← Chapters

အချိန်နှင့်ယှဥ်ပြိုင်ခြင်း

Vol. 5 Ch. 67

အချိန်နှင့်ယှဥ်ပြိုင်ခြင်း

Vol. 5 Ch. 67

#ဘာသာပြန် = စနိုးဝှိုက်

[ သင်၏ ထပ်တူညီမူ ဖျက်ဆီးခြင်း ခံလိုက်ရပါပြီ ]

ဆန်နီ တုန်ရီပြီး လဲကျမလိုတောင် ဖြစ်သွားခဲ့တယ်...။ကတ်စီ သူ့ရဲ့ ပုခုံးတွေကို တင်းတင်းကြပ်ကြပ် ကိုင်ပေးထားပြီး..အသိစိတ်ပြန်ဝင်လာအောင် လုပ်ပေးနေခဲ့ပါတယ်..။

' မဖြစ်ဘူး..'

ဒေါသနဲ့ နောင်တတရားတွေက သူ့စိတ်ထဲကို ဝင်လာခဲ့တယ်..။သို့ပေမယ့် ဒီအရာတွေက နောက်ကျသွားခဲ့ပါပြီ..။သူ့ရဲ့ အားကိုးရတဲ့ သားရဲကတော့ ကြီးမားတဲ့ နတ်ဆိုးကြီးကြောင့် တစ်စစီ ဖြစ်နေခဲ့တယ်..။

ဒီအရာတွေက စက္ကန့်ပိုင်းလောက်ပဲ ကြာမြင့်ခဲ့တာပါ..။

ထပ်တူညီမူ မရှ်ိတော့ဘူး..။သူ့ရဲ့ စိတ်ဝိဥာဥ်ပင်လယ်ထဲက..အလင်းရောင် ဂြိုလ်လုံးလေးတစ်ခုဟာ ပျောက်ကွယ်သွားခဲ့တယ်..။သူ့ရဲ့ တန်ဖိုးအရှိဆုံး ပိူင်ဆုံးမူတစ်ခုကို ဆုံးရှုံးခဲ့ရတာပါ..။

ဒီခါးသက်မူတွေက..ထပ်တူညီမူရဲ့ အားကိုးရမူ..အစစ်အမှန်ကမ္ဘာမှာ ပိုက်ဆံတွေ အများကြီး ရှာပေးနိုင်မူကြောင့် လည်းဖြစ်နိုင်ပါတယ်..။

အခုတော့ ဒါက သေသွားခဲ့ပါပြီ..။

အံကိုကြိတ်ထားရင်း ဆန်နီဟာ ရူးသွပ်တဲ့ လူတစ်ယောက်လို ပြေးလွှားနေခဲ့တယ်..။နောင်တစ်ကြိမ်မှာ ဒီလိုမျိုး သစ္စာရှိတဲ့ ထပ်တူညီမူကို ရကောင်းရနိုင်မှာပါ..။

အခုချိန်မှာတော့ သူတို့မှာ ပိုပြီးကြီးမားတဲ့ ပြသနာတွေ ရှိနေပါသေးတယ်..။

"ဆန်နီ ဘာဖြစ်လိူ့လဲ.."

ကတ်စီဟာ စိုးရိမ်စွာပဲ တီးတိုးမေးလာခဲ့တယ်..။သူ့ရဲ့ ခန္တာကိုယ် ကနေ ပြောင်းလဲမူကို သူမ ခံစားနေရပုံပါပဲ..။

အရိုးသားဆုံးပြောရရင် ဆန်နီ အခုချိန်မှာ စကား ပြောချင်စိတ်မရှိပါဘူး..။တောင်ကုန်းကို အရှိန်မြင့်စွာ ပြေးတက်နေခဲ့တဲ့ သူ့အတွက်တော့ သူမက ဘယ်လောက်ပဲ နူးညံ့ပြီး ပေါ့ပါးတယ် ဆိုပေမယ့် အရိပ်ရဲ့ အကူအညီမပါတာကြောင့် အတော်ကြီးကို ခက်ခဲပါတယ်..။သစ်ပင်ဆီကို ရောက်ဖို့လည်း အကွာအဝေး တစ်ချို့ လိုအပ်နေသေးတာကြောင့် အသက်ကိုတောင် လုပြီး ရူနေရပါတယ်..။

သို့ပေမယ့် ဒီလိုဆိုရင်တောင် သူ ပြန်ဖြေဖို့အတွက် လိုအပ်နေပါသေးတယ်..။

"သူ ထပ်တူညီမူကို သတ်လိုက်ပြီ.."

ပြီးတဲ့ နောက်မှာတော့ စကားထပ်ပြောနေဖို့ အချိန်မရှိတော့ပေ..။

ဘာလို့လဲ ဆိုတော့ အခြေအနေက ဆိုးသထက် ဆိုးလာနေလို့ပါ..။

တောင်ကုန်းအောက်ဘက်မှာတော့ ကြေးခွံနတ်ဆိူးဟာ..သေဆုံးသွားတဲ့ ထပ်တူညီမူကို ကြည့်နေခဲ့တယ်..။သူ့ရဲ့ လက်လေးချောင်းစလုံးမှာတော့ အဇူရာသွေးတွေ စီးကျနေခဲ့ပါတယ်..။

ရုတ်တရက် ..ထပ်တူညီမူရဲ့ အလောင်းဟာ အလင်းတန်းလေးအဖြစ် ပြောင်းလဲသွားခဲ့တယ်..။ယင်းနောက် သူက မြေကြီးထဲကို တိုးဝင်သွားပြီး ပျောက်ကွယ်သွားခဲ့ပါတယ်..။နတ်ဆိုးရဲ့ အရိုးဓားကြီးနဲ့ ညှပ်ကြီးတွေပေါ်မှာ ရှိနေတဲ့ အဇူရာသွေးတွေတောင်..အခုဆိုရင် ပျောက်ကွယ်သွားခဲ့ပါပြီ..။

ဘာပဲဖြစ်ဖြစ် ထပ်တူညီမူက အစစ်အမှန်သားရဲ တစ်ကောင်မဟုတ်ပေ..။သူက ဗလာတည်ရှိမူကနေ ဖြစ်တည်လာတာပါ..။

သို့ပေမယ့် ကြေးခွံနတ်ဆိုးကတော့ ဒီလို မထင်မှတ်ထားတဲ့ အလင်းတန်းလေးကို စိတ်မဝင်စားခဲ့ပါဘူး..။အဲဒီအစားသူက မြေကြီးပေါ်က တစ်ခုခုကို သာ စိူက်ကြည့်နေခဲ့တယ်..။

မြေကြီးပေါ်မှာ အထီးကျန်နေတဲ့ လူသားအရိပ်တစ်ခု ရှိနေခဲ့ပြီး သူ ဘာလုပ်ရမလဲ မသိပေ..။ဒါက ဆန်နီ ထပ်တူညီမူနဲ့အတူ လွှတ်ထားခဲ့တဲ့ အရိပ်ပါ..။အခု ထပ်တူညီမူ မရှိတော့ဘူးဆိုတော့..သူ့မှာ ပုန်းစရာ နေရာမရှိတော့ပေ..။

' ခရက် '

နတ်ဆိုးဟာ ကြည့်းနေရင်းမှာပဲ သူ့ရဲ့ လျင်မြန်တဲ့ အရှိန်ကို အသုံးပြုပြီး အရိုးဓား ဆူးချွန်နဲ့ အရိပ်ကို ထိုးလိုက်ပါတယ်..။

ဆန်နီ ..မျက်မှောင်ကျုတ်လိုက်ပြီး နာကျင်မူအတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

သို့ပေမယ့် ဘာမှဖြစ်မလာခဲ့ပေ..။အရိပ်ဟာ သူ့ရဲ့ ရင်ဘတ်မှာ အရိုးဓား စိူက်ဝင်နေတာကို ကြည့်လိုက်တယ်..။

ဒါက လုံးဝကို အဆင်ပြေပါတယ်..။

ကောင်းပြီ...ဒါပေါ့..ဘာပဲဖြစ်ဖြစ် ဒါက အရိပ်တစ်ခုပါ..။တိုက်ခိုက်မူတွေကို ခံရတယ် ဆိုတာက ခန္တာကိုယ်ရှိတဲ့ လူတွေရဲ့ အရာပါပဲ..။

'ဟုတ်သားပဲ..ငါက ဘာထပ်ဖြစ်လာမယ် ထင်နေတာလဲ..'

အဲ့အချိန်မှာတော့ နတ်ဆိုးဟာ..ဘာမှဖြစ်မလာတဲ့..အရိပ်ကို စိုက်ကြည့်နေခဲ့ပါတယ်..။သူ့ မျက်လုံးထဲက အလင်းရောင်တွေကတော့ ပိုပြီး တောက်ပလာခဲ့တယ်..။

သစ်ပင် ပင်စည်နားကို နီးကပ်လာပြီဖြစ်တဲ့ ဆန်နီကတော့ ကိုယ့်ကိုကို တွန်းအားပေးနေခဲ့တယ်..။မဟုတ်ရင် သူ မောပန်းလွန်းလို့ လဲကျသွားတော့မှာပါ..။

'နောက်ထပ် နည်းနည်းလောက်ပဲ..'

သူတို့မှာ အခွင့်အရေး ရှိနေပါသေးတယ်..။အရိပ်က နတ်ဆိုးကို အတော်လေး အချိန်ဆွဲထားပေးခဲ့တာပါ..။

သို့ပေမယ့် ကြည့်ရတာတော့ ကံတရားက သူ့ဘက်မှာ ရှိမနေခဲ့ပေ..။တောင်ကုန်းအောက်ဘက်မှာတော့..နတ်ဆိုး ဟာ..အရိပ်ကို ဆက်ပြီး တိုက်ခိုက်ရမယ့်အစား..တောင်ကုန်းပေါ်ကို လှည့်ပြီး ကြည့်လိုက်ပါတယ်..။

ဘာပဲဖြစ်ဖြစ် ဒီခွေးသားက အတော်လေး ဥာဏ်ကောင်းတာပါ..။

' ချီးပဲ...'

နတ်ဆိုးဟာ အရိပ်ကို မေ့သွားခဲ့ပြီး တောင်ကုန်းဆီကို လျင်မြန်တဲ့ အရှိန်နဲ့ ပြန်လာနခဲ့တယ်..။

'ဒီကို ပြန်လာခဲ့...'

ဆန်နီ သစ်ပင်နားရောက်တဲ့ အချိန်မှာ အရိပ်ကို အမြန် ပြန်ခေါ်လိုက်တာပါ..။

ကတ်စီကို သူ့နောက်ကျောပေါ်ကနေ ချလိူက်ပြီး ဆန်နီဟာ နစ်ဖီချထားခဲ့တဲ့ အိတ်ကို ယူလိုက်ပြီး သူမကို ပေးလိုက်တယ်..။

"သေချာ ဂရုစိုက်ဦး.."

ကတ်စီ အိတ်ကို လွယ်လိုက်ပြီး ခေါင်းညိမ့်လိုက်ပါတယ်..။

တစ်ချ်ိန်တည်းမှာပဲ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကတော့ သစ်ပင်ပေါ်က အနိမ့်ဆုံး အကိုင်းပေါ်ကို ရောက်နေခဲ့ပါပြီ..။တွေဝေနေဖို့ အချိန်မရှိတာကြောင့် သူမက ရွှေရောင်ကြိုးကို ထုတ်လိုက်ပြီး..ကြိုးအစွန်းတစ်ဖက်ကို အောက်ကို ပစ်ပေးလိုက်တယ်..။

ဆန်နီ ကြိုးကို အလျင်အမြန်ဖမ်းလိုက်ပြီး ကြိုးကွင်းပုံစံလုပ်ကာ ကတ်စီီကို ပေးလိုက်တယ်..။

"နင်အရင်တက်လိုက်.."

မျက်မမြင် မိန်းကလေးဟာ ခနလောက် တွေဝေနေပြီးကာမှ ..လက်ခံလိုက်ပါတယ်..။သူမ ခြေထောက်ကို ကြိုးကွင်းထဲ ထည့်တော့မယ့် အချိန်မှာပဲ ဆန်နီ သူမကို တားဆီးလ်ိုက်တယ်..။

"ခနလေး..နင့်ရဲ့ တုတ်ကို ထုတ်လိုက်ဦး.."

ကတ်စီ လမ်းလျောက်ဖို့ သုံးသုံးနေတဲ့ တုတ်က အမှန်တကယ်တော့..ပြင်းထန် လေထုကို ခေါ်ဆောင်နိုင်တဲ့ မှော်တုတ်တံတစ်ချောင်းပါ..။ခရီးတစ်လျောက်လုံး သူက သိပ်ပြီး အသုံးမဝင်ခဲ့ပေ..။သို့ပေမယ့် အခုတော့ အသုံးဝင်လာခဲ့ပါပြီ..။

ဘာ​အတွက်လဲ ဆိုတာ မသေချာပေမယ့် သူမ စိတ်ဝိဥာဥ်ထဲက တုတ်တံကို ထုတ်လိုက်ပါတယ်..။သစ်သားတုတ်ချောင်းက သူမ လက်ထဲမှာပေါ်လာခဲ့တယ်..။

ဆန်နီ မျက်မမြင်မိန်းကလေးကို နောက်ကနေ သိုင်းဖက်ကာ ခန္တာကိုယ်ကို လှည့်ပေးလိုက်ပြီး သူမရဲ့ လက်ကို လိုအပ်တဲ့နေရာဆီ ဦးတည်ပေးလိုက်တယ်..။

"အခု..လေကို ခေါ်ဆောင်လိုက်တော့.."

ခနအကြာမှာပဲ သူတို့ပတ်ဝန်းကျင်မှာ ပြင်းထန်တဲ့ လေထုတစ်ရပ်ပေါ်လာခဲ့ပြီး သစ်ရွက်တွေပါ ကြွေကျလာခဲ့တယ်..။

နောက်ထပ် သဲတွေဟာလည်း အောက်ကနေပေါ်ထွက်လာခဲ့ပါတယ်..။

အဲ့အချိန်မှာတော့ အရိပ်နဲ့ ကြေးခွံနတ်ဆိုးဟာ အပြေးပြိုင်နေကြပါပြီ...။ကြီးမားတဲ့ သားရဲကြီးဟာ တောင်ကုန်းပေါ်ကို ရောက်ဖို့ တစ်ဝက်လောက် လိုသေးပြီး..လျင်မြန်တဲ့ ရထားတစ်စင်းလို ရွေ့နေခဲ့တယ်..။အရိပ်ကတော့ သူ့ထက် ပိုပြီး မြန်ပါတယ်..။သူက သယ်စရာ ခန္တာကိုယ်မရှိတာကြောင့် ..သူ့ရဲ့ သခင်ဆီီကို အမြန်ဆုံးသွားနေခဲ့တယ်..။

"ကောင်းတယ် အခုသွားတော့.."

ဆန်နီဟာ ကတ်စီရဲ့ ခြေထောက်ကို ကြိုးကွင်းထဲ ထည့်ပေးလိုက်ပြီး နစ်ဖီ ဆွဲတင်တာကို စောင့်ကြည့်နေခဲ့တယ်..။သူမကတော့ မြန်န်ိင်သမျှ မြန်မြန်ဆွဲတင်ပေးနေခဲ့ပါတယ်..။

ဒါပေမဲ့ ဒီအမြန်နှုန်းက လုံလောက်ပါ့မလား..။

ချွေးတွေနဲ့အတူပဲ..သူ စက္ကန့်တွေကို ရေတွက်ရင်း စောင့်နေခဲ့တယ်..။သူ့အသက်ကတော့ နတ်ဆိုး ဘယ်အချိန်မှာ ပြန်ရောက်လာမလဲ ဆိုတာမှာ မူတည်သွားခဲ့ပါပြီ..။

အခိုက်အတန့်တ်ိုင်း အတော်လေးကို ကြာညောင်းနေခဲ့တယ်.။

အခုချိန်မှာ သူ ကြေးခွံနတ်ဆိုးရဲ့ ​ခြေထောက်တွေ မြေကြီးနဲ့ ထိတဲ့ အသံကိုတောင် ကြားနေရပါပြီ..။

နောက်ဆုံးမှာတော့ ကတ်စီဟာ နစ်ဖီရှိနေတဲ့ နေရာကို ရောက်သွားခဲ့ပါပြီ..။နစ်ဖီ သူမကို ကူညီ ချပေးလိုက်ပြီး..ကြိုးအစွန်းတစ်ဖက်ကို အောက်ဘက်ဆီ လှမ်းပစ်ပေးလိုက်တယ်..။

နတ်ဆိုးဟာ..သစ်ပင်ကြီးဆီကို နီးကပ်လာနေပေမယ့် ဆန်နီကိုတော့..ပင်စည်ကြီးက ကာထားပေးပါသေးတယ်..။

အရိပ်ဟာ ဆန်နီ ရံ ခြေထောက်အောက်ကို ရောက်လာခဲ့ပြီး သူ့ ခန္တာကိုယ် တစ်ခုလုံးကို ရစ်ပတ်သွားခဲ့တယ်..။

ဆန်နီ ကြိုးကို ကိုင်ပြီး လျင်မြန်တဲ့ အရှိန်နဲ့ အပေါ်ကို တက်လိုက်ပါတယ်..။မိန်းကလေးတွေ ရှိတဲ့နေရာကို ရောက်သွားတဲ့ အချိန်မှာတော့ ကြိုးဟာ အောက်မှာတွဲလောင်း ဖြစ်နေခဲ့တယ်..။မွန်းစတားကြီးဟာ ဒီရွှေရောင် အလင်းရောင်ကို သတိမထားမိခဲ့ပေ..။

သို့ပေမယ့် ဒါက စက္ကန့်ဝက်လောက်ပဲ အချိန်ကျန်တော့တာပါ..။

' နိုး...'

ဆန်နီ နှလုံးခုန်သံတွေ မြန်နေခဲ့ပါတယ်..။

သို့ပေမယ့် နစ်ဖီဟာ မှတ်သားမူကို ပြန်သိမ်းဆည်းလိုက်တဲ့ အချိန််မှာ ရွှေရောင်ကြိုးက လေထဲမှာတင်ပဲ ပျောက်ကွယ်သွားခဲ့ပါတယ်..။

သူတို့သုံးယောင်လုံး အပေါ်မှာ ပုန်းကွယ်နေရင်းနဲ့ အသက်ကို အောင့်ထားခဲ့တယ်..။

ခနအကြာမှာတော့ ကြီးမားတဲ့ ခန္တာကိုယ်ကြီးနဲ့ သားရဲကြီးဟာ သူတို့ရဲ့ အောက်ဘက်မှာ ပေါ်လာခဲ့ပါတယ်..။ကြေးခွံသားရဲဟာ ရပ်တန့်လိုက်ပြီး သူ့ရဲ့ မီးတောကိနေတဲ့ မျက်လုံးတွေနဲ့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်..။ကြောက်စရာ အရိုးဓားကြီးတွေကို လေထဲမှာ မြှောက်ထားခဲ့ပြီး ပိုင်းဖြတ်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

သို့ပေမယ့် သစ်ပင်ကြီးရဲ့ အောက်ဘက်မှာ သူ သတ်ဖြတ်စရာ ဘာမှ ရှိမနေခဲ့ပေ..။

နတ်ဆိုးဟာ ခနလောက်စဥ်းစားလိုက်ပြီး ဘယ်ဘက် ညာဘက်ကို ကြည့်လိုက်တယ်..။ယင်းနောက် သူက အပေါ်ကို မော့ကြည့်လိုက်ပါတယ်..။ကျေးဇူးတင်စွာပဲ သစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေက အိပ်စက်သူ သုံးယောက် ပုန်းဖို့အတွက် အတော်လေးကို ကြီးမားလှပါတယ်..။သူတို့ဟာ အသံလေးတစ်သံ ထွက်မိမှာကို စိုးရိမ်တာကြောင့် တိတ်ဆိတ်ပြီးသာ နေနေခဲ့ကြတယ်..။

အတော်ကြာပြီးကာမှ သားရဲကြီးဟာ အကြည့်ကိုလွှဲသွားခဲ့ပြီး မြေကြီးပေါ်ကို ပြန်ရှာဖွေလိုက်၆ါတယ်..။

သို့ပေမယ့် မြေကြီးပေါ်မှာ ဘာမှမရှိပေ..။သူတို့ရဲ့ သဲလွန်စတွေ အကုန်လုံးကို ကတ်စီရဲ့ တုတ်အကူအညီနဲ့ ​ရှင်းလင်းထားပြီးပါပြီ..။ဘာမှ ရှာမတွေ့တာကြောင့် ကြေးခွံနတ်ဆိုးဟာ..အောက်ဘက်ကို ဆင်းပြီး ကျွန်းရဲ့ နေရာအနှံ့ကို လိုက်ရှာလိုက်တယ်..။

ဆန်နီ နောက်ဆုံးတော့ သက်ပြင်းချနိုင်ခဲ့ပါပြီ..။

ကတ်စီ ရဲ့ မှော်တုတ် မသက်ရောက်နိုင်တဲ့အတော်ဝေးဝေး တစ်နေရာမှာတော့..သားရဲကြီးဟာ ခြေရာနှစ်ခုကို တွေ့လိုက်တယ်..။တစ်ခုက နစ်ဖီ ခြေရာဖြစ်ပြီး တစ်ခုက ဆန်နီရဲ့ခြေရာပါ..။

နတ်ဆိုးကြီးဟာ ခြေရာကို ​မြင်တာနဲ့ ဒေါသတကြီး အော်ဟစ်ပြီး ခြေရာအတိုင်းပြေးထွက်သွားခဲ့တယ်..။

သို့ပေမယ့် ခြေရာအဆုံးမှာ အညိုရောင် ရွံ့နွံတွေသာ ရှိပြီး ဘာ သားရဲမှ ရှိမနေခဲ့ပါဘူး..။နေဝင်ချိန်ကြောင့်..တောက်ပနေတဲ့ သန္တာကျောကိတန်းတွေပဲ ရှိခဲ့ပါတယ်..။

အဲ့အချိန်မှာပဲ မြေကြီးက တုန်လှုပ်လာပြီး ဝင်္ကပါထဲမှာ အသံတွေ ထွက်ပေါ်လာခဲ့တယ်..။လေထုထဲမှာတော့ ဆားရဲ့ အနံ့အသက်တွေ ပါလာခဲ့ပါတယ်..။

အနက်ရောင်ပင်လယ်ကြီးက ပြန်ရောက်လာခဲ့ပါပြီ..။

ခြေရာတွေကို နောက်ဆုံးတစ်ကြိမ်မုန်းတီးစွာကြည့်လိုက်ပြီး..ကြေးခွံနတ်ဆိုးဟာ..တောင်ကုန်းရှိရာကို ​ဖြည်းညှင်းစွာပဲ ပြန်လာခဲ့လိုက်ပါတယ်..။

All Chapters