← Chapters

အခန်း (၆၅)

Vol. 5 Ch. 65

အခန်း (၆၅)

Vol. 5 Ch. 65

#ဘာသာပြန် = စနိုးဝှိုက်

ဆန်နီ ချက်ချင်းပဲ နိုးလာခဲ့တယ်..။သူ မျက်လုံးကို ပွတ်လိုက်ပြီး မျက်မမြင် မိန်းကလေး ဘက်ကို လှည့်လိုက်ကာ နားထောင်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

နစ်ဖီ လည်း သူတို့အနားကို ကပ်လာပြီး ထိုင်ချလိုက်တယ်..။

"အတိတ်လား အနာဂတ်လား.."

ဆန်နီ မေးလိုက်တာပါ..။

ကတ်စီ ခနလောက်တွေးလိုက်ပြီး..တွေဝေစွာ ပြန်ဖြေလိုက်တယ်..။

"အတိတ် ..လို့တော့ ထင်တာပဲ.."

ခနလောက်ကြာပြီးနောက်မှာတော့ သူမရဲ့ အမူအရာ ပြောင်းလဲသွားခဲ့ပြီး

"မဟုတ်ဘူး..အတိတ်ဆိုတာ သေချာတယ်.."

ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ ပြောလိုက်တယ်..။

"ဒါကောင်းတယ်..ဒီတော့ နင်ဘာမြင်ခဲ့ရလဲ.."

ကတ်စီအသက်ကို ရူထုတ်လိုက်ပြီး စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပါတယ်..။ဒီတစ်ကြိမ်လည်း သူမရဲ့မျက်နှာဟာ ဖြူဖျော့နေခဲ့ပေမယ့်..အန္တရာယ်ကိုရင်ဆိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့တယ်..။

"မုန်းတိုင်းတွေ ကြားထဲမှာ ကြေးခွံနတ်ဆိုးကို မြင်ခဲ့ရတယ်..။လေတွေက ပြင်းပြင်းထန်ထန် တိုက်ခတ်နေပြီး..သစ်ပင်ကြီးကိုတောင် အကိုင်းတွေ ပြုတ်ကျစေခဲ့တယ်..။မိုးကြိုးတွေကလည်း ဆက်တိုက် ကျွန်းပေါ်ကို ဆက်တိုက်ပစ်ချနေပြီး..ကောင်းကင်ကနေ မိုးတွေ ဆက်တိုကိရွာချနေခဲ့တယ်..."

သူမ ခနလောက်ရပ်နားပြီး အသက်ရူကာ ထပ်ပြောလိုက်သည်..။

"ကြေးခွံနတ်ဆိုးကတော့ မုန်တိုင်းအလယ်မှာ မတုန်မလှုပ်တဲ့ ​ကျောက်ရုပ်ကြီးလို ရပ်နေခဲ့တာ..။သူ့ရဲ့ အရိုးဆူးချွန်တွေ ကြားထဲမှာ လျှပ်စီးတွေ ဝင်နေပေမယ့် သူက လုံးဝ ဂရုမစိုက်ခဲ့ဘူး.."

ကတ်စီ မျက်လုံးကိူ ပိတ်ထားလိုက်ပါတယ်..။

"ငါ သူ့မျက်လုံးတွေကို ကြည့်တဲ့အချိန်မှာ..ဘာမှ မရှိတဲ့ နက်ရှိုင်းမူတွေကိုပဲ မြင်ရတယ်..။မကြာခင်မှာပဲ..လေထုက အားနည်းလာပြီး..မိုးတွေက တိတ်သွားခဲ့တယ်..။ဒါပေမဲ့ သစ်ပင်ကြီးကတော့ အရင်ကအတိုင်း မတုန်မလှုပ်ရှိနေတုန်းပဲ..။ဒါပေမဲ့ အဲ့အချိန်မှာပဲ နောက်ဆုံးမိုးကြိုးက သူ့ရဲ့ ဘေးနားကို ပစ်ချ ခဲ့တယ်.."

ဆန်နီကတော့ သူမ ပြောနေတာတွေကို အာရုံစိုက်ပြီး နားထောင်နေခဲ့ပါတယ်..။ဒီအထဲကနေ အသုံးဝင်တဲ့ အချက်အလက်တစ်ချို့ရမယ် ဆိုရင်လည်း တကယ် မဆိုးပေ..။

အဲ့အချိန်မှာပဲ ကတ်စီ ဆက်ပြောလိုက်ပါတယ်..။

"ဒီမိုးကြိုးပစ်ချက်က သစ်ပင်ကြီးကို မပြောနဲ့ ကြေးခွံနတ်ဆိုးကိူတောင်ထိခိုက်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူး.။ဒါပေမဲ့ မိုးကြိုးပစ်ပြီး မကြာခင်မှာပဲ ကျွန်းရဲ့ နေရာအများစုကို မီးတွေ လောင်သွားခဲ့တယ်..။ဒါက မှောင်မိုက်နေတဲ့ညအလယ်မှာ အတော်လေးကို တောက်ပနေခဲ့တာ.."

ဆန်နီ တစ်ခုခုကို သတိရမိသွားခဲ့တယ်..။သူတို့ သုံးယောက်စပြီးတွေ့ခဲ့တုန်းက..ဆန်နီ လှမ်းမြင်ခဲ့ရသည့် လိမ္မော်ရောင် အလင်းရောင်လေးက ဒီမိန်းကလေး နှစ်ယောက်ပြုလုပ်ထားခဲ့တာပါ..။

သို့ပေမယ် ဒါက သူမတို့ရဲ့ ကြီးမားတဲ့ အမှားတစ်ခု ဖြစ်လာခဲ့ပါတယ်..။ညအချိန်မှာ အလင်းရောင် ကြောင့် ဝင်္ကပါထဲက မွန်းစတားတွေသာ မက..အနက်ရောင်ပင်လယ်ထဲက သားရဲတွေကပါ သူတို့ကို လာရောက် တိုက်ခိုက်ကြတာပါ..။

ကတ်စီရဲ့ အမြင်ကို ခန့်မှန်းကြည့်ရင်းနဲ့ပဲ ဆန်နီဟာ သူမ ဆက်ပြောမှာကို အနည်းငယ် အာရုံစိုက်နေခဲ့တယ်..။

"မီးတောက်တွေ မသေခင်မှာပဲ..ပင်လယ်မျက်မှာပြင်ကနေ ကြီးမားတဲ့ သတ္တဝါကြီးတစ်ကောင် တက်လာပြီး ကြေးခွံနတ်ဆိုးကို သတ်ဖြတ်ဖို့လုပ်ခဲ့တယ်..။ဒီအကောင်ကြီးက အရမ်းကို ကြောက်ဖို့ကောင်းပြီး..မျက်လုံးတွေ ထောင်ပေါင်းများစွာနဲ့ ငါ့ကို စိုက်ကြည့်နေသလိူတောင် ခံစားရတယ်.."

သူမက ဒီသတ္တဝါကြီး အကြောင်းပြန်ပြောသည့် အခါတွင် မျက်နှာဖြူဖျော့သွားပြီး သွားကိုကြိတ်ထားခဲ့သည်..။

"ဒါက ငါမြင်ဖူးတဲ့ သားရဲတွေထဲမှာကြောက်စရာ အကောင်းဆုံးပဲ..။ဒါပေမဲ့ သူက ရေထဲကနေ ထွက်လာတဲ့ အချိန်မှာ အတော်လေးကို နှေးကွေးနေတယ်..။ကြေးခွံနတိဆိုးကတော့..ဒီသတ္တဝါကြက သူ့ထက် ဆယ်ဆလောက် ပိူပြီးကြီးမားတယ် ဆိုတာကိုတောငိ ဂရုမစိုက်တော့ပဲ..ပြန်တိုက်ခိုက်တော့တာပဲ..။သူ့ကြည့်ရတာ..လုံးဝကို စိတ်လွတ်သွားသလိုတောင်ထင်ရတယ်.."

နစ်ဖီ ရုတ်တရက် ဖြတ် ပြောလိုက်တယ်..။

"ဒီနတ်ဆိုးက ဘယ်လိုရှင်သန် ခဲ့တာလဲ.."

မျက်မမြင်မိန်းကလေးဟာ တွေဝေသွားခဲ့တယ်..။

"ငါလည်း မသိဘူး..။ငါက တိုက်ပွဲကို မြင်ခဲ့ရတာ မဟုတ်ဘူး..သူရဲ့ အဆုံးသတ်နားကိုပဲ မြင်ခဲ့ရတာ..။အဆုံးမှာ ကြေးခွံနတ်ဆိုးက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တယ်..။သူ့ရဲ့ လက်အချို့ကို မရှိတော့ပဲ..ဆူးချွန်တွေမှာလည်း ခြစ်ရာ တွေချည်းပဲ..။လောင်နေတဲ့ မီးတွေက ငြိမ်းသွားပြီဖြစ်ပြီး..ပင်လယ်သားရဲကြီးကိုလည်း ထပ်ပြီးမတွေ့ရတော့ဘူး.."

သူမ ခနလောက်ရပ်လိုက်ပြီး တိတ်တဆိတ်ပြောလိုက်တယ်..။

"အဆိုးဝါးဆုံး ဒဏ်ရာက သူ့ရဲ့ ရင်ဘတ်ကပဲ..။သူ့ရဲ့ အကာအကွယ်တွေက ကျိုးပျက်နေပြီး တဒုန်းဒုန်း ခုန်နေတဲ့ နှလုံးတောင် ပေါ်နေခဲ့တယ်..။အဇူရာသွေးတွေကလည်း အဲ့ဒဏ်ရာကနေ အဆက်မပြတ် စီးကျနေခဲ့တာ..။နတ်ဆိုးက သစ်ပင်ကြီးရဲ့ ခြေရင်းနားမှာ ခန္တာကိုယ်ကို မှီထားခဲ့တယ်.."

ကတ်စီ သက်ပြင်းချလိုက်ပါတယ်..။

"နောက်ဆုံး ငါမြင်ရတဲ့ အရာက အချိန်တွေကျော်သွားတာပဲ..။ဘယ်လောက်အထိ ကြာသွားလဲ ဆိုတာတော့ ငါမသိဘူး..။ကြေးခွံနတ်ဆိုးကတော့ သူ့ရဲ့ ဒဏ်ရာကနေ ပြန်ပြီး သက်သာသွားပြီး..။ဒါပေမဲ့ အပြည့်အဝသက်သာတာ မဟုတ်ပဲ သူ့ရဲ့ အကာအကွယ်တေ ကြားထဲမှာ အားနည်းချက်တစ်ခု ရှိနေတုန်းပဲ.."

ဆန်နီ နဲ့ နစ်ဖီတို့ဟာ အချိန်အတော်ကြာအောင် ငြိမ်သက်ပြီး တွေးလိုက်ကြတယ်..။

ပြောင်းလဲနေတဲ့ ကြယ်ပွင်ဟာ ပထမဆုံးစတင်ပြောလိုက်ပါတယ်..။

"ဒီတော့ ဒီအကောင်ကြီးကို ထိုးဖောက်လိူ့ မရနိုင်တာ မဟုတ်ဘူးပေါ့.."

ယင်းနောက် သူမ ဆန်နီကိုကြည့်လိုက်ပြီး..

"နင်ဘယ်လို စီစဥ်ထားလဲ.."

ဆန်နီ မျက်တောင်ခတ်ပြီး ပြုံးလိုက်တယ်..။

"ကောငိးပြီလေ..ငါအစောကတည်းက တစ်ခုခုတော့ တွေးထားပေမယ့်..ကတ်စီရဲ့ အမြင်ကြောင့် အချက်အလက်တွေ ပိုရခဲ့တယ်.."

နစ်ဖီ မျက်လုံးပင့်တင်သွားခဲ့ပြီး..

"အဲလိုလား.."

ဆန်နီ ယုံကြည်မူရှိစွာ ခေါင်းညိမ့်ပြလိုက်တယ်..။

"ဟုတ်တယ်..ဒါက အလုပ်ဖြစ်နိုင်ချေရှိတယ်..။ဒါပေမဲ့ နည်းနည်းတော့ စွန့်စားရလိမ့်မယ်..။ကောင်းပြီ..ငါတို့ ပြင်ဆင်မူအချို့ လုပ်ကြတာပေါ့.."

ကတ်စီ နဲ့ နစ်ဖီ နှစ်ယောက်လုံးဟာ သူ့က်ိုကြည့်နေခဲ့ကြတယ်..။

"ဒီတော့..နင့်ရဲ့ အစီစဥ်ကဘာလဲ..။ငါတို့ ဒီနတ်ဆိုးကြီးကို ဘယ်လိုမျှားမှာလဲ.."

ဆန်နီ လက်ပိုက်ထားခဲ့တယ်..။

"တကယ်တော့ အရမ်းကြီးလည်း မရှုပ်ထွေးပါဘူး..။တကယ်တော့ ငါဒါကို နစ်ဖီ ရဲ့ ပုံပြင်ထဲကနေ အကြံဥာဏ်ရခဲ့တာ..။ငါတို့ တည်ဆောက်ဖို့ လိုတာက...."

သူ ဒရမ်မာ ဆန်ဆန် ရပ်လိုက်တယ်..။ယင်းနောက် ဆန်းကျယ်စွာ ပြုံးလိုက်ပြီး..

"...သောက်ကျိုးနဲ မျောက်ဖင်နီ တစ်ကောင်ပဲ.."

သို့ပေမယ့် မိန်းကလေးတွေရဲ့ အမူအရာက သူထင်ထားသလို မဟုတ်ခဲ့ပေ..။သူမတို့က ကြောင်တောင်တောင် အမူအရာနဲ့ကြည့်နေခဲ့ကြတယ်..။

ထူးဆန်းတယ်..။

"....ဖင်...ဘာဖြစ်တယ်.."

ဆန်နီ နောက်စေ့ကို ရှက်ရွံ့စွာ ပွတ်လိုက်ပြီး..

"အာ..ငါပြောတာ မှားသွားတာလား..။ငါထင်တာက အိုဒက်ဆေးက..သစ်သား တိရစ္ဆာန်တစ်ကောင် တစ်ဆောက်ခဲ့တာမလား..။မျောက်တစ်ကောင် မဟုတ်ဘူးလား.."

နစ်ဖီ နှာဖူးကို ကိုင်ပြီး မျက်လုံးမှိတ်ထားခဲ့သည်..။

'ထူးဆန်းတယ် သူမ ခေါင်းကိုက်နေတာလား..'

"အာ..နင် အဆင်ပြေရဲ့လား.."

သူမ အသက်ကို ပြင်းပြင်းရူပြီးမှ ပြန်ဖြေလိုကိတယ်..။

"မြင်းတစ်ကောင်..ဒါက မြင်းတစ်ကောင်ပဲ.."

***

နောက်တစ်ရက်..။

သူတို့ဟာ..ကင်းခြေများသားရဲတွေနဲ့ ကြေးခွံသားရဲတို့ တိုက်ခိုက်ခဲ့သည့် နေရာကို ပြန်လာခဲ့ကြပါတယ်..။

မွန်းစတား တစ်ချို့ရဲ့ အလောင်းကောင်းတွေကတော့ ဒီမှာရှိနေခဲ့တုန်းပါပဲ..။

ဒါပေါ့ သူတို့ အရိုးတွေမှာ ကပ်ငြိနေတဲ့ အသားတွေကို လာရောက်ယူဆောင်ကြခြင်းမဟုတ်ကြပေ..။

အိပ်စက်သူ သုံးယောက်က အသားတွေကို စိတ်ဝင်စားကြပေမယ့်..သူတို့က တစ်ခြားတစ်ခုခု အတွက် ရောက်လာခဲ့ကြတာပါ..။

သူတို့ဟာ..ကြေးခွံသားရဲခေါင်းဆောင်ရဲ့ အရိုးခွံတွေ ရှိတဲ့နေရာကို ရောက်လာခဲ့တယ်..။သူ့မှာ ရှိနေတဲ့ အသားတွေ ကတော့..မရှိတော့ပါဘူး..။

နစ်ဖီ သူမဘေးနားကို ရောက်လာပြီး မခန့်မှန်းနိုင်တဲ့ အမူအရာနဲ့ပြောလိုက်ပါတယ်..။

"ဒါက နင်လိုချင်တဲ့အရာလား.."

ဆန်နီ ပြုံးလိုက်ပြီး..

"ဟုတ်တယ် အတိအကျပဲ..။ငါ အခြေအနေ ဘယ်လိုဖြစ်လာမလဲတော့ သေချာမသိသေးဘူး.."

ဒါပေမဲ့ အခြေအနေတော့ အတော်ကောင်းပါတယ်..။

အမှန်တော့..ပြီးပြည့်စုံနေခဲ့တာပါ..။

All Chapters