခွံနတ်ဆိုး တောင်ကုန်းပေါ်မှာ ဘာလုပ်နေတယ် ဆိုတာလဲ သူ သိချင်နေခဲ့တယ်..။
သေချာ တွေးတောဖို့ အတွက် အချိန်မရှိပါဘူး..။
လျင်မြန်တဲ့ ဆုံးဖြတ်ချက်ကို ချပြီး..ဆန်နီ သူ့အရိပ်ကို ..အညိုရောင် သဲတွေပေါ်ကို လွှတ်လိူက်တယ်..။သူက ကြေးခွန် မွန်းစတား ရဲ့ အကြည့်ကို ကျွမ်းကျွမ်းကျင်ကျင် ရှောင်ပြီး အပေါ်ကို လိုက်တက်သွားခဲ့ပါတယ်..။
'တစ်ချက်ပဲ...ငါ တစ်ချက်ပဲ ကြည့်ဖို့လိုတယ်..'
ဆန်းကျယ်တဲ့ သစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေနဲ့ ပုံးကွယ်ရင်း ..အရိပ်ဟာ အပေါ်ကို တက်သွားခဲ့တယ်..။ပြီးတာနဲ့ ကြေးခွံနတ်ဆိုး ပျောက်ကွယ်သွားတဲ့ နေရာကို ရှာလိုက်ပါတယ်..။
တောင်ကုန်းပေါ်မှာတော့..မြေကြီးတစ်ခုလုံးဟာ အရွက်တွေနဲ့သာ ဖုံးအုပ်နေခဲ့တယ်..။ဒီတောင်ကုန်းက အမှန်တကယ်ပဲ..တစ်ခြား သဘာဝ ကုန်းမြင့်တွေထက် ပိုကျယ်ပြီး ကြီးမားပါတယ်..။သို့ပေမယ့် ကြီးမားတဲ့ သတ္တဝါကြီးရဲ့ ခြေရာ တွေကတော့ အခုထိ ကျန်ရှိနေတုန်းပါပဲ..။
ဒိီခြေရာတွေကပဲ အရိပ်ကို ဆန်းကျယ်တဲ့ သစ်ပင်ကြီးရဲ့ ခြေရင်းဆီကို ခေါ်သွားခဲ့တယ်..။
ကြေးခွံနတ်ဆိုးဟာ..သစ်ပင်အောက်မှာ ရပ်နေပြီး အပေါ်ကို မော့ကြည့်နေခဲ့ပါတယိ..။အထွပ်အထိပ် အဆင့် အမြုတေကတော့ သူ့ရဲ့ ညှပ်ကြီးတွေထဲမှာ ရှိနေတုန်းပါပဲ..။
'သူက ဘာကို ကြည့်နေတာလဲ..'
ဆန်နီ သတ္တဝါကြီးရဲ့အကြည့်နောကိကို လိုက်ကြည့်လိုက်တဲ့ အခါမှာတော့..သစ်ပင်ပေါ်က အရွက်တွေကြားမှာ.အသီးတွေ တွဲလောင်းဖြစ်နေတာ တွေ့လိုကိရပါတယ်..။အထူးသဖြင့် သူတို့ထဲက တစ်လုံးကတော့ ရင့်မှည့်နေခဲ့ပါပြီ..။
ရုတ်တရက် ..နတ်ဆိုးဟာ..စိတ်ဝိဥာဥ် အမြုတေကို သဲပေါ် ပစ်ချလိုက်တယ်..။ယင်းနောက် သူ့ ခန္တာကိုယ်ကို မြှောက်ပြီး..ညှပ်ကြီးတွေနဲ့ အသီးကို လှမ်းခူးလိုက်ပါတယ်..။
ခုခံမူ မရှိပဲ အသီးဟာ..အပင်ကနေ ပါလာခဲ့တယ်..။ဒီအသီးကို ..ရတနာ တစ်ခုလိူ ဂရုတစိုက်ကိုင်ပြီးမှ..တဖြည်းဖြည်းချင်း အောက်ကို ချလာခဲ့ပါတယ်..။ယင်းနောက် သူ ပါးစပ်ထဲကို ထည့်ပြီး..အနည်းငယ် ကိုက်ကြည့်လိုက်တယ်..။
'
'အသီးကို စားနေတာလား..။ဒီကောင်ကြီးက သတ်သတ်လွတ် သမားလား...'
သူမြင်နေရတာကို သေချာမတွေးတော့ နိုင်ပဲ ဆန်နီဟာ အရိပ်ကို ပြန်ဆုတ်ခွာဖို့ ညွှန်ကြားလိုက်တယ်..။တကယ်လို့ ကြေးခွံ မွန်းစတားကို မှီချင်တယ် ဆိုရင် သူ မြန်မြန်သွားဖို့ လိုအပ်ပါတယ်..။
အရိပ်ဟာ တောင်ကုန်းပေါ်ကနေ ဆင်းပြီး ဝင်္ကပါဆီ သွားတဲ့ လမ်းဘက်ကို လိုက်လာခဲ့တယိ..။မကြာခင်မှာပဲ သူ ကြေးခွံမွန်းစတားကို မှီသွားခဲ့ပါတယ်..။
'ဟူး..'
ကြေးခွံသားရဲခေါင်းဆောင် သူတို့ ပုန်းနေတဲ့ နေရာကို သတိမထားမိတာ မြင်မှ သူ စိတ်သက်သာာရာ ရသွားခဲ့ပါတယ်..။
သားရဲကြီး လုံးဝ ထွက်ခွာသွားပြီဆိုတာ သေချာမှ သူ အပေါ်ကို ထပြီး ပြာလိုက်တယ်..။
"အခု လုံခြုံသွားပြီ.."
နစ်ဖီ နဲ့ ကတ်စီ တို့ဟာ မတ်တတ်ရပ်လိုက်ပြီး အကြောတွေကို ဆန့်လိုက်တယ်..။ရုတ်တရက် သူတို့ ဘယ်လောက်ထိ ပူးပူးကပ်ကပ် နေခဲ့ကြလဲ ဆိုတာကို ဆန်နီ နားလည် သွားခဲ့ပါတယ်..။
"ဘာဖြစ်တာလဲ..."
နစ်ဖီ သူ့ကို ကြည့်ပြီးမေးလိုက်တယ်..။သူမရဲ့ အမူအရာကတော့ ခါတိုင်းလိုပဲ မပြောင်းလဲခဲ့ပါဘူး..။
ဆန်နီ အရမ်းကြီးမဝေးတော့တဲ့ ကုန်းမြင့်ဆီကို လှမ်းကြည့်လိုက်ပြီး..
"အန္တရာယ်က အရှေ့မှာ..။ငါတို့ အရိုး ကုန်းမြင့် ဆီကို ပြန်မှဖြစ်မယ်..။ငါတို့ လုံခြုံတဲ့ နေရာကို ပြန်ရောက်သွားပြီ ဆိုမှ အကုန်လုံးကို ရှင်းပြမယ်.."
သူမ တစ်ခုခု ပြောဖို့ လုပ်လိုကိပေမယ့် ဘာမှမပြောဖို့သာ ဆုံးဖြတ်လိုက်ပါတယ်..။သူတို့ကြားထဲမှာ တည်ဆောက်ထားတဲ့ ယုံကြည်မူက အနည်းဆုံးတော့ ဒီအတွက် လုံလောက်ပ့ါတယ်..။
ဆန်နီ ထပ်တူညီမူကို ထုတ်လိုက်တယ်..။သူ့ရဲ့ ကိုယ်ပေါ်ကို ရွှေရောင်ကြိုးချည်လိုက်ပြီး ကတ်စီီကို အပေါ်ကူညီတင်ပေးလိုက်ပါတယ်..။
သူတို့ရဲ့ အထုတ်အပိုးတွေကို သားရဲ ရဲ့ နောက်ကျောမှာ ပြန်တင်ပြီး နောက်မှာတော့ သူတို့ သွားဖို့ အတွက် အဆင်သင့်ဖြစ်နေပါပြီ..။
ဒီမတိုင်ခင်မှာတော့ ဆန်နီမှာ တစ်ခုလုပ်စရာ ရှိပါသေးတယ်..။သူ တောင်ပူစာ နားက..မျက်နှာပြင်ကို လက်နဲ့ယက်ကြည့်လိုက်တယ်...။
မကြာခင်မှာပဲ သူ့ရဲ့ အောက်ကနေ အနက်ရောင်မျက်နှာပြင်ပေါ်ထွက်လာခဲ့တယ်..။ဒီအရာက ဆန်းကျယ်တဲ့ သစ်ပင်ကြီး ရဲ့ သစ်ခေါက်တွေနဲ့ အတူတူပါပဲ..။
အမှန်တော့ ဒီတောင်ပူစာ ကြီးမားတဲ့ သစ်ပင်ကြီးရဲ့ အမြစ်တွေထဲက တစိခုပါ..။သူက ဒီနေရာအထိ ရောက်လာပြီး တောင်ပူစာပုံစံ ဖြစ်နေခဲ့တာပါ..။
ဆန်နီ ဘေးပတ်လည်ကို ကြည့်လိုက်ပြီး..အခြေအနေကို တွက်ချက်လိုက်တယ်..။နောက်ဆုံးတော့ ဒီနေရာက ဘာလို့ အရာအားလုံးကို ခြောက်ကပ်စေတာလဲ ဆိုတာ သူ နားလည်စ ပြုလာခဲ့ပါတယ်..။
***
အရိုးကုန်းမြင့်မှာ တော့ သူတို့ဟာ မီးပုံဘေးနားမှာ ထိုင်နေခဲ့တယ်..။အရသာရှိတဲ့ အသားနံ့ တွေကတော့ လေထဲမှာ ပျံ့နှံ့နေခဲ့ပါတယ်..။သို့ပေမယ့် အခုက စားဖို့အချိန်မဟုတ်သေးပါဘူး..။သူက သူမြင်ခဲ့ရတာတွေကို မိန်းကလေးတွေကို ပြန်ပြောပြနေတုန်းပါ..။
"....ကြေးခွံ မွန်းစတားက ဒူးထောက်ပြီးနောက်မှာ ဒီသတ္တဝါကြီးက အပေါ်ကနေ ဆင်းလာတာ..။ဒီအကောင်ကြီးက ငါတို့အရင်က တစ်ခါမှ မမြင်ဖူးဘူး..။ဒီအရာကြီးက ကြေးခွံမွန်းစတားထက် နှစ်ဆလောက်ကို ပိုပြီးတော့ မြင့်တယ်..။သူ့ အလေးချိန်က ဘယ်လောက်တောင် ရှိမယ် မသိဘူး..။ဒါက အိမ်ကြီးတစ်လုံး ရွေ့လျားနေသလိုပဲ."
နစ်ဖီ ကတော့ မျက်မှောင်ကျုတ်နေခဲ့တယ်..။သူမ ကြားရတာ တွေနဲ့ပတ်သက်ပြီး မပျော်ရွှင်ဘူးဆိုတာ ထင်ရှားပါတယ်..။
"ပိုပြီး ပြောချင်တာက..သူ့ရဲ့ ကြေးခွံတွေက..အရည်ပြားကနေ ဖြစိလာတာ မဟုတ်ဘူး..။သူ့ အရည်ပြားနေရာမှာ သတ္တုပြားတွေလားလို့တောင် ထင်ရတယ်..။ငါတို့ ဒီဟာကို ဖြတ်တောက်နိုင်လိမ့်မယ်လို့တော့ မထင်ဘူး..။ကြီးတော့ သူ့ရဲ့ အဆစ်တွေကြားမှာလဲ..လွတ်နေတာမျိုးတွေကို ငါ သတိမထားမိဘူး..."
ကတ်စီ တံတွေးမျိုချလိုက်ပြီး သူ့ သူငယ်ချင်းဆီကို ကြည့်လိုက်တယ်..။သို့ပေမယ့် ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကတော့ တိတ်ဆိတ်နေခဲ့ပါတယ်..။
ဆန်နီ သက်ပြင်းချလိုက်တယ်..။
"ပြီးတော့ ထပ်ပြောရရင်..သူ့မှာ လက်နှစ်ချောင်းမဟုတ်ပဲ လေးချောင်ရှိနေတယ်လေ..။နှစ်ချောင်းက အရိုးဓားတွေ..နှစ်ချောင်းက ညှပ်ကြီးတွေ..။သူ့ရဲ့ လက်တွေက ပိုပြီးတောင်ကြီးသေးတယ်..။သူ့ရဲ့ ခေါင်းကတော့ လူ နဲ့တောင်တူသေးတယ်..။သူ့ မျက်နှာက အတော်လေးကို ရုပ်ဆိုးတာ.."
နစ်ဖီ အတွေးနက် နေခဲ့တယ်..။ခနကြာမှ သူမ ပြောလိုက်ပါတယ်..။
"ဒါက နိုးထမူအဆင့် နတ်ဆိုး ဖြစ်လောက်တယ်.."
အိပ်မက်ဆိုးသားရဲ အတွက် အမြုတေ တစ်ခုဆိုရင် သားရဲ ၊ နှစ်ခုဆိုရင် မွန်းစတား ၊ သုံးခုဆိုရင် နတ်ဆိုး ဒါမှမဟုတ် နတ်ဘီလူး လို့ ခေါ်ပြီး သူ့အထက် မှာ အမြုတေ လေးခု ရှိပါတယ်..။
ဆန်နီ သူမ ပြောတာ မှန်တဲ့အကြောင်း ခေါင်းညိမ့်ပြလိုက်တယ်..။
"ဒါမှမဟုတ် နတ်ဘီလူး လည်းဖြစ်နိုင်တယ်..။ငါတို့ ဒီ ခွေးသား ကို ရှောင်နိုင်သလောက် ရှောင်ကွင်းသွားရမယ် ထင်တယ်.."
ပြောင်းလဲ နေတဲ့ ကြယ်ပွင့်ဟာ သူ့ကို ကြည့်ပြီး စဥ်းစားနေခဲ့တယ်..။မိနစ် အတော်ကြာတဲ့အထိ တိတ်ဆိတ်ပြီးသာ နေနေခဲ့ပါတယ်..။
ဆန်နီ သက်ပြင်းချလိုက်တယ်..။ယင်းနောက် အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပြီး..
"ငါ ခန့်မှန်းကြည့်ပါရစေ...နင်က သတ်ချင်နေတာလား..."