အစီစဥ်ရဲ့ ပထမပိုင်း
Vol. 5 Ch. 66
#ဘာသာပြန် = စနိုးဝှိုက်
ညနေဘက်ကို ရောက်လာတဲ့ အချိန်မှာတော့ ထူးဆန်းတဲ့ သားရဲတစ်ကောင်ဟာ..ဝင်္ကပါလမ်းကြောင်းထဲကနေ လျောက်ထွက်လာခဲ့ပါတယ်..။သူ တကယ်ပဲ လမ်းလျောက်နေတာလားလို့တောငိ သေချာမပြောနိုင်ခဲ့ပေ..။သူ့ရဲ့ခြေထောက်တွေကို သဲတွေထဲမှာ တရွတ်တိုက်ဆွဲနေခဲ့ပြီး မလုပ်မယှက်ပဲ ရွေ့လျားနေတာလား လို့တောင် ထင်ရမှာပါ..။
လိုအပ်တဲ့ အစိတ်အပိုင်း အကုန်လုံးကတော့ ရှိနေခဲ့တယ်..။သိူ့ပေမယ့် အစိတ်အပိုင်းတိုင်းက နေရာလွဲမှားမူတွေ ရှိနေပြီး အတော်လေးကို ထူးဆန်းနေခဲ့တာပါ..။
ထပ်ပြောရရင် ဒီသားရဲက အရက်မူးသမားတစ်ယောက်လိုတောင် လမ်းလျောက်နေခဲ့ပါသေးတယ်..။
ကြေးခွံသားရဲ ခေါငိးဆောင်ဟာ သဲတွေကြားထဲမှာ ဟိုယိုင် ဒီယိုင်ဖြစ်နေခဲ့တယ်..။ခန္တာကိုယ်ကလည်း အကြောင်းပြချက်မရှိပဲ..ရှေ့နောက် ရွေ့လျားနေခဲ့တာပါ..။သူ့ရဲ့ အရိုးဆူးချွန်ကြီးတွေဟာလည်း နောက်ကျောဘက်မှာ နေရာလွဲမှားစွာ ရှိနေခဲ့တယ်..။
အဲ့အချိန်မှာပဲ သူတို့ထဲက တစ်ချောင်းက မြေကြီးပေါ် ပြုတ်ကျသွားခဲ့ပါတယ်..။သားရဲဟာ ခနလောက် တွေဝေပြီး ရပ်သွားခဲ့တယ်..။သူ့ကြည့်ရတာ ဘာလုပ်ရမလဲ မသိတဲ့ ပုံပါပဲ..။ယင်းနောက် သူ့ရဲ့ အရိုးဆူးချွန်ကြီးကို ထားခဲ့လိုက်ပြီး ဘာမှ မဖြစ်သလိူပဲ လျောက်မြဲအတိုင်း ဆက်လျောက်သွားလိုက်ပါတယ်..။
အခြေအနေတစ်ခုလုံးကတော့ တကယ်ကို ဗရမ်းဗတာဖြစ်နေခဲ့တယ်..။သို့ပေမယ့် ကံကောင်းချင်တော့ အနားမှာ ဘယ်သူမှ သတိထားမိနိုင်တဲ့လူ မရှိပါဘူး..။
အားကြိုးမာန်တက်ပဲ..ဒီသားရဲက အဖြူရောင်တောင်ကုန်းရှိတဲ့ နေရာကို ရွေ့လျားနေခဲ့ပါတယ်..။မကြာခင်မှာပဲ..သူက တောင်ကုန်းလေး ရှိတဲ့နေရာကို ရောက်လာခဲ့ပါပြီ..။
နေဝငိချိန် နီးကပ်လာခဲ့တယ်..။
***
ထူးဆန်းတဲ့ ကြေးခွံသားရဲခေါငိးဆောင်ဟာ..တောင်ကုန်းရဲ့အောက်ကို ရောက်သွားတဲ့ အချိန်မှာ လှုပ်ရှားနေတာတွေကို ရပ်လိုက်ပါတယ်..။ယင်းနောက်..သူက အရင်နေ့က တစ်ခြားမွန်းစတားတွေ ဒူးထောက်ခဲ့တဲ့ ပုံစံနဲ့တူအောင် အတတ်နိုင်ဆုံးကြိုးစားလိုက်ပါတယ်..။
ထပ်ပြောရရင် ဒီအကောင်က ဘာလက်ဆောင်မှ မရှိပဲ ရောက်လာခဲ့တာပါ..။သူ့ဆီမှာ စိတ်ဝိဥာဥ် အမြုတေလည်း မပါလာခဲ့ပေ..။သူ့ရဲ့ လေးစားမူ မရှိတဲ့ အနေအထားပါ ထပ်ပေါင်းထည့်လိုက်ရင်တော့ ဒီအကောင်က အသတ်ခံရဖို့အတွက် လုံလောက်နေခဲ့ပါပြီ..။
ဖြစ်နိုင်တာက ဒါက ကိုယ့်က်ိုကို သတ်သေသလိုပါပဲ..။
တောင်ကုန်းအပေါ်မှာတော့ ကြေးခွံနတ်ဆိုးဟာ အဖြူရောင်သဲတွေထဲကနေ ထလာခဲ့တယ်..။သူ့ ရဲ့ ကြေးခွံတွေက နေရောင်အောက်မှာ အတော်လေးကို တောက်ပနေခဲ့ပါတယ်..။အောက်ကို လှမ်းငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့ သူ အနည်းငယ် စဥ်းစားသွားခဲ့ပါပြီ..။
နတ်ဆိုးရဲ့ မျက်လုံးတွေထဲမှာ အရောင် တောက်လာခဲ့တယ်..။သူ့ရဲ့ ကြောက်စရာ အရိုးဓားကြီးတွေကို လှုပ်ရမ်းပြီး မွန်းစတားကြီးဟာ အောက်ကိုဖြည်းညှင်းစွာ ဆင်းလာခဲ့တယ်..။
သူ နီးကပ်လာတာနဲ့ မြေကြီးဟာ တသိမ့်သိမ့် တုန်လာခဲ့တယ်..။သို့ပေမယ့် ကြေးခွံသားရဲ ခေါင်းဆောင်ကတော့ လှုပ်တောင် မလှုပ်ခဲ့ပေ..။အမှန်တော့ သူက ခံစားချက်မဲ့စွာပဲ ငြိမ်သက်နေခဲ့တာပါ..။
ကြေးခွံ နတ်ဆိုးဟာ ဒီသံသယဖြစ်စရာ သားရဲနဲ့ အကွာအဝေး တစ်ချို့မှာ ရပ်လိုက်တယ်..။ဒီလို ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ ကြေးခွံသားရဲ ခေါင်းဆောင်က ထောင်ချောက်တစ်ခုဖြစ်နေနိုင်တယ် ဆိုတာကို သူတွေးမိတာ သိသာပါတယ်..။ဝင်္ကပါထဲမှာက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာပါ..။ဒီလို ကိုယ်ပိုင်ဥာဏ်ရည် ပိုင်ဆိုင်ထားတဲ့ နိုးထမူအဆင့် နတ်ဆိုးက..ရူးသွပ်တာတွေဟလုပ်မှာ မဟုတ်ပါဘူး..။
အနည်းဆုံးတော့ ဒါက အိပ်စက်သူ သုံးယောက် မျှော်လင့်ထားခဲ့တဲ့အရာပါ..။
သို့ပေမယ့် သူတို့ မှားသွားခဲ့တယ်..။
စက္ကန့်အနည်းငယ်လောက် အကြာမှာပဲ..ကြေးခွံနတ်ဆိုးဟာ..ရှေ့ကို တက်လာခဲ့ပြီး သူ့ရဲ့ အရိုးဓားကြီးတွေနဲ့ ကြေးခွံသားရဲခေါင်းဆောင်ရဲ့ ခန္တာကိူယ်ကို နှစ်ပိုင်း ဖြတ်လိုက်တယ်..။
မွန်းစတားရဲ့ အပေါ်ပိုင်းခန္တာကိုယ်က အရိုးဓားကြီးကြောင့် ချက်ချင်း ပြတ်ထွက်သွားခဲ့ပါတယ်..။
တစ်ဖက်မှာတော့..ဆန်နီဟာ တောင်ကုန်းဆီကို အတတ်နိုင်ဆုံးပြေးနေခဲ့တယ်..။သူ မောပန်းနေရင်းနဲ့တောင်မှ ကျိန်ဆဲလိုက်ပါသေးတယ်...။
"ချီးပဲ.."
သူက ..သူတို့အတွက် အချိန်ပိုပြီးရမယ်လို့ မျှော်လင့်ထားခဲ့တာပါ..။ကြေးခွံနတ်ဆိုးက ဒီလိုမျိုး တဇွတ်ထိုး လုပ်လာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ..။
ဆန်နီဟာ ကတ်စီကို နောက်ကျောမှာပိုးထားရင်း..အံကိုကြိတ်ကာ ပြေးနေခဲ့တယ်..။
ဒါဆိုလည်း..အစီစဥ် ဘီ ကို ပြောင်းကြတာပေါ့..
ခနအကြာမှာတော့..ထူးဆန်းတဲ့ ကြေးခွံသားရဲခေါင်းဆောင်ရဲ့ အပေါ်ပိုင်းဟာ ပြတ်ထွက်သွားပြီး..ထပ်တူညီမူ ပေါ်လာခဲ့တယ်..။ထပ်တူညီမူဟာ..သူ့ရဲ့ ညှပ်ကြီးတွေနဲ့ ခန္တာကိုယ်ပေါ်က ဟန်ဆောင်ထားတဲ့ အရာတွေကို ဖယ်လိုက်ပါတယ်..။ယင်းနောက်..သူရဲ့ ညှပ်တွေနဲ့..ကြေးခွံနတ်ဆိုးကို တိုက်ခိုက်ဖို့ ချိန်ရွယ်လိုက်တယ်..။
ဆန်နီရဲ့ ပထမဆုံး ရည်ရွယ်ချက်ကတော့ ရှင်းလင်းပါတယ်..။သူတို့က ထပ်တူညီမူကို ကြေးခွံသားရဲ ခေါင်းဆောင်လို ဟန်ဆောင်ခိုင်းဖို့ ကြိုးစားခဲ့ကြတာပါ..။
ယင်းနောက် သူတို့က တောင်ကုန်းအောက်ခြေကို စေလွှတ်ပြီး..ကြေးခွံနတ်ဆိုးကို မျှားခေါ်ဖို့ကြိုးစားခဲ့ကြတယ်..။အဲ့အချိန်မှာ..သူတို့သုံးယောက်က တောင်ကုန်းကို တစ်ပတ်ပတ်ပြီး အပေါ်ကို တက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြမှာပါ..။
ထပ်တူညီမူရဲ့ အလုပ်ကတော့ သူတို့ သစ်ပင်ပေါ် တက်ပြီးတဲ့ အချိန်အထိ အချိန်ဆွဲထားဖို့ပါပဲ..။ပြီးတာနဲ့ ဆန်နီက ချက်ချင်းပဲ ထပ်တူညီမူကို ပြန်သိမ်းလိုက်မှာပါ..။သူ့အနေနဲ့ ထပ်တူညီမူကို ကြောက်စရာ နတိဆိုးနဲ့ တိုက်ခိုက်ခိုင်းဖို့ အစီစဥ် မရှိပေ..။
သို့ပေမယ့် ကြေးခွံနတ်ဆိုးရဲ့ ရုတ်တရက် အပြုအမူက အစီစဥ်တစ်ခုလုံးကို ပြောင်းပြန်လှန်သွားစေပါတယ်..။သူတို့ရဲ့ ဟန်ဆောင်မူတွေက ပေါ်သွားခဲ့ပြီဆိုပေမယ့် သူတို့ကတော့ အခုထိသစ်ပင်ကို ရောက်ဖို့ လမ်းတစ်ဝက်မှာပဲ ရှိနေပါသေးတယ်..။
ဒီလို အခြေအနေမျိူးမှာတော့ သူ့မှာ ရွေးချယ်စရာ မရှိပဲ..ထပ်တူညီမူကို တိုက်ခိုက်ခိုင်းဖို့သာ တတ်နိုင်ပါတော့တယ်..။ဒါပေါ့..ဒီအရာက ထပ်တူညီမူ အတွက်တော့ စွန့်စားမူ တစ်ခုပါပဲ..။
သို့ပေမယ့် ရွေးချယ်စရာလည်းမရှိပေ..။
သူတို့ တောင်ကုန်းနားကို ရောက်တော့မယ့်အချိန်မှာပဲ ထပ်တူညီမူဟာ..ကြေးခွံနတ်ဆိူးကြီးရဲ့ ကြီးမားတဲ့ ခန္တာကိုယ်အောက်ကို ဝင်ရောက်သွားခဲ့တယ်..။ဒါက ကြေးခွံသားရဲခေါင်းဆောင် နဲ့ တိုက်ခိုက်တုန်းက နစ်ဖီ လုပ်တဲ့ ပုံစံမျိုးပါပဲ..။
ဒီတစ်ကြိမ်ကွာခြားချက်ကတော့..ကြေးခွံနတ်ဆိုး ရဲ့ ခန္တာကိုယ်နဲ့ ဖိချမယ်ဆိုရင်တောင် ထပ်တူညီမူက သေနိုင်မှာမဟုတ်ပါဘူး..။
သို့ပေမယ့် နတ်ဆိုးကလည်း ဒါကို နားလည်ထားပြီးသားပါ..။
နတ်ဆိုးဟာ သူ့ရဲ့ ခန္တာကိုယ်ကို အမြန်ဆုံးအရှိန်နဲ့ ရွေ့လျားလိုက်ပြီး..ထပ်တူညီမူကို ညှပ်ကြီးတွေနဲ့ ရိုက်ထုတ်လိုက်တယ်..။ထပ်တူညီမူဟာ ချက်ချင်းပဲ အဝေးကို လွင့်သွားခဲ့ပါတယ်..။
သစ်ပင်ဆီကို ပြေးလွားနေတဲ့ ဆန်နီဟာ ထပ်တူညီမူကို ပြန်သိမ်းလိုက်ချင်ပေမယ့်..အခုက အချိန်မကျသေးဘူးဆိူတာကို နားလည်ထားခဲ့တယ်..။သူတို့ အချိန်ပိုပြီးလိူအပ်ပါသေးတယ်..။
သူတို့ရဲ့ရှေ့မှာတော့ နစ်ဖီက သစ်ပင်ကြီးရဲ့ ပင်စည်နားက်ို ရောက်နေခဲ့ပါပြီ..။အနည်းငယ်တော့ အချိန်မဖြုန်းတော့ပဲ..သူမရဲ့ ရေမှော်ကျောပိုးအိတ်ကို အောက်မှာချကာ အပင်ပေါ်ကို တက်လိုက်တယ်..။
အဲ့အချိန်မှာတော့ ထပ်တူညီမူဟာ သူ့ရဲ့ ခြေထောက်တွေ တုန်ရီစွာနဲ့ ပြန်ထလာခဲ့ပါတယ်..။ကျယ်လောင်တဲ့အသံနဲ့အတူပဲ သူ့ရဲ့ ညှပ်ကြီးတွေကို လေပေါ်မှာမြှောက်ကာ ..နတ်ဆိုးဆီကို နောက်တစ်ကြိမ် ပြေးဝင်သွားခဲ့ပြန်ပါပြီ..။
'လုပ်လိုက်တော့ ကောင်လေး..'
ဆန်နီ စိတ်ထဲကနေ အော်ဟစ်ပြီး ဆုတောင်းပေးလိုက်တယ်..။
ဆန်နီကတော့ သစ်ပင်ကြီးဆီကို ဖြည်းဖြည်းချင်းရောက်လာခဲ့တယ်..။
တောင်ကုန်းအောက်မှာတော့ ကြေးခွံနတိဆိုးဟာ ရှေ့ကို ခြေတစ်လှမ်းတိုးပြီး ရန်သူကို တည်ငြိမ်စွာစောင့်နေခဲ့တယ်..။သူ့ရဲ့လက်လေးချောင်းကတော့ စီးချက်ညီစွာ ရွေ့လျားနေခဲ့ပါတယ်..။
ရုတ်တရက် ဆိုသလိူပဲ..ထပ်တူညီမူရဲ့ လက်တွေဟာ ဖြတ်တောက်ခံလိုက်ရတယ်..။သူ့ရဲ့ ခန္တာကိုယ်ကို ညှပ်နှစ်ဖက်နဲ့ ညှပ်ပြီး လေထဲမှာ မြှောက်ခံထားရပါတယ်..။
ဆန်နီဟာ တုန့်ပြန်ဖို့တောင် အချိန်မရခဲ့ပေ..။
စက္ကန့်အနည်းငယ် အကြာမှာတော့ နတ်ဆိုးဟာ..သူ့ရဲ့ လက်တွေကို အသုံးပြုပြီး ထပ်တူညီမူရဲ့ ကြေးခွံနဲ့ ခန္တာကိုယ်ကို နှစ်ခြမ်းဆွဲခွဲ ပစ်ခဲ့ပါတယ်..။သွေးတွေဟာ..တလဟော စီးဆင်းသွားခဲ့တယ်..။
တောင်ကုန်းပေါ်မှာတော့ ဆန်နီဟာ တုန်ရီသွားခဲ့ပါပြီ..။
ရင်းနှီးတဲ့ အသံတစ်ခုကတော့ သူ့နားကိုထဲကို လှောင်ပြောင်နေသလို အသံထွက်လာခဲ့ပါတယ်..။
[ သင့်ရဲ့ ထပ်တူညီမူက ဖျက်ဆီးခံလိုက်ရပါပြီ ]